Skincare’s knowledge sharing by Honey

Skincare’s knowledge sharing by Honey

Share

ချစ်သောမိတ်ဆွေများအား ဖိတ်ခေါ်ပါတယ

18/02/2026

❗ဝက်ခြံကို ပိုဆိုးလာစေတဲ့ အကြောင်းအရင်းများ အဖြစ်များတာလေးတွေစုရေးပေးထားပါတယ်💞

ဝက်ခြံ (Acne) ဆိုတာ တစ်ခါဖြစ်ပြီးရင် ပျောက်သွားတာမဟုတ်ပါဘူး။ ကိုယ်မသိမသာ လုပ်မိနေတဲ့ အလေ့အထတွေကြောင့် ပိုဆိုးလာတတ်ပါတယ်။ ဒီနေ့တော့ ဝက်ခြံကို ပိုဆိုးလာစေတဲ့ တစ်ချို့ ကို သတိထားလို့ရအောင်ပြောပြပေးမယ်နော် ပေးမယ်နော် ✨ Skincare မကိုက်တာ / Ingredient မတည့်တာ ကတော့ပထမပေါ့...ကိုယ့်အသားအရေ type မသိဘဲ trend နောက်လိုက်ဝယ်ပြီး ကိုယ့် Skinနဲ့မကိုက်တာကဝက်ခြံက ပိုဆိုးသွားစေတာ
Pore ပိတ်စေနိုင်တဲ့ heavy cream တွေကလည်း တစ်ခါတစ်လေမှာဖြစ်နိုင်သေးတယ်
အရမ်းပြင်းတဲ့ active တွေကို တပြိုင်နက်တည်းသုံးတာမျိုးကလည်း ပိုဆိုးစေတယ်
👉 ဥပမာ – Retinol, AHA, BHA, Vitamin C တွေကို မညီညွတ်ဘဲ layer အများကြီးသုံးမိရင် skin barrier ပျက်ပြီး ဝက်ခြံပိုဆိုးနိုင်ပါတယ်။

ကိုယ် နဲ့ကိုက်တဲ့ Skincareရွေးချယ်ဖို့ skin Type အလိုက် Products တွေ ဖြစ်နေဖို့လိုတယ်

မျက်နှာကို မကြာခဏ ထိတာ / ညှစ်တာကလည်းသတိထားရမဲ့အချက်ပေါ့နော်လက်မသန့်ဘဲ တော်တော်လေးအဆင်မပြေတာပါ

မသန့်ရှင်းတဲ့ ပစ္စည်းတွေလို့ယူစရတဲ့Pillowcase မလဲခြင်း/Makeup brush မဆေးခြင်း/ဖုန်းကို မျက်နှာနားကပ်ကြာခြင်းကလည်း ဘက်တီးရီးယားတွေက ဝက်ခြံကို ပိုဆိုးစေနိင်တယ်။

အစားအသောက် & Lifestyleတွေဖြစ်တဲ့အဆီများ၊ ချိုများတဲ့အစားအသောက်နဲ့နို့ထွက်ပစ္စည်းအလွန်အကျွံစားတာအိပ်ရေးမလုံလောက်တာတွေလညသတိထားပေးပါ
Stress များခြင်း
👉 Stress hormone တိုးလာရင် ဆီထွက်များပြီး pore ပိတ်တတ်ပါတယ်။
Sunscreen မလိမ်းတာကလည်းမဖြစ်မနေသတိထားရမှာ
နေရောင်ထိခိုက်မှုကြောင့် inflammation ပိုဖြစ်ပြီး ဝက်ခြံအမာရွတ် ပိုနက်နိုင်ပါတယ်။

Skincareအကြောင်းအသေးစိတ်ဆွေးနွေးချင်ရင်တော့ cb မှာမေးထားပါနော်💌

Photos from Dory’s Vestment's post 05/01/2026
Photos from Skincare’s knowledge sharing by Honey's post 04/12/2025

How to do facial treatments and routine at home

01/12/2025

ဒီနေ့အတွက် မင်”ညွှန်းပေးချင်တာက
ဝက်ခြံနဲ့ အဆီဖု အဆီခဲရှိနေသူတွေအတွက်

Cell Fusion C Daily Trouble Care Foam Cleanser

ချွေးပေါက်ပိတ်တာ ၊ အဆီဖု ၊ အဆီခဲ ၊ ဆားဝက်ခြံ နဲ့ ဝက်ခြံ တို့ကို တိုက်ဖျက်ပေးတဲ့ Salicylic acid အဓိကပါဝင်ပါတယ်။ ခုလိုရာသီအဆီဖုမပျက်တဲ့ချစ်ခလေးတွေ ဒါလေး try ကြည့်ပါ

Salicylic Acid ကြောင့် အဆီဖုလေးတွေနဲ့ အဆီခဲတွေကိုပျော်ကျစေပါတယ် ဝက်ခြံတွေကိုသက်သာစေပြီး အဆီပြန်နှူန်း အဆီဖုထွက်နှူန်းကိုလျော့ကျစေပါတယ်

BHA 1.8% ပါတာမို့ မပျော့မပြင်းလေးပါ
တော်ရုံ sunscreenလောက်ပဲလူးတဲ့သူဆို
ဒီတခုထဲနဲ့တင်ပြောင်ပါတယ်

နေလောင်ဒဏ် ဖုန်မှူန့်အညစ်အကြေး အခိုးအငွေ့အမြဲထိတွေ့နေရတတ်တဲ့ Skin နဲ့ Acne prone skin တွေဆို
ဒါလေးက်ု အတော်ကြိုက်မှာပါ
တကြိမ်သစ်တကြိမ် သန့်ပြောင်သွားတာ

အသားအရည်ကို အစိုဓာတ်ပေးဖို့ Hyaluronic acid , ceramide တို့အပြင် essential oilsတချိူ့လည်း
ထည့်ထားပေးပါတယ်

Healing အတွက် mugwort/centella စတဲ့ herbတွေလည်းပါပါတယ် နီမြန်းရောင်ရမ်းတာ
အသားအရေပိုးဝင်တာသက်သာအောင်ပါ

ဒါက မျက်နှာပေါ်တင် - 30seconds‌ လောက် massage လုပ် - ရေဆေးချ ဆိုတော့ မျက်နှာသစ်တဲ့ အချိန် ခဏအတွင်း ကို effective ဖြစ်စေတာပါ

Anti-dust formula မို့ ဖုန်မှုန့်မှုန်မှုန် လေးတွေ ကအစ ချွေးပေါက်ထဲ ထိ cleansing လုပ်ပေးပါတယ်
နည်းနည်းလေးယူသစ်ရုံနဲ့ အမြှုတ်တအားထပြီး
ထိရောက်ပါတယ် တဘူးဆို (၃)လလောက်ကိုသစ်ရတာပါ

အမြှုပ်ထွက်တဲ့ foam cleanser မို့ မျက်နှာသစ်ဆေး ဆိုရင် အမြှုပ်ထွက်တာမျိုးနဲ့ သစ်ရမှ ပိုကြိုက်သူတွေ ယူကို ယူသင့်ပါတယ်

Not fungal acne safe ❌❌❌
COD ရ

29/11/2025

Skincare routine time 🤍

Skincare လုပ်ဖို့ မဖြစ်မနေလိုအပ်တဲ့အချိန်များ

1️⃣ နေပူထဲထွက်ရတဲ့အချိန်
ထီးမပါပဲ နေရောင်ထဲသွားရတဲ့အချိန်တွေမှာ SPF မသုံးရင် အသားအရည်ကို အများကြီးထိခိုက်စေပါတယ်။
ဒါကြောင့် Sunscreen သုံးဖို့ မမေ့ပါနဲ့။

2️⃣ Gym ဆော့ပြီးတဲ့အချိန်
Gym ဆော့တဲ့အချိန် ချွေးအများကြီးထွက်ပြီး ဖုန် ၊ ဘက်တီးရီးယားတွေနဲ့ ချွေးနဲ့ ရောပြီး မျက်နှာအသားအရည်ကို ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် Gym ဆော့ပြီးတာနဲ့ မျက်နှာသစ်ဖို့ မမေ့ပါနဲ့။

3️⃣ အိမ်ပြန်တဲ့အချိန်
နေ့လည်ဘက်၊ အလုပ်ပြီး အိမ်ပြန်တဲ့အချိန်တွေမှာ ညီကိုတို့ရဲ့ အသားအရည်က ချွေး ၊ ဖုန် နဲ့ အညစ်အကြေးတွေ စုနေတတ်ပါတယ်။
ဒါကြောင့် ရေချိုးပြီး ညဘက် Lotion လိမ်းပေးဖို့ လိုအပ်ပါတယ်။

4️⃣ မိုးရွာပြီးနောက် / အရမ်းပူတဲ့အချိန်
ဒီလိုအချိန်မှာ ရာသီဥတုကြောင့် အဆီပြန်ခြင်း ပိုဖြစ်လို့ Oil Control Product တွေ သုံးဖို့လိုပါတယ်။

5️⃣ ရာသီအလိုက် Skin Condition
• နွေရာသီမှာ – အသားအရည်က ရေဓာတ် ခမ်းခြောက်ပြီး ယားယံတာ ၊ ဝက်ခြံထွက်တာမျိုး ဖြစ်တတ်ပါတယ်။
• မိုးရာသီမှာ – အသားအရည်က အဆီပြန်လွယ်ပြီး အဆီဖုနဲ့ အခြား ပြဿနာတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် Skincare Routine ကို ရာသီအလိုက် ပြန်ညှိပေးဖို့ လိုအပ်တယ်။

✨ Skincare လုပ်တာဟာ မိန်းကလေးတွေအတွက်သာမက ညီကိုတို့အတွက်ပါ မဖြစ်မနေလိုအပ်တဲ့အရာ တစ်ခုပဲဖြစ်ပါတယ်။

Want your business to be the top-listed Beauty Salon in Magway?
Click here to claim your Sponsored Listing.

Website

Address


Magway