Beauty House by Thant

Beauty House by Thant

Share

Beauty , Cosmetic & Personal Care

06/10/2021

အသားဖြူချင်တဲ့သူလေးတွေအတွက် Watsons ရဲ့ Milk yogurt series လေး 🙋
Price_6000
Milk ရယ် fruit extract လေးတွေရယ်ပေါင်းထားတော့လိမ်းလိုက်ရင်အနံ့လေးကမွှေးပီး အေးအေးလေးဖြစ်နေမှာနော်
Vitamin E. လည်းပါသေးတော့အသားအရည်လေးစိုနေမှာတော့ သေချာပေါက်ပဲပေါ့ 😉

အဝါလေးက banana extract 🍌
ပန်းရောင်လေးက strawberry extract 🍓
အပြာလေးက extra milk နော် 🍼

Photos from All about beauty's post 15/09/2021
Photos from Beauty House by Thant's post 09/08/2021

ယခုလို covid အချိန်မှာ အိမ်တိုင်းအိမ်တိုင်း မရှိမဖြစ်ဆောင်ထားသင့်တဲ့ Dettol ပိုးသတ်ဆေးရည် Dettol ဆပ်ပြာခဲ လေးတွေ ရပြီနော် ☺️

09/07/2021
05/07/2021

*** သင့်အိမ်တွင် ကို​ဗစ်-၁၉ သံသယလူနာ (သို့မဟုတ်) အတည်ပြုလူနာ ရှိခဲ့လျှင် ***

၁။ လူနာကို သီးခြားနေစေခြင်း

- သီးသန့်အခန်း (သို့မဟုတ်) သီးခြားနေရာတစ်ခု ပြင်ဆင်ထားရှိပါ။ အခြားအိမ်သားများနှင့် ခပ်ဝေးဝေးမှာ ထားရှိပါ။
- လေဝင်လေထွက် ကောင်းမွန်စေရန် ပြတင်းတံခါးများကို မကြာခဏ ဖွင့်ထားပါ။

၂။ ရောဂါပိုး ကူးစက်နိုင်ခြေကို လျှော့ချခြင်း

- အတူနေမိသားစုထဲမှ လူနာကို အနီးကပ်ပြုစုမည့်သူကို ရွေးချယ်ပါ (နာတာရှည်ရောဂါအခံရှိသူ၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်နှင့် အပြင်သို့ မကြာခဏထွက်သူ မဖြစ်စေရ)။
- လူနာနှင့် တစ်ခန်းတည်းတွင် ရှိနေပါက ခွဲစိတ်ခန်းသုံး Mask ကို သေချာတပ်ထားပါ။
- လူနာအတွက် ဇွန်း၊ ပန်းကန်ခွက်ယောက်များ၊ အိပ်ယာခင်း၊ စောင်နှင့် ခေါင်းအုံးများကို သီးခြားသတ်မှတ်ပေးပါ။
- လူနာ ကိုင်တွယ်ထိတွေ့လေ့ရှိသော အရာဝတ္ထုမျက်နှာပြင်များကို မကြာခဏ ပိုးသတ်သန့်စင်ပါ။

၃။ လူနာကို ပြုစုခြင်း

- လူနာ၏ ရောဂါလက္ခဏာများကို ပုံမှန်ဆန်းစစ်ပါ။
- ရောဂါ ပြင်းထန်စွာ ခံစားရနိုင်ခြေရှိသော လူနာများ (နာတာရှည်ရောဂါအခံရှိသူ၊ သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင်) ကို အထူးဂရုစိုက် စောင့်ရှောက်ပါ။
- လူနာကို ကောင်းမွန်စွာ အနားယူစေပြီး ရေဓာတ်ပြည့်ဝနေစေရန် ဂရုပြုပါ။

လူနာတွင် အန္တရာယ်လက္ခဏာများဖြစ်သော

(က) အသက်ရှူရခက်ခဲခြင်း၊
(ခ) စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊
(ဂ) စကား မပြောနိုင်ခြင်း/ လှုပ်ရှားမှု မရှိခြင်း၊
(ဃ) ရင်ဘတ်အောင့်ခြင်း တို့အနက် တစ်ခုခု ခံစားရပါက

နီးစပ်ရာဆရာဝန် (သို့မဟုတ်) ဆေးခန်းသို့ ဆက်သွယ်ပါ။

ကျန်းမာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
(ဇူလိုင်လ၊ ၂၀၂၁ ခုနှစ်)




-------------------------
NUG ကျန်းမာရေးဝန်ကြီးဌာန၏ Website-
https://moh.nugmyanmar.org

NUG ကျန်းမာရေးဝန်ကြီးဌာန၏ page-
https://facebook.com/MoHNUGMyanmar

NUG MOH တယ်လီကျန်းမာဆေးခန်းတွင် အကြံဉာဏ်နှင့် ကုသမှုခံယူရန်-
https://facebook.com/telehealthmm

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ မှန်ကန်သော သိကောင်းစရာဗဟုသုတများ သိရှိမေးမြန်းနိုင်ရန်-
https://facebook.com/ckcmohnugmm

05/07/2021

မန္တ​လေးမှာ ​အောက်ဆီဂျင်အိုး ရနိုင်မယ့် ​နေရာများ
================================
(တစ်​နေ့ချင်းစာစီ update သိလိုလျှင် Help your breath ဆိုတဲ့ page မှာ ဖတ်ပါ)

🌻 မင်းကွန်းသားလေး Oxygenအခမဲ့စင်တာ
၃၆လမ်းနှင့် ၆၁လမ်းထောင့်

🌻 မြတ်သဒ္ဒါ လူမှုနာမူ ကူညီ​ရေးအသင်း
၆၂လမ်းနှင့် ၂၇လမ်း​ထောင့်၊ ချမ်း​အေးသာဇံမြို့နယ်
09252599299
09777199299

🌻 ပုလဲ​ဖောင်​ဒေးရှင်း
၇၈လမ်းနှင့် သိပ္ပံလမ်း​ထောင့်၊ သီတာ​အေး ၉၀၁ ရပ်၊ ချမ်း/​မြောက်၊ မဟာ​အောင်​မြေမြို့နယ်
09889900345
094076261

🌻 မ​နောကြာဖြူ ပရဟိတအသင်း
09752348362
092006423
0943099660

🌻 သစ္စာတံခွန် ပရဟိတအသင်း
0991004560

🌻 တူညီတွဲလက်က​လေး ကူညီမှုအသင်း
09687008690

🌻​စေတမန် လူမှုကူညီ​ရေးအသင်း
၃၅လမ်း၊ ၇၄လမ်း×၇၅လမ်းကြား

🌻 မြရည်နန္ဒာလူမှူကယ်ဆယ်ရေးအဖွဲ့
၁၁၇လမ်း၊ ၅၃/၅၄လမ်းကြား
မြရည်နန္ဒာရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်
09255255416
09402549231
09440026883
09752806119

🌺 O2 မန္တလာ - အ​ရောင်း/အငှား
အမှတ် (၄၄)၊ ၇၅လမ်း၊ ၂၇လမ်း×၂၈လမ်းကြား
0991045365
095017308
098635500
09402602066

🌺 ဦး​ကျော်လှနှင့်သားများ - အ​ရောင်း/အငှား
၇၇လမ်းနှင့် ၃၈လမ်း​ထောင့်၊ မဟာ​အောင်​မြေမြို့နယ်
092056298
09962056298

​🌺 အောင် - အ​ရောင်း/အငှား
အမှတ် (ပပ-၂၀/၆၅)၊ ၆၄×၆၅လမ်းကြား၊ ပိ​တောက်လမ်းသွယ်၊ စက်မှုဇုံ-၁
09798663944
09402654411
0991027110

🌺 ကိုဇာနည် - အ​ရောင်း/အငှား
၈၇လမ်း၊ ၃၄×၃၅လမ်းကြား၊ စမွန်းရပ်၊ ချမ်း​အောင်းသာဇံမြို့နယ်
09797776721

🌺 ဦး​ကျော်လှ - အ​ရောင်း
ထ ၂၀/၂၀၊ ၆၄×၆၅ကြား၊ ငုဝါလမ်း၊ စက်မှုဇုန်(၁)
095152066
0991000036
09258344929
097749044133

🌺 National gas - အ​ရောင်း/အငှား
လမ်း၈၀၊ ၂၈×၂၉လမ်းကြား

🌺 မင်းသိန်း လေအိုးရောင်းဝယ်ရေး
၄၁လမ်း၊ ၉၀×၉၁ကြား၊ မဟာအောင်မြေမြို့နယ်.စိန်ပန်း

🌺 မန်းရှင် - အ​ရောင်း/အငှား
092000290
0991035779
09792000290

🌺 မိုးပုလဲ - အ​ရောင်း/အငှား
09444027753
09448533094

🌺 အာကာမိုး - အ​ရောင်း/အငှား
09776504544
09402500522

🌺 စိန်စွန်ညို - အ​ရောင်း/အငှား
094027300400

ကနဦး စုစည်းထားတဲ့သူ​တွေကိုလည်း ​ကျေးဇူးတင်ပါတယ်

ပြည်သူများ ကပ်​ဘေးမှ အမြန်ဆုံး ​​ကျော်လွှားနိုင်ကြပါ​စေ

Dr. NI (​ဒေါက်တာနီနီ)


မန္တ​လေး ပရဟိတ အသင်းများ
https://m.facebook.com/story.php?story_fbid=290531612802826&id=107690241086965

ရန်ကုန်မှာ ​အောက်စီဂျင်အိုး ရနိုင်မယ့် ​နေရာများ
https://m.facebook.com/story.php?story_fbid=298322502023737&id=107690241086965

နယ်မြို့များတွင် ​အောက်စီဂျင် ရနိုင်မယ့် ​နေရာများ
https://facebook.com/107690241086965/posts/301746438348010/

အောက်စီဂျင်အိုး အသုံးပြုပုံ
https://m.facebook.com/story.php?story_fbid=298975135291807&id=107690241086965

​အောက်စီဂျင်အိုး အသုံးပြုသူများ ​ဆောင်ရန်၊ ​ရှောင်ရန်
https://m.facebook.com/story.php?story_fbid=298975348625119&id=107690241086965

အောက်စီဂျင် ဘယ်​လောက်​ပေးမလဲ? ဘာနဲ့​ပေးမလဲ?
https://m.facebook.com/story.php?story_fbid=301771185012202&id=107690241086965

အောက်စီဂျင်အိုး ဘယ်​နှနာရီကြာ ခံမယ်ဆိုတာကို အလွယ်တကူ တွက်ချက်လိုလျှင် Application download ရန်
https://bit.ly/3ACtQ4a

04/07/2021

ကိုဗစ်- ၁၉ ရောဂါကူးစက်မှုကာလအတွင်းစျေးဝယ်ထွက်မည်ဆိုလျှင် လိုက်နာရန်အချက်များ

ကျန်းမာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေး အစိုးရ

"ပြည်သူအများ ပိုမိုသိရှိလိုက်နာနိုင်ရန် ဤသတင်းစကားကို အချင်းချင်း လက်ဆင့်ကမ်းဖြန့်ဝေပေးကြပါ။ "
Download link:
https://www.mediafire.com/view/dl543qaps44g4cg/covid_shop/file

Photos from Beauty House by Thant's post 03/07/2021

KF94 mask လေးရောက်ပါမယ်ရှင်
Waiting time_1week
10 ခုပါတစ်ထုပ် 2000ကျပ်ပါရှင့်

Want your business to be the top-listed Beauty Salon in Amarapura?
Click here to claim your Sponsored Listing.

Telephone

Website

Address


Sagaing Mandalay Road
Amarapura