MIRAI HE
MIRAI HE, 健康・美容, Shibuya-kuの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。
30/06/2024
Space view of Mount Fuji, Japan 🇯🇵
28/06/2024
ဝါဆိုသင်္ကန်း
#ကုသိုလ်ပိုရတဲ့နည်း🙏🙏🙏
တဝါတွင်းလုံး မြတ်စွာဘုရားရှင်အား ဝါဆိုသက်န်း
နှစ်တိုင်းကပ်လှူနေကျမို့ ဝေမျှကုသိုလ်ပါ🙏
"ဝါဆိုသင်္ကန်း"
"ကထိန်သင်္ကန်း"
ဖြစ်ပေါ်လာအောင်
ခွင့်ပြု ပေးတဲ့
မြတ်စွာဘုရားရှင်ကို
ဝါဆိုသင်္ကန်း ၊ ကထိန်သင်္ကန်း
မကပ်ဖူးသေးရင် ကပ်လှူပူဇော်ပါ။
ကိုယ့်အိမ်ကဘုရားကို
ဝါဆိုသင်္ကန်း ကပ်မယ်ဆိုရင်...
(၁၊၈၊၂၀၂၃) #ဝါဆိုလပြည့်နေ့နံနက်အာရုံတက်ချိန်
ဘုရားရှေ့မှာ
ကိလေသာအပူအားလုံး ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား။
စိတ်ကွယ်ရာအရပ်၌ပင် မကောင်းမူ့ကို မပြုမကျင့်တော်မူသော မြတ်စွာဘုရား။
လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့၏ပူဇော်အထူးကိုခံယူတော်မူထိုက်သော မြတ်စွာဘုရား။
တပည့်တော်တို့ ဤဝါဆိုသင်္ကန်းကို
ဆက်ကပ်လှူဒါန်းပါတယ်ဘုရား
ဆိုပြီး ဝါဆိုသင်္ကန်းကပ်လှူပါ🙏🙏🙏
မြတ်စွာဘုရားရှင်ကို
ကပ်လှူထားတဲ့
ဝါဆိုသင်္ကန်းကို တစ်ဝါတွင်းလုံး
ဘုရားစင်မှာ ကပ်လှူထားပါ,..
"သီတင်းကျွတ်" လပြည့်နေ့မှ စွန့်ပါ
စွန့်ပြီး အဲ့ဒီသင်္ကန်းကို
သံဃာတစ်ပါးပါး
အားစွန့်ပြီး ပြန်လှူလိုက်ပါ..
" ဘုရားလှူရတဲ့ ကုသိုလ်ရယ် "
" သံဃာလှူရတဲ့ ကုသိုလ်ရယ် "
ကုသိုလ်ပိုရပါတယ်။
သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကစပြီး
သင်္ကန်းတစ်စုံ ထပ်ဝယ်ပြီး
ဘုရားကို ကထိန်သင်္ကန်းကပ်လှူပါ
ဘုရားခွင့်ပြု တော်မူတဲ့လ,
သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့ကနေ
တန်ဆောင်မုန်းလပြည့်ထိ
တစ်လတာအတွင်း, ကထိန်သင်္ကန်း လှူလို့ရတယ်..
အဲ့ဒါ ဘုရားမှာ
တပတ်လှူ , (၅)ရက်လှူ , (၃)ရက်လှူ
လှူပြီးတာနဲ့ စွန့်ပြီး
အိမ်နားက ကျောင်းမှာ ကထိန်ခင်းတာရှိမယ်
အဲ့ဒါ သွားလှူလိုက်ပါ။
အဲ့တော့ ဘုရားလည်း
"ကထိန်သင်္ကန်း"ကပ်ရတယ်။
ကျောင်းမှာလည်း သံဃာတော်တွေအတွက်
"ကထိန်သင်္ကန်း လှူရပါတယ်။
ဘုရားရှင်ကို
" ဝါဆိုသင်္ကန်း "
" ကထိန်သင်္ကန်း "
မကပ်ဖူးသေးတဲ့ သူတွေ
ဒီနည်းအတိုင်းလုပ်လို့ရပါတယ်...🙏🙏🙏
ကုသိုလ်တွေ ပို၍ရအောင် လှူနိုင်ကြပါစေ။
ကုသိုလ်အထူးလည်းရကြပါ
#ဝေမျှကုသိုလ်ပါ
#ဝါဆိုသင်္ကန်း
#မူရင်းတင်သူအား လေးစားစွာ Credit ပေးပါသည်။🙏🏻🙏🏻🙏🏻
26/06/2024
💠💠ခင်ပွန်းကြီး(၁၀)ပါးအား ပြစ်မှားထားမိသည်ရှိသော်💠💠
🙏ကန်တော့ရန်🙏
➖🔹➖🔹➖🔹➖🔹➖🔹➖🔹➖
" ခင်ပွန်းကြီးဆယ်ပါး အား မသိလိုက်, မသိခင် ကံတစ်ပါးပါးဖြင့် ပြစ်မှားမိပါက စိပ်သော ပုတီး, ရွတ်သော ဂါထာ, လုပ်သော စီးပွား အာနိသင်အကျိုး ထိုက်သင့်သလောက် မခံစားရတတ်ပါ၊ ရောဂါ နှင့် ဆေး မတိုးပဲလဲ ရှိတတ်ပါသည်။
တရား ဘယ်လောက်ရှုရှု မတိုးတက်တတ်ပေ။
မိမိဘဝ အနာဂတ်အတွက် အမြဲ ပူလောင်, သောက ဒုက္ခရောက်နေပြီး တစ်ခါတစ်ရံ အလို မကျသောအခါ မိမိကိုယ်ကို အားမရ၊ ငါ ကံမကောင်းပါလားဟု သတ်သေချင်စိတ် ဖြစ်ခြင်း, စိတ်ဓါတ် ကျလာခြင်း, စိတ် မတည်ငြိမ်ခြင်းများ ဖြစ်တတ်၏။ မိတ်ဆွေတွေလည်း ပျက်ပြားရ၏။
ထို့သို့ဖြစ်သော် စိတ်ဓါတ် မကျပါနှင့်။
ရတနာသုံးပါးသည် ကိုးကွယ်ရာ, အားထားရာ ဖြစ်ပါပေ၏။ "
မိဘ, ဆရာသမားသည် ကျေးဇူး အင်မတန်ကြီးမား၏။
တရားဟောပုဂ္ဂိုလ်တို့၏ ကျေးဇူးကား အင်မတန် ကြီးမား၏။
ထမင်းတစ်လုပ်ကစ ပေးကမ်း, ကျွေးမွေးသူသည် ကျေးဇူးရှင် ဖြစ်ပေ၏။
ပြစ်မှားမိသည်ဟု သံသယ ဖြစ်မိလျှင်လည်း ကန်တော့ပါ။ ယခုဘဝ မပြစ်မှားမိခဲ့လျှင်တောင် သံသရာမှာ ကျင်လည်ချိန်၌ ပြစ်မှားမိသည်များ မဖြစ်မနေ ရှိခဲ့ပေလိမ့်မည်။
ကျေးဇူး ကြီးမားသူများကို ကန်တော့ခြင်းသည် ကုသိုလ် တိုးပွားပါသည်။ မိမိအတွက် အရှုံး မရှိနိုင်ပါ။
ဒါ့ကြောင့် ဘုရားရှိခိုးတိုင်း ခင်ပွန်းကြီးဆယ်ပါးကို ကန်တော့ သင့်လှပေသည်။
🪷 ခင်ပွန်းကြီး(၁၀)ပါးအား ပြစ်မှားထားမိသည်ရှိသော် 🪷
🙏ဗုဒ္ဓါ ပစ္စေက ဗုဒ္ဓါစ၊
🙏အရဟာ အဂ္ဂသာဝကာ၊
🙏မာတာပိတု ဂုရုသတ်တာ၊
🙏ဓမျမ ဒသကောစ ဒါယကာ၊
🙏ဣမေ ဒဿ မဟာဂုဏေ၊
🙏အဟံ ဝန္ဒာမိ သဗ္ဗဒါ
🙏ဘုရားတပည့်တော်သည် သံသရာအစမှ စ၍
ယခုဘဝ ယနေ့ထက်တိုင်အောင် 🙏
🪷 ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့
အပေါ်၌ ၎င်း၊
🪷 ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင် ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌ ၎င်း၊
🪷 ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော အဂ္ဂသာဝက၊ မဟာသာဝက ရဟန္တာ အရှင်
မြတ်ကြီးတို့ အပေါ်၌ ၎င်း၊
🪷 ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့ အပေါ်၌ ၎င်း၊
🪷 ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော
မိခင်တို့ အပေါ်၌၎င်း၊
🪷 ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော
ဖခင်တို့ အပေါ်၌၎င်း၊
🪷 ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော လိမ္မာ
စေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သော
ဆရာသမားတို့၏ အပေါ်၌၎င်း၊
🪷 ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျက် ရှိကြကုန်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ် တို့၏ အပေါ်၌ ၎င်း၊
🪷 ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော တရားဓမ္မ
တို့ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာ
သမားတို့၏ အပေါ်၌၎င်း၊
🪷 ထမင်းတစ်လုပ်၊ ရေတစ်မှုတ် စသည်ဖြင့် ပေးကမ်းချီးမြှင့် ထောက်ပံ့ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို့၏ အပေါ်၌ ၎င်း၊
ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသော ကံတို့ဖြင့် ပြစ်မှားမိခဲ့သည် ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။
ဤသို့ ရှိခိုးပူဇော် ဖူးမြှော်မာန်လျော့ ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့်
မိသားစု ဆွေမျိုး ဆရာသမား မိတ်ဆွေ အပေါင်းအသင်းသူငယ်ချင်းများအပါအဝင်
မြန်မာပြည်သူပြည်သားအားလုံး....
ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ...🙏
( ၁၁ )ပါးသောဘေးဆိုးတို့မှ ကင်းဝေးကြပါစေရန် ဆုတောင်းမေတ္တာပို့သပါသည်။🙏
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
/...
26/06/2024
မိဘကိုလုပ်ကျွေးတဲ့သူက
ရှာဖွေရ ပိုလွယ်တယ်။
မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သူက
ပိုပြည့်စုံလာတယ်။
မိဘကိုပြန်ကြည့်တတ်တဲ့သူက
ပိုအဆင်ပြေလာတယ်။
မိဘစကားနားထောင်တဲ့သူက
ပိုစိတ်ချမ်းသာရတယ်။
ဒါကြောင့်ရှိနေတုန်းမှာ သိတတ်ပါ အသက်ကြီးမှ ပြန်ကြည့်မယ်လို့မတွေးပါနဲ့
ကိုယ်ပြန်ကြည့်နိုင်တဲ့အချိန်
သူတို့ရှိချင်မှရှိတော့လိမ့်မယ်။
မချမ်းသာလို့ မပြည့်စုံသေးလို့ဆိုတဲ့
ဆင်ခြေတွေအစားကိုယ်တတ်နိုင်သလောက် အဖေအမေကြိုက်တတ်တဲ့ မုန့်ကလေးတထုတ် နွေးထည်လေးတထည် ဖိနပ်လေးတရံနဲ့တင် သူ့တို့ကို စိတ်ချမ်းသာစေတယ် ပြည့်စုံစေတယ်။
စကားတခွန်းရှိတယ်။
မိဘအတွက်ကုန်သွားတဲ့ငွေက
အမြဲဆယ်ဆပြန်လာတယ်
ကိုယ့်ဆီက နဲနဲရပီး များများ
ပြန်ပေးချင်သူကမိဘတွေအပြင်မရှိပါဘူး
လက်ရှိ အောင်မြင်နေတဲ့သူတွေကို
ကြည့်ရင် မိဘကို သိတတ်သူတွေ
ချမ်းသာနေတဲ့သူတွေကိုကြည့်လိုက်ရင်
မိဘကိုဘယ်တုန်းကမှမငြိုငြင်တတ်သူတွေ
မယုံမရှိနဲ့ ... သူတို့ကြောင့်
မိဘအဆင်ပြေတာမဟုတ်ပဲ
မိဘကြောင့် သူတို့အဆင်ပြေနေတာကို သူတို့ယုံကြည်တာ။ ။
မူရင်း-Credit
မေတ္တာဖြင့်...
ここをクリックしてあなたのスポンサー付きリスティングを獲得。
カテゴリー
ウェブサイト
住所
Shibuya-ku, Tokyo
