Perfect Beauty By Chaw Su

Perfect Beauty By Chaw Su

Share

Perfect Brand Products

Photos from Perfect Beauty By Chaw Su's post 24/08/2025

နဲ့ ကျန်းမာလှပမယ်

Photos from Perfect Beauty By Chaw Su's post 17/08/2025

Good Morning
Happy Sunday
Today is Great Day

TikTok · 🍀Aleinmar Suu🍀 08/07/2025

TikTok · 🍀Aleinmar Suu🍀 7163 likes, 161 comments. “Hello July!!!”

17/04/2025

ဒီနှစ်ထဲ အပေါဆုံးက ငွေပဲ😍

Photos from Perfect Beauty By Chaw Su's post 02/02/2025
12/01/2025

💠 နံနက်စာမစားတာ ဘယ်လောက် ကြောက်စရာကောင်းလဲ ?

💠 အခုခေတ် လူငယ်တွေဟာ နံနက်စားစားဖို့ အင်မတန်ပျင်းကြပါတယ်။ နံနက်ဆို ဘာမှမစားချင်လို့၊ နံနက်စာစားဖို့ အချိန်မမီလို့၊ အိပ်ရာထနောက်ကျလို့၊ စတဲ့ စတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ နံနက်စာကို ရှောင်တတ်ကြပါတယ်။
တကယ်တော့ နံနက်စာက နေ့တနေ့အတွက် အရေးအကြီးဆုံးဖြစ်ပြီး နေ့လည်စာနဲ့ ညစာထက်တောင် ပိုအရေးကြီးပါတယ်။ နံနက်စာမစားတာ လနဲ့ချီ၊ နှစ်နဲ့ချီ ဖြစ်လာတဲ့အခါ အန္တရာယ်တွေ စတင်ဖြစ်ပေါ်လာပါတော့တယ်။

💠 1. စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာမယ်။

နံနက်စာမစားတဲ့အခါ သွေးတွင်းသကြားဓာတ်နည်းလာပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်စိတ်တွေ မြင့်တက်လာစေနိုင်ပါတယ်။ တယောက်တည်းနေတဲ့အခါ စိတ်ခြောက်ခြားလာတာမျိုး၊ အလိုလို ဝမ်းနည်းလာတတ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ပျော်ရွှင်မှုတွေ ပျောက်ဆုံးလာနိုင်ပါတယ်။

💠 2. လူမှုဆက်ဆံရေး အားနည်းလာမယ်။
ဒါကလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကနေ ထပ်ဆင့်ဖြစ်လာတဲ့ ဆိုးကျိုးဖြစ်ပါတယ်။ ပျော်ရွှင်မှုနဲ့ တက်ကြွမှုတွေ ပျောက်ဆုံးပြီး စိတ်ဖိစီးမှုများနေတဲ့သူဟာ လူမှုဆက်ဆံရေးပိုင်းမှာ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ပါဘူး။ လက်ရှိ ခင်မင်ရင်းနှီးရသူတွေနဲ့လည်း ပြဿနာတွေ များလာနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာလည်း ဝင်ဆံ့တော့မှာ မဟုတ်ပါဘူး။

💠 3. ဦးနှောက်ကျန်းမာရေး ထိခိုက်လာမယ်။
နံနက်စာမစားတဲ့သူဟာ အမေ့လွယ်တာတွေ၊ ကြာကြာမစဉ်းစားနိုင်တာတွေဖြစ်တဲ့အပြင် အသက်ကြီးလာတဲ့အခါ အယ်လ်ဇိုင်းမားရောဂါ အလွယ်တကူဝင်နိုင်ပါတယ်။ မှတ်ဉာဏ်စွမ်းရည် ကျဆင်းလာပြီး အာရုံစူးစိုက်နိုင်စွမ်း လျော့နည်းလာပါလိမ့်မယ်။ တီထွင်ဖန်တီးနိုင်စွမ်းလည်း လျော့နည်းလာပါလိမ့်မယ်။

💠 4. ဆံပင်ကျွတ်နိုင်တယ်။
နံနက်စာမစားတဲ့အခါ protein ကို ပြည့်ဝစွာမရရှိနိုင်ပါဘူး။ အဲ့ဒီအခါ ဆံသားအတွက်လိုအပ်တဲ့ keratin လည်း မရရှိတော့ပါဘူး။ ဒါကြောင့် ဆံပင်ကျွတ်တာတွေ၊ ထိပ်ပြောင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဆံပင်ပြန်ပေါက်ဖို့လည်း ခက်ခဲလာနိုင်ပါတယ်။

💠 5. Gym ဆော့ပေမဲ့ အကျိုးမရှိတော့ဘူး။

နံနက်စာစားတဲ့အခါ မာဆယ်တွေဟာ သိသိသာသာဖွံ့ဖြိုးပါတယ်။ ဒါကြောင့် gym ကစားတဲ့သူတွေဟာ အာဟာရအပြည့်နဲ့ နံနက်စာကို စားပေးရပါတယ်။ မစားဘူးဆိုရင်တော့ gym ဘယ်လောက်ဆော့ဆော့ ခန္ဓာကိုယ်ဟာ ကိုယ်မျှော်လင့်ထားသလို ပုံပန်းကျ လှပနိုင်မှာ မဟုတ်ပါဘူး။

💠 6. ဝမ်းဗိုက်အဆီတွေ ဖြစ်လာမယ်။
နံနက်စာရှောင်တဲ့သူတွေဟာ နေ့လည်စာနဲ့ ညစာကို ပိုစားတတ်ကြပါတယ်။ တကယ်တော့ နံနက်စာဟာ ဘယ်လောက်အများကြီးစားစား ဝမ်းဗိုက်အဆီကို ဖြစ်မလာစေပါဘူး။ နေ့လည်စာနဲ့ ညစာကတော့ စားရင်စားသလို အဆီတက်စေပါတယ်။ တကယ်လို့ ဝိတ်ချမယ်လို့ စိတ်ကူးထားတယ်ဆိုရင် နေ့လည်စာနဲ့ ညစာကို လျော့စားပြီး နံနက်စာကို အဝ စားပေးသင့်ပါတယ်။

💠 7. နှလုံးရောဂါ ဖြစ်လာမယ်။
နံနက်စာမစားတဲ့သူဟာ တဖြည်းဖြည်းနဲ့ နှလုံးအားနည်းလာပါတယ်။ ကြာလာတဲ့အခါ silent killr လို့ တင်စားတဲ့ နှလုံးရောဂါ ဖြစ်လာမှာပါ။ နှလုံးရောဂါဟာ ရုတ်တရက်အသက်ရှူရပ်ပြီး အသက်ဆုံးစေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ ဖြစ်ပြီးသွားရင်လည်း အရှင်းမပျောက်တော့တဲ့ ရောဂါမျိုးဖြစ်ပါတယ်။

💠 8. ဆီးချိုရောဂါ ဖြစ်ပွားနိုင်ချေ များပါတယ်။
နံနက်စာမစားတဲ့သူတွေဟာ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ချေများတယ်လို့ ဆရာဝန်တွေက ထောက်ပြထားပါတယ်။ အင်ဆူလင် လုံလုံလောက်လောက်မထွက်တာကြောင့် အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားလာရခြင်း ဖြစ်ပါတယ်။

💠 9. ခေါင်းကိုက်ဝေဒနာ ဖြစ်လာမယ်။
နံနက်စာမစားတဲ့အတွက် သွေးတွင်းသကြားဓာတ်နည်းလာတဲ့အခါ ခန္ဓာကိုယ်က ဟော်မုန်းတမျိုးကို ထုတ်ပါတယ်။ အဲ့ဒီဟော်မုန်းကြောင့် သွေးဖိအားမြင့်တက်လာပြီး ခေါင်းကိုက်တာ၊ ခေါင်းတခြမ်းကိုက်တာတွေ ဖြစ်နိုင်ပါတယ်။ အာရုံကြောအားနည်းတဲ့သူဆိုရင် ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။

💠 10. အသက် ၄၀ လောက်နဲ့ အားအင်ချိနဲ့လာမယ်။
နံနက်စာမစားတဲ့သူဟာ ပုံမှန်လူတွေထက် ကျန်းမာသန်စွမ်းမှုနဲ့ လျင်မြန်သွက်လက်မှုတွေ မြန်မြန် ကျဆင်းနိုင်ပါတယ်။ အသက်ကြီးလေ သိသာလေ ဖြစ်လာမှာပါ။ သူများအသက် ၄၀ ဆို သန်မြန်နေဆဲပေမယ့် နံနက်စာမစားတဲ့သူကတော့ အသက် ၄၀ လောက်နဲ့ အဖိုးကြီး၊ အဖွားကြီးတွေ ဖြစ်နေကြမှာပါ။

💠 နံနက်စာ စားသင့်တဲ့အချိန်ကတော့ အိပ်ရာထပြီး ၂ နာရီအတွင်း ဖြစ်ပါတယ်။ ဒါပေမယ့် အိပ်ရာထချိန်ဟာ နံနက် ၆ နာရီကနေ ၉ နာရီအတွင်း ဖြစ်ရပါမယ်။ နံနက် ၁၀ နာရီလောက် အိပ်ရာထပြီး နေ့လည် ၁၁ နာရီမှာ စားတဲ့အရာကိုတော့ နံနက်စာလို့ မခေါ်ပါဘူး။

💠 နံနက်စာ စားတဲ့အခါမှာလည်း အာဟာရဖြစ်စေမဲ့ အရာတွေ စားပေးဖို့လိုပါတယ်။ ထမင်းပူပူနွေးနွေး၊ ကြက်ဥ၊ ကွေကာအုပ်၊ ကော်ဖီ၊ ဘယ်ရီသီးတွေနဲ့ အခွံမာသီးတွေက မနက်စာအဖြစ်စားပေးသင့်တာတွေ ဖြစ်ပါတယ်။
Credit to original uploader

12/01/2025

#သင်္ဘောသီးကိုအချိန်နှင့်စားသုံးပြီးရောဂါကုသနည်းများ

နံနက် ၈ နာရီ စားသုံးလျှင် - အစာအိမ်နှင့် အူလမ်းကြောင်း အတွက် ကောင်းမွန် ပါသည်။

နံနက် ၉ နာရီ စားသုံးလျှင် - သွေးအဆိပ်ဖြစ်ခြင်းကို ကောင်းမွန်သည်။ သွေးသားကို သန့်စင် စေသည်။

နံနက် ၁၀ နာရီ စားသုံးလျှင် - အသည်း၌ ပူခြင်းကို ကောင်းမွန်ပြီး ဝမ်းချုပ်ခြင်းကို သက်သာ စေသည်။

နံနက် ၁၁ နာရီ စားသုံးလျှင် - အာသီးနာခြင်း၊ အာခြောက်ခြင်းတို့ကို ကောင်းမွန်စေသည်။

မွန်းလွဲ ၁ နာရီ စားသုံးလျှင် - နွယ်ချိုမှုန့်နှင့် တို့၍စားလျှင် အစာကြေစေသည်။

မွန်းလွဲ ၂ နာရီ စားသုံးလျှင် - ပါးစပ်ပုပ်၍ ပါးစပ်နံခြင်းကို ကောင်းမွန်စေသည်။

မွန်းလွဲ ၃ နာရီ စားသုံးလျှင် - အူမကြီးပူ၍ ဝမ်းမကောင်းလျှင် စားသုံးနိုင်သည်။

ညနေ ၄ နာရီ စားသုံးလျှင် - ပျားရည်နှင့်တို့စားပါက သွေးတိုးခြင်းကို သက်သာစေသည်။

(ကလေးမစားရ)

ညနေ ၅ နာရီ စားသုံးလျှင် - ဆီးချိုဖြစ်ခြင်းကို သက်သာစေသည်။

ညနေ ၇ နာရီ စားသုံးလျှင် - တစ်နေကုန်ပင်ပန်းခြင်းကို သက်သာစေပြီး စိတ်ရွှင် လန်းစေသည်။

ညနေ ၈ နာရီ စားသုံးလျှင် - သွေးသားကို သန့်စင်စေသည်။

ညနေ ၉ နာရီ စားသုံးလျှင် - သကြားနှင့်တို့စားပါက အသည်း၌ပူခြင်းကို သက်သာစေသည်။ တရုတ်
ဆေးကျမ်းများတွင် သင်္ဘောသီးသည် အစာကြေခြင်း၊ အားအင် ပြန်လည် ဖြည့်စွမ်းပေးခြင်းစသည့်

အာနိသင်များ ရှိကြောင်း တရုတ်တိုင်းရင်း သမားတော်များအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ သမားတော် ဦးဖန်က
ပြောကြားသည်။ သင်္ဘောသီး စားခြင်းကြောင့် ဆိုးကျိုးမရှိဘဲ စွဲစွဲမြဲမြဲ စားသုံးခြင်းဖြင့် ကျန်းမာရေးအတွက်
အထောက်အကူ ပြုကြောင်း၊ တစ်ခါစားလျှင် တစ်စိတ်မှ နှစ်စိတ်အထိ စားသုံးသင့်ပြီး ယင်းသို့စားသုံးရာတွင်
သင်္ဘောသီး စိတ်အား ဇွန်းဖြင့် အခွံနားကပ်သည် အထိ ခြစ်၍ စားသင့်ကြောင်း၊ ယင်းအခွံအနားရှိ
သင်္ဘောစေးသည် အစာအိမ်အား လွန်စွာ အကျိုးပြုပြီး ဝမ်းချုပ်တတ်သော ပုဂ္ဂိုလ်များ၊ အသည်း ရောဂါသည်များ၊

သရက်ရွက် ရောဂါသည်များ အတွက် အထူး သင့်လျော်ကြောင်း၊ ထမင်းစားပြီး ချိန်နှင့် မစားခင်အချိန်များတွင်

ကပ်၍ စားသုံးသင့်ကြောင်း ယင်းကအကြံပြု ပြောကြားသည်။

ကျန်းမာပျော်ရွှင်ကြပါစေ
_____________________________________

Want your business to be the top-listed Beauty Salon in Madaya?
Click here to claim your Sponsored Listing.

Telephone

Website

Address


68A Street 116*117st
Madaya