July Lawon by Boom Product

July Lawon by Boom Product

Share

Health & Beauty Supplements Boom Product

03/02/2021

အရောင်းပို့စ်တွေတင်တာရပ်ထားပေမယ့်လက်လီတွေကလဲကြမ်းချက်နော်။
ကြိုက်ကြတာBoomကို

26/01/2021

အရောင်းpostမတင်တာနဲ့မရောင်းရဘူးလို့မထင်နဲ့နော်။post မတင်လဲလက်လီကအမြဲရောင်းနေရတာ
သိဖို့ # #

26/01/2021

Crd # ရှင်းပြချင်စိတ်ကိုထိန်းပါ

(ဘယ်သူ့ကိုမှ ရှင်းပြချင်တဲ့ဆန္ဒတွေ မများပါနဲ့။ သူတို့မှန်တယ်ထင်နေသရွေ့ဟာ သင့်ရဲ့ရှင်းပြမှုဟာ ငြင်းခုံစရာတစ်မျှသာ ဖြစ်လာပါလိမ့်မယ်)

မိမိတို့တေတြ
တဦးနဲ့တဦး နားလည်မှု လွဲနေကြတဲ့အခါတွေမှာ
မိမိတို့အနေနဲ့ တစ္ဖက္လူကို
မိမိသည် မှန်ကြောင်း
မိမိကို စာနာသင့်ကြောင်း
မိမိသာ တော်ကြောင်းတွေ
စသည်ဖြင့် ပြောချင်နေမိပါလိမ့်မယ်။

အဲ့ဒီအချိန်မှာ
ပထမဦးဆုံး စဉ်းစားစေချင်တာက
တစ်ဖက်လူကလည်း မိမိကို
သူမှန်ကြောင်း
သူအပေါ် စာနာသင့်ကြောင်း
သူသာ တော်ကြောင်းတွေ
ပြောချင်နေမယ်ဆိုတာပေါ့။

6 ဆိုတဲ့ သခ်ျာ ဂဏန်းဟာ
တစ်ဖက်ကကြည့်ရင် - 9 - ဖြစ်နေရော။
ဒါကို တစ်ဖက်ထဲကကြည့်ပြီး
ဖင်ပိတ်ငြင်းနေလို့ မရဘူး။

ရှုထောင့်။ ဘယ်ရှုထောင့်က အမွန်ဆုံးလဲ။ ငါကြည့်တဲ့ ရှုထောင့်က အမွန်ဆုံးပဲ။ သူများရှုထောင့်က ငါ့လောက် မှန်မှာ မဟုတ္ဘူး။ ငါအမွန်ဆုံးပဲ ခံယူကြတာပဲ။ ပြီးတော့ သူများရှုထောင့်ကို လေးစားရမှန်း၊ တန်းဖိုးထားရမှန်းလောက် စိတ်မကျယ်ကြလို့ပါပဲ။

အားလုံးကြားဖူးကြတဲ့ ပုံပြင်လေးရှိတယ်လေ။ မျက်ကန်း ခြောက်ယောက်နဲ့ ဆင်တစ်ကောင် အကြောင်းကိုလေ။

ကိုယ်စမ်းမိရာ
ကိုယ္မိရာကို ကိုယ်သိထားတာလေးနဲ့
ဘာနဲ့တူကြောင်း ပြောကြတယ်လေ။

နားရွက်စမ်းမိသူက ဆင်ဟာ ယပ်တောင်နဲ့ တူတယ်၊

နှာမောင်းစမ်းမိသူက မြွေနဲ့တူတယ်၊

ခန္ဓာကိုယ်စမ်းမိသူက နံရံနဲ့တူတယ်၊

ခြေထောက်စမ်းမိသူက အိမ်တိုင်နဲ့တူတယ်၊

အမြီးစမ်းမိသူက ကြိုးနဲ့တူတယ်၊

အစွယ်စမ်းမိသူက လှံနဲ့တူတယ် စသဖြင့် ပြောပြီး ငြင်းခုန်ကြတာပေါ့။

တကယ်တမ်းက ဘယ်တစ်ယောက်ရဲ့ ရှုထောင့်ကမှ ဆင်တစ်ကောင်ကို ပုံဖော်နိုင်တာ မဟုတ္ဘူး။ မှန်တာလည်း မဟုတ်ပါဘူး။ မှားနေပါတယ်လို့လဲ ပြောလို့မရဘူး။ တကယ်တော့ မပြည့်စုံတာ။ ဘာမပြည့်စုံတာလဲဆိုရင် အသိပညာ။

ကိုယ်ထင်မြင်တာကိုပဲ အမှန်ဆိုပြီး မိမိအနိုင်ရဖို့ဆိုတဲ့စိတ်နဲ့ တစ်ဖက်ပိတ် ငြင်းခုန်နေကြတာပါပဲ။ ပူးပေါင်းပြီး အဖြေရှာဖို့ မစဉ်းစားကြဘူးလေ။

ဆင်တစ်ကောင်ဟာ ဘယ်လိုရှိမှန်း သိချင်တာထက် ငါ့ကမှန်တယ် ဆိုတာ အပြိုင်ငြင်းကြတာပဲ။

တကယ်တမ်း ဆင်ဟာ ဘယ္လိုဆိုတာ သိအောင် လုပ်နိုင်တဲ့နည်းရှိပါတယ်။ အနီးအနားက ဆင်မြင်ဖူးသူတစ်ယောက်ကို မေးကြည့်ရုံနဲ့ မှန်ကန်တဲ့အဖြေကို ရနိုင်ပါတယ်။

ခုတော့ မျက်ကန်းခြောက်ယောက်ဟာ
ခုပြောသလို မလုပ်ကြပဲ
''ငါပဲ အမှန် '' ဆိုတဲ့ စိတ်ကြောင့် ငြင်းခုန်နေတာပဲ။ သူတို့ကို ဘယ်သူမှန်ကြောင်း ပြောပြနိုင်တဲ့သူကို မရှာကြဘူးလေ။

လူတွေက မျက် မမြင်တွေနဲ့ တူပါတယ်။

ဘယ်နေရာမှာပဲဆိုဆို
ဘယ်ကိစ္စရပ်ကိုပဲဆိုဆို
ဘယ်သူ့အပေါ်ပဲဆိုဆို
ကိုယ်ရှုထောင့်ကနေပဲ ကိုယ့်သိသလောက် ၊ ကိုယ်ယူဆနိုင်သလောက်ကိုပဲ အမွန္လို့ ဆုံးဖြတ်တယ်။

ဒါကြောင့်
ဘယ်သူကိုမွ ရှင်းပြချင်တဲ့ဆန္ဒတွေ
မများပါနဲ့။ သူတို့မှန်တယ်ထင်နေသရွေ့ဟာ သင့်ရဲ့ရှင်းပြမှုဟာ ငြင်းခုံစရာတစ်မျှသာ ဖြစ်လာပါလိမ့်မယ်။

အရာရာတိုင်း မရှင်းပြချင်ပါနဲ့။
လက်ခံနိုင်စွမ်းရှိ မရွိ၊ တစ္ဖက္လူကို လေ့လာသုံးသပ်ကြည့်ပြီးမှ လုပ်သင့်ပါတယ်။

တခါတေလမွာ ကိုယ် ရှင်းပြလိုက် မွ
ပိုရှုတ်သွားတာတွေ ရှိပါတယ် ။
ကိုယ်ရှင်းပြမှု ညံ့လို့လဲ မဟုတ်နိုင်ပါဘူး။ တဖက္က လက် မခံလိုတာကြောင့် ဖြစ်တယ်။

ဒါကြောင့်
တဖက်သားကို ရှင်းပြချင်စိတ်တွေ
ဖြစ်နေတယ်ဆိုရင် ၊ ဒီစာလေးကို သတိရပေးပါနော်။

အေတြးလွ ( အမ်အေ - သီရိလက်ာ)

20/01/2021

မိဘကိုဘယ်အချိန်လုပ်ကျွေးမှာလဲလို့
မေးလိုက်တိုင်း....
အလုပ်တွေအဆင်ပြေလာရင်လုပ်ကျွေးမယ်လို့ ဖြေကောင်းဖြေကြပါလိမ့်မယ်။

ဒါပေမယ့်
မိဘတော်တော်များများကတော့
သားသမီးတွေအလုပ်ကောင်းတွေရတဲ့အချိန်ထိ
အသက်မရှည်ကြတော့ပါဘူး။😔😔😔

မိဘကိုဘယ်လိုထားမှာလဲလို့မေးလိုက်တဲ့အခါ
"ရွှေအိမ်ကြီးနဲ့ထားချင်တာ မထားနိုင်လို့ "လို့
ဖြေဖူးကြမှာပါ.....
တကယ်တော့ရွှေအိမ်ကြီးဆောက်နိုင်တဲ့အခါ
မိဘေတြဟာ အုတ်ဂူထဲရောက်နေပါပြီ။😔😔😔

မိဘကိုထောက်ပံ့သလားလို့မေးရင်
ငါ့ကလေးတွေကိစ္စတွေနဲ့မလောက်လို့
မထောက်ပံ့နိုင်ကြောင်းဖြေမိကြမှာပါ....

ဒါပေမယ့် သင့်ကလေးတွေလက်လွတ်တဲ့အထိ
သူတို့တွေအသက်ရှည်ဖို့မလွယ်ပါဘူး။😔😔😔

သင်စိတ်ကူးနဲ့ပြင်ဆင်ထားတဲ့
သူတို့ကိုပြန်ကြည့်ဖို့ဆုံးဖြတ်ထားတဲ့အချိန်ထိ
သူတို့မေနရဖို့ များပါတယ်။

***

မိဘကိုပေးကမ်းလှူဒါန်းဖို့ ပြန်လည်ကြည့်ရှုဖို့
ကျွန်တော်တို့ကိုမေးရင်
ကျွန်တော်တို့က တခြားအရာတခြားသူတွေကို
အရင်စဉ်းစားတွက်ချက်ကြပါတယ်။

အဲဒါတွေကျော်လွန်မှ
အစွန်းထွက်အချိန် အစွန်းထွက်ငွေကြေးကို
သူတို့အတွက်ပေးကြတာပါ
ဒါဟာ လူတိုင်းနီးပါးပါ။

သူတို့အလှည့်တုန်းကတော့
ကျွန်တော်တို့ကိုအရင်စဉ်းစားခဲ့တာဖြစ်ပါတယ်။

မိဘတွေရဲ့အတွင်းစိတ်ဟာ
သိပ်ကိုလျှို့ဝှက်သိပ်သည်းလွန်းပါတယ်။

ကျွန်တော်တို့ကို အားမကိုးဘူး
ကျွန်တော်တို့ဆီက မတောင်းဘူး
ကျွန်တော်တို့မရှိလည်းဖြစ်အောင်နေမယ်
သူတို့ဖာသာသူတို့ အဆင်ပြေအောင်နေနိုင်တယ်
ဒီလိုအတွေးတွေရှိနေကြပေမယ့်...

တကယ့်စိတ်တွေကတော့
ကျွန်တော်တို့ကို သိပ်ပြီးအားကိုးပါတယ်
ကျွန်တော်တို့ကို သိပ်ပြီးလိုအပ်ပါတယ်
ကျွန်တော်တို့ရဲ့သိတတ်မှုကို မျှော်လင့်ကြပါတယ်

***

မိဘကိုတတ်နိုင်သမျှ လုပ်ကျွေးပါ

လစာကောင်းတဲ့အထိ
မစောင့်ပါနဲ့
သင်အားမယ့်အချိန်ထိ
မစောင့်ပါနဲ့
သူတို့အိုမင်းနာမကျန်းဖြစ်တဲ့အထိ
မစောင့်ပါနဲ့
သူတို့က အကူအညီတောင်းလာတဲ့အထိ
မစောင့်ပါနဲ့
ရွှေအိမ်ကြီးဆောက်ပြီးတဲ့အထိ
မစောင့်ပါနဲ့
နောက်ဆုံးပေါ်ကားကြီးနဲ့
နေရာအစုံတွေလိုက်ပို့ပေးနိုင်တဲ့အထိ
မစောင့်ပါနဲ့
ပိုက်ဆံတွေအထုပ်လိုက်
ရွှေတွေအထုပ်လိုက်ပုံပေးနိုင်တဲ့အထိ
မစောင့်ပါနဲ့

သင်ဘဲဥတစ်ခြမ်းစားရရင်
သူတို့လည်းတစ်ခြမ်းစားရပါစေ

သင်ကြက်သားတစ်တုံးစားရတဲ့အခါ
သူတို့လည်းတစ်တုံးစားရပါစေ

သင်ရယ်မောပျော်ရွှင်နေရချိန်မှာ
သူတို့မျက်ရည်ကျမနေပါစေနဲ့

သင်ဘယ်လောက်ပဲရရ
သူတို့အတွက် ပမာဏတစ္ခုအျမဲခ်န္ထားပါ
သင့်ကလေးနေမကောင်းဖြစ်လို့
ဆေးရုံပို့ပေးနိုင်သေးရင်
သူတို့နာမကျန်းဖြစ်တဲ့အခါ
(အနည်းဆုံး)ဆေးတော့ဝယ်ပေးနိုင်ပါစေ
သားသမီးကို ကစားကွင်းပို့နိုင်ရင်
မိဘကိုအနည်းငယ်တော့အချိန်ပေးပါ

သေမှမငိုပါနှင့်
မသေခင် ကိုယ်နိုင်တဲ့ဝန်နဲ့ထမ်းပိုးပါ
သေမှအမျှဝေဆုတောင်းမလုပ်ပါနဲ့
မသေခင် တတ်နိုင်သလောက်ကျွေးပါ
သေမှ သူတို့အတွက်နေရာပေါင်းစုံမှာ
လိုက်မလှူပါနဲ့
မသေခင် တတ်နိုင်သလောက်ပေးကမ်းပါ

မိဘကိုလုပ်ကျွေးပြုစုဖို့
ချမ်းသာတဲ့အချိန် အားတဲ့အချိန်ထိ
မစောင့်ပါနဲ့crd

မှတ်ချက် { ဒါဆိုမင်းရော ဘာတွေလုပ်လဲမေးရင်
ကျွန်မ ကိုယ်တတ်နိုင်သလောက်
လုပ်နေတယ်လို့ပဲ ဖြေပါရစေ }....

Photos from July Lawon by Boom Product's post 19/01/2021

ညအိပ်ခါနီးBoom Soapလေးနဲ့မျက်နှာကို
သေချာသန့်စင်ပြီးအိပ်ကြည့်လိုက်။
မနက်မိုးလင်းရင်😮😮အသားအရေလေးကတင်းရင်းပြီး
နုဖက်အုအက်နေတာမျိုး။

အသုံးပြုပုံလေးပြောပြမယ်နော်။
👉👉မျက်နှာကိုရေလေနဲ့သန့်စင်ပြီးBoom Soapလေးနဲ့ပွတ်တိုက်လိုက်ပြီးထွက်လာတဲ့အမြှုပ်လေးတွေနဲ့မျက်နှာကို၁၀မိနစ်လောက်သေချာစက်ဝိုင်းပုံစံနှိပ်နယ်ရင်းပွတ်ပေးပါ။
👉👉လည်ပင်းနဲ့နားရွက်ကိုလဲမမေ့နဲ့နော်။

အဲလို၁၀မိနစ်လောက်နှိပ်နယ်ပြီးရင်ရေနဲ့တစ်ခါသစ်ချလိုက်ပါ။ပြီးရင်
နောက်တစ်ခါထပ်ပြီးဆပ်ပြာလေးနဲ့တိုက်ပြီးရေဆေးချလိုက်တဲ့အခါမှာ
မျက်နှာလေးကကြည်လင်ရှင်းသန့်ပြီးBaby Faceလေးလိုနုဖတ်အိစက်သွားတာနော်။
အရမ်းကောင်းလွန်းလို့အခုပဲစမ်းသုံးကြည့်ရအောင်Hello လိုက်နော်။

Boom Soap-6000ks
cb or 09421072179
မြန်မာပြည်အနှံ့ပို့ဆောင်ပေးနေပါပြီ။

Photos from July Lawon by Boom Product's post 19/01/2021

နေ့လည်ခင်းလေးကိုBoom Coffeeလေး
သောက်၊စာအုပ်လေးဖတ်ပြီးကုန်ဆုံးကြရအောင်နော်။
36IN1မို့လို့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေရော
အလှအပအတွက်ပါလိုအပ်တဲ့ဓာတ်တွေပါဝင်လို့ကော်ဖီတစ်ခွက်
သောက်ရုံနဲ့ပြည့်ဝသွားမှာပါနော်။

ဒါ့အပြင်အဆီပိုတွေကိုဖယ်ရှားပေးလို့ဗိုက်ချပ်စေတာကတော့
ကိုယ်တွေ့နော်။

Boom Coffee -15000(10ထုပ်ပါတစ်ထုပ်)
ဆက်သွယ်မှာယူလိုပါက
cb or 09421072179
မြန်မာပြည်အနှံ့ပို့ဆောင်ပေးနေပါပြီ။

19/01/2021

(1)စိတ်ညစ်ပြီး
ဘာမှမလုပ်ချင်တော့တဲ့အခါ
ကောင်းကင်ကိုမော့ကြည့်ပြီး
ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပြီး
ကိုယ့်ကိုယ်ကို ပြန်ထိန်းချုပ်ပါ။

(2)အခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါ
အားမလျှော့လိုက်ပါနဲ့ အခက်အခဲတိုင်းဟာ
သင့်ကို ကြံ့ခိုင်သန်မာစေပါတယ်။

(3)ကိုယ့်အားကိုယ်ကိုးပြီး
အရောက်လှမ်းသွားမယ့်
ပန်းတိုင်လေးတစ်ခု
အိပ်မက်လမ်းလေးတစ်ခု ဖန္တီးရယူပါ။

(4)တခါတေလ ငိုစရာရှိရင်
လူမရွိတဲ့ တနေရာသွားပြီး
အော်ငိုပစ်လိုက်ပါ
ငိုသင့်ရင်လည်း ငိုလိုက်ပါ
မငိုတာကြာရင်
မငိုတတ်တဲ့သူ ဖြစ်သွားနိုင်တယ်။

(5)တခါတေလ ဝမ်းနည်းနေရင်လည်း
အားရပါးရ ငိုချပစ်လိုက်ပါ
ပြီးရင် တည်ငြိမ်လာပါလိမ့်မယ်။

(6)အဆင်မပြေရင်လည်း
အဆင်ပြေသလိုနေပါ..
တချို့ကျတော့ ကြိုးစားပေမယ့်
အဆင်မပြေပြန်ဘူး...
မကြိုးစားပဲ ထိုင်နေရင်
ပိုအဆင်မပြေဖြစ်သွားကြတယ်။

(7)ထပ်ပြီး ကြိုးစားပါ
လူဆိုတာ ကြိုးစားချင်စိတ်ရှိရင်
ဘယ်လောက်ပဲအသက်တွေရရ
ဖြစ်လာနိုင်ပါတယ်။

(8)ဆုံးရှုံးမှုတွေရှိရင်လည်း စိတ်ကိုဖြေပြီး
နောက်တစ်ကြိမ် မမှားအောင်သတိထားပါ။

(9)ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ
ဘယ်တော့မှမရှိနိုင်သလို
လမ်းထက်ဝက်တင် လက်လျော့လိုက်တဲ့
အောင်မြင်ခြင်းဆိုတာလည်း မရှိနိုင်ပါဘူး။

(10)လောကမှာ နားမလည်တဲ့
အရာတွေ ရှိနိုင်ပါတယ်
အရေးကြီးတာက နားမလည်တာကို
နားလည်အောင် ကြိုးစားဖို့ပါ။

(11)အကောင်းစားရေမွှေးနံ့တွေ မလိုဘူး ...
ကိုယ်ကျင့်တရားကောင်းအောင်နေပါ
ကိုယ်ကျင့်တရားကောင်းရင်
စိတ်ထားကောင်းရင်
ကိုယ်သင်းနံ့မွှေးနေမှာပါ။

(12)ဘယ်သူ့ကိုမှလည်း မလိမ်ညာပါနဲ့...
အမွန္တရားဆိုတာ တစ်နေ့နေ့
တစ်ချိန်ချိန် ပေါ်ပေါက်လာရစမြဲပါ။

(13)အမွား ရှိခဲ့တိုင်းလည်း
အပြစ် မဟုတ်ပါဘူး...
တစ်ချို့အမှားတွေက သန့်ရှင်းပါတယ်
လူသားတိုင်း အမှားနဲ့ မကင်းနိုင်သလို
အမွားရွိမွ အမွန်ဆိုတာ ဖြစ်လာခဲ့ရတာပါ။

အဓိက အမှားတွေကို သင်ခန်းစာအဖြစ်
ရယူပြီး နောက်ထပ်တစ်ခါ ထပ္မမွားဖို့
အမွားထဲမွာ တဝဲဝဲလည်းမနေတတ်ဖို့ပဲလိုတယ်။

(14)လူလူချင်းစာနာတတ်သူ..
စိတ်ရှည်သူ ပညာဥာဏ်ကြီးမားသူ..
နားလည်းခွင့်လွတ်ပေးနိုင်သူ
တစ်ဦးဖြစ်အောင် ကြိုးစားပါ။

(15)ဘဝမွာ တန္ဖိုးအရွိဆုံးအရာဟာ
အျခားမဟုတ္ဘူး အသက်ရှင်သန်နေတာပါ
အားလုံးမွာ တန်းဖိုးအရှိဆုံးအရာကို
ပိုင်ဆိုင်နေတယ်ဆိုတာ မမေ့ပါနဲ့....။

(16)ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်နေဖို့ မလိုပါဘူး ...
ပင်ပန်းအားငယ်လာတိုင်း မှီခိုအနားယူနိုင်မယ့်
ရင်ခွင်လေးတစ်စုံရှိနေဖို့တော့ လိုတယ်။

(17)"ချစ်တယ်" ဆိုတဲ့စကားလုံးကို
ဘယ်အချိန်ပဲ ပြောပြော
တကယ့်စိတ်ရင်းနဲ့ပြောပါ။

(18)"ဆောရီး"ဆိုတဲ့စကားလုံးကို
ဘယ်အချိန်ပဲ ပြောပြော
တစ္ဘက္လူရဲ့မ်က္လုံးကို ကြည့်ပြီးပြောပါ။

(19)ချမ်းသာတဲ့သူငယ်ချင်း
အပေါင်းအသင်း ရွိဖို့မလို့ဘူး ...
နေပူမိုးရွာ လက်ချင်းတွဲလို့
ကြုံလာသမျှရင်ဆိုင်ဖြေရှင်းမယ်
သူငယ်ချင်းကောင်းတစ်ယောက် ရှိဖို့လိုတယ်။

(20)သူငယ်ချင်းကောင်း
မိတ်ဆွေကောင်းလိုချင်ရင်...
သူကောင်းကောင်း မကောင်းကောင်း
ကိုယ်ကောင်း ဖို့ကေတာ့ အဓိကပဲ
သူတစ်ပါး အပေါ်ကို ကောင်းမှသာ
သူ့တစ်ပါးက ကိုယ်အပေါ်ကို
ပြန်ကောင်းပါလိမ့်မယ်။

(21)ဘယ်နေရာ ဘယ်ဒေသကိုပဲ
ရောက်ရောက် သူများအပေါ်ကိုလည်း
ကောင်းလိုက်ပါ တစ်ခါတရံ မကောင်းတဲ့
သူမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ် စိတ်မပျက်ပါနဲ့ ..။

ကိုယ့်ရဲ့ကောင်းခြင်းတွေနဲ့ မထိုက်တန်ရင်..
မိတ်ဆွေကောင်းတွေပဲ သင့်အနားမှာ ရှိနေမှာဖြစ်ပြီး
မိတ်ဆွေကောင်း မဟုတ်သူတွေကတော့
သင့်အနားကနေ အလိုလို ဖယ်ခွာသွားပါလိမ့်မယ်။

(22)အားနည်းချက်ရှိလို့လည်း
စိတ်ညစ်ပြီး စိတ်အားမငယ်ပါနဲ့...
လူတိုင်းမှာ အားနည်းချက်ကိုယ်စီ ရှိကြသလို
ပြီးပြည့်စုံတဲ့လူရယ်လို့လောကမှာ မရွိပါဘူး...

ဒါကြောင့် အားငယ်ပြီး စိတ်မပျက်ပါနဲ့...
မွေးရာပါစိတ်ထားလေးလှဖို့က အဓိကပါ။
စိတ်ထားလှရင် ဘဝက လှပပါတယ်......။။

:

19/01/2021

သာယာတဲ့မင်္ဂလာမနက်ခင်းလေးပါနော်။
စိတ်ခွန်အားအသစ်တွေနဲ့တစ်နေ့တာကိုဖြတ်သန်းကြပါစို့နော်။

Photos from July Lawon by Boom Product's post 18/01/2021

ဆောင်းရာသီကအေးပေးမယ့်Boom Soap နဲ့ဆိုရေချိုးမပျင်းတော့ဘူးနော်။
ကိုယ်တိုင်သုံးတဲ့Reviewလေးပြောပြမယ်။
သူ့ရဲ့အနံ့လေးကသင်းပျံ့နေတော့ကိုယ်တိုင်ပန်းခင်းထဲရောက်သွားသလိုခံစားရတယ်။ဆပ်ပြာလေးကိုမျက်နှာပေါ်တိုက်လိုက်တဲ့အခါ
သူ့ရဲ့အထိအတွေ့ကနူးညံ့လွန်းလို့ပိုးသားလေးနဲ့မျက်နှာကိုScrup
တိုက်လိုက်သလိုမျက်နှာပေါ်မှာရှိတဲ့အညစ်အကြေးတွေကတစ်ခါထဲ
ပြောင်စင်သွားပြီးဖွေးဥသွားတဲ့resultကိုရတယ်။

Bodyကိုတိုက်လိုက်တဲ့အခါမှာအနံ့လေးကြောင့်လန်းဆန်းသွားပြီး
ရေချိုးပြီးအချိန်အတော်ကြာအောင်အနံ့လေးစွဲကျန်နေခဲ့တာကအသက်
ချွေးနံ့ဆိုးတွေကိုပျောက်တဲ့အပြင်အသားအရေခြောက်သွေ့ခြင်းမှ
ကာကွယ်ပေးလို့နောက်ထပ်ဘာlotion ဘာရေမွှေးမှထပ်သုံးစရာမလို
တော့အရမ်းအဆင်ပြေတာပေါ့နော်။

သုံးကြည့်နော်ကြိုက်သွားမှာအာမခံပါတယ်။
Boom Soap-6000 for 1pcs

cb or 09421072179

မြန်မာပြည်အနှံ့ပိုဆောင်ပေးနေပါပြီနော်။

Photos from July Lawon by Boom Product's post 16/01/2021

မနေ့ကအလုပ်များလို့Cash Backဝင်တာလေးကိုမတင်လိုက်ရလို့
ငွေဝင်တဲ့ဒဏ်ခံနိုင်မှ Boomနဲ့လက်တွဲပါနော်။😘😘😘😘😘

13/01/2021

ကိုယ့်ဆီက ငွေချေးပြီး ပြန်မဆပ်ကြတဲ့
မိတ်ဆွေတွေနဲ့ ကြုံရတိုင်း သူတို့ကို
တကယ်သနားမိတယ်။

တစ်ခါကပေါ့။
အရင်းအနှီးမရှိဘဲ စီးပွားရေးလုပ်ချင်ကြတဲ့
လူငယ်တွေအတွက် ဦးအောင်ဇော်ဝင်းက
"ဝ မရွိဘဲ ဝိလုပ်ကြမယ်'' ဆိုတဲ့ စာစုလေး
ကျွန်တော့်ကို ပြောပြဖူးတယ်။

အနှစ်ချုပ်ကတော့....
ဝိလုပ္ဖို့ဆိုတာ ဝ မရွိလဲ ရပါတယ်။
ထဆင်ထူးကို ထောင်လိုက်ရင် ဝိ ဖြစ်တာပေါ့။
ဒါပေမဲ့
ထဆင်ထူးကို ဒီတိုင်းထောင်လို့တော့မရ..
ထောက်တိုင်တွေနဲ့ ကျားကန်ပေးရပါတယ်။

အဲဒီထောက်တိုင်တွေထဲက တစ္ခုဟာ
ဘက်ဂရောင်းကောင်းခြင်း ထောက်တိုင် ပါပဲ။

ကျွန်တော်က ပြန်မေးတာပေါ့။
ဘက်ဂရောင်းကောင်းဖို့ ကိုယ္က
အာဏာရှိသူနဲ့လည်း မသိဘူး။
ခရိုနီနဲ့လည်း မခင်မင်ဘူး။
လူကြီး သားသမီးလည်း မဟုတ္ဘူး..

အဲဒီအခါ ဦးဇော်က ပြန်ရှင်းပြတယ်။
"ဘက်ဂကောင်းကောင်းဖို့ အဲဒါတွေမလိုပါဘူး..
မင်း ကတိ တည်ရင် တဖြည်းဖြည်း
ဘက်ဂရောင်း ကောင်းလာမယ်...''တဲ့

(အကျယ်ကိုတော့ ပြည့်ဝသူတစ်ဦးနှင့်
စကားပြောခြင်း စာအုပ်ထဲမှာ ရေးထားတယ်..)

ဦးဇော်ကိုယ်တိုင်ကလည်း ငယ်ငယ္က
ဆင်းရဲတယ်။
ဒါ့အပြင် ဦးဇော်က ဖဲရိုက်တယ်။
အရက်သောက်တယ်။

ဒါပေမဲ့ သူက ဖဲကျွေးတင်ရင် နောက်နေ့မှာ
ချက်ချင်း ဆပ်တယ်။
အများအားဖြင့် ဖဲဝိုင်းထဲက ဖဲကြွေးဟာ
ဖဲဝိုင်းထဲမှာပဲ ပြန်ရှင်းကြပေမယ့် ဦးဇော်က
ဖဲကြွေးကို နောက်နေ့ပဲ ပြန်ဆပ်နိုင်အောင်
ကတိတည်တယ်။

နောင်တစ်ချိန်မှာ သူစီးပွားရေးလုပ်ဖို့ လိုအပ်တဲ့
ငွေသိန်းထောင်ချီကို သူဖဲရှုံးတိုင်း ငွေချေးနေကျ
လုပ်ငန်းရှင်ကြီးကပဲ ယုံယုံကြည်ကြည်နဲ့
ချေးပေးလိုက်တာ။

လူတွေက အဲဒီလုပ်ငန်းရှင်ကြီးကို မေးတယ်။
"ခင်ဗျားဗျာ..အောင်ဇော်ဝင်းလို ဘာမွမရွိတဲ့
လူကို ဘာလို့ ငွေသိန်းထောင်ချီ ချေးလိုက်တာလဲ..''

"ဖဲကြွေးတောင် ကတိတည်တဲ့ကောင်ကွာ..
စီးပွားရေးလုပ်ဖို့ ငါချေးရဲတာပေါ့..
ငါက သူဘာကောင်လဲဆိုတဲ့
လူကို ချေးတာမဟုတ်ဘူး..
သူပြန်ဆပ်မှာလား မဆပ္ဘူးလားဆိုတဲ့
စိတ္ဓာတ္ကို ချေးတာ..''

အဲဒီလုပ်ငန်းရှင်ကြီးက ခုချိန်မှာ
နာမည်ကြီး ဘဏ်ပိုင်ရှင်တစ်ဦး ဖြစ်နေပြီး
ဦးအောင်ဇော်ဝင်းကလည်း တကယ့်
သူဌေးကြီးတစ်ဦး ဖြစ်နေပြီ။

ကျွန်တော့်ကို တွေ့တိုင်း ဦးဇော်က တဖြဖြ
ဆုံးမယ်တယ်။
"ကတိ တည်စမ်းပါသားရယ်..
ကတိတည်တဲ့အခါ
မင်း တကယ့် ပဒေသာပင်ကြီးကို ရသလိုပဲ..''

အမှန်ပါပဲ..
ကတိတည်ခြင်းဟာ တကယ့် ဘက်ဂရောင်းပဲ။
အထူးသဖြင့် ငွေကြေးနဲ့ပတ်သက်ရင်ပေါ့.
ငွေချေးပြီး ပြန်ဆပ်ခြင်းဟာ
ကိုယ့်အတွက် တကယ့်ကောင်းကျိုးတွေချည်းပဲ။
အမြတ်ချည်းပဲ။

သူ့ငွေ သူ့ပြန်ပေးတာလေ..
ကိုယ္က ကြားထဲက နာမည်ကောင်းရတယ်။
ဘယ်လောက် မြတ်လဲဗျာ..။
ဒါကို လူတွေ နားမလည်ကြဘူး။

ကိုယ့်ကိုယ် ငွေချေးပေးတယ်ဆိုထဲက
(အတိုးယူသည်ဖြစ်ပါစေအုံး..)
ခင်မင်ယုံကြည်ပြီး ကိုယ့်ဒုက္ခသောကကို
ကူညီပေးချင်လို့ ဆိုတဲ့မိတ်ဆွေကောင်းမို့သာ
ငွေချေးတာ ဖြစ်ပါတယ်။

ဒီခေတ်ထဲ ကိုယ်ဒုက္ခရောက်နေလို့
ငွေချေးပေးတယ်ဆိုတဲ့ မိတ်ဆွေအရမ်းရှားပြီ။

ငွေပြန်မဆပ်တဲ့အခါ ကိုယ်ရလိုက်တာက
ဒီငွေနည်းနည်းလေးပဲ..။
ကိုယ်ဆုံးရွုံးမွာက အဲဒီ မိတ်ဆွေကောင်းဆီက
နောက်ထပ် အကူအညီတွေ အားလုံး အပြင်
သူကလည်း ကိုယ်ဟာ ကတိမတည်ကြောင်း
အခြားသူတွေကို ပြန်ပြောမှာ ကျိန်းသေတယ်။

ကတိတည်ခြင်း ၊ ငွေချေးပြီး ပြန်ဆပ်ခြင်းဟာ
အမြင့်ကိုတက်မယ့် လှေကားထစ်တွေပါပဲ။
ဒါပေမဲ့ အမ်ားစုက ကိုယ့်လှေကားကိုယ်
ရိုက်ချိုးနေကြတယ်။
သနားမိပါတယ်။

တကယ်တော့ ငွေပြန်မဆပ်သူဟာ
သူ ရလိုက်တယ်ထင်ပေမယ့်
တကယ်တမ်းကျ တော်တော်လေး ရှုံးပါတယ်။
သူ ရှင်သန်ရမယ့် ဘဝသက်တမ်းတစ်လျှောက်
နာမည် သေ သွားပါပြီ။

ဒီပုံရိပ်ဟာ ဘယ်လောက်ဆိုးသလဲဆိုရင်
သားသမီး အထိပါ သက်ရောက်ပါတယ်။

"ဒီကေလးက ဘယ်သူ့ သားသမီးလေ..'' ဆိုတာ
ကျွန်တော်တို့ မြန်မာတွေ သိပ်သုံးပါတယ်။

ကိုယ့်သားသမီးတွေအထိ ''မယုံရဘူး..''ဆိုတဲ့
နာမည်ဆိုးကို ဘာမွ မဟုတ်တဲ့
ငွေလေး မဖြစ်စလောက်နဲ့ လဲသွားကြတဲ့အပြင်
ကိုယ့်ကိုယ် တကယ့်စိတ်ရင်းခင်မင်မှုနဲ့
ကူညီပေးချင်တဲ့ ရှားပါးမိတ်ဆွေတွေကိုပါ
အဆုံးရှုံးခံဝံ့ကြတဲ့သူတွေနဲ့ ကြုံတိုင်းဆုံတိုင်း
သနားစိတ်နဲ့သာ ပြုံးမိပါတော့တယ်။

ဘဝတစ်လျှောက် ဘယ်တော့မှ အမြင့်ကို
မရောက်ဖူးကြမယ့် သနားစရာ လူတွေပါပဲ။
တနည်း..
ကိုယ့်ဘက်ဂရောင်းကိုယ်
ရိုက်ချိုး ဖျက်စီးနေကြသူတွေပေါ့..။

ကိုစိုးထိုက် (ဖဒို)
Crd

ဒီစာလေးကိုဖတ်မိရင်ရသွားတဲ့အသိလေးတစ်ခုcommentမှာ
မန့်ပေးပါနော်။

Photos from July Lawon by Boom Product's post 13/01/2021

Wow❗❗❗Boom Offical Distributorဖြစ်ချင်သူများအတွက်❤❤❤❤
အတန်ဆုံးPromotionနဲ့Package 8မျိုးကိုJanuary တစ်လလုံးရနိုင်ပြီနော်။

Packageလေးတွေကိုcommentမှာကြည့်ပေးနော်။

👉👉ဆိုင်ခန်းမလိုဘူး။ဝန်ထမ်းမလိုဘူး။အလုပ်သွားဖို့အချိန်မကုန်ဘူး☺☺☺☺

အိမ်မှာပဲနေရင်းလုပ်နိုင်လို့်
❤❤ကျောင်းသူတွေ၊ခေးအမေတွေ၊အိမ်ကလက်ဖြန့်မတောင်းချင်သူတွေ၊အလုပ်တစ်ဖက်နဲ့အပိုဝင်ငွေရှာချင်သူတွေအတွက်အကောင်းဆုံးပါနော်။

ရမယ့်အခွင့်အရေးတွေက📌📌📌📌
၃လတစ်ကြိမ်Cash Backပြန်ရမယ်🔑🔑🔑
Cash Back အပြင်အလည်အပတ်ခရီးစဉ်တွေလဲထွက်ခွင့်ရမယ်🔑🔑🔑🔑
Brand Modelအဖြစ်Photo Shooting လဲရိုက်ခွင့်ရမယ်❗❗❕❕❕😁😁😁😁

နိုင်ငံခြားခရီးစဉ်တွေလဲထွက်ခွင့်ရမယ့်အခွင့်အရေးတွေ❤❤❤
Online Businessလုပ်ဖို့အတွက်
💜💜အထိရောက်ဆုံးဈေးရောင်းနည်းလမ်းတွေ
💜💜CEOရဲ့အထိရောက်ဆုံးlive trainingတွေ
💜💜အတူလက်တွဲခေါ်မယ့်Leader trainingတွေ
💜💜ထိုင်းနိုင်ငံCoachတွေရဲ့တိုက်ရိုက်live training​တွေ
အဲဒါအားလုံးကို Freeသင်​ပေးမယ်ဆိုတော့တန်ချက်ကတော့
လက်ကုန်ပဲကွယ်😍😍😍😍😍

ကိုယ်ပိုင်စီးပွားရေးတစ်ခုကိုအရင်းအနှီး၇သောင်းကနေ၁သိန်းရှင်းရုံနဲ့
လုပ်ကိုင်နိုင်ပြီမို့လို့အခုပဲBoomနဲ့လက်တွဲပြီးလုပ်ကြရအောင်နော်။
စိတ်ဝင်စားရင်cb or 09421072179ကိုဆက်သွယ်လိုက်ပါ။

မြန်မာနိုင်ငံအရပ်ရပ်ကကိုယ်စားလှယ်များကိုဖိတ်ခေါ်ပါတယ်နော်။

iCon Myanmar group #

Want your business to be the top-listed Beauty Salon in Insein?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


U Yin Myaing Street
Insein