Kembangan International Skin & Aesthetic Specialist Centre
We are providing medical and aesthetic services with international standard.
❤️❤️❤️လေးစားချစ်ခင်ရပါသော မိတ်ဆွေများနှင့် အားပေးသူ customers များရှင်...
🚨ကျွန်မတို့ အင်းစိန်ကွယ်ကဘောဆေးရုံ ၅လွှာမှာ kembangan international aesthetic centre မဖွင့်လှစ်တော့ကြောင်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ မူလပင်ရင်း Kembangan UHC hospital နှင့် အသစ်ထပ်မံဖွင့်လှစ်ထားတဲ့ သုဝဏ္ဏမြို့နယ် သံသုမာလမ်းမကြီးပေါ်မှာရှိတဲ့ Kembangan thuwanna ဆေးခန်းတို့မှာ ဆက်လက်ကုသဝန်ဆောင်မှုများပေးနေပါကြောင်း အကြောင်းကြားအပ်ပါတယ်ရှင်...
အဆင်မပြေမှုများအတွက် အနူးအညွတ်တောင်းပန်အပ်ပါတယ်ရှင်... 🙏🙏🙏
Dear all customers & patients, we have closed this insein branch already.
Our main hospital is at new university avenue road as "Kembangan UHC" & another Yangon branch is in thuwanna as "Kembangan thuwanna". Deeply apologize for your inconvenience...🙏🙏🙏
04/02/2016
*** ၀က်ခြံ (ACNE) ဖြစ်ပွားရခြင်း…***
ဝက်ခြံ???
* ၀က်ခြံ (Acne) ဆိုတာ ခန္ဓာကိုယ်အရေပြား မွေးညင်းအိတ်ကလေး (Hair Follicle) နဲ့ အဆီဂလင်း (Sebaceous Gland) လေးတွေမှာဖြစ်တဲ့ နာတာရှည်အရေပြား ပြဿနာတစ်ခုပါ…
* ၈၀% သောလူတွေဟာ မိမိတို့ဘ၀ရဲ့ တချိန်ချိန်မှာ ၀က်ခြံပြဿနာနဲ့ ကြုံတွေ့ကြရပါတယ်လို့ သုတေသနတွေက ဆိုပါတယ်….
* ၀က်ခြံပြဿနာဟာ အချို့သောလူတွေမှာ နေ့စဉ်လူမှုဘ၀ကို အတော်အတန် သက်ရောက်နေပြီး စိတ်ကျရောဂါနဲ့ မိမိကိုယ်ကို အဆုံးစီရင်ခြင်းအထိပါ ဖြစ်စေတတ်ပါတယ် …..
ဘယ်နေရာတွေမှာဖြစ်မှာလဲ???
* ခေါင်းအစခြေအဆုံး မွှေးညှင်းရှိတဲ့ နေရာတိုင်းမှာ…..(အဖြစ်အများဆုံးမျက်နှာမှာအပြင် ကျောကုန်း၊ ရင်ဘတ် နဲ့ တင်ပါးတို့မှာ)
ဘယ်သူတွေမှာဖြစ်မှာလဲ???
* လူမျိုးမရွေး၊ ကျား၊မမရွေး (ယောက်ျားလေးတွေမှာဖြစ်တဲ့ ၀က်ခြံတွေက ပိုဆိုးတတ်တယ်လို့ ဆိုသလို မိန်းကလေးတွေမှာ ပိုပြီးအချိန်ကြာကြာ ဖြစ်လိုက်ပျောက်လိုက် ရှိနေတတ်လို့ ဆိုကြပါတယ်…..)
* အသက်အရွယ်မရွေး (လူပျို၊ အပျိုဖော်ဝင်စမှာ ပိုအဖြစ်များတတ်တာကြောင့် အပျိုဖော်ဝင်စောတဲ့ မိန်းကလေးတွေမှာ ယောက်ျားလေးတွေထက်စာရင် အသက်ပိုငယ်ငယ်နဲ့ ၀က်ခြံပြဿနာဖြစ်နိုင်ပါတယ်….
* တခါမှ ၀က်ခြံမရှိခဲ့ဖူးသော်လည်းလူလတ်ပိုင်း၊ လူကြီးပိုင်းမှ စတင်ဖြစ်တတ်တာလဲရှိပါတယ်….. မွေးကင်းစကလေးလေးတွေမှာလဲဖြစ်နိုင်ပါတယ်…)
* မိသားစုမှာ ၀က်ခြံရှိတဲ့သူ၊ တက်စ်ထရိုစတီရုန်း (Testosterone) ဟော်မုန်းများနေတဲ့ မိန်းကလေးတွေ၊ စိတ်ဖိစီးမှုများတဲ့သူ၊ တချို့မွှေးညှင်းပေါက်ပိတ်စေတဲ့ Skin Care, Make up တွေ အချိန်အကြာကြီးလိမ်းထားတဲ့သူတွေ၊ အချို့သောက်ဆေး၊ လိမ်းဆေးတွေနဲ့ နို့ နဲ့ နို့ထွက်ပစ္စည်း (Dairy Products)၊ အချို (High Glycaemic) ၊အဆီ ၊ အပူအစပ်စတဲ့ အစားအစာ များများစားတဲ့သူတွေမှာလဲ ၀က်ခြံပိုဖြစ်တတ်တယ်လို့ သုတေသနစာတမ်းတချို့ကဆိုပါတယ်…..
ဘယ်လိုကုသမလဲ???
* ၀က်ခြံရဲ့ ပြင်းထန်မှုအဆင့်ကိုမူတည်ပြီး ကုသမှုမျိုးစုံရှိပါတယ်…..
* ၀က်ခြံရဲ့နောက်ဆက်တွဲပြဿနာ (၀က်ခြံအမာရွတ်၊ အမဲစက်) တွေကိုလည်းမဖြစ်ခင်၊ ဖြစ်ပြီးကုသတဲ့ကုသနည်းများလဲ ခုခေတ်မှာရှိလာပါပြီ။
* မှားယွင်းတဲ့ကုသမှုတွေနဲ့ တွေ့ကြုံတဲ့အခါ ပိုမိုဆိုးရွားတဲ့ အခြေနေတွေကို ရင်ဆိုင်ရနိုင်ပါတယ်……..
* လူတယောက်နဲ့တယောက်ရဲ့အသားအရေ (အဆီပြန်အသားအရေ၊ ခြောက်သွေ့အသားအရေ၊ ပေါင်းစပ်အသားအရေ စသဖြင့်) မတူညီတဲ့အတွက် တယောက်ချင်းစီကိုကုသမှုခြင်းလဲ ၁၀၀% ထပ်တူမညီနိုင်ပါဘူး……
*၀က်ခြံကိုအချိန်မှီနည်းလမ်းမှန်မှန်နဲ့ ထိထိရောက်ရောက် ကုသမှုခံယူမယ် ၀က်ခြံဖြစ်စေတတ်တဲ့ အကြောင်းတရားတွေကို ရှောင်ကြဉ်မယ်ဆိုရင် နောက်ဆက်တွဲ ပြသနာမကျန်စေပဲ အောင်မြင်စွာကုသနိုင်ပါတယ်….
***အားလုံးပဲ ၀က်ခြံကင်းပြီး စိုပြေတဲ့အသားရေတွေကို ပိုင်ဆိုင်နိုင်ကြပါစေ……
ဆက်သွယ်ဆွေးနွေးနိုင်ပါသည်။
အမှတ်(၁၄၄)၊ကွယ်ကဘောဆေးရုံ (၅လွှာ)၊ မင်းကြီးလမ်း၊ အရှေ့ရွာမရပ်ကွက်၊ အင်းစိန်မြို့နယ်၊
ရန်ကုန်မြို့။
Tel: ၀၁-၆၄၇၀၉၉၊ ၀၉-၄၂၈၀၀၃၂၉၅
Email: [email protected]
Kembangan (Insein) Branch တွင် ရရှိနိုင်သောဝန်ဆောင်မှုများ
>>Aesthetic & Plastic Surgery
မျက်နှာနှင့် ကိုယ်ခန္ဓာကိုယ်လှပမှုဆိုင်ရာခွဲစိတ်ကုသမှုများ
>>Skin Clinic အရေပြားရောဂါများအထူးကုသခြင်း
အရေပြားရောဂါအမျိုးမျိုးကိုလေဆာ၊ အလင်းတန်းစက်များဖြင့် ကုသခြင်း
ခရုသင်း၊ သမင်ဖြူရောဂါများအတွက် ရောင်ခြယ်ဆဲလ်အစားထိုးကုသခြင်း
(Non-cultured cellular & follicular graft, Smashed skin graft) ၊
အလင်းတန်းဖြင့်ကုသခြင်း (Excimer lamp (308 nm UVB) )
စသည့် ခေတ်မှီကုထုံးများ
>>Plastic Surgery ပုံဖော် ခွဲစိတ်ပြုပြင်ခြင်းဆိုင်ရာ ဝန်ဆောင်မှုများ
Liposuction နည်းဖြင့် အဆီပိုများကိုစုပ်ထုတ်ခြင်း၊
ကိုယ်အလေးချိန်လျှော့ချပြီးနောက် အလွန်အမင်းတွဲကျနေသော
ဗိုက်ခေါက် နှင့် ပေါင်သားများကိုခွဲစိတ်ပြုပြင်ခြင်း
(Tummy Tuck Surgery (Abdominoplasty) & Thighplasty)
မှဲ့ဖျက်ခြင်း (Mole removal)
မျက်ခွံတွဲ၊ မျက်အိတ်ဖောင်းပြုပြင်ခြင်း ( Eyebag removal/ Blepharoplasty )
ရင်သားပုံစံကျလှပစေရန်ပြုပြင်ခြင်း (Breast Lift; Implant)
မျက်ရစ်၊ နှာတံ၊ ပါးချိုင့်ဖော်ခြင်း
မေးရိုးပြုပြင်ခြင်း၊ နားရွက်ပြုပြင်ခြင်း
အသေးစားခွဲစိတ်ပြုပြင်မှု အမျိုးမျိုး
***ကြိုတင်ရက်ချိန်းယူပါရန်***
သင့်တင့်မျှတသောနှုန်းထားများဖြင့် ပုံဖော်ခွဲစိတ်မှုကျွမ်းကျင်သော
အထူးကုခွဲစိတ်ဆရာဝန်ကြီးများကိုယ်တိုင် နောက်ဆုံးပေါ်ကုထုံးများဖြင့်
ကုသမှုပေးနေပါသည်။
>>Rejuvenation နုပျိုလှပစေသောကုထုံးများ
အရေးအကြောင်း၊ ချိုင့်ခွက်များကို ပြေပျောက်ရန် ကုသခြင်း
PRP ကုထုံးဖြင့် အသားအရေနုပျိုစေရန် ကုသခြင်း
Radiancy ဖြင့် အသားအရေတင်းရင်းစေရန် ကုသခြင်း
ဓါတုဆေးရည်ဖြင့် မျက်နှာသန့်စင်နုပျိုစေခြင်း (Chemical Peeling)
>>Head to Toe beauty ဆံသားမှခြေဖျားအထိလှပမှုဆိုင်ရာ ဝန်ဆောင်မှုများ
ဝက်ခြံနှင့် အမာရွတ်များ၊ မျက်နှာ နှင့် ခနာကိုယ်ပေါ်ရှိ
အမာရွတ်ထူများကုသခြင်း (Scar Treatments)
မျက်နှာပေါ်ရှိအစက်အပြောက်များ (Age spots, Lentigines) နှင့် တင်းတိတ်
(Melasma) ၊ မှဲ့ခြောက် (Freckles) များကုသခြင်း
မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်ရှိ မလိုလားသောအသားပိုများ (skin tag,
Seborrhoeic keratosis စသည်ဖြင့်) နှင့် မှဲ့များကိုမနာမကျင်စေဘဲဖယ်ရှားခြင်း
နုပျိုကျန်းမာခြင်းဆိုင်ရာ လမ်းညွှန်ကုသခြင်း
ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးကုသခြင်း (Weight Loss
programme) ၊ ဂျိုင်းချွေးနံ့ နံခြင်း နှင့် ချွေးထွက်များခြင်းကိုကုသခြင်း
>>Hair Clinic ဆံသားနှင့် ဦးရေပြားကျန်းမာရေးဆိုင်ရာကုသမှုများ
Hair Transplant Surgery (ဆံပင်အစားထိုးစိုက်ကုသခြင်း)
Eye-brow Transplant Surgery (မျက်ခုံးမွေးအစားထိုးစိုက်ကုသခြင်း)
Hair Laser (ဆံပင်သန်စွမ်းစေရန် လေဆာဖြင့်ကုသခြင်း)
Hair Mesotherapy (ဦးရေပြားတွင်းသို့ ဆေးထိုးခြင်း)
Medications (ဆံပင်သန်စွမ်းစေရန် ဆေးကုသခြင်း)
>>Men Health အမျိုးသားများ ကျန်းမာရေးနှင့် လှပမှုဆိုင်ရာ ဝန်ဆောင်မှုများ
ဂနိုဆီးပူဆီးကျဉ်ညောင်းကျရောဂါ ကုသခြင်း
ပန်းသေ၊ ပန်းညှိုး ကုသခြင်း
လိင်ဆက်ဆံမှုဆိုင်ရာရောဂါ ကုသမှုများ
လိင်တံအရေပြားလှီးခြင်း (Circumcision)
အရေပြားဆိုင်ရာခွဲစိတ်ကုသမှုများ
***ကြိုတင်ရက်ချိန်းယူပါရန်***
>>Smile Train
မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲများ အခမဲ့ပြုပြင်ပေးခြင်း
ဆက်သွယ်ရန်
အမှတ်(၁၄၄)၊ ကွယ်ကဘောဆေးရုံ (၅လွှာ)၊ မင်းကြီးလမ်း၊ အရှေ့ရွာမရပ်ကွက်၊ အင်းစိန်မြို့နယ်၊
ရန်ကုန်မြို့။
Tel: ၀၁-၆၄၇၀၉၉၊ ၀၉-၄၂၈၀၀၃၂၉၅
Email: [email protected]
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No(144), East Ywa Ma, Min Gyi Road
Insein
11012
