Min Lin Htet Aung
Min Lin Htet Aung
01/12/2023
ကိုယ့်မှာအမာရွတ်ရှိရင် သူများဒဏ်ရာကို
နားလည်ပေးနိုင်ရမယ်။
ရင့်ကျက်သွားတဲ့ သူတွေရဲ့နောက်ကွယ်မှာ
သင်ခန်းစာပေးသွားတဲ့ လူတချို့တွေရှိတယ်။
နာကျည်းချက်တွေများတဲ့ သူတွေကသာ
ပိုသန်မာလာတာပါ။
သန်မာတဲ့ လူတွေရဲ့နှလုံးသားထဲမှာ
အမာရွတ်တွေ အရှိဆုံးပါ။ သန်မာတဲ့
လူယောက်ဖြစ်ဖို့ သည်းခံခြင်းစိတ်ကို
မွေးထားဖို့လိုလိမ့်မယ်။
သံချပ်ကာအပြည့်ဝတ်ဆင်ထားတဲ့
စစ်သူကြီးလိုပေါ့ လာစမ်းပါရန်သူတွေ
ငါမကြောက်ဘူး ကြောက်တတ်ရင်
၂ခါသေရတယ်ဆိုတဲ့စိတ်နဲ့
အခက်ခဲ့တွေ ဒုက္ခတွေ ပြသနာတွေ
လာစမ်းပါ။ မင်းတို့ကိုငါမကြောက်ဘူး။
မင်းတို့လက်မြှောက်အရှုံးပေးတဲ့ထိ
ငါတိုက်ထုတ်မယ်။
ငါဘယ်လောက်ခတ်ထန်ကြောင်း
မင်းတို့ပြမယ် ငါ့တကိုယ်လုံးမှာ
ရဲ့ရင့်တဲ့စိတ်တွေနဲ့ လွမ်းခြုံထားတယ်။
ငါဘာကောင်လဲ မင်းတို့ပြမယ်
ငါ့ကို ဘယ်သူ့မှ တားဆီးနိုင်မှာမဟုတ်ဘူး။
ငါမင်းတို့ကို မတိုက်ထုတ်နိုင်သရွေး
ငါဘယ်တော့မှ ရပ်တန့်မှာမဟုတ်ဘူး
ငါ့ကို မင်းတို့ဘယ်တော့ခါမှ လွမ်းမိုးနိုင်မှာ
မဟုတ်ဘူး။
ငါ့မှာအင်အားတွေ အပြည့်ရှိတယ်။ ငါ့ကို
ဘယ်သူကမှ အင်အားဖြည့်ပေးစရာလဲ
မလိုဘူး။
ငါ့ကိုငါ ယုံကြည်တယ် ငါဒီနေ့ထိလဲ
မရပ်တန့်သေးဘူး။
30/11/2023
🌿💛
အလကားလူ မဖြစ်စေနဲ့
~~~~~~~~~~~~~~~
ကိုယ့်မှာ အားနည်းချက်ရှိရင်
သူတစ်ပါး ပျော့ကွက်ကို
ချမနင်းဘဲ နေတတ်ရမယ်။
ကိုယ့်မှာခံနိုင်ရည် မရှိရင်
သူတစ်ပါး နစ်နာစရာ စကားကို
ဆင်ခြင် ပြောဆိုတတ်ရမယ်။
ကိုယ့်မှာ ဒုက္ခဆိုတာရှိရင်
သူတစ်ပါးဘဝ ပျက်စီးကြောင်းကို
ရှောင်ရှားတတ်ရမယ်....။
ကိုယ့်မှာ အရှက်ရှိရင်
သူတစ်ပါး ဂုဏ်သိက္ခာကို
ငဲ့ညှာတတ်ရမယ်။
ကိုယ့်အပေါ်မပြုစေချင်တဲ့ အရာရှိရင်
သူတစ်ပါး မနှစ်သက်တာကို
မလုပ်မိအောင် စာနာတတ်ရမယ်။
ကိုယ့်မှာ အပြစ်နဲ့မကင်းရင်
သူတစ်ပါး အမှားကို
လက်ညှိုးမထိုးမိအောင် နေတတ်ရမယ်။
ကိုယ့်မှာ ဝေဒနာရှိရင်
သူတစ်ပါး နာကျင်မှုကို
ခံစားပေးတတ်ရမယ်။
ကိုယ့်ကို ကဲ့ရဲ့တာ မကြိုက်ရင်
သူတစ်ပါး မကောင်းကြောင်းကို
မပုတ်ခတ်မိအောင် သတိထားရမယ်.....။
ကိုယ့်မှာ အမာရွတ်ရှိရင်
သူတစ်ပါး ဒဏ်ရာကို
နားလည်ပေးနိုင်ရမယ်။
ဒါဟာ ကိုယ်ချင်းစာတရားပဲ။
ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ
ဘယ်လောက်ပဲ တော်တော်
ဘယ်လောက်ပဲ တတ်တတ်
ကိုယ်ချင်းစာတရားမရှိရင် အလကားပဲ....။
လေးစားစွာဖြင့်....ပြန်လည်မျှဝေပါသည်။
29/11/2023
သူခိုးကြီးငတတ်ပြား
သူခိုးကြီးငတတ်ပြားသည် နမည်ကျော်ကြားပြီး စည်းကမ်းရှိသော သူခိုးဖြစ်ပါတယ်
မြန်မာသက္ကရာဇ် ၇၂၆-ခု သတိုးမင်းဖျားလက်ထက်တွင် စစ်ကိုင်း ရေဝန်းရပ်၌ ကျော်စောသော သူခိုးကြီးငတက်ပြားဟာ စည်းကမ်းချက်နဲ့အညီခိုးယူပြီး ဆင်းရဲသားများကို ပြန်၍ ဝှေမျှတတ်သော သူခိုးကြီးတစ်ဦးဖြစ်ပါတယ်
သူခိုးကြိးငတတ်ပြားသည် တန်ဆောင်မုန်းလပြည့်နေ့ည သန်းခေါင်ယံအချိန်မှာဖွားမြင်ပြီး စောရနက္ခတ်နဲ့ စန်းယှဥ်ကာဖွားမြင်လာသူတစ်ဥိးဖြစ်ပါတယ်
ငတတ်ပြားသည်ကြောင်ဆေးအောင်ပြီးညဘက်တွင်ကြောင်တစ်ကောင်လိုလုပ်ရှားနိုင် ပြီးနောက် စည်ကမ်းချက်များနဲ့အညီ ခိုးယူ ပါတော့တယ်
ငတတ်ပြားလိုက်နာသောစည်းကမ်းများ
၁ မိမိအရပ် မိမိနေထိုင်ရာအရပ်တွင်မခိုး
၂ဆင်းရဲသောသူမရှိသောသူထံမှမခိုး အကျင့်ပျက်သောဝန်ကြီး သူဋ္ဌေးသူကြွယ်ထံမှသာခိုး၏
၃ ခိုးယူသောအခါတွင်ရှိသောပစ္စည်း၏ ထက်ဝက်ခန့်သာခိုး ယူ၏
၄ နိုင်ငံအတွက်စုဆောင်းထားသော ဘဏ္ဍာ တိုက်မှ မခိုး ခိုယူပြီးပစ္စည်းများကို ဆင်းရဲသူများထံစွန်ကျဲ၍ အကုသိုလ်ဖြေလျော့၏
၅ ပစ္စည်းပိုင်ရှင် ကိုအနာတရပြုလုပ်ခြင်းမပြု ပစ္စည်းပိုင်ရှင်အတွက် ရလာသောပစ္စည်းကို ကောင်းမှုကုသိုလ်ပြုပေးခြင်း
စသောစည်းကမ်းများကိုလိုက်နာ၏
ငတတ်ပြားသည်အလွန်စွမ်း၍ ညဉ့်အခါ၌ စစ်ကိုင်းဘက်မှနေ၍ လှေဖြင့်ကူးကာ အင်းဝမြို့ မီးသွေးတိုက်တံခါးမှ ဝင်ပြီးသော် ဆင်းရဲသားအိမ်များ မဟုတ်ဘဲ မှူးမတ်၊ သူဌေးသူကြွယ်အိမ်များကိုသာ တက်ပြီးမှ ပစ္စည်းများကို သင့်တန် ရုံခိုး၍ စားသောက်နေထိုင်လေ့ ရှိသည်။
မှူးမတ်စသည်တို့ သိ၍ ဖမ်းဆီးကြသော်လည်း မမိနိုင်ဖြစ်၏
တစ်နေ့သော် သူခိုးကြီးငတက်ပြားသည် ဤသို့ ကြုံးဝါး၏။ `ငါ့ကို သတိုးမင်းဖျားရလျှင်သာ သတ်ရအံ့။ မရသော်ကား အဘယ်သူဝံ့အံ့နည်း´ဟုဆို၏။
ထိုစကားကို သတိုးမင်းဖျား ကြားသော် ဥပါယ်တမျဉ်ဖြင့် ဖမ်းအံ့ဟု ညဉ့်အခါ နန်းတော်ကဆင်းခဲ့၍ သူခိုးယောင်ဆောင်ပြီးလျှင် မီးသွေးတိုက်တံခါးမှ ထွက်လျက် ဧရာဝတီမြစ်ဆိပ်က သူခိုးငတက်ပြား အလာကို စောင့်နေလေသည်။
ငတက်ပြားလည်း လာနေကြလမ်းအတိုင်း လာ၍ မီးသွေးတိုက်ဆိပ်နားသို့ ရောက်သော် လှေပေါ်ကနေလျက် `ဟေ့ ကုန်းပေါ်က ဘယ်သူလဲ´ဟုမေးရာ၊ `ငါ ညဉ့်လူဟေ့´ဟု သတိုးမင်းဖျားက ပြန်ပြော၏။
ကုန်းသို့တက်မိလျှင် သတိုးမင်းဖျားက `ဆရာကြီးနှင့် အတူလိုက်လိုပါ၍ စောင့်နေပါသည်´ဟု ဆိုသောအခါ ငတက်ပြားလည်း အလွန်သဘောကျကာ နှစ်ယောက်လုံး မြို့တွင်းသို့ဝင်လျက် မှူးတော်၊ မတ်တော်များ၏ အိမ်သို့ဝင်၍ ပုတီး၊ နားတောင်း၊ လက်စွပ် စသည်များကို ခိုးယူပြီးလျှင် မြို့ပြင်မီးသွေးတိုက်သို့ ပြန်ခဲ့ကြသည်။
ထိုအခါ ငတက်ပြားလည်း အရက်သောက်လိုသည် ဖြစ်၍ သတိုးမင်းဖျားက အလွန်မူးယစ်အောင်တိုက်သဖြင့် လဲသောအခါမှ ခြေကျဉ်းခတ်၍ မီးသွေးတိုက်၌ သော့ခတ်ကာ ထားခဲ့၏။
နံနက်တွင် မှူးမတ်တို့ ပစ္စည်းပျောက်သည်ဟု အုတ်အုတ်ကျက်ကျက် ဖြစ်ကြကုန်၏။
သတိုးမင်းဖျားလည်း မှူးမတ်တို့၏ လက်စွပ်စသည်တို့ကို ဝတ်၍ ညီလာခံဝင်လေသည်။ မှူးမတ်တို့လည်း မိမိတို့လက်စွပ်ဟု သိသော်လည်း ဘုရင်ဖြစ်၍ မရိုးမစွပ်ဝံ့၊ တူသည်ဟူ၍သာ လျှောက်ကြကုန်၏။
သတိုးမင်းဖျားက `နင်တို့ သူခိုးငတက်ပြားကို ရအောင်မဖမ်းနိုင်၊ ညဉ့်က ငါဖမ်းမိပြီ၊ မီးသွေးတိုက်တွင် ယူချေ´ဟု စေလိုက်သည်။
ရှေ့တော်သို့ ငတက်ပြားရောက်သော် မင်းကြီးလည်း `နင့်ကို ငါမိပြီ၊ ရဲတင်း၊ ပုဆိန်၊ ဓားလှံ၊ တံကျင် စသည်တို့တွင် အဘယ်ကို အလိုရှိသနည်း´ဟု မေးတော်မူ၏။
ငတက်ပြားလည်း `အရှင်မင်းကြီး ကျွန်ုပ်ကို မိပြီဖြစ်သည်။ အလိုရှိသလို သတ်တော်မူတော့၊ အကျွန်ုပ် အလိုကို လျှောက်ရမည်ဆိုသော် မင်းကြီး မိဖုရား စောဥမ္မာကို အလိုရှိ၏´ဟု ရဲဝံ့ရွှင်ကြည်စွာ လျှောက်ပေသည်။
သတ္တိရှိသူကို နှစ်သက်သော သတိုးမင်းဖျားသည် အမျက်ရှိတော်မမူဘဲ ငတက်ပြား၏ သတ္တိရှိမှုကို ကြိုက်နှစ်သက်သည်က တစ်ကြောင်း၊ ညဉ့်အခါက တစ်ဦးအသက်ကို တစ်ဦး ကယ်ဆယ်တမ်းဟု ကတိရှိသည်ကတစ်ကြောင်း စသည်တို့ကြောင့် မသတ်ဘဲ ကျွေးမွေးထားလေသည်။
သူခိုးကြီးငတတ်ပြား သေသောအခါ ဆင်းရဲသားများသည် ငတတ်ပြား၏ကျန်ခဲ့သော ပစ္စည်းများကိုစုဆောင်း၍ မရှိခဏဘုရား တည်ထား၍ ငတတ်ပြား ၏ အကုသိုလ်ကံကိုလျော့စေ ၏
ငတတ်ပြား၏ မိန်းမ သည် အမေဂျမ်းဖြစ်သည်
#ညမဖတ်ရ
28/11/2023
မိပိုယ် အပါပိုယ်
😭😭😭😭😭😭
မံင်ဟွံမာန်ရ မိ
ယးသနာံ တေံ အဲကောန် ရာံဍာံဍာံရ မိယျေ
အဲကောန် ဗ်ှလိက်ဟွံမာန်ရ မိ😭😭😭
28/11/2023
တခိုးကြီးညဆိုတော့😏ပျောက်မှဆိုးလို့🔐
28/11/2023
When I get old.
26/11/2023
ကသပ်
Click here to claim your Sponsored Listing.
Category
Website
Address
12
Chaungzon
12
