Cutesy Cotton Shop
cosmetics
17/10/2024
သီတင်းကျွတ် လပြည့်နေ့ (သို့) အဘိဓမ္မာ အခါတော်နေ့
***************************************************
သီတင်းကျွတ် လပြည့်နေ့ကို နေ့ထူး၊ နေ့မြတ် အဘိဓမ္မာ အခါတော်နေ့ အဖြစ် သတ်မှတ်ကြသည်။
ထိုနေ့တွင် မြို့တိုင်း၊ နယ်တိုင်း တို့၌ ဆီမီးများ ထွန်းညှိကာ မြတ်စွာဘုရားရှင်အား ပူဇော်ကြ၏။
ထိုအစဉ်အလာကား မြတ်စွာဘုရားရှင် တာဝတိံသာ နတ်ပြည်မှ မယ်တော် မိနတ်သားအား ကျေးဇူးဆပ်သောအားဖြင့် အဘိဓမ္မာမြတ်ဒေသနာတော်ကို ဟောကြားတော်မူပြီး သင်္ကဿသနဂိုရ်ပြည်၊ မင်္ဂလာ တောင်တံခါးသို့ ဆင်းသက်တော်မူရာ အခါ၌ နတ်၊ ဗြဟ္မာ၊ လူ အပေါင်းတို့မှ ကြိုဆိုခဲ့သည့် အစဉ်အလာကို ဆက်လက်၊ ထိန်းသိမ်းကာဖြင့် ယနေ့အခါတွင် ဆီမီးများ ထွန်းညှိခြင်းဖြင့် ပူဇော်ခြင်း ဖြစ်ပါသည်။
ဘိုး၊ ဘွား၊ မိဘ၊ ဆရာသမားများအား ကာယကံ၊ ဝစီကံ၊ မနောကံ များဖြင့် ပြစ်မှားမိခဲ့သည် ရှိသော် အပြစ်ခပ်သိမ်း ပပျောက်ငြိမ်းဖို့ ကန်တော့ကြသည့် မိဘ၊ ဆရာ ပူဇော်ပွဲများ
ဝါတွင်းသုံးလ ဝါဆို၊ ဝါကပ်တော်မူကြသည့် သံဃာတော်များ ဝါကျွတ်သည့်အခါ အပြစ်ရှိက အချင်းချင်း တောင်းပန် ပြောကြားကြသော ပဝါရဏာနေ့ အခမ်းအနားများ
မီးထွန်းပွဲ အခမ်းအနားများ စသည်ဖြင့် ကြည်ညိုဖွယ်ရာများစွာတို့ဖြင့် ပြည့်နှက်နေ့သည့် ဗုဒ္ဓ ဘာသာဝင်တို့၏ နေထူးနေ့မြတ်ပင် ဖြစ်ပါသည်။
မဟာသက္ကရာဇ် (၁ဝ၉)ခုနှစ်၊ ဝါဆိုလပြည့် သာဝတ္ထိပြည်၊ ကောသလမင်းကြီး၏ ကဏ္ဍ ဥယျာဉ်မှူး မြတ်စွာဘုရားရှင်၏ ညွှန်ကြားချက်အတိုင်း စိုက်ပျိုးအပ်သော ကဏ္ဍမ္ဗ သရက်ဖြူပင်အနီးမှာ တိတ္ထိတို့ကို နှိမ်နှင်းတော်မူရန် ရေ၊ မီး အစုံစုံ တန်ခိုးပြာဋိဟာကို ပြတော် မူသည်။
ဤသို့ ယမိုက်(ရေ၊ မီး အစုံ) ပြာဋိဟာကို ပြတော်မူပြီး၍
ဝါဆိုလပြည့် ညနေဆည်းဆာချိန်တွင် ရှေးမြတ်စွာဘုရားရှင်တို့ နည်းတူ တာဝတိံသာနတ်ပြည်၌ ဝါကပ်တော်မူ၍ မယ်တော် မိနတ်သားအား အဘိဓမ္မာတရား ဟောကြားတော်မူရန် တာဝတိံသာနတ်ပြည်သို့ ခြေနှစ်လှမ်း(သုံးဖဝါး)ဖြင့် ကြွသွားတော် မူ၏။
မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ ဝါတွင်းသုံးလပတ်လုံး ဝါကပ် သီတင်းသုံးရန် ပယ်လယ်ကသစ်ပင်ရင်းရှိ သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာကြီးပေါ်၌ သီတင်းသုံးတော် မူ၏။
ဤသို့ တာဝတိံသာ နတ်ပြည်သို့ မြတ်စွာဘုရားရှင် ကြွတော်မူလျှင် လူ့ပြည်၌ တန်ခိုးပြာဋိဟာကို ပြပွဲသို့ စုဝေးရောက်ရှိ လာကြကုန်သော လူအပေါင်းတို့က ကောင်းကင်သို့ မျှော်ကြည့်၍ ဘုရားရှင် အဘယ်သို့ ကြွတော် မူပါသနည်းဟု မေးလျှောက်သဖြင့်
ဒိဗ္ဗစက္ခုဧတဒဂ်ရ အရှငျအနုရုဒ်ဓါမထရျေက
ဘုရားရှင်သည် တာဝတိံသာနတ်ပြည်ဝယ် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ ကျောက်ဖျာထက်၌ ဝါကပ်တော်မူလျှင် မယ်တော် မိနတ်သား အမှူးပြုသော နတ်ဗြဟ္မာ အပေါင်းအား အဘိဓမ္မာတရားကို ဟောကြားရန် တာဝတိံသာ နတ်ပြည်သို့ ကြွတော်မူ၏ ဟု ဖြေကြား၏။
လူတို့သည် မြတ်စွာဘုရားရှင်ကို မဖူးမြင် ရသမျှ ဤအရပ်မှ မပြန်အံ့ ဟု ကြံပြီးလျှင် သာဝတ္ထိပြည် အနီးဝယ် အသီးသီး သစ်ခက် တဲမဏ္ဍပ်ကို ပြု၍ နေကြကုန်၏။
မြတ်စွာဘုရားရှင်သည် ရှေးဦးကပင်လျှင် အရှင်မောဂ္ဂလာန်အား သင် ချစ်သားသည် ဤ ပရိတ်သတ်အား တရားဟောရစ် ရမည်ဟု မိန့်တော်မူခဲ့ပြီး ဖြစ်၏။
မြတ်စွာဘုရားရှင်သည် ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာပေါ်၌ (၇)ဝါမြောက် ဝါကပ်တော်မူ၍ ဝါတွင်း သုံးလပတ်လုံး အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော် မူခဲ့၏။
တစ်ဖန် အရှင်သာရိပုတ္တရာအား အဘိဓမ္မာတရား အကျဉ်းကို ဟောတော် မူ၏။
အရှင်သာရိပုတ္တရာမှလည်း မိမိ၏ တပည့် ရဟန်းငါးရာ
အား မြတ်စွာဘုရားရှင် ဟောကြားတော်မူသော အဘိဓမ္မာ အကျဉ်းကို မိမိဉာဏ်ဖြင့် ချဲ့ကာ မကျဉ်းမကျယ်၊ အလယ်အလတ် အားဖြင့် ပြန်လည် ဟောကြားတော် မူပါသည်။
မြတ်စွာဘုရားရှင် တာဝတိံသာ၌ အဘိဓမ္မာတရား ဟောကြားခြင်း ပြီးဆုံးသည်နှင့် တပြိုင်နက် အရှင်သာရိပုတ္တရာက တပည့် ရဟန်းငါးရာကို အဘိဓမ္မာတရား သင်ပြပို့ချပေးမှုလည်း ပြီးဆုံး လေတော့၏။
ထိုနေ့သည်ကား သီတင်းကျွတ် လပြည့်နေ့ ပင်တည်း။
အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော် မူပြီးသော် သိကြားမင်းအား မြတ်စွာဘုရားရှင်က သင် သိကြားမင်း၏ နတ်ပြည်၌ ငါဘုရား ပြုဖွယ်ကိစ္စကို ပြုပြီးပြီ။
လူ့ပြည်ရှိ သင်္ကဿနဂိုရ်ပြည်သို့ ငါဘုရား ဆင်းသက်တော် မူအံ့ဟု မိန့်တော်မူ၏။
သီတင်းကျွတ်လဆန်း (၈)ရက်နေ့တွင် အရှင်မောဂ္ဂလာန်
မှ တာဝတိံသာနတ်ပြည်သို့ တက်တော်မူပြီး မြတ်စွာဘုရားရှင် အဘယ်အရပ်၌ ဆင်းသက်မည်နည်း ဟု မေးလျှောက်သဖြင့်
မြတ်စွာဘုရားရှင်က
ချစ်သား၊ သင်၏ နောင်တော်ကြီး သာရိပုတ္တရာ ဝါကပ်ရာ
သင်္ကဿနဂိုရ်ပြည် တောင်တံခါး၌ သီတင်းကျွတ်လပြည့်နေ့ ပဝါရဏာနေ့တွင် ဆင်းသက်တော် မူမည်ဟု မိန့်တော်မူပါတယ်။
လူအပေါင်းတို့ဟာ ထိုအကြောင်းကို အရှင်မောဂ္ဂလာန်မှ
တဆင့် ကြားသိရသဖြင့် သီတင်းကျွတ်လဆန်း (၉)ရက်နေ့၌ပင် သင်္ကဿသနဂိုရ်ပြည် တောင်တံခါးသို့ ရှေးရှု သွားကြကုန်၏။
သီတင်းကျွတ် လပြည့်နေ့ ရောက်သော် သိကြားမင်းသည် တာဝတိံသာနတ်ပြည်၊ သုဒဿနမြို့မှသည် သင်္ကဿနဂိုရ်ပြည်၊ တောင်တံခါးဝထိ ငွေ စောင်းတန်း၊ ရွှေ စောင်းတန်း၊ ပတ္တမြား စောင်းတန်း ဟူသော စောင်းတန်း၊ လှေကား သုံးသွယ်ကို တင့်တယ်စွာ စီရင်၏။
မြတ်စွာဘုရားရှင်သည် ရောင်ခြည်တော် ခြောက်သွယ်
တပြိုင်နက် ထွန်းလင်းစေလျက် အတုမရှိသော အသရေတော်ကို ပြတော်မူ၍ ပတ္တမြားစောင်းတန်းဖြင့် ဆင်းသက်၊ ကြွတော် မူပါတယ်။
ဘုရားရှင်အား ဗြဟ္မာကြီး တို့က ရွှေထီး၊ ငွေထီး၊ သန္တာ ထီး တို့ဖြင့် အသီးသီး မိုးလျှက် လက်ျာဘက်ရှိ ရွှေ စောင်းတန်းဖြင့်
သိကြားမင်း အမှူးရှိသော နတ်အပေါင်းတို့မှ ရွှေ တံခွန်၊ ငွေ တံခွန်၊ ပုလဲ တံခွန်တို့ကို ကိုင်လျှက် မြတ်စွာဘုရားရှင်အား ပူဇော်ကာ လက်ဝဲဘက်ရှိ ငွေစောင်းတန်းဖြင့် ဆင်းသက် လာကုန်၏။
ဤသို့ အတုမရှိသော
မြတ်စွာဘုရားရှင်၏ အသရေတော်ကို ဖူးမြင်ရသော လူ ပရိတ်သတ် အပေါင်းတို့သည် အားရဝမ်းသာဖြစ်၍ ဘုရားအဖြစ်ကို မတောင်းတသူ တစ်ဦးမျှပင် မရှိပေ။
အရှင်သာရိပုတ္တရာက တပည့်ရဟန်းငါးရာ နှင့်တကွ မြတ်စွာဘုရားရှင်၏ ခြေတော်စုံ၌ ဦးခိုက် ရှိခိုးကြ၏။
အရှင်သာရိပုတ္တရာက
မြတ်စွာဘုရား၊ ယနေ့ ခပ်သိမ်းသော လူ၊ နတ်၊ ဗြဟ္မာ တို့သည် အတုမရှိသော မြတ်စွာဘုရားရှင်၏ အသရေတော်ကို ဖူးမြင် ကြရ၍ လွန်စွာ မြတ်နိုးကြကုန်လျက် ဘုရားဆုကို တောင့်တ ကြကုန်၏။
မြတ်စွာဘုရားရှင်က
အရှင်သာရိပုတ္တရာအား ချစ်သား၊ ကိလေသာမီးတို့၏ ငြိမ်းရာ အေးမြသည့် နိဗ္ဗာန်ချမ်းသာ၌ မွေ့လျော်ကြကုန်သော သဗ္ဗညုတ ဘုရားရှင်တို့အား လူ၊ နတ်၊ ဗြဟ္မာ အပေါင်းတို့က ဤသို့ ချစ်မြတ်နိုး ကြကုန်သည် သာတည်း ဟု မေးကာ၊ ဖြေကာ ဖြင့် တရားတော်ကို ဟောကြားတော် မူခဲ့ပါတယ်။
ထို တရားတော်ကို နာကြား ကြရ၍ အရှင်သာရိပုတ္တရာ၏
တပည့်ငါးရာသည် ရဟန္တာအဖြစ်သို့ ရောက်တော် မူခဲ့ပါတယ်။
ထိုနေ့သည်ကား သီတင်းကျွတ် လပြည့်နေ့ ပေတည်း။
အချုပ်အားဖြင့်
သီတင်းကျွတ် လပြည့်နေ့ကို မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်၌ မယ်တော် သန္တုဿိတ နတ်သား အမှူးရှိသော နတ်၊ ဗြဟ္မာ အပေါင်းတို့အား အဘိဓမ္မာတရား ဟောကြားတော် မူပြီးခဲ့သည့် နေ့။
အရှင်သာရိပုတ္တရာအား အဘိဓမ္မာ တရားအကျဉ်းကို ဟောကြားတော် မူပြီးခဲ့သည့် နေ့။
အရှင်သာရိပုတ္တရာမှ တပည့်ရဟန်းငါးရာအား မကျဉ်း၊ မကျယ် အဘိဓမ္မာ တရားကို ဟောတော် မူပြီးခဲ့သည့် နေ့။
အဘိဓမ္မာ ဒေသနာတော် ဟောတော်မူပြီးနောက် တာဝတိံသာ နတ်ပြည်မှ သင်္ကဿသနဂိုရ်ပြည်သို့ ဆင်းသက်တော် မူခဲ့သည့် နေ့။
ဝါဆို၊ ဝါကပ် တော်မူကြသော သံဃာတော်များ အပြစ်ရှိက အချင်းချင်း ပြောကြား ကြရသော ပဝါရဏာနေ့။
မြတ်စွာဘုရားရှင် သင်္ကဿသနဂိုရ်ပြည်သို့ ဆင်းသက်တော် မူရာအခါ၌ ကြိုဆို ပူဇော်ကြသော နတ်၊ ဗြဟ္မာနှင့် လူအပေါင်းတို့ ဘုရားဆု ပန်ကြသော နေ့များသည် သီတင်းကျွတ် လပြည့်နေ့ ဖြစ်ခြင်း စသည်ဖြင့်
နေ့ထူး၊ နေ့မြတ်ပေါင်း များစွာမှ ရှေးဘုရားရှင်တို့၏ ထုံးစံအတိုင်း မယ်တော် ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သားအား ကျေးဇူးဆပ်သောအားဖြင့် အဘိဓမ္မာ ဒေသနာတော်ကို ဟောကြားတော် မူပြီးသည့် နေ့ကို အဘိဓမ္မာ အခါတော်နေ့ ဟု မှတ်တမ်းတင်တော် မူခဲ့ခြင်း ဖြစ်ပါတော့သည်။
မူရင်း-Credit
#ဦးမြင့်ခိုင် &
21/06/2024
နယုန်လပြည့်နေ့
မဟာသမယအခါတော်နေ့
ယနေ့သည် နယုန်လပြည့် မဟာသမယအခါတော်နေ့ ဖြစ်ပြီး ဗုဒ္ဓသာသနာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာနေ့လေးတစ်နေ့ဖြစ်ပါသည်။
နယုန်လပြည့်နေ့ကို မဟာသမယနေ့ (သို့) မြတ်သော အခါတော် နေ့ (သို့) ငြိမ်းချမ်းရေးနေ့ ဟုလည်း ခေါ်တွင် ကြပါတယ်။
နယုန်လပြည့် မဟာသမယအခါတော်နေ့၏ ထူးမြတ်သောဂုဏ်အင်များမှာ
၁။ ရေလုပွဲကြီးဆင်နွှဲကြပြီး တောင်သူလယ်သမားတို့ ငြင်းခုန်ခိုက်ရန်ဘေးမှ ကင်းဝေး၍ ထူးခြားခြင်း။
၂။ ကပိလဝတ်နှင့် ကောလိယ နှစ်ပြည်ထောင် စစ်ခင်းတော့မည့် ဘေးအန္တရာယ်မှ ကင်းဝေးပြီး ငြိမ်းချမ်းရေးရသော နေ့ဖြစ်၍ ထူးခြားခြင်း။
၃။ နတ်ဗြဟ္မာ အသူရာနှင့် နဂါးဂဠုန်များသည် ရဟန်းတော်နှင့် ဘုရားရှင်များ လက်ထက်တွင် ဤတစ်ကြိမ်သာ စုရုံးမိသောနေ့ဖြစ်၍ ထူးခြားခြင်း။
၄။ မင်းသားငါးရာ သာသနာ့ဘောင်သို့ ဝင်ရောက်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၅။ ရဟန်းတော်ငါးရာလုံး ရဟန္တာဖြစ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၆။ နိမ္မိတ ဘုရားကမေး၍ ပကတိဘုရားရှင်က ဖြေဆိုသည်ကို နာကြားရသောကြောင့် ထူးခြားခြင်း။
၇။ မဟာသမယကို အကြောင်းပြု၍ ဂဠုန်နဂါးတို့ ခိုက်ရန်မဖက် မေတ္တာသက်ဝင်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၈။ မဟာသမယဆိုင်ရာ သုတ္တန်ခုနစ်မျိုးကို ဟောကြားသော နေ့ဖြစ်၍ ထူးခြားခြင်း။
၉။ ဘိက္ခူနီသာသနာ လမ်းစပေါ်သော နေ့ဖြစ်၍ ထူးခြားခြင်းတိုနှင့်ပြည့်စုံနေသော ထူးမြတ်သောနေ့ဖြစ်ပါသည်။
ထူးမြတ်မှုအပေါင်းနှင့်ပြည့်စုံသော နယုန်လပြည့်မဟာသမယအခါတော်နေ့မှစ၍ လာမယ့်နေ့ရက်တိုင်းမှာ စာချစ်သူ မိဘပြည်သူများအားလုံး နှလုံးစိတ်ဝမ်း ချမ်းမြေ့စွာနှင့် ကျန်းမာစွာနေထိုင်နိုင်ကြပါစေကြောင်း တောင်းဆုပြုပါတယ် 🙏🙏🙏
နေ့သစ်တိုင်းမှာ အတွေးအခေါ်သစ်
စိတ်ကူးအသစ် ကုသိုလ်အသစ်တွေနဲ့
မိမိဘဝကို အကောင်းဆုံး
ပုံဖော်ထုဆစ်နိုင်ပါစေလို့ ဆန္ဒပြုလျက် . . .
#နယုန်လပြည့်
#မဟာသမယအခါတော်နေ့
ကူးယူးဖေါ်ပြပါသည်။
25/05/2024
အင်းချည်အိတ်လေးတွေပါ
အိတ်လေး ကဖုန်းကောကောင်းကောင်းဆံ့တာမလို့
အပြင်ပေါ့ပေါ့ပါးပါးယူသွားရင်လဲ အဆင်ပြေ🤍
ကျောင်းသွားကျောင်းလာအတွက်
pencil case လဲသုံးလို့ရပါတယ်✏️
လက်ဆောင်ပေးလို့လဲအဆင်ပြေတဲ့
ချစ်စရာကောင်းတဲ့ချည်သားအိတ်လေးပါ💛
price -1200ks
22/05/2024
ကဆုန်လပြည့်နေ့ ( ဗုဒ္ဓနေ့ )
--------------------------
ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့ လို့ လူသိများကြတဲ့ ဒီနေ့ဟာဆိုရင်
(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး အသင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။
(၂) ဘုရားရှင်ဖွားမြင်တော်မူသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃) ဘဲဖြစ်ပါတယ်ခင်ဗျာ 🙏
ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကဆုန်လပြည့်နေ့မှာ မြန်မာပြည်သူပြည်သားအပေါင်း ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ပြီး တရားဘာဝနာများ ပွားများနိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ 🙏
#ကဆုန်လပြည့်နေ့
Crd:
08/04/2024
သင်္ကြန်တွင်းတရားစခန်းဝင်မည့်သူများအတွက်၊100%အင်းလေးချည်သားစစ်စစ် ယောဂီချည်ပုဝါ🤎
လူကြီးတွေကို နှစ်သစ်လက်ဆောင်ပေးဖို့လဲ အရမ်းသင့်တော်တယ်နော် 🫧
အနံ 25"အရှည် 72"
Price 10000MMK
24/03/2024
တပေါင်းလပြည့်နေ့
==========
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အနေဖြင့် တပေါင်းလပြည့်နေ့နှင့် ပက်သက်၍ သာသနာသမိုင်းဆိုင်ရာ အဖြစ်အပျက်များ၊ ဗုဒ္ဓဝင် အကြောင်းအရာများ များပြားစွာ ရှိခဲ့သလို ယနေ့အချိန်အထိလည်း ရှိနေဆဲဟုပင် ဆိုရပါမည်။မြန်မာတစ်နိုင်ငံလုံးတွင် တပေါင်းလပြည့်နေ့၌ ဘုရားပွဲ၊ အလှူပွဲ၊ ထီးတော်တင်ပွဲ၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ ဓမ္မပူဇာတရား ပွဲ၊ ဝိပဿနာ ဆယ်ရက်တရားစခန်းပွဲ စသည်ဖြင့် အမျိုးပေါင်းစုံလင်သော ကုသိုလ် ကောင်းမှုပွဲတော်များကို ဘိုးဘေးဘီဘင် လက်ထက်များ ကတည်းက နေရာအနှံ့ ကျင်းပလေ့ရှိ ခဲ့ကြပြီး ယနေ့အထိ တိုင် ကုသိုလ်ကောင်းမှုများ ကြိုးစား နေကြသည်ကိုတွေ့မြင်ရသည်မှာ ကြည်နူးစရာအတိ ဖြစ်ပါသည်။
တပေါင်းလပြည့်နှင့် ပက်သက်၍ သိသင့်ဖွယ်များ
တပေါင်းလပြည့်နေ့ကို “ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့”အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့တွင် ကာဠုဒါယီမထေရ်က ကပိလဝတ်နေပြည်တော်သို့ ကြွရောက်တော်မူရန် လျှောက်ထားသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်သည်။ထိုအချိန်က မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေထိုင်ကာ အင်္ဂတိုင်းသားနှင့် မဂဓတိုင်းသားများကို တရားရေအေး တိုက်ကျွေးလျက်ရှိပြီး ဝါတွင်းသုံးလအတွင်း ဥရုဝေလကဿပညီနောင် ၃- ယောက် နှင့် နောက်ပါအခြံအရံ ရသေ့ပုရဗိုဇ်ပေါင်း ( ၁၀၀၀ ) ကို ရဟန္တာများ ဖြစ်စေကာ သာသနာ့ဘောင်သို့ သွတ်သွင်းပြီးချိန်ဖြစ်သည်။ ထိုကြည်ညိုဖွယ်ဝမ်းသာဖွယ် သတင်းစကား များကိုခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြားသိရာ ခေါင်းဆောင်အမတ် ၁၀-ဦးတို့ကို နောက်ပါအခြံအရံ တစ်ထောင်စီဖြင့် ၁၀-ကြိမ်ခွဲကာ မြတ်စွာဘုရားကို ပင့်ရန် ရာဇဂြိုဟ်သို့ စေလွှတ်လိုက်သည်။ မြတ်စွာဘုရား နှင့်တွေ့၍ တရားနာရသောအခါ ကပိလဝတ်သို့ မပြန်ကြတော့ဘဲ ဘုရားပင့်သွားသူ အားလုံး တယောက်မကျန် သာသနာ့ ဘောင်သို့ ဝင်ရောက်ပြီးဧဟိဘိက္ခု ရဟန္တာတွေချည်းဖြစ်ကုန်ကြသည်။နောက်ဆုံးအသုတ်ကို ဖွားဖက်တော်ကာဠုဒါယီအမတ်ကြီးကို ခေါင်းဆောင်စေကာ လွှတ်လိုက်ရာ ရဟန္တာဖြစ်ပြီးနောက် ကာဠုဒါယီ မထေရ်က ကတိပေးခဲ့သော တာဝန်ကို ကျေပွန်စေရန် တပေါင်းလ၏ သာယာ ပုံကို ဂါထာပေါင်း ၆၄- ဂါထာသီကုံး၍ ခမည်းတော်၏ကျေးဇူးကို ဆပ်သော အားဖြင့် ဖွားရာဇာတိ ကပိလဝတ် နေပြည်တော်သို့ ကြွချိန်တန်ပြီဖြစ် ကြောင်းလျှောက်ထားခဲ့သည်။ ကာဠုဒါယီမထေရ်၏လျှောက်ထား ချက်အရ မြတ်စွာဘုရားသည် ရဟန္တာပေါင်း ၂ -သောင်း ခြံရံလျက် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်ကျော် ၁-ရက်နေ့တွင် ရာဇဂြိုဟ်မြို့မှ ယူဇနာ ၆၀-ဝေးကွာသော ကပိလဝတ်ပြည်တော်သို့ တနေ့လျှင် ၁-ယူဇနာခရီးဖြင့် ရက်ပေါင်း ၆၀- (၂-လကြာ)ကြွချီတော်မူခဲ့သည်။
ကပိလဝတ်ရွှေနန်းတော်မှ ဘုရားရှင်ကြိုဆိုပွဲ
ကပိလဝတ်မြို့တော်သို့ ရောက်ခါစ မှာပင် မာနထောင်လွှားနေကြသော သာကီဝင်ဆွေ မျိုးအပေါင်းတို့အား မာနကျစေရန်အလို့ငှါ ဘုရားဆိုသည် မှာ ဘယ်လိုပုံသဏ္ဍာန်ရှိသည်၊အဘယ် ကဲ့သို့ ကြည်ညိုစရာကောင်းသည်၊ အဘယ်သို့ သော အစွမ်း အစ အရည်အချင်းမျိုး၊ တန်ခိုးမျိုးတို့နှင့် ပြည့်စုံသည်ကို သိရှိစေရန် အထက် အာကာသ ကောင်းကင်ယံတွင် ရတနာ စင်္ကြံတော်ကို ဖန်ဆင်းတော်မူကာ စတုတ္ထဈာန်သမာပတ် ကို ဝင်စားတော် မူပြီး တလောကလုံး အဖြူရောင် အလင်းရောင်များ ဖြစ်စေသ တည်း ဟု အဓိဋ္ဌာန်တော် မူကာ ရေမီးအစုံ အစုံသော တန်ခိုးပြာဋိဟာတို့ကို ပြတော်မူသည်။ စကြာဝဠာ တိုက်အပေါင်းမှ နဂါး ဂဠုန် ဂုမ္ဘာန် ယက္ခ ဂန္ဓဗ္ဗများနှင့်တကွ နတ်ဗြဟ္မာများကလည်း မန္ဒာရ၀ နတ်ပန်း၊ ပဒုမ္မာကြာပန်း၊ ပင်လယ်က သစ်ပန်း တို့ဖြင့် ပူဇော်ကြကာ“ မြတ်စွာဘုရားသည် တလောကလုံး အတွက် အကျိုးစီးပွား ကို ဆောင် ရွက်တော်မူပါပေသည်၊ အလွန်ကြည်ညိုဖွယ် အံ့သြဖွယ် ကောင်းပါပေစွ ” ဟု သြဘာသံ ဘဝဂ်ညံအောင် ကောင်းချီး ထောမနာပြုကြသည်။ ထိုအချိန်မှာပင် အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန်တို့သည်လည်း ကောင်းကင်ယံမှ ကြွချီလာကာ “ဘုရားရှင်တပါး၏အတ္ထုပ္ပတိ”ကို ဘုရားရှင်ကိုယ်တော်တိုင် ဟောပြမှသာလျင် ပြည့်စုံစွာ သိရှိနိုင် မှာဖြစ်သောကြောင့် ဟောကြားတော်မူပါရန် လျှောက်ထားသောအခါ ကပိလဝတ်နေပြည်တော်၏ ကောင်းကင်ယံ၌ပင် ဘုရားဖြစ်တော်စဉ်မဟာဗုဒ္ဓဝင် အကြောင်းကိုဟောကြားတော်မူ သည်။ ဗုဒ္ဓဝင် ဟူသည် ဗုဒ္ဓဝံသ ပါဠိစကား ဖြစ်ပြီး ( ဗုဒ္ဓ - ဘုရားရှင်တို့ ၏၊ ဝံသ - အနွယ်တော်၊ မျိုးရိုး ) ထို့ကြောင့် ဘုရားရှင် တို့၏ ဘဝ၊ အနွယ် တော်အကြောင်း၊မျိုးရိုးအကြောင်းတို့ကို ဖော်ပြထားခြင်းကို ဗုဒ္ဓဝင် ဟု ခေါ်ဆိုရသည်။ ဤနေရာ၌ ဂေါတမ ဘုရားရှင်၏ ဘဝအကြောင်းကို ဂေါတမဗုဒ္ဓဝင် ဟု ခေါ်ဆိုနိုင်ပါသည်။ ဂါထာပေါင်း ( ၉၅၁ ) ဂါထာတို့ဖြင့် တန်ဆာ ဆင်အပ်သော ( အဋ္ဌကထာ ဆရာ၊ ဋီကာဆရာ၊ ရဟန္တာမထေရ်တို့ သီကုံးအပ်သော ဂါထာတို့နှင့်ပေါင်း လျင် ဂါထာပေါင်း ( ၁၀၇၀ ) တို့ဖြင့် ဖော်ပြထားသော ဂေါတမဘုရားရှင်၏ အတ္ထုပ္ပတ်ကို ထိုအခါ ဗုဒ္ဓမြတ်စွာ ကိုယ်တိုင် ဟောကြားတော်မူ ခဲ့သော ကြောင့် ယခုအခါ ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ကြီး ရေးသားထား သော မဟာဗုဒ္ဓဝင် စာအုပ်ကြီးများကို ဂေါတမဗုဒ္ဓဝင် ဟု မှတ်သားရပါမည်။ ဗုဒ္ဓဖြစ်တော်စဉ်ဗုဒ္ဓဝင်အကြောင်း ကို ဟောကြားတော်မူစဉ်ပင် နတ်ဗြဟ္မာများက ပေါက္ခရဝဿမိုး ရွာသွန်းဖြိုးစေ သောကြောင့် သာကီဝင်များမှာ အံ့သြဘနန်းဖြစ်ပြီး မာနများချကာ ရှိခိုး ကန်တော့ ကြတော့သည်၊ ( ပေါက္ခရဝဿမိုး ဟူသည် ကောင်းကင်ယံတွင် ကြာရွက်ပမာဏ တိမ်တိုက်များ တက်လာပြီး ပရိသတ်တွင်းမှ ရေစိုလိုသူကို စိုစေပြီး မစိုစွတ်လိုသူကို မစိုစေသော ကွက်ကြား ကွက်ကြား ရွာသော မိုး ဖြစ်သည် )ထိုမိုးအကြောင်းနှင့် စပ်၍ ယခုအခါသာ မဟုတ်သေး၊ ပါရမီဖြည့်စဉ်ကာလ ဝေဿန္တရာ မင်းကြီး ဘဝကလည်း ရွာခဲ့ဖူးကြောင်း ဟောလိုရကား ဂါထာပေါင်း ( ၁၀၀၀ ) တို့ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟောတော်မူပြန်သည်။
ကပိလဝတ်နှင့်ပက်သက်၍ ဖြစ်ပေါ်လာသောအကျိုးဆက်များ
၁။နောက်တစ်နေ့တွင် ကပိလဝတ် မြို့အတွင်း ဆွမ်းခံဝင်တော်မူစဉ် “ဥတ္တိဋ္ဌေ န ပမဇ္ဇေယျ ”စသော ဂါထာကို ကြားနာရ၍ ဖခင် သုဒ္ဓေါဒန မင်းကြီး သောတာပန် တည်ခဲ့သည်။
၂။ နောက်တကြိမ်တွင် “ ဓမ္မံ စရေ သုစရိတံ၊ န နံ ဒုစ္စရိတံ စရေ” စသော ဂါထာတပုဒ်တည်းဖြင့် ဖခင်ဘုရင်ကြီး ကို သကဒါဂါမ် ဖြစ်စေပြီး မိထွေးတော် မဟာပဇာပတိဂေါတမီ ကို သောတာပန် တည်စေကာ နိဂြောဓာရုံ ကျောင်းတိုက် ကြီးလဲ ပေါ်ထွန်း လာခဲ့သည်။
၃။ နောင်အခါတွင် မိထွေးတော် ဂေါတမီသည် အမျိုးသမီးထုအားလုံး ၏ ရှေ့ဆောင်လမ်းပြ အဖြစ် ဘိက္ခုနီသာသနာကို ခက်ခက်ခဲခဲ ပင်ပင် ပန်းပန်း တည်ထောင်ခဲ့ကာ သာသနာပြုခဲ့သည်။
၄။ “ တရားပြည့်ဝနေပါက ငယ်ငယ်ရွယ်ရွယ်နှင့် သေရိုးထုံးစံ မရှိ” ဟူသော စကားနှင့် စပ်၍ ဖခင်ဘုရင် ကြီးအား မဟာ ဓမ္မပါလဇာတ်တော် ကြီးကို ဟောကြားကာ တတိယ မဂ်ဖိုလ် အဆင့် အနာဂါမ်တည်စေ ခဲ့ပြန်သည်၊ နောက်ပိုင်း လူဝတ် ကြောင်ဖြင့်ပင် ရဟန္တာဖြစ်ကာ (၇) ရက်အတွင်း ပရိနိဗ္ဗာန်စံခဲ့ရသည်။
၅။ ပါရမီဖြည့်ဖက် ယသော်ဓရာသည် ဘုရားရှင်အထံ ဖူးမျှော်ရန် မလာသော ကြောင့် အဂ္ဂသာဝကနှစ်ပါးကို နောက်လိုက် အဖြစ်ခေါ်ဆောင်ကာ ကိုယ်တော်တိုင် တိုက်ခန်းအထိ ကြွတော်မူပြီး မယ်ယသော် ၏ မိမိ လင်သားအပေါ် သစ္စာစောင့် စည်းပုံနှင့် စပ်၍ စန္ဒကိန္နရီ ဇာတ်တော်ကြီးကို ဟောကြားတော်မူခဲ့သည်။
၆။ နောင်အခါ ဇနပဒကလျာဏီ၊ နန္ဒမင်းသား၊ သားတော်ရာဟုလာ၊ ယသော်ဓရာနှင့် မဟာနာမ်မင်းသား၊ အနုရုဒ္ဓါမင်းသား၊ ကိမိလမင်းသား စသော နန်းညွန့်နန်းလျာအားလုံး သာသနာ့ဘောင် ဝင်ရောက်ကာ ရဟန္တာဖြစ်ကြသည်။
၇။ သာကီဝင်တစ်မျိုးလုံးနန်းတော်တွင် ဆိတ်သုဉ်းခြောက်ကပ်သွားပြီး လူသူကင်းမဲ့သော အခြေအနေထိ ဖြစ်ခဲ့ရသည်၊ ဘုရားရှင်သည် မယ်တော်မာယာဒေဝီအပေါ်၌လည်း မွေးကျေးဇူး ပေးဆပ်လိုသောကြောင့် တာဝတိ ံသာနတ်ပြည် အထိ တက်ကာ အဘိဓမ္မာပဋ္ဌာန်းတရားကို ဟောကြား ပြီး မယ်တော်နတ်သားကို သောတာပန် တည်စေခဲ့သောကြောင့်မွေးကျေးဇူး ကျေအောင်ပေးဆပ်ခဲ့သည် ဟု ဆိုရပါမည်။
၈။ ကာဠုဒါယီမထေရ်သည် ရဟန္တာ ဖြစ်ပြီးနောက်ပိုင်း ဘုရားရှင်သည် တပေါင်းလပြည့်ကျော် ၁ရက်နေ့တွင် ရာဇဂြိုလ်မှထွက်ကာ ကပိလဝတ်သို့ ကြွနေဆဲ (၂)လအတွင်းမှာ ဘုရင်သုဒ္ဓေါဒန မင်းကြီးအား “ ဘုရားရှင် ကပိလဝတ်ရွှေနန်းတော်သို့ ကြွလာပြီဖြစ်ကြောင်း၊ ယနေ့ ဘယ်အရပ်ဒေသ၊ ဘယ်တိုင်းပြည်၊ ဘယ်မြို့ရွာ သို့ရောက်ရှိနေပြီဖြစ် ကြောင်း သတင်းစကား ပြန်ကြားပေး ရန် ဈာန်အဘိညာဉ်တန်ခိုးဖြင့် ကပိလဝတ်ပြည် သို့ ကြွလာကာ ဆွမ်းဘုန်းပေးတော်မူသည်၊ ပြန်ကြွ လျှင်လည်း ဘုရားရှင်သုံးဆောင်တော် နူရန် ဆွမ်းသပိတ်ဖြင့် လူအများ မြင်စဉ်ပင် ကောင်းကင်ခရီးဖြင့် သယ်ဆောင်ကာ နေ့စဉ်နေ့တိုင်း နှစ်လတိတိ ဆွေတော်မျိုးတော်သာကီ ဝင်တို့အား ချီးမြှောက်ပေးခဲ့သည်။
ထို့ကြောင့်ပင် နောင်အခါ ဗုဒ္ဓမြတ်စွာ သည် ရဟန်းတော်တို့အား ဧတဒဂ်ဘွဲ့ ထူး ချီးမြှောက်တော်မူသောအခါ ဆွေမျိုးဒကာ ဒါယိကာမတို့အား ကြည်ညိုစေရန် စည်းရုံးနိုင်သူတို့တွင် ဖွားဖက်တော် ကာဠုဒါယီမထေရ်သည် အမြတ်ဆုံး အသာဆုံး ဖြစ်ပါပေသည် ဟု ကုလပ္ပသာဒ ( ကုလ - ဆွေမျိုးတို့ အား၊ ပသာဒ - ကြည်ညိုစေခြင်း ) အရာတွင် ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြောက်တော် မူခဲ့သည်။
အချုပ်ဆိုရသော် တပေါင်းလပြည့် တွင် ရဟန္တာမထေရ် ကာဠုဒါယီ၏ ကျေးဇူးဖြင့် စခဲ့သော ကပိလဝတ် ဇာတ်လမ်းသည် ထေရဝါဒ ဗုဒ္ဓဘာသာ ဝင် မြန်မာလူမျိုးအားလုံးအတွက် အားကျဖွယ်၊ အတုယူဖွယ်၊ ကြည်ညို ဖွယ်၊ ပီတိဖြစ်ဖွယ် တို့ဖြင့် ပြည့်နှက် နေသော နေ့ထူးနေ့မြတ်အခါသမယ ဖြစ်သောကြောင့် ယင်းနေ့ကိုပင် ဗုဒ္ဓမြတ်စွာ၏ ကပိလဝတ်ရွှေနန်း တော်သို့ ဝင်တော်မူသောနေ့ ဟု သတ်မှတ်ခဲ့ကြပါသည်။
အရှင်သုနန္ဒာလင်္ကာရ
M.A ( ပန်းကမ္ဘာ )
(မူရင်းရေးသားသူနှင့် ပုံကိုဖန်တီးသူများကို လေးစားစွာ Credit ပေးပါတယ်။)
Credit to copy
31/12/2023
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်🙏
30/12/2023
Hello💛အားလုံးပဲမင်္ဂလာပါရှင့်
မင်တို့ဆီအခုထွက်တဲ့ ဒီဇိုင်းလေးကတော့ ပန်းထိုးချည်ပဝါလေးပဲဖြစ်ပါတယ်ရှင့် အောက်ခံအနက်ရောင်လေးကိုသုံးထားပြီးအပေါ်က ပန်းမျိုးစုံလေးကိုစိတ်ရှည်လက်ရှည်နှင့်ကာကာလေးတို့စိတ်တိုင်းကျပန်းပုံလေးများနဲ့ပုံဖော်ထိုးထားသော
အင်းလေးချည်သားပန်းထိုးပဝါ🍀🍀🍀
size=30"72"
price =15000mmk
အောက်ခံအနက်ရောင်မဟုတ်ပဲတခြားအရောင်များနဲ့ပန်းထိုးပဝါများလည်းရှိပါတယ်နော်🌻
Click here to claim your Sponsored Listing.
Telephone
Website
Address
Aungban
