ASP Nail Art & Airbrush Tattoo
Single parent & nail artist. All nails are handpainted. 🥰🥰
ကျမတို့ ASP Nail Art မှာ လက်သည်းပတ်သတ်တဲ့ပစ္စည်းအမျိုးမျိုးရှိပါတယ်။ ကျမတစ်ယောက်တည်းအစစအရာရာလုပ်တာမို့ ရှိတဲ့ပစ္စည်းတွေပို့စ်မတင်မိတာမျိုးရှိပါတယ်။
Nail salon owner များအနေနဲ့ အောက်က telegram link လေးကို join ပြီး လိုအပ်တဲ့ Nail accessories လေးတွေမှာယူနိုင်ပါတယ်ရှင့်။ 🥰💕
သင်္ကြန်အတွက် ပိတောက် Nail design လေး 💕
ASP Nail Art & Spa
အမှတ်(၃၈၀)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊
ဥဿာမြို့သစ်၊ ပဲခူးမြို့။
09421711117
25/02/2026
Eyelashes extensions Course
ကျမရဲ့မျက်တောင်ဆက်အတန်းက တပည့်မလေးတစ်ယောက်
သူ့ကိုသင်ရတာလေ စာတွေ့တုန်းကတော့အဆင်ပြေလို့။ လက်တွေလဲကျင့်ရော ချော့လိုက်ရတာဆိုတာ တချိန်လုံး သမီးဒီလိုလေးနော် ဒါလေးတော့လုပ်လိုက်နော် စိတ်မပူနဲ့တတ်စေရမယ် လုပ်ကြည့်နော်နဲ့။ မျက်တောင်တဖက်ကို (၂)ရက်ကြာအောင်ကျင့်တယ်။
တဖြေးဖြေးနဲ့သူစိတ်ဓာတ်မကျဘဲ ဆရာမဖြစ်တဲ့ကျမကစိတ်ဓာတ်ကျလာတာ ငါသူ့ကိုတတ်အောင်သင်နိုင်ပါ့မလားပေါ့။ ဘယ်သူ့ကိုမှဖွင့်မပြောပေမဲ့ တကယ်ကိုစိတ်ဖိဆီးခဲ့ရပါတယ်။
လူမျက်လုံးပေါ်စဆက်လဲဆိုရော ပိုဆိုးရောရှင် (၄)နာရီလောက်ကြာပြီး (၂)ရက်ခွဲဆက်တာ ပင်ပန်းလို့တဲ့။
အေးအေး ပင်ပန်းရင်နားနော် သမီး ဖြေးဖြေးကျင့်ကြတာပေါ့ဆိုပြီး ထပ်ချော့။
(၂)ပတ်ကြာပြီး နောက်ဆုံးမှာတော့ Classic style eyelashes extensions လေးကို အောင်အောင်မြင်မြင်ဆက်နိုင်သွားခဲ့တယ်။ ကိုယ်ကဘယ်လိုချော့တယ်ပြောပြော ကိုယ်သင်တာကိုအတူတူကြိုးစားသင်ယူပေးလို့ ကျေးဇူးတင်ပါတယ်။ ထပ်ပြီးတော့လဲ ကြိုးစားပေးပါအုံးလို့။
Poly gel nail extension tutorial by Tr.MAY
10/11/2025
🛑11:11 Sales 🛑
ဒါလေးက အသားခြောက်တဲ့သူတွေအတွက်ပါ။ အရေးအကြောင်းသက်သာပြီး အသားလဲဖြူစေပါတယ်။
35000 - Now 28000 ks
10/11/2025
🛑11:11🛑 Sales လေးတွေလာမယ်နော် 🥰
ပထမဆုံးက နေ့စဉ်သုံးလို့ရတဲ့ Body scrub လေးပါ
19000 ks
BUY 1 GET 1 Free ပါရှင် 🥰
18/10/2025
B***y Facial …… 🍑
မျက်နှာကိုပဲ deep cleansing တွေလုပ် ပေါင်းတွေတင် နဲ့ B***y လေးကိုကော သတိမရကြဘူးလားရှင်။
ဘာမှမပြောခင်မှာ တစ်ခုအာမခံပေးနိုင်တာကတော့ ယူတို့ရဲ့ 🍑 လေးကို ASP မှာ တစ်ကြိမ်လုပ်ပြီးတိုင်း Dark tone တစ်ဆင့်လျှော့သွားစေမှာပါ။ Skin tone တစ်ဆင့်မြင့်သွားနိုင်ပါမယ်ပေါ့။ ဘာလို့ အာမခံနိုင်တာလဲဆို B***y Facial အတွက် ပေါင်းတဲ့ဆေး Step by step က ဆိုင်ရှင်အစ်မကြီးကိုယ်တိုင်စပ်ပေးတာမို့ပါ။ ☺️
🍑Deep Cleansing and exfoliation of hard to reach aera
နေ့တိုင်းရေချိုးနေပေမဲ့ ဒီနေရာကို သေချာတိုက်ဖို့ Scrub လုပ်ဖို့က်ိုမေ့နေတာ မတိုက်မိတာ အချိန်မရတာမျိုးတွေအတွက် ကျမတို့က တာဝန်ယူပေးမှာပါ။
🍑Remove black heads and clarify skin
ကြာဆူးတွေနဲ့ မမြင်ရတဲ့ အမဲစက်လေးတွေကို ရှင်းပေးမှာပါ။ တစ်ကြိမ်ထဲနဲ့တော့ ဝုန်းဆိုပျောက်မသွားပါဘူးနော်။
🍑Reduces Cellulite & Inflammation
Boots circulation
Scrub တိုက်ခြင်းကြောင့် တင်ပါးက အဆီပိုတွေကိုလျှော့ကျစေပြီး သွေးလည်ပတ်မှုကောင်းစေမှာပါ။
🍑Helps to even out skin tone
မညီမညာနဲ့ ကွက်နေတဲ့ အသားအရေတွေ ညီညာသွားစေဖို့ ကူညီပေးပါတယ်။
🍑Leaves skin smooth, hydrated and clean.
နောက်ဆုံးမှာ ချောချောအိအိလေးနဲ့ skintone တဆင့်မြင့်သွားတဲ့ B***y လေးကိုပိုင်ဆိုင်ရမှာပါနော်။
So B***y Facial လေးရဲ့ စျေးနှုန်းလေးကရော ဘယ်လောက်ဖြစ်နိုင်မလဲ???
Original Price 60000 ကို Now 40000 ကျပ်ထဲနဲ့ (18.10.2025) ကနေ (28.10.2025) အထိ ရရှိမှာဖြစ်ပါတယ်ရှင်။
အကယ်၍ B***y Facial လေးအတွက် Appointment လေးယူချင်တယ်ဆိုရင်တော့ ASP Nail Art & Spa 09421711117 ကိုဆက်သွယ်နိုင်ပါတယ်ရှင့်။ 🥰🥰
03/09/2025
Vietnam One stroke Nail ကိုဘယ်လောက်သင်ထားရလဲဆိုတာ တပည့်လေးတွေရဲ့ Results ကိုသာကြည့်လိုက်ပါတော့ရှင်။
ကြိမ်းလိုက်မောင်းလိုက် အော်လိုက်ဟစ်လိုက်နဲ့ မဖြစ်ဘူးထင်တယ်တီချယ် ဒါကခက်လိုက်တာတီချယ်လို့ပြောရင်းကနေ ဒါလေးတွေဆွဲရတာ ပျော်လိုက်တာဆိုတဲ့ အခြေအနေကိုရောက်လာခဲ့လို့ ကျေနပ်ရတယ်။
မကြော်ငြာဖြစ်ပေမဲ့ လစဉ်ပုံမှန်သင်တန်းလေးတွေရှိပါတယ်နော်။ သင်ကြားတဲ့ပုံစံကတော့ မတတ်မချင်း အတတ်သင်ပါ။
ASP Nail Academy
အမှတ်(၃၈၀)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဥဿာမြို့သစ်၊ ပဲခူးမြို့။
09421711117
Lycon wax နဲ့ Underarm waxing လုပ်တဲ့ Tutorial လေးပါ။ အားလုံးပဲလိုက်လုပ်ကြည့်လို့အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်ရှင် 🥰🥰
15/08/2025
ဒီလထဲ ဘာ Promotion မှမရှိဘူးလားမေးကြလို့ Carbon Laser Treatment လေးကို 🛑20% OFF 🛑 လေးချပေးထားပါတယ်နော်။ Promotion ဆိုပေမဲ့ တမင်ကို လူကြိုက်များတဲ့ Service လေးကိုလုပ်ပေးထားတာပါနော်။
Carbon Laser Treatment မှာ Facial တစ်မျိုးထဲမဟုတ်ပါဘူး။ Underarm whitening treatment & Knees whitening treatment လေးတွေပါ ပါသေးတယ်ရှင့်။
20% လျှော့ထားပေမဲ့ Underarm Whitening လုပ်ရင် တံတောင်ဆစ် အတွက်က အပိုလက်ဆောင်၊ Knees whitening လုပ်ရင် ခြေမျက်စိအတွက်က အပိုလက်ဆောင် ထပ်ရပါသေးတယ်ရှင့်။
Promotion ကာလလေးကတော့ 15.8.2025 မှ 31.8.2025 အထိပါနော်။
အားပေးကြတဲ့ တစ်ယောက်ချင်းစိီတိုင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီး အသက်ရှူတိုင်းငွေဝင်နိုင်ကြပါစေရှင် 🙏🙏🙏
ASP Nail Art & Spa
အမှတ်(၃၈၀)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဥဿာမြို့သစ်၊ ပဲခူးမြို့။
09421711117
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
380, Bo Gyoke Aung San Street
Bago
08084
