Golden Sky Hair & Beauty Spa

Golden Sky Hair & Beauty Spa

Share

စိတ်ငြိမ်စေမဲ့ဆိုင်လေးမို့ လာရောက်

အနားယူ 🍀အပန်းဖြေနိုင်ဖို့ ဖိတ်ခေါ်အပ်ပါတယ်

Photos from Golden Sky Hair & Beauty Spa's post 31/01/2025

🌟 အပန်းဖြေဖို့ Body Massage! 🌟
အလုပ်ရဲ့ စိတ်ဖိစီးမှုတွေ၊ နေ့စဉ်ဘဝရဲ့ ပင်ပန်းမှုတွေကို ဖြေဖျောက်ဖို့ အထူးသင့်လျော်တဲ့ အခွင့်အရေး!

💆‍♀️💆‍♂️ Body Massage သည် ခန္ဓာကိုယ်ကို အနားယူစေပြီး၊ စိတ်ကိုလည်း အေးချမ်းစေပါတယ်။
သင်၏ ရင်ခုန်မှုများကို လျော့နည်းစေပြီး၊
သက်တောင့်သက်သာမှုကို ပြန်လည်ရရှိစေပါသည်။

✨ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ:
အထူးပြု Massage နည်းလမ်းများ
အထူးကုထုံးများအပန်းဖြေစေသော အထူး Package များ

📞 ယနေ့မှာပဲ ဖုန်းခေါ်ပြီး ကြိုးစားကြည့်ပါ! သင်၏ ခန္ဓာကိုယ်နှင့် စိတ်ကို ပြန်လည်သန့်ရှင်းစေမယ့် အတွေ့အကြုံကို ရယူလိုက်ပါ!
👉 Golden Sky Hair & Body Spa

💖 အပန်းဖြေပြီး၊ စတင်လိုက်ပါ! 💖

29/01/2025

29.1.2025☘️☘️☘️

🟧 #ဗုဒ္ဓဟူးနေ့

🟧 #ဗုဒ္ဓဟူးဂြိုလ်မင်းကြီးနှင့်တကွ

🟧 #ဗုဒ္ဓဟူးသားသမီးများအားလုံး

#ခုနစ်ရက်သားသမီးအပေါင်းတို့ 🙏🙏🙏

🟧🙏နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ

🟧🙏မကောင်းသောဘေးရန်များကင်းရှင်းကြပါစေ

🟧🙏စီးပွါးရတနာများတိုးပွါးကြပါစေ

🟧🙏ကပ်ကြီးသုံးပါးမှကျော်လွှားနိုင်ကြပါစေ။

🟧 #ပို့သမေတ္တာရကြပါစေ...။🙏🙏🙏

Photos from Golden Sky Hair & Beauty Spa's post 28/01/2025

ဆံကေသာအတွက် နို့မှာပါတဲ့ ပရိုတင်းဓာတ်ရဲ့ အကျိုးကျေးဇူးများ
by MYHEALTH MYANMAR
ကျွန်မတို့ ဆံကေသာ တစ်ရှူးလေးတွေရှင်သန်ဖို့နဲ့ ဆံကေသာ ပြန်လည်သန်စွမ်းဖို့အတွက် ပရိုတင်းဓာတ်ကို လိုအပ်ပါတယ်။ နို့မှာ Casein နဲ့ Whey ဆိုတဲ့ ပရိုတင်းဓာတ် နှစ်မျိုးပါဝင်ပြီး ဆံကေသာအတွက် များစွာ အကျိုးရှိစေပါတယ်။
ပရိုတင်းဓာတ် စားသုံးမှုနည်းတယ်ဆိုရင် ဆံပင်ကို ပိုပြီး ပါးစေသလို ဆံပင်ကိုလည်း အရှည်နှေးစေပါတယ်။ ပရိုတင်းဓာတ်ပါတဲ့ အစားအစာတွေကို စားသုံးပေးမယ်ဆိုရင် ဆံပင်ကို ပိုပြီးသန်စွမ်း တောက်ပြောင်စေမှာပါ။ နို့မှာပါတဲ့ ပရိုတင်းဓာတ်တွေဟာ ဆံကေသာအတွက် ဘယ်လိုအကျိုးကျေးဇူး ရှိသလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။
၁။ ဆံကေသာကို သန်စွမ်းတောက်ပြောင်စေခြင်း။
နို့မှာပါဝင်တဲ့ ပရိုတင်းဓာတ်တစ်မျိုးဖြစ်တဲ့ Whey ဟာ ဆံပင်ကျွတ်တာကိုသက်သာစေပြီး ဆံကေသာကို သန်စွမ်းစေပါတယ်။ ကိုယ်အလေးချိန်တက်စေဖို့နဲ့ ကြွက်သားသန်မာဖို့အတွက် အားကစားသမားတွေ ဖြည့်စွက်စာအဖြစ်သောက်သုံးတဲ့ Whey Liquid အရည်ဟာ ဆံပင်ပေါက်တဲ့ Follicles လေးတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။
ဒါ့ကြောင့် ဆံကေသာကို သန်စွမ်းတောက်ပြောင်စေဖို့အတွက် Whey Liquid ကို အသုံးပြုကြပါတယ်။ ကြက်ဥအနှစ် (၁) လုံး၊ ပျားရည် နည်းနည်းနဲ့ Whey Liquid အရည်ကို သေချာရာပြီး ဦးရေပြားနဲ့ ဆံကေသာ အနှံ့ကိုလိမ်းပေးပါ။ ပြီးရင် ဦးရေပြားကို ညင်သာစွာနှိပ်နယ်ပေးပြီး တဘက်ပူပူနဲ့ မိနစ် ၂၀ လောက်ပေါင်းပေးထားပါ။ အဲ့ဒီနောက် ခေါင်းလျှော်ရည်၊ ပေါင်းဆေးတို့နဲ့ ခေါင်းသေချာပြန်လျှော်ပေးမယ်ဆိုရင် ဆံကေသာကို သန်စွမ်းတောက်ပြောင်လာစေမှာဖြစ်ပါတယ်။
၂။ ဆံကေသာကို သန်စွမ်းစေခြင်း။
Casein ဆိုတဲ့ ပရိုတင်းဓာတ်တစ်မျိုးမှာ Glutamine ဆိုတဲ့ အမိုင်နိုအက်ဆစ်ပါဝင်လို့ ဆံကေသာ သန်စွမ်းစေဖို့ အဓိက အသုံးပြု ကြပါတယ်။ Casein နဲ့ Whey ဆိုတဲ့ ပရိုတင်းဓာတ်တွေပါဝင်တဲ့ နို့ထွက်ပစ္စည်းတွေဟာလည်း ဆံကေသာအတွက်ကောင်းမွန်ပါတယ်။
၃။ ဆံကေသာကို ပြုပြင်ပေးခြင်း။
ဆံပင်အရောင်ဆိုးထားတဲ့သူတွေပဲဖြစ်ဖြစ်၊ ဆံပင်အဖျားနှစ်ခွဖြစ်တဲ့သူတွေပဲဖြစ်ဖြစ်၊ ဆံပင် ထိခိုက်ပျက်စီးနေရင်ပဲဖြစ်ဖြစ် ပရိုတင်းဓာတ်လိုအပ်ပါတယ်။ ပရိုတင်းဓာတ်ဟာ ဆံကေသာ ထိခိုက်ပျက်စီးမှုကို အထိရောက်ဆုံး သက်သာပျောက်ကင်းစေတာကြောင့် ဆံပင်အရောင်ဆိုးထားတဲ့သူတွေရော၊ ဆံသားပျက်စီးနေတဲ့သူတွေရော ပရိုတင်းပါဝင်တဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်သုံးပေးသင့်ပါတယ်။
ဆံကေသာကျန်းမာသန်စွမ်းဖို့ ဆံကေသာကို သေချာဂရုစိုက်ထိန်းသိမ်းပေးတာနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ စားပေးဖို့ လိုသလို နို့ပရိုတင်းဓာတ်ပါဝင်တဲ့ ခေါင်းလျှော်ရည်သုံးဖို့လည်းအရေးကြီးပါတယ်။

Photos from Golden Sky Hair & Beauty Spa's post 26/01/2025

26.1.2025 (တနဂ်နွေနေ့ပိတ်ရက်လေးမှာ)

Golden Sky Hair & Beauty Spa လေးက
စိတ်ငြိမ်စေမဲ့ဆိုင်လေးမို့ လာရောက် အနားယူ 🍀အပန်းဖြေနိုင်ဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်...

Golden Sky မှ ရရှိတဲ့ ဝန်ဆောင်မူများအနေနဲ့

Hair & Beauty Spa
Foot Massage
Back Message
Herbal Message
Aromatheral Message
Hot Stone Message
Body Spa (Scrub + Sauna)
Facial Treatment
Hair Services
Nail
Spa & Body Message
Waxing

အေးအေးဆေးဆေး အနားယူချင်သူတွေအတွက်
🏚 Golden Sky Hair & Spa 🏚
လာခဲ့လိုက်တော့နော်
📍Google Map~~~ https://maps.app.goo.gl/gVJzdAz5o8uSHngY9

Address : အမှတ် ၃၁၆ /ခ ဓမ္မစေတီလမ်း(ဆည်မြောင်းကျောင်းလမ်း) ရပ်ကွက်ကြီး(၆) ဥဿာမြို့သစ် ပဲခူး။

Phone
09 78151 5222
09 78151 5444

Photos from Golden Sky Hair & Beauty Spa's post 22/01/2025

💇ဆံပင်ပုံစံလေးဆိုတာ လူတစ်ယောက်ရဲ့ အသွင်အပြင်ပေါ် အများကြီးမူတည်တယ်နော်...

ဆံပင်ဖြောင့်ဖြောင့်လေးနဲ့ ယဉ်ယဉ်လေးပဲလှချင်လား...

အကောက်လေးနဲ့ပဲ ဆန်းဆန်းလေးဖြစ်သွားချင်လား...

အကောက်လေးလား...?

အဖြောင့်လေးလား...?

မိတ်ဆွေတို့ရဲ့ စိတ်ကူးလေးထဲက Hair Style လေးအတိုင်း တစ်ထပ်ထဲ ဖြစ်ဖို့ဆို... ကျွန်မတို့ရဲ့ Golden Sky လေးမှာ Hair Style လေး ပြုပြင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်...

🌺🌺🌺ကျွမ်းကျင်တဲ့ Stylist ဆရာမလေးစောင့်မျှော်နေပါတယ်ရှင့်🙏🙏🙏

🌺🌺🌺 🏠
Address : အမှတ် ၃၁၆ /ခ ဓမ္မစေတီလမ်း(ဆည်မြောင်းကျောင်းလမ်း) ရပ်ကွက်ကြီး(၆) ဥဿာမြို့သစ် ပဲခူး။

📲For booking -
09-781515222, 09-781515444

Photos from Golden Sky Hair & Beauty Spa's post 20/01/2025

အမြဲနုပျိုလန်းဆန်းစေပြီး အရွယ်တင်စေဖို့ ပြုလုပ်ရမယ့်အချက်လေးတွေ
by MYHEALTH MYANMAR
အရွယ်တင်နုပျိုနေတဲ့ သူတွေကို စာဖတ်သူတို့တွေ့ဖူးကြမှာပါနော်။ အရွယ်တင်နုပျိုရတာဟာလည်း အသားအရေကောင်းခြင်း ဆံကေသာ ကောင်းခြင်းတွေကြောင့်ပါဝင်ပါတယ်။ အသားအရေကောင်းဖို့ ဆံကေသာကောင်းဖို့ဆိုတာလည်း သေချာဂရုတစိုက်ထိန်းသိမ်းဖို့လိုအပ်ပါတယ်။
အဓိကအရေးကြီးဆုံးကတော့ ကိုယ့်ရဲ့ရှိရင်းရှိ အသက်နဲ့ ရုပ်ရည်ရူပကာကို လက်ခံခြင်းပါပဲ။ ကိုယ့်အသက်က ၅၀ လောက်ဖြစ်နေပြီး အသက် ၂၀ လောက်နုချင် ပြင်ဆင်ဝတ်စားချင်လို့ ဘယ်ရမလဲ။
အသားအရေ နုပျိုနေစေဖို့ သင့်ဘဝမှာ ပြောင်းလဲသင့်တဲ့အချက်တွေကို မျှဝေပေးပါမယ်။
၁။ ဆံပင်ပုံသွင်းခြင်း
ခဏခဏ အပူချောင်းကြီးနဲ့ ဆံပင်ပုံသွင်းတာ ဆံပင်ကောက်လိုက်ဖြောင့်လိုက်လုပ်တာဟာ ဆံသာထိခိုက်ပျက်စီးစေပါတယ်။
၂။ Suncreen သုံးမယ်။
UV ပါတဲ့ အလှဆီ၊ Lotion လိမ်းပေးတာဟာ သင့်အသားအရေ အရွယ်မတိုင်ခင် ပျက်စီးခြင်းအရေးကြောင်းဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။
၃။ တစ်နေ့ကို လေ့ကျင့်ခန်း ၁ နာရီလောက်လုပ်မယ်။
၁နာရီဆိုတာ ဘာမှမကြာတဲ့အချိန်ပါ။ တစ်နေ့ ၂၄ နာရီရှိတဲ့ထဲက တစ်နာရီလောက်ပဲ လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် သင့်ကို လှပစေရုံသာမက ကျန်းမာစေပါတယ်။
၄။ ရေများများသောက်မယ်။
ရေကို တစ်နာရီခြားတစ်ခါ ခွက်ကြီးကြီးနဲ့ တစ်ခွက်စီသောက်ပေးသင့်ပါတယ်။ ရေများများသောက်တာဟာ အသားအရေ နုပျိုခြင်းရဲ့ အဓိကလျှို့ဝှက်ချက်ဖြစ်ပါတယ်။ လူတွေအားလုံး သိကြပေမယ့် လိုက်နာမှုနည်းကြတာကလည်း ရေသောက်တဲ့အလေ့အထပါပဲ။
၅။ လက် ၊ ခြေထောက်နဲ့ လည်ပင်းနားကိုလည်း ဂရုစိုက်ရအောင်။
လက် ၊ ခြေထောက်နဲ့ လည်ပင်းနားတစ်ဝိုက်ကအသားအရေလေးတွေကိုလည်း ဂရုစိုက်သင့်ပါတယ်။ မနက်တစ်ကြိမ် ညတစ်ကြိမ် Lotion ပုံမှန်လိမ်းပေးတာမျိုး လုပ်ပါ။
၆။ အိပ်ရေး၀၀အိပ်ပါ။
အိပ်ရေး၀၀အိပ်တာဟာ သင့်ကို ကျန်းမာလှပစေမှာပါ။ ဦးနှောက်အတွက်ရော ကျန်းမာရေးအတွက်ရော အလှပအတွက်ပါကောင်းမွန်ပါတယ်။ ညဖက်မှာ ဆဲလ်သစ်တွေထုတ်ပေးပြီး အဲဒီဆဲလ်သစ်တွေက သင့်အသားအရေကို ပြန်လည်နုပျိုစေပါတယ်။ ဒါ့ကြောင့် ည ၁၀ နာရီလောက်အိပ်ယာဝင်ပါ။
၇။ အဟာရပြည့်ဝစွာစားမယ်။
အစားအစာတွေ့ဂရုစိုက်သင့်ပါတယ်။ အဆီများလွန်းတယ် အကြော်အလှော်တွေမစားဘဲ တတ်နိုင်သမျှရှောင်ပေးပါ။ ဗီတာမင် နဲ့ သတ္တုဓာတ်ပါတဲ့အစားအစာတွေ စားပါ။ အဟာရ သင့်တင်မျှတစွာစားပေးပါ။
၈။ မျက်နှာကိုသေချာသန့်ရှင်းရေးလုပ်မယ်။
မနက်တစ်ကြိမ် ညတစ်ကြိမ် မျက်နှာကိုသေချာသစ်ပေးသင့်ပါတယ်။ အပြင်ကနေပြန်လာရင်လည်း မိတ်ကပ်ကို Cleaning Wet Tissue (သို့) တိုနာနဲ့ သေချာဖျက်ပေးသင့်ပါတယ်။ မျက်နှာကိုသေချာသန့်ရှင်းရေးလုပ်မှ ဝက်ခြံကင်းစင်တဲ့အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။

18/01/2025

ဒီနေ့လို ပိတ်ရက်လေးမှာ Body Massage ခံယူရင်
👇ဒီလိုမျိုး အကျိုးရလဒ်လေးတွေ ရရှိနိုင်မှာပါ...

‍♀️‍♂️Body massage ဟာ ကိုယ်ခန္ဓာကို ပြန်လည်အားဖြည့်ပေးပြီး စိတ်ကို ကြည်လင်စေတဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုပါ။

Body massage လုပ်ခြင်းက ဘာကောင်းကျိုးတွေ ရရှိနိုင်လဲဆိုတာ ကြည့်လိုက်ရအောင်။
ကိုယ်ခန္ဓာအတွက် အကျိုးကျေးဇူးများ
* ကြွက်သားများကို ပြန်လည်အားဖြည့်ပေးခြင်း:
* နေ့စဉ်လုပ်ငန်းတွေကြောင့် တင်းကျပ်နေတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။
* * နာကျင်ကိုက်ခဲမှုကို သက်သာစေခြင်း:
* ခေါင်းကိုက်၊ ကျောပိုးနာ စတဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပါတယ်။
* * သွေးလည်ပတ်မှုကို မြှင့်တင်ပေးခြင်း:
* သွေးလည်ပတ်မှုကောင်းမွန်တာကြောင့် ကိုယ်တွင်းအင်္ဂါတွေကို အောက်စီဂျင် ပိုမိုပေးစွမ်းပြီး ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။
* အာရုံစူးစိုက်မှုကို မြှင့်တင်ပေးခြင်း:
* တင်းကျပ်နေတဲ့ ကြွက်သားတွေကို လျှော့ချပေးတာကြောင့် အာရုံစူးစိုက်မှု ပိုကောင်းစေပါတယ်။
Spa * အိပ်မပျော်ခြင်းကို သက်သာစေခြင်း:
* Massage ကြောင့် စိတ်ဖိစီးမှု လျော့နည်းပြီး အိပ်မပျော်တဲ့ပြဿနာကို သက်သာစေပါတယ်။

👆အဲ့လို အရသာလေး ရယူဖို့ Golden Sky ကို
ကြွလှမ်းခဲ့ကြပါရှင်...

🏚 Golden Sky Hair & Spa 🏚 ကြိုတင်
Booking လေးယူပြီး အောက်ပါလိပ်စာလေး အတိုင်း
Relax လုပ်လိုက်ကြရအောင်နော်...

Address : အမှတ် ၃၁၆ /ခ ဓမ္မစေတီလမ်း(ဆည်မြောင်းကျောင်းလမ်း) ရပ်ကွက်ကြီး(၆) ဥဿာမြို့သစ် ပဲခူး

09781515222 / 09781515444

14/01/2025

🤗မင်မင်တို့ဆိုင်လေး 15.1.2025 နေ့

ဆိုင်လေး...(1)ရက်ပိတ်ပါတယ်နော်...

13/01/2025

Happy Mother Day's

Photos from Golden Sky Hair & Beauty Spa's post 12/01/2025

Sunday ပိတ်ရက်လေးမှာ....

မိန်းက​လေးတစ်​ယောက်အတွက် သက်တောင့်သက်သာ အနားယူရမဲ့ အချိန်တစ်ခုဆိုတာ မဖြစ်မနေလိုအပ်ပါတယ်…

အေးချမ်းတဲ့စိတ်ခံစားမှုနဲ့အတူ..
💅ဆန်းသစ်တဲ့ Nail design လေး​တွေ၊
🙌ဖြူစင်ဝင်းပစေမဲ့ လက်က​လေး၊ ခြေချောင်းလေးတွေ
ဖြစ်စေမဲ့ Nail & Wax
💅 လက်သည်းတချောင်းချင်းစီကို ကိုယ့်စိတ်ကြိုက်ဖြစ်အောင် စိတ်တိုင်းကျ ပုံဖော်ပေးမှာကတော့…မင်မင်တို့ရဲ့ 👇

အေးအေးဆေးဆေး အနားယူချင်သူတွေအတွက်
🏚 Golden Sky Hair & Spa 🏚
လာခဲ့လိုက်တော့နော်
📍Google Map~~~ https://maps.app.goo.gl/gVJzdAz5o8uSHngY9

Address : အမှတ် ၃၁၆ /ခ ဓမ္မစေတီလမ်း(ဆည်မြောင်းကျောင်းလမ်း) ရပ်ကွက်ကြီး(၆) ဥဿာမြို့သစ် ပဲခူး။

Phone
09 78151 5222
09 78151 5444

Photos from Golden Sky Hair & Beauty Spa's post 08/01/2025

ပေါင်သားလေးတွေ ကျစ်လျစ်လှပစေမယ့် အိမ်တွင်းလေ့ကျင့်ခန်း
by MYHEALTH MYANMAR
မြန်မာမိန်းကလေးအများအားဖြင့် ခြေထောက်မသွယ်ကြပါဘူး။ ပေါင်သားကအဆီတွေကိုဖယ်ရှားပြီး ကြွက်သားလေးတွေနဲ့ ဖြစ်လာမယ်ဆိုရင်တော့ ပေါင်သားလေးတွေ ကျစ်လျစ်လှပလာမှာပါ။ ပေါင်သားလှဖို့အတွက် သေးသေးသွယ်သွယ်ဖြစ်စရာမလိုပါဘူး။ ပေါင်သားလေးတွေ ကျစ်လျစ်လှပနေစေဖို့လိုပါတယ်။
ဘယ်လိုလုပ်မလဲ
၁။ ၅ မိနစ်လောက် ခန္ဓာကိုယ်တစ်ခုလုံးနွေးသွားအောင်လုပ်မယ်။
လေ့ကျင့်ခန်းမလုပ်ခင်မှာ ၅ မိနစ်လောက် ကိုယ်လက်လေ့ကျင့်ခန်းအရင်လုပ်ပေးပါ။ ခုန်ပေးတာ။ လှေကားအတက်အဆင်းလုပ်တာ။ အကြောလျှော့တာမျိုးလုပ်ပေးသင့်ပါတယ်။
၂။ လေ့ကျင့်ခန်း ၁
လက်နှစ်ဖက်ကိုအရှေ့ဖက်တန်းတန်းဆန့်ပြီး ခါးကိုမတ်မတ်ထားကာ ခန္ဓကိုယ်အောက်ပိုင်းကို ထိုင်ထလုပ်ပေးပါ။ ခါးကိုတတ်နိုင်သမျှမတ်မတ်ထားပြီး ဒူးကျော်ကျော်လော်ကထိထိုင်ကျပေးပါ။
၃။ လေ့ကျင့်ခန်း ၂
အရင်ဆုံး ကျောလှဲနေလိုက်ပါ။ ပြီးရင် ဒူးကွေးထားလိုက်ပြီး လက်နှစ်ဖက်ကို ဘေးမှာချထားပါ။ ပြီးရင် လက်နှစ်ဖက်နဲ့ ထောက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို မနိုင်သလောက်မပေးပါ။
၄။ လေ့ကျင့်ခန်း ၃
အရင်ဆုံး ခန္ဓာကိုယ်ကို မှောက်ပြီး လေးဖက်ထောက်လိုက်ပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကို အနောက်ဖက်ကို မပေးပါ။ ၁၅ ခါလောက်လုပ်ပြီးရင် နောက်တစ်ဖက်ပြောင်းပါ။
၅။ လေ့ကျင့်ခန်း ၄
ဘေးမှာ ခုံတစ်ခုခု ဒါမှမဟုတ် တိုင်တစ်ခုခုကို ကိုင်ထားပါ။ ပြီးရင် ခြေဖဝါးထောက်ပြီး မတ်တပ်ရပ်နေပါ။ ဒူးတစ်ဖက်ကို မြောက်နိုင်သလောက်မြောက်ပေးပါ။ တစ်ဖက်ကို ၂၅ ကြိမ်ပြည့်ရင်နောက်တစ်ဖက်ပြောင်းပေးပါ။
၆။ လေ့ကျင့်ခန်း ၅
ကိုယ်ကို မတ်မတ်ရပ်လိုက်ပြီး ခြေထောက်နှစ်ဖက်ကို နည်းနည်းခွဲလိုက်ပါ။ ပြီးရင် တစ်ဖက်ကို ဘေးဖက်စောင်းလိုက်ပြီး နောက်တစ်ဖက်ပေါ်မှာ ဖိအားပေးကာ ပြီးရင်နောက်ဖက်ကို ကြက်ခြေခတ်ပုံစံမျိုးလုပ်ပေးလိုက်ပါ။
၇။ လေ့ကျင့်ခန်း ၆
ခြေထောက်နှစ်ဖက်ကို မတ်မတ်ရပ်ပြီး ခြေချောင်းကို ဘေးဖက်ထုတ်ထားလိုက်ပါ။ ပြီးရင် ပေါင်ကားပြီး ထိုင်ချပေးပါ။ ပြီးရင် ပြန်မတ်လိုက်ပါ။
၈။ လေ့ကျင့်ခန်း ၇
အရင်ဆုံး ကျောလှဲနေလိုက်ပါ။ ပြီးရင် ခြေထောက်နှစ်ဖက်ကို မြောက်ပြီးစုထားပါ။ ပြီးရင် ပေါင်ကိုကားလိုက်စုလိုက်လုပ်ပေးပါ။ ၁၅ ကြိမ်လောက် လုပ်ပေးပါ။
လေ့ကျင့်ခန်းအားလုံးလုပ်ပြီးသွားရင်လည်း အကြောပြန်လျှော့ဖို့မမေ့ပါနဲ့နော်။

Photos from Golden Sky Hair & Beauty Spa's post 06/01/2025

💁ဧည့်သည်တော်များ တနေ့တာ ပင်ပန်းသမျှကို နာရီပိုင်းအတွင်း ပြေလျော့ချင်တယ်ဆိုရင်....(ဆည်မြောင်းကျောင်းလမ်း)ဖွင့်ထားတယ် Golden Sky Hair & Spa
ကို လာရောက်ဖို့ ဖိတ်ခေါ်ပါရစေ....

❄အေးမြလန်းဆန်းစေမည့် air con ခန်းထဲမှာ
အနှိပ်ခံရင်း ဘဝအမောတွေကို ခဏတာ ဖြေဖျောက်ကြရအောင်...

💆‍♂️အတွေ့အကြုံရှိ အနှိပ်ကောင်းသော ကျွမ်းကျင်သူများ ဦးစီး ဖွင့်လှစ်ထားသော ကျန်းမာရေး သီးသန့် အနှိပ် သန့်သန့်မို့ လူကြီး လူငယ် ကျား၊မ မရွေး လာရောက် အပန်းဖြေနိုင်ပါတယ်ရှင်....

🏚 Golden Sky Hair & Spa 🏚 ကြိုတင်
Booking လေးယူပြီး အောက်ပါလိပ်စာလေး အတိုင်း
Relax လုပ်လိုက်ကြရအောင်နော်...

Address : အမှတ် ၃၁၆ /ခ ဓမ္မစေတီလမ်း(ဆည်မြောင်းကျောင်းလမ်း) ရပ်ကွက်ကြီး(၆) ဥဿာမြို့သစ် ပဲခူး

☎ 09781515222 / 09781515444

Want your business to be the top-listed Beauty Salon in Bago?
Click here to claim your Sponsored Listing.

Category

Address


Bago

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00