May Thinzar Shop

May Thinzar Shop

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May Thinzar Shop, Beauty, cosmetic & personal care, Bago.

02/07/2021

🛑 Covid အန္တရာယ် သတိပေးချက် 🛑

ဗီဇပြောင်း Covid ၏အဖြစ်အများဆုံး လက္ခဏာ

- ကိုယ်ပူခြင်း
-ချောင်းခြောက်ဆိုးခြင်း
-နုန်းခြင်း ၊ ပင်ပန်းနွမ်းနယ်လွယ်ခြင်း တို့ဖြစ်တာကြောင့်

***ပုံမှန်ရာသီတုပ်ကွေး လက္ခဏာများ နှင့် မှားနိုင်တာမို့ မပေါ့ဆသင့်ပါ***

ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာ တွေကတော့
- နှာပိတ်ခြင်း / နှာရည်ယိုခြင်း
- အနံ့ပျောက်ခြင်း / အရသာပျက်ခြင်း
- မျက်စိနီခြင်း / နာခြင်း
- လည်ချောင်းနာခြင်း
- ခေါင်းကိုက်ခြင်း
- အဆစ်အမြစ် / ကြွက်သားများ နာကျင်ကိုက်ခဲခြင်း ၊
- ပျို့အန်ခြင်း ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း
- အရေပြား‌ပေါ်တွင် အနီစက် အဖုအပိန့်များထွက်ခြင်း ၊
- လက်ချောင်း ခြေချောင်းများ အရောင်ပြောင်းခြင်း

***အန္တရာယ်ရှိသော လက္ခဏာများ***
- အသက်ရှူကြပ်ခြင်း ၊ မောခြင်း
- ရင်ဘတ်အောင့်ခြင်း ၊
- ကယောင်ကတမ်းဖြစ်ခြင်း ၊
- သတိလစ်မေ့မြောခြင်း
(အဲ့လိုတွေ ခံစားနေရပီဆိုရင်တော့လက္ခဏာတွေ ဖြစ်ပြီဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကို မဖြစ်မနေ အမြန် သွားရောက်ကုသဖို့ တိုက်တွန်းပါတယ်)

***ကူးစက်နှုန်း အရမ်းမြန်တဲ့အတွက် မဖြစ်ခင်ကတည်းက ကြိုတင် (ကြိုတင်) ကာကွယ်ကြဖို့ လိုပါတယ်***

မဖြစ်မနေ လုပ်ရမှာက

-Mask တပ်ပါ
-Face shield တပ်ပါ
-လက်ကို မကြာခဏ စနစ်တကျဆေးကြောပါ
-နှာစေး ချောင်းဆိုးရင် တစ်ရှူး/လက်ကိုင်ပုဝါ အသုံးပြုပါ
-လူစုလူဝေးရှောင်ပါ / အနည်းဆုံး ၆ပေအကွာမှစကားပြောပါ
-မလိုအပ်ဘဲ အပြင်ထွက်ခြင်းမှ အတတ်နိုင်ဆုံးရှောင်ကြဉ်ကြပါနော်

ဗီဇပြောင်း ကိုဗစ်-19 ပိုး ဖြစ်တဲ့အတွက် အရင်ကထက် ပိုပြီး ကာကွယ်ကြပါ Mask ကို မဖြစ်မနေ တပ်ကြပါလို့ တိုက်တွန်းပါတယ်ရှင့် ....

Want your business to be the top-listed Beauty Salon in Bago?
Click here to claim your Sponsored Listing.

Website

Address


Bago