Graymelin Myanmar

Graymelin Myanmar

Share

Officially Imported from Korea directly . Good Natural Ingredients With Fair Price. Go Glow with Us ❤

26/05/2026

ဆားဝက်ခြံတွေ ဗရပွနဲ့ မျက်နှာအသားအရေက
ကြည်လင် ချောမွတ်မနေတော့ဘူးဆိုရင်
Graymelin Canola Cleansing oil သုံးပြီး
ဖြေရှင်းကြည့်ပါနော်🤗

ဆားဝက်ခြံ မရှိအောင် ထိန်းသိမ်းနည်း‌တွေထဲမှာ
Exfoliating သေချာလုပ်ဖို့၊ အသားအရေ
အစိုဓာတ်ပြည့်နေအောင် Moisturizing လုပ်ဖို့
အပြင် Double Cleansing ပုံမှန်လုပ်ပေးဖို့လည်း
မဖြစ်မနေ လိုပါတယ်😉

ဆားဝက်ခြံ( Blackhead) ဆိုတာမျိုးက အရေပြားပေါ်က ချွေးပေါက်လေးတွေထဲမှာ အဆီနဲ့ ဆဲလ်သေတွေ ပိတ်ဆို့ပြီး လေနဲ့ထိတွေ့တဲ့အခါ မည်းသွားတာကြောင့် အဓိက ဖြစ်စေတာမို့ အဆီနဲ့ အညစ်အကြေးတွေကို နေ့စဉ် သေချာ ဖယ်ထုတ်နေရမှာပါ။

မိတ်ကပ်နဲ့ Sunscreen အများစုက အဆီတွေ ပါတာများတာမို့ အဆီကို အဆီနဲ့ ဖျော်တဲ့နည်းက
ပိုပြီး ထိရောက်စေပါတယ်။

ဒါကြောင့် အဆီပါတာ အသုံးများတဲ့ ဆားဝက်ခြံသမားတွေက Double Cleansing လုပ်တဲ့အခါ
Cleansing oil ကို ပိုရွေးသင့်ပါတယ်။

Cleansing oil ရွေးမယ်ဆို Korea ရဲ့ Olive Young မှာ ဆုရဖူးတဲ့ Graymelin Canola Cleansing oil လေး ရွေးလို့ရပါတယ်နော်။

သူက Full Size မသွင်းဖြစ်လို့ Travel size လေးပဲ
ရပေမဲ့ ဘူးသေးနဲ့တင် အသုံးခံပါတယ်နော်။

စမ်းသုံးဖို့ အဆင်ပြေသလို ခရီးသွားတဲ့အခါ
သယ်ရလွယ်စေပါတယ်။

သူ့ကိုကျ Canola Oil 95% နဲ့ လုပ်ထားတာမို့
အသားအရေကို စိုပြေပြီး Aging Care အတွက်ပါ
အထောက်အကူ ပြုပါတယ်။

Waterproof make up တွေကအစ ပြောင်အောင်ဖျက်နိုင်တဲ့အထိ Cleansing power ကောင်းတာမို့
သုံးပြီးရင် အကြိုက်တွေ့သွားစေမှာပါ။

ဆားဝက်ခြံတွေလည်း တကယ်ကန်ထွက်ပြီး
ကြည်ကြည်ပြောင်ပြောင်လေး ဖြစ်လာစေတာမို့
မသုံးဖူးသေးရင် စမ်းသုံးကြည့်ဖို့ မမေ့ပါနဲ့နော်။

price -12000 (50 ml )

23/05/2026

ဆန်ချစ်သူတွေ ကြိုက်ကြတဲ့ Graymelin Rice Mild set လေး ပြန်ရထားတဲ့ အထိမ်းအမှတ်အနေနဲ့
မင်မင်က လက်ဆောင်လေး ပေးပါဦးမယ်🥰

အားလုံးသိကြတဲ့အတိုင်း ဆန်က အသားအရေအတွက် အကျိုးကျေးဇူးတွေ အများကြီးပဲနော်။
အဓိကကတော့ Brightening effect ကောင်းတာဆိုပေမဲ့ သူက အမည်းစက်တွေ သက်သာစေသလို
နေလောင်တာကိုလည်း နဂိုအတိုင်း အသားပြန်ညီစေပါတယ်။ အမာရွတ်တွေလည်း မှိန်စေသလို
Skin barrier ကိုလည်း အားကောင်းစေပါတယ်။
Collagen တိုးပွားစေလို့ အရေးအကြောင်းတွေ
သက်သာစေသလို အသားအရေကို စိုပြေတင်းရင်း နုပျိုစေပါတယ်။
အသားကြမ်းတာကိုလည်း ပြန်ပြီး နူးညံ့လာစေသလို Gentle exfoliating effect ပါလို့ ချွေးပေါက်မပိတ်အောင်လည်း တားဆီးပေးပါတယ်။
Calming and Soothing effect လည်း ရစေပါတယ်။

Graymelin ရဲ့ Rice Mild set ကလည်း Rice Bran Water 70% စီလောက် ပါတာမို့ ဆန်ရဲ့
ကောင်းကျိုးတွေကို တကယ်ပေးစွမ်းပါတယ်နော်။
သုံးဖူးသူအများစု ထပ်ခါထပ်ခါ ပြန်ဝယ်ကြလို့
ပစ္စည်းပြတ်တဲ့အထိပါပဲ။

အခုတော့ အတော်ကြာ ပြတ်နေရာက ပြန်ရောက်ထားပြီမို့ မင်မင်က တစ်ယောက်စာ တစ် set
လက်ဆောင်ပေးပါမယ်နော်။

‼️ Giveaway မှာ ပါဖို့ဆိုရင် ဒီ post လေးကို
share ထားတဲ့ Ss နဲ့အတူ Graymelin ထဲက
သုံးဖူးတာလေးတွေကို Feedback အနည်းငယ်
ရေးပေးခဲ့ပါနော်။
မသုံးဖူးသေးရင်တော့ ကြိုက်တာ ရေးခဲ့လို့ ရပါတယ်။

Winner ကို လာမယ့် Sunday မှာ ကြေညာပေးပါမယ်နော်၊ အားလုံးပဲ Good luck ပါ🎉🥰🍀

23/05/2026

ခဏနေ မင်မင် Rice set Giveaway လေး မတင်ခင် GG က Giveaway လေး အရင် join ထားပေးပါဦးနော်🥰

ပြတ်တုန်းလပ်တုန်း ၂၃ မှာ သုံးစရာ Skincare တွေ
ကုန်နေပြီဆိုရင် မင်မင်ပေးတဲ့ Giveaway လေး
ဝင်ယူသွားပါဦးနော်🤩🤩

ပြီးခဲ့တဲ့အပတ်က ပေးထားတဲ့ Dr Banggiwon No Sebum Shampoo က မနက်ဖြန်ညမှာ ရွေးပေးမှာမို့
မမန့်ရသေးရင် သွားမန့်ထားပါဦးနော်။

ဒီနေ့ ပေးမှာလေးကတော့ Scinic Brand ရဲ့
The Simple Set ထဲက Cleanser+ Toner+ Moisturizer 3 မျိုးပါ တစ် set ပဲ ဖြစ်ပါတယ်🥰

GG Official Brand တစ်ခုဖြစ်တဲ့ Scinic Brand လေးက Mid range skincare တွေထဲမှာတော့ Quality စိတ်ချရပြီး ဈေးသက်သက်သာသာ သုံးချင်သူတွေအတွက် အထူးသင့်တော်ပါတယ်နော်။
သူ့ထဲမှာဆိုရင် Hyaluronic acid set, Snail set,
Cica set တွေအပြင် Clinic effect ရတဲ့ Shot serum, PDRN Cream, Retinal , Treatment Essence တွေလည်း ရပါတယ်။
ဒါ့အပြင် Sensitive skin တွေပေါတဲ့ မြန်မာအသားအရေတွေအတွက် Soothing and Calming effect ပေးတဲ့ The Simple line လည်း ရှိနေပါတယ်နော်။

The Simple Line လေးကတော့ နာမည်လေးအတိုင်း
ရိုးရှင်းပြီး pH balance ဖြစ်အောင် ထုတ်ထားတာပါ။
ဘယ်သူတွေအတွက် သင့်တော်လဲဆိုရင်
ဘာသုံးသုံး မတည့်တဲ့ Sensitive skin တွေ၊
Skin barrier ပျက်စီးထားသူတွေ၊
အခုမှ Skincare စလုပ်မယ့် Teenager တွေ၊
ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊
အသားအရေ ပြဿနာဘာမှသိပ်မရှိ၊ ရေဓာတ်ဖြည့်ရင် ရပြီဆိုသူတွေ၊ Breakout ဖြစ်နေလို့
Active ingredient အပြင်းစား သုံးမရသူတွေအတွက် အထူးသင့်တော်ပါတယ်။
Gentle but effective ဆိုတဲ့အတိုင်း ရိုးရှင်းပေမဲ့
ထိရောက်တာမို့ မကောင်းမှာ မပူပါနဲ့နော်။
texture လေးတွေကအစ Lightweight ဖြစ်ပြီး
Clinic က ပေးတဲ့ skincare တွေ သုံးရသလို
ခံစားရစေမှာပါ။

အခုမှ စပြီး စမ်းသုံးချင်သူတွေအတွက်
မင်မင်က အောက်က 3 မျိုးပါ တစ် set ကို
တစ်ယောက်တည်းအတွက် လက်ဆောင်ပေးပါမယ်နော်။

စည်းကမ်းချက်လေးကတော့ ဒီ post လေးကို
Share ထားတဲ့ Ss နဲ့အတူ GG ထဲက သုံးဖူးတာလေးတွေကို review အတိုလေး ပေးခဲ့ရင် ရပါပြီနော်။
မသုံးဖူးသေးရင်တော့ ဘာကြောင့်သုံးချင်တာလဲ
ဆိုတာလေး ရေးပေးခဲ့ပါနော်။

လာမယ့် Sunday မှာ Winner ရွေးပေးပါမယ်နော်။

Photos from Graymelin Myanmar's post 21/05/2026

💛Sunscreen သေချာမလိမ်းဘဲနဲ့တော့ တင်းတိပ်အမည်းစက်နဲ့ အရေးအကြောင်းတွေ သက်သာ ပျောက်ကင်းချင်လို့ မရပါဘူးနော်🥹

Skincare ထဲမှာဆို Cheat Code လုပ်လို့မရတဲ့အထဲ
Sunscreen က ထိပ်ဆုံးက ပါပါတယ်⭐

ငယ်တုန်းမှာ မသိသာရင်တောင် 30 ကျော်လာတာနဲ့အမျှ တင်းတိပ်လေးတွေ တဖြည်းဖြည်း စထွက်လာတာ၊ အရေးအကြောင်းလေးတွေ စပေါ်လာတာ မြင်ရမှာပါ။

ဖြစ်ပြီးမှ ကုမယ်ဆို အချိန်ပိုပေးရပြီး စိတ်မချမ်းသာရတာမို့ ငယ်ငယ်ကတည်းက Sun Protection ကို Essential Routine ထဲ ထည့်ဖြစ်အောင် ထည့်ပါနော်။

Sunscreen ရွေးတဲ့အခါ ဘာကြီး ညာကြီးထက်
SPF ပြည့်ဝပြီး ကိုယ့်အသားအရေအတွက် သက်သောင့်သက်သာဖြစ်တာကိုပဲ ပိုရွေးသင့်ပါတယ်။

Sunscreen အများစုက ကုသတာထက် Protect အပိုင်းမှာပဲ ပိုဦးစားပေးကြတာပါ။

နေ့တိုင်း သေချာလိမ်းရင် တစ်ဘူးကို ရက် 50 လောက်ပဲ ခံတာမို့ ခဏခဏ ဝယ်ရသလို ဖြစ်မှာကြောင့် Budget ကို ကြိုချိန်ထားဖို့လည်း လိုအပ်ပါတယ်။ ပိုက်ဆံပေါရင်တော့ Brand ကောင်းကောင်းနဲ့ ဈေးကြီးတာ သုံးနိုင်လေ ကောင်းလေပါပဲ။

ကိုယ်က ဈေးအများကြီး မသုံးချင်ဘူး၊
SPF ပြည့်ဝပြီး Quality အသင့်အတင့်ထဲက
သုံးချင်ရင်တော့ Graymelin Return Sun Block လေး ရှိပါမယ်နော်။

သူက လူကြိုက်များတဲ့ Return set ထဲကပဲမို့
သုံးစွဲသူ အများစု ကြိုက်ကြပါတယ်။
Sun Protection အပိုင်းမှာ စိတ်ချရသလို
Galatomyce,Niacinamide, Ceramide, Adenosine
တို့လို ingredient အကောင်းတွေ ပါတာမို့
အစိုဓာတ်ပြည့်ဝပြီး တင်းတိပ်အမည်းစက်နဲ့ အရေးအကြောင်းတွေကို အထိုက်အလျောက် သက်သာစေပါတယ်။

Hybrid type မို့ လိမ်းရတာ ဖြူတာ ပြာတာ မဖြစ်ဘဲ
Glow look ကိုတော့ ပေးပါတယ်။

All skin type ရပြီး Oily skin ဆို မနက်ခင်း Moisturizer skip လိုက်ရင်
ပိုအဆင်ပြေပါတယ်နော်။

အသက်ကြီးတဲ့အခါ တင်းတိပ်နဲ့ အရေးအကြောင်းတွေ သိသိသာသာ မဖြစ်ချင်ရင် အခုကစပြီး
Sunscreen ကို နေ့တိုင်း သေချာ ပြည့်ဝအောင်
လူးဖို့ မမေ့ပါနဲ့နော်။

Return set က လတ်တလော အကုန်ရသေးပေမဲ့
Serum က အနည်းဆုံး ဖြစ်နေပါပြီနော်။

Price -
Sun Cream - 38000 ( 50 ml )
Toner - 42000 ( 200 ml )
Cream - 38000 ( 50 ml )
Serum - 42000 ( 50 ml )

20/05/2026

ပြတ်တုန်းလပ်တုန်း ၂၃ ကျရင် မင်မင်က လတ်တလောကမှ ပြန်ရောက်ထားတဲ့
Rice Mild set လေး Giveaway ပေးမှာမို့
ကံထူးရှင်က ကိုယ်ဖြစ်မယ်လို့ထင်ရင် အခု မဝယ်သေးဘဲ စောင့်နေလို့ ရပါတယ်နော်🤗🤗

19/05/2026

🌾အသားဖြူကြည်ပြီး ချွေးပေါက်ကျဉ်းစေတဲ့
Rice Mild Gel လား🤗

🍀 အဆီဖုနဲ့ ဝက်ခြံဖုကြီးတွေ သက်သာပြီး
နီမြန်းရောင်ရမ်းတာအတွက် ရှယ်ကောင်းတဲ့
Mugwort Calming Gel လား🤗

နှစ်မျိုးစလုံး ရနေပြီမို့ ကိုယ့်အသားအရေပြဿနာနဲ့
ကိုက်ညီတာကို ရွေးဝယ်လို့ ရပါပြီနော်။

တည့်မတည့် မသိရသေးခင် စမ်းသုံးမယ်ဆို
mini size လည်း ရပါတယ်နော်။

Price - 36000 ( 100 ml )/
14000 ( 30 ml )

18/05/2026

ကဲ တစ်မေးတည်း မေးနေကြတဲ့ Graymelin Rice set လေး ပြန်ရောက်ပါပြီနော်🤩🤩

Texture အေးအေးကျဲကျဲလေးတွေနဲ့ လိမ်းရတာ
ပေါ့ပါးပြီး အသားကို သိသိသာသာကြည်စေတာမို့
နွေနေပူကြောင့် အိုက်စပ်ပြီး ညိုညစ်နေတဲ့သူတွေ
အမြန်သာ ယူထားပါတော့နော်။

Gel ကတော့ အလုံအလောက်ပါပေမဲ့ Toner က
2 ဖာတည်း ပါတာမို့ လက်သွက်မှပဲ ရမှာပါနော်🥹

တည့်မတည့် စမ်းသုံးချင်သူတွေအတွက် Gel mini လည်း ရပါသေးတယ်နော်။

Price -
Toner - 36000 ( 200 ml )
Gel - 36000 ( 100 ml )/ 14000 ( 30 ml )

16/05/2026

7 နှစ်လောက် မပျောက်ခဲ့တဲ့ ဝက်ခြံတွေ
Graymelin Mugwort set လေးမှ လုံးဝသက်သာသွားတာဆိုတဲ့ Honest review စစ်စစ်လေး🤩🤩

အနာနဲ့ဆေး တွေ့သွားပြီဆိုရင် ဝက်ခြံပြဿနာဆိုတာ ဘာမှ ထူးထွေ ကြောက်စရာ မလိုတာမို့
ကိုယ်နဲ့ အဆင်ပြေနိုင်တာကို ရွေးချယ်သုံးတတ်ဖို့ပဲ
လိုပါတယ်နော်။

ရွေးစရာ Skincare တွေ အများကြီး ရှိပေမဲ့
Customer review ကောင်းများစွာ ရထားတဲ့
Graymelin Mugwort လေးက စမ်းသုံးဖို့
mini size တွေပါ ထုတ်ပေးထားလို့ တည့်မတည့်
သိချင်သူတွေအတွက် အခွင့်အရေးကောင်းပါပဲနော်။

သုံးစွဲသူအများစုကတော့ အနာနဲ့ဆေး တွေ့ပြီး
ပုံထဲကလို စိတ်ချမ်းသာ ကုန်ကြတော့တာပါ။

လူကြိုက်များပြီး ပစ္စည်းခဏခဏ ပြတ်တတ်တဲ့
ပြဿနာလေးတော့ ရှိတာမို့ လတ်တလော
ရနေတုန်း ဝယ်သုံးကြည့်ဖို့ မမေ့ပါနဲ့နော်🤗🤗

‎Mugwort set price
‎Cleanser -36500 (150 ml )/ 14000 (50 ml )
‎Toner -39500 (200 ml )/ 13000 (50 ml )
‎Gel -36000 (100 ml )/ 14000 (30 ml )

‎Cream -42000 (50 ml )
‎Serum -42000 (50 ml )
‎Essence -45000 (100 ml )
‎Heating pack -42000 (100 ml )
‎Heating Pack Sample -2500 (5 ml )

14/05/2026

✨ မျက်နှာက Glow လွန်းလို့ ဘာတွေသုံးတာလဲ ဆိုပြီး သူများတွေ ခဏခဏမေးတဲ့ဒဏ်ကို ခံနိုင်မှ
Graymelin ရဲ့ Bifida set ကို သုံးပါနော်🤗

Graymelin ရဲ့ Bifida ကိုသုံးမယ်ဆိုရင်တော့ ဟယ်
အသားတွေ ကြည်လာတယ်နော်၊ ချွေးပေါက်တွေ
မသိသာတော့ဘူးနော်၊ တစ်နေ့တစ်နေ့ ပိုပိုနုပြီး
လှလာတယ်နော်၊ နေလောင်အမည်းစက်တွေ မရှိတော့ဘူးနော် ဆိုတဲ့ ပတ်ဝန်းကျင်ရဲ့
အားကျမှုတွေ ခဏခဏ ခံရမှာဖြစ်သလို
အပေါ်ယံဖြူတာမဟုတ်တဲ့ အတွင်းထဲကနေ
လှိုက်ပြီး ကြည်တက် Glow Glass ဖြစ်တာကို မရချင်လည်း ယူကိုယူရမှာပါ🥹

သုံးဖူးသူတိုင်း ကြိုက်လွန်းလို့ ခဏခဏပြန်ဝယ်ပြီး
စွဲသုံးကြတဲ့အထိကို တကယ်ကောင်းသောပါပဲ။

Texture တွေကအစ ကျဲကျဲလေးနဲ့ စိမ့်ဝင်လွယ်သလို Hydration ကောင်းတာမို့ စိုစိုအိအိလေးနဲ့
စိတ်ကျေနပ်နေရမှာပါ။

Bifida က probiotics skincare ဖြစ်လို့
ရှားပါးပြီး ဈေးလည်းကြီးပေမဲ့ Graymelin က
အခုထိ Budget မထိအောင် Fair price နဲ့
ရောင်းပေးနေတာဖြစ်လို့ Skincare ရကျိုး
နပ်ချင်ရင် သုံးဖြစ်အောင် သုံးကြည့်ဖို့ မမေ့ပါနဲ့နော်။

price -
Toner - 45000 ( 200 ml )
Serum - 45000 ( 50 ml )

13/05/2026

ဝက်ခြံအဆီဖုအတွက် ရှယ်အားကိုးလို့ရတဲ့
Graymelin Mugwort Pure Toner နဲ့
Centella 50 Regeneration Toner ဘာကွာလဲ
သိချင်ကြလား🤗

Acne prone skin ဝက်ခြံအဆီဖုသမားတွေအတွက်တော့ Centella တို့ Mugwort တို့က တကယ့်ကို
ကယ်တင်ရှင်ပါပဲနော်။

အဲဒီ အရွက်‌တွေနဲ့ ထုတ်တာလေးတွေက Soothing and Calming effect ရစေပြီး နီမြန်းရောင်ရမ်းတာတွေ သက်သာစေသလို ဝက်ခြံဖြစ်စေတဲ့ Bacteria တွေလည်း ‌ေ-သစေတဲ့အစွမ်းရှိပါတယ်။

သူတို့နှစ်မျိုးအဓိကပါတဲ့ Toner လေးတွေ ကြိုက်ရင် Graymelin မှာ Centella 50 Toner နဲ့
Mugwort Pure Toner လေးတွေ ရပါသေးတယ်နော်။

💚Mugwort set ထဲက Mugwort Pure Toner လေးကတော့ မသိသူမရှိ‌လောက်ပါဘူးနော်။
သူက ရေလိုကျဲကျဲအေးအေးလေးပေမဲ့
အာနိသင်ကျ တကယ်ထိရောက်ပါတယ်။
ဝက်ခြံအဆီဖုတွေ အမြန်အရောင်ကျစေပြီး
အဆီပြန်တာကို သိသိသာသာ သက်သာစေပါတယ်။
အချို့ User တွေဆို အသားကြည်ပြီး ချွေးပေါက်ကျဉ်းတယ်တောင် ပြောကြပါတယ်။
သူ့မှာတော့ Mugwort 20% နဲ့အတူ Cica, Green tea, Sodium Hyaluronate တွေ ပါဝင်ပါတယ်။

🍀ပစ္စည်းပြတ်တာ ကြာသွားပြီး မကြာခင်ကမှ
ပြန်ရောက်ထားတဲ့ Centella 50 Toner လေးကတော့ Essence လေးသုံးရသလို weight လေးနည်းနည်း ရှိပါတယ်နော်။ ဒါပေမဲ့ Oily skin ပါသုံးလို့ရတဲ့အထိ လိမ်းရပေါ့ပါးပါတယ်။ သူက
Hydration ပိုကောင်းတာမို့ Combination to Dry skin တွေ ပိုကြိုက်နိုင်ပါတယ်။
သူ့မှာလည်း Centella 50 % တောင် ပါတာမို့
ဝက်ခြံအဆီဖုတွေ သက်သာပါတယ်နော်။
ဒါ့အပြင် သူ့မှာက Green tea, Cypress water,
Sodium Hyaluronate, Adenosine တွေ ပါဝင်တာမို့
အသားအရေပျက်စီးတာတွေပါ ကုသပေးပြီး
Anti aging care ပါလုပ်ပေးလို့ အသားအရေကို
တင်းရင်းနုပျိုစေပါတယ်။

Mugwort နဲ့ မတည့်သူတွေက Centella 50 Toner ရွေးလို့ရပေမဲ့ Centella နဲ့မတည့်ရင်တော့ နှစ်ခုလုံး
သုံးလို့ မရပါနော်🥹

ကဲ အမြင်နဲ့တင် မျက်စိအေးသလို
သုံးရတာလည်း တကယ်ထိရောက်တာမို့
လိုချင်တယ်ဆို ပစ္စည်းရှိတုန်း ဝယ်ထားပါနော်။

price -

Centella -39000 ( 130 ml )
Mugwort - 39500 ( 200 ml )

11/05/2026

🍀✨ဝက်ခြံအဆီဖု သက်သာရုံသာမက စိုပြေတင်းရင်း Glow စေတဲ့ Graymelin Mugwort Pure Essence

Graymelin Mugwort set ထဲက နောက်ဆုံးထွက်ထားတဲ့ Essence လေးရော သုံးဖူးကြပြီလား🤗

သုံးပြီးတဲ့သူတွေကတော့ ဝက်ခြံအဆီဖု ပျောက်ရင်
တော်ပါပြီဆိုပြီး ဝယ်လိုက်ပေမဲ့ အသားအရေ
စိုပြေတင်းရင်းပြီး Glow လာလို့ တအားကျေနပ်နေပါတယ်ဆိုပြီး feedback တွေပါ လာပေးနေကြပါပြီ🥰

အဓိကကတော့ သူ့မှာ Nutrition များပြီး
Repair effect ပါနေတာမို့ အသားအရေကို
နူးညံ့ပြီး အာဟာရပြည့်နေစေတာ ဖြစ်မှာပါနော်။
Essence ဆိုပေမဲ့ Serum လို Treatment effect ပါတဲ့သဘောမျိုးပါ။

Ingredient list သိချင်သူတွေအတွက်
🍀 သူ့မှာဆိုရင် ဝက်ခြံအဆီဖုနဲ့ နီ‌မြန်းရောင်ရမ်းခြင်းတွေကို Soothing effect ပေးဖို့ Mugwort, Heart Leaf,
Cypress leaf, Willow Bark, Green tea တွေ ပါဝင်ပြီး

🍀 အစိုဓာတ်အတွက် Sodium Hyaluronate,
Glycerin တွေ ပါဝင်ပါတယ်။

🍀 အခြား Cucumber, Spanish တို့လို Green Food complex တွေပါလို့ သုံးရတာ အေးနေစေမှာပါ။

🍀 Brightening effect ရပြီး ချွေးပေါက်ကျဉ်း
အမည်းစက်သက်သာဖို့ Niacinamide လည်းပါပါတယ်။

🍀 Adenosine, Soybean fermented, Rice fermented တွေလည်း ပါတာမို့ အသားအရေကို Repair effect ရပြီး နူးညံ့စို‌ပြေ တင်းရင်းလာစေမှာပါ။
(အချဉ်ဖောက်တာနဲ့ မတည့်ရင် သတိထားပါနော်။ )

Texture လေးကအစ ပုံထဲကလို မပျစ်မကျဲလေးနဲ့
လိမ်းလို့ ကောင်းတာမို့ Mugwort fan တွေကတော့
ကြိုက်နေကြပါပြီ😍🍀

ရာသီဥတုပူတဲ့အချိန် Skincare ‌အများကြီးမလုပ်ချင်ရင် Toner + Serum တွေအစား
ဒါလေးတစ်ခုတည်း ပွတ်လိမ်းလိုက်ပြီး မနက်ဆို
Sunscreen ထပ်လိမ်း၊ ညဆို Gel လေးပဲ
လိမ်းလိုက်ရင် အိုကေနေမှာပါ။

ဈေးလေးကတော့
45000 (100 ml ) ပါနော်။

50 ml Serum ရဲ့ 2 ဆတောင် ပါတာမို့ တန်ပါတယ်နော်🍀

Want your business to be the top-listed Beauty Salon in Insein?
Click here to claim your Sponsored Listing.

Telephone

Website

Address


Insein