Ms. Mirror Korean Skincare & Cosmetics
Authentic & Fair Price
Kalaymyo
08/07/2026
New Arrivals
04/07/2026
Instock
တစ်သက်တာအတွက် Skin 1004ရဲ့Product တွေအများကြီးရှိတဲ့အထဲကမှ တစ်ခုကိုဘဲရွေးချယ်ခွင့်ရှိမယ်ဆို သေချာပေါက် Tone Brightening Capsule Ampoule ကိုဘဲရွေးမှာပါ။
ဘာလို့ဆို Skin 1004 Product တွေတော်တော်များများသုံးဖူးတဲ့ထဲကမှ Brightening Ampoule ကတော့ရင်ထဲအရောက်ဆုံးဖြစ်ခဲ့လို့ပါ။ရှေ့အခေါက်တွေကလည်း Review တွေ(2)ကြိမ်လောက်ရေးခဲ့ဖူးတယ်။အခုကဘူးကြီးထပ်ကုန်သွားတာရယ်၊တကယ်လည်းကောင်းတာရယ်ကြောင့် Short review လေးထပ်လာရေးဖြစ်တယ်ဆိုပါတော့ ......
Brightening Capsule Ampoule ဆိုတဲ့အတိုင်း Brightening နဲ့ Soothing ကိုတစ်ပြိုင်တည်းပေးနိုင်တဲ့Ampouleမျိုးမို့ သဘောကျတာပါ။သူ့ထဲမှာCentella Extract ပါတာကြောင့် Skin Sensitiveသမားတွေတောင်သုံးရအဆင်ပြေပြီး အသားရေကနီရဲယားယံတာတွေရှိနေရင်လည်း ဒီ Ampouleလိမ်းလိုက်ရင် သက်သာသွားတာတွေ့ရတယ်။
ဒါ့အပြင် ဝက်ခြံအမာရွတ်နဲ့Dark Spot တွေရှိနေရင်လည်းတဖြည်းဖြည်းပါးလာပြီး Skin Tone တဆင့်တက်ကာ မျက်နှာကကြည်ဝင်းလာတာကိုလည်း လက်တွေ့ကျကျမျက်မြင်ခံစားရတာပါ။လိမ်းရတဲ့Texture ကလည်းကျဲကျဲလေးကိုမှ Capsuleလေးတွေပါတာမို့ မျက်နှာပေါ်လိမ်းလိုက်တာနဲ့စိမ့်ဝင်သွားပြီး ကြည်ကြည်စိုစိုလေးဖြစ်နေစေတယ်။စေးကပ်တာမျိုးမရှိဘဲ Hydration လည်း ကောင်းကောင်းပေးနိုင်လို့ ပိုသဘောကျမိသလို Oily skinတွေလိမ်းမယ်ဆိုလည်း Okတယ်။
"ခေတ်"ကတော့ သူ့ကိုဝက်ခြံပေါက်ပြီးပျောက်ဖို့ကြာတဲ့တအားထင်းတဲ့ အမဲစက်တွေအတွက် Medicube TXA+Nia Capusule Creamနဲ့တွဲလိမ်းဖြစ်တယ်။(1)လလောက်ဆိုရင်ဘဲ မျက်နှာကကောင်းကောင်းကြီး Bright ဖြစ်လာတာကိုတွေ့ရတော့တာဘဲ။
ဆိုတော့ ကိုယ်ကမျက်နှာညစ်နေတဲ့သူ၊အမဲစက်အမာရွတ်ပါးချင်လို့ Brightening Product သုံးချင်ပေမယ့် Vitamin C လိုအပြင်းစားIngredientတွေမသုံးရဲတဲ့သူတွေ၊ Skin Tone မညီလို့ညီပြီးကြည်ချင်တဲ့သူတွေအတွက်စမ်းကြည့်သင့်တဲ့ Ampoule လေးတစ်ခုလို့ ထင်ပါတယ်။
ကဲ ဒီနေ့တော့ဒီလောက်ပါဘဲ။
❌ပုံတွေ၊စာတွေ ယူသုံးခွင့်မပြုပါ။ ❌
04/07/2026
Instock
ဆံပင်အကျွတ်သက်သာဖို့ Hair Tonic တွေအများကြီးရှိပေမဲ့ SOME BY MI Hair Tonic ကိုတော့အားလုံးထဲသုံးရတာ သဘောအကျဆုံးဘဲ။
Hair Growth Serum တွေလိုထူပိတ်ပိတ်ကြီး မဟုတ်ဘဲ ရေလိုပေါ့ပေါ့ပါးပါး Texture မျိုးမို့ ဦးရေပြားပေါ် ဖြန်းပြီး Massage လုပ်ပေးရုံနဲ့ နေရတာသက်တောင့်သက်သာရှိတယ်။ Menthol ပါလို့အေးပြီးရှိန်းတိန်းတိန်းလေးနဲ့ဦးရေပြားက Fresh ဖြစ်နေရော။
Cica, Peptide, Biotin နဲ့ Panthenol တို့လို Scalp Care အတွက်ကောင်းတဲ့ Ingredients တွေအများကြီးပါထားတာကြောင့် ဗောက်ထလို့ဦးရေပြားယားတာတွေကိုလည်းသက်သာစေသလိုဆံပင်အမြစ်တွေကိုလည်းသန်လာအောင်အားဖြည့်ပေးတယ်။တချို့ကလည်း ဆံပင်တွေတအားပြန်ပေါက်တယ်ပြောကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက်ကမတူနိုင်တာမို့ ရလဒ်လည်းကွာနိုင်တယ်။
အထူးသဖြင့် ဒီ Tonicက ဆံပင်ကျွတ်တာများတဲ့သူတွေ၊ အဆီပြန်လွယ်တဲ့ဦးရေပြားရှိသူတွေအတွက် ပိုအဆင်ပြေမယ့် Tonicမျိုးပါ။တစ်ခုဘဲ Hair Tonic တစ်မျိုးတည်းနဲ့ ဆံပင်အသစ်တွေ ချက်ချင်းထွက်လာမယ်ဆိုတာမျိုးတော့ မဟုတ်ပေမဲ့ဦးရေပြား Environment ကိုကျန်းမာအောင်ထိန်းသိမ်းပေးတာကြောင့်ဆံပင်ကျွတ်တာသက်သာဖို့တော့ အားကိုးလို့ရတယ်။
ပူတဲ့အချိန်တွေမှာဦးရေပြားကအဆီတအားပြန်ပြီးယားယံလွယ်တဲ့သူဆို ဒီ Tonic လေးသုံးကြည့်ဖို့ Recommend ပေးချင်တယ်။ဘာလို့ဆိုသုံးပြီးတာနဲ့ ဦးရေပြားကပေါ့ပါးပြီးသန့်ရှင်းသွားသလိုခံစားရလို့🫶🏻
ကဲ ဒီနေ့တော့ဒီလောက်ဘဲ။
❌ပုံတွေ၊စာတွေ ကူးယူခွင့်မပြုပါ။❌
04/07/2026
ဆေးဆိုး၊ ပျက်ဆီး ဆံသားတွက် upgrade ထုတ်ထားတဲ့ Yoonskin shampoo လေး instock ပါ♥️
Yoon Skin ကနေအသစ်ထွက်ချလာတဲ့ Damage Repair Protein Shampoo။ အရင်လက်ဟောင်းတွေကိုမသုံးဖူးပေမယ့်အခု Upgrade Versionနဲ့အသစ်ထွက်လာတာ ကတော့လျှော်ကြည့်ရသလောက် "ခေတ်" ရဲ့Hair Condition နဲ့တော်တော်အဆင်ပြေနေတယ်။
အရင်က ဆေးဆိုး/အပူပေး ပုံသွင်းတာမျိုးတွေ
တစ်ခါမှမလုပ်ဖူးဘူး ဝါသနာလည်းမပါဘူး။ ဒါပေမယ့် 2025 လောက်မှာဆံပင်တစ်ခါ ဆိုးလိုက်ပြီး after careမလုပ်နိုင်တော့ ဆံသားကအရင်လိုကြည့်မကောင်းတော့တာတော့အမှန်ဘဲ။ အရင်ကကိုင်လိုက်ရင်နူးညံ့ပြီးကြည့်ကောင်းတဲ့ ဆံသားက ကြမ်းပြီးခြောက်လာတယ်၊ဘီးဖြီးရင်ငြိလာတယ်။ပြီးတော့ဆံပင်တွေပါကျွတ်လာပြီး Shiny Hairကနေမွဲခြောက်ခြောက်ကြီးဖြစ်လာတော့တည်းက လူကပျော်မနေတော့တာ။
သက်သာမလားဆိုပြီး Shampoo တွေအမျိုးမျိုး ပြောင်းသုံးခဲ့ပေမယ့် အရင်လို Healthy Hair ကိုပြန်ရဖို့ကလုံးဝမလွယ်တော့ဘူးဆိုတာ သိလိုက်တည်းက ဆံပင်က Weak ဖြစ်နေပြီ။ဒီတိုင်းကြုံရာ Shampoo တွေနဲ့လျှော်နေလို့မရတော့ဘူး။ခန္ဓာကိုယ်လည်းprotein ဓာတ်လိုသလို ဆံပင်တွေလည်း Protein Care လုပ်ပေးဖို့လိုနေပြီဆိုတာသိလိုက်တယ်။အချိန်ကိုက်ဘဲ ကိုယ့်လိုအပ်ချက်ကို ကြိုသိနေလားမသိ Yoon Skin ရဲ့ Damage Repair Protein Shampoo က လက်ထဲရောက်ချလာတာ။
သူက Damage Repair Protein Shampooမျိုးမို့ပျက်စီးဆံသားတွေ၊ ခြောက်ပြီးဖွာနေတဲ့ဆံသားတွေနဲ့ Colorဆိုးထားတဲ့ဆံသားတွေအတွက်သုံးရပြေဖို့ရည်ရွယ်ပြီးထုတ်ထားတာ။ တစ်ကြိမ်လျှော်ကြည့်ရင်းသဘောကျသွားတာက ဦးရေပြားကိုပေါ့ပါးပြီးသန့်ရှင်းသွားစေတဲ့ခံစားချက်က အသက်ဘဲ။ပေါ့ပါးပြီးနေလို့ကောင်းနေရော။ Cleansing Power အားကောင်းတော့ အဆီနဲ့ Build-upတွေကိုသေချာcleanလုပ်ပေးသွားတာ။
ဒါ့အပြင် Polyquaternium-10 နဲ့ Protein တွေပါလို့ လျှော်ပြီးတာနဲ့ ဆံသားကပိုစည်းပြီးလက်နဲ့သပ်ချရင်တောင်ရင် မငြိတော့ဘူး။ Frizz ဖြစ်တာတွေလည်းသက်သာသလို ဆံသားလည်းအသက်ပိုဝင်လာသလိုပဲ။နောက်ထပ်လည်း Hydrolyzed Corn Protein, Hydrolyzed Wheat Protein နဲ့ Hydrolyzed Soy Protein ဆိုတဲ့ Protein ( ၃ )မျိုးပါသေးတယ်။ ဒီProtein တွေကပျက်စီးနေတဲ့ ဆံသားကိုအားဖြည့်ပေးပြီး ဆံလုံးကိုပိုပြီးသန်မာချောမွတ်စေတယ်။ Trehalose လည်းပါလို့ဆံသားရဲ့အစိုဓာတ်ကိုပါ ထိန်းပေးထားနိုင်တယ်။
သိထားသင့်တာတစ်ခုတော့ရှိတယ်။ ဒီ Shampoo မှာ SLES နဲ့ ALS လို Sulfate တွေပါတာကြောင့် Cleansing အားကောင်းတယ်။အဲ့တော့ Oily Scalp သမားတွေ၊ Medium Porosity နဲ့ High Porosity Hair သမားတွေ၊ Colorဆိုးထားတဲ့ဆံသားတွေ၊ Heat Damage ရှိတဲ့ဆံသားတွေသုံးလို့ Okတယ်။ Dry Scalp နဲ့ Sensitive Scalp သမားတွေကတော့ Moisturizing Shampooတွေနဲ့အလှည့်ကျသုံးဖို့ အကြံပြုချင်တယ်။
လိုရင်းကတော့ ခေတ်အတွက်တော့ဒီShampooက ဆေးဆိုးပြီးနောက်ပိုင်းအားနည်းလာတဲ့ဆံသားကို Protein Care လေးလုပ်ပေးချင်တဲ့အချိန်မှာသုံးလို့ကောင်းတာထက်ပိုခဲ့တဲ့ Shampoo လေးပါ။တစ်ခါလျှော်ရုံနဲ့ဆံသားပျက်စီးတာအားလုံးပြန်ကောင်းသွားမယ်လို့တော့အာမမခံပေမယ့် ဆံသားကိုပိုချောမွေ့ပြီး Healthy Shiny Look ရစေတဲ့ Protein Shampoo တစ်မျိုးအနေနဲ့ သုံးလို့ကောင်းတာကိုတော့ ရဲရဲကြီးပြောရဲတယ်ဆိုတာပါဘဲ။
04/07/2026
Instock
Medicube မှာထွက်ထားတဲ့ Serumတွေ Shotတွေအများကြီးရှိတယ်။"ခေတ်"သုံးဖူးတာ(6)မျိုးရှိတယ်။အဲ့ထဲကမှ Skinအတွက် တကယ်အလုပ်လုပ်ပြီး Resultသိသိသာသာပြတယ်လို့ ခံစားရတဲ့ Serum (4)မျိုးအကြောင်းကို ပြောပြချင်တယ်။ Ultra light pink peptide serumကလွဲ ကျန်တာတွေ Full Review ရေးဖူးတာမို့ ဒီနေ့တော့ Main point လေးတွေဘဲဆွဲထုတ်ပြီး Short Review အနေနဲ့ရေးပေးလိုက်ပါတယ်။
ဆိုတော့ ဘယ်တစ်ခုက ကိုယ့်အသားရေနဲ့ကိုက်မလဲဆိုတာ ဖတ်သွားကြည့်နော်။
💙 Zero Pore Exosome Shot 7500ကတော့ ရှိသမျှချွေးပေါက်တွေကျဥ်းစေတဲ့အပြင် ဝက်ခြံတွေပါချပ်ကပ်ပြီး skin textureကိုချောသွားဖို့ အားကိုးလို့ရတယ်။ closed comedonesလို့ခေါ်တဲ့အဖုသေးသေးလေးတွေ၊ဝက်ခြံနဲ့အဆီပြန်တာတွေ၊မျက်နှာညစ်တာတွေကိုသက်သာဖို့ Focusလုပ်ထားတဲ့ Shotမျိုးပါ။ Lacto-exosome ပါလို့လိမ်းသမျှ Skincareတွေကိုskinရဲ့အတွင်းထဲထိရောက်အောင်လုပ်ပေးနိုင်တဲ့အပြင်ကိုမှပျက်စီးသွားတဲ့ Barrier ကိုလည်း Repairလုပ်ပေးနိုင်သလို glow skinလည်းပြန်ရစေတယ်။ Exfoliate လုပ်ပေးတဲ့ Ingredient တွေပါလို့ မျက်နှာပေါ်က ဆဲလ်သေတွေ၊ချွေးပေါက်ပိတ်တာတွေနဲ့ blackheads ၊ whiteheads တွေကိုသိသိသာသာ သက်သာလာအောင်လုပ်ပေးတယ်။
💖 Medicube Pink Collagen Exosome Shot 2000 ကတော့ Salmon PDRN နဲ့ Collagen ပါလို့ အရေပြားအတွင်းက New cells တွေကို Improve ဖြစ်အောင်လုပ်ပေးပြီးအသားရေကို အားပြည့်လန်းဆန်းစေပြီး အရေးကြောင်းကင်းတင်းရင်းကြည်ရှင်း Smooth Skinကိုရစေတယ်။ Skin Boots လုပ်ပေးနိုင်လို့ skin barrier ကိုလည်း ကောင်းလာစေတယ်။Niacinamide နဲ့ Hyaluronic 8 မျိုးပါလို့ အသားရေရဲ့ရေဓာတ်ကိုပြည့်ဝစေပြီး အဆီပြန်သက်သာ၊ အမဲစက်၊ အမာရွတ်နဲ့ ချွေးပေါက်ကျယ်တာတွေကို ကျဥ်းပြီးပါးလာစေတယ်။
💛 Deep Vita C Capsule Serum လေးကတော့ တင်းတိတ်၊အမဲစက်နဲ့အမာရွတ်တွေ၊ အသားရေ မွဲခြောက်ပြီး နေလောင်လို့အသားမညီတာတွေအတွက် အဓိက Targetထားပြီး သုံးလို့ကောင်းတယ်။၂ပတ်ကျော်လို့၃ပတ်မြောက်ထဲရောက်လာတာနဲ့ အမဲစက်တွေက တဖြည်းဖြည်းပါးပြီး Fadeဖြစ်လာသလိုတချိန်တည်းမှာဘဲ မျက်နှာကသိသိသာသာနဲ့ဖြူပြီးဝင်းလာတာ။Vitamin Tree Water , Vitamin C&E, Niacinamide , Alpha Arbutin နဲ့Glutatione တို့လို Brightening Ingredients တွေချည်းပါလို့ မဲညစ်နေတာတွေကိုသက်သာပြီး Skin Tone တဆင့်တက်စေမဲ့ Serumပါ။
💗 Medicube Ultra Light PDRN Pink Peptide Serumလေးကတောအသစ်ထွက်တာမကြာသေးဘူး။ Ultra Light Texture serum ဖြစ်လို့ အဆီပြန်တဲ့သူတွေအတွက်သို့ရအဆင်ပြေသွားတယ်။သူလည်းဘဲ PDRN (Salmon DNA) ပါလို့ ပျက်စီးနေတဲ့ အသားရေကိုအတွင်းပိုင်းထိ repairလုပ်ပြီး အားဖြည့်ပေးတယ်။Peptide Complex နဲ့ Nia 3%ပါလို့ အရေးကြောင်းသက်သာပြီး အမဲစက်တွေလည်းမှိန်လာစေတယ်။ Jumiso Snail Essence နဲ့တွဲသုံးကြည့် ဂွတ်ရှယ် ကျွတ်တယ်ဘဲ : 3
Ultralight PDRNလေးက Your Little Eggyက လက်ဆောင်ပေးတာဖြစ်ပြီး PDRN Exosome Shotလေးကတော့ Beauty & Glowyကလက်ဆောင်ပေးထားတာပါ။
❌ ပုံတွေ၊စာတွေယူသုံးခွင့်မပြုပါ။ ❌
03/07/2026
အဆီပြန်တာမကြိုက်တဲ့သူတွေMedicube က hyaluronic ceramide jelly cream လေး လိမ်းကြပါ💙💙
Medicube ရဲ့ Moisturizer
အကုန်လုံးနီးပါးက
Thick textureနဲ့ heavy weightဖြစ်တယ်လို့
မိုးအမြဲခံစားမိနေတာ
ပီးခဲ့တဲ့ဆောင်းတွင်းက
သုံးလက်စ Medicubeတွေ
အကုန်ရပ်ထားလိုက်ပေမယ့်
ဒီ Hyaluronic ceramide jelly creamလေးကိုတော့ ဆက်တိုက်သုံးဖြစ်သွားတယ်
Medicubeကထွက်သမျှ moisturizer ထဲ
သူက Lightweight အဖြစ်ဆုံးလို့ပြောလို့ရတယ်
Texture- Lightweight ဖြစ်တဲ့
Jelly Texture လေးကိုမှ stickyလုံးဝမဖြစ်ဘူး
Hyaluronic Acid ၁၀ မျိုးတောင်
ပါဝင်တဲ့အတွက်
အသားအရေ အတွင်းပိုင်းအထိ
ရေဓာတ်ပြည့်ဝသွားပြီး
အသားရည်ခြောက်သွေ့တာတွေကို
သိသိသာသာ သက်သာစေပါတယ်
Ceramide ပါဝင်မှုကြောင့်
အသားအရေ နီမြန်းတာ
Sensitive ဖြစ်ပြီး စပ်ဖျဉ်းဖျဉ်းဖြစ်တာတွေကို လျော့ကျစေပြီး
skin barrierကို healthyဖြစ်လာစေတယ်
Niacinamide 2%ပါလို့ ညဘက်သုံး
မနက်ကျရင် အသားကစိုစိုကြည်ကြည်
ဖြူဖြူအုအုလေးတင်းနေတာ
မိုး စtryကာစတော့ စိတ်ထဲ သူ့ texture colorကို စိတ်ထဲများတယ်ခံစားနေရလို့ ရှာကျိခဲ့တာ
အရေပြားကို ဒုက္ခပေးတဲ့
ဆိုးဆေးအတု (Synthetic Dyes) မပါဘူး
သူ့ရဲ့အပြာရောင်က အပင်ကနေရရှိတဲ့
သဘာဝအဆီအနှစ်တွေ
(ဥပမာ - Gardenia Florida Fruit Extract နဲ့ မယ်လမီယာပင် အဆီအနှစ်) ကြောင့်
ဖြစ်ပေါ်လာတဲ့ သဘာဝအရောင်
(Natural Color) သာ ဖြစ်ပါတယ်
အဲ့တာကြောင့် မျက်နှာပေါ်လိမ်းတဲ့အခါမှာ transparent colorဖြစ်သွားပီး အသားထဲစိမ့်ဝင်သွားတာပါ
Notes- သူ့ကို နေရောင်ခြည်တိုက်ရိုက်ထိတဲ့နေရာမှာ မထားနဲ့နော်
အပင်ကရတဲ့ အရောင်ဖြစ်တဲ့အတွက်ကြောင့်
ဘူးကိုဖွင့်ပြီး လေနဲ့ထိတာ ကြာလာရင်ဖြစ်ဖြစ်နေရောင် တိုက်ရိုက်ကျတဲ့နေရာမှာ ထားမိရင်ဖြစ်ဖြစ် အရောင်ပြောင်းသွားနိုင်တယ်
01/07/2026
Bamboo cream နဲ့ Oat gel cream နှစ်မျိုးလုံး instock ပါရှင့်
ငုံး အကြိုက်ဆုံး moisturizer တွေထဲက 2 မျိုးဖြစ်တဲ့ Purito တွေကို Bamboo ဆိုရင် ဖြတ်တောင် သုံးပြီးတာကြာပြီ Oat ကိုကျ ဒုတိယ တစ်ဘူးပြန်သုံးမယ်ဆိုပြီး အခုထိတော့ မဖောက်ဖြစ်သေးဘူး 🫢
Bamboo အကြောင်းကို သေချာလေး မပြောပြရသေးလို့ ငုံး review လေးနည်းနည်းရေးလိုက်မယ်ဗျ
🪵 Bamboo က တအားကို rich ဖြစ်သလို barrier supporting ပိုင်းကိုတော့ Oat ထက်တောင် ပိုပြီး အားရတယ်လို့ ငုံးတော့ ခံစားရတယ် အားရဆိုရင် သူ့မှာ Panthenol 10% တောင်သုံးပေးထားသလို Centella 4 မျိုး ၊ Peptide နဲ့ အခြားသော emollients တွေဖြစ်တဲ့ Squalane , HA , Hydrolyzed Jojoba Esters တွေရဲ့ အာနိသင်ကြောင့် repairing ပိုင်း ၊ healing ပိုင်း ၊ hydration ပိုင်းနဲ့ barrier health ပိုင်းတွေအတွက် တအားကို အားကိုးလို့ရတာကိုးဗျ
🪵 ပုံမှန် Panthenol ကို concentration မြင့်မြင့်သုံးရင် product texture က နည်းနည်းကပ်စေးစေးဖြစ်ချင်တယ် ဒီမှာကတော့ texture & stability အတွက် polymers တွေကို သေချာသုံးပေးထားတော့ စေးကပ်ကပ်မဖြစ်ဘဲ သုံးရတဲ့ gel cream ကိုမှ cream ဘက် ပိုရောက်တဲ့ အိစက်ညက်ညော texture နဲ့ တော်တော်လေးကို လိမ်းလို့ကောင်းသလို စိမ့်ဝင်သွားပြီဆိုတာနဲ့ skin က ရေအပြည့်သောက်ထားရသလို ဖူးဖူးစိုစိုလေးဖြစ်နေတာ တအားသဘောကျတယ်ဗျ
🪵 ဒီ Bamboo Panthenol ကို ငုံးက Dry , Normal , Dehydrated , Sensitive skin တွေကို ပိုပြီး ညွှန်းချင်တယ် Combination , Oily , Acne-Prone skin တွေကလည်း သုံးလို့မရဘူး မပြောဘူး သုံးလို့ တော့ရတယ် ဒါပေမယ့် သုံးတဲ့အချိန် ၊ ရာသီဥတုနဲ့ နေရာဒေသအလိုက် ချိန်ညှိဖို့တော့လိုတယ်ဗျ အရမ်းပူတဲ့အချိန် ၊ ရာသီဥတု စေးထိုင်းစိုစွတ်တဲ့အချိန်တွေ မှာ အဆီပြန်သမားတွေသွားသုံးရင် over moisturizing ဖြစ်ပြီး အဆီပိုပြန် ၊ အဆီဖု ထနိုင်တယ်
ငုံးကတော့ Bamboo Panthenol ကို barrier အလွန်အားနည်းပြီး အဖတ်တွေလန် ၊ အရေပြား အရမ်းခြောက်ကပ်ပျက်စီးနေတဲ့အချိန် သုံးခဲ့တာဆိုတော့ သူ့ရဲ့ healing effect ကို ထိထိမိမိခံစားခဲ့ရတယ် လို့ပြောလို့ရမယ် အဖုတော့ ထူးပြီး မပျောက်ပါဘူး barrier weak ဖြစ်နေလို့ထွက်လာတဲ့ redness & irritation တွေတော့ သက်သာပါတယ်ဗျ
အဲ့ဒါကြောင့် ပိုမိုပေါ့ပါးပြီး Oily , Acne-Prone မှာ friendly ပိုဖြစ်တဲ့ Oat ကိုပဲ backup ဝယ်ဝယ်ထားဖြစ်တာ
အခြား os တွေထက်စာရင် official distributor ဖြစ်တဲ့ Purito Seoul Exclusive by TSO မှာ စျေးလည်းပိုသက်သာပြီး ပစ္စည်းလည်းစိတ်ချရတော့ ငုံးကတော့ အဲ့ကနေ မှာဖြစ်တယ်ဗျ ဒါက ကြုံလို့ပြောပြတာပါနော် 🧏🏻
01/07/2026
Instock
🫶🏻 ဝက်ခြံနဲ့ အဆီဖု ခဏခဏ ထွက်သူတွေ cleanser နဲ့ toner ကို ဒီ ၂ခုပဲ ပြောင်းသုံးကြည့်ပါ။
✅ သိသိသာသာ ဝက်ခြံထွက်တာတွေ လျော့သွားမယ်။ ပျောက်သွားမယ်။ ‼️အနေအထိုင်အစားသောက်ပါ ဆင်ခြင်လိုက်ပါ။
🫧Cleanser ဆို သစ်ပြီးတာနဲ့ ပြောင်ရှင်း, အသားရေကို ပေါ့သွားတာပဲ။
💦Toner ဆိုလဲ သုံးပြီးတာနဲ့ အသာလေးက စိုပြီးကျန်ခဲ့တယ်။
Cleanser က ပြောင်စင်တာ၊ Toner က အစိုဓာတ်ပေးတာဆိုတဲ့ အခြေခံ Function တွေက သာမာန်ပါပဲ။ Skincare တိုင်း ဒီလောက်တော့ လုပ်နိုင်ကြတာချည်းပါပဲ။
ဒါပေမဲ့ ဘာက သာမာန် မဟုတ်လဲဆို သူ့စျေးတန်းမှာ သုံးပေးထားတဲ့ Ingredients Quality နဲ့ တည်ဆောက်ထားတဲ့ Formulation ပါ။
🍀 Soone cleanser နဲ့ Toner ထဲမှာ လူမြင်ကောင်းအောင် Cica , Centella ကို သက်သက်ရေးပြထားတာ မဟုတ်ဘဲ ဝက်ခြံနဲ့ ရောင်ရမ်းတာတွေကို တကယ်အနာကျက်မြန်စေမယ့် Cica Active Compounds တွေဖြစ်တဲ့ Madecassoside, Madecassic Acid, Asiaticoside, Asiatic Acid ဆိုတဲ့ ၄ မျိုးလုံးကို ထည့်သွင်းထားတယ်။
ပြီးတော့ ချွေးပေါက်ပိတ်စေမယ့် Fillers တွေ၊ Heavy Emollients တွေကို အကုန်ဖြုတ်ချထားလို့ Budget-friendly Price Range မှာ တကယ်အလုပ်လုပ်တဲ့ Minimalist Formulation မျိုးကို ရရှိတယ်။
ပါဝင်ပစ္စည်းတွေအပေါ် ဘယ်လောက် အာရုံစိုက်ထားလဲဆိုတာ သုံးကြည့်လိုက်တာနဲ့ သိသာပါတယ်။
လိုရင်းက Soone cica set တစ်ခုလုံးက ထိရောက်ပြီး စျေးတန်ပါတယ်။ Skin Barrier ပျက်ပြီး အသားအရေ Sensitive ဖြစ်နေသူတွေ၊ အဆီဖုနဲ့ ဝက်ခြံ သံသရာလည်နေသူတွေအနေနဲ့ ယုံယုံကြည်ကြည် ပြောင်းသုံးသင့် / try သင့်ကြောင်းပါ။
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
ပိတောက်မြိုင်လမ်း(နေကြာတိုက်လမ်းခွဲ)၊ တာဟန်းရပ်ကွက်၊ ကလေးမြို့။, Padaukmyaing Street, Tahan Ward, Kalaymyo
Kalemyo
Opening Hours
| Monday | 08:00 - 18:30 |
| Tuesday | 08:00 - 18:30 |
| Wednesday | 08:00 - 18:30 |
| Thursday | 08:00 - 18:30 |
| Friday | 08:00 - 18:30 |
| Saturday | 08:00 - 18:30 |
