Thoon Thoon Online Shope
ဆံသားပြသနာများနင့်ကျန်မာရေမထိခိုက်စေဘဲဝိတ်ချလိုသူများအတွက်စျေးနှုန်းချိုသာစွာဖြင့်ဝယ်ယူအားပေးနိင်ပါတယ
06/01/2024
#ချွေးနဲ့_ရှာထားတဲ့ပိုက်ဆံ
အလွန် ချမ်းသာတဲ့
သူဌေးကြီးလင်မယားမှာ
သားတစ်ယောက် ရှိတယ်။
တစ်ဦးတည်းသောသားမို့
အဖေရော အမေပါ
အလိုလိုက် ထားတယ်။
ကလေးဟာ
ငယ်ငယ် ကတည်းက
အလိုလိုက် ခံထားရလို့
အိမ်မှာ ဘာအလုပ်မှ မလုပ်ချင်ဘူး
ပျင်းတယ်။
ပျင်းတာမှ အရမ်းကို ပျင်းတယ်။
သူ့သား အသက် ၁၃ နှစ် အရွယ်မှာသူဌေးကြီးဟာ စိုးရိမ်လာတယ်။
သူသေသွားရင် ရှိသမျှအမွေတွေကို
သူ့သားကို ပေးခဲ့ ရမယ်။
အခု သူ့သားပုံစံက အမွေတွေ ရလာရင်
ဘာအလုပ်မှ မလုပ်ဘဲ
ထိုင်စားနေမယ့် ပုံ ပဲ။
သူဌေးကြီးဟာ သူ့သားကို
အလုပ်ရဲ့ တန်ဖိုးကို သိစေချင်လို့
တစ်ခုခုလုပ်ဖို့ အကြံ ထုတ်တယ်။
နောက်တစ်နေ့ ညနေ
ကျောင်းဆင်းပြန်လာတဲ့ သားကို
သူဌေးကြီးက ခုလို ပြောလိုက်တယ်။
ငါ့သား ဒီညနေ အလုပ်တစ်ခု လုပ်ပြီးထမင်းဖိုး ပိုက်ဆံရအောင် ရှာလာခဲ့။
ပိုက်ဆံ ရမလာရင်
ဒီည မင်းကို
ညစာ မကျွေးဘူး
ကလေးဟာ အလုပ် မလုပ်ချင်ဘူး။
ဘာအလုပ် လုပ်ရမှန်းလည်း မသိလို့
😭 ငိုပြီး
တခြားအိမ်ကို အလည်သွားနေတဲ့
အမေကို သွားပြောတယ်။
သူ့အမေဟာ သူ့ယောက်ျားကို
အတော် စိတ်ဆိုး သွားတယ်။
ဒါပေမဲ့
သူ့ယောက်ျားရဲ့ စိတ်ကို သူ သိတယ်။
သူပြောသလို
ကလေး ပိုက်ဆံ ပါမလာရင်
ထမင်း တကယ်မကျွေးဘူး ဆိုတာကို
သိလို့
သူ့သားကို ငွေ ၂ ထောင်ကျပ် ထုတ်ပေးလိုက်တယ်။
ကလေးလည်း အဲဒီပိုက်ဆံကို ကိုင်ပြီးအိမ်ကို ပြန်ပြေး သွားတယ်။
အိမ်ရောက်တော့ အဖေက
အလုပ် လုပ်ခဲ့လားလို့ မေးတယ်။
သူက လုပ်ခဲ့ပါတယ် ဆိုပြီး
ငွေ ၂ ထောင်ကျပ်ကို ပြလိုက်တယ်။
သူဌေးကြီးဟာ သူ့သားပုံစံကို ကြည့်ပြီးအဲဒီ ပိုက်ဆံဟာ
အလုပ် လုပ်လို့ရတာ မဟုတ်ဘဲ
သူများဆီက တောင်းလာတာမှန်း
ရိပ်မိတယ်။
ဒါပေမယ့် သူက ပိုက်ဆံကို
ဘာအလုပ်လုပ်လို့ ရလာသလဲ
မမေးဘဲ အဲဒီ ပိုက်ဆံကို
ရေတွင်းထဲ ပစ်ချလိုက်လို့
ပြောလိုက်တယ်။
ကလေးကလည်း
ချက်ချင်းပဲ ပိုက်ဆံကို ရေတွင်းထဲ
ပစ်ချ လိုက်တယ်။
နောက်တစ်နေ့ ညနေ ရောက်ပြန်တော့ကျောင်းဆင်းပြန်လာတဲ့ သားကို
သူဌေးကြီးက မနေ့ကလိုပဲ
ပြောလိုက်တယ်။
ငါ့သား
ဒီညနေ အလုပ်တစ်ခု လုပ်ပြီး
ထမင်းဖိုးပိုက်ဆံ ရအောင် ရှာလာခဲ့။
ပိုက်ဆံရမလာရင် ဒီည မင်းကို
ညစာ မကျွေးဘူး။
ဒီတစ်ခါတော့
ကလေးအမေဟာ တခြားမြို့မှာ
နေမကောင်းဖြစ်နေတဲ့
ကလေးရဲ့ အဖိုးဆီ သွားနေလို့
အိမ်မှာ အမေ မရှိဘူး။
ဒါပေမယ့်
ကလေးအတွက် ကိစ္စမရှိဘူး။
တခြားရပ်ကွက်မှာနေတဲ့ အဒေါ်ဆီ
ပြေးပြီး ပိုက်ဆံ သွားတောင်းတယ်။
အိမ်ကို ပိုက်ဆံ ပါမသွားရင်
ညစာ စားရမှာ မဟုတ်ဘူး ဆိုလို့
အဒေါ်က သနားပြီး ငွေ ၂ ထောင်ကျပ်ပေးလိုက်တယ်။
ကလေးလည်း
အဲဒီပိုက်ဆံကို ကိုင်ပြီး အိမ်ကို
ပြန်ပြေး သွားတယ်။
အိမ်ရောက်တော့ အဖေက
အလုပ်လုပ်ခဲ့လားလို့ မေးတယ်။
သူက လုပ်ခဲ့ပါတယ်ဆိုပြီး ငွေ၂ထောင်ကျပ်ကို ပြလိုက်တယ်
ဒီတစ်ခါလည်း သူဌေးကြီးဟာ
အဲဒီပိုက်ဆံကို ရေတွင်းထဲပစ်ချလိုက်လို့
ပြောလိုက်တယ်။
ကလေးကလည်း
ချက်ချင်းပဲ တွင်းထဲ ပစ်ချလိုက်တယ်။
နောက်တစ်နေ့ ညနေ ရောက်ပြန်ပြီ။
ကျောင်းဆင်းပြန်လာတဲ့သားကို
သူဌေးကြီးက
မနေ့ကလိုပဲ ပြောလိုက်တယ်။
ငါ့သား ဒီညနေ အလုပ်တစ်ခု လုပ်ပြီးထမင်းဖိုးပိုက်ဆံ ရအောင် ရှာလာခဲ့။
ပိုက်ဆံရမလာရင်
ဒီညမင်းကို ညစာမကျွေးဘူး။
ဒီတစ်ခါမှာ ကလေးအတွက် အကျပ် တွေ့နေတယ်။
တခြားမြို့ကို သွားနေတဲ့အမေက
ပြန်ရောက် မလာသေးဘူး။
အဒေါ်ဆီသွားတော့လည်း
သူ့အိမ်မှာ မတွေ့ရဘူး။
ဒါနဲ့ သစ်ပင်ရိပ်တစ်ခု အောက်မှာငုတ်တုတ်လေးထိုင်ပြီး ငိုနေတယ်။
ဘေးက ဖြတ်သွားတဲ့
အဖိုးကြီးတစ်ယောက်က
သူ့ကို ဘာကြောင့် ငိုနေတာလဲလို့
မေးတော့
ကလေးက အလုပ်လုပ်တဲ့ ပိုက်ဆံ
ပါမသွားရင် ညစာစားရမှာမဟုတ်ဘူးလို့အကျိုးအကြောင်း ပြောပြတယ်။
အဖိုးကြီးဟာ
ဟိုတယ်ကြီး တစ်ခုရဲ့ပိုင်ရှင် ဖြစ်တယ်။
နောက်ပြီး
ကလေး အဖေရဲ့သူငယ်ချင်းပါ။
ကလေးကတော့ မသိပါဘူး။
အဖိုးကြီးက ကလေးကို
ဟိုတယ်ကို လိုက်ခဲ့။
သူအလုပ်ပေးမယ် ကလေးကို
ပိုက်ဆံလည်း ပေးမယ် ဆိုလို့
ကလေးလည်း လိုက်သွားတယ်
ဟိုတယ်ရောက်တော့ အဖိုးကြီးက
ဟိုတယ် မီးဖိုချောင်မှာ
ပုံနေတဲ့ ပန်းကန်တွေ တစ်ထပ်ကြီးကို
ဆေးခိုင်းတယ်
ပြီးရင် အဝတ်နဲ့ ပန်းကန်တွေကို
ခြောက်အောင် သုတ်ခိုင်းတယ်။
မီးဖိုခန်းကို ရေဆေး
ဆေးကြော ခိုင်းတယ်။
ကလေးဟာ ၂ နာရီ ကြာအောင်
ပင်ပင်ပန်းပန်း လုပ်ပြီးတဲ့ အခါမှာ
အဖိုးကြီးက သူ့ကို ငွေ ၂ ထောင်ကျပ်ထုတ်ပေး လိုက်တယ်။
ကလေးဟာ
တစ်ခါမှ အလုပ် မလုပ်ဖူးတော့
တစ်ကိုယ်လုံး နာကျင် ကိုက်ခဲနေတယ်။
သူဟာ ပိုက်ဆံကိုကျစ်ကျစ် ပါအောင်လက်ထဲမှာ ဆုပ်ကိုင်ပြီး
အိမ်ကို ပြန်ပြေးတယ်။
အိမ်ရောက်တော့ အဖေက
အလုပ် လုပ်ခဲ့လားလို့ မေးတယ်။
သူက လုပ်ခဲ့ပါတယ် ဆိုပြီး
ငွေ ၂ ထောင်ကျပ်ကို ပြလိုက်တယ်။
ဒီတစ်ခါလည်း သူဌေးကြီးဟာ
အဲဒီ ပိုက်ဆံကို
ရေတွင်းထဲ ပစ်ချလိုက်လို့
ပြောလိုက်တယ်။
ဒီတစ်ခါမှာတော့
ကလေးက ပိုက်ဆံကို
ရေတွင်းထဲ ပစ်မချနိုင်ဘူးလို့
ပြန်ပြောတယ်။
သူဌေးကြီးက
ဘာကြောင့် အရင်လို ပစ်မချရတာလဲလို့
မေးတော့ ကလေးက
သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲပြီး
ချွေးတစ်လုံးလုံးနဲ့ ရှာထားတဲ့ပိုက်ဆံမို့
မပစ်ရက်ဘူးလို့ ငိုပြီး ပြောတယ်။
ဒီအခါမှာ သူဌေးကြီးက
သူ့သားကို ခုလို ပြောလိုက်တယ်။
ချွေးနဲ့ ရင်းပြီး ရှာထားတဲ့ ပိုက်ဆံကို
ဘယ်သူမှ မဖြုန်းရက်ဘူးကွ တဲ့။
အဲဒီညမှာ သူဌေးကြီးဟာ
စိတ်ချမ်းချမ်းသာသာ နဲ့
အိပ်ယာ ဝင်သွားပါတော့တယ်။
ဒါကြောင့်
ကိုယ်ချွေးနဲ့ ရင်းပြီး ရှာထားတယ့်
ပိုက်ဆံတွေကို
လွယ်လွယ် မဖြုန်းပါနဲ့လို့
အကြံ ပေးပါရစေ
#ဗန်းမော်သိန်းဖေ
လေးစားစွာဖြင့်ပြန်လည်မျှဝေပါသည်။
05/01/2024
လေ့လာနေတုန်းဘဲ
05/01/2024
" စိတ်ဓါတ်ကျတိုင်း အမြဲဖတ်ဖို့ "
🐓🐓🐓🐓🐓🐓🐓🐓🐓
ကြက်ကလေးက ကြက်မကြီးကိုမေးတယ်။
" မေမေ .. ဒီနေ့ ဥမဥလို့ရလား.. သားတို့အပြင်ထွက်လျှောက်လည်ကြမယ်လေ.. "
ကြက်မကြီးက -
"မရဘူးသား၊ မေမေ့အလုပ်ရှိသေးတယ် "
" ဒါပေမယ့် မေမေ အများကြီးဥခဲ့ပြီးပြီလေ "
လို့ ကြက်ကလေးက ပြန်ပြောတယ် ။
ကြက်မကြီးက လေးလေးနက်နက် အသံနဲ့ ကြက်ကလေးကို ပြန်ပြောတယ်..
"အမေ တစ်နေ့ဥတစ်လုံးဥမှ လယ်သမားကြီးရဲ့ဟင်းခွက်ထဲ မရောက်မှာ..ကလေးနင်မှတ်ထား ...."
အသက်ရှင်ရပ်တည်မှုဆိုတာ ဖန်တီးထုတ်လုပ်မှုရဲ့တန်ဖိုး၊ သေဆုံးမှုဆိုတာ အဲဒီတန်ဖိုးမဲ့သွားလို့၊ အရင်ကလုပ်ခဲ့သမျှက အနာဂ္ဂါတ်နေရာမြဲဖို့ ဘယ်လိုမှမစွမ်းဆောင်နိုင်ဘူး၊ အဲဒါကြောင့် နေ့တိုင်းနေ့တိုင်း ကြိုးစားအားထုတ်ရမယ်။
တကယ်လို့မင်းက သိမ်းငှက်တစ်ကောင်ဆိုပါစို့၊
ဘယ်သူမှ လက်ခုပ်မတီးလည်း မင်း အမြင့်ပေါ်မှာပျံသန်းနေရမယ်။
တကယ်လို့မင်းက မြက်ကလေးတစ်ပင်ဆိုရင်
ဘယ်သူမှ တန်ဖိုးလာမထားလည်း မင်းရှင်သန်ရမယ်။
တကယ်လို့မင်းက ချောက်ကမ်းပါးပေါ်က ပန်းတစ်ပွင့်ဆိုရင်
ဘယ်သူမှ လာမွှေးမယ့်သူမရှိလည်း မင်း မွှေးကြိုင်သင်းပျံ့နေရမယ်။
တကယ်လို့မင်းက ဒီဇိုင်နာဆိုရင် ဘယ်သူမှ အားပေးမှုမရှိလည်း
မင်းရဲ့ဖန်တီးမှုကို အမြဲပြုလုပ်နေရမယ်။
အလုပ်လုပ်တာ လူတိုင်းအားပေးမှ မင်းအလုပ်လုပ်ရမှမဟုတ်ပါဘူး။ အကောင်းဆုံး ရေကုန်ရေခမ်း လုပ်ဖို့သာ မင်းတာ၀န်ပါ။
အသက်ရှင်ရပ်တည်ဖို့ လူတိုင်းအချစ်ခံဖို့ မလိုပါဘူး ။
အရိုးရှင်းဆုံးနေသွားဖို့သာ မင်းတာ၀န်ပါ။
ကိုယ့်ရဲ့ရည်မှန်းချက်အတွက် တပါးသူရဲ့ပြက်ရယ်လှောင်ဖွဲ့ခြင်းကို
ခံရမယ်၊ အဲတော့ ဘာဖြစ်လဲ၊ သူတို့ပြက်ရယ်မှုကို အောင်မြင်မှုဆီတပါတည်းခေါ်သွားပြီး အလှဆင်လိုက်ပေါ့၊
စိတ်အားကျနေစဉ် မျက်နှာမှာ မပေါ်လွင်နေစေပါနဲ့ ။
ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှ မမြင်ချင်လို့ပါ။
ဆင်းရဲကျပ်တည်းနေလည်း ပါးစပ်က ထုတ်မပြောပါနဲ့ ။
ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှ အလကား ပိုက်ဆံမထုတ်ပေးပါ။
အလုပ်အကိုင် အရမ်းပင်ပန်းနေလည်း ထုတ်ဖော်မညဉ်းညူလိုက်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှ မင်းအစားထိုး မလုပ်ပေးပါ။
အသက်ကြာကြာမရှင်ရတော့လည်း မကောင်းမှုကိုမပြုပါနဲ့။
ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှ မင်းအသက်ကို ပိုရှည်အောင်လုပ်နိုင်စွမ်း မရှိလို့ပါ ။
အသက်ရှင်ရပ်တည်မှု ခက်ခဲလည်း မျှော်လင့်ချက်မသေဆုံးလိုက်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ နောက်မနက်ဖြန်များစွာ ကျန်ရှိနေသေးလို့ဖြစ်တယ်။
မင်းဘယ်လောက်ဆိုးသွမ်း ဆိုးသွမ်း မိဘကိုတော့ရိုသေရမယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်းမှာလည်း အိုရမယ့်တစ်ရက် ရှိလို့ဖြစ်တယ်။
တပါးသူကျွန်တော်နောက်ကျော ဓားနဲ့ထိုးမှာမကြောက်ပါဘူး၊
အေး .. ထိုးတဲ့သူကမင်းအချစ်ဆုံးသူ မဖြစ်နေစေနဲ့။
ကျွန်တော်စိတ်ထဲရှိသမျှ အချစ်ဆုံးသူငယ်ချင်းကို ပြောဖို့၀န်မလေးပါဘူး၊ အေး... သူက မင်းကိစ္စကို သူများနဲ့ ဟာသတစ်ပုဒ်လို အပြောမခံမိစေနဲ့။
တကယ်လို့ ၀မ်းနည်းစရာ တစ်စုံတစ်ခုကိုကြုံတွေ့တိုင်း
ကောင်းကင်ကြီးကို မော့ကြည့်ပါ ။
သူ ဒီလောက်ကြီးတာ မင်းဝှက်ထားစရာ နေရာတစ်ခုတော့ရှိမှာပေါ့။
မင်းကိုကူညီခဲ့ဖူးတဲ့သူကို မင်းမမေ့နဲ့………
မင်းကိုချစ်ခဲ့ဖူးတဲ့သူကို စိတ်ဒဏ်ရာရအောင်မလုပ်နဲ့……။
မင်းကိုယုံကြည်ခဲ့ဖူးတဲ့သူကို မလိမ်ညာနဲ့။
အချိန်က အရာအားလုံးကို သက်သေပြနိုင်တယ်လို့……
ဘယ်သူမှ အာမ ,မခံနိုင်ဘူး။
ဒါပေမယ့် မင်း အရာအချို့ကို ………
နားလည်သဘောပေါက်နိုင်မယ်လို့ အာမခံ နိုင်တယ်။
---------
အလုပ်အကိုင် လုပ်ငန်းများ အောင်မြင်တိုးတက်ကြပါစေ
---------
Credit
05/01/2024
လဲရင်ပြန်ထ အထူမခံနဲ့တဲ့
04/01/2024
04/01/2024
ဒီနေ့ကစပြီး ပျော်ပျော်ပဲနေတော့မယ်...❤🌿
ဘယ်သူ့အကြောင်းမှ မတွေးတော့ဘူး...
ဝမ်းလည်းမနည်းတော့ဘူး...။
ဘာကိုမှလည်း မျိုသိပ်မထားတော့ဘူး
ဘယ်သူဘာပြောပြော ဒေါသတွေလည်း မထွက်တော့ဘူး...။
စွန့်ပစ်သင့်တာတွေ အားလုံးကို စွန့်လွှတ်လိုက်တော့မယ်...။
မတွယ်တာသင့်တဲ့အရာတွေကို ကပ်တွယ်မနေတော့ဘူး...။
ဖြစ်တည်မှုအားလုံးကိုတော့ ကျေကျေနပ်နပ်ကြီး လက်ခံမယ်...။
ကိုယ်လုပ်စရာရှိတာတွေလုပ်တယ်
မတတ်သေးတဲ့ ဘာသာစကားတွေလေ့လာမယ် သင်ယူမယ်...။
လိုချင်တာတွေရှိတဲ့အခါ
ပိုက်ဆံကို ပြန်ချိန်နေရတဲ့အနေအထားက ကင်းလွတ်သည်အထိ ပိုက်ဆံတွေရှာမယ်...။
မရောက်ဘူးသေးတဲ့ ဒေသတွေဆီ ခရီးတွေထွက်မယ်...
ကျောပိုးအိတ်လေးတစ်လုံးရယ် Camera လေးနဲ့တစ်လုံး လည်ပင်းဆွဲရင်းပေါ့...။
စိတ်ရော ကိုယ်ပါ အပူတွေ ပင်ပန်းစရာတွေလည်း မရှိတော့ဘူး...။
သီချင်းလေးဆိုလိုက် စာလေးဖတ်လိုက်နဲ့ ဘဝကို အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းတော့မယ်...။
ဒီနေ့ကစပြီး ပျော်ပျော်ပဲနေတော့မယ်...။
#အေးချမ်းစွာရှင်သန်ခြင်း
#သဟာဆွေလှိုင်း
03/01/2024
ပညာနဲ့ငွေ ဘယ်ဟာ ပိုအရေးကြီးလဲလို့မေးရင်
လူတိုင်းက ပညာလို့ပဲ ဖြေကြားပါလိမ့်မယ်။
ဒါပေမယ့် လက်တွေ့ဘဝမှာက
လူတွေဟာ ငွေကိုပဲ ပိုလိုလားကြပါတယ်။
လူလူချင်းတူရင်တောင် အတ္တနည်းတဲ့လူက ပိုပြီး ပျော်ရွှင်ရတယ်။
မေတ္တာချင်းတူရင်တောင် အသွားအပြန်ရှိတဲ့မေတ္တာက ပိုခိုင်မြဲတယ်။
ဒုက္ခကို သည်းခံပါ၊
ဘဝမှာ ဒုက္ခတွင်းထဲ
ကျသွားတဲ့အခါ မညည်းတွားပါနဲ့။
ရေနှောက်တွေ ပြီးသွားရင်
ရေကြည်တွေ ထွက်လာပါလိမ့်မယ်။
စိတ်ဓာတ်ကို ကြံ့ခိုင်ပါ။
ဘဝမှာ ကြိုးစားလို့
အရာမထင်ရင် စိတ်ဓာတ်မကျပါနဲ့၊
ပိုကြိုးစားပါ။
အောင်ပွဲဆိုတာ
စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ
အဖို့သာ ဖြစ်တယ်။
ဉာဏ်ဆိုတာ ပညာက လာတယ်။
ပညာဆိုတာ စာပေက လာတယ်။
ဒါကြောင့် စာများများ ဖတ်ပါ။
စာပေဆိုတာ စိတ်ရဲ့အရင်းမြစ်ပဲ။
သူများကို ကူညီတာက
ကိုယ့်ကိုကိုယ် ကူညီတာနဲ့ အတူတူပဲ။
ကိုယ့်ကိုကိုယ်ချစ်တာက
သူများကို ချစ်တာနဲ့အတူတူပဲ။
ေ-သတယ်ဆိုတာ
အသ-က်ထွက်သွားမှ မဟုတ်ပါဘူး။
ကမ္ဘာကြီးမှာ အသက်ရှင်လျက်နဲ့
ေ-သနေရတဲ့သူတွေ အများကြီးရှိပါတယ်။
#စိတ်ဓာတ်ကျရင်ဖတ်ဖို့
#မောင်သာကျော်
(Crd)
03/01/2024
မဂ်လာနံနက်ခင်းလေးပါ
02/01/2024
စိတ်ဓာတ်ကျနေရင်ဒီစာလေဖတ်ဖြစ်အောင်ဖတ်နော်
01/01/2024
အော်ဒါလေတွေပို့ပြီး
ကျေးဇူးတင်ပါတယ် ဝယ်ယူသူတိုင်းကို
01/01/2024
နစ်သစ်လေမှာအော်ဒါတွေပို့ရင်စတင်လိုက်ပါပြီ
2024မှာသင့်ထံကံကောင်းခြင်းတွေသယ်ဆောင်လာပါပြီ
Click here to claim your Sponsored Listing.
Category
Website
Address
Aunglan
