Beauty & Health Issue

Beauty & Health Issue

Share

ကိုရီးယားရောက် ရွှေမြန်မာတို့အတွက် ကျန်းမာရေးနှင့် အလှအပဝန်ဆောင်မှု (မျက်စိ၊ သွားနှင့် အရေပြားအလှအပ)

19/02/2025

သွားတိုက်လိုက်တိုင်း သွေးထွက်နေလို့ စိုးရိမ်နေပြီလား⁉️
သွားတိုက်လိုက်တိုင်း သွားနှင့် သွားဖုံးကြားမှနေ သွေးထွက်တယ်ဆိုတာ ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူးနော်။ သွားကို ပုံမှန် ဂရုမစိုက်ပဲ တစ်ခါတစ်လေမှ အားနဲ့ အတင်း ဖိတိုက်တက်တဲ့ အကျင့်ရှိသူများ သတိထားသင့်ပါတယ် 💁🏻‍♀️💁🏻‍♀️

သွားတိုက်ရင်း သွားဖုံးကနေ သွေးထွက်တယ်ဆိုတာ သွားဖုံးရောဂါ ပြဿနာအစဖြစ်ပြီး အချိန်မှီမကုသပဲ ကြာလာသည်နှင့်အမျှ သွားဖုံးသွေးယိုစီးကာ သွားတွေယိုင်နဲ့လာမယ်၊ ခံတွင်းနံ့ဆိုးတွေ နံလာမယ်၊ နောက်ဆုံး ရေစီးကမ်းပြိုဖြစ်ကာ သွားတွေကျွတ်နိုင်တဲ့အထိ အန္တရာယ်များပါတယ် 🦷🦷

ဒါဆိုရင်တော့ သွားဆေးခန်းသို့ အမြန်သွားရောက်ကာ ဆရာဝန်နှင့် စစ်ဆေးသင့်ပါတယ်။ မင်မင်တို့ BEAUTY & HEALTH ISSUE မှ အထူးကု ဆရာဝန်ကြီးများရဲ့ ကုသမှုများ၊ နည်းလမ်းညွှန်ကြားချက်များ လိုက်နာကာ ကျန်းမာလှပတဲ့ သွားနှင့်ခံတွင်း ပိုင်ဆိုင်နိုင်ပါပြီ 👨🏻‍⚕️👩🏻‍⚕️

🪥🪥 ဒါ့အပြင် နည်းလမ်းမှန်မှန် သွားတိုက်ဖို့လဲ လိုအပ်ပါတယ်။ သွားတိုက်နည်း မမှန်တဲ့အခါ၊ ကြမ်းကြမ်းတမ်းတမ်း သွားတိုက်မိတဲ့အခါ သွားဖုံးလွှာများ ပွန်းပဲ့ကုန်ပါတယ်။ သွားဖုံးသွေးထွက်လာကာ သွားနှင့် သွားဖုံးကြား ကျောက်လွှာများ တဖြည်းဖြည်း စုပြုံလာပြီး အလားတူရောဂါများ ဖြစ်ပွါးစေပါတယ်။

ဒါ့ကြောင့် သွားတိုက်ရင်း သွေးထွက်ပြီဆိုတာနဲ့ ပေါ့ပေါ့ဆဆ မနေပဲ အချိန်မှီ ကုသမှု ခံယူဖို့ တိုက်တွန်းလိုက်ပါတယ်ရှင် 😍
သွားနှင့် ခံတွင်း ကျန်းမာလှပစေဖို့ လိုအပ်သော အကူအညီများအတွက် ဆက်သွယ်ရန် 📲 010-6445-2180

#သွား #ဆေးခန်း #သွားဆေးခန်း #ဆိုးလ် #ဂန်းနမ် #ဘူချောင်း

13/02/2025

ဒီနေ့မှာတော့ လူတိုင်း ကျန်းမာဖို့ ဘယ်လို စားသောက်၊ နေထိုင်သင့်တယ်ဆိုတာလေး ဗဟုသုတအနေနဲ့ ပြောပြပေးသွားပါမယ် 👩🏻‍⚕️

ခေတ်ကာလ တိုးတက်လာတာနဲ့အမျှ ရောဂါတွေလဲ တိုးလာပြီး ခန္ဓာကိုယ်အတွက် လိုအပ်ချက်တွေလဲ တိုးပွါးလာပါတယ်။
အာဟာရမျှတစွာ သင့်တင့်လျောက်ပတ်အောင် စားသောက်ရုံမျှဖြင့် မလုံလောက်တော့ပဲ ခေတ်မှီဆေးဝါး အားဖြည့်ဆေးများ သောက်သုံးရန် လိုအပ်လာပါတော့တယ် 💊💊
ငွေကြေး အကုန်အကျ များရုံမက တန်ဆေး လွန်ဘေး ဆိုသည့်အတိုင်း မလိုလားအပ်တဲ့ ခန္ဓာကိုယ်တွင်း ကလီစာများကိုလည်း ထိခိုက်စေပါတယ်။ ဒါ့ကြောင့် ခေတ်မှီဆေးဝါး သုံးစွဲခြင်းအစား အကုန်အကျ သက်သာစေသည့် အိမ်တွင်း မီးဖိုချောင်နှင့် မိမိနီးစပ်ရာ ပတ်ဝန်းကျင်တို့မှ အာဟာရဓာတ်များ ရရှိနိုင်သည့် နည်းလမ်းများကို မျှဝေပေးသွားပါမယ် 💁🏻‍♀️

အရင်ဦးဆုံး အိမ်တွင်း မီးဖိုချောင်မှ ရရှိမယ့် အကျိုးပြုဓာတ်လေးတွေကို ပြောပြပေးပါမယ်။
အသားငါး၊ အသီးအနှံများနှင့် အစိမ်းရောင်အရွက်များများစားပေးပါ။🥬🥦🍋‍🟩

🔑 အချဉ်ဓာတ်ပါတဲ့ အသီးများ၊ ဘယ်ရီသီးများ၊ ပန်းဂေါ်ဖီ၊ ငရုတ်ပွသီးတို့တွင် Vitamin C ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ 🍋🥝🫑
🔑 Zinc ဓာတ် ရရှိစေရန် အသား၊ ငါး၊ ပင်လယ်စာ၊ ကြက်ဥ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုး၊ ပန်းပွင့်စိမ်း၊ ဟင်းနုနယ်စသော ဟင်းသီးဟင်းနှံများ၊ အုတ်ဂျုံနှင့် အစေ့အစံများကို စားပေးပါ။🫛🌽🥩🍗
🔑 ခန္ဓာကိုယ်အတွက် အဓိက လိုအပ်တဲ့ Probiotic အတွက် အချဉ်ဓာတ်များကို မြန်မာတို့အကြိုက် တို့စရာ ချဉ်ဖတ်များ၊ မုန်လာချဉ်၊ ရှမ်းချဉ်တို့မှ ရရှိနိုင်ပါတယ်။ ဖြည့်စွပ်စာ အနေဖြင့် ဒိန်ချဉ် သောက်သုံးနိုင်ပါတယ်။ 🥙🥗
🔑 သတ္တုဓာတ်များအတွက် အုန်းရည်သောက်သုံးပါ။ 🥥🥥
🔑 ကြက်ဥအနှစ်၊ တို့ဟူးနှင့် ကလီစာများ စားသုံးခြင်းဖြင့် လိုအပ်သော Vitamin K2ဓာတ် ရရှိစေပါတယ်။ 🥚🍳
🔑 Omega 3 အတွက် အဆီများသောငါးနှင့် သစ်ကြားသီးစားပေးပါ။ 🎣🐟
🔑 သွေးသား သန့်စင်စေရန် နနွင်း(ဆနွင်း)ကို အုန်းဆီ၊ သံလွင်ဆီတို့ဖြင့် ရောသောက်ပါ။
🔑 ရှားစောင်းလက်ပတ်က အစာအိမ် အူလမ်းကြောင်း ပျက်စီးခြင်းကို ပြုပြင်ပေးပါတယ်။ နွယ်ချိုစားပေးခြင်းဖြင့်လဲ အူကျန်းမာရေး ကောင်းစေပါတယ်။
🔑 အရိုးနှင့် ကျန်းမာရေးအတွက် စွပ်ပြုတ်၊ အရိုးပြုတ်ရည် များများသောက်ပါ။ 🥣🥣
🔑 နောက်ဆုံး အာရုံကြောနှင့် ခန္ဓာကိုယ်အကြောများ အားကောင်းစေရန် Anti-viral အတွက် ကြက်သွန်ဖြူ၊နီ၊ ဂျင်း၊ နနွင်းနှင့် သစ်ကြံပိုးများ စားသုံးပေးပါ။ ရေများများ သောက်ပါ။ ရေနွေးကြမ်း Green tea သောက်သုံးပေးပါ။ 🧄🧅🫚

အထက်ပါ ကျန်းမာစေသော အစားအစာများ စားသောက်နေထိုင်ရုံမျှမက ခန္ဓာကိုယ်အတွက် အခြေခံ ဓာတ်ကြီးလေးပါး(ပထဝီ၊တေဇော၊အာပေါ၊ဝါရော) ကလဲ အရေးကြီးပါတယ်။ နေ့စဉ် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ 15မိနစ်၊ နာရီဝက်ခန့် ပြုလုပ်သင့်ပါတယ်။

🔑 မိမိအိမ်ခြံဝန်းထဲသော်လည်းကောင်း၊ အနီးနား ပန်းခြံ သို့မဟုတ် မြက်ခင်းများပေါ်တွင် ဖိနပ်ချွတ်၍ လမ်းလျှောက်သင့်ပါတယ်။ 🚶‍♀️🚶မြေကြီးဓာတ်၊ဝါယောဓာတ်များ ကိုယ်တွင်းသို့ စီးဝင်စေပြီး ခန္ဓာကိုယ် ယောင်ယမ်းခြင်းကို ကာကွယ်ပေးကာ antioxidants သွေးကိုလည်းကျဲစေတတ်တာကြောင့် နှလုံးသွေးကြောကျဉ်း၊ သွေးကြောပိတ်နေသူများ၊ လေဖြတ်သူများအတွက် အလွန်ကောင်းမွန်ပါတယ်။

🔑 လမ်းလျှောက်ရင်း နံနက်ခင်း နေရောင်ခြည် အောက်တွင် နာရီဝက်ခန့် နေပေးပါ။ Ultra violet B ray ကောင်းကောင်းရရှိပြီး ခန္ဓာကိုယ်တွင်း မလိုလားအပ်တဲ့ ရောဂါပိုးများ သေစေနိုင်ပြီး Vitamin D ဓာတ်လိုလဲ ရရှိစေပါတယ်။ 🌞☀️

ဒီလောက်ဆိုရင်တော့ ဆေးဝါးအကူညီ မပါပဲ ခန္ဓာကိုယ်အတွက် အခြေခံလိုအပ်ချက်များကို ပြည့်ဝစေနိုင်ပါတယ်။ နေ့စဉ်အမြဲ မပြုလုပ်နိုင်ပါက မကြာခဏ မမေ့မလျော့လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။
အရေးကြီးဆုံးအချက် အနေဖြင့် နေ့စဉ် ရေများများသောက်ပါ၊ အိပ်ရေးဝဝ အိပ်ပါ၊ ကိုယ်လက်လှုပ်ရှားပြုပေးပါ။ 👨🏻‍⚕️👩🏻‍⚕️

ဆက်လက်ပြီး ကျန်းမာရေး အကျိုးပြု ဗဟုသုတများကိုလည်း မကြာ မကြာ ဝေမျှဖော်ပြပေးသွားမှာမို့ အားလုံးပဲ သွားရောဂါ ဝေဒနာများ ကင်းဝေးရုံမျှမက ကျန်းမာလှပသောဘဝများ ပိုင်ဆိုင်နိုင်ကြပါစေရှင် 🙏🏼

12/02/2025

ရွှေမြန်မာတို့ ကွမ်းစားတဲ့ အလေ့နှင့် သွားဝေဒနာများ

ကွမ်းကို ကြိုက်လို့ပဲ ဝါးဝါး၊ အပျင်းပြေပဲ ဝါးဝါး အချိန်ကြာလာတဲ့အမျှ သွားမှာ ကွမ်းချိုးများ စွန်းထင်းလာပြီး နီကျင်ကျင်နှင့် အလွန်ကြည့်ရဆိုးပါတယ်။ ဒါ့အပြင် ငယ်စဉ်ကတည်းက တစ်နေ့ နှစ်ကြိမ်သွားမတိုက်တာ၊ အစာ စားပြီးတိုင်း ပလုတ်မကျင်းတာတွေကြောင့် သွားအပေါ်ယံကြွေလွှာတွင် စားကြွင်းစားကျန်များ စုပုံမာခဲလာကာ အဝါရောင် သွားချေး၊သွားချိုးများ ဖြစ်ပေါ်လာစေပါတယ်။

သွားချိုးအခံရှိသည့်အပြင် ကွမ်းစားပြီး ကွမ်းချိုးထပ်တည်တာကြောင့် "သွားကျောက်တည်ခြင်း” ရောဂါဝေဒနာ စတင်ခံစားရတော့မှာပါ။ သွားကျောက်တည်လာပါက သွားများ တဖြည်းဖြည်း တိုက်စားလာကာ ကျိုးပဲ့ ပျက်စီးရုံမျှမက ခံတွင်းကင်ဆာ အထိပါ ဆိုးဝါးလာနိုင်ပါတယ်။

အချိန်မှီ မခြစ်ထုတ်ပါက သွားနှင့် သွားဖုံးကြား သွားစပ်လိုနေရာမျိုးမှာ ကျောက်တွေ၊ ဂျိုးတွေရှိတာကြောင့် -
🦷 သွားပိုးစားလာရာမှ တဖြည်းဖြည်း ယိုင်နဲ့ကာ သွားပဲ့ခြင်း၊ သွားကျိုးခြင်းနှင့် နောက်ဆုံး သွားအများအပြားကျွတ်ထွက်ခြင်းများ ဖြစ်ပွါးလာနိုင်ပါတယ်။
👄 ခံတွင်းမှာတော့ အနံ့အတော်ဆိုးကာ လူအများကြား မဝင်ဆံ့နိုင်ရုံမျှမက ခံတွင်းနှင့် သွားဖုံးတွင် အနာများဖြစ်ပေါ်လာကာ သွားဖုံးရောင်ရောဂါနှင့် ခံတွင်းကင်ဆာထိပါ ဖြစ်ပွါးနိုင်ပါတယ်။

အထက်ပါ သွားကျောက်(သွားချိုး၊ကွမ်းချိုး)ရောဂါတွေဟာ ပုံမှန် သွားတိုက်၊ခံတွင်းသန့်ရှင်းရေး ပြုလုပ်ပေးရုံနဲ့ မပျောက်ကင်းသွားနိုင်တာမို့ သွားဆေးခန်းမှာ "သွားကျောက်ခြစ်ကုမှု" ဖြင့်သာ ကုသသင့်ပါတယ်။

မင်မင်တို့ဆီမှာတော့
🪄 သွားကျောက်ခြစ်ခြင်း(SCALING) နှင့်
🪄 သွားဖြူကုသခြင်း(Whiting)

စတဲ့နည်းလမ်းတွေနဲ့ သွားကျောက်(သွားချိုး၊ကွမ်းချိုး)တွေကိုဖယ်ရှားကုသနိုင်ပါတယ်။ သွားချိုး၊ သွားကျောက် ခြစ်ပြီးရင်လဲ သွားကြွေလွှာကို မထိခိုက်စေတာမို့ ယုံယုံကြည်ကြည်နဲ့ လာရောက် ကုသဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင် 💁🏻‍♀️💁🏻‍♀️

ကုသရာမှာလဲ တစ်ပတ်၊ ဆယ်ရက်ခန့် ကွမ်းစားသုံးခြင်း မပြုလုပ်သင့်ပါဘူး။ သွားကျောက်ခြစ်ပြီး တစ်ပတ်ခန့် ဆားရည်နွေးနွေးလေးနဲ့ တစ်ရက်သုံးကြိမ်လောက်ပလုပ်ကျင်းပေးခြင်း၊ ရေခဲရေ သောက်သုံးခြင်း မပြုလုပ်ရပါဘူး။ 🙅🏻‍♀️🙅🏻‍♂️

ရာသက်ပန် ကွမ်းရှောင်နိုင်ပါက အကောင်းဆုံးပါပဲ။ လူနာရော ဆရာဝန်ပါ အပင်ပန်းဆုံးက သွားကျောက်ခြစ်ကုသမှုပါ။ ကုသပြီး ပြန်စားမိပါက သွားနဲ့သွားဖုံးကြားထဲကို ကွမ်းတွေထုံးတွေ ထပ်မံဝင်သွားပြီး သွားဖုံးသား အနာမကျက်တာတို့ သွားဖုံးယောင်တာတို့ဖြစ်နိုင်ပါတယ်။

သွားကျောက်ခြစ်ကုသခြင်းက ကွမ်းချိုး၊ သွားချိုး၊ သွားကျောက်တွေကို ဖယ်ရှားပေးရုံသာမက ခံတွင်းနံ့ဆိုးကိုလည်း တိုက်ထုတ်ပေးနိုင်တာကြောင့် လူအများကြား ယုံကြည်မှုအပြည့်နှင့် ရဲရဲဝံ့ဝံ့ ပြောဆို ဆက်ဆံသွားနိုင်ပါပြီ 🤩🤩

ဒီလောက်ဆိုရင်တော့ ကွမ်းချိုး၊ သွားချိုး၊ သွားကျောက်တို့ မဖြစ်ပွါးအောင်၊ ဖြစ်ပွါးရင်လဲ အချိန်မှီ ကုသမှုခံယူသင့်တယ်ဆိုတာ အားလုံးပဲနားလည်သဘောပေါက်ပြီလို့ ထင်ပါတယ်။ ဂရုမစိုက်ပဲ ပစ်ထားမိပါက အသက်အန္တာရာယ်ကိုပါ ထိခိုက်လာနိုင်တာမို့ ရွှေမြန်မာတို့ ကွမ်းစားသုံးခြင်း ရှောင်ရှားပြီး၊ သွားနှင့် ခံတွင်းဂရုစိုက်ကြပါလို့ သတိပေးတိုက်တွန်းလိုက်ပါတယ်ရှင် 😍😍

ရွှေမြန်မာတို့အတွက် မြန်မာစကားပြန်လဲရှိတာမို့ သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် အသေးစိတ် ပြောဆိုနိုင်ပြီး ကျွမ်းကျင် ဆရာဝန်ကြီးများနှင့်လည်း အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင်။
အသေးစိတ် မေးမြန်းစုံစမ်းလိုပါက ဆက်သွယ်ရန် 📲 010-6445-2180

#သွား #ဆေးခန်း #သွားဆေးခန်း #ဆိုးလ် #ဂန်းနမ် #ဘူချောင်း

11/02/2025

ကိုယ်စားချင်တာတွေ စိတ်ကြိုက်စားရဖို့ သွားလေးတွေကို ဂရုစိုက်ကြစို့ 🍱🍗🥘🍖 😉

ရွှေမြန်မာတို့ သွားကျန်းမာရေးအတွက် အချိန်ကုန်သက်သာပြီး ထိထိရောက်ရောက် ကုသဖို့ ဆိုရင်တော့ BEAUTY & HEALTH ISSUE မှ တာဝန်ယူပါရစေ👨🏻‍⚕️👩🏻‍⚕️

မင်မင်တို့ BEAUTY & HEALTH ISSUE မှာတော့ -

☘️ သွားနာ၊ သွားကိုက်ခြင်း
☘️ သွားဖုံးသွေးထွက်ခြင်း
☘️ အံဆုံးအနေအထားမမှန်ခြင်း
☘️ သွားအနေအထားမမှန်ခြင်း
☘️ သွားစိုက်ကုသခြင်း ( Implant)
☘️ သွားဖာခြင်း (Filling)
☘️ သွားကြိုးညှိခြင်း (Brace)
☘️ သွားအစွပ်တပ်ခြင်း (crown)
☘️ သွားအံကပ်ပြုလုပ်ခြင်း (Denture)
☘️ သွားပိုးစားခြင်းများနှင့် အခြားသော သွားနှင့် ခံတွင်းပြဿနာများအပြင်
အလှအပ ကြိုက်နှစ်သက်သော သူများအတွက်
🌷 သွားကြွေလွှာကပ်ခြင်း (Veneer)
🌷 သွားဖြူ ကုသခြင်း (Whitening)
🌷 သွာကျောက်ခြစ် ကုသခြင်း (Scaling & Polishing) စသည့် မိမိ လိုအပ်ချက်များကို ဂန်းနမ်ရဲ့အကောင်းဆုံး ထူးချွန်ပါရဂူသွားဆရာဝန်ကြီးများနှင့် ကုသမှူရယူနိုင်ပါတယ်👨🏻‍⚕️👩🏻‍⚕️

ဒါ့အပြင် မြန်မာ customer တွေအတွက် Beauty & Health Issueရဲ့ အထူးလျော့စျေး event လေးရှိပါတယ်
Event မှာ ပါဝင်သည့် ကုသမှုများကတော့👇👇

🦷 Premium Implant( သွားအမြစ်တုစိုက်ခြင်း): 590,000원 (ပုံမှန်စျေး 1,200,000원)
🦷 Brace တပ်ခြင်း: ဝမ် 3,300,000မှစ၍ (အရစ်ကျငွေပေးချေနိုင်)
🦷 သွားအခေါင်းပေါက် ကုသမှု: ဝမ် 100,000 မှစ၍
🦷 ခံတွင်းစစ်ဆေးခြင်း၊ အံဆူံးနှုတ်ခြင်း၊ Scaling ပြုလုပ်ခြင်း: ဝမ်10,000 မှစ၍
🦷 သွားဖြူကုသမှု: ဝမ် 200,000
🦷 crown (သွားအစွပ်): ဝမ်500,000မှ စ၍
🦷 veneer/laminate : ဝမ် 450,000 မှစ၍
👩‍⚕️ဘူချောန်သွားဆေးခန်းမှာ အများဆုံး ၃၀% လျှော့စျေးအထိ ရရှိနိုင်ပါတယ် 🦷🦷

✨ သွားရောဂါ စဖြစ်ပါက အချိန်မဆွဲသင့်တာမို့ စနေ၊တနင်္ဂနွေနေ့များတွင် ဆေးခန်းဖွင့်လှစ်ထားပေးပြီး မြန်မာစကားပြန် ထားရှိပေးတာကြောင့် ဆရာဝန်ကြီးများနှင့် အခမဲ့ ဆွေးနွေးနိုင်ပါတယ်ရှင်

✨ သွားဝေဒနာ ပျောက်ကင်းပြီး အလှဆုံးပြုံးနိုင်ရန် Booking တင်နိုင်ပါပြီရှင် 😍
ဆွေးနွေးခြင်းနှင့် စုံစမ်းမေးမြန်းများအတွက်
မြန်မာတာဝန်ခံ 📲 010-6445-2180

#သွား #ဆေးခန်း #သွားဆေးခန်း #ဆိုးလ် #ဂန်းနမ် #ဘူချောင်း

07/02/2025

သွားလည်း ညှိချင်တယ် brace ကြိုးကိုလည်း မတပ် ချင်သူများအတွက် အကြည်အံကပ်လေးပဲ တပ်ပြီး ကုသရတဲ့ သွားညှိကုသမှု (Invisalign) ကို မင်မင်တို့ရဲ့သွားညှိအထူးသီးသန့် Specialist ကုသပေးနေတဲ့ ကျွမ်းကျင် ဆရာဝန်ကြီးတွေဆီမှာ ကုသနိုင်ပါပြီ 🤩🤩

သွားကျဲနေသူ၊ သွားမညီ သွားထပ်နေသူ၊ သွားက လိုတာထက် ရှေ့ကိုပိုထွက် (ခေါ) နေသူများ Invisalign ကုသ တပ်ဆင်ခြင်းဖြင့် ညီညာလှပတဲ့ သွားလေးများကို ရရှိစေမှာပါ 👄

Invisalign ဖြင့် သွားညှိကုသပါက -
✅ လွယ်ကူစွာ တပ်ဆင်နိုင်ခြင်း
✅ လွယ်ကူစွာ အစာစားနိုင်ခြင်း
✅ လွယ်ကူစွာ သန့်ရှင်းနိုင်ခြင်း
✅ အချိန်ပြည့် တပ်ဆင်ထားရန် မလိုအပ်ခြင်း
✅ တပ်ဆင်ထားစဉ် နာကျင်မှု မရှိခြင်း
✅ တာရှည်ခံ ခိုင်ခံ့မှုရှိခြင်း စသည့်အချက်များကြောင့် လူကြိုက်များတဲ့ သွားညှိကုသမှုပဲ ဖြစ်ပါတယ် 🦷👩‍⚕️

လှချင်လို့ပဲဖြစ်ဖြစ်၊ သွားကျန်းမာရေးအတွက်ပဲဖြစ်ဖြစ် Invisalign သွားညှိကုသခြင်းကို လူအတော်များများ ကုသနေကြပြီမို့ သင်လည်း ခေတ်နောက်ကျ မကျန်နေသင့်တော့ပါဘူး

မိမိရဲ့ သွားအနေအထားအလိုက် မှန်ကန်တဲ့ ကုသမှု ရရှိဖို့ ဆေးခန်းသို့ လာရောက်စစ်ဆေးပြီး ကိုယ်နှင့် ကိုက်ညီမည့် ကုသနည်းများကို အထူးကုဆရာဝန်ကြီးများနှင့် အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ် 👨🏻‍⚕️👩‍⚕️

ဘိုကင်တင်ရန်နှင့် အသေးစိတ် မေးမြန်းစုံစမ်းလိုပါက ဆက်သွယ်ရန် 📲 010-6445-2180

🦷🏥 ဂန်းနမ် အိုနူးဆေးခန်းလိပ်စာ :
서울특별시 서초구 강남대로 429
🚆 강남역 ထွက်ပေါက် (10), 신논현역 ထွက်ပေါက် (7) မှာ လမ်းလျှောက် (3)မိနစ်

🦷🏥 ဘူချောင်း အိုနူးလိပ်စာ :
경기도 부천시 신흥로
🚆 신중동역 ထွက်ပေါက် (3) မှ လမ်းလျှောက် (3)မိနစ်

#သွား #ဆေးခန်း #သွားဆေးခန်း #ဆိုးလ် #ဂန်းနမ် #ဘူချောင်း

06/02/2025

အသိမိတ်ဆွေတွေနဲ့တွေ့တဲ့အခါ အားပါးတရ ပြုံးပြနှုတ်ဆက်မယ်လုပ်ကာမှ သွားကျဲနေတာကို သတိရပြီး ပါးစပ်ပိတ်လိုက်ရတဲ့သူတွေရှိလား?

ယုံကြည်မှုအပြည့်နဲ့ အားပါးတရ ရယ်မောပျော်
ရွှင်နိုင်ဖို့ မင်မင်တို့ BEAUTY & HEALTH ISSUE မှ ကူညီပါရစေ 👩‍⚕️🧑‍⚕️

သွားကျဲတာကို ဆေးပညာအရ Diastema လို့ ခေါ်ပြီး သွားမညီညာတဲ့ပြသနာက လူတိုင်းမှာအနည်းနဲ့ အများရှိတတ်ကြပါတယ်။ သွားမညီညာဖြစ်ပြီး သွားကျဲမှုတွေကို အချိန်မှီ ကုသမှုမယူဘဲထားရင် ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။

🚨 သွားတွေ ကျဲနေမယ်ဆိုရင် ကျဲနေတဲ့နေရာတွေမှာ သွားချေးကပ်တာပိုဖြစ်နိုင်ပြီး သွားကျောက်တည်မှုတွေဖြစ်ပေါ်လာပြီး ကြာလာတဲ့အခါ ရေစီးကမ်းပြိုရောဂါဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် သွားတိုက်ရာမှာလည်း ကျဲနေတဲ့ သွားကြားတွေကို သွားပွတ်တံနဲ့ ပိုမိုပွတ်တိုက်မိတာကြောင့် သွားဖုံးပြုန်းတီးနိမ့်ကျတာတွေလည်းဖြစ်လာနိုင်ပါတယ်။ 🚨

ဒီလို သွားကျဲမှုကြောင့် ရလာနိုင်တဲ့ ဆိုးကျိုးတွေကို အောက်ပါ ကုသမှုများကို ခံယူလိုက်ပါက သက်သာအဆင်ပြေသွားမှာပါ 👇👇

သွားကျဲခြင်းအတွက် ပြုပြင်ကုသနည်း (4)မျိုး ရှိပါတယ်။
(1) သွားညှိကုသခြင်း
(2) ကြေလွှာဖြည့်ပြုပြင်ခြင်း
(3) သွားကြွေကပ်ခြင်း
(4) သွားကြွေစွပ်ခြင်း စသည်ဖြင့် မိမိနှစ်သက်ရာ ရွေးချယ်ကုသနိုင်ပါတယ်။

မိမိရဲ့သွားအခြေအနေပေါ်မူတည်ပြီး အသင့်တော်ဆုံးကုသမှု၊ လိုချင်တဲ့ result အတိုင်းရရှိဖို့ ကျွမ်းကျင်ဆရာဝန်နဲ့ သေချာစွာ ဆွေးနွေးတိုင်ပင်ပြီး အကောင်းဆုံးကုသမှုနည်းလမ်းကို ရွေးချယ်နိုင်ပါတယ်။

ကုသမှုခံယူပြီးပါက -
(1) သွားကြွေလွှာပြုန်းတီးခြင်း၊ သွားအက်ကွဲခြင်းစတာတွေကိုလည်း ကာကွယ်ပေးမှာဖြစ်ပြီး
(2) သွားလေးတွေ ညီညာကာ ကိုက်ပုံ၊ ကိုက်နည်းမှန်ကန်သွားပြီး အစာစားရတာ၊ ဝါးရတာပိုမိုကောင်းမွန်လာမှာပါ။
(3) သွားသန့်ရှင်းရေးလုပ်ရတာ လွယ်ကူလာပြီး သွားကျောက်တည်တာ သွားဖုံးရောင်ရောဂါစတာတွေဖြစ်ပွါးနှုန်းကို အတော်လေး လျော့ကျစေမှာပါ။
(4) သွားလေးတွေ ညီညာသွားတဲ့အတွက် ပိုမိုလှပတဲ့အပြုံးလေးတွေကို ပိုင်ဆိုင်လာမှာဖြစ်ပြီး လူမှုဆက်ဆံရေးမှာလည်း ယုံကြည်မှု အများကြီးတိုးတက်စေမှာဖြစ်ပါတယ်

ဒါဆိုရင်တော့ ယုံကြည်မှုရှိရှိနဲ့ အားရပါးရ သွားပေါ်အောင် ပြုံးရယ်ပြဖို့ ရှက်စရာမလိုတော့ဘူးပေါ့နော်။

သွားကျဲပြီး အလှပျက်တယ်လို့ ခံစားနေရပြီဆိုရင် ဆေးခန်းသို့ လာရောက်စစ်ဆေးပြီး မိမိနှင့် ကိုက်ညီမည့် ကုသနည်းများကို အထူးကုဆရာဝန်ကြီးများနှင့် အခမဲ့ ဆွေးနွေးနိုင်ပါတယ်။

BEAUTY & HEALTH ISSUE မှာ Promotion လည်း ရှိတာကြောင့် သွားကျန်းမာရေးအတွက် လာရောက် ကုသနိုင်ပါပြီရှင် 👩‍⚕️

လိုအပ်သော အကူအညီများအတွက် အသေးစိတ် မေးမြန်းစုံစမ်းလိုပါက ဆက်သွယ်ရန် 📲 010-6445-2180

#သွား #ဆေးခန်း #သွားဆေးခန်း #ဆိုးလ် #ဂန်းနမ် #ဘူချောင်း

02/02/2025

ညီညာလှပတဲ့ သွားလေးတွေ ရရှိဖို့ Brace လေးတွေ တော်တော်များများ တပ်ဆင်လာကြပါတယ် 👄

ဒီ Brace လေးတွေ တပ်ခြင်းအားဖြင့် သွားများကို ညီညာစေသည့်အပြင် သွားသန့်ရှင်းရေး ပြုလုပ်ရာမှာ အဆင်ပြေချောမွေ့လာစေသောကြောင့် ခံတွင်းရနံ့အား သန့်စင်စေခြင်း၊ အသံထွက် ပီပီသသ ထွက်စေခြင်း၊ အစာဝါးရတာ ပိုမို အဆင်ပြေလာစေခြင်း စသည်ဖြင့် အကျိုးများစွာ ရှိစေပါတယ် 🍀☘️

ဒါ့ကြောင့် ဒီလိုအချက်လေးတွေရရှိဖို့ brace တပ်ဆင်ထားစဉ် ဂရုတစိုက် ထိန်းသိမ်းကာ ဆောင်ရန် ရှောင်ရန် အချက်များကို သိရှိလိုက်နာဖို့ လိုအပ်ပါတယ် 🤩

ဦးစွား Brace တပ်ဆင်ထားစဉ် စေးကပ်သောအစားအစာများ၊ အရမ်းမာသော အစားအစာများနှင့် သွားကြားညှပ်လွယ်သော အစားအစာများကို ရှောင်ရှားသင့်ပါတယ် 🙅🏻‍♂️🙅🏻‍♀️
ဥပမာ
- ပီကေ၊ ဂျယ်လီလိုမျိုး အချိုကဲပြီး စေးကပ်စေတဲ့ အစားအစာများ ❌
- နေကြာစေ့ကဲ့သို့သော အခွံပါသော အစေ့အဆံများ၊ အခွံမာသီးများနှင့် ရေခဲတုံး ကိုက်ခွဲခြင်းများ ❌
- အမဲသား၊ ဆိတ်သား သွားကြားညှပ်စေသော အသားများကို အထူးရှောင်ရှားသင့်ပါတယ်❌
🚨 မဖြစ်မနေ စားသုံးရပါက ချက်ချင်း သွားကြားကို သန့်ရှင်းဆေးကြောပေးပါ။

ဆက်လက်ပြီး သွားနှင့် ခံတွင်းကို အထောက်အကူပြုသော အစားအစာများအနေဖြင့် -
✅ Oatmeal ကတော့ အာဟာရဖြစ်၊ အဆီလဲကျစေပြီး သွားကျန်းမာရေးအတွက်လဲ ကောင်းမွန်စေပါတယ်
✅ ဒိန်ချဉ်ကတော့ သွားနှင့် ခံတွင်းအတွက် အထူးကောင်းမွန်လို့ ပုံမှန် စားသုံးပေးသင့်ပါတယ် (🚨 စားပြီးရင် သွားတိုက် သန့်ရှင်းရေးလုပ်ဖို့ မမေ့နဲ့နော်)
✅ ကြက်ဥမွှေကြော် ပျော့ပျော့လေးနဲ့ဆို အများကြီး ဝါးစရာ မလိုတော့ဘူးပေါ့
✅ အာဟာရပြည့် ကြက်ပေါင်းရည်၊ စွပ်ပြုတ်၊ အသားပြုတ်ဟင်းရည်တို့ကတော့ မြိုချလိုက်ရုံပဲနော် 💁🏻‍♀️

💡ဒီအချက်တွေထက် အရေးကြီးဆုံးအချက်ကတော့ Brace နဲ့ သွားကြားကို မှန်မှန် သန့်ရှင်းရေးလုပ်ပေးရမယ့် အချက်ပါ။ အစာစားပြီးတိုင်းလဲ ပလုတ်ကျင်းသန့်စင်ပေးဖို့ လိုအပ်ပါတယ် 💡

အမှန်ကန်ဆုံး နည်းလမ်းများနှင့် အလှပဆုံး သွားများရရှိဖို့ ဆေးခန်းသို့ လာရောက်စစ်ဆေးပြီး မိမိနှင့် ကိုက်ညီမည့် ကုသနည်းများကို အထူးကုဆရာဝန်ကြီးများနှင့် အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပြီး နှစ်သစ်ကူး အထူး Promotion လည်း ရှိပါတယ်ရှင် 😍😍

အတောက်ပဆုံး အပြုံးလေးများကြောင့် မိမိကိုယ်ကို ယုံကြည်မှုရရှိစေရန် ညီညာလှပတဲ့ သွားလေးများအတွက် အခုပဲ Booking တင်နိုင်ပါပြီရှင် 📲🤳

Booking တင်ရန်နှင့် အသေးစိတ် မေးမြန်းစုံစမ်းလိုပါက ဆက်သွယ်ရန် 📲 010-6445-2180

🦷🏥 ဂန်းနမ် အိုနူးဆေးခန်းလိပ်စာ :
서울특별시 서초구 강남대로 429
🚆 강남역 ထွက်ပေါက် (10), 신논현역 ထွက်ပေါက် (7) မှာ လမ်းလျှောက် (3)မိနစ်

🦷🏥 ဘူချောင်း အိုနူးလိပ်စာ :
경기도 부천시 신흥로
🚆 신중동역 ထွက်ပေါက် (3) မှ လမ်းလျှောက် (3)မိနစ်

#သွား #ဆေးခန်း #သွားဆေးခန်း #ဆိုးလ် #ဂန်းနမ် #ဘူချောင်း

31/01/2025

သွားပိုးစားရောဂါ စဖြစ်ပြီဆိုရင် အချိန်မဆွဲပဲ စောစောကုသ ဖာထေးလိုက်တာ အကောင်းဆုံးပါ 👈👈

ဘာကြောင့်လဲဆိုရင် သွားပိုးများဟာ သွားအပေါ်ယံလွှာ စတင်တိုက်စားရာမှ အချိန်ကြာလာတာနဲ့အမျှ သွားအခေါင်းပေါက်များအဖြစ်သို့ ပိုမိုဆိုးရွားလာကာ အောက်အမြစ်လွှာထိ နက်ရှိုင်းစွာ တိုက်စားသွားပြီး မိမိရဲ့ အဖိုးတန်သွားလေးတွေကို ဆုံးရှုံးရမှာပါ 🦷🦷

အထူးသဖြင့် ကလေးငယ်လေးများ အချိုစားခြင်း၊ အချိုရည်များ သောက်သုံးခြင်းကြောင့် သွား တော်တော်များများ ပိုးစားကြပါတယ်။ ငယ်ရွယ်စဉ်ကတည်းက သွားတိုက်ခြင်း၊ အချိုအလွန်အမင်းစားခြင်းမှ ရှောင်ရှားခြင်းနှင့် သွားပိုးရောဂါ စတင်ဖြစ်ပွါးတာနဲ့ တပြိုင်နက် သွားဖာကုသခြင်းများကို ပြုလုပ်သင့်ပါတယ် 👶👦👧

ငယ်ရွယ်စဉ်ကတည်းက ဂရုမစိုက်ပါက တစ်ချိန်တွင် သွားရောဂါသာမက သွားဖုံးရောဂါ ဖြစ်ပွါးလာနိုင်တာကြောင့် အချိန်ကုန်၊ ငွေကြေးအမြောက်အများ ကုန်ကျရုံမျှမက အလွန်အမင်း နာကျင်တဲ့ ဝေဒနာကိုပါ ခံစားရမှာပါ 😖😫

ဒါ့ကြောင့် အချိန်မကုန် လူသက်သာသည့်အပြင် ကုန်ကျစရိတ်လည်း အတော်လေး သက်သာစေတာကြောင့် သွားပိုးစားရောဂါကို စောစီးစွာ ကုသပေး၊ သွားဖာပေးရန် အကြံပြု တိုက်တွန်းလိုက်ပါတယ်ရှင် 💁🏻‍♀️💁🏻‍♀️

သွားရောဂါ အားလုံးအတွက် ဆေးခန်းသို့ လာရောက်စစ်ဆေးပြီး မိမိနှင့် ကိုက်ညီမည့် ကုသနည်းများကို အထူးကုဆရာဝန်ကြီးများနှင့် အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပြီး နှစ်သစ်ကူး အထူး Promotion လည်း ရှိပါတယ်ရှင် 😍😍

အသေးစိတ် မေးမြန်းစုံစမ်းလိုပါက ဆက်သွယ်ရန် 📲 010-6445-2180

#သွား #ဆေးခန်း #သွားဆေးခန်း #ဆိုးလ် #ဂန်းနမ်
#ဘူချောင်း

29/01/2025

2025 ခုနှစ် တစ်နှစ်တာလုံး သွားရောဂါ ကင်းဝေးကာ ကျန်းမာ ပျော်ရွှင်ပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့ မင်မင်တို့ BEAUTY & HEALTH ISSUE မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🙏🏼🙏🏼

23/01/2025

🚨 သွားနှုတ်ထားသူများ သတိ 🚨
သွားဝေဒနာ ခံစားနေရလို့ သွားတော့ နှုတ်လိုက်ပါရဲ့ သွားနှုတ်ပြီး သေချာဂရုမစိုက်မိလို့ ပိုမိုဆိုးဝါးတဲ့ နာကျင်မှုတွေ ရှိလာနိုင်တာမို့ သွားနှုတ်ပြီးတိုင်း ဘယ်လိုပြုမူနေထိုင်သင့်တယ် စားသောက်သင့်တယ်ဆိုတဲ့ အကြောင်းလေး ဝေမျှပေးသွားပါမယ် 👩‍⚕️🩺

သွားနှုတ်ပြီးတိုင်း Dry socket ဆိုတဲ့ နာကျင်မှုဝေဒနာကို လူအတော်များများမှာ ဖြစ်ပွါးတက်ပါတယ်။
Dry socket ဆိုတာကတော့ သွားနှုတ်ပြီးစ အတွင်းသွားဖုံးသားလေးမှာရှိတဲ့ သွေးတိတ်စေတဲ့ အပေါ်လွှာသွေးခဲလေးက ကျွတ်ထွက်သွားပြီး သွားဖုံးပေါက်ထဲက နာနေတတ်တာပါ။

ဒီနာကျင်ခြင်း ဝေဒနာက ဘာ့ကြောင့်ဖြစ်တာလဲဆိုရင် သွားနှုတ်ပြီးပြီးချင်း ၂၄ နာရီအတွင်း ဆေးလိပ်၊ အရက်၊ ဘီယာသောက်မိတာ တံထွေးတွေအဆက်မပြတ်ထွေးမိတာကြောင့်ပါ။ 🙅🏻‍♀️🙅🏻‍♀️

ဒါ့ကြောင့် မလိုအပ်တဲ့ နာကျင်မှုဒဏ် ကင်းဝေးစေဖို့ အောက်ပါအချက်များကို သတိပြု လိုက်နာစေချင်ပါတယ် 💁🏻‍♀️💁🏻‍♀️

(1) သွားနှုတ်ပြီးတစ်နာရီအတွင်း-
ဂွမ်းကို မိနစ်30ခန့် ကိုက်ထားပေးရပါမယ် ✅

(2) သွားနှုတ်ပြီး ၂၄ နာရီအတွင်း
⁃ ရေ(သို့)အအေးတို့ကို ပိုက်နဲ့ စုပ်သောက်ခြင်း ❌
⁃ အရက်၊ ဘီယာ၊ ကွမ်း၊ ဆေးလိပ်သောက်သုံးခြင်း❌
⁃ တံတွေး ထွေးခြင်း ❌
⁃ ပလုပ်ကျင်းခြင်း မပြုလုပ်ရပါ ❌

(3) သွားနှုတ်ပြီး 24နာရီ နောက်ပိုင်း/ 3ရက်အတွင်း
⁃ ဆားရည်နွေးဖြင့် တစ်နေ့ 3ကြိမ် ပလုတ်ကျင်း(ငုံထား၍ ဖြည်းဖြည်းချင်း) သန့်ရှင်းရေး ပြုလုပ်ပေးရပါမယ် ✅

ဆက်လက်ပြီး ဆရာဝန် ညွှန်ကြားထားသည့်အတိုင်း သောက်ဆေးအကြိမ်အရေပြည့်အောင် သောက်သုံးပေးပါ ✅💊

အကယ်၍ အထက်ပါ အချက်များထဲမှ အချို့ကို သတိမမူ မလိုက်နာမိပါက Dry Socket ရောဂါ စတင်ဖြစ်ပွါးလာကာ 2နှစ်ပတ်မှ 3ပတ်ခန့် နာကျင်မှု ဝေဒနာ အပြင်းအထန် ခံစားရနိုင်ပါတယ်။
ကုသရာမှာလည်း အပတ်စဉ် ဆေးခန်းသို့ သွားရောက်ကာ သွားဖုံးပေါက်ထဲမှ အနာကိုသွေးပြန်ထွက်အောင်ခြစ်ထုတ်ပြီးမှ Dressing(ဆေး) လဲလှယ်ပေးရပါတယ်။ အလွန်အမင်း နာကျင်စေရုံမျှမက မလိုအပ်တဲ့ အကုန်အကျများပါ ရှိလာနိုင်စေပါတယ်။ 💸💰

ဒါ့ကြောင့် သွားနှုတ်ထားသူများ၊ သွားနှုတ်လိုသူများအတွက် ဆရာဝန်လမ်းညွှန်မှုသာမက မိမိရဲ့ ဆေးပညာအသိနှင့် ပေါင်းစပ်ကာ နာကျင်မှုဝေဒနာကင်းဝေးပြီး ကျန်းမာလှပတဲ့ လူမှုဘဝ နေထိုင်မှုတွေ ရရှိကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။ 🥰🥰

ပိုမိုလှပ ကျန်းမာတဲ့ သွားနှင့်ခံတွင်းအတွက် ကျွမ်းကျင် ဆရာဝန်ကြီးများနှင့် အခမဲ့ ဆွေးနွေးနိုင်ပြီး နှစ်သစ်ကို ကြိုဆိုသည့် အထူး Promotion လည်း ရှိပါတယ်ရှင်။
အသေးစိတ် မေးမြန်းစုံစမ်းလိုပါက ဆက်သွယ်ရန် 📲 010-6445-2180

🦷🏥 ဂန်းနမ်ဆေးခန်းလိပ်စာ :
서울특별시 서초구 강남대로 429
🚆 강남역 ထွက်ပေါက် (10), 신논현역 ထွက်ပေါက် (7) မှာ လမ်းလျှောက် (3)မိနစ်

🦷🏥 ဘူချောင်းလိပ်စာ :
경기도 부천시 신흥로
🚆 신중동역 ထွက်ပေါက် (3) မှ လမ်းလျှောက် (3)မိနစ်

🍀ဒီဆေးခန်းလိပ်စာ ၂ခုကတော့ အသစ်ဖွင့်လိုက်တဲ့ ဆေးခန်း၂ခုဖြစ်ပြီး ဘူဖျောင်း၊ ဖြောင်းထက်၊ ဆူဝမ်၊ အန်းဆန်း၊ ဆိုလ်း စတဲ့ အခြား မိမိနဲ့ နီးစပ်ရာ သွားချင်တဲ့ customerအတွက် ဆေးခန်းပေါင်းများစွာ ရှိထားပြီးဖြစ်ပါတယ် ~


#သွားဆေးခန်း
#ဘူချောင်း
#ဂန်းနမ်
#စကားပြန်ရှိသောဆေးခန်း

#သွား #ဆေးခန်း #သွားဆေးခန်း #ဆိုးလ် #ဂန်းနမ် #ဘူချောင်း

22/01/2025

🫵 သွားပိုးတွေရှိတာကို ကုဖို့ ကြန့်ကြာနေသလား?

အပ်နဲ့ထွင်းရင်ရတဲ့ အနားကို အပ်နဲ့ပဲထွင်းကြရအောင် အခုပဲ ဘူချောင်းသွားဆေးခန်းကိုလာလိုက်တော့နော် ~~

📅 ဆောလားပိတ်ရက်လည်း ဆေးခန်းဖွင့်ပါတယ် ~

Beauty & Health ရဲ့ သွားဆေးခန်းတွေမှာနှစ်သစ်အထူးအစီအစဉ်အနေနဲ့ ကျွမ်းကျင်ပါရဂူကြီးများကိုယ်တိုင်
တစ်လပိုင်းကုန်အထိ သွားနှင့်ခံတွင်း ကျန်းမာရေးအခမဲ့စစ်ဆေးပေးပြီး အထူးလျော့စျေးအစီစဉ်တွေ ပြုလုပ်ပေးထားတာကြောင့် မိမိရဲ့ သွားကျန်းမာရေးအတွက် Beauty & Health ရဲ့ သွားဆေးခန်းကို အမြန်လာရောက်စစ်ဆေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင် ~~
(ဆေးခန်းသို့ ဆွေးနွေးတိုင်ပင်/ ကုသရန် ဘိုကင်အရင်ယူပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင်)

ဘိုကင်တင်ရန်နှင့် အသေးစိတ် မေးမြန်းစုံစမ်းလိုပါက ဆက်သွယ်ရန် 📲 010-6445-2180

🦷🏥 ဂန်းနမ် ဆေးခန်းလိပ်စာ :
🚆 강남역 ထွက်ပေါက် (10), 신논현역 ထွက်ပေါက် (7) မှာ လမ်းလျှောက် (3)မိနစ်

🦷🏥 ဘူချောင်း လိပ်စာ :
🚆 신중동역 ထွက်ပေါက် (3) မှ လမ်းလျှောက် (3)မိနစ်

#သွား #ဆေးခန်း #သွားဆေးခန်း #ဆိုးလ် #ဂန်းနမ် #ဘူချောင်း

Want your business to be the top-listed Beauty Salon in Seoul?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Seoul