Life Explorer by KHUN
I'm trying to be healthy and happy and I'm looking for my dream✨
တောင်တက် videos လေးတွေမတင်ဖြစ်တာ ကြာနေပြီ
2025 တုန်းကတက်ခဲ့တဲ့တောင်တက် videos လေးတွေ မလုပ်ရတေးတာ အများကြီးကျန်နေတေးတယ်
တောင်တက်ရာသီရောက်တော့မှာဆိုတော့ ဖြည်းဖြည်းချင်းပြန်တင်ပေးအုံးမယ်✨
#白馬岳
မိုးထဲလေထဲ တစ်ယောက်တည်း
တောင်သွားတက်တုန်းက🥾⛰️🌧️
#塔ノ岳
26/03/2026
ဘဝက တိုတိုလေးပါ အလုပ်လုပ်နေရရင်တော့ အရမ်းကြာတယ်
တောင်တွေတက်နေတဲ့ချိန်ဆို ခနလေးလိုဘဲ🥴
25/03/2026
ဂျပန်လို့ပြောလိုက်ရင် လူတိုင်းနီးပါး 🗻Fuji တောင်ကိုဘဲ ပြေးမြင်မိကြပါတယ်
ဒီတစ်ခါ ကျွန်တော်မိတ်ဆက်ပေးချင်တဲ့ နေရာကတော့ ဂျပန်ကိုလာလည်ကြတဲ့ နိုင်ငံခြားခရီးသွားတွေ မဖြစ်မနေ အရောက်လာကြတဲ့ Tateyama 立山ဆိုတဲ့နေရာဘဲ ဖြစ်ပါတယ်🏔️🇯🇵✨
Tateyama 立山 ( たてやま ) ဂျပန်နိုင်ငံရဲ့ မြောက်ပိုင်းရှိ Northern Japan Alps မှာ တည်ရှိတဲ့ တောင်တစ်ခုဖြစ်ပါတယ်
立山 ဆိုတာ
Oyama おやま - 3003m
Onanjiyama おおなんじやま - 3015m
Fujinooritate ふじのおりたて - 2999m
စတဲ့ တောင် ၃ လုံးရဲ့ စုစုပေါင်း နာမည်ကို ကိုယ်စားပြုပြီး 立山 ( Tateyama ) လို့ခေါ်ကြတာ ဖြစ်ပါတယ်
နွေရာသီမှာ ဆိုရင် တောင် ၃ လုံးကိုအေးဆေးသွားနိုင်ပြီး ဘေးနားက နာမည်ကြီး Mt.Tsurugi 剱岳 ကိုလည်း သွားနိုင်ပါသေးတယ်
နှင်းတောင်အနေနဲ့ဆိုရင် အများစုက 雄山神社 . ( Oyama ) 3003m အထိဘဲ တက်ကြပါတယ်
ဗဟုသုတအနေနဲ့ ဂျပန်မှာ ဂျပန်လူမျိုးတွေ အထွတ်မြတ်ထားတဲ့ တောင် ၃ ခုရှိပါတယ်
Mt.Fuji . Hakusan . Tateyama စတဲ့တောင်တွေဘဲ ဖြစ်ပါတယ်
အဲဒီ တောင် ၃ လုံးထဲမှ ဂျပန်လူမျိုးတွေ ဘာသာရေးအရကိုးကွယ်မှူဆိုင်ရာ အထွတ်မြတ်ထားတဲ့ နတ်ကွန်း 雄山神社 . Oyama Shrine ဟာ 立山မှာ ရှိပါတယ်
ဂျပန်ကိုအလည်လာကြတဲ့ နိုင်ငံခြားခရီးသွားတွေအတွက်က Tateyama ဆိုတာ မဖြစ်မနေ သွားကိုသွားသင့်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်
ဘယ်လိုသွားရမလဲဆိုတဲ့သူတွေအတွက်?
Tokyo station 🚉➡️ Toyama station 🚉 ( 🚄 Shinkansen နဲ့ ၂ နာရီကျော်ကြာ ၁၃၃၈၀ ယန်း )
Toyama station 🚉 ကနေ ထွက်ပြီး Dentetsu -Toyama station 🚉 ထိ ၇ မိနစ်လောက် လမ်းလျှောက်သွား
Dentetsu-Toyama station 🚉➡️ Tateyama station 🚉 ( 🚃 ပုံမှန်ရထားနဲ့ ၁ နာရီကြာ ၁၄၂၀ ယန်း )
Tateyama station 🚉 ➡️ Bijodaira ထိ ( 🚠 Cable car နဲ့ ၇ မိနစ်ကြာ )
အဲကနေတစ်ဆင့်
Bijodaira ➡️ Murodo ထိ ( ဘတ်စ်ကားပြောင်းစီး ၅၀ မိနစ်ကြာ )
Tateyama station 🚉 ~ Murodo ( 7380 ယန်း - အသွားအပြန် )
တောင်တက်ကားလမ်းတစ်လျောက်မှာ တောင်တန်းကြီးတွေ နဲ့ ရှုခင်းတွေက တော်တော်လေးလှပါတယ်🏔️✨
Murodo ရောက်ရင် ကိုယ်သွားချင်တဲ့နေရာ / တောင်တွေစတက်လို့ရပါပြီ🥾🏔️
နောက်ထပ်လမ်းကြောင်းတစ်ခုက
Nagano ဖက်ကနေ သွားမယ့်သူတွေအတွက်ပါ
Shinjuku station 🚉 ➡️ Matsumoto station 🚉 ထိ ( အမြန်ရထားနဲ့ 🚄 နဲ့ ၁ နာရီခွဲကြာ ၆၇၃၀ ယန်း )
Matsumoto station 🚉➡️Shinano-Oimachi station 🚉 ထိ ( JR Oito line 🚃နဲ့ ၁ နာရီကြာ ၇၁၅ ယန်း )
Shinano-Oimachi station 🚉 ➡️ Ogizawa station ထိ ( 🚍ဘတ်စ်ကားနဲ့ နာရီဝက်လောက်ကြာ ၁၆၅၀ ယန်း )
Ogizawa station ကို စောစောသွားနိုင်ရင် ပိုအဆင်ပြေပါတယ်
Ogizawa station ➡️ Kurobe Dam ထိ ( Kanden Tunnel Electric Bus 🚎 နဲ့ ၁၆ မိနစ်ကြာ )
Kurobe Dam ➡️ Kurobeko station ထိ ရေကာတာမှာ ၁၅ မိနစ်လမ်းလျှောက်
Kurobedaira ➡️ Daikanbo ထိ ( 🚠 Ropeway နဲ့ ၇ မိနစ်ကြာ )
Daikanbo ➡️ Murodo ထိ ( Tateyama tunnel trolley bus 🚎 နဲ့ ၁၀ မိနစ်ကြာ )
( Ogizawa station ကနေ Murodo ထိ အသွားအပြန် ၆၀၀၀ ယန်း ဝန်းကျင် )
立山ကို သွားချင်ရင် ၄ လပိုင်းလယ်လောက် ကနေ ၁၁ လပိုင်းအထိဘဲ ဖွင့်လို့ အဲအချိန်တွေဘဲ သွားလို့ရပါတယ်
🥾🏔️⛺️တောင်တက်ဖို့သွားမယ်ဆိုရင်တော့ ၈/၉/၁၀ လပိုင်းတွေ နွေရာသီကအလှဆုံးဖြစ်မယ်လို့ထင်ပါတယ်
ပိတ်ရက်တွေဆိုရင်တော့ စောစောရောက်အောင်သွားဖို့နဲ့ လက်မှတ်တွေကို online ကနေကြိုဝယ်ထားဖို့ အကြံပေးပါတယ်
ဆောင်းရာသီမှာ မီတာ ၄၀၀ မြင့်သော နာမည်ကျော် နှင်းနံရံများကို ကြည့်ရှုရန်
သွားမယ်ဆိုရင်တော့ ဧပြီလလယ်မှ ဇွန်လလယ်အထိက အကောင်းဆုံးအချိန်ပါ
ကျွန်တော်တို့က ၁၁ လပိုင်း သွားခဲ့ကြတာပါ🍂🍁✨
ဒီတစ်ခေါက်တော့ ကျွန်တော်တို့က 立山 ကို ၁ ညအိပ် ၂ ရက် တောင်တက်ခရီးသွားတက်ခဲ့တဲ့အကြောင်းလေးပါ🥾⛺️🏔️
ကျွန်တော်တို့က Tateyama station ကနေ Murodo ထိ အဲလမ်းကြောင်းနဲ့ တက်လာခဲ့ကြတာပါ
Murodo ကိုရောက်လာပြီဆိုတာနဲ့ အနယ်နယ်အရပ်ရပ်က လူတွေရော နိုင်ငံခြားခရီးသွားတွေရော တောင်လာတက်ကြတဲ့သူတွေရော အရမ်းကိုများပါတယ်
Murodo ကနေစပြီး အရမ်းလှတဲ့ 立山 တောင်တန်းရှုခင်းတွေ နဲ့ ရေအိုင်လေးတွေဆီကို ပေါ့ပေါ့ပါးပါး တောင်တက်လမ်းလျှောက်လို့လည်း ရတာမို့ တကူးတက လာရောက်လည်ပတ်ကြည့်ရှုကြတဲ့သူတွေ အရမ်းများပါတယ်
ကျွန်တော်တို့က Murodo ကနေ Raichosawa camping ground ⛺️ ထိ ဒီညအိပ်ဖို့အတွက် အေးအေးဆေးဆေးနဲ့ဘဲ ၁ နာရီလောက် လျှောက်လာခဲ့ကြပါတယ်
Raichosawa camping ground ရောက်တာနဲ့ စာရင်းသွင်းပြီး Tent ⛺️ ထိုးကြပါတယ်( Tent⛺️ နေရာအတွက်က ကြိုတင်ဘိုကင်ယူစရာမလိုပါဘူး ရောက်မှ ၁ ယောက် တစ်ထောင် ပေးပြီး စာရင်းသွင်းလိုက်ရုံပါဘဲ )
ရေရပါတယ် ပန်းကန်ဆေးတဲ့ နေရာရှိပါတယ်
အိမ်သာလည်းသန့်ပါတယ်
Tent ⛺️ ထိုးပြီးတာနဲ့ အချိန်လေးရှိနေတေးလို့ အနီးနားက တောင်ကို သွားတက်လိုက်ကြပါတယ် ကံဆိုးချင်တော့ ၂ နာရီလောက်တက်ပြီးမှ တောင်ထိပ်ရောက်ခါနီးမှ ရာသီဥတုအရမ်းဆိုးပြီး လေလည်းအရမ်းတိုက်တော့ တောင်ထိပ်မရောက်ဘဲနဲ့ Tent ⛺️ ဆီကိုဘဲ ပြန်ဆင်းလာလိုက်ကြတယ်
အောက်ပြန်ရောက်တော့ အေးလည်းအေးလာတော့ ညနေစာစားကြပြီး ရှုခင်းတွေဘာတွေခံစားပြီး စောစောစီးစီးအိပ်လိုက်ကြပါတယ်
Raichosawa camping ground ⛺️ မှာ ဘာမှမရောင်းလို့ စားစရာတွေ အပြည့်စုံယူလာဖို့ လိုပါတယ်
( ညရောက်တော့ မိုးလည်းရွာ လေလည်းတိုက်တေးတယ် တာပေမယ် ရှယ်အိပ်ပျော်တယ် 😁 )
Morning ✨
မနက်ရောက်တော့ မနက်စာစားပြီး ဓာတ်ပုံတွေဘာတွေ ရှယ်ရိုက်ပြီး Tent ⛺️ တွေ သိမ်းကြပြီး Murodo ဆီကို ပြန်တက်လာခဲ့ကြပါတယ်
( တစ်ချို့တောင်တက်သမားတွေက Mt.Tsurugi ကို ဆက်သွားကြပါတယ်
ဒီနှစ်နွေရောက်ရင် ကျွန်တော်လည်း Mt.Tsurugi ထိ ထပ်သွားဖို့ စီစဉ်ထားပါတယ် )
Murodo မှာ ကျော်ပိုးအိတ်တွေကို Lockers ထဲမှာသိမ်းထားခဲ့ကြပြီး 🏔️Mt.Oyama 雄山 おやま 3003m ကို ပေါ့ပေါ့ပါးပါးအိတ်အသေးလေးနဲ့ဘဲ သွားတက်ခဲ့ကြပါတယ်
အချိန်ကတော့ ၂ နာရီလောက်ကြာပါတယ် တောက်လျှောက်အတက်ပါ ၁ နာရီလောက်က ကျောက်တုံးလမ်းဖြစ်လို့ တောင်တက်လမ်းကြမ်းပါတယ်
တောင်ထိပ်ရှုခင်းက အရမ်းကိုလှလွန်းလို့ တဝကြီးရှယ်ခံစားပြီးမှ Murodo ကို ပြန်ဆင်းလာခဲ့ကြပါတယ်
Murodo ပြန်ရောက်ပြီဆိုတာနဲ့ မနေ့ကကျွန်တော်တို့တက်လာခဲ့တဲ့လမ်းကြောင်းအတိုင်းဘဲ Tateyama station 🚉 ကို ပြန်ဆင်းလာခဲ့ကြပါတယ်
အရမ်းကိုလှလွန်းတဲ့တောင်တန်းတွေရှိတဲ့ နေရာလေးဖြစ်လို့ အခွင့်ကြုံရင် အရောက်သွားကြည့်ဖို့ တိုက်တွန်းပါတယ်
ကျွန်တော်တို့က Tokyo ကို ပြန်လိုက်ပါဦးမယ်
ကျွန်တော်သွားခဲ့တဲ့လမ်းကြောင်း ခရီးစရိတ်လေးတွေ စုစုပေါင်းကုန်ကြစရိတ် ပေါင်းပြပေးပါမယ်
Tokyo station ~ Tateyama station ( အသွားအပြန် ) 29600 ယန်း
Tateyama station ~ Murodo ( အသွားအပြန် ) 7380 ယန်း
Raichosawa camping ground ⛺️ 1 ညအိပ် 1 ယောက် 1000 ယန်း
Water - Toilet ~ 100 ယန်း
Murodo lockers ~ 500 ယန်း
စုစုပေါင်း ~ 38580 ယန်း
စားစရာဘာညာကွိကွတွေက ကိုယ့်ပေါ်ဘဲမူတည်ပါတယ်
အချက်လက်လေးတွေ အထောက်ကူဖြစ်မယ်လို့ မျော်လင့်ပါတယ်
video vlog လေးလည်းတင်ပေးပါဦးမယ်
နောက်တောင်တွေမှာ ထပ်တွေ့ကြပါမယ်✨
( အခုဒီလမ်းကြောင်းအတိုင်းဘဲ ဒီနှစ် 2026.05.3/4 ( Golden week ပိတ်ရက် )နှင်းတောင်အနေနဲ့ ၁ ညအိပ် ၂ ရက် နှင်းတောင်တက်ခရီးသွားပြန်တက်ဖို့ရှိပါတယ်
အရမ်းအေးပြီး - ၅ လောက်ရှိတဲ့ နေရာမှာ Tent ⛺️ နဲ့ အိပ်ရမှာဖြစ်လို့ တောင်လည်းတက်ဖူးတယ် Tent ⛺️/ Sleeping Bag ရှိတယ် အအေးဒဏ်လည်းခံနိုင်တယ်ဆိုရင် လိုက် join လို့ ရပါတယ် )
#立山
22/03/2026
အခုမှ နှင်းတောင်စတက်မယ့်သူတွေအတွက် တိုကျိုကနေ နေ့ချင်းပြန်သွားတက်လို့ ကောင်းတဲ့ Mt.Kitayokodake ( 北横岳 ) တောင်နဲ့ မိတ်ဆက်ပေးပါရစေ✨
Mt.Kitayokodake ဆိုတာ ဂျပန်နိုင်ငံ Nagano စီရင်စုမှာ တည်ရှိပြီး တောင်ရဲ့အမြင့်က 2480 မီတာရှိပါတယ်။ အခုမှ နှင်းတောင်ပထမဦးဆုံးတက်မယ့်သူတွေအတွက်လည်း အဆင်ပြေတဲ့တောင်ဖြစ်သလို ၂ နာရီဝန်းကျင်လောက်ဘဲ တက်ရလို့ 🔰 beginners အတွက်လည်း recommend ပေးပါတယ်
နှင်းတောင်တက်မှာဆိုတော့ နွေးနွေးထွေးထွေးဝတ်သွားဖို့နဲ့ အနွေးဦးထုပ် အနွေးလက်အိပ်
နဲ့
နှင်းတောင်ကို အန္တရာယ်ကင်းကင်းနဲ့တက်နိုင်ဖို့အတွက် နှင်းတောင်တက်တဲ့အချိန် ဖိနပ်မချော်အောင် တောင်တက်ဖိနပ်အောက်ခံမှာတပ်တဲ့ သံဆူးချောင်းအချွန်လေးတွေပါတဲ့ アイゼン Crampons / チェーンスパイクမနေမနေ ယူသွားဖို့လိုပါတယ်
ဘယ်လိုသွားရမလဲဆိုတဲ့သူတွေအတွက်?
Shinjuku station 🚉➡️ Chino station 🚉 ( Limited Express trains ) ၂ နာရီကြာ 5760 ယန်း
စျေးသက်သာချင်ရင်တော့ JR Chuo Line ပုံမှန်ရထား / ဘတ်စ်ကား နဲ့လည်း သွားလို့ရပါတယ် ( အချိန်တော့ပိုကြာပါမယ် )
Chino station 🚉➡️ Kitayatsugatake Ropeway Sanroku station 🚠 အထိ ဘတ်စ်စီးပါ ( ၁ နာရီကြာ 1250 ယန်း )
Kitayatsugatake Ropeway Sanroku station 🚠 ကနေ တောင်ပေါ် Sancho station 🚠 ထိ Ropeway စီးတက်ပါ ( ၇ မိနစ်ကြာ 2600 ယန်း . အသွားအပြန် )
ကဲ … တောင်စတက်လို့ရပါပြီ
Sancho station 北八ヶ岳ロープウェイ 山頂駅 ( 2,237m )🚠
🥾
Tsuboniwa 坪庭(つぼにわ)
🥾
Kitayokodake Hut 北横岳ヒュッテ
🥾
北横岳 南峰(2,472m )
🥾
北横岳 北峰(2,480m )✨
အဆင်းကြရင် နောက်ဆုံးဘတ်စ်ကားမှီဖို့အတွက်တော့ သတိထားဖို့လိုပါမယ်
ဒီတောင်ကို နှင်းတောင်အနေနဲ့ တက်မယ်ဆိုရင် ၁ လပိုင်း / ၂ လပိုင်းက အကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ် ( သစ်ပင်ပေါ်မှာ နှင်းလေးတွေ ဖုံးနေတာက ဒီတောင်ရဲ့ အရမ်းလှတဲ့အသက်ပါ )
ကျွန်တော်တို့က ၃ လပိုင်း ၂၂ ရက်နေ့သွားတက်တော့ နှင်းတွေ အရည်တော်တော်ပျော်နေပြီ အဲလောက်ထိမလှတော့ဘူး🥹 ( ဒါပေမယ့် တစ်မျိုးစီလေး လှပါတယ် )
တောင်တက်ကြာချိန် : ၂ နာရီဝန်းကျင် ( အတက် )
၁ နာရီခွဲဝန်းကျင် ( အဆင်း )
စမှတ် : Sanroku station 🚠
ဆုံးမှတ် : Sanroku station 🚠
အားလုံးအဆင်ပြေကြပါစေ
နောက်တောင်တွေမှာ ထပ်တွေ့ကြပါမယ်✨
#北横岳
15/03/2026
ဂျပန်မှာ တောင်တက်ဝါသနာပါသူများအတွက် ဂျပန်နိုင်ငံရဲ့ ဒုတိယ အမြင့်ဆုံးတောင် ဖြစ်တဲ့ Mt.Kitadake ( 北岳 ) နဲ့မိတ်ဆက်ပေးပါရစေ🏔️🇯🇵✨
Mt.Kitadake (北岳) ဆိုတာ ဂျပန်နိုင်ငံရဲ့ ဒုတိယအမြင့်ဆုံးတောင်ဖြစ်ပြီး Nagano ခရိုင်ရဲ့ တောင်ပိုင်းတောင်တန်းများရဲ့ ` ဘုရင်ကြီးတောင် ‘ ဟုလည်းတင်စားခေါ်ဝေါ်ကြပါတယ်
Yamanashi စီရင်စုမှာ တည်ရှိပြီးတော့ ၃၁၉၃ မီတာ အမြင့်ရှိပါတယ်
ဂျပန်မှာ Tent ⛺️ နဲ့ညအိပ်တောင်တက်ခရီးနှင်သူများရဲ့ အသည်းစွဲတောင်လည်းဖြစ်သလို ဂျပန်နိုင်ငံရဲ့ ကောင်းကင်ဘုံလျှောက်လမ်းတည်ရှိရာနေရာလို့လည်း တင်စားပြီးခေါ်ဝေါ်ကြပါတေးတယ်။
တောင်တက်လမ်းမှာ တောင်အမြင့်တွေမှာဘဲ ပွင့်တဲ့ပန်းလေးတွေရဲ့ အလှကိုမြင်တွေ့ရမှာဖြစ်ပြီးတော့ တောင်ထိပ်ကနေ Fuji တောင်ကို အတိုင်းသားမြင်နိုင်ပြီး၊ အခြားတောင်တွေရဲ့ လှပတဲ့ မြင်ကွင်းတွေကိုလည်း ၃၆၀ ဒီဂရီ ခံစားနိုင်ပါတေးတယ်။
ခုမှ 🔰တောင်စတက်မယ့်သူတွေအတွက်တော့ ဒီတောင်ကို တက်ဖို့အကြံမပေးပါဘူး
တစ်ခြားတောင်တွေ ကျင့်သားရအောင်အရင်တက်ကြည့်ပြီးမှ တက်စေချင်ပါတယ် ။
ကဲ… ဒီတောင်ကို အရမ်းအမွန်းတင်ပြီးပြီဆိုတော့
ဘယ်လိုသွားရမလဲဆိုတဲ့သူတွေအတွက်…
ညကတည်းက …
Shinjuku station 🚉➡️ Kofu station 🚉 ( ပုံမှန်ရထား -၂၃၁၀ ယန်း ) ၂ နာရီခွဲကြာ Chuo line
သို့မဟုက်
အမြန်ရထား - ၃၈၉၀ ယန်း ၁ နာရီခွဲကြာ
Kofu station 🚉 ကနေမှ South exit ကနေထွက်ပြီး မှတ်တိုင် ၁ မှာ Hirogawara bus stop အထိစီးသွားရပါမည် ( ကားခ ၂၄၀၀ ယန်း + contribution free ၃၀၀ ယန်း )၂ နာရီကြာ
Hirogawara bus stop က တောင်စတင်ပြီးတက်တဲ့နေရာပါ✨
တောင်တက်ကားလမ်းက အကွေ့ကောက်များသလို ကားထဲမှာလည်းလူတွေအရမ်းပြည့်တော့ မူးပြီး အန်တဲ့သူတွေလည်းရှိပါတယ် ( အိတ်ကလေးဆောင်ထားကြပါ 😁 )
အကြံပြုချက်- တောင်တက်ခရီးစဉ်အချိန်ပိုရရှိစေရန်အတွက် Kofu station 🚉 မှ မနက်အစော ပထမဆုံးထွက်တဲ့ဘတ်စ်ကားကို (၄ နာရီခန့်မှစတင်၍) စီးနိုင်ရန် ညကတည်းက Kofu station 🚉 ကိုရောက်လာကြတဲ့ တောင်တက်သမားများစွာရှိပါသည်
မနက်ရောက်ရင် အစောဆုံးထွက်တဲ့ကားတွေစီးနိုင်မှ အဆင်ပြေမှာမို့ ညကတည်းက Kofu station 🚉 ကိုရောက်လာထားမှ အဆင်ပြေပါမယ်
ညကတည်းကရောက်ရင် Kofu station 🚉 ထဲမှာအိပ်လို့ရသလို ( ဖြစ်သလိုကြမ်းပြင်ပေါ်မှာ အိပ်ရပါမယ်😁 ) အနီးနားက စျေးသက်သာတဲ့ တည်းခိုခန်းတွေမှာလည်း အိပ်လို့ရပါတယ်
ဘတ်စ်ကားတွေက ၆ လပိုင်း ၁၉ ရက်နေ့ကနေ ၁၁ လပိုင်း ၃ ရက်အထိဘဲ ပြေးဆွဲပါတယ်
( ၇ လပိုင်း ၁၉ ရက်နေ့ကနေ ၈ လပိုင်း ၂၄ ရက်နေ့အတွင်းက ကားတွေ ပိုမိုများပြား ပြေးဆွဲပါတယ် )
Mt.Kitadake ကို တက်ဖို့ အကောင်းဆုံးအချိန်တွေက ၇ လပိုင်းကနေ ၉ လပိုင်းအတွင်း ဖြစ်ပါတယ်
၇ လပိုင်း- တောင်ပန်းတွေ ပွင့်တဲ့အချိန်၊ လှပတဲ့ မြင်ကွင်းတွေကို ခံစားနိုင်ပါတယ်
၈ လပိုင်း- ရာသီဥတု အကောင်းဆုံး၊ တောင်တက်ဖို့ အဆင်ပြေပါတယ်
၉ လပိုင်း- တောင်ရဲ့ အရွက်တွေက ရဲရဲရင့်ရင့် ပြောင်းလဲလာပြီး၊ လှပတဲ့ မြင်ကွင်းတွေကို ခံစားနိုင်ပါတယ်
ကျွန်တော်တို့က ၇ လပိုင်းလောက် သွားတက်ခဲ့ကြပါတယ်
( ၉ လပိုင်းက အကောင်းဆုံးဖြစ်မယ်လို့ ထင်တယ် )
ဒါပေမဲ့ တောင်တက်ဖို့ မသွားခင် ရာသီဥတု အခြေအနေကို သေချာစစ်ကြည့်ဖို့ လိုပါတယ်။ ဒါမှ လုံခြုံစွာ တောင်တက်နိုင်မှာဖြစ်ပါတယ်
Tent ⛺️ နေရာအတွက် အရင်က ဘိုကင်ယူစရာမလိုဘဲနဲ့ ချလို့ရပါတယ် စျေးနှုန်းကတော့ ၁၀၀၀ ယန်းပါ
ဒါပေမယ့် အခုကတော့ ဘိုကင်ကြိုယူမှ ပိုအဆင်ပြေပါတယ်
မဟုက်ရင် တောင်ထိပ်ကိုအစောကြီးရောက်လာပေမယ့်လည်း Tent ⛺️ နေရာအတွက် ဘိုကင်မယူထားလို့ ငါးနာရီထိစောင့်ရပြီးမှ သူများတွေမထိုးတဲ့ နေရာ ကျန်တဲ့နေရာလွတ်တွေမှာဘဲ ထိုးရပါလိမ့်မည်
🛖တည်းခိုဆောင်မှာ တည်းမယ့်သူတွေအတွက်က မဖြစ်မနေ ဘိုကင်ကြိုယူထားရပါမယ်
တစ်ညကို ထမင်း ၂ နပ်စာအပါကိုမှ ၁၀၀၀၀ ယန်း အထက်ရှိပါတယ်
ကဲ… တောင်စတက်ပါတော့မယ်🥾🏔️✨
ပထမရက်…
Hirogawara ➡️ Shirane oike Hut ၂ နာရီလောက်ကြာ
Shirane oike Hut ➡️ Kitadake Katanokoya Hut အထိက ၃ နာရီလောက်ကြာပါတယ်
တစ်ချို့လူတွေက Kitadake Katanokoya Hut မှာ အိပ်ကြပါတယ် အဲနေရာက Tent ⛺️နေရာတွေပြည့်နေတော့ ကျွန်တော်တို့ဆက်တက်ခဲ့လိုက်ပါတယ်
Kitadake Katanokoya Hut ➡️ Mt.Kitadake တောင်ထိပ်ထိ ၄၅ မိနစ်လောက်ကြာ
ဂျပန်နိုင်ငံရဲ့ ဒုတိယအမြင့်ဆုံးတောင်ထိပ်ပေါ်မှာ လှပလွန်းတဲ့ရှုခင်းတွေ ဝအောင်ကြည့်ပြီး ညအိပ်ဖို့အတွက်
Mt.Kitadake တောင်ထိပ်ကနေ ➡️ Kitadake Sanso အထိ ၂ နာရီကြာ ဆက်ပြီးတော့ ဆင်းခဲ့ရပါတေးတယ် ( အဲအဆင်းလမ်းကို အရမ်းမတ်စောက်ပြီး အန္တရာယ်အရမ်းများပါတယ် ပြုတ်ကျခဲ့ရင် အောက်ထိဘဲ 🥹 )
Kitadake Sanso ရောက်တော့ Tent ⛺️ တွေဆင်ကြပြီး ညနေစာစားပြီး တနေကုန်ပင်ပန်းထားတော့ ရာသီဥတုလေးကလည်း အေးစိမ့်နေတော့ အိပ်ရေးဝအောင်အိပ်လိုက်ပါတယ်
ပထမတစ်ရက်တော့ ၈-၉ နာရီလောက် တောင်တက်ရပါတယ်🥵
ဒုတိယရက်…
မနက်နိုးလာကြပြီးတော့ မနက်စာစားရင်း ဖူဂျီတောင်🗻 နဲ့ နေထွက်လာတာကို အဝကြီး ထိုင်ခံစားလိုက်ကြပါတယ် ( ဘယ်တော့မှမမေ့နိုင်တဲ့ အခိုက်တန့်လေးပါ )
မှတ်ချက် - ကျွန်တော်တို့ သူငယ်ချင်း ၆ ယောက်မှာ ကျွန်တော်က မနက်အစောကြီးထပြီး Kitadake Sanso ကနေ ဂျပန်နိုင်ငံရဲ့ တတိယအမြင့်ဆုံးတောင်ဖြစ်တဲ့ Mt.Ainodake 🏔️ ကိုလည်း သွားတက်ခဲ့လိုက်ပါတေးတယ် ( အဲပိုစ့်ကို နောက်တစ်ခေါက် ထပ်ရေးပြီးတင်ပေးပါအုံးမယ် )
ကျွန်တော်တို့တွေ အပြန်ဘတ်စ်ကားမှီအောင်လို့ မနက်စာစားပြီးတာနဲ့ Tent ⛺️ တွေသိမ်းဆည်းပြီး အပြန်ခရီးစတင်ပါတော့တယ်
အပြန်အဆင်းလမ်းကိုကြတော့…
Kitadake Sanso ➡️ Shiraneoike Hut ထိ ( မနေ့က ကျွန်တော်တို့တက်ခဲ့တဲ့ လမ်းကြောင်းမဟုက်ပါဘူး )
နောက်တစ်လမ်းဖြစ်တဲ့ 八本歯のコル ဖက်ကနေ ဆင်းခဲ့ကြတာပါ ( အဲလမ်းကြောင်းကတော့ အလွန်မတ်စောက်ပြီး သစ်သားလုံးလှေကားတွေလည်း များသလို အမြင့်ကြောက်တက်တဲ့သူဆိုရင် အဲဖက်ကနေ မဆင်းဖို့အကြံပေးပါတယ် )
အရမ်းမြင့်တဲ့ Mt.Kitadake တောင်စောင်းဘေးနံရံကပ်ပါးကနေ သစ်သားလုံးလှေကားတွေပေါ်ကနေ ဆင်းလာရတာဆိုတော့ ဘေးဖက်ကိုကြည့်ရင်လည်း ချောက်ကြီးပါ အောက်ကိုငုံ့ကြည့်ရင်လည်း ချောက်ပါဘဲမို့ပါ
( Mt.Kitadake ကို ကျွန်တော်တို့တက်ခဲ့တဲ့လမ်းကြောင်းအတိုင်း မတက်ဘဲနဲ့ 八本歯のコル ဖက်ကနေ တက်လည်းရပါတယ် တော်တော်လေးပိုပင်ပန်းပါမယ် )
အဲဖက် 八本歯 のコル လမ်းကနေ မဆင်းချင်တဲ့သူတွေအတွက်ကြတော့ မနေ့က တက်ခဲ့တဲ့ လမ်းအတိုင်းဘဲပြန်ဆင်းလို့ရပါတယ်
Shirane Oike Hut မှာဘဲ လမ်းကပြန်ဆုံပါတယ်
Shirane Oike Hut ရောက်တာနဲ့ ဘတ်စ်ကားအမှီ မနေ့ကတက်လာခဲ့တဲ့အတိုင်းဘဲ Hirogawara bus stop ထိ အမြန်ဆက်ပြီးဆင်းလိုက်ပါတယ်
ဘတ်စ်ကားမှီသွားလို့ တော်တေးပါတယ်🥵
ဘတ်စ်ကားမမှီတဲ့သူတွေအတွက် တောင်ခြေ Hirogawara bus stop နားမှာဘဲ တောင်ခြေစခန်းတစ်ခုရှိပါတယ်
အဲမှာဘဲ Tent ⛺️ ထိုးပြီး တစ်ညထပ်အိပ်ပြီး မနက်ဖြန်မနက်မှ လာတဲ့ ဘတ်စ်ကားကို ထပ်စောင့်ပြီး Kofu Station 🚉 ထိစီးပြန်ရပါမယ် 🥹
စာဖတ်ပေးကြတဲ့သူတွေလည်း ပင်ပန်းသွားသလို ရေးပေးတဲ့ ကျွန်တော်လည်း ပင်ပန်းသွားကြပြီ…😁
ဒီလိုအရမ်းမြင့်ပြီး ညအိပ်တောင်တက်ခရီးသွားတက်တဲ့တောင်တွေက အဖွဲ့လိုက်သွားရင် လူညီမှ ပိုအဆင်ပြေပြီး ပျော်ရွှင်စရာကောင်းတဲ့ တောင်တက်ခရီးစဉ်လေး ဖြစ်မှာပါ✨
ဒီတောင်ကို Adventure ကြိုက်သူရယ် အပင်ပန်းခံနိုင်တဲ့သူရယ်
Tent တွေ sleeping bag တွေသယ်ပြီး အလေးခံနိုင်တက်သူတွေကို ကို ပိုပြီး おすすめပေးပါတယ်
ဒါပေမယ့် တောင်တက်ဝါသနာပါသူတွေကို တစ်ခါလောက် တက်ကြည့်စေချင်ပါတယ်✨
အဆုံးထိဖတ်ပေးလို့ ကျေးဇူးပါဗျာ✨
နောက်တောင်တွေမှာ ထပ်တွေ့ကြပါမယ်✨
video vlog လေးရဲ့ link လေးပါ ပထမရက် ➡️ https://www.facebook.com/share/v/1BGtwbnVuC/?mibextid=wwXIfr
ဒုတိယရက် ➡️ https://www.facebook.com/share/v/1Bnwzs9bWS/?mibextid=wwXIfr
#北岳
12/03/2026
ဂျပန်နိုင်ငံရဲ့ အလှဆုံး တောင်တန်းတွေထဲမှ တစ်ခုဖြစ်တဲ့ မြောက်ပိုင်းတောင်တန်းတွေရဲ့ ဘုရင်မတောင်လို့ တင်စားခေါ်ကြတဲ့ Mt.Tsubakuro dake ( 燕岳) တောင်ကို မိတ်ဆက်ပေးပါရစေ🏔️
Mt.Tsubakuro dake (燕岳) ဆိုတာ ဂျပန်နိုင်ငံရဲ့ Nagano စီရင်စုမှာ တည်ရှိတဲ့ တောင်တစ်ခု ဖြစ်ပါတယ်။ အမြင့် 2,763 မီတာ ရှိပြီး၊ နာမည်ကြီး တောင်တော်တစ်ရာ စာရင်းထဲမှာလည်းပါသလို Tent ⛺️ နဲ့ညအိပ်တောင်တက်ဖို့အတွက် နာမည်ကြီးတဲ့ တောင်ဖြစ်ပါတယ်။
Mt.Tsubakuro dake ( 燕岳) ကို တက်ရင် လှပတဲ့တောင်တန်းတွေကို 360ဒီဂရီ မြင်ကွင်းနဲ့ ခံစားနိုင်ပါတယ်။ တောင်ထိပ်ကနေ မြောက်ပိုင်းဂျပန်တောင်တန်းတွေကို အတိုင်းသားမြင်နိုင်ပြီး၊ အခြားတောင်တွေရဲ့ လှပတဲ့ မြင်ကွင်းတွေကိုလည်း ခံစားနိုင်ပါတယ်။
ဘယ်လိုသွားရမလဲဆိုတဲ့သူတွေအတွက်…
Shinjuku Station🚉 ➡️ ကနေ Matsumoto Station 🚉 ထိ( Limited Express) နဲ့ အရင်စီးသွားရပါမယ် ( ၂ နာရီခွဲကြာ / ၆၆၂၀ ယန်း )
Matsumoto Station 🚉 ရောက်ရင် ပြောင်းစီးပြီး ဒေသတွင်းရထားနဲ့ Hotaka Station 🚉 ထိ ထပ်စီးသွားပါ ( နာရီဝက်ကြာ / ၃၃၀ ယန်း )
Hotaka Station 🚉 ရောက်ရင်ထွက်ပြီး ဘယ်ဖက်မှာ ဘတ်စ်ကားစီးရမယ့်နေရာ ရှိပါတယ်
Taxi 🚖 နဲ့လည်း သွားလို့ရပါတယ်
အဲကနေမှတစ်ဆင့် Hotaka Station 🚉 ကနေ Nakabusa Onsen Bus Stop အထိ ဘတ်စ်ကားနဲ့ ၁ နာရီခန့် ထပ်စီးသွားရပါမည် ( ၁၅၀၀ ယန်း ) တောင်တက်ကားလမ်းက ခေါင်းအရမ်းမူးပါတယ်😅
Nakabusa Onsen Bus Stop က တောင်တက်လမ်းစတင်တဲ့ နေရာဖြစ်ပါတယ်
Hotaka Station 🚉 ကနေ Nakabusa Onsen Bus Stop အထိ ဘတ်စ်ကားက ၄ လပိုင်းလောက် ကနေ ၁၁ လပိုင်းလောက်အထိဘဲ ပြေးဆွဲပါတယ်
Mt.Tsubakuro dake (燕岳) ကိုဘယ်အချိန်သွားရင်အကောင်းဆုံးလဲ?
Mt.Tsubakuro dake ကို သွားဖို့ အကောင်းဆုံးအချိန်က 6 လပိုင်းကနေ 10 လပိုင်းအတွင်း ဖြစ်ပါတယ်။ ဒီအချိန်မှာ ရာသီဥတု ကောင်းမွန်ပြီး၊ တောင်တက်လမ်းလျှောက်ဖို့ အဆင်ပြေပါတယ်
6 လပိုင်း - တောင်ပန်းတွေ ပွင့်တဲ့အချိန်၊ လှပတဲ့ မြင်ကွင်းတွေကို ခံစားနိုင်ပါတယ်
7 လပိုင်း နဲ့ 8 လပိုင်း- ရာသီဥတု အကောင်းဆုံး၊ တောင်တက်ဖို့ အဆင်ပြေပါတယ်
9 လပိုင်း နဲ့ 10 လပိုင်း- တောင်ရဲ့ အရွက်တွေက ရဲရဲရင့်ရင့် ပြောင်းလဲလာပြီး၊ လှပတဲ့ မြင်ကွင်းတွေကို ခံစားနိုင်ပါတယ်
ကျွန်တော်တို့ကတော့ ၉ လပိုင်းသွားတက်ခဲ့ကြတာပါ✨
Mt.Tsubakuro dake ( 燕岳 ) 🏔️တောင်က Tent ⛺️ နဲ့ညအိပ်တောင်တက်သွားဖို့အတွက် အရမ်းနာမည်ကြီးလို့ Tent ⛺️ နေရာအတွက်လည်း မဖြစ်မနေ booking ကြိုလုပ်ဖို့လိုအပ်ပါတယ် ( တယောက် ၁၀၀၀ ယန်း ) ပေးရပါတယ်
အကယ်၍ Tent ⛺️ နဲ့ မအိပ်ဘဲနဲ့ Enzanso Hut 🛖 မှာ တည်းခိုမယ့်သူတွေအတွက်က တစ်ညအိပ် ထမင်း ၂ နပ်စာအပါကိုမှ ယန်း ၁၀၀၀၀ လောက် ရှိပါတယ် ( မဖြစ်မနေ Booking ကြိုလုပ်ရပါမယ် )
တောင်ပေါ်မှာ ကျွန်တော်တို့ Tent ⛺️ နဲ့ တစ်ညအိပ်ပြီး အဆင်းကိုလည်း တက်ခဲ့တဲ့ လမ်းကြောင်းအတိုင်းဘဲ ပြန်ဆင်းပါတယ်
ဘတ်စ်ကားအချိန်တွေကို သေချာကြည့်ပြီး သွားဖို့အကြံပေးပါတယ် မဟုက်ရင် Taxi 🚕 ငှါးရပါလိမ့်မယ်
ဒီတောင်က ခုမှTent ⛺️ နဲ့ ညအိပ်တောင်တက်ခရီးသွားမယ့်သူတွေအတွက်လည်း အဆင်ပြေတဲ့တောင်ဖြစ်လို့ အခွင့်အရေးရှိရင် သေချာပေါက်သွားကြည့်ဖို့ အကြံပေးပါတယ်✨
Mt.Tsubakuro dake ( 燕岳) တောင်ကနေ တစ်ခြားတောင်တွေလည်း ဆက်သွားလို့ရတေးဒါမို့ အဲအကြောင်းကိုတော့ ကျွန်တော်ဒီနှစ်ထပ်သွားပြီးတော့မှ ထပ်ပြောပြပေးပါမယ်✨
အောက်ကပုံလေးတွေကြည့်ရင်းနဲ့ ကျွန်တော်နဲ့အတူဖုန်းထဲကနေတဆင့် ခံစားပြီး တူတူလိုက်တက်ကြပါအုံး😁
အကွာအဝေး : 9.8 km
တောင်အမြင့် : 2,763 မီတာ
တောင်တက်ကြာချိန် : ၆ နာရီဝန်းကျင်
စမှတ် : Nakabusa Onsen Bus Stop
ဆုံးမှတ် : Nakabusa Onsen Bus Stop
ဒါကတော့ video vlog ရဲ့ link လေးပါ ➡️ https://www.facebook.com/share/v/19ZdcMdR3i/?mibextid=wwXIfr
ဂျပန်နိုင်ငံရဲ့ တောင်ပိုင်းဘုရင်မတောင်လို့ တင်စားခေါ်ကြတဲ့ Mt.Senjogatake ( 仙丈ヶ岳 ) 🏔️ video vlog လေးရဲ့ link ကိုလည်း ဝင်ကြည့်ကြည့်လို့ရပါတယ် ➡️ https://www.facebook.com/share/v/1DodvmusfP/?mibextid=wwXIfr
အားလုံးအဆင်ပြေမယ်လို့ မျော်လင့်ပါတယ်✨
#燕岳
09/03/2026
တိုကျို ကနေနေ့ချင်းပြန် ကျောက်ဆောင်တွေကိုတွယ်တက်ရတာ ကြိုက်တဲ့သူဆိုရင် Mt.Kentoku ( 乾徳山 )တောင်ကို သွားတက်ကြည့်ဖို့အကြုံပေးပါတယ်🥾🏔️✨
Mt.Kentoku (乾徳山) တောင်ဆိုတာ
Yamanashi စီရင်စုမှာ တည်ရှိတဲ့ တောင်တစ်ခု ဖြစ်ပါတယ်။ အမြင့်က 2031 မီတာ ရှိပြီး၊ ဂျပန်နိုင်ငံရဲ့ 200 Famous Mountains ထဲမှာ ပါဝင်ပါတယ်။ ဒီတောင်က Tokyo ကနေ တစ်ရက်အတွင်း သွားနိုင်ပြီး စိန်ခေါ်မှုအသစ်လေးတွေ စူးစမ်းကြည့်ချင်တဲ့သူတွေအတွက်ကောင်းတဲ့တောင်ဖြစ်လို့လည်းနာမည်ကြီးပါတယ်
တောင်ထိပ်ကနေ Fuji တောင်ကို အတိုင်းသားမြင်နိုင်ပြီး၊ အခြားတောင်တွေရဲ့ လှပတဲ့ မြင်ကွင်းတွေကိုလည်း ၃၆၀ ဒီဂရီမြင်ကွင်းနဲ့ ခံစားနိုင်ပါသေးတယ်
ဘယ်လိုသွားရမလဲဆိုတဲ့သူတွေအတွက်…
Shinjuku Station 🚉ကနေ Chuo Line နဲ့ Takao Station 🚉အထိသွားပြီး၊ ဒေသတွင်းရထားနဲ့ Enzan Station 🚉ဒါမှမဟုက် Yamanashi-shi station 🚉အထိစီးသွားပါ ။ ( ရထားခ- ၂၃၀၀ ယန်း ဝန်းကျင် )
အဲကနေမှတဆင့်
Enzan Station 🚉 ဒါမှမဟုက် Yamanashi-shi Station 🚉ကနေမှ ဘတ်စ်ကားနဲ့ Kentokusan Tozanguchi Bus Stop အထိစီးသွားပါ ( ကားခ - ၄၀၀ ကနေ ၆၀၀ ကြား )
၃ လပိုင်းမှာ တက်မယ်ဆိုရင် Yamanashi-shi Station 🚉 မှာ ဆင်းပြီး ဘတ်စ်ကားပြောင်းစီးပါ၊ ၄ လပိုင်းမှာ တက်မယ်ဆိုရင်တော့ Enzan Station 🚉မှာဆင်းပြီး ဘတ်စ်ကားပြောင်းစီးပါ၊ ဘာလို့လဲဆိုတော့ ၃လပိုင်းမှာ Ensan Station 🚉ကနေ ဘတ်စ်ကားက မပြေးဆွဲဘဲပိတ်ထားလို့ပါ ၄လပိုင်း ၈ရက်နေ့မှ ပြန်ဖွင့်မှာမို့ပါ ( နှစ်ခုစလုံးက Kentokusan Tozanguchi Bus Stop အထိ စီးသွားရပါမယ် )
ကဲ… တောင်စတက်လို့ ရပါပြီ🥾🏔️✨
အစပိုင်း ၂ နာရီခွဲလောက်မှာတော့ အရိပ်ထဲမှာဘဲ ပုံမှန်တောင်တက်ပြီးရောက်ခါနီး ၁ နာရီလောက်အလိုမှဘဲ ကျောက်ဆောင်တွေကို တွယ်တက်ရတာ တော်တော်များပါတယ် တစ်ချို့နေရာတွေဆို မြင့်လည်းမြင့်ပါတယ် အမြင့်ကြောက်တတ်တဲ့သူဆိုရင် ဒူးတုန် ဖင်ကျိန်းမှာသေချာတယ် ( အမြင့်ကြောက်တက်တဲ့သူဆိုရင်တော့ ဒီတောင်ကို အကြံမပေးပါဘူး )
တောင်တက်ကြာချိန် : ၄ နာရီဝန်းကျင် ( အတက် )
၃ နာရီဝန်းကျင် ( အဆင်း )
အကွာအဝေး : ၁၁.၆ ကီလိုမီတာ
တောင်အမြင့် : ၂၀၃၁ မီတာ
စမှတ် : Kentokusan Tozanguchi Bus Stop
ဆုံးမှတ် : Kentokusan Tozanguchi Bus Stop
မတက်ခင် နောက်ဆုံးဘတ်စ်ကားရဲ့ အချိန်ကို သေချာလေးကြည့်ထားပြီး အချိန်ကိုက်ပြန်ဆင်းနိုင်မှ အဆင်ပြေပါမယ်
အားလုံးအဆင်ပြေကြပါစေ✨
#乾徳山
05/03/2026
we all deserve a camping break🏕️
🥩🥚🍞
20/02/2026
တိုကျိုမြို့နဲ့နီးပြီး Camping 🏕️ လည်းလုပ်ချင်တယ် Kanagawa ken ရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ Mt.Hirugatake / Mt.Tanzawa/ Mt.Tonodake တောင်တွေကိုလည်း တောင်တက်လို့ရတဲ့ Kanagawa ken / Hadano မှာရှိတဲ့ Takizawa Camping Ground🏕️ ဆိုတဲ့ တိတ်ဆိတ်ပြီး အေးချမ်းသော ဒီနေရာလေးကို ညွှန်းပေးပါရစေ✨
Shinjuku station 🚉 ကနေမှ ရထားခအသွားအပြန် ယန်း ၂၀၀၀ လောက်ဘဲ ကုန်တယ်ဆိုတော့ အရမ်းကိုအဆင်ပြေတာပေါ့
ဘယ်လိုသွားရမလည်းဆိုတဲ့သူတွေအတွက်
Shinjuku station 🚉 ➡️ Shibusawa station 🚉 Odakyu line ( ၆၉၂ ယန်း )
Shibusawa station 🚉 ကနေမှ မှတ်တိုင်နံပါတ် ( ၂ ) မှာစီးပြီး Okura bus stop 🚏 ထိ ဘတ်စကားဖြင့်🚌 ( ၂၅၀ ယန်း )
ဒီတစ်ခေါက်က ကျွန်တော် Camping 🏕️ သွားလုပ်တာဆိုတော့
တောင်တက်ချင်တဲ့သူတွေအတွက် လမ်းညွှန်ကို လည်း Link ချထားပေးပါမယ်
https://www.facebook.com/share/p/1KZFuBGxiP/?mibextid=wwXIfr
Takizawa Camping Ground🏕️အကြောင်းပြောရမယ်ဆိုရင်တော့
Tanzawa တောင်တန်းတွေကြားမှာ တည်ရှိပြီး တော့ ချောင်းဘေးမှာ 🏕️ ချနိုင်ပြီး မြေပြင်ပေါ်မှာ တိုက်ရိုက်မီးဖိုခြင်း ( direct fire )ကို ခွင့်ပြုထားတာကြောင့် camper များအကြိုက်တွေ့သော နေရာလေးလည်းဖြစ်ပါတယ်
🏕️ လုပ်ဖို့အတွက်က နေရာ ၂ မျိုးရှိပါတယ်
၁- Free Site : လူတစ်ဦးလျှင် ယန်း ၁၅၀၀ ခန့်ကျသင့်ပြီး ကြိုတင်ဘိုကင်တင်စရာမလိုဘဲ သွားတဲ့နေ့မှ ပေးချေပြီး 🏕️ လုပ်လို့ရပါတယ်
၂- Auto Camping: ကားဖြင့် တိုက်ရိုက်ဝင်ရောက်နိုင်သော နေရာများအတွက် ၆,၀၀၀ ယန်း ဝန်းကျင် ကျသင့်ပြီး ၎င်းကို Takizawaen Reservation Page မှတစ်ဆင့် ကြိုတင်ဘိုကင်ယူရန် လိုအပ်သည်
မိသားစုလိုက်လာတာမဟုက်ရင် ၁- Free Site က ပိုအဆင်ပြေပါတယ်
🏕️ မလုပ်ချင်တဲ့သူတွေအတွက်လည်း Bungalow/ Log House နဲ့ Villa များလည်း ငှါးရမ်းတည်းခိုနိုင်ပြီး ရေချိုးခန်းနဲ့ အိမ်သာလည်းပါရှိပါတယ်
ကြိုတင်ဘိုကင်လုပ်ထားဖို့တော့လိုပါတယ်
အိမ်သာတွေလည်း အရမ်းသန့်သလို coin shower room 🚿 တွေလည်း ရှိတော့ ရေချိုးလို့လည်း ရပါတေးတယ်
အသေးစိတ်ကိုတော့ ပုံတွေမှာထပ်ကြည့်လို့ရပါသေးတယ်
အားလုံးအဆင်ပြေကြပါစေ✨
ここをクリックしてあなたのスポンサー付きリスティングを獲得。
カテゴリー
住所
Ikebukuro 4-28/1
Toshima, Tokyo
1710014
