Nang Khin Pyone Oo
😜✌️😍ဘဝခရီးစဉ်
21/10/2025
အရာရာ ပြည့်စုံမှ လက်ထပ်မယ် ဆိုတဲ့
အတွေးတွေက ဘယ်တော့မှ နီးစပ်မှာ
မဟုတ်ပါဘူး။
လူတိုင်းက ပြည့်စုံတယ်ဆိုတာ မရှိပါဘူး။
ဖြစ်ချင်တဲ့ အနာဂတ်ကို
အတူတူကြိုးစားဖို့က အဓိကပါဘဲ့။
😊😊😊
08/07/2025
စာဖတ်ခြင်းအနုပညာ
=================
စာတစ်အုပ်ဟာ သင့်ကို
ဘာမှ လုပ်မပေးနိူင်ပေမယ့်
စာတစ်ကြောင်းကတော့
သင့်ရဲ့ဘဝကို ပြောင်းလဲ
ပေးနိူင်ပါတယ် ။
အကြောင်း အမျိုးမျိုးကြောင့်
ကမ္ဘာကို မပတ်နိူင်ခဲ့ ပေမယ့်
ရသ သုတ စာပေတွေကို ဖတ်
ကိုယ်တိုင် ကမ္ဘာပတ် နေခဲ့ရသလို
ခံစားရနိူင်ပါတယ် ။
ကိုယ်က အသိပညာ နည်းပါး
ခဲ့ရင် အသိပညာ မြင့်မားသူရဲ့
ဦးဆောင်မူ့ နောက်မှာ နေရလိုက်ရ
လိမ့်မယ် စာမဖတ်သူ အတွက်
စာတစ်ကြောင်းဟာ အပေါစား
ဆန်ချင် ဆန်နေလိမ့်မယ် စာဖတ်သူ
တစ်ယောက်အတွက် စာတစ်ကြောင်းဟာ
ရတနာ တစ်ခုပါပဲ ။
စာဖတ်ခြင်း အားဖြင့် အနည်းဆုံး
ရရှိလာနိူင်တဲ့ အကျိုးတရား တွေကတော့
အဆိုးနဲ့အကောင်းကို ဝေဖန်
ပိုင်းခြားပြီးတော့ စဥ်းစားဆုံးဖြတ် နိူင်ခြင်း ။
လူဝင်ဆန့်အောင် နေထိုင်
ပြောဆိုတတ်ခြင်း
ကူညီတတ်ခြင်းရိုင်းပင်းတတ်ခြင်း
ဂရုဏာ မေတ္တာ စေတနာ ထားရှိနိူင်ခြင်း ။
ကိုယ့်ရဲ့အားသာချက် အားနည်းချက်ကို
သိရှိပြီး ကိုယ်တိုင် ဆုံးမနိူင်ခြင်း ။
အစရှိသည်တို့ဖြင့် များစွာသော
အကျိုးကျေးဇူးများ ရရှိခဲ့ခြင်းကြောင့်
ကိုယ့်ဘဝ တစ်ခုရဲ့ လိုအပ်ချက်တွေကို
စာဖတ်ခြင်းဖြင့် ဖြည့်စွက်ပါ ။
14/06/2025
[လူညံ့ တစ်ယောက် မဖြစ်ဖို့အတွက် စာဖတ်ပါ]
===========================
📗အလိမ္မာ စာမှာရှိ "
စာအုပ်စာပေ လူ့မိတ်ဆွေ "ဆိုတဲ့အတိုင်း
စာဖတ်တဲ့သူဟာ လိမ္မာရေးခြားရှိလာနိုင်သလို
စာအုပ်ဆိုတာလည်း အကောင်းဆုံးမိတ်ဆွေပါ။
📕စာပေမြင့်မှ လူမျိုးတင့်မှာ ဖြစ်လို့
စာပေအသိုင်းအဝိုင် မြင့်မားနေမှသာလျှင်
နိုင်ငံ လူမျိုး အဖွဲ့အစည်းအသီးသီးဟာလည်း
တဖြည်းဖြည်းနဲ့ အရည်အသွေးမြင့်မား~~~
တိုးတက်လာပြီး စိတ်နေသဘောထားတွေလည်း
လှပ တင့်တယ်လာနိုင်မှာ ဖြစ်ပါတယ်။
📔မရေမရ မဖတ်မရတွေ ရှာကြည့်နေမယ့်အစား
အကျိုးမရှိတာတွေ ထိုင်ပြောနေကြမယ့်အစား
ပျင်းရိ ငေးမှိုင် ထိုင်ဆွေးနေကြမယ့်အစား~~
အပျော်အပါးတွေနဲ့ အမြဲအချိန်ကုန်နေမယ့်အစား
စာဖတ်နေခြင်းဟာ အကောင်းဆုံးပါပဲ~။
📗သုတ စာပေတွေက
ဦးနှောက်အရည်အသွေး မြင့်မားတိုးတက်ဖို့
ထက်မြတ်ပြီး အချက်ကျကျ စဉ်းစားတွေးခေါ်တက်ဖို့
အထောက်အကူပေးပါလိမ့်မယ်။
📔ရသ စာပေတွေက
စိတ်နှလုံးစွမ်းရည် ပြည့်ဝပြီး စိတ်ဓာက်တွေ
ခိုင်မာစေဖို့ စိတ်သဘောထားတွေနူးညံ့သိမ်မွေ့ဖို့
အထောက်အကူပေးပါလိမ့်မယ်။
📕အတ္တုပ္ပတ္တိစာအုပ်တွေက
ဘဝမှာ အတုယူစရာတွေနဲ့
ရှောင်စရာ ဆောင်စရာတွေကို
စိတ်ဝင်စာဖွယ် လမ်းညွှန်ပြပေးပါလိမ့်မယ်။
📗ရာဇဝင်နဲ့ သမိုင်းစာပေတွေက
မတုံးေစဖို့ အလိမ္ညာမခံရေစဖို့
အမှားအမှန်ခွဲခြားသိစေဖို့အတွက်~
အံသြဖွယ်ရာ စိတ်ဝင်စားစရာတွေနဲ့
ဖျော်ဖြေ တင်ဆက်ပေးပါလိမ့်မယ်။
📔ဝတ္ထု / ကဗျာ / အက်ဆေး
ပုံပြင်/ ဟာသ / အချစ် အလွမ်း~စာပေတွေက
စိတ်ကူးစိတ်သန်းတွေ ကောင်းမွန်းစေဖို့
အထီးကျန်မှုက လွတ်မြောက်စေနိုင်ဖို့
အမုန်း အာဃာတတွေ လျော့နည်းစေဖို့
ယုတ်မာ ရိုင်းစိုင်းတဲ့သူ မဖြစ်စေဖို့အတွက်နဲ့
သာယာ ပျော်ရွှင်တဲ့ လူတစ်ယောက်ဖြစ်လာ
စေနိုင်ဖို့အတွက် အထောက်အကူပြုပါလိမ့်မယ်။
📕စာ ဖတ် ပါ
အတ္တစိတ်တွေ လျော့ချဖို့အတွက်
အတွေးအခေါ်တွေ ထက်မြတ်ဖို့အတွက်
အခက်အခဲကို ရင်ဆိုင်နိုင်ဖို့အတွက်
ပြဿနာကို နည်းမှန်လမ်းမှန် ဖြေရှင်းနိုင်ဖို့တွက်
တစ်ကိုယ်ကောင်းဆန်တဲ့သူ မဖြစ်စေဖို့အတွက်
တည်ငြိမ် ရင့်ကျက်သူ ဖြစ်လာစေဖို့အတွက်
တစ်ယောက်ထဲ ဖြတ်သန့်းနိုင်ဖို့အတွက်
မိသားစုကြားမှာ နာလည်းမှုတွေရှိဖို့အတွက်
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားနိုင်ဖို့အတွက်
အကောင်းဆုံးဘဝကို တည်ဆောက်နိုင်စေ
ဖို့အတွက် စာဖတ်ပါ / မဖြစ်မနေ ဖတ်ပါ~။
📗စာဖတ်တဲ့သူဟာ
ကန်ရေပြင်လို တည်ငြိမ်လာနိုင်တယ်။
📚စာဖတ်တဲ့သူဟာ
လဖ္ဘက်ရည်လေးတစ်ခွက်လို
မွှေးရနံ့သင်လာနိုင်တယ်~~။
📔စာဖတ်တဲ့သူဟာ
မိုးသားတိမ်လေးတွေလို ဖြူစင်လာနိုင်တယ်။
📕စာဖတ်တဲ့သူဟာ
နေဝင်ဆည်းဆာလေးလို လှပလာနိုင်တယ်။
📗စာဖတ်တဲ့သူဟာ
ကြယ်စင်လေးတွေလို လင်းလက်လာနိုင်တယ်။
📔စာဖတ်တဲ့သူဟာ
နပိုလီယံလိုမျိုး ရဲရင့်လာနိုင်တယ်။
📕စာဖတ်တဲ့သူဟာ
ကိုလံဘတ်လိုမိ်ျုး စွန်းစာရှာဖွေလာနိုင်တယ်။
📗စာဖတ်တဲ့သူဟာ
မာလာလာလိုမျိုး သတ္တိရှိလာနိုင်တယ်။
📔စာဖတ်တဲ့သူဟာ
ဗိုလ်ချုပ်အောင်ဆန်လိုမျိုး
နိုင်ငံနဲ့ လူမျိုးအပေါ် တာဝန်ကျေလာနိုင်တယ်။
📕စာဖတ်တဲ့သူဟာ
ဦးသန့်လိုမျိုး ကမ္ဘာကျော်လာနိုင်တယ်။
📗စာဖတ်တဲ့သူရဲ့ အနာဂတ်ဘဝဟာ
ဘာမဆို ဖြစ်လာနိုင်တယ်~~~
မျော်လင့်ချက်တွေနဲ့ ရှင်သန်နေနိုင်တယ်။
📔လောကကြီးဆီက လူသားတွေနဲ့
ပတ်ဝန်းကျင်ဆီက စာအုပ်စာပေတွေကနေ
မသေမချင်း လေ့လာ သင်ယူနေရမယ်။
📕ဒါ ကြောင့်
အောင်မြင်သူတစ်ယောက်ဖြစ်ဖို့အတွက် စာဖတ်ပါ
လူညံ့တစ်ယောက်မဖြစ်စေဖို့အတွက် စာဖတ်ပါ~။
Crd;Orginal Uploader
♡︎🌾🌻 #ဗဟုသုတ #စာပေ ゚viralシ #ကျေးကို
25/04/2025
24/04/2025
ဘဝတစ်ခုလုံးနဲ့ရင်းပြီး
ချစ်တယ်လို့ခံဝန်ထိုးထားတာပါ
မြတ်နိုးမှုအကြောင်းပြောမကုန်နိုင်သလို
သိပ်ချစ်တဲ့အကြောင်းလည်း
ရှင်းပြလို့တောင်မရဘူး
ကိုယ့်ကိုကိုယ်နွေးထွေးဖို့ထက်
ကိုယ်ချစ်တဲ့သူကိုပဲပိုပြီးနွေးထွေးစေချင်တယ်
ဘဝထဲရှိနေပေးတာနဲ့တင်လုံလောက်ပြီးသားမို့
မင်းပျော်ဖို့အတွက်
အစွမ်းကုန်ကြိုးစားပေးမှာပါ...။
21/04/2025
စကားလုံးတွေနဲ့ပဲဖြစ်ဖြစ်
အထိအတွေ့တွေနဲ့ပဲဖြစ်ဖြစ်
မင်းကိုပျော်အောင်ထားမယ်
မင်းပြုံးတဲ့အခါ ကမ္ဘာမြေဟာ
လှသထက်လှပနေတာမို့
မင်းကိုစိတ်ချမ်းသာအောင်ထားမယ်
အထူးသဖြင့်... ကိုယ်ကြောင့်နဲ့မင်းကိုပျော်စေချင်တယ်...။
12/04/2025
😝👩❤️👨
06/04/2025
It's true. ♥️♥️♥️♥️♥️
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
KunHing
Kunhing
