Beauty by Ma Khine Lay
Beauty
ဒီ page လေးက ဝက်ခြံ သမားတွေ အတွက် လုပ်ပေးထားတဲ့ page လေးပါ
ဝက်ခြံ ပျောက်ဖို့ ဆောင်ရန် ရှောင်ရန် လေးတွေ
ကုသနည်းလေးတွေကို sharing လုပ်ပေးမှာဖြစ်လို့
Like & Share လေး လုပ်သွားပေးပါနော်
11/12/2022
အသားဖြူချင်သူလေးတွေအတွက် အိမ်တွင်းကုထုံး
အသားဖြူချင်သူလေးတွေအတွက် အိမ်တွင်းကုထုံး
ဘယ်နားသွားသွားထင်းခနဲလှပစေဖို့နဲ့ ဘာလေးဝတ်ဝတ်လှနေစေဖို့ အသားဖြူချင်လိုက်တာလို့ဆိုပြီး တွေးနေတဲ့သူလေးတွေများရှိလား။ အသားဖြူချင်ပေမယ့် ထိခိုက်မှုနည်းစေဖို့အတွက် သဘာဝနည်းလေးတွေပဲသုံးချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက လိုချင်နေတဲ့အဖြေကို ထုတ်ပေးနိုင်မှာပါ။ ကဲ..အသားဖြူဖို့ အသင့်ဖြစ်ပြီလား…………
သဘာဝအတိုင်း အသားဖြူစေဖို့ အိမ်တွင်းကုထုံးတွေက ဘာတွေများလဲ………….
မြင်သူတိုင်းအားကျရလောက်အောင် အသားလေးဖြူဝင်းစေဖို့ဆိုရင်
သင်္ဘောသီး နဲ့ ပျားရည်
သင်္ဘောသီးက အရသာရှိရုံတင်မဟုတ်ပါဘူး။ အသားအရေအတွက်ပါ တော်တော်လေးအထောက်အကူပြုပေးပါတယ်။ အကြောင်းကတော့ သင်္ဘောမှာပါတဲ့ papain ဆိုတဲ့ဒြပ်ပေါင်း နဲ့ alpha hydroxy acids တို့ကအရေပြားပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ အရေပြားအတွင်းပိုင်းလွှာအထိသန့်စင်စေပြီး အသားအရေကိုကြည်လင်ဖြူဝင်းစေပါတယ်။ ပျားရည်ကတော့ အနာကျက်စေပြီး အမာရွတ်တွေကိုပါးစေနိုင်သလို ဘက်တီးရီးယားတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။
လိုအပ်မှာက
သင်္ဘောသီးတစ်စိတ်စာ
ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာတို့ကို ရောစပ်ပြီး သမအောင်မွှေပါ။
ရလာတဲ့အနှစ်ကို မျက်နှာအပါအဝင်ခန္ဓါကိုယ်အနှံ့မှာလူးပြီး မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ဆေးကြောပေးပါ။ နောက်ဆုံးအဆင့်ကတော့ ရေအေးနဲ့ရေချိုးချပြီး အရေပြားကိုခြောက်အောင်သုတ်ပေးပါ။ ၃ ရက်တစ်ကြိမ်လောက်လုပ်ပေးပါ။
လိမ္မော်ခွံ နဲ့ ဒိန်ချဉ်
လိမ္မော်သီးကလည်း ရှာရခက်လှတာတော့မဟုတ်ပါဘူး။ အသားဖြူစေဖို့လည်း တကယ်ကို အထောက်အကူပြုပေးပါတယ်။ ဗီတာမင် C ကြွယ်ဝမှုကြောင့် အသားအရေကို ကြည်လင်စေတာ အမှန်ပါ။
လိုအပ်မှာက
နေရောင်အောက်မှာ ၃ – ၄ ရက်ကြာ အခြောက်ခံထားတဲ့ လိမ္မော်ခွံကိုကြိတ်ခြေထားတဲ့ အမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ
အရသာထည့်မထားတဲ့ ဒိန်ချဉ်လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာတို့ကို သမအောင်ရောမွှေပေးပါ။
ရလာတဲ့အနှစ်ကို သန့်စင်ထားတဲ့ အရေပြားပေါ်မှာ လိမ်းပေးပါ။ ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက်ထားပေးပါ။ ပြီးရင်ရေနွေးနဲ့ ဆေးချလိုက်ပါ။ တစ်ရက်ခြားတစ်ခါလုပ်ပေးပါ။
ခရမ်းချဉ်သီး၊ ဒိန်ချဉ် နဲ့ Oatmeal
ခရမ်းချဉ်သီးမှာပါတဲ့ lycopene ကအသားအရေကို အိုမင်းရင့်ရော်ခြင်းမဖြစ်အောင်ကာကွယ်ပေးနိုင်ပြီး ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုက အသားအရေကို ကြည်လင်စေနိုင်ပါတယ်။ အသားအရေကို ကင်ဆာမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ Oatmeal ကတော့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ကျန်းမာစေနိုင်ပါတယ်။
လိုအပ်မှာက
ခရမ်းချဉ်သီးတစ်လုံး
အရသာမပါတဲ့ ဒိန်ချဉ်လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ
Oatmeal လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာတို့လိုအပ်ပါမယ်။
ခရမ်းချဉ်သီးကို ထက်ပိုင်းပိုင်းလိုက်ပါ။ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ဒါမှမဟုတ် နှစ်ဇွန်းစာလောက်အရည်ညှစ်ပါ။ Oatmeal တစ်ခွက်စာထဲကို ခရမ်းချဉ်သီးအရည်နဲ့ ဒိန်ချဉ်တို့ကို အချိုးကျရောစပ်လိုက်ပါ။ ပြီးရင် သမအောင်မွှေပါ။ သန့်စင်ထားတဲ့အရေပြားပေါ်မှာ လိမ်းပေးပြီး မိနစ် ၂၀ ကြာထားပေးပါ။ ပြီးရင် ရေနွေးနဲ့ဆေးချလိုက်ပါ။ တစ်ပတ်ကို နှစ်ကြိမ်ကနေ ၃ ကြိမ်လောက်အထိလုပ်ပေးပါ။
နို့၊ သံပရာရည် နဲ့ ပျားရည်
သံပရာရည်က ဗီတာမင် C ကြွယ်ဝပြီး အသားအရေကို ကြည်လင်စေနိုင်ပါတယ်။ မယ်လ်လာနင်ထွက်ရှိမှုကိုလျှော့ချပေးနိုင်စွမ်းရှိပါတယ်။ နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးတာကို အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။
လိုအပ်မှာက
နို့လက်ဖက်ရည်ဇွန်း တစ်ဇွန်း
သံပရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို ရောစပ်ပြီး သမအောင်မွှေပါ။
ရလာတဲ့အနှစ်ကို အရေပြားပေါ်မှာလူးပေးပါ။ မိနစ် ၂၀ လောက်ထားပါ။ ပြီးရင်ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။
ပဲအစိမ်းမှုန့် နဲ့ ဒိန်ချဉ်
ပဲမှုန့်က အရေပြားကို ရောဂါပိုးတွေကူးစက်ခံရမှုက အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒိန်ချဉ်က အသားအရေကို အစိုဓါတ်ထိန်းပေးပြီး လန်းဆန်းကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာ အသေအချာပါ။ အသားအရေကို ကျန်းမာပြီး ကြည်လင်လှပစေနိုင်ပါတယ်။
လိုအပ်မှာက
ပဲအစိမ်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာ
ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း ဒါမှမဟုတ် ၃ ဇွန်းစာတို့ကို သမအောင်မွှေပါ။
သန့်စင်ထားတဲ့ အရေပြားပေါ်မှာ အနှစ်ကို နှံ့နေအောင်လူးပေးပါ။ မိနစ် ၂၀ ကနေ နာရီဝက်လောက်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လောက်ထိလုပ်ပေးလို့ရပါတယ်။
Hello Health Group
10/12/2022
သင်က တင်းတိပ်သမား မဟုတ်လည်း ဒီပို့စ်ကို မကျော်သွားပဲ ဖတ်ကြည့်ပါ ဗဟုသုတရစေမှာပါနော်
အမျိုးသမီး တော်တော်များများမှာ အသက် (၃၀) ကျော်လာတာနဲ့ တင်းတိပ်တွေ အဖြစ်များတဲ့ အကြောင်းကို ဒီနေ့မှာတော့ ဗဟုသုတရစေဖို့အတွက် ရေးသားပေးလိုက်ပါတယ်နော်။
ဘယ်လိုကနေ တင်းတိပ် စဖြစ်တာလဲ
အရင်ဆုံးမျက်နှာမှာ အမဲစက်လေးတွေ ဖြစ်လာပါတယ်။ ထို့နောက် အမဲစက်လေးတွေ တစ်ဖြည်းဖြည်းပွားလာပြီးတော့ တင်းတိပ်တွေစဖြစ်တော့တာပါပဲ။
အစပိုင်းကတော့ သိပ်မသိသာပေမဲ့ နောက်ပိုင်း မျက်နှာမှာ အကွက်လိုက်ကြီးတွေ ဖြစ်လာပါတော့တယ်။
ဘာကြောင့်တင်းတိပ်ဖြစ်ရတာလဲ
အခြေအနေ အမျိုးမျိုးကြောင့်တင်းတိပ်တွေဖြစ်တတ်ပါတယ်။ နေပူထဲ အထွက်များတဲ့သူတွေမှာ အဖြစ်များပါတယ်။
နေပူထဲလည်း မထွက်ဘူး..ဘာကြောင့် တင်းတိပ်တွေထွက်လာရတာလဲဆိုတဲ့သူတွေ အတွက်လည်း အဖြေရှိပါတယ်။
သောက်ဆေးတွေကြောင့်/ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်နိုင်သလို..အချို့ကတော့
Air-Con ခန်းထဲမှာ အနေများတဲ့သူတွေဆိုရင်လည်း တင်းတိပ်တွေ ဖြစ်တတ်ပါတယ်
ဘာလို့လဲဆိုတော့ အအေးဓါတ်တွေက မျက်နှာပေါ်က ရှိသင့်ရှိထိုက်တဲ့ ရေဓါတ်နဲ့ အဆီဓါတ်တွေကို စုပ်ယူလိုက်လို့ပါပဲ။
ဖုန်းတွေအသုံးများတဲ့အခါ ဖုန်းမှထွက်တဲ့ အလင်းတန်းတွေကြောင့်လဲ အမဲစက်နဲ့ တင်းတိပ်တွေဖြစ်တတ်တယ်နော်။
ဒါက သေချာ ဂရုစိုက်သင့်တဲ့အရာတစ်မျိုးပါပဲ
တင်းတိပ်မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
Moisturizer ပါတဲ့ Cream တွေလိမ်းပြီး မျက်နှာကိုရေဓါတ် လုံလုံလောက်လောက်ဖြည့်ပေးတဲ့ Skincare တွေ လိမ်းပေးပါ...
နေပူထဲကို အထွက်များတဲ့သူတွေဆိုရင်လည်း sunscreenကို မဖြစ်မနေ လိမ်းပေးရပါမယ်နော်..
တကယ်လို့ သင်သာ sunscreenကို နေ့တိုင်းကြိုလိမ်းခဲ့မယ်ဆိုရင်တော့ အမဲစက် တင်းတိပ် ပြဿနာအတွက် လုံးဝစိတ်ညစ်ရမှာ မဟုတ်ပါဘူးနော်..😌
အားလုံးပဲ အဆင်ပြေကြပါစေ
09/12/2022
Skin အမျိုးအစားကို ခွဲခြားတတ်ပြီလား။
ကိုယ့်ရဲ့ Skin အနေအထားကိုသိမှ Skincare
ရွေးချယ်တဲ့အခါမှာ ကိုယ့်အတွက်ပိုအဆင်ပြေလွယ်ကူနိုင်ပါတယ်။
ဒါဆိုလေ့လာကြည့်ကြမယ်။
(1) Normal Skin
- Normal Skin တွင် အသားအရည်က ချောမွေ့နေတတ်ပြီး
ချွေးပေါက်ကိုမမြင်ရတတ်ပါ။ Skin Problem လည်း
သိပ်များများစားစားမရှိသော အသားအရည်မျိုးပါ။
(2) Dry Skin
- ဒီအသားအရည်ဟာဆိုရင် မွဲခြောက်ကြမ်းတမ်းနေတတ်ပြီး အရေးကြောင်းလည်း ထင်းလင်းနေတတ်ပြီး အရေခွံလန်တာမျိုးလည်း ဖြစ်တတ်တာကိုတွေ့ရပါတယ်။
ခြောက်သွေ့နေတာရယ်ကြောင့် ကြည့်လိုက်တာနဲ့
စိုစိုပြေပြေဖြစ်မနေသော အသားအရည်ပါ။
(3) Combination Skin
- ဒီ Skin မှာဆိုရင် ပါးနှစ်ဖက်ဟာ ခြောက်သွေ့ပြီး
နဖူးနဲ့နှာခေါင်းဟာအဆီပြန်နေတတ်ပါတယ်။ ဆားဝက်ခြံလည်း ထွက်လွယ်သော အသားအရည် ပိုင်ရှင်မျိုးပါ။
(4) Oily Skin
- သူ့မှာတော့ အသားအရည်က အမြဲလိုလို အဆီပြန်နေပြီး ပြောင်လက်နေတာမျိုးပါ။ ချွေးပေါက်တေလည်း ထင်ရှားပြီး
ဝက်ခြံထွက်လွယ်သော အသားအရည်ပါ။ သူ့တွင်မူ T-Zone Skin မှာပိုသိသာပါတယ်။
(5) Sensitive Skin
- သူ့မှာတော့ သိသာလွယ်တယ် မျက်နှာကနီမြန်းလွယ်တယ်။
အသားအရည်က အသားခြောက်တဲ့အခါမှာ ယားယံတာမျိုးဖြစ်တတ်တယ်။ မကြာခဏဆိုသလိုလည်း break out ကဖြစ်လွယ်ပါတယ်။ အထူးကရုစိုက်ပါ။
အာ့အသားအရည်တွေကို ဘယ်လိုမျိုးသိနိုင်မလဲဆိုရင်
ကိုယ်က မျက်နှာသန့်စင်ပြီးချိန် မိနစ်(40)ကြာတဲ့အခါမှာ
မှန်ထဲပြန်ကြည့်ကြည့်ပါ။ စောင့်ကြည့်နေချိန်မှာ မည်သည့် Product ကိုမှ အသုံးမပြုကပါ။ အာ့အချိန်က
သင့်ရဲ့အသားအရည်အမျိုးအစားကို ခွဲခြားပေးပါလိမ့်မယ်။
06/12/2022
မျက်နှာသစ်တဲ့ အခါတိုင်း ရှောင်ကြဉ်ရမယ့် နည်းလမ်း 7 ခု 🤍
နေ့စဉ် မျက်နှာသစ်နေရင်းက အမှားတွေ လုပ်မိနေတာကို ပျိုမေတို့ သိပါသလား။ မှန်ကန်တဲ့ မျက်နှာသစ်နည်း မဟုတ်တဲ့အခါ မျက်နှာမှာ ဝက်ခြံတွေ၊ အဆီဖုတွေ ပေါက်တတ်ပါတယ်။ မျက်နှာကို ပုံမှန် ဂရုစိုက်နေပေမယ့် အသားအရေ ပျက်စီးနေတယ်လို့ ခံစားရတာက မျက်နှာသစ်နည်း မှားနေလို့ပါ။
ဒီလို မဖြစ်စေဖို့ မျက်နှာသစ်တဲ့အခါ ရှောင်ကြဉ်ရမယ့် နည်းလမ်းအချို့ကို ရေးသား ဖော်ပြလိုက်ပါတယ်။
(၁)ကိုယ်တိုက်ဆပ်ပြာ မသုံးပါနဲ့
ခြေထောက်နဲ့ လက်တွေကို တိုက်တဲ့ ကိုယ်တိုက်ဆပ်ပြာမှာ အသားအရေကို ခြောက်သွေ့စေတဲ့ Alkaline PH ပါဝင်ပါတယ်။ သင်က နဂိုတည်းက အသားခြောက်တတ်တဲ့သူဆို မျက်နှာမှာ အရေပြား ပြဿနာ ဖြစ်စေတာမို့ သင့်အသားအရည်နဲ့ သင့်တော်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်သုံးစွဲပါ။
(၂) မျက်နှာကို တအား မပွတ်တိုက်ပါနဲ့
ဆားဝက်ခြံတွေ၊ ချွေးပေါက်တွေ ပျောက်ချင်ဇောနဲ့ မျက်နှာကို အားနဲ့ကုတ်ခြစ်တာက မှန်ကန်တဲ့နည်းလမ်း မဟုတ်ပါဘူး။ Scrub သုံးပြီး မျက်နှာကြေး (ဂျီး)ချွတ်တာမျိုးကို ၁ ပတ်မှာ ၁ ခါလောက်သာ လုပ်သင့်ပါတယ်။ မျက်နှာကို ပွတ်တိုက်တာများတဲ့အခါ အရေးကြောင်းနဲ့ အသားခြောက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
(၃) နံနက်ပိုင်းမှာ မျက်နှာသစ်ပါ
အိပ်စက်ခြင်းက သင့်အသားအရေ ဆဲလ်ကို ပြန်လည်အားဖြည့်စေပေမယ့် အညစ်အကြေး၊ အဆီနဲ့ ပိုးမွှား တွေကတော့ ချွေးပေါက်အတွင်းမှာ ပိတ်မိနေနိုင်ပါတယ်။ အိပ်စက်နေတဲ့ ၈ နာရီ အတွင်းမှာ ခေါင်းအုံးက ဖုန်မှုန့်တွေ မျက်နှာမှာ ရှိနိုင်တာကြောင့် အိပ်ရာထတာနဲ့ မျက်နှာသစ်ပါ။
(၄) အရမ်းပူတဲ့ရေ မသုံးပါနဲ့
ရေနွေးနဲ့ မျက်နှာသစ်ခြင်းက အသားအရေအတွက် ကောင်းတာကြောင့် မျက်နှာသစ်မိတယ်ဆိုရင် အရမ်းပူတဲ့ ရေအစား ရေကြက်သီးနွေးလောက်နဲ့ဆို အဆင်ပြေပါတယ်။
(၅) Mask မသုံးခင် မျက်နှာသစ်ပါ
Face Mask သုံးမယ်ဆိုရင် သင့်မျက်နှာက ပြောင်ရှင်းပြီး သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ Mask က ဓာတ်တွေ သင့်အသားထဲ စိမ့်ဝင်စေဖို့ မျက်နှာကိုသစ်ပါ။
(၆) မျက်နှာသစ် ဆပ်ပြာနဲ့ မိတ်ကပ် မဖျက်ပါနဲ့
အခုခေတ် မိတ်ကပ်တွေက ရေစိုလည်း မပျက်၊ ချွေးထွက်လည်း မပျက်အောင် ဓာတုပစ္စည်းတွေနဲ့ လုပ်ထားတာပါ။ မိတ်ကပ်ဖျက်ဆေး မသုံးနိုင်ရင်တောင် Double Cleansing လုပ်ဖို့ မိတ်ကပ်ပညာရှင်တွေက အကြံပြုထားပါတယ်။
(၇) မျက်နှာသုတ်ဖို့ အဝတ် သီးသန့်ထားပါ
ခန္ဓာကိုယ်ကိုသုတ်တဲ့ တဘက်နဲ့ မျက်နှာကို မသုတ်မိအောင် သီးသန့်ထားပါ။ ခန္ဓာကိုယ်က ဘက်တီးရီးယား တွေက သင့်မျက်နှာ အသားအရေကို ပျက်စီးစေပါတယ်။
မျက်နှာမှာ ဝက်ခြံ၊ အဆီဖု ပေါက်နေတယ်ဆိုရင် အသားအရေကို အမှန်တကယ်ပဲ ဂရုစိုက်ဖို့ လိုအပ်နေတာမို့ နည်းလမ်း မှန်မှန်ကန်ကန်နဲ့ မျက်နှာသစ်ပြီး ဝင်းပစိုပြေတဲ့ မျက်နှာလေးရအောင်လုပ်ကြည့်ပါနော်။
Credit to Original Writer
မှန်ကန်တဲ့မျက်နှာသစ်နည်းလေးသုံးပြီးသစ်ကြရအောင်ပါနော်🤗🤍
05/12/2022
Skincare လုပ်ပြီးရင် သနပ်ခါးလိမ်းလို့ရလား
သေချာလေး ဖတ်စေချင်ပါတယ်
သနပ်ခါးကြိုက်ကြတဲ့ မြန်မာမိန်းကလေးတွေဖြစ်လို့အဲဒီမေးခွန်းလေးတွေ ခဏခဏမေးကြပါတယ်
skincare လုပ်တဲ့သူတွေ အနေနဲ့ အများအားဖြင့် သနပ်ခါး မလိမ်းရဘူး သနပ်ခါးလိမ်းရင် ချွေးပေါက်ပိတ်မယ် အသားခြောက်မယ် ဆိုပြီး စသဖြင့်တော့ရှိကြတာပေါ့။
တွဲလိမ်းမယ် ဆိုရင်လည်း အောက်ကနေ sunscreen+make up cream+moisturizer တခုခု ခံပြီး သနပ်ခါးနဲ့ တွဲလိမ်းသင့်ပါတယ်
🙆သနပ်ခါးဆိုတာ မြန်မာတွေအစဉ်အဆက်
နေလောင်ဒဏ်ခံနိုင်ဖို့ လိမ်းကြတဲ့ သဘာဝပစ္စည်းဖြစ်လို့ Skincare တွေနဲ့တွဲလိမ်းရင် အဆင်မပြေတာ မရှိပါဘူး။
🙆ဒါပေမယ့် သဘာဝပစ္စည်းဖြစ်တဲ့အတွက် သနပ်ခါးက နေလောင်ဒဏ်ကိုတော့ အကြာကြီး မကာကွယ်ပေးနိုင်ပါဘူးနော်
ဒါကြောင့် Skincare ကို အရင်ဆုံး အဆင့်ဆင့် အသားအရည်ထဲသေချာစိမ့်ဝင်အောင် လိမ်းပေးပြီးရင် သနပ်ခါးကိုလိမ်းနိုင်ပါတယ်။
သနပ်ခါးက အဆီကိုစုပ်ယူနိုင်စွမ်းရှိလို့ ကိုယ်လိမ်းတဲ့ skincare ကို စုပ်ယူနိုင်တာမို့ skincare ပြီး သနပ်ခါးလိမ်းခြင်းက skincare အတွက် 100% အကျိုးကျေးဇူးမရနိုင်တော့ဘူးနော်
အသားအရည် ထိန်းသိမ်းဖို့ Skincare ကိုလည်းလိမ်းချင်တယ်၊ သနပ်ခါးကိုလည်း သံယောဇဉ်မပြတ်လို့မလိမ်းရရင် မနေနိုင်ဘူး ဆိုတဲ့သူတွေအတွက် သနပ်ခါးနဲ့ တွဲလုပ်ရမယ့် skin care အကြောင်းလေးပြောပြပေးမယ်
cleansing သေချာလုပ်ပေးပါ..
ပြီးရင် Toner ကိုသေချာသုံးပေးပါ..
moistureတစ်ခုခုလိမ်းပေးပါ...
နေလောင် ဒဏ်ကာကွယ်ဖို့အတွက် Sunscreenကို မဖြစ်မနေ လိမ်းပေးပါ ...
ညပိုင်းကတော့ သနပ်ခါးလိမ်းထားတဲ့မျက်နှာကို Double Cleansing သေသေချာချာလေး လုပ်ပေးရပါမယ်..
ကိုယ်လိမ်းနေကျ skin care setတွေလိမ်းပေးပါ။
ညကို သနပ်ခါး လိမ်းမအိပ်ပါနဲ့...
ဝက်ခြံပေါက်ရင်လည်း သနပ်ခါး မတို့စေချင်ပါဘူးရှင့် ။
ပျောက်ခဲ့တယ်ဆိုလျှင်တောင် အမဲစက် နက်နက်ကြီးကျန်တတ်ပါတယ်😱😱
ကိုယ့် skin ကို သေချာဂရုစိုက်နိုင်ကြပါစေရှင့်...
#သနပ်ခါး
#၀ကခြှံ
05/12/2022
ရှားစောင်းလက်ပတ်ကိုသုံးပြီးအသားဖြူအောင်လုပ်နည်းအသားဖြူချင်တဲ့ပျိုမေတွေအတွက်
သဘာဝနည်းကိုသုံးပွီးဘယ်လို ဖြူအောင်လုပ်လို့ရလဲဆိုတာကိုပြောပြပေးချင်ပါတယ်။
ဓါတုပစ္စည်းတွေကိုသုံးပြီးအသားဖြူအောင်လုပ်မှာထက်စာရင်တော့သဘာဝနည်းကိုသုံးပြီးကြိုးစားကြည့်တာကပိုပြီးတော့ အန္တရာယ်ကင်းပါတယ်။
အသုံးပြုရမယ့်ပစ္စည်းကလည်းတခြားမဟုတ်ပါဘူး။
ရှားစောင်းလက်ပတ်ပါ🌵🌵🌵🌵🌵
ရှားစောင်းလက်ပတ်ကိုအသားဖြူဖို့အတွက်ဘယ်လိုမျိုး အသုံးပြုရမလဲဆိုတော
(၁)-ရှားစောင်းလက်ပတ်တစ်မျိုးတည်းကိုသုံးပြီးဖြူအောင်လုပ်နည်းရှားစောင်းလက်ပတ်ကို နှစ်ခြမ်းခွဲပါပြီးရင်ဂျဲလ်ကိုထုတ်ပြီးဇွန်းသို့ခရင်းနဲ့ခြစ်ထုတ်ပါပြီးရင်တော့မျက်နှာမှာလူးပေးပြီး၁၀မိနစ်ကြာအောင်ထားပေးပါ
(၁၀)မိနစ်လောက် ပြည့်ရင်တော့ ရေအေးနဲ့ဆေးချပါ။ဒီနည်းကိုတစ်ရက်မှာ နှစ်ကြိမ်လောက်၊အချိန်မရဘူးဆိုရင်လည်းအနည်းဆုံးတစ်ပတ်မှာငါးကြိမ်လာက်တော့လုပ်ပေးပါ
(၂)ရှားစောင်းလက်ပတ်၊နနွင်း၊ပျားရည်
နနွင်းနဲ့ပျားရည်တို့ကိုပျစ်နေအောင်ရောပါ။ပျစ်နေအောင် ရောနယ်ပြီးလိမ်းပေးပါမိနစ်(၂၀)လောက်ထားပြီးရေကြက်သီးနွေးနဲ့ ဆေးချပါ။ဒီနည်းကိုတော့တစ်ပတ်မှာ နှစ်ကြိမ်၊သုံးကြိမ်လောက် လုပ်ပေးပါ
(၃)ရှားစောင်းလက်ပတ်နဲ့သံပရို
ရှားစောင်းလက်ပတ်ထဲကဂျဲလ်ကို ခြစ်ယူပါ။ပြီးရင်တော့သံပရိုသီး(၂)လုံးကိုအရည်ညှစ်ပြီး၊ရောပါ။သေချာနှံ့အောင်နယ်ပြီး(၁၅)မိနစ်လောက်ကြာအောင် လိမ်းပေးပါ။ပြီးရင်တော့ ရေနဲ့ဆေးချပါနေ့စဉ်ပုံမှန်ပြုလုပ်ပေပါရှားစောင်း
လက်ပတ်နဲ့သခွားသီးသခွားသီး ကလည်းအသားအရေကို တောက်ပစေသလိုရှားစောင်းလက်ပတ်ကလည်းအသားအရေကို ရေဓါတ်ဖြည့်တင်းပေးနိုင်ပါတယ်။ရောကြိတ်ပြီးလိမ်းပေးပါသခွားသီးမဟုတ်ပဲဒိန်ချဉ်နဲ့ရှားစောင်းလက်ပတ်
ဂျဲလ်ကိုရောလိမ်းလို့လည်းရပါတယ်နာရီဝက်လောက်လိမ်းထားပေးပြီးရင်တော့ရေအေးနဲ့ဆေးချပေးပါ
တစ်ပတ်မှာ နှစ်ကြိမ်၊သုံးကြိမ်လောက်လုပ်ပေးပါ
ရှားစောင်းလက်ပတ် နဲ့ဗီတာမင်အီးဇွန်းဝက်ကိုရောပြီးလိမ်းပေးပါမိနစ်(၃၀)လောက်ကြာရင်တော့ရေနဲ့ဆေးချပါတစ်ပတ်မှာတစ်ကြိမ်ပြုလုပ်ပေးပါ...
04/12/2022
😍အဆီပြန်တတ်တဲ့သူတွေတွက်••••💁
အသားအရေထိန်းသိမ်းနည်း....🙆
အသားအရေအမျိုးမျိုးရှိတဲ့ထဲက အဆီပြန်တတ်တဲ့
အသားအရေကိုဘယ်လို ထိန်းသိမ်းကြမလဲ 🤗
အဆီပြန်တော့ မျက်နှာက အဆီတဝင်းဝင်းနဲ့😥
နောက်ပြီး ဘာလိမ်းလိမ်း ခဏလေးနဲ့ ပျက်ပျက်သွားတယ်
boy 👦 ပဲဖြစ်ဖြစ် girl👩 ပဲဖြစ်ဖြစ်
မိမိ အသားအရေကို ဂရုစိုက်တော့ ပိုကောင်းတာပေါ့
နည်းလမ်းများ👇
၁.😉တစ်နေ့ ၂ ကြိမ် မျက်နှာသစ်ပါ
ခဏခဏမျက်နှာသစ်ရင် ပိုအဆီပြန်ပါတယ်
ရေနွေးနွေးလေး ( အရမ်းပူတာမျိုးမဟုတ်ပါဘူး ) နဲ့သစ်ပေးရင် ပိုကောင်းပါတယ်🚿💧
၂.တစ်ပတ်တစ်ခါ ဂျီးချွတ်ပါ
ဆဲလ်သေတွေ ဖယ်ရှားခြင်းဖြင့်
အဆီပြန်တာကိုသက်သာစေပါတယ်🤗
၃. တစ်ပတ်တစ်ခါ ပေါင်းတင်ပါ
clay mask က အဆီပြန်သူတွေတွက် ကောင်းတယ်.
🍅🍅ခရမ်းချဉ်သီးတို့ သခွားသီးတို့ အကွင်းလိုက်လှီးပြီးကပ်ထားလည်းရတယ်
၄. Alcohol free Toner ကိုသုံးပါ
တိုနာကချွေးပေါက်ကျဥ်းစေပါတယ်
၅.ရေဓာတ်ဖြည့်ပေးတဲ့⚱🍶
moisturizer(သို့)Serum အသုံးပြုပါ.
၆.suncream သုံးပါ.
၇.ရေများများသောက်ပါ.🚰⛾
#အလှပရေးရာ နဲ့ပတ်သက်တဲ့
အကြောင်းရာအသစ်လေးတွေ ဗဟုသုတရစရာစာစုလေးတွေ share ပေးသွားမှာ ဖြစ်လို့ page ကို like and follow 😍လုပ်ဖို့ မမေ့ပါနဲ့နော်
#ချစ်တဲ့မင်မင်
04/12/2022
မနက်၊ ည skin care အသုံပြုနည်း (သို့)
တစ်နေ့တာ skin care နည်းအဆင့်ဆင့် ပြောပြပေးမယ်နော်
တော်တော်များများအခုထိ ဇဝေဇဝါဖြစ်နေကြသေးတဲ့ skin care နည်းအဆင့်ဆင့်ကို သေသေချာချာလေးပြောပြပေးသွားပါမယ် ရှင်းရှင်းလင်းလင်းသိသွားပြီး ပိုလို့အလှတိုးလာလိမ့်မယ်လို့ ယုံကြည်ပါတယ် မင်မင်စာတွေထပ်ဖြည့်ပေးထားလို့ အချိန်ရရင်ဖတ်ကြည့်လိုက်ပါ
မနက်ပိုင်းမှာ
မနက်ပိုင်းမှာ အသုံးပြုရမယ့် skin care တွေက
မျက်နှာသစ်ဆေး (cleanser)၊
တိုနာ (toner)၊
အစိုဓာတ်ထိန်းခရင်မ် (moisturizer)နဲ့
နေလောင်ကာခရင်မ်(SPF) ဆိုပြီး အဆင့်ဆင့်လိုက် (၄) မျိုးရှိပါတယ်။
cleanser နဲ့ toner ကိုတော့ ကိုယ့်အသားအရေအလိုက် ရွေးချယ်အသုံးပြုပေးပြီး moisturizer ကိုတော့ အဆီပြန်တတ်သူတွေက တော်ရုံသင့်ရုံလိမ်းပေးနိုင်ပါတယ်
normal skin နဲ့ dry skin သမားတွေကတော့ moisturizer ကိုပိုလိမ်းပေးသင့်ပါတယ် SPF မှာဆိုလည်း
(50/ 30/15) ဆိုပြီး အစားစားရှိပါတယ် ပမာဏများလေ ပိုပူလေ၊ ပိုထူလေမို့ sensitive skin သမားတွေအတွက် သတိထားစေချင်ပါတယ်
ညဘက်မှာဆို
ညဘက်တွေမှာ အသားအရေကို တစ်ဖန်ပြန်မွေးဖွားပေးရတာမို့ ညဘက်လုပ်ရမယ့်အဆင့်တွေက ပိုပြီးအရေးကြီးပါတယ်။
ညဘက်လုပ်ရမယ့် skin care တွေမှာတော့
မိတ်ကပ်ဖျက်ဆေး (makeup remover)၊
မျက်နှာသစ်ဆေး (cleanser)၊
တိုနာ (toner)၊
မျက်ရစ်အားဖြည့်ခရင်မ် (eyecream) နဲ့
ညအစိုဓာတ်ထိန်းခရင်မ်(night moisturize/ nightcream) ဆိုပြီး (၅) မျိုးရှိပါတယ်။
makeup remover/toner/ cleanser နဲ့ mask တွေကိုတော့ ကိုယ်အဆင်ပြေတာသုံးပေးနိုင်ပါတယ်
moisturizer ကိုပဲ အဆီပြန်တတ်သူတွေက အဆီအရမ်းရွှဲတဲ့cream တွေကို မသုံးမိဖို့ သတိပေးချင်ပါတယ်
တစ်ပတ်တစ်ခါ
အပတ်စဉ် မျက်နှာသုတ်ပုဝါလဲဖို့၊ စောင်၊ ခေါင်းအုံးစွတ်တွေလဲဖို့ မမေ့ပါနဲ့။ တစ်ပတ် (၁/၂) ခါလောက် မျက်နှာချေးချွတ်ပေးပါ/ ပေါင်းတင်ပေးပါ / ခန္ဓာကိုယ်ကိုလည်း ချေးချွတ်ပေးပါ
တစ်လတစ်ခါ
တစ်လတစ်ခါ waxing လုပ်ပါ။ makeup brush တွေဆေးပါ မျက်ခုံးပြင်ပါ။ တတ်နိုင်မယ်ဆို facial treatment တွေပါခံယူပါ။
အလေ့အကျင့်
အလေ့အကျင့်အနေနဲ့ ရေများများသောက်ပေးပါ။ ဗီတာမင်စားသုံးပေးပါ /အိပ်ရေးဝဝအိပ်ပါ /စိတ်ကြည်အောင်ထားပါ။ အဆီဓာတ်ခမ်းခြောက်တတ်တာမို့ ရေနွေးနဲ့မကြာခဏရေချိုးခြင်းကို ရှောင်ပါ
အထူးသဖြင့် မျက်နှာအဆီပြန်တတ်တဲ့သူတွေကမနက်ခင်းမှာ ရေနွေးလေးနဲ့မျက်နှာသစ်ပေးတာအကောင်းဆုံးပါ
ရေအေးနဲ့သစ်တာက အကျင့်ဖြစ်နေပီဆိုပေမယ့်
တခါတလေ ရေနွေးနဲ့သစ်ပေးပါ ပီးရင် ကွာခြားချက်လေး
ကြည့်ပါ🙅
#အလှပရေးရာ
#ချစ်တဲ့မင်မင်
20/11/2022
တင်းတိတ် တွေ ရှိနေသူများ 💥
ပျောက်ကင်းအောင် ရေဓာတ် ဖြည့်
ပစ္စည်း လေးတွေ သုံးပေးပါ 💦💦
နေပူထဲထွက်ရင်ပဲ ဖြစ်ဖြစ် 🚩
မီးပူနားမှာ အလုပ်လုပ်သူပဲ ဖြစ်ဖြစ် 🚩
ဖုန်းသုံးပီး အလုပ်လုပ်သူပဲ ဖြစ်ဖြစ် 🚩
နေလောင်ကာ သုံးပေးပါ နော် 🔰🔰
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay
Madaya
