Beauty By Zin

Beauty By Zin

Share

SkinCare နဲ့ ပတ်သက်ပီး အသေးစိတ်မေးမြန်းနိုင်ပါတယ်

29/04/2024

“ မိန်းကလေးဆိုတာ မလှသူရယ်လို့ မရှိဘူး။ အားလုံး
လှကြသူတွေချည်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ မိန်းမသား
ဖြစ်နေလို့ပေါ့။ သူ့လောက်လှတယ်၊ သူ့လောက်မလှဘူးဆို
တာ နှိုင်းယှဉ်တာပါ။ တကယ်ဆိုရင် မိန်းကလေးတိုင်း
လှကျတာချည်းပါပဲသမီးရယ်။ ဒါပေမယ့် တကယ့်အလှက
ရုပ်ရည် မဟုတ်ပါဘူးသမီးရဲ့...ကိုယ်ကျင့်သီလပါ။
မိန်းမသားပီပီ စောင့်စည်းအပ်တဲ့ ဣန္ဒြေရှိခြင်းပါ။ ဘဝမှာ
တကယ်တမ်း အရေးကြီးတာက လှဖို့ထက် တော်ဖို့ပါ
သမီးရယ် ”

ခင်ခင်ထူး
ပန်းကြာဝတ်မှုန်

25/04/2024

အနာဂတ်ပျောက်သလို ခံစားနေရတဲ့ လူငယ်တွေကို ပုံပြင်လေးတစ်ပုဒ် ပြောပြချင်ပါတယ်။

ပုံပြင်လေးကို ဆုံးအောင် ဖတ်ပြီးသွားပြီဆိုရင်တော့ ဘဝအတွက် အဖြေတစ်ခုခု ကျန်ခဲ့မယ်ဆိုတာ ယုံကြည်ပါတယ်။

တစ်ခါတုန်းကပေါ့ဗျာ။သမင်မကြီးဟာ ကိုယ်ဝန်အရင့်အမာကြီးနဲ့ မွေးဖွားခါနီး ယာတောစပ်က မြစ်ကမ်းဘေးမှာ ထိုင်နေသတဲ့။ သမင်ပေါက်လေး မွေးအံ့ဆဲဆဲအချိန်မှာ မထင်မှတ်ဘဲ မိုးသည်းထန်စွာ ရွာချပါသတဲ့။

မိုးနဲ့အတူ မုန်တိုင်းလည်း ပါလာတဲ့အတွက် ကောင်းကင်တစ်ခုလုံး ကြောက်စရာ ကောင်းလောက်အောင် မည်းမှောင်ပြီး လျှပ်စီးတွေလည်း ပြိုးပြိုးပြက်ပြက် လင်းလက်နေသတဲ့။

မုန်တိုင်းကြောင့် မြစ်ရေဟာလည်း ကြမ်းသည်ထက် ကြမ်းလာခဲ့ပါတယ်။ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ ဆိုသလို ဖြစ်ချင်တော့ ယောတောထဲကို မိုးကြိုးပစ်ချလိုက်တဲ့အခါ ယာတောကြီးဟာလည်း အကြီးအကျယ် မီးထလောင်ပါလေရော။

ကံကလည်း ဆိုးပြီးရင်း ဆိုးချင်တော့ သမင်မကြီးရဲ့ အနောက်မှာ မုဆိုးတစ်ယောက်ဟာ မြားနဲ့ ပစ်ဖို့အတွက် ချိန်ထားလိုက်ပါပြီ။အဲဒီအချိန်မှာပဲ အရှေ့မလှမ်းမကမ်းတစ်နေရာက ကျားတစ်ကောင်ဟာလည်း
သမင်မကြီးကို ခုန်အုပ်စားသောက်ဖို့ ပြင်ဆင်နေသတဲ့။

သမင်မကြီးလောက် ကံဆိုးတဲ့သူ ဒီကမ္ဘာပေါ်မှာ ရှိပါဦးမလားနော်။အရှေ့မှာက ကျား။အနောက်မှာက မုဆိုး။တောင်မှာက မီး။မြောက်အရပ်မှာက ရေ။မိုးပေါ်ကြည့်တော့လည်း လျှပ်စီးတွေက တဖျပ်ဖျပ်။အောက်ကိုကြည့်တော့လည်း မြေပြင်။ သမင်မကြီး လွတ်မြောက်ဖို့ လမ်းမရှိအောင် ဖြစ်နေခဲ့ပါတယ်။

သမင်မကြီးဟာ လွတ်လမ်း လုံးဝ မရှိတော့မှန်း သိပြီးသွားတဲ့ နောက်ပိုင်း စိတ်ကို အတည်ငြိမ်ဆုံးအခြေအနေမှာ ထားပြီး သူမွေးဖွားရမယ့် ရင်သွေးလေးကိုပဲ မဖြစ် ဖြစ်အောင် မွေးဖွားဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။အဲဒီအချိန်မှာပဲ ကျယ်လောင်လွန်းတဲ့ မိုးချိန်းသံကြောင့် မုဆိုးကြီးဟာ ဟန်ချက် ပျက်သွားခဲ့ပါတယ်။ဟန်ချက်ပျက်သွားတာကြောင့် သမင်မကြီးထံ ပစ်လွှတ်လိုက်တဲ့ မြားဟာ သမင်မကြီးကို ခုန်အုပ်ဖို့ ကြိုးစားနေတဲ့ ကျားကို ထိမှန်သွားပါတယ်။

ချက်ကောင်းကို မထိခဲ့ပေမယ့် အနာဒဏ်ရာ ရသွားတဲ့ ကျားဟာ သမင်မကြီးဆီ သွားရမယ့်အစား မြားပိုင်ရှင် မုဆိုးကြီးရှိရာဆီကို ဦးတည်ပြေးလွှားပြီး ခုန်အုပ်လိုက်ပါတယ်။

မုဆိုးနဲ့ ကျားဟာ လုံးရင်း ထွေးရင်း ကနေ မြစ်ထဲကျ သေဆုံးသွားပြီး မကြာမီမှာပဲ ယာတောမီးဟာလည်း မိုးရေကြောင့် ငြိမ်းသွားခဲ့ပါတယ်။နောက်ဆုံး မိုးဆဲသွားတဲ့အခါမှာလည်း
မြစ်ရေဟာ ပြန်လည် ငြိမ်သက်လာပါတယ်။ သမင်မကြီးဟာလည်း ရင်သွေးလေးကို အောင်မြင်စွာ မွေးဖွားလိုက်နိုင်ခဲ့ပါတယ်။

ပုံပြင်လေးကတော့ ဒီမှာတင် ပြီးဆုံးသွားပါပြီ။ပုံပြင်လေးက ပေးတဲ့ သင်ခန်းစာအနေနဲ့ဆိုရင် ဘယ်လို ဒုက္ခမျိုးတွေကိုသာ ကြုံရ ကြုံရ အဲဒီ ဒုက္ခတွေကို လျစ်လျူရှုပြီး လုပ်စရာ ရှိတာ ဆက်လုပ်မယ်ဆိုရင် အနာဂတ်ပျောက်နေစရာ အကြောင်းမရှိပါဘူး။

ဒါကြောင့် ဂျပန်သွားချင်ပါတယ်ဆိုရင် ဂျပန်စာ သင်စရာရှိတာ သင်ပါ။ ချမ်းသာတဲ့သူ ဖြစ်ချင်ပါတယ်ဆိုရင် ရသမျှ အလုပ် အကုန်လုပ်ပါ။ အခုဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ ဒုက္ခတွေကို မမှုပါနဲ့။

အနာဂတ်ပျောက်တယ်လို့ ခံစားရတာ လုပ်စရာရှိတာတွေ မလုပ်သေးလို့ပါ။ပုံပြင်လေး ဖတ်ပြီး နားလည်သွားပြီဆိုရင်တော့ အခုပဲ လုပ်စရာရှိတာ ထ,လုပ်လိုက်ပါနော်။

#မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #စာပေဗဟုသုတလူတိုင်းရ ာပေချစ်သူ

22/01/2024

Skincare နေတာပဲ 😥
ဘာလို့ ဝက်ခြံကမသက်သာတာလဲလို့တွေးမိရင်😭

⏩ဝက်ခြံ ဖြစ်စေတဲ့ အကြောင်းအရင်းကို ပြန်ရှာကြည့်ရအောင် 🤔

💟ဝက်ခြံကို လုံးဝ အမြစ်ပြတ်လုနီးပါးပျောက်ကင်းချင်ရင် မိမိရဲ့ နေထိုင်မှု့ပုံစံကိုပါ ပြောင်းပေးနိုင်ရပါမယ် ✔️

ဝက်ခြံ ဖြစ်စေတဲ့ အကြောင်းအရာတွေကို ဆင်ခြင် နေမယ်ဆိုရင် ဝက်ခြံ သက်သာနိုင်စေတဲ့ နည်းလမ်းတွေကိုပါ တစ်ခါထဲ တွဲသိထားသလိုပါပဲ 💡🤩

ဝက်ခြံပျောက်ဖို့ ဒါတွေ လုပ်ပါ။
1️⃣Basic Skincare ပစ္စည်း များ အသုံးပြုပါ။
Eg.
✔️Cleanser
✔️Toner
✔️Serum
✔️ Moisturizer
✔️ Suncream
✔️Sheet Mask ဆို လုံလောက်ပါပြီ

2️⃣‌အိပ်ရေး ဝဝအိပ်ပါ။ အိပ်ရေးပျက်ခြင်းကလဲ ဝက်ခြံ ‌ဖြစ်စေတဲ့ အချက်ထဲက တစ်ချက်အပါအဝင်ဖြစ်ပါတယ်။

3️⃣ အစားအသောက်ပုံစံ ပြောင်းလဲ ကြည့်ပါ။
✔️အဆီ အစိမ့်
✔️အချိုဓာတ်လွန်ကဲသော အစားအစာများ
✔️နို့နှင့် နို့ထွက် ပစ္စည်းများ
✔️Ready to Eat Food များ စသည်တို့ကို တက်နိုင်သလောက်ရှောင်ကြည့်ပါ။

4️⃣ ဝက်ခြံ ဖြစ်တဲ့အချိန်မိတ်ကပ်ကို ရှောင်ပါ။
မိတ်ကပ်နဲ့ ဝက်ခြံကို ဖုံး လေ ဝက်ခြံကပိုထွက်လေ နဲ့ သံသရာ လည်နေတာမို့ မိတ်ကပ် ကို ရှောင်ပါ။
မဖြစ်မနေလိမ်းခဲ့ရရင်လဲ အပြင်က ပြန်လာသည်နှင့် Double Cleansing လုပ်ပါ။

5️⃣ဟိုမုန်း ညီညွှတ်မျှတအောင် အသီးအရွက်များများစားသုံးပေးပါ။ ဝက်ခြံ အဓိက ဖြစ်စေတဲ့ ဟိုမုန်းမညီခြင်းကိုလဲ သတိပြုမိဖို့လိုအပ်ပါသည်။

6️⃣ စိတ်ဖိစီးမှု့ များခြင်းက ဝက်ခြံကို ပိုစိုးရွားစေတာကြောင့် စိတ်ပင်ပန်းမှု့ ဖိစီးမှု့ကို အတတ်နိုင်ဆုံး လျော့ချပါ။ ပျော်စေမဲ့ အရာများကို ရွေးလုပ်ပါ။

7️⃣လေထု ညစ်ညမ်းမှု့ကြောင့် ဝက်ခြံ ဖြစ်စေတာမို့ အပြင်သွားသည်ဖြစ်စေ အိမ်တွင်နေသည်ဖြစ်စေ မျက်နှာကို Makeup Remover နှင့် အရင် သုံးပြီး ဖြတ်ပါ။ ထို့နောက်မှ မျက်နှာသစ်ပါ။
မျက်နှာ သစ်ပြီးတိုင်း ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ဖြည့်ဖို့ Toner မဖြစ်မနေသုံးပါ။

8️⃣ Suncream နေ့စဉ်လိမ်းပေးပါ။

ဒီအချက်လေးတွေ လိုက်နာမယ် ဆိုရင် ဘယ်လောက်ပဲ ချစ်ပါတယ် ဆိုပြီး တွယ်ကပ်နေတဲ့ ဝက်ခြံ ဖြစ်ပါစေ အနားမှာ မနေနိုင်အောင် ထွက်ပြေးသွားပါလိမ့်မယ် 😁

ဝက်ခြံပြဿနာများပြေလည်နိုင်ကြပါစေ။ 🙆🏼‍♀️

Photos from Beauty By Zin's post 22/01/2024

Skincare တော့ သုံးချင်တယ် ငွေ Amount အများကြီးလဲ မသုံးနိုင်ဘူးဆိုရင်တော့…….

ဒီ (၅) မျိုးဆက်လေးတော့ မဖြစ်မနေ သုံးပေးသင့်ပါတယ်

🩸🩸🩸🩸🩸🩸🩸🩸🩸

🩸 Enzyme Ceanser ( 1️⃣ )
အမဲစက် ၊ အမာရွတ် ကို ထိရောက်စွာ လျော့ပါးစေပြီး အညစ်အကြေးကင်းစင် အစိုဓါတ် ထိန်းပေးတဲ့ မျက်နှာသစ်

🩸 Toner (2️⃣)
ခမ်းခြောက်သွားတဲ့ PH level ကို ပြန်ညှိပေးပြီး Skin Tone ကို ညီစေတဲ့ double Cleanser

🩸Liquid 30 ml(3️⃣)
တင်းတိတ် အမဲစက် နေလောင်ချပ် အသားမညီညာတွေကို ပျောက်ကင်းစေဖို့ အရေပြားအတွင်းပိုင်းထိ ကုသပေးတဲ့ Glow Skin Essence

🩸 Moisture ( 4️⃣ )
တစ်နေကုန် အစိုဓာတ်ထိန်းပေးပြီး မျက်နှာအတွင်းပိုင်း ဆဲလ်သေတွေကို ဆဲလ်အသစ်တွေ ပြန်လည်ဖြစ်ပေါ်စေသည် Collegen ပါဝင်မှုကြောင့် အရေးအကြောင်းလျော့နည်းစေတဲ့ အရွယ်တင် နုပျိုဆေး

🩸 Suncream ( 5️⃣ )
နေရောင်ခြည်ကြောင့် အမဲစက် တင်းတိတ် နေလောင်ချပ် အသားခြောက်ပြီး အသားကြမ်းခြင်းမဖြစ်အောင် ကာကွယ်ပေးတဲ့ နေလောင်ခံ ခရင်စ်…

ကဲ………
Glow ရုံသာမက အရွယ်တု နုပျိုစေဖို့ ၅ မျိုးဆက် နဲ့ အစပြုလိုက်ပါ 🩸🩸🩸🩸


#အရွယ်တင်နုပျိုဆေး
#အလှစစ်တည်ရှိရာhmskincare
#ပြည်တွင်းပြည်ပသို့ပို့ဆောင်ပေးပါတယ်

Photos from Beauty By Zin's post 21/01/2024

အမြင့်တစ်ခုကိုတက်ဖို့အတွက် လိုအပ်တဲ့အရင်းအနှီးကို

"ဒုက္ခ" လို့ခေါ်တယ် 🩶

Photos from Beauty By Zin's post 30/12/2023

2024 မှာ ဆက်ပြီး ပိုလှချင်ရင် ပို Glow ချင်ရင် ✌

HM Skincare နဲ့ မနက်တစ်ကြိမ် ည တစ်ကြိမ်အသားရေကို ရေဓာတ်ဖြည့်ပြီး ✌

Skincare လုပ်ပေး 🥰🥰🥰

Ok မှာ စိုပြေပီး ကြည်လင်တဲ့အသားအရေကိုပိုင်ဆိုင်နိုင်မှာနော်👌👌

30/12/2023

# 😘ကိုယ့်ကို နာကျင်စေခဲ့တဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ..
သူတို့ကြောင့် ကိုယ့်စိတ်ဓာတ် ပိုပြီး ခိုင်မာလာခဲ့တယ်။

# 😘ကိုယ့်ကို ချစ်ခဲ့တဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ...
သူတို့ကြောင့် ကိုယ်နှလုံးသား ပိုပြီး ပြည့်ဝလာခဲ့တယ်။

# 😘ကိုယ့်ကို ဂရုစိုက်ပေးတဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ..
သူတို့ကြောင့် ကိုယ်ဟာ အရေးပါကြောင်း ခံစားခဲ့ရလို့ပါ။

# 😘ကိုယ့်အပေါ် စိုးရိမ်ပေးကြတဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ...
သူတို့ ကိုယ့်အပေါ် ဂရုစိုက်ကြောင်း သိစေခဲ့လို့ပါ။

# 😘ကိုယ့်အနားကနေ ထွက်ခွာသွားတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ် ..
သူတို့ကြောင့် ဘယ်အရာမှ ထာဝရမဟုတ်ဘူးဆိုတာ သိခွင့်ရခဲ့တယ်။

# 😘ကိုယ့်အနားမှာ ခုထိ ရှိနေပေးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ် ...
သူတို့ကြောင့် စစ်မှန်တဲ့ မိတ်ဆွေတွေအကြောင်း နားလည်ခဲ့ရတယ်။

# 😘ကိုယ့်ဘဝထဲကို ဝင်လာခဲ့ကြတဲ့သူတွေ၊ ကူညီခဲ့ကြတဲ့သူတွေ အားလုံး အားလုံးကို တကယ် ကျေးဇူးတင်မိပါတယ် 😘 #


အကောင်းဆုံးရှင်သန်နေထိုင်ပါ

28/12/2023

သာလဲ မပေါင်းဘူး…
ညာလဲ မစားဘူး…
ဖားလဲ မဖားဘူး…ဂရုကို မစိုက်တာ။
လိုတစ်မျိုး မလိုတစ်မျိုးလဲ မနေတတ်ဘူး…
သူလိုရင် လာပြော၊ ကိုယ်လိုရင် သွားပြောတယ်…
စိတ်ကို ရှင်းရှင်းပဲထားတယ်။
Drama ခင်းတာတွေလဲ no…
အပေါ်ယံလဲ မနေဘူး…
ကိုယ် နေထိုင်မှုက မရှုပ်ထွေးတဲ့ အတွက်
အကုန်လိုက် ရှင်းပြဖို့လဲ စိတ်မပါဘူး…
ဘဝက တိုတို​လေးဆိုတော့
ဘာလုပ်လုပ် ပျော်ပျော်ပဲ လုပ်တယ်/ နေတယ်။

ကိုယ့်စိတ်နဲ့ မကိုက်တော့ရင်
ဘယ်သူပဲ ဖြစ်ဖြစ် စကားကို မပြောတော့တာ…
သဘောပေါက် 😊🤍

Photos from Beauty By Zin's post 17/12/2023

💛 𝗪𝗵𝗮𝘁 𝗸𝗶𝗻𝗱 𝗼𝗳 𝘀𝗸𝗶𝗻 𝘆𝗼𝘂 𝗮𝗿𝗲 💛

ကိုယ့်အသားရေနဲ့လိုက်ဖက်တဲ့ Skincareကိုရွေးချယ်ရင်း ဘယ်လိုအသားရေမျိုးပိုင်ဆိုင်ထားလဲဆို သိကြရဲ့လား ? ? ?

အခုပုံလေးကိုကြည့်ပြီး သဲလေးတို့ရဲ့
Skin Typeအမျိုးစားကို မန့်ပါဦးနော် 😍

#အလှစစ်တည်ရှိရာHMSkincare
With Me

19/10/2023

ဒဲ့ ပဲ ရှင်းမယ်နော်😍

ဝက်ခြံမထွက်ချင်ရင် ကိုယ့်ရဲ့မျက်နာလေးကို Cleansing သေချာလုပ်ပေးပါ

အဆီတဝင်းဝင်း နဲ့မနေချင်ရင် Cleansing ကိုသေချာသုံး

ဇင်လေးကတော့ HM ရဲ့ Korea Made CleansingWater လေးနဲ့ အမြဲ သန့်စင်တယ်




09756479691

04/10/2023

Morning

photo-crd

Want your business to be the top-listed Beauty Salon in Aunglan?
Click here to claim your Sponsored Listing.

Website

Address


Aunglan