Midgard's Scents

Midgard's Scents

Share

⚜️Love Fragrance⚜️

✡️Let's Journey To The Scents✡️

100% Authentic Perfume Decants Seller!

18/02/2024

Scent of The Night

အခုလို မပူမအေးကာလလေးမှာ Giorgio Armani ရဲ့ Acqua Di Gio Edp လေးက အဆင်ပြေနေတယ်

သူ့ရဲ့ အဓိကရနံ့- Aromatic ဖြစ်တာလေးကိုမှ အစပိုင်းမှာ Citric ဖြစ်တဲ့ ပျားလိမ္မော်ရနံ့နဲ့ Aquaticဖြစ်တဲ့ Marine Note‌ တွေနဲ့ ရံထားပေးပြီး
ရနံ့ငြိမ်သွားတဲ့ Dry Down မှာတော့ Aromatic ကိုပဲ metallic & earthyဆန်ဆန် နဲ့ ပိတ်ပေးထားတယ်

သူ့ရနံ့က 100မှာ 98ယောက်လောက်‌ကြိုက်နိုင်တဲ့ပုံစံမျိုး
အခုလို မပူမအေး ရာသီတွေနဲ့ လိုက်ဖက်တဲ့Perfume လေးတစ်ခု။

သူ့ရနံ့ကို ရေမွှေးချစ်သူမိတ်‌ဆွေတို့ စမ်းကြည့်ချင်တယ်ဆိုရင်တော့ Midgard's Scentမှာ 10ml ,5ml စတဲ့ Decant တွေကိုဈေးသက်သာ ယုံကြည်စွာနဲ့ ၀ယ်ယူရရှိနိုင်ပါတယ်။

11/01/2024

Nautica Voyage Decant 10ml ကံထူးရှင်နှစ်ဦးပါ🎉

ပါ၀င်ဆုတောင်းပေးခဲ့ကြတဲ့ တစ်ဦးချင်းဆီတိုင်းကိုလည်း ကျေးဇူးတင်ပါိတယ်ခင်ဗျာ။

ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကိုအားလူံး ပိုင်ဆိုင်ကြပါစေ🌿🙏

11/01/2024

📢📢📢

Giveaway Post ရဲ့ Comment ကို ညနေ 6နာရီ မှာ ပိတ်ပြီး 7နာရီမှာ comment picker နဲ့ရွေးချယ်ပေးသွားပါမယ်။
ကံထူးသူရွေးတဲ့ video record ကိုလည်း ဒီပို့စ်အောက်မှာပဲ တင်ပေးထားပါမယ်ခင်ဗျာ။

02/01/2024

🎉Giveaway Alert 📢

မနေ့ညက‌ New Year အတွက် Decant promotion လုပ်ပေးဖြစ်ပြီး ဒိီကနေ့တော့ New Year နှစ်သစ်ကိုကြိုဆိုတဲ့အနေနဲ့ Perfume 10ml decant နှစ်မျိုးကို Giveaway လုပ်ပေးဖို့ စိတ်ကူးမိတာကြောင့်

အခုကျွန်ဝောာ့် collection ထဲမှာရှိတဲ့ ရေ‌မွှေးတွေထဲက

ပုံမှာပြထားတဲ့ Nautica Voyage (10ml×2) နှစ်လုံးကို Giveaway လုပ်ပေးသွားပါမယ်

မိတ်ဆွေတို့အနေနဲ့ကတော့ ကျွန်တော့်ကို နှစ်သစ်မှာ blessing ပေးတဲ့အ‌နေနဲ့ ကျွန်တော့်ရဲ့ အခု Pageလေး ကို Like & Follow လုပ်ချင်ရင် လုပ်သွားနိုင်ပါတယ်😇

နောက်ပြီး ဒီGiveaway အစီအစဉ်မှာ ပါ၀င်ဖို့အတွက်ကတော့👇

✅ ( 1 ) ဒီGiveaway ပို့စ်ကို Public or Friend မှာ မိမိနှစ်သက်သလို Share ပြီး

✅ ( 2 ) Share ထားတဲ့ Ss ကို ဒီ Giveaway ပို့စ်ရဲ့ အောက်မှာ မန့်ပေးရုံပါပဲ

ဒီနှစ်ချက်နဲ့ပြည့်စုံပြီဆိုရင် Giveaway အစီအစဉ်ထဲမှာ ပျော်ရွှင်ထိုက်တန်စွာ ပါ၀င်သွားပါပြီ။

👉 Giveaway ကိုတော့ 11.1.2024 ရက်နေ့ ညပိုင်းမှာ comment picker နဲ့ ရွေးချယ် ပေးသွားမှာဖြစ်ပါတယ်။
Giveawayပေါက်တဲ့သူတွေကိုလည်း ဆက်သွယ်ပြီး Deliခ Freeနဲ့ ပို့ပေးသွားမှာဖြစ်ပါတယ်။

အားလူံးပဲ ပျော်ရွှင်ဖွယ်ရာနှစ်တစ်ခုဖြစ်ပါစေ
Good Luck ပါ 🌿

Thank All

Photos from Midgard's Scents's post 01/01/2024

🌿Welcome New Year Promotion 💙🎉
(1.1.2024-11.1.2024)

2024 နှစ်သစ်ကို ကြိုဆိုတဲ့အနေ‌နဲ့ Perfume Decants Promotion လေးလုပ်ပေးလိုက်ပါတယ်

ပုံမှာပြထားတဲ့ ရေမွှေးdecant တွေထဲက ကြိုက်နှစ်သက်ရာ Perfume Decant ( only 5ml & 10ml )

👉Buy 5ml - get 5% off 💥
👉Buy 10ml - get 10% off 💥

Promotion ကာလက‌တော့ 1.1.2024 ကနေ 11.1.2024 ရက်နေ့အထိ perfume stock ရှိသလောက်ရပါမယ်ခင်ဗျာ။

ကိုယ်တိုင် Collect & Use တဲ့ထဲက ရေမွှေးတွေကို decant ခွဲပေးတာဖြစ်တဲ့အတွက်ကြောင့် Authentic စစ်ကြောင်း 💯 % အာမခံပါရစေ။

🌿Be Happy, Healthy & Wealthy All🌿

Thank All💙

01/01/2024
20/12/2023

Scent Of The Day

⚜️Dior Homme Edt 2011⚜️

အဖွင့်မှာက Lavender + Bergamot+Sage တို့ရဲ့ fresh aromatic ပုံစံနဲ့ စဖွင့်ထားပြီ တစ်ချိန်တည်းမှာပဲ

ကြည်တောက်ရှင်း Iris ပန်းရနံ့နဲ့ Chocolate- Creamy ဖြစ်တဲ့ Cacao တို့ ပေါင်းစပ်ပြီး လှပတဲ့ Lipstick- Powdery ဆန်တဲ့ရနံ့ကို အဓိကရနေစေမဲဲ့ ရေမွှေး‌တစ်ခု။

Skin Scent ဖြစ်မဲ့ Dry Down မှာတော့ Woody-Earthy ဆန်ဆန်နဲ့ ပိတ်ထားတယ်

သူက Dior Homme Intense (DHI) နဲ့စာရင် more wearable ပိုဖြစ်ပြီး
DHI လောက်တော့ Intense & masculine မဖြစ်ဘူး‌၊ for man ဆိုပေမဲ့ ကြိုက်ရင် အမျိုးသမီးတွေလည်းသုံးနိုင်လိမ့်မယ်

ရနံ့ပုံစံအရ Lipstick Powdery vibe ဖြစ်ကြတဲ့
DH နဲ့ DHI ခပ်ဆင်ဆင်ရှိတယ် ဒါမဲ့ယှဉ်စမ်းရင်တော့ ကွဲထွက်သွားတယ်
လေးလေးပင်ပင်နဲ့ intense ဖြစ်တာကိုကြိုက်ရင် DHI က အဆင်ပြေပြီး
ပေါ့ပေါ့ပါးပါးကြိုက်တဲ့သူတွေအတွက် DH က အဆင်ပြေမယ်လို့ထင်တယ်

Performance ပိုင်းမှာတော့ DHI လို loud မဖြစ်ပဲ
ကိုယ့်အနားမှာပဲ Aura လို ခပ်ငွေ့ငွေ့လေး ရနေမဲ့ပုံစံဖြစ်တယ်

အဲ့တော့ DH နဲ့ DHI ဘာကွာလဲမေးရင် DHI က ကော်ဖီ ဆိုရင် DHက လက်ဖက်ရည်ဆိမ့်ဆိမ့်‌လေးလို့ ဆိုရပါလိမ့်မယ်။

Photos from Midgard's Scents's post 30/10/2023

📢💥 Perfume Decants Update!

ကျွန်‌တော့်ဆီမှာရနိုင်တဲ့ ရေမွှေးdecant listလေးတွေကို ပုံမှာ ဈေးနှုန်း နဲ့တကွ သူတို့တစ်ခုချင်းစီရဲ့ ရနံ့ပုံစံအလိုက် သင့်တော်မယ့် ရာသီအချိန်၊နေရာ စတဲ့ အချက်လေးတွေကိုပါ ကျွန်တော့်အမြင်နဲ့ ထည့်‌ရေးပေးထားပါတယ်။

👉Decant ဆိုတာ ရေမွှေးပုလင်းကြီးထဲကနေ ရေမွှေးတွေကို သူ့နဂိုမူလ ရနံ့ပုံစံ မပျက်စေပဲ 5ml,10ml ,30mlစတဲ့ ပုလင်းအလွတ်တွေထဲကို ခွဲထည့်ထားတဲ့အရာလေးတွေဖြစ်ပါတယ်။

ကျွန်တော့်ဆီမှာ ရေမွှေး decant sizeကို အနည်းဆုံး 5ml ကနေ အများဆုံး 30ml အထိ ၀ယ်ယူရရှိနိုင်ပါပြီခင်ဗျာ။

05/10/2023

💙October 5ရက်‌ ကမ္ဘ့ာဆရာများနေ့ တွင်
ငယ်ရွယ်စဉ်အချိန်ကနေစ ယနေ့ဤစာရေးနေသည့်အချိန်အထိ ဘ၀အတွက် လောကီ ၊ လောကုတ္တရာနှစ်ဖြာသော အသိပညာဗဟုသုတအမြင်များ‌ကို ‌သင်ကြားမျှဝေပေးသော လက်ဦးဆရာ-အ‌ဖေနဲ့အမေအပါအ၀င် သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ အပေါင်းတို့ကို ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း
ဆု‌တောင်းမေတ္တာပို့သကာ ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးဦးညွှတ်ပါ၏🙏🙏🙏

01/10/2023

🖤Ehsas Khas🖤

ဒီတစ်ခေါက် ကျွန်ဝောာ် Review လုပ်ပေးချင်တဲ့ Perfumeတစ်ခုကတော့ UAE ရဲ့ Perfume Niche Houseတစ်ခုဖြစ်တဲ့ - Arabian Oud က‌ဖန်တီးထားတဲ့ရေမွှေး Ehsas Khas ပဲဖြစ်ပါတယ် သူ့ရဲ့အဓိပ္ပာယ်က "ထူးကဲလှသောခံစားမှု" တဲ့...

သူ့‌ရနံ့အကြောင်းကို ကျွန်ဝော့ာ်အမြင်ပြောရရင်

⚜️သူ့ကိုစဖြန်းချင်းမှာ Bergamot (တောရှောက်သီး) နဲ့ Cinnamon (သစ်ကြပိုး) တို့ရဲ့ Citric-Spicy ပေါင်းစပ် ရနံ့ ကိုမှ
Mid Noteက Geraniumပန်း ရဲ့ sweetဖြစ်တဲ့ floralပုံစံ နဲ့ Green Apple (ပန်းသီးစိမ်း) ရဲ့လတ်ဆက်ပြီး ခပ်စိမ်းစိမ်းရနံ့ တို့ရဲ့ __Floral-Fruity ဖြစ်မှုတို့ကိုတချိန်တည်းမှာပဲ ပေါင်းစပ်ပစ်လိုက်တဲ့ Fresh-Fruity-Sweet ပုံစံလေးကို ခံစားရတယ်
Top နဲ့ Mid ကို တချိန်တည်းမှာ ပေါင်းစပ်ပစ်လိုက်တဲ့ပုံစံမျိုး ၊ ဒီပေါင်းစပ်မှုမှာ Green Apple ကို အဓိက အဖြစ်တွေ့ရတယ် ကျန်တာတွေကသူ့ကိုရံပြီး တလှည့်စီ ပြသနေတဲ့ သဘော၊ နောက်ပြီး ဒီမှာက Cinnamonရဲ့Spicy ဖြစ်မှု ခပ်မှိုင်းမှိုင်းလေးကို ခပ်ပါးပါးလေးပဲရတယ် warmဖြစ်တဲ့ပုံစံကိုမခံစားမိဘူး

⚜️ ဒိီလို ခပ်စိမ်းစိမ်း ခပ်ချိုချို Fresh- Fruity-Sweetဖြစ်တဲ့ပုံစံကို 1-2hr ခန့်လောက်ထိရ‌နေရင်း တဖြည်းဖြည်းနဲ့
Musk နဲ့Vanillaတို့ရဲ့ Sweet-Powderyဖြစ်မှုနဲ့
Woody Notesတွေ အချိုးကျကျ ပေါင်းစပ်ပြီး Woody-Musky-Sweet type ပုံစံမျိုး ကိုပြောင်းသွားတယ် ဒီအချိန်မှာ ရတဲ့ Sweet က အပေါ်ကလို အချို မျိုးမဟုတ်တော့ပဲ Woody နဲ့ပေါင်းပြီးတော်တော်ငြိမ်သွားတဲ့ပုံစံ၊ အပေါ်မှာကကျ fruity-citricတွေနဲ့ပေါင်းပြီး hotဖြစ်တဲ့အချိုပုံစံမျိုး။
ကျွန်တော့်လို အချိုသိပ်မကြိုက်တဲ့သူအနေနဲ့ အပေါ်မှာရတဲ့ sweet typeကို တချက်ချက်မခံစားနိုင်ဘူး ဒီ Baseမှာရတဲ့ ရနံ့ကိုပဲပိုသဘောကျမိတယ်

💫ဒါကြောင့် သူ့ရနံ့ပုံစံကို ကျွန်တ်ောခံစားရသ‌လောက် ဆောင်းရာ‌သီလို အေးတဲ့အချိန်တွေနဲ့ ပိုလိုက်ဖက်တယ်လို့မြင်မိတယ် ပူတဲ့အချိန်တွေနဲ့တော့ သူ့ရနံ့က သိပ်အဆင်မ‌ပြေလောက်ဘူး အေးတဲ့အချိန်တွေမှာတောင် 3ချက်လောက်စွတ်ရုံနဲ့ လုံလောက်တဲ့အနေအထားမှာရှိတယ် သူ့ကို Middle East Company ကထုတ်ထားပေမဲ့ Middle East အရသာက ပါတယ်ဆိုရုံလေးပဲ Western ပိုဆန်တယ်ပဲပြောရမှာပေါ့ 3:1 ပေါ့

💫သူ့ကို ညနေခင်းအချိန် Special Occasions တွေနဲ့ Datingတွေမှာ သုံးဖို့ ကောင်းတယ်၊ သူ့ရနံ့က တည်တည်ငြိမ်ငြိမ်ရှိတဲ့အပြင် တစ်ချိန်တည်းမှာပဲ ချစ်စရာကောင်းတဲ့ပုံစံဖြစ်နေတယ်

💫Unisex လို့ပြောထားပေမဲ့ Feminine ဆန်တဲ့ဘက်ကို နဲနဲသွားတယ်လို့မြင်မိတယ်၊ အမျိုးသားတွေအနေနဲ့ သုံးမရလောက်အောင်ထိ Feminine ဆန်တာတော့မဟုတ်ဘူး သူ့ရနံ့ကိုကြိုက်ရင်စွတ်လို့ရတယ်

⚜️Performance ကတော့ တော်တော်ကောင်းတဲ့အထဲပါတယ် beast modeလို့ပြောမရတောင် သူ့ပုံစံရောက်ခါနီးလောက်ရှိတယ်

💫Longevity - ရနံ့ကျန်ရှိချိန်အရ Perfume အဆီပါ၀င်မှုက Edp ဖြစ်တာ‌ ကြောင့် အသားပေါ်စွတ်ထားရင် 10hr+ အထက်ရှိနိုင်ပြီး အကျီပေါ်စွတ်ထားရင် မလျှော်မချင်း ရနေမဲ့အမျိုးအစားထဲပါတယ်
‌‌ကျွန်‌တော့်ကိုယ်တွေ့ ရေချိုးပြီး မွှန်းလွဲ 1PM လောက်က လက်ကောက်၀တ်မှာ 2ချက်စွတ်ထားတာ နောက်နေ့ မနက်ပိုင်းမိုးသောက်ယံအချိန် 3Am‌ ကျော်လောက် တရေးနိုးချိန် အေးလို့ စောင်ခြုံမယ်အလူပ် သူ့ ရနံ့ကို ခပ်ပါးပါး‌လေးရိပ်ခနဲ ရလိုက်တယ် အဲ့လိုကို အနံ့စွဲတဲ့ထဲမှာပါတယ်

💫Projection -ရနံ့ထုတ်လွှတ်မှုကတော့ဖြန်းပြီး 3နာရီလောက်အထိ ကိုယ့်ဘေး 4ပေပတ်လည် ကောင်းကောင်းအနံ့ရ‌နေမဲ့အမျိုးအစားဖြစ်ပြီး

💫Sillage - ရနံ့ထုတ်လွှတ်ပြီး လေထဲကျန်ရှိခဲ့တဲ့အချိန်ကလည်း ပြောစရာလိုမယ်မထင်ဘူး ကောင်းတဲ့အထဲမှာပါတယ်

သူ့ကိုဘယ်လိုလူတွေကြိုက်နိုင်လဲဆိုတော့ ရေမွှေးဆိုရင် ရနံ့ပျင်းရမယ် ကြာကြာစွဲရမယ်ဆိုတဲ့သူတွေ အသီးနံ့ချိုတာတွေကြိုက်တဲ့သူတွေ၊ သူများနဲ့မတူ Unique ဖြစ်ချင်တဲ့ သူတွေ ကြိုက်နိုင်မယ်လို့ထင်တယ်

နောက်ဆုံးကျွန်တော့်အ‌နေနဲ့ သူ့ကိုပေးရတဲ့ဈေးနဲ့ ပြန်ရတဲ့ ရနံ့ကောင်းမွန်မှု ရနံ့ကြာရှည်ခံမှုတွေရှိတဲ့ ရေမွှေးတစ်ခုလို့မြင်မိတယ် တစ်ခုပဲ သူ့Brand ကိုရေမွှေးဆိုင်တွေမှာ လွယ်လွယ်နဲ့သိပ်မတွေ့ရတာပါပဲ
ဒါတောင် ဒီ Perfume Brand ကို PRIM (Perfume Review In Myanmar) က ‌အစ်ကို Myat Thu ရဲ့မိတ်ဆက်‌ပေးမှုကြောင့် ကျွန်တော် သိခဲ့ရပြီး စိတ်၀င်စားလို့ Blind Buy၀ယ်ဖြစ်ခဲ့တာ ဖြစ်တယ်

🛑အမြဲတမ်းပြောချင်တာတစ်ခုကတော့ ရေမွှေးရနံ့တွေဟာ တစ်ဦးချင်းစီရဲ့ အကြိုက်၊အာရုံခံစားမှု‌တွေအရကွဲပြားတာကြောင့် ရေမွှေးတွေကို ကိုယ်တိုင်စမ်းသပ်ပြီးမှ ၀ယ်ဖို့တော့ အကြံပေးချင်ပါတယ် ကျွန်တော်ကတော့ စမ်းဖို့မလွယ်ကူတာကြောင့် Blind Buyဖြစ်ခဲ့တာပါ🛑

ကျွန်တော့်မှာ သူ့brandထဲက နောက်တစ်ခု Arabian Knight ရှိပါသေးတယ် အဲ့တာလေးလည်း နောက်ကျ Review လေးရေးပါဦးမယ် ဆိုတာပြောရင်း အဆုံးသတ်လိုက်ပါရစေ။

နောက်ပြီး သူ့ရနံ့ကို စိတ်၀င်စားလို့ ခံစားကြည့်ချင်သူတွေအတွက် ကျွန်တော့်ဆီမှာ 5ml ,10ml , 30ml စတဲ့ decant လေးတွေ ၀ယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ။

🌿အဆူံးထိဖတ်ရှူပေးခဲ့ကြသူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ် ဘ၀မှာကောင်းမွန်သော မွှေးရနံ့အချိန်များကို ပိုင်ဆိုင်နိုင်ကြပါစေ🌿

Thank All 🖤

14/09/2023

🍁10ml Decant ကျ သုံးရတာ အားမရဘူးဆိုတဲ့သူတွေအတွက် 30ml decant‌ တွေလည်းရပါပြီခင်ဗျာ
ပုံမှာပြထားတာ ခွဲထည့်ပေးမဲ့ 30ml bottle ပုံလေးပါ‌

ဈေးကိုတော့ Pin Postက တစ်ပုံချင်းစီအောက်မှာရေးပေးထားပါတယ်

💥30ml ဆို 10ml သုံးလုံးဈေးထက်
ပိုသက်သာပါတယ်

Thank All 🖤

Want your business to be the top-listed Beauty Salon in Madaya?
Click here to claim your Sponsored Listing.

Category

Website

Address


Madaya