Ma Tone
🌼🌼🌼
07/11/2023
🌿 ဆံပင်အရှည်မြန်ချင်သူလေးတွေ
🌿 ဆံပင်ရှည်ထားသူလေးတွေအတွက်
✅ နောက်တစ်နည်းကတော့
🌿 မာလကာရွက်ပြုတ်ရည်ကို ဆံသားမှာလိမ်းပေးခြင်းဖြင့်
သဲလေးတို့ လိုချင်နေတဲ့ ဆံပင်ရဲ့အနေအထား/ဆံသားကို
ပိုမိုတောက်ပြောင်ပြီး လှပတဲ့ ဆံသားပိုင်ရှင်လေးဖြစ်မှာ သေချာပါတယ်
🌿 မာလကာရွက်ပြုတ်ရည်ကို ဘယ်လိုအတိုင်းအတာထားပြုတ်ရမလဲ❓
🌿 မာလကာရွက် လက်တစ်ဆုပ်နဲ့
💧 ရေ ၁လီတာကို ၁၅မိနစ် မိနစ် ၂၀လောက်ပြုတ်ပေးပါ
ရလာတဲ့ မာလကာရွက်ပြုတ်ရည်ကို စစ်ယူအအေးခံပြီး
ဦးရေပြားကို ပွတ်လိမ်းပေးပြီး ဆံသားအရင်းမှ အဖျားအထိ အသာအယာသုတ်လိမ်းပေးပါ
💧 အဲလိုပြုလုပ်ပေးခြင်းဖြင့် ဆံပင်ရှည်မြန်စေတဲ့အပြင် ဆံပင်ကျွတ်ခြင်းကို သက်သာစေပါတယ်
😍 လှပတဲ့ဆံကေသာလေးများ ပိုင်ဆိုင်နိုင်ကြပါစေ🙏🙏🙏
03/11/2023
‼️အကောင်းဆုံး အိမ်တွင်း ကုသနည်းများ‼️
1️⃣ သံလွင်ဆီ၊အုန်းဆီစစ်စစ်ကို ဆံပင်အဖျား၊
အရင်းအနှံ့လိမ်းပြီး ဦးရေပြားကို ညင်သာစွာနှိပ်နယ်ပေးပါ
(1ပတ် 2ကြိမ် ခေါင်းမလျှော်ခင် 1ညကြိုလိမ်းပါ )
2️⃣ ရှားစောင်းလက်ပတ်အပင်မှ အတွင်းသားအနှစ်ကို
ခြစ်ယူပြီး ဦးရေပြားအနှံလိမ်းပြီး လက်ဖျားလေးဖြင့်ဆုပ်နယ်ပေးပါ
( 1ပတ်3ကြိမ် ခေါင်းမလျှော်ခင် 1နာရီအလိုတွင် လိမ်းပါ)
3️⃣ ကြက်သွန်နီကို ကြိတ်ပြီးရလာသောအရည်ကို
ဦးရေပြားပေါ်လိမ်းပြီး
15မိနစ်ကြာလျှင် ခေါင်းလျှော်ပေးပါ
4️⃣ ကြက်ဥ အနှစ်အဝါခဲကိုဖယ်၍
ကျန်သောအကားကို သံလွင်ဆီဖြင့် ခလောက်၍
ဦးရေပြားပေါ်အနှံ့လိမ်းပြီး နှိပ်နယ်ပေးပါ
(1ပတ် 1ကြိမ်)
💯ပိုက်ဆံအကုန်အကျ သက်သာပြီး
ပျက်ဆီးနေသော ဆံသားကိုအကောင်းဆုံးကုသပေးနိုင်လို့ ဒီအိမ်တွင်းနည်းလမ်းလေးတွေကို စမ်းသပ်အသုံးပြုကြည့်ပါလို့ အကြံပေးပါရစေရှင့်🧡
02/11/2023
ရေချိုးရင်း ခေါင်းလျှော်တတ်ရင် ဒီအချက်တွေ လုပ်ပေးပါ👩🏻
-ခေါင်းမလျှော်ခင် အရင်ဆုံး ခြေဖျား/ဒူး/ခါး/ပခုံး
တဆင့်ခြင်းရေလောင်းပီး အပူထုတ်သွားပေးပါ
-ဆံပင်ကို တန်းပီးရေလောင်းရင် ထွက်စရာအပူ လုံးဝမရှိတော့တဲ့အတွက်
ခန္ဓာကိုယ်အတွက်မကောင်းသလို
ဆံသားအတွက်လည်း မကောင်းပါဘူးနော်😘
ခန္ဓာကိုယ်အတွက်ဆို လေဖြတ်လေငန်းဖြစ်တတ်ပြီး
သွေတိုးရောဂါရှိသူဆို ဦးနှောက်သွေးကြော ပျက်တာတွေ
ဖစ်တတ်ပါတယ်နော်😘
ဆံပင်အတွက်ဆို ဆံပင်မသန်တာ/ဆံပင်တအားကျွတ်တာအပြင် ဆံပင်အတွက် လဲ များစွာဆိုးကျိုးတွေကို ဖြစ်စေပါတယ်နော်😘
02/11/2023
✌ ဆံပင် ဆံသားများကို မပျက်စီးစေအောင် ရှောင်ကြဥ်သင့်တဲ့အချက်များ✌
1️⃣ ခေါင်းလျှော်ရည်
သင်နဲ့မတည့်တဲ့ ခေါင်းလျှော်ရည်သုံးတာဟာ သင့်ဆံကေသာကို ထိခိုက် ပျက်စီးစေပါတယ်
သင့်ဆံကေသာနဲ့ သင့်တော်တဲ့ ခေါင်းလျှော်ရည်ကို သုံးပေးပါ။
2️⃣ ခေါင်းခဏခဏ လျှော်ခြင်း ( သို့ ) ခေါင်းမလျှော်ခြင်း
ခေါင်းကို မကြာခဏ လျှော်ပေးတာကလည်း ဆံကေသာအတွက် မကောင်းသလို
ခေါင်းကို အကြာကြီးနေမှ လျှော်ခြင်းဟာလည်း ဆံကေသာကို ထိခိုက်ပျက်စီးစေပါတယ်။
ဆံကေသာကို ၁ပတ်ကို ၂ခါ လျှော်ပေးပါ။
3️⃣ တဘက်နဲ့ ခေါင်းခြောက်အောင် သုတ်ခြင်း
တဘက်နဲ့ ဆံကေသာကို ကြမ်းကြမ်းသုတ်ပေးတာဟာ
ဆံသားထိခိုက်ပျက်စီးပီး ကျွတ်စေပါတယ် ဆံသားကို ခြောက်သွေ့စေပါတယ်
ဆံပင်ကို ညင်သာစွာ ပေါင်းပေးပါ
4️⃣ ခဏခဏ ခေါင်းဖီးခြင်း
ခေါင်းကို မကြာခဏ ဖီးပေးတာဟာ ဆံကေသာကို ထိခိုက်ပျက်စီးစေသလို ပိုမို ကျွတ်စေပါတယ်
ခေါင်းလျှော်ပီး ရေစိုနေချိန်မှာလည်း ခေါင်းမဖီးပေးပါနဲ့
လက်နဲ့ပဲ သေချာဖီးပေးပါ
5️⃣ ဆံပင်ပုံသွင်းခြင်း
ဆံပင်အခြောက်ခံလိုက်
ကောက်လိုက် ဖြောင့်လိုက် ပုံသွင်းလိုက်လုပ်နေတာဟာ
ဆံကေသာကို ထိခိုက်ပျက်စီးစေသလို ဆံဖျားနှစ်ဖွ ဖြစ်စေပါတယ်
6️⃣ ကျန်းမာရေး နဲ့ မညီညွှတ်တဲ့ အစားအစာ စားခြင်း
အစားအစာ စားသောက်တာကလည်း
ဆံကေသာကောင်းခြင်းမကောင်းခြင်းကို
သက်ရောက်စေပါတယ်
အသင့်စား အစားအစာစားသုံးခြင်းကို ရှောင်ပါ
7️⃣ ဦးထုပ်မဆောင်းခြင်း
နေရောင်ထိတဲ့ ဆံကေသာဟာ ဦးရေပြားကို ခြောက်သွေ့စေရုံသာမက အဆီပြန်ခြင်းကိုလည်း ဖြစ်စေပါတယ်
နေရောင်ထိတဲ့ ဆံသားတွေဟာ အဖျား နှစ်ခွကို ပိုမို ဖြစ်စေပါတယ်
8️⃣ ခေါင်းဘီးတွေကို သန့်ရှင်းရေးမလုပ်ခြင်း
ခေါင်းဘီးတွေကို တစ်ပတ်တစ်ကြိမ် သန့်ရှင်းပေးဖို့ မမေ့ပါနဲ့
9️⃣ ဆံပင်အဖျားတွေကို မတိခြင်း
ဆံပင်အဖျားတွေကို 2 လ တစ်ခါ သုံးလ တစ်ခါ တိပေးခြင်းဖြင့် ဆံသားနှစ်ခွ ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်
🔟 ဆံပင် ချအိပ်ခြင်း
ဆံပင် ညှိတာ ရှုပ်တာတွေ မဖြစ်ဖို့ အိပ်ခါနီးတိုင်း ဆံပင်ဖွဖွလေးစည်းပေးခြင်း၊ ကျစ်ဆံမြီး ဖွဖွလေး ကျစ်ပေးပြီး အိပ်ပေးပါ
01/11/2023
🌄 မနက်နိုးရင်လေ
အိပ်ယာပဲအရင်သိမ်းရမလား❓
အခန်းထဲပွထနေတဲ့ဆံပင်ကျွတ်တွေပဲ
အရင်သိမ်းရမလား❓
မသိတော့ဘူး😓
ခေါင်းအုံးပေါ်ကြည့်လဲဆံပင်ကျွတ်
အိပ်ယာပေါ် စောင်တွေပေါ်မှာလဲ ဆံပင်ကျွတ်
အရှည်ထားချင်စိတ်တောင်ပျောက်နေပြီမလား❓
🍀 နေ့ရက်တိုင်းမှာ
ဆံပင်ကျွတ်ရှင်းရသက်သာစေဖို့
မိုးလင်းခေါင်းဖြီးတိုင်းဆံပင်မကျွတ်စေဖို့
🌚ညမအိပ်ခင် ဆံပင်ကိုရှင်းနေအောင်အရင်ဖြီးပါ😘
ဆံသားအဖျားတွေမှာ hair coatလေးပါးပါးလိမ်းပေးပြီး
ဆံပင်ရှည်ရင် ကျစ်ဆံမြီးဖွဖွကျစ်ပြီးမှအိပ်နော်😘
...
01/11/2023
ဆံပင်ကို တင်းကြပ်စွာ စည်းနှောင်းခြင်းက
✅ ကောင်းကျိုးရှိလား❓
❌ ဆိုးကျိုးရှိလား❓
🚫 ကောင်းကျိုး လုံးဝမရှိပါဘူးနော်🚫
ဆံပင်ကို တင်းကြပ်စွာ စည်းနှောင်းခြင်းက
1️⃣ ခေါင်းကိုက်ခြင်း
2️⃣ ဦးရေပြားနာကျင်ခြင်း
3️⃣ နောက်ကျောနာကျင်ခြင်း
4️⃣ မျက်နှာအသားအရေကို ဆွဲဆန့်ထားသလို ခံစားရခြင်း
5️⃣ ဆံသားတွေ အလွယ်တကူ ပြတ်ထွက်လာခြင်းတို့
ဖြစ်တတ်တဲ့ အတွက်ကြောင့် ဆံပင်ကို တင်းကြပ်စွာ စည်းနှောင်းခြင်းကို ရှောင်ကြဥ်သင့်ပါတယ်နော်😘
01/11/2023
ခေါင်းလျှော်ရည်ထဲ ဆား ထည့်လျှော်မယ်ဆိုရင် ရရှိလာမည့် အကျိုးကျေးဇူးများ...
( ၁ ) #ဦးရေးပြားအဆီပြန်ခြင်းကိုကာကွယ်ပေးတယ်။
တနေ့လုံး အပြင်သွားရတာမျိုး လှုပ်လှုပ်ရှားရှား လုပ်ရတာမျိုးက ခေါင်းအဆီကို ပြန်စေပါတယ်။ ဒါကြောင့် ခေါင်းလျှော်ရည်ထဲ ဆားထည့် လျှော်ပေးပါက ဦးရေပြား အဆီပြန်ခြင်းကို ကာကွယ်ပေးပါတယ်။
လုံးဝအဆီ မပြန်တာမျိုးတော့ မဟုတ်ဘဲ လိုအပ်တဲ့ အဆီပမာဏာပဲ အဆီပြန်အောင် ထိန်းညှိပေးတာပါ။
အဆီပြန်တာကို ကာကွယ်ပေးတဲ့အတွက် (၂)ရက်လောက်နဲ့ အဆီပြန်တဲ့ ဦးရေပြားဟာ စေးကပ်ကပ် ဖြစ်မနေတော့ပဲ (၃)ရက်လောက်နေမှ ခေါင်းလျှော်ပေးလို့ ရသွားပါတယ်။
(၁)ပတ်လောက်နဲ့ တင် သိသာတဲ့ ရလဒ်ကို သင်မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။
( ၂ ) #ဗောက်ထခြင်းကိုကာကွယ်ပေးတယ်။
နောက်ထပ် ကောင်းကျိုးတစ်ခုက ဗောက်ထခြင်းကို ကာကွယ်ပေးပါတယ်။ တချို့မိန်းကလေးတွေဆိုရင် ခေါင်းလျှော်ရည် ဝယ်ရင်တောင် ဗောက် ပျောက်တာကို ရွေးဝယ်ကြပါတယ် ။
ဒါပေမယ့် အခုတော့ ဗောက်ထလို့ စိတ်ညစ်စရာ မလိုတော့ပါဘူး။ ပိုပြီးထိရောက်ချင်ရင် အိမ်သုံးဆားထက် ပင်လယ်ဆားကို သုံးပေးပါ။
ပင်လယ်ဆားနဲ့ ခေါင်းလျှော်ရည်ကို ရောစပ်ပြီး ဦးရေပြားကို အသာအယာ (၁၀)မိနစ်လောက် နှိပ်နယ်ပေးပါ။ သတ်မှတ်ချိန်ပြည့်မှ ခေါင်းလျှော်လိုက်ပါ၊
( ၃ ) #ဆံပင်ကျွတ်ခြင်းကိုသက်သာစေတယ်။
ခေါင်းလျှော်ရည် မကောင်းလို့ပဲဖြစ်ဖြစ်၊ ဦးရေပြား အားနည်းလို့ဖြစ်ဖြစ် ဆံပင်တွေ ကျွတ်တတ်ပါတယ်။
အဲ့လို ဆံပင် မကြာခဏကျွတ်နေရင် အပေါ်က နည်းအတိုင်း ဦးခေါင်းကို (၁၀)မိနစ်လောက် နှိပ်နယ်ပေးပြီး လျှော်ကြည့်ပါ။
အရင်လို ဆံပင်မကျွတ်တော့တာကို သတိထားမိ သွားပါလိမ့်မယ်။
တစ်ခုပြောဖို့ ကျန်သေးတာက ဆားနဲ့ ပတ်သက်ရင် ဆားက အမျိုးမျိုး ရှိပါတယ်။ ဒီတော့ ဘယ်လိုဆားမျိုးကို ဘာအတွက်သုံးလဲ … ?
စားပွဲတင်ဆား အိမ်သုံးဆားက ဆံပင်ကျွတ်ခြင်းကို အထူးသက်သာစေတယ်။
သဘာဝဆား မသန့်စင်ရသေးပဲ သဘာဝအတိုင်း ရရှိလာတဲ့ ဆားက ဦးရေပြားပြဿနာတွေကို ကာကွယ်ပေးတယ်။ ဆံပင်အတွက် လိုအပ်တဲ့ဓာတ်တွေ ဖြည့်ပေးတယ်။
ဆားခါး
ဆားခါးကတော့ စိမ်နိုင်ရင် ခန္ဓာကိုယ်အတွက်ပါ ကောင်းမွန်စေပါတယ်။ ဆားခါးက ဆံပင်အဆီပြန် တာကို သက်သာစေသလို ဆံပင်ပျော့ဆေးနဲ့ ရောစပ်သုံးရင် ဆံပင်လည်း အုံထူစေတယ်။
ခေါင်းလျှော်ပြီး မိနစ် (၂၀)လောက်နေမှ ရေနဲ့ သန့်စင်ပေးလိုက်ပါ။
ကဲ အပေါ်က ပြောခဲ့တာလေးတွေကို တကယ်လက်တွေ့စမ်းသပ်ခြင်းဖြင့် ကျန်းမာသန်စွမ်းတဲ့ ဆံပင်နဲ့ ဗောက်ပြသာနာကို ဖြေရှင်းနိုင်ပါစေနော်…
ဆားက သဘာဝဖြစ်တဲ့အတွက် ဘေးဥပါဒ်ဖြစ်မှာလည်း လုံးဝ မစိုးရိမ်ရပါဘူး။ ခေါင်းလျှော်ရည်ထဲကိုဆားစားပွဲတင်ဇွန်း(၂)ဇွန်းစာလောက် ရောထည့်ပြီး လျှော်ပေးပါနော်။
...
31/10/2023
💥ဆံပင်ကို ကျစ်ဆံမြီးကျစ်ပြီး အိပ်စက်ခြင်းရဲ့ကောင်းကျိုးတွေ💥
📍ဆံသားနဲ့ပတ်သက်လာရင် အိန္ဒိယအမျိုးသမီးတွေက လှပပြီးမဲနက်တောက်ပြောင်ရှည်လျားတဲ့ ဆံပင်ကို ပိုင်ဆိုင်ထားကြပါတယ်။
အိန္ဒိယမှာ မျိုးရိုးအစဉ်အဆက်လက်ဆင့်ကမ်းခဲ့ကြတဲ့ အလှအပလျှို့ဝှက်ချက်တွေရှိကြပါတယ်။
အဲဒီလျှို့ဝှက်ချက်တွေထဲက တစ်ခုကြောင့်ပဲ အခုလိုဆံသားမျိုးကို ပိုင်ဆိုင်နေကြရတာပါ။
အဲဒီလျှို့ဝှက်ချက်က အိပ်ရာမဝင်ခင် ညတိုင်း ကျစ်ဆံမြီးကျစ်ကြတာပါ။
ကျစ်ဆံမြီးကျစ်ပြီး အိပ်စက်တာက ဆံသားကျိုးပဲ့ပျက်စီးတာကို ကာကွယ်တာစပြီး ဆံပင်သန်စွမ်းတဲ့အထိ ကောင်းကျိုးများစွာ ပေးစွမ်းနိုင်ပါတယ်။
နောက်ထပ်ကောင်းကျိုးတွေကတော့💁♀️💁♀️
◾ဆံပင်နှခွဖြစ်တာကို ကာကွယ်ပေးတယ်◾
◾ဆံသားအစိုဓါတ်ကို ထိန်းပေးတယ်◾
◾ဆံပင်ရှုပ်နေတာကို ဖြီးရတာ လွယ်ကူစေတယ်◾
◾ဆံပင်အရှည်မြန်စေတယ်◾
◾မနက်ခင်း အချိန်ကုန်သက်သာစေတယ်◾
ရေသောက်ခြင်းက ဆံသားကို အထူးကောင်းမွန်စေတဲ့ အကြောင်းအရင်းများ😘
30/10/2023
🚩 ဆံပင်အတွက် ကြက်ဥက ဘယ်လိုအသုံးဝင်လဲ ဆိုတာသိကြမှာပါနော်....
⏹ ဆံသားခြောက်သူအတွက်ဆို ကြက်ဥအနှစ်က
ပိုကောင်းပါတယ်နော်😘
⏹ ဆံပင်အဆီပြန်တက်သူအတွက် ကြက်ဥအကာက
ပိုကောင်းပါတယ်နော်😘
ရောသုံးရင်မထိရောက်ဘူးလို့ မပြောပါဘူးနော်....😘
ကိုယ့်ဆံပင်ကိုလိုက်ပြီး သီးသန့်သုံးကြည့်ချင်သူများအတွက်
ပြောပြပေးတာပါရှင့်😘
30/10/2023
ဆံပင်အရှည်ထားသူတိုင်း သိသင့်တဲ့အချက် (6)ချက်
(1) ခေါင်းစဖီးဖီးချင်းမှာ ဘီးအစိတ်နှင့် လုံး ဝမဖီးပါနဲ့
(ခေါင်းဘီး အကျဲကိုသာသုံးပေးပါ)
(2) ခေါင်းလျှော်တဲ့အခါမှာ လည်း မလျှော်ခင် သေချာ ရှင်းပြီးမှ လျှော်ပေးပါ(အရှည်တွေကအတိုတွေထက် လျှော်ရတာ ပိုပြီး ခက်ပါတယ်)
(3) ခေါင်းလျှော်စဉ်မှာ ခေါင်းဖီး လုံးဝမသုံးပါနှင့် လက်နဲ့သာ အယား ပြေအောင်သေချာနှိပ်နယ်လျှော်ပေးပါ
(4) ခေါင်းလျှော်ပြီးရေသုတ်တဲ့အခါ ရေအခြောက်မြန်ချင်ဇောနဲ့ တဘက်နှင့်လိတ်မတင်ထားပါနဲ့ အဲ့ဒါက ဆံပင်ကို ကျိုးကြေလွယ်စေလို့ပါ
(5) ဆံပင်မခြောက်ခင် မအိပ်ပါနဲ့ (မခြောက်ခင်အိပ်စက်ခြင်းကဆံပင်နှစ်ခွအဖြစ်လွယ်စေပါတယ်)
(6) ခေါင်းမစိုမခြောက်လေးမှာ အဆီတစ်မျိုးမျိုးကို အဖျားလေးတွေမှာလိမ်းပေးခြင်းဖြင့် ဆံသားပျက်စီးခြင်းကို ကာကွယ်လို့ရပါပီ
အချက်(6)ချက်ကို လိုက်နာခြင်းဖြင့် ဆံပင်ကို ထိန်းသိမ်းနိုင်ကြပါစေရှင့်🙏
...
Click here to claim your Sponsored Listing.
Category
Website
Address
Madaya
