Korea Hair Design & Beauty
Welcome Form Korea Hair Design & Beauty
11/12/2025
👍
အားလုံးပို မျှဝေစေချင်ပါတယ် Share ခြင်းဖြင့် မျှဝေပါ
#မျက်နှာပေါ်ကတင်းတိပ်တွေ ....ကို
ဂျင်းနဲ့အဲ့ဒီပစ္စည်းလေးတွေရောလိမ်းပြီး နူတ်ဆက်လိုက်ရအောင်
နှစ်ဆယ်ကျော်ငါးနှစ်ပတ်လည် တင့်တင့်တို့အရွယ်မှာ မျက်နှာလေးက ဖွေးနုသန့်ရှင်းချစ်စရာကောင်းနေတာမှန်ပေမယ့် အသက် သုံးဆယ်ကိုကျော်သွားရင် မျက်နှာပေါ်မှာ အစက်အပြောက်တွေ၊ တင်းတိပ်တွေ တဖြည်းဖြည်းချင်းပေါ်လာလို့ စိတ်ပျက်လက်ပျက်ဖြစ်ရတတ်ပါတယ်။ ဒါပေမယ့် အခုတင်ပြပေးမယ့်နည်းလမ်းလေးက မျက်နှာပေါ်က အစက်အပျောက်များနှင့် တင်းတိပ်များကို ယူပစ်သလို ကင်းစင်သွားပြီး အသက်နှစ်ဆယ်အရွယ်တုန်းကလို အသားအရေမျိုးပြန်ရမယ်ဆိုရင် ပရိတ်သတ်ကြီး မလိုချင်ဘူးလား။ လုပ်ရတာလည်း မခက်ခဲသလို အကုန်အကျလည်းမများပါဘူးနော်။
ကဲ ဘယ်လိုလုပ်ရမလဲကြည့်လိုက်ရအောင်။
#လိုအပ်တဲ့ပစ္စည်း
-ဂျင်း၊ ရှာလကာရည်အဖြူ နှင့် ပျားရည်
#ပြုလုပ်နည်း
၁။ ဂျင်းကိုရေစင်စင်ဆေးပြီး အပြားကလေးများလှီးပေးထားပါ။
၂။ ထို့နောက် ဂျင်းကိုပုလင်းလေးးထဲထည့်ပြီး ရှာလကာရည်လောင်းထည့်ပေးလိုက်ပါ။ ရှာလကာရည်က ဂျင်းကိုမကျော်စေရပါ။
၃။ ထို့နောက်ပုလင်းကို လေလုံအောင်ဖုံးထားပြီး ရေခဲသေတ္တာထဲတွင် တစ်ရက်သိမ်းထားပါ။
၄။ နောက်တစ်ရက်တွင် ဂျင်းစိမ်ထားသော ဂျင်းနှင့်ရှာလကာရည်ကိုလိုသလောက် ပန်းကန်လုံးလေးအတွင်းထည့်ပါ။ ပျားရည်သင့်ရုံထည့်ပြီးသေချာမွှေထားပြီး နာရီ၀က်ခန့် ထားလိုက်ပါ။
၅။ ထို့နောက် အဆိုပါဖျော်ရည်ကို မျက်နှာအနှံ့သုတ်လိမ်းပေးပြီး စက်ဝိုင်းပုံအတိုင်း မျက်နှာအတွင်းစိမ့်၀င်သွားသည်အထိ ခပ်ဖွဖွလေးနှိပ်နယ်ပေးပါ။ မျက်နှာအတွင်း စိမ့်၀င်သွားပြီဆိုပါက ရေနွေးနွေးလေးသုံးပြီး မျက်နှာသစ်ပေးလိုက်ပါ။
မျက်နှာပေါ်က အစက်အပြောက်နှင့် တင်းတိပ်များ ပါးသွားပြီး အသားအရေကြည်လင် ၀င်းပလာတာကိုတွေ့ရမှာဖြစ်ပါတယ်။ တင်းတိပ်အရမ်းများပါက တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ပေးခြင်းဖြင့် တဖြည်းဖြည်းလှပလာမှာကို သင်ကိုယ်တိုင်ခံစားရမှာဖြစ်ပါတယ်။
ကဲ …ပရိတ်သတ်ကြီးရေ ပြောတာဟုတ်မဟုတ် သိရအောင် ယခုဘဲ စမ်းလုပ်ကြည့်လိုက်ရအောင် ။
credit
16/09/2025
😍
08/02/2025
#ကလေးဆံပင်ပုံဒီဇိုင်း
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Moshiမိုရှီ Food&drinkဆိုင်အနီး၊ရတနာလမ်း၊ညောင်ခြောက်ပင်ရပ်၊, ကျောက်ဆည်မြို့
Kyaukse
111111
