Linn Latt Beauty collection
Beauty & Healthy
14/07/2023
#မျက်နှာအရင်သစ်မလား___သွားအရင်တိုက်မလား...
============================≈=
“ #မျက်နှာသစ်ပြီးမှသွားတိုက်ပါ ”
သင် နံနက်အိပ်ယာထတဲ့အခါ မျက်နှာသစ်ပြီးမှ သွားတိုက်ပါသလား???
ဒါမှမဟုတ် သွားကို သွားပွတ်တံနဲ့ အရင်တိုက်ပြီး ပလုတ်ကျင်း၊ ခံတွင်း
သန့်စင်ပြီးမှ မျက်နှာသစ်လေ့ရှိသလား။ ဒီလို အကျင့်လုပ်ခဲ့တာကော
နှစ်ပေါင်းကြာပြီလား???
ညအိပ်ပျော်သောအခါတွင် ၀မ်းတွင်းအစာခြေ အင်္ဂါစုများမှာ အနားရလေသည်။
ထိုအခါ အစာဟောင်းအိမ်မှ အပုပ်အခိုးများသည် အကြောများမှတဆင့် အထက်
မျက်နှာ၊ မျက်စိ၊ ဦးခေါင်း အထိ တက်ကြလေသည်။ အစာသစ်အိမ်မှလည်း အစာ
ခြေပြီး ကြွင်းကျန်သည့် အစာခြေဝမ်းမီးခေါ် အက်ဆစ်အခိုးအငွေ့များသည် လည်
ချောင်းမှတဆင့် သွား၊ သွားဖုံး၊ အာခေါင်များသို့ တက်နေကြလေသည်။
နံနက်ထ၍ မျက်နှာသစ်လိုက်သောအခါတွင် အောင်းနေသော အခိုးအငွေ့များ
သည် အအေးရှိရာ အပူလာသည်ဆိုသည့်အတိုင်း ရေအေးနှင့် ထိတွေ့ပွတ်သပ်
ပေးရာ မျက်နှာပြင်သို့ အငွေ့ပျံပြီး ထွက်သွားကြလေသည်။ ထိုအခါ မျက်စိမှုန်စေ
မည့် အခိုးအငွေ့များ သွားနှင့် သွားဖုံးတို့တွင် အောင်းနေသော အခိုးအငွေ့များ
လည်း ပါသွားကြပြီး ရှင်းလင်းသွားလေသည်။
ထို့နောက်မှ သွားတိုက်သောအခါတွင် အခိုးကုန်ပြီးသော သွားနှင့် သွားဖုံးတို့မှာ
ပို၍ သန့်ရှင်းစင်ကြယ်သွားရလေသည်။
မျက်နှာမသစ်ဘဲ သွားတိုက်လျှင် အာခေါင်မှတစ်ဆင့် အပုပ်အခိုးအငွေ့များသည်
ဦးခေါင်းနောက်စေ့နှင့် မျက်စိအာရုံကြောများအထိ ရောက်သွားခြင်းကြောင့် မျက်စိ
ဝေခြင်း၊ ကြည့်မကောင်းခြင်း၊ အရွယ်မတိုင်မီ မျက်စိမှုန်ခြင်း၊ မျက်မှန်စောစောတပ်
ရခြင်းတို့ဖြစ်နိုင်လေသည်။
နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ သွား၊ သွားဖုံးနဲ့ ခံတွင်းမှာ
အပုပ်အခိုးရှိရင် အဲဒီ အခိုးအငွေ့တွေဟာ အာခေါင်ကတဆင့် နှာရိုးရင်းနဲ့ မျက်စိ
အထိတက်ပြီးဒုက္ခပေးတယ်ဆိုတဲ့ တွေ့ရှိချက်ပါပဲ။ ဒါကြောင့် လူတစ်ယောက်ဟာ
သွားမကောင်းရင် မျက်စိလည်းမွဲတာတွဲပြီး ဖြစ်လေ့ရှိပါတယ်။
“ မဟာစည် ဆရာတော်ကြီးကလည်း မျက်နှာသစ်ပြီးမှ သွားတိုက်ရန် မိန့်ကြား
ခဲ့ဖူးပါသည် ”
#စာဖတ်သူအားလုံးလည်းမျက်နှာသစ်ပြီးမှသွားတိုက်ကြပါ...........။
-------------------------------------------------------------
(ကြည်လွင်မြင့်(မုဒြာ)၏ မျက်နှာသစ်ပြီးမှ သွားတိုက်ပါ စာအုပ်မှထုတ်နုတ်ဖော်ပြ
ပါသည်)
22/12/2022
💁🏻♀️ယနေ့သည် ပျော်ရွှင်စရာ ကောင်းသော ကရင်နှစ်သစ်ကူးနေ့ဖြစ်ပါသောကြောင့်
Marina Linn Latt မှ
ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်
💖
04/10/2022
Marina ရဲ့ Body care product တခုဖြစ်တဲ့ Milk Soap က ဘာကောင်းလဲတဲ့???
Hokkaido Milk+Gluta+ငှက်သိုက်ရဲ့အဆီအနှစ်တွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားလို့...
💧ရေချိုးနေစဉ်ရော ရေချိုးပြီးရင်ရော မွေးပျံ့တဲ့သင်းရနံ့နှင့်အတူ လန်းဆန်းစေတာ
💧အသားရေ ခြောက်မသွားစေတာပဲ ကြည်လင်စိုပြေလာစေတာ
💧ဆဲလ်အသစ်များကို ဖြစ်ပေါ်စေပြီး အသားအရေပိုပြီးကြည်လင်ကာ တင်းရင်းဖြူစင်လာစေတာ
စတဲ့အကျိုးတွေရရှိစေလို့ တခါဝယ်ပြီးတာနဲ့ နောက်ထပ် Marina milk soap မှ Marina milk soap ဖြစ်နေကြတာပေါ့
09786508342 (or) page cb
11/07/2022
ဝါဆိုလပြည့် ၁၂၊ ၇၊ ၂၀၂၂ (အင်္ဂါနေ့)
🙏🏻🙏🏻🙏🏻ဝါဆိုလပြည့်နေ့ ၏ ထူးခြားချက်များ🙏🏻🙏🏻🙏🏻
==================================
မြန်မာ့ရိုးရာ ( ၁၂ ) လ ရှိသည့်အနက်
ဝါဆို လပြည့်နေ့သည် -
၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြားခြင်း။
၂။ ဂေါတမဘုရားလောင်း
တောထွက်တော် မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား
စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသော နေ့ဖြစ်၍
ထူးခြားခြင်း။
၆။ တရားရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်၍ ထူးခြားခြင်း။
၇။ သံဃာရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်၍ ထူးခြားခြင်း။
၈။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို
စတင်ကြားရသော နေ့ဖြစ်၍ ထူးခြားခြင်း
ဟူ၍ဖြစ်ပါသည် …။
* ဝါဆိုလပြည့်
* ဓမ္မစင်္ကြာအခါတော်နေ့နှင့်
* ထူးခြားချက်များ
❝ သန္ဓေ , တောထွက် , ဓမ္မစက် , တစ်ချက် ပြာဋိဟာ ❞
၀ါဆိုလပြည့် ထူးခြားနေ့ အောက်မေ့
ဤလေးဖြာ။
"ဓမ္မစင်္ကြာဟောကြားခြင်း"
သန္ဓေ, တောထွက်, ဓမ္မစက်, မိန်မြွက်ဝါဆို
ဟူသော စကားနှင့်အညီ
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်
တုသိတာ နတ်ပြည်မှ နတ်သား အပေါင်းတို့မှ
ဘုရားဖြစ်ရန် အချိန်တန်ပါပြီဟု
လာရောက်ကာ တောင်းပန်ကြသောကြောင့်
သေတကေတု နတ်သားအဖြစ်မှ စုတေပြီးနောက်
မယ်တော် မာယာ၏ ဝမ်းတွင်ဝယ်
ဝါဆို လပြည့်နေ့တွင် ပဋိသန္ဓေ နေတော်မူပါသည်။
ဖွားမြင်မြောက်သော အခါ
❝ သိဒ်ဓတ်ထ ❞ ဟု အမညျရလေ၏။
ဆယ့်ခြောက်နှစ်ဝယ်
ယသော်ဓရာနှင့်
ထိန်းမြှား လက်ထပ်လေ၏။
ရာဟုလာ အမည်ရသော
သားတော်တစ်ပါး မွေးဖွားလေ၏။
ထိုနောက်
သူအို, သူနာ, သူသေ, ရဟန်း, ဟူသော
နိမိတ်ကြီး လေးပါးကို မြင်တော်မူကာ
အိုခြင်းသဘော, နာခြင်းသဘော,
သေခြင်းသဘော တရားတို့ကို ကြောက်လန့်ကာ
အိုခြင်းကင်းရာ, နာခြင်းကင်းရာ, သေခြင်းကင်းရာ
ရဟန်း တစ်ပါး၏ ချမ်းသာတရားကို တွေးသိကာ
တောထွက်ရန် ကြံစည်တော်မူပြီး
ဝါဆိုလပြည့်နေ့ ညသန်းခေါင်ယံ အချိန်တွင်
ဖွားဖက်တော် ဆန္ဒအမတ် ကဏ္ဍကမြင်း တို့နှင့်
ဥရုဝေလ တောသို့ ကိလေသာ ကုန်ခန်းပြီး
ဥာဏ်အလင်းရောင်တွေကို ရှာဖွေရန်
တောထွက်တော် မူခဲ့ပါသည်။
မဂဓတိုင်း ဂယာမြို့အနီး
ဥရုဝေလတောဝယ် ( ၆ ) နှစ်တာ ကာလပတ်လုံး
ဒုက္ကရစရိယာ အကျင့်ကို ကျင့်ခဲ့ပါသည်။
အတ်တကိလမထာ
( ပင်းပန်းစွာ ခန္ဓာကိုယ် ညင်းဆဲကြောင်း )
အကျင့်တို့ကို့ ထိုတောဝယ် ( ၆ ) နှစ်တိုင်တိုင်
ပင်းပန်းစွာ ကျင့်ကြံသော်လည်း
တရားထူးကို မရရှိခဲ့ပေ။
အစွန်းလွတ်သော
မဂ္ဂင် ( ၈ )ပါး နည်းလမ်းသစ်ဖြင့်
၁၀၃ ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင်
သဗ္ဗညုတ ဉာဏ်တော်ကို ရရှိကာ
ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါသည်။
ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက်
အားထုတ်ခဲ့သော တရားများနှင့်
လောကကို ဆင်ခြင်ကြည့်သော်
မိမိရရှိ ကျင့်ကြံထားသော တရားတို့သည်
အလွန်သိမ်မွေ့ နက်နဲ ခက်ခဲလွန်းနေ၏။
လောကလူသားတို့၏ အသိဥာဏ်ကား
ကိလေသာ အမှောင်တို့ဖြင့်သာ
ထာဝစဉ် ပိတ်ဖုံးနေ၏။
ပုထုဇဉ်တို့အား ဟောကြားရန်
မတန်တဆ ခက်ခဲပင်ပန်းလိမ့်မည်ဟု
ဆင်ခြင်နေစဉ်
သဟမပှတိ ဗြမ္ဗာမင်း၏
လျှောက်ထား တောင်းပန်ချက်အရ
အဘယ်သူ့ကို တရားဦး ဟောကြားအံ့နည်းဟု
ဆင်ခြင်တော်မူ၏။
အရင်က မိမိ တပည့်တော်ခဲ့ဘူးသော
ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောဝယ်ရှိသော
"ပဉ္စဝဂ္ဂီ ငါးဦး"
( ပဉ္စ - ငါးခု ငါးယောက် ၊ ၀ဂ္ဂ - အစု အဖွဲ့ )တို့ကို
တရားဦးဟောကြားရန် ကြွချီတော်မူလေသည်။
အချိန်ကား
နေမင်းကြီး ဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယ ဖြစ်၏
ဆည်းဆာ ညချမ်း ဖြစ်သည်။
သူတော်မြတ် ဓာတ်ကြောင့်
သာယာဖွယ် ကောင်းလှပေ၏။
မိဂဒါဝုန်တောကား
ရွှင်ပျအေးမြနေ၏
ဆိတ်ငြိမ်မှုဖြင့် ပြီးလျက်ရှိ၏
ထိုအခိုက်တွင်
မြတ်စွာ ဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့၏ ရှေ့တွင်
ထက်ဝယ်ဖွဲ့ခွေ နေတော်မူသည်။
ထို့နောက်
❝ ရဟန်းတို့ ❞ ဟု ခေါ်ဝေါ်ကာ
နှုတ်ခွန်း ဆက်တော်မူလိုက်၏။
ဤကား
တရားဦးဟောရန် ဖိတ်ခေါ်သံ အစတည်း။
ပဉ္စဝဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများ
ဖြစ်ကြသည့် အပြင်
သဒ္ဓါ, ဆန္ဒ, ဝီရိယ စိတ်ထား
ပြည့်စုံနေပြီးသူများ ဖြစ်ကြလေရာ
မြတ်စွာဘုရား၏ စကားအစသည်
သူတို့၏ နှလုံးသားဝယ်
တရား တည်၍တည်၍ လာလေသည်။
ထိုအချိန်တွင် မြတ်စွာဘုရားက
မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်တော်မူ၏။
တရား နာယူကြရန်လည်း
တစ်ဆက်တည်း တိုက်တွန်း၏။
သို့သော်
မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာ နေကြ၏။
မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း
ထပ်မံ သိစေပြန်၏
ပြီးမှ ❝ တရားဦး ❞ ခေါ်
❝ ဓမ္မစက္က ပဝတ္တန သုတ္တ ❞ ကိုဟောကြား တော်မူလေသည်။
"ဓမ်မစက်က_ပ၀တ်တန ၏ အဓိပ်ပါယျမှာ
တရား တည်းဟူသော
အသိစက်ကို ဖြစ်စေ, လည်စေတော်မူခြင်းဟု
အဓိပ္ပါယ်ရပါသည်
( ဓမ္မစက္က = တရားတော် + ပ၀တ္တန = ဖြစ်စေ ၊
လည်စေခြင်း )
ဓမ္မစကြာ တရားတော်သည်
သစ္စာလေးပါး တရားကို
ညွှန်းဆို ဟောကြားသော ဒေသနာဖြစ်၍
ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု
ဆိုထိုက်ပါသည်။
ဓမ္မစကြာ တရားတော်ကို
စိစစ် သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ -
အစွန်း နှစ်ခု ကို ရှောင်ကြဉ်ရေး
မဇ္စျိမပဋိပဒါ မဂ္ဂင် ရှစ်ပါး လမ်းစဉ်မှန်ကို
ကျင့်သုံးရေးတို့ကို ညွှန်ကြားထားကာ
သစ္စာလေးပါး တရားကို သိမြင်စေရန်
ဟောကြားထားသောကြောင့်
ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော
သဘောတရားကို တွေ့မြင်နိုင်ပါသည်။
ထိုတရားတော်၏ အဆုံးဝယ်
"အရှင်ကောဏ္ဍည" သည်
လူသားများ အနက် ပထမဦးဆုံး
သောတာပတ္တိဖိုလ်၌ တည်လေ၏။
ထိုနေ့သည်
ဝါဆိုလပြည့်နေ့ ဖြစ်၏။
ထို့နောက်တဖန်
ဒေသနာကို ဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော်
( ၁ ) ရက်နေ့၌ အရှင်ဝပ။
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ။
( ၃ ) ရက်နေ့၌ အရှင်မဟာနာမ်။
( ၄ ) ရက်နေ့၌ အရှင်အဿဇိ တို့သည်
အသီးသီး သောတာပန် တည်ကြလေကုန်၏။
ပဉ္စဝဂ္ဂီ အားလုံးပင်
❝ ဧဟိဘိက္ခု ❞ ရဟန်း အဖြစ်ရောက်ကြလေသည်။
ဝါဆိုလပြည့်ကျော် ( ၅ )ရက်နေ့တွင်
မြတ်စွာဘုရားသည် ❝ အနတ္တလက္ခဏသုတ္တ ❞ ကို
ဟောကြား တော်မူခဲ့သည်။
ဤတွင် ငါးဦးလုံး
ရဟန္တာ ဖြစ်တော်မူကြလေသည်။
ထိုနေ့ကိုလည်း ❝ ရဟန္တာနေ့ ❞ ဟု
ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။
ဝါဆို လပြည့်နေ့ကိုမူ
တရားဦး ဓမ္မစကြ်ာ ဟောကြားသောနေ့ ဖြစ်၍
❝ ဓမ္မစကြာနေ့ ❞ ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။
"ဝါဆိုလပြည့် ထူးခြားချက်များ"
( ၁ )။ ပဋိသန္ဓေတည်သည့်နေ့
မဟာသက္ကရာဇ် ၆၇ ၊ ဝါဆိုလပြည့်
( ကြာသပတေးနေ့ )။
( ၂ )။ တောထွက်သည့်နေ့
မဟာသက္ကရာဇ် ၉၇ ၊ ဝါဆိုလပြည့်
( တနင်္လာနေ့ )။
( ၃ )။ ဓမ္မစကြာတရားဦးဟောသည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
( စနေနေ့ )။
( ၄ )။ သောတာပန်လူသား စပေါ်သည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
( စနေနေ့ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့
စတင်ကူးပြောင်းခွင့် ကြုံသောနေ့။
( ၅ )။ သံဃာရတနာ စပေါ်သည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်။
( ၆ )။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို
စတင် ကြားရသော နေ့။
( ၇ )။ ရေမီး အစုံစုံတို့ဖြင့်
တန်ခိုးပြာဋိဟာကို ပြတော်မူသော နေ့
( ၇ ဝါမြောက်တွင် )။
"လယ်တီဆရာတော်ကြီး၏ကဗျာများ"
~~~~~~~~~~~~~~~~~~~~~~~~
သန္ဓေယူတော်မူသောနေ့ ( ကြာသာပတေးနေ့ )
သုံးလူ့ရှင်ပင် ၊ ကျွန်းထိပ်တင် ၊
သောင်းခွင် စကြာ၀ဠာ၊ နတ်ဗြဟ္မာတို့၊
ညီညာရုံးစု ၊ တောင်းပန်မူကြောင့်၊
ရတုနဂိုရ် ၊ ရွှန်းရွှန်းစိုသည်
ဝါဆိုလပြည့် ကြွက်မင်းနေ့၀ယ်
ချမ်းမြေ့ကြည်ဖြူ သန္ဓေ ယူသည်
နတ်, လူ ငြိမ်းဖို့ ကိန်းပါကို...။
___________________________________________
တောထွက်တော်မူသောနေ့ ( တနင်္လာနေ့ )
ဖွားမြင်မြောက်သော်
ဆယ်ခြောက်နှစ် ရွယ် ပျိုမြစ်နုနယ်၌
သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်
ဆယ်သုံးနှစ်လျှင် ၊ ဘုန်းသစ်လျှံလူ ၊ စံတော်မူ၍
ရွယ်မူနုဖြိုး ၊ နှစ်ဆယ်ကိုး၀ယ်
လေးမျိုးနိမိတ် ၊ နတ်ပြဟိတ်ကြောင့်
ရွှေစိတ်ငြင်ငြို ၊ သံဝေပိုက
၀ါဆိုလပြည့် ကျားမင်းနေ့၀ယ်
ချမ်းမြေ့ရဂုံ တော်ရပ်လှုံသည်
စုံမြိုင်ပင်ရိပ်ခမ်းမှာကို...။
___________________________________________
ဓမ္မစင်္ကြာဟောတော်မူသောနေ့ ( စနေနေ့ )
ဘုရားဖြစ်ကာ ၊ မိဂဒါသို့
စကြာရွှေဖဝါးဖြန့်ချီ သွား၍
ငါးပါး၀ဂ္ဂီစုံအညီိနှင့်
မဟီတစ်သောင်း တိုက်အပေါင်းမှ
ခညောင်းကပ်လာ ၊ နတ်ဗြဟ္မာအား
၀ါဆိုလပြည့် ၊ စနေနေ့၀ယ် ၊ ကြွေ့ကြွေ့လျှံတက်
ဓမ္မစက်ကို မိန့်မြွတ်ထွေပြား
ဟောဖော်ကြားသည်
တရားနတ်စည်ရွှမ်းတယ်ကို...။
___________________________________________
အမှောင်ပျောက်၍ အလင်းရောက်ပါစေ...။
မူရင်းရေးတင်လှူသူအား လေးစားစွာဖြင့် 🙏🏻
11/07/2022
#ကျွန်မတို့ မြန်မာလူမျိုးအတော်များများဟာ ခေါင်းအုံး၊ မွေ့ယာ ၊ ဖက်လုံး စတာတွေကို လဲမှို့ များနဲ့ပြုလုပ်ပြီးတော့ ခေါင်းအုံးတစ်လုံး၊ ဖက်လုံးတစ်လုံးကို အချိန်အတော်အကြာ အသုံးပြုလေ့ရှိကြပါတယ်
မှို့ နဲ့မှ အေးတာ ဆိုတဲ့ အစွဲ ၊ ငါ က ခေါင်းအုံးပြောင်းရင် မအိပ်တတ်ဘူး ဆိုတဲ့အစွဲတွေကြောင့် ခေါင်းအုံးတစ်လုံးကို နှစ်ပေါင်းများစွာ အသုံးပြုကြတာ ကိုတွေ့ဖူးပါတယ်။
နယ်မှာတော့ ခေါင်းအုံးတွေကို နေလှန်းပေးတာ၊ အုံးတာကြာလို့ အိသွားတဲ့ခေါင်းအုံးတွေကို မှို့အသစ်ထည့် ပြီး ပြန်ချုပ်တာမျိုးတွေ လုပ်ကြတာ မြင်ဖူးပေမဲ့ ကျွန်မနေတဲ့ ရန်ကုန်မြို့လိုမျိုး အလင်းရောင်နဲ့ လေကောင်းလေသန့် သိပ်မရတဲ့ တိုက်ခန်းနေသူတွေအဖို့ ခေါင်းအုံးနဲ့ မွေ့ယာတွေကို နေပြဖို့ဆိုတာ မလွယ်ကူလှပါဘူး
အိပ်နေတုန်းမှာ ခေါင်းကထွက်တဲ့ချွေးနဲ့ သွားရေဟာ ကြာလာတဲ့အခါ ခေါင်းအုံးတွေမှာ ဝါကျင့်ကျင့် အကွက်လိုက်တွေ ဖြစ်နေတတ်ပါတယ်
ခေါင်းအုံးတွေ ဖက်လုံးတွေမှာ အဲသလို ဝါကျင့်ကျင့် နှင့် အကွက်တွေပေါ်နေပြီဆိုရင်တော့ မသုံးသင့်တော့ပါဘူး
ကျွန်မရဲ့အမေမှာ ရင်ကြပ်တဲ့ဝေဒနာနဲ့ ချောင်းဆိုးနေခဲ့တာ တစ်နှစ်လောက် ရှိပါပြီ
လွန်ခဲ့တဲ့လကဆိုရင် ရာသီဥတုကလည်း နေပူလိုက် မိုးရွာလိုက်မို့ Humidity (စိုထိုင်းဆ) မြင့်ပြီး Virus ပေါက်ပွားစေတဲ့ရာသီဖြစ်တာကြောင့် အမေ့ရဲ့ ရင်ကြပ်ဝေဒနာဟာ သက်သာမလာဘဲ ညစဉ် ညစဉ် လုံးဝ အိပ်မရတဲ့အထိတောင် ဖြစ်လာခဲ့ပါတယ်
ဒီကပ်ရောဂါကာလမှာ ဆေးရုံသာ ခေါ်သွားရင် ချောင်းဆိုးလို့ ရောက်လာတာကြောင့် ကပ်ရောဂါ သံသယ လူနာစာရင်းထဲထည့်ပြီး တခြားဝေဒနာ သည်တွေနဲ အတူတူထားရာကနေ ရောဂါကူးပြီးတော့ ပစ်လိုက်ရနိုင်ပါတယ်
ကြံရာမရဖြစ်မိတဲ့အဆုံး ကျွန်မပြနေကျ ပြင်သစ်ဆရာဝန်ဆီ ဖုန်းဆက်တော့မှ သူ့ဆေးခန်းဖွင့်ထားပေးတာသိရလို့ အမေ့ကို သူ့ဆီခေါ်သွားခဲ့ပါတယ်
ပြန်လည်စစ်ဆေးမှုတွေ လုပ်ဆောင်ပြီး လိုအပ်တဲ့ဆေးဝါးကိုလည်း ဆေးခန်းကပဲ တစ်လစာ စီစဉ်ပေးခဲ့တာကြောင့်၊ လျှင်မြန်လွယ်ကူစွာပဲ သက်သာလာပါတယ်
အဲအချိန်မှာ ကျွန်မ သတိပြုမိတာက အမေ့ရဲ့အိပ်ယာနဲ့ခေါင်းအုံးဟာ အတော်ကြီး ဟောင်းနွမ်းနေတာကိုပါပဲ။ ဘယ်လောက်ကြာနေမှန်းတောင်မသိတော့ပါဘူး
ကျွန်မကိုယ်တိုင် Bronchitits ရှိသူဖြစ်ပြီး တစ်နေ့ကို ၃/၄ ခါလောက်တာ့ ချောင်းဆိုးတတ်သူမို့ အိပ်ယာခင်း၊ စောင်၊ ခေါင်းအုံးမွေ့ယာကို သန့်ရှင်းပြီးအနံ့အသက်မရှိအောင်ဂရုစိုက်ရပါတယ်။ အမေနဲ့ အိမ်ခွဲနေတာ ၁၀ နှစ်ကျော်ပြီမို့ အမေနေမကောင်းမှပဲ အမေ့ အိပ်ယာနဲ့ ခေါင်းအုံးတွေကို သေချာ ကြည့်ဖြစ်ပါတယ်။
ကပ်စေးနဲတဲ့အမေ့ကို အမေ့ခေါင်းအုံးတွေ အိပ်ယာတွေ လဲလိုက်လို့ပြောရင် လဲမှာမဟုတ်မှန်းလည်းသိ၊ အကျိုးအကြောင်းပြောလဲ ခေါင်းမာတဲ့အမေက လက်ခံမယ်မဟုတ်မှန်းလည်း သိတာကြောင့် ရန်ဖြစ်ခြင်းနဲ့ အဆုံးသတ်ရမယ့်အတူတူ ဉာဏ်ထပ်သုံးရပါတော့တယ်
“အမေ ခေါင်းအုံးတွေ၊ စောင်ခြင်ထောင်၊ မွေ့ယာ အကုန်ပစ်လိုက်၊ အမေ့ခြေသည်း၊ လက်သည်း နှင့် ဆံပင်လေးပါ နည်းနည်းထည့်ပစ်လိုက်နော်” လို့ ပဲ ပြောပြီး ချက်ချင်းပဲ အဲဒီနေ့မှာ လိုအပ်တဲ့ အိပ်ယာ အသုံးအဆောင်တွေ ကိုယ်တိုင်ဝယ်ပြီးသွားပို့ပေးလိုက်ပါတယ်
အကြောင်းတိုက်ဆိုင်စွာပဲ တစ်နှစ်လောက် အဆက်မပြတ်ချောင်းဆိုးလာတဲ့အမေဟာ ချောင်းလုံးဝမဆိုးတော့ဘဲ ထူထူထောင်ထောင်ပြန်ဖြစ်လာပါတယ်
အမေ နေမကောင်းတာနဲ့ ကိုယ့်ရဲ့ Bronchitis ဝေဒနာကို အကြောင်းပြုပြီး စာတွေလိုက်ရှာဖတ်ရင်း၊ မသန့်ရှင်းတဲ့ခေါင်းအုံးကို အသုံးပြုနေကြသူတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို ခံစားတတ်ကြရတယ်ဆိုတာကို သိခဲ့ရပါတယ်
ပြီးတော့ ခေါင်းအုံးတစ်လုံးကို ၁ နှစ် ကနေ ၂ နှစ်အတွင်းသာ သုံးသင့်ကြောင်းကိုလည်း ဖတ်သိခဲ့ရပါတယ်
အိပ်စက်ခြင်းဟာ ကျွန်မတို့အတွက် အခြေခံ ဇိမ်ခံခြင်း တစ်ခုပါ
ကိုယ်အိပ်တဲ့အချိန်မှာ သက်တောင့်သက်သာ အိပ်ပျော်နိုင်ဖို့၊ အိပ်စက်နေစဉ်မှာ ခံစားရနိုင်တဲ့ဝေဒနာတွေ ကင်းဝေးစေဖို့က မိမိရဲ့ အိပ်ယာ သန့်ရှင်းမှုရှိနေဖို့ ပထမ၊ သက်တောင့် သက်သာရှိဖို့ က ဒုတိယပါ ၊ နောက်ဆုံးကတော့ အိပ်စက်ခြင်းကို အထောက်အကူပြုစေတဲ့ အမွှေးနံ့သာနဲ့ အသံတွေပဲ ဖြစ်ပါတယ်
လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်လွယ်နေကြတဲ့အချိန်မှာ မသန့်ရှင်းတဲ့ အိပ်ယာတွေခေါင်းအုံးတွေကြောင့်လည်း အပိုဆုတွေ မရကြစေဖို့ မျှဝေလိုက်ရပါတယ်
30/06/2022
"Marina Skin Care" ချစ်သူတို့အတွက် သိထားသင့်တာလေးတွေ... ဆောင်ရန်၊ရှောင်ရန်လေးတွေ... အခုမှစသုံးမဲ့ "Customers" မေးလေ့မေးထရှိတဲ့မေးခွန်းလေးတွေကို တစုတစည်းတည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင့်
24/05/2022
😇လူတစ်ယောက် သောင်းချီပြီး skin careတွေ လုပ်နေပြီဆိုရင်လေပြောကြပါလိမ့်မယ်
စျေးကြီးလိုက်တာတို့ 😒
နင်မို့လို့ သုံးတယ်နော်တို့ 😒
ငါတို့ကတော့ အဲ့လောက်မတတ် နိုင် ဘူးတို့ စသည် စသည် ဖြင့်ပေါ့
သင့်ကို လမ်းပျောက်အောင် ဝိုင်းတွယ်ကြပါလိမ့်မယ်
အဲ့လူတွေက တော့ သောင်းကျော်တန်ဝမ်းဆက်တွေချုပ်ပြီး ကြွားပြပါလိမ့်မယ် 😛
ရွှေတွေဝတ်ပြီး ကြွားပြပါလိမ့်မယ် 😬
စိတ်မညစ်နဲ. လမ်းမပျောက်နဲ့
ငါတော့ သုံးမိတာမှားလေခြင်းဆိုပြီး နောင်တမရနဲ့😁
ဆက်သုံး.ပိုပြီးတောင်သုံး
တစ်လအကြာဆို သင်မမှားဘူးဆိုတာသိလာလိမ့်မယ်😍
သုံးလ တစ်နှစ် မှာ လုံးဝ အကြီးကြီး ကွာလာပြီ😁
အာ့အချိန်ခုန ကြီးဒေါ်တွေ ပြန်လာပါပီ😜
ဟဲ့ နင်မျက်နှာလေးက ကြည်နေတာပဲတို့😁
ဘာမှမလိမ်းတာတောင်အသားအရေလေးကကောင်းနေလိုက်တာတို့ဘာတို့ညာတို့ 😁
လာပါတော့မယ် 😒
အာ့အချိန်သင်ကတော့ စင်ပေါ်ကလူပဲ😍
အဲ့ အဆီတဝင်းဝင်းမျက်နှာကြီးတွေနဲ့ ဝိုင်းအားကျတာကို ခံနေရုံပဲ လေ
ကုန်သွားတဲ့ပိုက်ဆံက ပြန်ရှာလို့ရတယ်
ပျက်စီးအရေတွန့်နေတဲ့ မျက်နှာအတွက် ပြန်လည်ပြုပြင်ရန် ကုန်ကျစရိတ်က ၂ ဆလောက်ဖြစ်သွားတယ်.ပိုကြာသွားတယ်
ဟုတ်ကဲ့ ကျွန်မ ပိုက်ဆံအရမ်းနှမြောပါတယ်😁
အသားအရေလှပဖို့ skin care လုပ်တာကိုတော့ မနှမြောနိုင်ပါဘူးရှင် 😍
သင်တို့ရော skin care မလား
သူများလှတာကို ဝိုင်းအားကျမှာလားနော်
18/04/2022
🚫နှစ်ခြိုက်စွာ အိပ်စက်နိုင်ဖို့ တစ်သက်တာ ရှောင်ကျဉ်ရမယ့် အချက် (၁၀) ချက်🚫
▪️နည်းပညာမြင့်မားပါတယ်ဆိုတဲ့ စက်ပစ္စည်းတွေ ဥပမာ စမတ်ဖုန်း၊ ကွန်ပျူတာလို အရာမျိုးတွေတောင် မည်မျှပင် စွမ်းဆောင်ရည် ကောင်းနေစေကာမူ ဘက်ထရီအားကုန်သွားရင်တော့ ဘာမှ မလုပ်ဆောင်နိုင်တော့ပါဘူး။ လူတွေမှာလည်း ဒီလိုပါပဲ တစ်နေ့တာ ကုန်းခမ်းသွားတဲ့ အားအင်တွေကို အိပ်စက်ခြင်းနဲ့ အားပြန်သွင်းပေးရပါတယ်။
▪️သက်မဲ့အရာဝတ္ထုတွေအတွက်က အချိန်တစ်ခုပေး၊ ပလပ်ထိုးပြီး လွယ်လွယ်ကူကူ အားပြန်သွင်းလို့ရပေမယ့် လူတစ်ယောက် နှစ်ခြိုက်စွာ အိပ်ပျော်ပြီး အားအင်ပြန်ဖြည့်ဖို့ဆိုတာ လွယ်ကူလှတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ညအိပ်ယာဝင်ချိန်မှာ ချက်ခြင်းအိပ်မပျော်တာမျိုး၊ ညတရေးနိုးတတ်တာမျိုးတွေက ကြီးမားတဲ့ အနှောက်အယှက်အဟန့်အတားတြွေဖစ်ပြီး ရေရှည်မှာ ကျန်းမာရေးကိုပါ တိုက်ရိုက်ထိခိုက်လာစေနိုင်ပါတယ်။
▪️ဒါကြောင့်မို့ ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အနှောက်အယှက်ကင်းကင်း အိပ်ပျော်ဖို့ဆိုရင် အမြဲတမ်းရှောင်းရှားသင့်တဲ့ အချက်(၁၀)ချက် ကို ဖော်ပြပေးလိုက်ပါတယ်။
1) ရေသောက်ခြင်း
▪️ယျေဘုယအားဖြင့် ရေသောက်တာဟာ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုလို့ မကြာခဏရေသောက်ခြင်းဟာ ကောင်းမွန်တဲ့ အကျင့်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ခါနီးရေသောက်တဲ့အခါ ဆီးအိတ်ထဲမှာ ရေတြွေပည့်ပြီး အိပ်ကောင်းနေတုန်း ညလယ်မှာ နိုးလာပြီး ဆီးထသွားရပါတယ်။
▪️ရေသောက်တာများရင်များသလို ခဏခဏ ထနေရတာမျိုး ဖြစ်တတ်ပါတယ်။ လူအများစုဟာ တရေးနိုးပြီးရင် ပြန်အိပ်ပျော်ဖို့ အခက်တွေ့တတ်ပါတယ်။ ဒါကြောင့်မို့ အိပ်ယာဝင်ခါနီး ရေသောက်တာကို ရှောင်ပါ။
2) နေ့လည်တရေးအိပ်ခြင်း
▪️နေ့ခင်းနေ့လည် တရေးအိပ်ခြင်းဟာ တစ်ကယ်တမ်းဆိုရင် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အကျင့်တစ်ခုပါ။ တရေးအိပ်တဲ့ အချိန်ကာလကကို မိနစ် ၂၀ ကနေ ၄၅ မိနစ်လောက်ထိပဲလို့ သတ်မှတ်တတ်ကြပါတယ်။
▪️မည်သို့ပင်ဖြစ်စေ နေ့လည်တရေးအိပ်တတ်တဲ့ အကျင့်ရှိသူတွေအနေနဲ့ မိနစ် ၃၀ ထက် ပိုပြီးအိပ်စက်မိမယ် ဆိုရင်တော့ ညဘက်အိပ်ယာဝင်တဲ့အချိန်မှာ ချက်ခြင်း အိပ်မပျော်ပဲ အခက်တွေ့စေတတ်ပါတယ်။
▪️ဒါကြောင့်မို့ ကျန်းမာရေးအရ အသည်းအသန် မလိုအပ်ဖူးဆိုရင် နေ့လည်ခင်း တရေးအိပ်တတ်တဲ့ အကျင့်ကို ရှောင်ကျဉ်ပါ။
3)အိပ်ယာမဝင်မီ အစာအဝအပြဲစားခြင်း
▪️ဒီအချက်ကတော့ လူအတော်များများ သိနှင့်ပြီး ဖြစ်ပါလိမ့်မယ်။ အိပ်ယာမဝင်မီ ညဘက် အဝအပြဲစားသောက်တဲ့အခါ စားထားတာတွေက လူကို နည်းမျိုးစုံနဲ့ အန္တရာယ်ပေးတတ်ပါတယ်။ နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကို အဟန့်အတားဖြစ်စေသလို အစာမကြေတာ၊ ရင်ပြည့်တာ စတဲ့ ခန္ဓာကိုယ်အစာခြေစနစ်ကိုပါ ဒုက္ခပေးတတ်ပါတယ်။ ဒါကြောင့်မို့ ညစာဆိုရင် အတော်အသင့်လောက်ပဲ စားသင့်ပါတယ်။
▪️အစာစားပြီးတဲ့အခါ ချက်ခြင်း မအိပ်သင့်သလို အိပ်ခါနီးမှာလည်း အစာမစားသင့်ပါဘူး။ အိပ်ချိန်နဲ့ ကပ်ပြီး သစ်သီးစားတာတို့ ဒါမှမဟုတ် ဘာမှမစားပဲ အိပ်တာတို့က ပြဿနာမဖြစ်စေပါဘူး။ ညစာစားပြီး ၂ နာရီကနေ ၃ နာရီလောက်ခြားပြီးမှ အိပ်ယာဝင်သင့်ပါတယ်။
4)အိပ်ယာသက်တောင့်သက်သာမရြှိခင်း
▪️အရည်အသွေးနိမ့်တဲ့ အိပ်ယာ၊ မွေ့ယာတွေကလည်း အိပ်စက်ခြင်းကို နှောက်ယှက်နိုင်ပါတယ်။ ဒါကြောင့်မို့ အိပ်ယာပစ္စည်းတွေ ဝယ်တဲ့အခါ ရေရှည်သုံးစွဲရမှာလို့ သဘောပိုက်ပြီး သင့်တင့်တဲ့ အရည်အသွေးရှိတဲ့ ပစ္စည်းတွေကို ရေရှည်အတွက် အရင်းအနှီးတစ်ခုလို သဘောထားပြီး ဝယ်ယူဖို့ တိုက်တွန်းလိုက်ပါတယ်။
5)အလင်းစူးတဲ့ နှိုးစက်နာရီ
▪️အလင်းရောင်ဟာလည်း နှစ်ခြိုက်စွာ အိပ်စက်ခြင်းကို အနှောက်အယှက်ပေးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ အချို့လူတွေ မီးထွန်းပြီး အိပ်တတ်ကြတာလည်း တွေ့ဖူးမြင်ဖူးပါတယ်။ ဒါပေမယ့် လူ့သဘာဝအရ နှစ်ခြိုက်စွာအိပ်ပျော်ခြင်းကို အလင်းအလွန်နည်းတဲ့ အမှောင်ထဲမှာ အိပ်စက်ခြင်းမျိုးကသာ ပေးစွမ်းနိုင်ပါလိမ့်မယ်။
▪️ယခုခေတ် LED တွေ ခေတ်စားလာပြီး နေရာတစ်ကာမှာ ပါလာတတ်ပါတယ်။ ညဘက် နှိုးစက်နာရီမှာလည်း ဒီလိုအလင်းစူးတဲ့ မီးတွေပါတဲ့ နာရီမျိုးတွေက အိပ်စက်ခြင်းကို နှောက်ယှက်တတ်လို့ အသုံးမပြုသင့်ပါဘူး။
6)အိပ်ခန်းထဲ လျှပ်စစ်ပစ္စည်းများထားခြင်း
▪️ယနေ့ခေတ် နေထိုင်မှုပုံစံအရ ကိုယ့်အနီးနားမှာ အားလုံးရှိနေအောင် အိပ်ခန်းထဲမှာ တီဗီ၊ ကွန်ပျူတာ၊ သီချင်းဖွင့်စက် စတာတွေ ထားတတ်ကြပါတယ်။ တစ်ကယ်တော့ အိပ်ခန်းဆိုတာ အိပ်စက်အနားယူဖို့ သီးသန့်အခန်းအဖြစ် ရှိနေရင် အကောင်းဆုံးပါ။ ဖော်ပြပါ လျှပ်စစ်ပစ္စည်းတွေမှာလည်း အလင်းစူးတဲ့ အချက်ပြမီးလေးတွေ ပါတတ်တာမို့ အဲဒီကလာတဲ့ အလင်းရောင်ဟာ အိပ်စက်မှုကို အနှောက်အယှက်ပေးပါတယ်။ (ဥပမာ ဒီဂျစ်တယ် ဂဏန်းပြ အဲယားကွန်း)
7)အိပ်ယာမဝင်မီ လေ့ကျင့်ခန်းလုပ်ခြင်း
▪️ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်တာဟာ ကျန်းမာရေးအတွက် ကောင်းတယ် ဆိုပေမယ့် အိပ်ခါနီးမှ လုပ်တာကတော့ အချိန်လွဲတယ်လို့ ဆိုချင်ပါတယ်။ ဒါဟာ နှစ်ခြိုက်စွာ အိပ်ပျော်မှုကို ထိခိုက်စေပါတယ်။ ဒါကြောင့်မို့ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အိပ်ချိန်နဲ့ ၄၊ ၅ နာရီခြားသင့်ကြောင်း အကြံပြုလိုပါတယ်။
8)စာဖတ်ခြင်း
▪️စာဖတ်ဝါသနာပါသူအများစုက အိပ်ယာဝင်ခါနီးတိုင်း စာဖတ်တတ်ကြပါတယ်။ အိပ်ယာထဲမှာ စာဖတ်ရတာကလည်း ဘာနဲ့မှ မလဲနိုင်တဲ့ အရသာပါ။ စာဖတ်ခြင်းဟာ ကောင်းပါတယ် ဒါပေမယ့် အိပ်ယာဝင်ခါနီး စာဖတ်တာကို ရှောင်စေရသလဲဆိုရင်တော့ အဖြေက ရှင်းပါတယ်။ စာအုပ်ထဲမှာ စိတ်ဝင်စားပြီး လုံးဝမရပ်နိုင်တော့ပဲ အိပ်ချိန်ကျော်သွားတဲ့ အခြေအနေမျိုးကို မရောက်စေလိုတာကြောင့်ပါ။
▪️နောက်တစ်ခုကတော့ စာအုပ်ထဲက အကြောင်းအရာတွေဟာ စိတ်စွဲလန်းမှုနဲ့အတူ အိပ်စက်တဲ့အခါ အိပ်မက်ဖြစ်လာတတ်ပြီး နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကို ဖျက်ဆီးနိုင်နိုင်တာကြောင့်လည်း ဖြစ်ပါတယ်။
9)ဖုန်းပွတ်ခြင်း
▪️အိပ်ယာဝင်ခါနီး ဖုန်းပွတ်နေတဲ့အတွက် စိတ်ဝင်စားစရာ တစ်ခုပြီးတစ်ခု၊ ဒါမှမဟုတ် ဂိမ်းဆော့နေတယ်ဆိုရင်တော့ တစ်ခန်းပြီးတစ်ခန်းကို ရပ်လို့မရအောင် ဖြစ်ပြီး အချိန်လွန်မှ အိပ်ပျော်သွားပြီး နောက်တစ်နေ့မှာ အိပ်ရေးမဝသလို စိတ်မကြည်လင်သလို အဖြစ်မျိုးနဲ့ ပြန်လည်နိုးလာတတ်တာကြောင့် အထူး ရှောင်ကျဉ်သင့်ပါတယ်။
10) ကော်ဖီ၊ ကဖင်းရှောင်ပါ
▪️ကဖင်းဓါတ်ပါဝင်တဲ့ ကော်ဖီ လက်ဖက်ရည်တို့အပြင် အားဖြည့်အချိုရည်တို့ကလည်း နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကို အကြီးအကျယ်ဟန့်တားစေတာကြောင့် အိပ်ယာဝင်ခါနီးရင် ဒါတွေကို လုံးဝ မသောက်သင့်ပါဘူး။ ပုံမှန်အားဖြင့်တော့ ည ၇ နာရီ ကျော်သွားရင် ကော်ဖီ လက်ဖက်ရည်သောက်တာမျိုးကို လုံးဝ ရှောင်ကျဉ်သင့်ပါတယ်။
▪️ဖော်ပြပါ အချက် ၁၀ ချက်ကတော့ နှစ်ခြိုက်စွာ အိပ်စက်ခြင်းကို အဟန့်အတား ဖြစ်စေပြီး ဒီအချက်တွေကို သတိပြုဆင်ခြင်မယ်ဆိုရင်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ အိပ်စက်ခြင်းတို့ကို လူတိုင်းပိုင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။
(ပိုပိုလေး) WWW.POPOLAY.COM
Credit 👆
Ma Nilar Htun
22/01/2022
ရေမသောက်ဘဲ ရေအစားထိုးပြီး
သောက်ပါ....
မြေအိုး သေးသေးလေးထဲက်ို
ရေ မပြည့်တပြည့်ထည့်ပြီး
မကျည်းသီး လက်တဆုပ်ခန့်
ထန်းလျက် အလုံးသေးသေးလေးတွေ ၁၅လုံးခန့်
ဆား ဇွန်းသေးသေး တစ်ဇွန်းခန့်
အဲဒီ ၃မျိုးကို ဒီအတိုင်းထည့်ထားလိုက်တယ်
မမွှေနဲ့ မွှေစရာမလိုဘူး
မွှေရင် အဖတ်မှုန်တွေထလာလိမ့်မယ်
တစ်ချက်မှမမွှေဘဲ သူ့ဘာသာကြည်တက်လာတဲ့ အရည်ကြည်ကို
ရေမသောက်ဘဲ ရေအစားထိုးပြီးသောက်တယ်
သောက်ရင် ဘာအကျိုးဖြစ်မလဲဆို အရင်စဉ်းစားကြည့်ရအောင်
မကျည်းသီးကို ကြေးဘုရား
ကြေးခွက်တွေ အညှိတွေတက်နေတာတွေကို
ပွတ်တိုက်ဆေးကြောပေးရင်
ပြောင်လက်သွားတယ်
အသားကိုင်ထားတဲ့လက်တွေကို မကျည်းသီးနဲ့ ဆေးပေးရင် အနံ့ပျောက်တယ်
တစ်ချို့က ဆိတ်သားကို အညှီနံ့ ပျောက်အောင်
မကျည်းသီးနဲ့ နှယ်ပြီးဆေးတယ်
မကျည်းဖျော်ရည်ကို
ရေအစားထိုး သောက်မယ်ဆို
အမျိုးသားတွေအတွက်ရော
အမျိုးသမီးတွေ အတွက်ရော ကလေး၊လူကြီးပါမကျန်
သောက်တဲ့ အကျိုးကြောင့်
ဝမ်းတွင်းအေးနေမယ်
ကိုယ်တွင်းအဆိပ်အတောက်များကို ဝမ်းအဖြစ်ဖယ်ရှားပေးလို့ အပူအစပ်ကင်းစင်ပြီး
မျက်နာမှာ ထွက်နေတဲ့ ဝက်ခြံတွေကို ပါးသထက် ပါးစေမယ် အမြဲတမ်းသောက်နေလို့
ဝက်ခြံတွေ အမြစ်ပြတ်ပျောက်သွားမယ်
ရောဂါမှန်သမျှ အပူကြောင့်ဖြစ်တာ အခုလိုဥပမာ နဲ့ပြောမယ် ရေခဲသေတ္တာထဲကိုထည့်ထားတဲ့ အသီးအရွက်နဲ့
အပြင်မှာထားတဲ့ အသီးအရွက်လိုဘဲ
ရင်အေးတယ်
ဝမ်းမှန်တယ်
ဆီးမှန်တယ်
ခံတွင်းရှင်းပြီး အနံ့ပျောက်တယ်
မျက်လုံးကြည်တယ်
ဝက်ခြံတွေ စင်တယ်
အထူးသဖြင့် သောက်တုန်းက
ဝက်ခြံတွေပျောက်ချင်လို့ သောက်ခဲ့တာ
ပိုက်ဆံမကုန်လို့
အထင်မသေးဘဲ စမ်းကြည့်ရအောင် ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုတဲ့
ရှေးစကားပုံလည်း ရှိတယ်နော်
အဖိုး အဖွားတွေ
အခုလို သဘာဝအသီးတွေကို
ကိုယ့်ဘာသာဖျော်သောက်လို့
ဘာရောဂါမှ မဖြစ် တဲ့အပြင်
ငွေတွေ အလဟသ မကုန်ခဲ့လို့ ဘုရားတွေတည် ကျောင်းတွေဆောက် လှူဒါန်းပေးကမ်းနိုင်ခဲ့ကြပြီး အသက်ရှည်ခဲ့ကြတယ်ဆိုတာကို မမေ့နဲ့နော် ။
11/01/2022
💁♀️မည်သည့်အသားအရေမဆို မရှိမဖြစ်ဆောင်ထားသင့်တဲ့ (Clay Mousse Clear water+Gold mask) ၂မျိုးတွဲလေး တစုံသုံးကြည့်ရုံနဲ့ ထူးခြားတဲ့ရလဒ်ကိုပြန်ပေးစွမ်းမှာ အသေအချာပါ....
#အသေးတစုံ_36000ks(Gold~5g)
#အကြီးတစုံ_62000ks(Gold~15g)
{အမျိုးသမီးများသာမက/ အမျိုးသားများပါအသုံးပြုနိုင်သည်}
ဝယ်ယူလိုပါက👇
09786508342
m.me/-110555294831010/
08/01/2022
💁♀️တင်းတိပ်ပျောက်လိမ်းတာ ပိုမဲလာတယ်၊ ပိုထင်းလာမှာ ကြောက်တယ်ဆိုတဲ့ မမတွေ
#သေချာဖတ်ပေးပါနော်
Skincare လုပ်ရင်
ဘာကြောင့်မျက်နှာပေါ်က
အမဲစက်နဲ့ ဝက်ခြံတွေသိသာလာတာလဲ?‼️
Skincare လုပ်ခြင်းကမျက်နှာအပေါ်ယံအလွှာကိုပဲ ထိန်းသိမ်းခြင်းမဟုတ်ပါဘူး
မျက်နှာအသားအရေရဲ့အောက်ဆုံးအလွှာမှာရှိနေတဲ့ အညစ်အကြေးတွေကို စတင်Cleaningလုပ်ပေးတာအပြင် အောက်ခံအလွှာကြည်ဝင်းလာတာနဲ့အမျှ
မျက်နှာပေါ်မှာအရင်ကရှိနေတဲ့ ဝက်ခြံနဲ့အမဲစက်တွေဟာ ပိုမိုသိမြင်ထင်ရှားလာတာသာဖြစ်ပါတယ်
အသားအရေရဲ့အတွင်းပိုင်းသန့်စင်ပြီးမှ အပေါ်ယံအလွှာကိုသန့်စင်မယ်ဆိုရင်ပိုမိုလွယ်ကူပြီး အပေါ်ကိုသာသန့်စင်မယ်ဆိုရင်
အလွယ်တကူပြန်လည်ညစ်ပေလွယ်ပါတယ်
အောက်ဆုံးအလွှာကိုSkincareလုပ်ပြီး
သန့်စင်ပေးမယ်ဆိုရင်
ရိုးရိုးပေါ်ယံသန့်ရှင်းတဲ့မျက်နှာအသားအရေထက်
ပိုမိုကြည်ဝင်းနေတာကိုသိသာထင်ရှားစေမှာအမှန်ပါ
ဒါကြောင့်တော်တော်များများအမေးများကြတဲ့
Skincare အစပိုင်းမှာ
သေချာသုံးရဲ့သားနှင့် ဝက်ခြံတွေအမဲစက်တွေ
ထင်ရှားပေါ်လာတယ်ဆိုတာ
အခုနားလည်လောက်မယ်ထင်ပါတယ်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
255, (Ka)4-street
Insein
