Channel by BANN

Channel by BANN

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Channel by BANN, Health/Beauty, Mandalay.

Photos from Channel by BANN's post 06/10/2024

对我来说,说没话

21/09/2024

ဘာနဲ့တူလဲဆိုတော့ မျက်ရည်တွေဟာ
မကုန်ခမ်းနိုင်သော ပင်လယ်ရေတွေလိုဘဲ
အတားဆီးမဲ့၊အထိန်းအကွပ်မရှိ ကျဆင်းနေခဲ့တယ်။
တငိုငို တရီရီနဲ့ ဘယ်လိုမှယုံမှားသံသယဖြစ်ဖွယ်မရှိတဲ့ ဘုရားစူး လူသားပါ။
မခြောက်သေးတဲ့ မျက်ရည်စတွေကို အသာယာသုတ်လို့ တိုးတိုးလေးရေရွတ်မိတယ်
"L**ဘဲ" လို့

20/09/2024

ရည်ရွက်ချက်မဲ့ မျောလွင့်နေတဲ့ တိမ်စိုင်တွေလိုမျိုး၊
အကြောင်းပြချက်ရယ်လို့ ရေရေရာရာမရှိဘဲ
ဟိုအဝေးတစ်နေရာကို ငေးကြည့်နေတတ်တာမျိုး၊
ဒီနှစ်ပိုင်းတွေထဲမှာ စိတ်ရောလူရော
အတော်ပင်ပန်းခဲ့ကြရတာဘဲ
ရှင်သန်ကျန်ရစ်နေတာက အပြစ်ဒဏ်တစ်ခုဖြစ်ပီး၊
လွတ်မြောက်သွားကြတဲ့ အခြေအနေတွေအတွက်
တအံ့တဩငေးကြည့်နေရုံမှလွဲ၍ မတတ်နိုင်ခဲ့ကြ။

19/09/2024

မတွေ့တာကြာပီမို့လို့ မီရားနယ်🥹
စိတ်အခြေအနေက လုံးဝ(လုံးဝ)မကောင်းတာမလို့ ပျောက်နေတာပါ။မနက်ဖြန်ကနေစပီး ပြန်runပေးတော့မယ်နော် 🙆‍♂️

15/08/2024

တိတ်ဆိတ်မှုတွေနဲ့ နေသားကျလာတဲ့အခါ …..

ဘဝမှာ ဖြစ်ချင်တာရယ်လို့လည်း တိတိကျကျ မသိခဲ့ဖူးဘူး။ ဖြတ်သန်းလာခဲ့ရတဲ့ ဘဝအခြေအနေကြောင့် ထင်ပါရဲ့၊ အလိုက်အထိုက် နေပါများလာတော့ အဲ့ဒီခေါက်ရိုးကျိုးနေတဲ့ ပုံစံခွက်ကြီးထဲကို ဝင်မြန်းမသိ နစ်မွန်းခဲ့ရတယ်။ တဖြည်းဖြည်းနဲ့ ပုံစံအစစ်မှန်ကို အစအနလေးတောင် ပြန်ရှာလို့ မတွေ့နိုင်အောင် အထိပါဘဲ။
အရမ်းတွေ ဘဝနာခဲ့ရလို့ ဖြစ်ချင်တာဆိုလို့ ကိုယ်ပိုင်အိမ်လေးတစ်လုံးနဲ့ အရမ်းမချမ်းသာရင်တောင် ဒီတိုင်း မပူမပင်ဘဲ နေနိုင်ရမယ်ပေါ့၊ အသေအလဲ စာတွေကြိုးစားပီး ဘဝအာမခံချက်ရှိတဲ့ သက်မွေးတက္ကသိုလ် တစ်ခု တက်နိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်အခါတွေကတော့ နှစ်ခါပြန်မရနိုင်တဲ့ uni lifeတွေပေါ့။ မနက်လင်းရင် အတန်းတက်မယ် ၊ တက္ကသိုလ် အရသာလေးကို ခံစားရင်း အေးအေးလူလူ ဖြတ်သန်းခဲ့တာပေါ့။ အပူအပင်မရှိသလောက်ဆိုတဲ့ အခြေအနေလေးဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ……..
အခြေအနေအကြောင်းကြောင်းကြောင့် ကိစ္စတွေအများကြီး ဖြစ်၊ပျက်၊ကြုံ၊တွေ့ လောကဓံရဲ့ ထိုးနှက်ချက်တွေကို ခံလိုက်ရတာ အလူးအလဲပါဘဲ။

လောဘကြီးကြီးမားမား မရှိပေမဲ့ ကျန်နေမဲ့ ဘဝအချိန်တွေကိုတော့ အကျိုးရှိရှိ ကုန်ဆုံးချင်ပါတယ်။
ဘာမှဖြစ်မလာရင်လည်း နေပါစေတော့……
အနည်းဆုံးတော့ အနည်းဆုံးတော့ …..
စိတ်ကိုဒုံးဒုံးချပီး su***de မယ်ဆိုတာလည်း အကြီမ်ကြိမ်ပါဘဲ ။ ပြန်ကြည့်ရမဲ့ မျက်နှာတွေကြောင့် လက်လျော့လိုက်ရတာလည်း အခါခါပါဘဲ။

ညတွေက်ို ရင်ဆိုင်ကျော်ဖြတ်ရင်းနဲ့ အံတုနေလျက်၊
အနည်းဆုံးတော့ ငါ မသေသေးပါလား ပေါ့ . . .

14/08/2024

မင်းတို့က မဟုတ်တော့ဘူးကွာ🥹

Photos from Channel by BANN's post 25/07/2024

I caught the night📸

15/07/2024

ဘာလုပ်ရမလဲ မသိဘူး ဖြစ်နေရင်
တစ်နေ့နည်းနည်းစီ အကုန်စမ်းလုပ်။

15/07/2024

အရာရာကို လိုက်ဖြည့်တွေးပေးနေရင်းနဲ့
ကိုယ့်ရဲ့ပုံစံအစစ်မှန်လေးတောင်
ပျောက်မှန်းမသိ ပျောက်ခဲ့ရပီးပါပီ။
နောက်နောင်များ …..
ဘာစောက်ကြောင်းနဲ့မှ ဖြည့်တွေးပေးစရာမရှိ။

ခက်ခက်ခဲခဲ ကိုယ့်ကိုကိုယ် ပြန်ရှာဖွေနေတုန်းမလို့
Brain levelမတူရင် လစ်သွားပေးပါ။ကျေးဇူး။

Photos from Channel by BANN's post 14/07/2024

မပိုင်ဆိုင်ရတဲ့ အခိုက်တန့်တွေမှာဆို အရမ်းတွေ လှ သောပါဘဲ။

23/05/2024

အနောက်အရပ်မှာ နေဝင်တယ်
နီညိုညို ပန်းချီကားတစ်ချပ်ကို ဦးတည်ရာမဲ့ ငေးမယ်
ဟိုတစ်စ ဒီတစ်စ အတွေးတွေနဲ့ မင်းကို သတ်ိရမယ်
အမှတ်တရတွေဆိုတာ အမှတ်ရနေဖို့ မဟုတ်လား

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay