KL7 GYM Fitness

KL7 GYM Fitness

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KL7 GYM Fitness, Health/Beauty, No. 298, Kha/8, Insein Myothit Zay, Yangon, Insein.

31/05/2024

📢📣အာလုံးပဲ မဂ်လာပါ ခင်ဗျာ📢📣
ကျွန်တော်တို့ KL7 GYM Fitnessသည် 1.6.2024 တွင်အပြီးတိုင်ပိတ်သိမ်းတော့မည်ဖြစ်ပါသဖြင့် ကျွန်တော်တို့မန်ဘာများမှ gymတွင်ထားရှိသော ဖိနပ်များနှင့်ယောဂမက်ဖျားများအာလာရောက်ယူပေးပါရန် လေးစားစွာပြောကြာအပ်ပါသည်ခင်ဗျာ။
မိမိပစွည်းအားလာယူချိန် gymပိတ်ထားပါက အောက်ပါဖုန်းနံပတ်အားခေါ်ဆိုနိင်ပါသည်ခင်ဗျာ...

No.09960795895

အမှတ် (298) ခ / ၈ လမ်း မြို့သစ် ၊အင်းစိန်မြို့ ရန်ကုန်

24/10/2023

အားလုံးပဲ မဂ်လာပါခင်ဗျာ
➖➖➖➖➖➖➖➖➖
KL7 GYM Fitness ကိုအတန်ဆုံးစျေးနှုန်း
သတင်းကျွတ် Promotion နဲ့စတင်လိုက်ပြီနော်
ကစားရန်နေရာကျယ်ဝန်ပြီးအပေါ်ထပ် နှင့် အောက်ထပ်
နှစ်ထပ်ရှိသည့်အပြင် စိတ်ရှည်စွာ ပြသပေတာကြောင့်
အပ်နှံကစားဖို့ KL7 Gym Fitness မှဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျာ ။ ဒါအပြင် Wi Fi free လည်ပါတယ်နော်

Promotion စျေးနှုန်းများ 🎁🎁🎁
➖➖➖➖➖➖➖➖➖➖➖➖➖
💢1 months ➖ 30000ks🎁

💢 3 months ➖ 80000 ks🎁

💢 6 months 150000 ks🎁

💢1Year. ➖ 360000 ks ➖ 280000 ks + 1 months🎁 ပေးသွားမှာဖြစ်ပါတယ် လူဦးရေးကန်သက်ထားလိုအမြန်အပ်နှံဖိုမမေ့နဲ့နော့်😍😍😍

weight gain ဖြစ်ဖြစ် Weight loss ဖြစ်ဖြစ် ကျန်မားရေး အတွက်ဘဲဖြစ်ဖြစ် အမြန်ဆုံးအကောင်ထည်ဖော်ဖို့အတွက် KL7 GYM Fitness က ကြိုဆိုလိုက်ပါတယ် ခင်ဗျာ။

အမှတ် (298) ခ / ၈ လမ်း မြို့သစ် ၊အင်းစိန်မြို့ ရန်ကုန်

အသေစိတ်ဆက်သွယ်စုံစမ်းလိုပါက. . . .
Ph. 09 963 096 797 သို့ဆက်ဆယ်စုံစမ်းမေးမြန်နိင်ပါတယ် ခင်ဗျာ ။

1.11.2023 မှ 15.11.2023 အထိ Promotionကိုရယူနိင်ပါပြီးခင်ဗျာ။
Promotion ယူမဲ့ညီအကိုမောင်နှမများက like &Share ပြုလုပ်ချင်ဖြစ်ယူနိင်ပါပြီးခင်ဗျာ 😘😘

Photos from Shaun "GK" Clarida IFBB Pro's post 24/08/2023
31/07/2023

အာလုံးပဲ မဂ်လာပါ😘
1 .8.2023 ဝါဆိုလပြည့်နေ kL7 gymတရက်ပိတ်ပါတယ် ခင်ဗျာ
2. 8.2023 တွင်ပြန်လှည်ဖွင့်လှစ်သွားမယ် 😘

19/07/2023

gym ဆော့ရင် မာဆယ် ညစ်တဲ့bro တိုအတွက်တစ်ကွက်😎😎

15/07/2023

အစားအသောက်ရွေးစားတဲ့အခါ calorie ကို
တွက်ချက်စားပါ။
🥚ကြက်ဥပြုတ်က 80 cal ပဲရှိပေမယ့်
🍳ကြက်ဥကြော်ကြတော့ 219 cal ရှိပါတယ်။
စမူဆာ ၃ခုမှ 91 cal ရှိပေမယ့်
အီကြာကွေးကြတော့ 314 cal ပါ။

စားတော့မယ်ဆို ဒီ ဇယားလေး ကြည့်ကြည့်ပီး
cal တွက်ချက်စားပါ 😊😊😊

ဥပမာ- လူတယောက်က ပေါင် ၁၅၀ ရှိတယ်ဆိုရင်
သူစားဖို့ လိုအပၲတဲ့ cal က 3000 cal ပါ။
အဲ့ လိုအပ်တဲ့ 3000 cal အစား 1000 cal လျှော့ပီးတစ်ရက် 2000 cal တွက်ချက်စားရင် weight က တဖြေးဖြေး ကျကို ကျပါတယ်။
ကိုယ်စားတဲ့ အစားအသောက်ကို
cal တွက်ချက်စားခြင်းဖြင့်
ဝိတ်လျှော့ကြရအောင် 😍

ကယ်လိုရီတန်ဖိုးများ
----------------------
🍯🥔🍠ကစီဓာတ်( carbohydrate)🍠🥔🍯
ထမင်း(ပန်းကန်လုံးတလုံးစာ)- ၂၀၀ ကယ်လိုရီ
ခေါက်ဆွဲခြောက်တထုပ် - ၂၀၀ ကယ်လိုရီ
ပြောင်းဖူးတဖူး - ၁၃၀ ကယ်လိုရီ
အာလူးတလုံး - ၇၀ ကယ်လိုရီ
ပေါင်မုန့်တချပ် - ၃၀ ကယ်လိုရီ
ချပါတီတချပ် - ၈၀ ကယ်လိုရီ
နံပြားတချပ် - ၉၀ ကယ်လိုရီ
cracker - ၁၆ ကယ်လိုရီ
ကိတ်မုန့်တလုံး(အရှည်) - ၂၄၀ ကယ်လိုရီ
မုန့်တီတပွဲ - ၃၀၀ ကယ်လိုရီ
သကြား(လက်ဖက်ရည်တဇွန်း) - ၁၆ ကယ်လိုရီ
ပျားရည်(လက်ဖက်ရည်တဇွန်း)- ၂၁ ကယ်လိုရီ

🥩🍗🍖အသားဓာတ် (protein)🍖🍗🥩
ကြက်ပေါင် - ၁၃၅ ကယ်လ်ုရီ
ကြက်ရင်အုပ် - ၁၆၅ ကယ်လိုရီ
ဝက်သား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
အမဲသား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
ဘဲသား(လက်တဖဝါးစာ) - ၃၃၀ ကယ်လိုရီ
ဆိတ်သား(လက်တဖဝါးစာ) - ၂၁၀ ကယ်လိုရီ
ငါးကြင်းတကောင် - ၂၈၀ ကယ်လိုရီ
ငါးခူးတကောင် - ၁၁၀ ကယ်လိုရီ
ကြက်ဥတလုံး - ၈၀ ကယိလိုရီ
ငုံးဥတလုံး - ၁၅ ကယ်လိုရီ

🧀🧈အဆီဓာတ် (fat )🧈🧀
ဆီ(လက်ဖက်ရည်တဇွန်း) - ၄၀ ကယ်လိုရီ
ဆီ(ထမင်းစားဇွန်း တဇွန်း) - ၁၂၀ ကယ်လိုရီ
နေကြာစေ့(လက်ခုပ်တခုစာ) - ၁၈၀ ကယ်လိုရီ
သစ်ကြားသီးတလုံး - ၂၅ ကယ်လိုရီ

🥭🍇🥑သစ်သီး🍇🥭🥑
ပန်းသီး - ၉၀ ကယ်လိုရီ
လိမ္မော်သီး - ၆၀ ကယ်လိုရီ
ငှက်ပျောသီး - ၁၀၀ ကယ်လိုရီ
သစ်တော်သီး - ၁၀၀ ကယ်လိုရီ
သရက်သီး - ၁၃၀ ကယ်လိုရီ
သခွားသီး - ၄၅ ကယ်လိုရီ
နာနတ်သီး - ၄၅၀ ကယ်လိုရီ
စပျစ်သီး - ၃ ကယ်လိုရီ
စတော်ဘယ်ရီသီး - ၄ ကယ်လိုရီ
ကြက်မောက်သီး - ၇ ကယ်လိုရီ
ရှောက်သီး - ၂၅ ကယ်လိုရီ
သံပုရာသီး - ၂၀ ကယ်လိုရီ
ဖရဲသီး - ၁၃၇၀ ကယ်လိုရီ
ရွှေဖရုံသီး - ၃၀၀ ကယ်လိုရီ
ဂရိတ်ဖရု - ၁၀၀ ကယ်လိုရီ
သလဲသီး - ၇၀ ကယ်လိုရီ
မာလကာသီး - ၄၀ ကယ်လိုရီ
ထောပတ်သီး - ၂၄၀ ကယ်လိုရီ
(သစ်သီးတွေက အရွယ်အစားပေါ်မူတည်ပြီး ကယ်လိုရီတွေ မတူကြဘူး၊ ဥပမာ ခြောက်လက်မလောက်ပဲရ်ှတဲ့ ငှက်ပျော်သီးတလုံးဟာ ၇၀ ကယ်လိုရီလောက်ပဲရ်ှပြီး ကိုးလက်မကျော်အရွယ်စားရ်ှတဲ့ ငှက်ပျောသီးတလုံးဟာ ၁၃၀ ကယ်လိုရီလောက်ရှိတယ်။ ဖော်ပြထားတဲ့ ကယ်လိုရီတွေက ပျမ်းမျှအရွယ်အစားရှိတဲ့ သစ်သီးတွေရဲ့ ကယ်လိုရီပမာဏတွေ ဖြစ်ပါတယ်။ သစ်သီးတလုံးမြင်တာနဲ့ အနီးစပ်ဆုံး ခန့်မှန်းနိုင်ရင် လုံလောက်ပါပြီ)

🥬🍅ဟင်းသီးဟင်းရွက်🍅🥬
ခရမ်းချဉ်သီး - ၂၀ ကယ်လိုရီ
ကြက်သွန်ဖြူတစိတ် - ၄ ကယ်လိုရီ
ကြက်သွန်နီတလုံး - ၄၀ ကယ်လိုရီ
ခရမ်းသီး - ၃၅ ကယ်လိုရီ
မုန်လာဥနီတတောင့် - ၄၀ ကယ်လိုရီ
ပဲသီး၊ပဲတောင့်ရှည်(၁၀၀ဂရမ်) - ၈၀ ကယ်လိုရီ
ဟင်းနုနွယ်(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ပန်းမုံလာ(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ကိုက်လန်(၁၀၀ဂရမ်)- ၅၀ ကယ်လိုရီ
ကညွတ်တချောင်း - ၃ ကယ်လိုရီ
(၁၀၀ ဂရမ်က လက်သီးဆုပ် သို့မဟုတ် လက်ဆုပ်တခုစာ ပမာဏနဲ့ ညီမျှတယ်လို့ အလွယ်မှတ်ပါ)

🍹🍻ဖျော်ရည်နဲ့ ယမကာ🍹🍻
နွားနို့တခွက် - ၁၂၀ ကယ်လိုရီ
ဒိန်ချဉ်တခွက် - ၁၄၀ ကယ်လိုရီ
ကိုလာ(သံဗူး) - ၁၄၀ ကယ်လိုရီ
ကိုလာဗူးကြီး(1.25L) - ၅၄၀ ကယ်လိုရီ
ရေခဲမုန့်တခွက် - ၁၃၀ ကယ်လိုရီ
အုန်းရည်တခွက် - ၅၀ ကယ်လိုရီ
ကော်ဖီမှုန့် ( 1 teaspoon) - ၄ ကယ်လိုရီ
ကော်ဖီတခွက် - ၅၀ ကယ်လိုရီ
လက်ဖက်ရည် - ၇၀ ကယ်လိုရီ
ကျွဲရိုင်းတဗူး - ၁၁၀ ကယ်လိုရီ
အရက်တခွက်(45ml) - ၁၀၀ ကယ်လိုရီ
ဘီယာတခွက် - ၂၀၀ ကယ်လိုရီ
ဘီယာသံဗူး - ၁၅၀ ကယ်လိုရီ
ဝိုင်တခွက်(150ml) - ၁၂၀ ကယ်လိုရီ

(🔺ဘီယာတခွက်ဟာ ထမင်းတပန်းကန်စာနဲ့ ကယ်လိုရီညီမျှတယ်ဆိုတာ အရင်မှတ်သားသင့်တယ်။
🔺ကော်ဖီ ☕️ ၊လက်ဖက်ရည်တွေကတော့ နို့ဆီ၊ သကြားထည့်တာပေါ်မူတည်ပြီး ကယ်လိုရီတွေကွာခြားသွားတယ်။
🔺ပြီးတော့ ရိုးရိုး နွားနို့နဲ့အဆီထုတ်ထားတဲ့ နွားနို့နဲ့ မတူပါဘူး၊ ကယ်လိုရီ ၃၀ လောက်ကွာတယ်။
🔺ဟင်းတခွက်ရဲ့ ကယ်လိုရီတန်ဖိုးကို တွက်မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို တစ်ခုချင်းကြည့်ပြီး ပြန်ပေါင်းလိုက်ရုံနဲ့ အလွယ်တကူ တွက်ချက်နိုင်မှာဖြစ်ပါတယ်။)

Credit
Photo crd Ha Hoang

09/07/2023

😅

20/04/2023

Hello အားလုံးပဲမဂ်လာပါ
➖➖➖
ချစ်ဘော်ဒါတို့စောင့်မျှော်နေတဲ့တန်ခူးလပရိုမိုးရှင်းလေးရောက်ရှိလို့လာပါပြီ ပရိုမိုရှင်းအနေနဲ့တော့....

💯 1 month -35000 ks

💯 3.months - 100000ks + 1month freeပေးသွားမှာဖြစ်ပါတယ်ခင်ဗျ။

အခုမှလာဆော့မည့်မိတ်ဟောင်းမိတ်သစ်များအားလုံးလည်းဘာအပ်လို့ရပါပြီးခင်ဗျာအရမ်းတန်လို့အမြန်လာအပ်ဖို့မမေ့နဲ့နော်...

ကစားရန်နေရာကျယ်ဝန်ပြီးအပေါ်ထပ် နှင့် အောက်ထပ်
နှစ်ထပ်ရှိသည့်အပြင် သန့်ရှင်းသပ်ရပ်ပီး နည်းစနစ်မှန်ကန်စွာပြသပေးနိင်သည့် ကျွမ်းကျင်သော Trainer
များရှိသည့်အတွက် မိမိလိုချင်သည့် Body အချိုးအစားကို အမြန်ဆုံးအကောင်ထည်​​​ဖော်နိုင် ရန် ယုံကြည်စိတ်ချစွာလာရောက်ကစားဖို့ ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျ😍။
wifi free လည်းပါတယ်နော် 😍

💢 ဝိတ်တွေအရမ်းတက်လိုစိတ်ညစ်နေလား?

💢 လေ့ကျင့်ခန်းလုပ်ပီး ဝိတ်မကျလို့ စိတ်ညစ်နေလား?

💢 အခက်ခဲအမျိုးမျိုးကြောင့် Depression ဝင်နေလား အားကစားလုပ်ခြင်းဖြင့် စိတ်ဖိစီးမူတွေလျော့ချဖို့
KL7 GYM fitness ကိုအမြန်ဆုံးလာရောက်ကစားဖို့ထပ်မံဖိတ်ခေါ်လိုက်ပါတယ်ဗျ ။

weight gain ဖြစ်ဖြစ် Weight loss ဖြစ်ဖြစ် ကျန်မားရေး အတွက်ဘဲဖြစ်ဖြစ် အမြန်ဆုံးအကောင်ထည်ဖော်ဖို့အတွက် KL7 GYM Fitness က ကြိုဆိုလိုက်ပါတယ်😍

အမှတ် (298) ခ / ၈ လမ်း မြို့သစ် ၊အင်းစိန်မြို့ ရန်ကုန်

အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက. . . .
Ph. 09 789 636 586 / 09 963 096 797 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိင်ပါတယ် ခင်ဗျာ ။

22/03/2023

ဘာလို့ gym ဆော့ရတာလဲ?

အများအားဖြင့် body လှချင်လို့ပါ။

Body လှအောင် မလုပ်နိုင်မှ ကျန်းမာရေးအတွက်ဆော့တာလို့ မုသား ဆိုတော့တာပဲ။

Gym ဆော့တယ်ဆိုတာ exercise တစ်မျိုးပါ။

အခုခေတ်အများစုက အခန်းထဲလေအေးပေးစက်နဲ့ ကစားတယ်ဆိုတော့ indoor game တစ်မျိုးပေါ့။

ဒါပေမယ့် သူမှာ အပိုပါတာက muscle mass တိုးလာတာပဲ။

ဆေးပညာအခေါ်အဝေါ်အရ hypertrophy ခေါ်ပါတယ်။

တိတိကျကျပြောရရင် muscle fiber တွေများလာတာပါ။

Muscle mass တက်လာရင်တစ်ခုကောင်းတာက သွေးထဲက သကြားဓာတ်ကို ပိုသုံးနိုင်ပါတယ်။

ဒါကြောင့် gym ကစားလို့ muscle mass တက်လာရင် ဆီးချိုသက်သာလာတာပါ။

ဒါပေမယ့် gym ကစားတဲ့ကောင်းကျိုးက ဒါထက်ပိုပါတယ်။

ဘယ် exercise မဆို တစ်နေ့ နာရီဝက်လောက် နေ့စဉ်ကစားပေးရင် လပိုင်းလောက်ကြာတဲ့အခါ ကစားလိုက်တာနဲ့ သွေးထဲမှာ endrophine ဆိုတဲ့ hormone တစ်မျိုးထွက်လာပါတယ်။

Endorphine ဆိုတာ endogeneous morphine ပါ။နာကျင်မှုကို သက်သာတယ်။စိတ်ကိုတည်ငြိမ်စေတယ်။စိတ်တည်ငြိမ်တာရဲ့ အကျိုးဖြစ်တဲ့ immunity(ကိုယ်ခံအား) တက်ပါတယ်။

ဒါကြောင့်သွေးကင်ဆာသမား gym ဆော့လို့ ကင်ဆာပျောက်တယ်ဆိုတာ တကယ်လည်းလက်တွေ့ဆန်ပါတယ်။

Morphine ကို အပြင်ကသုံးရင် သိပ်ဆိုးကျိုးများပါတယ်။ဒါပေမယ့် endrophine က ကိုယ်တွင်းက ထုတ်ပေးတဲ့morphine မို့ သိပ်ဘေးကင်းပြီး အကျိုးများပါတယ်။

စိတ်ဓာတ်ကျတာသက်သာတယ်။
နာကျင်တာပျောက်တယ်။
ခုခံစွမ်းအားတက်တယ်။
ကင်ဆာကာကွယ်တယ်။
မှတ်ဥာဏ်လည်းကောင်းစေပါတယ်။

Gym ကစားရင် reward chemical လို့ခေါ်တဲ့ dopamine လည်းထွက်ပါတယ်။

Dopamine ဟာ exercise, drugs,alcohol,food နဲ့ s*x တွေ့ကြောင့်ထွက်ပေါ်လာတတ်ပါတယ်။

သူဟာ လူတစ်ယောက်ကို စွဲလန်းစေတတ်တယ်။ဒါကြောင့် အရက်နဲ့ ဆေးတွေစွဲသွားကြတာပါ။
ဒါကြောင့် gym မှာ မိနစ်ပိုင်းလောက်နေ့စဉ်ကစားမည်ဆိုရင် dopamine ဟာ ကိုယ်တွင်းက ထွက်လာတတ်လို့ အပြင်က မလိုတော့ပါဘူး။ဒါကြောင့် gym ကစားတာဟာ ဆေး နဲ့ အရက်ဖြတ်ဖို့ပိုလွယ်ကူစေပါတယ်။

ရှေ့က ပြောခဲ့သလိုပဲ gym ကစားသူအများစုက body လှဖို့ သိပ်စိတ်ဝင်စားကြတယ်။

တစ်ချို့ကလှချင်ရုံသက်သက်ကစားတယ်၊တစ်ချို့က နာမည်ရချင်လို့ ကစားကြတယ်၊တစ်ချို့ကလည်း body အလှနဲ့ အိပ်ယာပေါ်ငွေရှာလို့ရအောင်ကစားကြပြန်ရော ကျွန်တော်ပြောတာ တဲ့တိုးမို့ တစ်ချို့လူတွေနာကောင်း နာသွားမှာပါ။

ဒါပေမယ့် ကျွန်တော်ပြောတာ မှန်လားမမှန်လားလေ့လာကြည့်ပါ။

Body ပြပြီး အိပ်ယာပေါ်ငွေရှာဖို့ gym ဆော့တယ်ဆိုတာက gym abuse ပါပဲ။

တကယ်gym ရဲ့ ပင်မရည်ရွယ်ချက်က လူတွေကျန်းမာရေးကောင်းလာအောင်ပါ။နောက်ပိုင်းမှ ကျန်းမာရေးနဲ့အတူ body shape လေးပေါ်လာမည်။

နောက်ပိုင်း ကြည့်ကောင်းလာတယ်ဆိုတာ ဆယ်တန်းက သင်ခဲ့တဲ့ Good health give grace and glow ဆိုတဲ့စာပါ။

Body building ပြိုင်ပွဲရောက်တိုင်း Steroid abuse လုပ်ပြီး body ကစားထားတာတွေ တွေ့ရပါသည်။

သူတို့သာ steroid ရဲ့ ဆိုးကျိုးတစ်ဝက်လောက်သိရင် သုံးပါ့မလား မသိတာလား မသိချင်တာလား သိနိုင်လောက်အောင် ဗဟုသုတ မရှိတာလား

Anabolic steriod ဖြစ်တဲ့ testrostone ဟာ ကြွက်သားတက်ဖို့ အရေးကြီးပါတယ်။ကြွက်သားတက်ဖို့ဆိုသူအများကြီးလိုပါတယ်။အများကြီးလိုလို့ အများကြီးသောက်တယ်ဆိုတာ ကိုယ်ခန္ဓာရဲ့ ဇီဝကမ္မကို နားမလည်တာပဲ။

Testrosterone ကို အပြင်ကထည့်တဲ့အခါ ကိုယ်ထဲက ထုတ်ပေးတဲ့ပမာဏကျလာပါသည်။ရေရှည်ဆို လုံးဝမထုတ်နိုင်တော့ပါ။ဒါဆိုရင် အဆိုးဆုံးရလဒ်က သားသမီးမရနိုင်တော့တာပါ။

နောက်ဖြစ်လာမှက Steroid ကြောင့်သွေးတိုးလာမည်။ဆီးချိုဖြစ်လာမည်။ကာမစွမ်းအင်နည်းလာမည်၊ ကိုယ်ခံအားကျလာလို့ တစ်ခြားရောဂါတွေဖြစ်လာမည်။

ကိုယ်ခန္ဓာက Hormone တွေကိုနားလည်ပြီး ကောင်းကောင်းကစားတတ်မည်ဆိုရင် တကယ်ကျန်းမာပြီးလှလာမှာပါ။

Insulin

သူက ကိုယ်ခန္ဓာက ထုတ်ပေးသော တစ်ခုတည်းသော hypoglycemic hormone ပါ။

သွေးထဲက သကြားကို ချပေးလို့ သူကို hypoglycemic လို့သုံးတာပါ။

သူထွက်လာတဲ့အခါ သွေးထဲက သကြားဓာတ်တွေကို ကြွက်သားနဲ့ အဆီ cell ထဲကိုပို့ပေးပါတယ်။အဆီစုလာတယ်ပေါ့။

နောက်တစ်ခုက ကြွက်သားထဲ သကြားဓာတ်လည်းပို့ပေးပါသည်။

သွေးထဲသကြားဓာတ်များလာတဲ့အခါ သူထွက်လာတတ်ပါတယ်။

ဒါကိုသာနားလည်မည်ဆိုရင် မကစားခင် insulin များများမထွက်အောင် ထိန်းရမည်ဆိုတာ သိလောက်မှာပါ။

ဒါကို နားမလည်တော့ မကစားခင် energy drink တွေသောက်ပြီး insulin တက်အောင်လုပ်လိုက်ကြတော့ လိုချင်တဲ့ weight loss အတွက် လမ်းမမြင်ပါ။

ပုံမှန်လေး သိပ်မချိုတာ သကြားသိပ်မပါတာစားထားမည်ဆိုရင် စကစားတာနဲ့ sympathetic system လို့ခေါ်တဲ့ ကိုယ်တွင်းအာရုံကြောစနစ်က insulin ထုတ်ပေးတာကို ဖိထားလို့ fat ပြိုကွဲတာ၊glycogen ဖြိုချတာ ပိုလုပ်ဖြစ်ပါတယ်။

မစားပဲဆော့တာကို တစ်ချို့လူတွေ အတွက်သဘောတူပေမည့် တစ်ချို့လူတွေကို သဘောမတူပါ။

Workout မလုပ်ခင်အစာစားသင့်လား၊မစားရဘူးလား အမြဲတိုင်ပတ်နေတဲ့အမေးပါပဲ။

ကျွန်တော်အမြင်ကတော့ လူလည်းကျန်းမာမည်။ခံနိုင်ရည်လည်းရှိမည်ဆိုရင် မနက်စောစော အစားမစားခင်workout လုပ်တာဟာ weight loss အတွက်ကော၊ကျန်းမာရေးအတွက်ကော အကောင်းဆုံးပါ။

မစားပဲကစားတော့ သွေးချိုကျသွားလို့မူးလာရင် energy drink လိုမျိုးသောက်နိုင်သလို၊ကြွက်သားကြီးထွားလိုလို့ protein shake
သောက်လို့လည်းရပါတယ်။သောက်ရင်တော့ အကောင်းဆုံးကဆော့ပြီးချွေးစထွက်ပြီးမှသောက်သင့်ပါတယ်။

Workout လုပ်လို့ချွေးစထွက်တာ sympathetic action activated စဖြစ်တာပါ။သူဟာ insulin ထွက်လာမှာကို ဖိထားလို့ သိပ်အဆီမစုမိပါဘူး။

Glucagon

ကစားလို့ သွေးထဲမှာရှိတဲ့ သကြားဓာတ်နည်းလာတဲ့အခါ glucagon ပေါ်လာပါတယ်။သူထွက်လာရင် အဆီတွေဖြိုဖျက်ပေးလို့ weight loss အတွက်သိပ်အကျိုးများပါတယ်။

Glucagon က pancreas ကထွက်တာပါ။

Cortisol

သူက catabolic steroids ပါ။Catabolic ဆိုတာ ဖျက်ဆီးတတ်လို့ခေါ်တာပါ။

Stress,low blood sugar,exercise
တွေကြောင့် adrenal glands က cortisol ကိုထုတ်ပါတယ်။

Cortisol တက်လာပြီဆို အဆီတွေကော ကြွက်သားတွေကော ပျက်စီးတော့တာပဲ။သူအများဆုံးထွက်တာ လေ့ကျင့်ခန်းလုပ်လွန်းပြီး၊ နားချိန်မရရင် ပိုထွက်ပါတယ်။

တစ်ချို့ကစားသမားတွေ ကြွက်သားသိပ်မထွက်တာ စားလည်းမစား လေ့ကျင့်ခန်းလည်းတအားလုပ် အကြာကြီးလည်းလုပ်လေတော့ cortisol တွေထွက်ကြွက်သားမတက်ဖြစ်ရပုံပါပဲ။

Epinephrine and Norepinephrine

သူတို့က amine hormone တွေပါ။သူတိုဟာ sympathetic system (SNS) အတွက်အရေးပါပါတယ်။SNS ဆိုတာဘာလဲပြောရရင် ကြောက်တဲ့အခါ အန္တာရာယ်နဲ့တွေ့တဲ့အခါ ပြေးဖို့လွှားဖို့ ပြင်ဆင်ပေးတဲ့ အလိုအလျောက် အာရုံကြောစနစ်ပါ။

သူက နှလုံးခုန်မြန်လာစေပြီး နှလုံးကောင်းကောင်း အလုပ်လုပ်လို့ နှလုံးကျန်းမာရေးကော၊အဆုတ်က အသက်မြန်မြန်ရှူစေလို့ အဆုတ်ကျန်းမာရေးကောကောင်းလာတတ်ပါတယ်။သူက အဆီပိုတွေဖျက်ပြီး သွေးထဲသကြားဓာတ်ကိုတက်စေပါတယ်။

Brain Derived Neurophic Factor(BDNF)

High intensity exercises လို့ခေါ်တဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ (အလေးနဲ့ကစားခြင်း)လုပ်ရင်ထွက်လာပါတယ်။သူက neurotransmitters လို့ခေါ်တဲ့ အာရုံကြောကြားဆက်သွယ်တဲ့ အရာဖြစ်သလို ဦးနှောက် cell အတွက်အရေးပါလို့ လေဖြတ်ထားတဲ့သူတွေ gym ဆော့ရင်း သက်သာလာကြတာ ကြားနေကြဖြစ်မှာပါ။

Insulin like growth factor(IGF)

သူဟာ peptide hormone ပါ။insulin ကဲ့သို့ အလုပ်လုပ်ပါတယ်။ဒါပေမယ့် သူရဲ့ကောင်းကျိုးက တစ်ကယ် body building ဆော့သူတွေအတွက် အရမ်းအကျိုးရှိပါတယ်။။သူကို ပြင်းတန်သော အလေးနဲ့ဆော့တဲ့လေ့ကျင့်ခန်းများ(high intensity exercise )များမှာ ကိုယ်ခန္ဓာက ထုတ်ပေးပါသည်။

Human Growth hormone (HGH)

သူက cell menbrane မှာပေါင်းတဲ့ peptide hormone ပါ။Anterior pitutary လို့ခေါ်တဲ့ brain တစ်နေရာကထုတ်ပေးပါတယ်။သူက ကြီးထွားစေတဲ့ ဂုဏ်သတ္ထိရှိပါသည်။HGH က cell growth ကိုဖြစ်စေတယ်၊ကြွက်သားတွေကြီးထွားစေတယ်၊အရိုးကိုသန်မာစေတယ်။အဆီချေဖျက်ခြင်းကို အားပေးပြီး ခုခံအားကောင်းစေသည်။သာမာန်လူတွေမှာလည်း ထွက်ပါတယ်။အဓိက ထွက်တာ လူတစ်ယောက်ရဲ့ အိပ်ပျော်နေစဉ် REM cycle လို့ခေါ်တဲ့ အိပ်မက်မက်တဲ့ အချိန်မှာ ပိုထွက်ပါတယ်။

နောက်ထပ်များများထွက်တာက high intensity exercises,heavy strength training နဲ့ တစ်ချို့သော cardio လေ့ကျင့်ခန်းတွေမှာ ထွက်ပါတယ်။

Testosterone (T)

သူက steroid hormone ပါ။သူကို ယောက်ျားလေးတွေရဲ့ ဝှေးစေ့ မှာ အမြောက်အများ၊အမျိုးသမီးတွေရဲ့ သားဥအိမ် မှာ တစ်ချို့တစ်ဝက်နဲ့ ကျား၊မ နှစ်ဦးလုံး၏ adrenal glands တွေက အနည်းငယ် ထုတ်ပေးပါသည်။သူကိုအားကစားသမားတွေ အထူးသဖြင့် body building သမားတွေက သုံးကြတာများပါသည်။

Testosterone, Human Growth hormone,Insulin like Growth Factor တို့က high intensity exercise အပြီး ကြွက်သားပျက်စီးသွားတာကို ပြုပြင်ဖို့၊အသစ်ဆောက်ဖို့အတူတကွလက်တွဲလုပ်ပါတယ်။

ကြွက်သားကို ကြီးထွားစေတာက Testosterone ,Human Growth hormone,Insulin like growth factor(IGF)ဆိုတဲ့ hormone သုံးခုကြောင့်ပါ။

သည်ထဲမှာ ပြသနာတက်နေတာက Testosterone ပါ။သူက လေ့ကျင့်ခန်းလုပ်တိုင်းထွက်တတ်တာ မဟုတ်လေတော့ မြန်မြန် body building လုပ်လိုသူတွေ များများသုံးချင်လို့ abuse ဖြစ်သွားတာ မဆန်းပါ။

Testosterone Steroid ဟိုမုန်းအများစုက cholesterol ကို အခြေခံပါသည်။

တကယ်လည်းကောင်းလွန်းပြီး အကျိုးလည်းအတော်များတာ ဆရာဝန်တိုင်းသိပါသည်။

အသက်ကယ်ဆေးတွေ၊ပန်းနာရင်ကျပ်ဆေးတွေသာမက ရောဂါတော်တော်များများမှာ steroid ကိုသုံးကြပါသည်။

ဒါပေမယ့် သူဟာကောင်းသလောက် ဘေးထွက်ဆိုးကျိုးလည်း အတော်များပါသည်။

ဒါကြောင့်ဆရာဝန်တွေတောင် ကြိုက်တဲ့သူ နဲ့ မကြိုက်တဲ့သူ ကွဲပြားသွားပါသည်။

Anabolic steroid ဆိုတာ ကျားဟိုမုန်း Testosterone ပါ။

ကျားဟိုမုန်းဟာ အမျိုးသမီး၊အမျိုးသား နှစ်ယောက်လုံးအတွက်လိုပါသည်။

သူမရှိရင် ဘာဖြစ်မလဲ။

ဆယ်ကျော်သက်အရွယ်မှာဆိုရင်

၁။အမျိုးသားတွေရင်သားထွက်လာမည်။(gynaecomastia)

၂။ကြွက်သားမဖွံ့ဖြို့တော့ဘူး။

၃။လိင်အင်္ဂါမဖွံဖြိုးဘူး။

၄။အမွေးအမျှင်နည်းတာ၊မရှိတာဖြစ်မည်။

အရွယ်ရောက်ပြီးပြီဆိုရင်

၁။လိင်စိတ်လျော့နည်းလာမည်။(reduced s*x drive)

၂။ပန်းသေပန်းညိုးရမည်(erectile dysfunction)

၂။ကြွက်သားအားနည်းမည်(muscle weakness)

၃။စိတ်ကျရောဂါရမည်။(depression)

အရွယ်အားလုံးမှာဖြစ်နိုင်တာက

၁။အရိုးကျန်းမာရေးကျဆင်းမည်။
၂။အရိုးကျိုးလွယ်မည်။
၃။ကြွက်သားကြီးထွားမှုကျဆင်းမည်။
၄။သက်လုံမကောင်းတော့ဘူး။

ဒါတွေမဖြစ်ရအောင် ကျား ဟိုမုန်းလိုအပ်ပါသည်။

အကောင်းဆုံးက သဘာဝတိုင်းထွက်လာအောင် အစားအစာ၊အဟာရ၊ုဖြည့်စွက်ဆေးတို့နဲ့ နည်းမှန်လမ်းမှန် ပြုပြင်သင့်ပါသည်။

ဒါပေမယ့် တစ်ချို့သော အားကစားသမားတွေဝါ သူတို့ ကျားဟိုမုန်းဖြစ်တဲ့ anabolic steroid ကို သုံးလိုက်ရင်ကြွက်သားကြီးထွားမည်။အားကစားစွမ်းအင်တက်လာမည်၊သက်လုံကောင်းလာမည်ဆိုပြီး လိုအပ်တာထက် အဆတစ်ရာလောက် လွဲမှားစွာသုံးကြတော့ မလိုလားအပ်တဲ့ ကျန်းမာရေးချို့တဲ့မှုတွေဖြစ်လာကြပါသည်။

Anabolic steroid ကို အရပ်အခေါ်က (အနောက်နိုင်ငံမှာ ပြောတာနော်) Roid,juice,Gym canday,420 လို့ခေါ်ကြသည်။

သောက်ဆေးရှိသလို၊ထိုးဆေးလည်းရှိပါသည်။

သုံးလေရှိတဲ့ anabolic steroid အချို့က သောက်ဆေးဆိုရင် Anadrol,Dianabol,Oxandrin တွေပါ။

ထိုးဆေးက Deca-Durabolin နဲ့ Depo- Testosterone ပါ ။Depo ဆိုတာ အရေပြားထဲထိုးထည့်လို့ ခေါ်တာပါ။

တစ်ချို့က anabolic steroid ကို သုံးလိုက်ဖြတ်လိုက်လုပ်ပြီးဘေးထွက်ဆိုးကျိုးကိုရှောင်ကြတယ်။ဒါကို cycling ထိုးနည်းလုပ်တယ်ပြောကြတယ်။

တစ်ချို့က နည်းနည်းနဲ့စထိုးတယ် ပြီးတော့ ပြိုင်ပွဲရက်မှာ အများကြီးထိုးပြီး တစိဖြည်းဖြည်းလျော့သွားသည်။သူလည်း ဘေးထွက်ဆိုးကျိုးနည်းအောင်လုပ်တာပါပဲ။သည်ထိုးနည်းကို pyramiding ထိုးနည်းခေါ်သည်

တစ်ချို့က ထိုးနည်းကို stacking လို့ခေါ်တယ်။steroid နှစ်မျိုးလောက်ပေါင်းထိုးတာပါ။

သည်ထိုးနည်းတွေဟာ steriod ရဲ့ဘေးထွက်ဆိုးကျိုး သက်သာလားဆိုတာတော့ ခိုင်မာတဲ့ စမ်းသပ်ချက်မရှိသေးပါ။

သည်လောက်များများလွဲမှားစွာသုံးရင် ဘာဖြစ်မလဲ။

ကာလတစ်ခုကြာသုံးခဲ့ရင်

အဆိုးဆုံးစိတ်အခြေအနေကို roid rage လို့ခေါ်သည်။စိတ်ဆိုးလွယ်ပြီး ပြင်းထနိစွာပေါက်ကွဲတတ်လို့ အဖျက်လုပ်ငန်းလုပ်တတ်ပါသည်။

သိပ်မဆိုးရင်

အကြောင်းပြချက်မရှိပဲ အစွန်းရောက် မကျေမနပ်ဖြစ်တဲ့ အခြေအနေ paranoid jealously

လွဲမှားတဲ့ အတွေးတွေ၊ယုံကြည်ချက်တွေ ဖြစ်လာတဲ့ အခြေအနေ delusions

ဂနာမငြိမ် တာတွေ၊ ဆုံးဖြတ်ချက်မချနိုင်တွေဖြစ်တတ်ပါသည်။

ကာလကြာစွဲသုံးမည်ဆိုရင် ပြင်လို့မရတဲ့ ကျန်းမာရေးချို့တဲ့မှုတွေရနိုင်ပါသည်။

များပြားလှတဲ့ steroid ကို သနိ့စင်ပေးတဲ့ အသည်း ပျက်စီးတတ်ပါသည်။ကင်ဆာလည်းဖြစ်နိုင်သည်။

Steroid ကြောင့် ရေ နဲ့ ဆား ကိုယ်ထဲများလာရင် သွေးထိုးလာမည်။ကျောက်ကပ်ပျက်စီးလာမည်။

သွေးပေါင်ကြောင့် နှလုံးကြီးလာနိုင်သလို steroid ကိုယ်တိုင်က သွေးကြောပိတ်အောင်လုပ်တဲ့အကြောင်းဖြစ်နေပါသည်။

Anabolic steroid ဟာ မကောင်းတဲ့ အဆီ LDL ကို သွေးထဲများစေသလို ကောင်းတဲ့အဆီ HDL ကို သွေးထဲလျော့နည်းစေလို့ နှလုံးရောဂါတွေ၊လေဖြတ်တာတွေ အသက်ငယ်ငယ်နဲ့ ဖြစ်စေပါသည်။

အမျိုးသားတွေမှာ

ဝှေးစေ့သေးတာတွေ
သုတ်ပိုးနည်းသွားတာတွေ
ထိပ်ပြောင်လာတာ
ရင်သားထွက်လာတာ
ဆီးကျိတ်ကင်ဆာ တာတွေဖြစ်တတ်ပါသည်။

အမျိုးသမီးတွေမှာ

ထိပ်ပြောင်တာ
မုတ်ဆိတ်တွေ၊နှုတ်ခမ်းမွေးတွေထွက်လာတာ
ရာသီသွေးမပေါ်တော့တာ
အသံသြသွားတာတွေ ဖြစ်တတ်ပါသည်

ဆယ်ကျော်သက်တွေ သုံးမည်ဆိုရင် အရပ်တော့ ကျိန်းသေ ပုသွားမှာပဲ။

ထိုးဆေးတွေမှာ အပ်မသန့်ရင် ရောဂါပိုးကူးစက်ပါလိမ့်မည်။

ဆိုးကျိုးများတဲ့ steroid မသုံးပဲရပ်ချင်သည်။

ချက်ချင်းရပ်မရပါ။

ချက်ချင်းရပ်ရင် ရူးကြောင်မူးကြောင်၊အိပ်ချိနိတွေပြောင်း အမြဲနုန်းသွားတတ်သလို တစ်ခြား အသက်အန္တာရယ်ရှိတဲ့ အခြေအနေလည်းဖြစ်နိုင်ပါသည်။

အကောင်းဆုံးက ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးဖြတ်သင့်ပါသည်။

အဆုံးသတ်အကြံပေးလိုတာ Testosterone မြှင့်တင်တဲ့ နည်းလမ်းတွေရှိပါသည်။

သေချာတတ်တဲ့ ဆရာသမား(trainers)ထံ လမ်းညွှန်ချက်ရယူပြီး gym ကစားမည်ဆိုရင် လိုချင်တဲ့ ရလဒ်က ရဖို့ကြာနိုင်ပေမည့် ကျန်းမာခြင်းကိုတော့ အပိုင်ရမှာပါ။

18/02/2023

မခိုးတတ်ရင်ပြော သင်ပေးမယ် 😅gymတော့လာကစား

Want your business to be the top-listed Beauty Salon in Insein?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 298, Kha/8, Insein Myothit Zay, Yangon
Insein
11011