Aye Thu

Aye Thu

Share

Mirror

Photos from Aye Thu's post 19/07/2025

Hello Hello....

မိုးကရွာ မီးကပုံမှန်မလာတဲ့ရပ်ကွက်ကဆို Powerbank အမြဲဆောင်ထား မမှားဘူးနော်...☺️☺️☺️

Qty မှာလည်းစိတ်သာချ စျေးနှုန်းကလည်းသက်သက်သာသာနဲ့ရမယ်👌

အာမခံ ၆လ အသစ်ပါကင်ရမယ်👌
price 68000ks
price
47000ks
Mdy ၈၄ လမ်းအနီးတစ်ဝိုက်နဲ့ အမရပူရမြို့ သတ်မှတ်ထားတဲ့နေရာဆို Deli freeနဲ့ပို့ပေးမယ်နော်😍
☎️09 754797978
09 763782670

05/07/2025

Hello Hello....

💯 Authentic သုံးချင်တဲ့ Xiaomi User တွေအတွက် 𝗫𝗶𝗮𝗼𝗺𝗶 𝗢𝗿𝗶𝗴𝗶𝗻𝗮𝗹 𝗖𝗵𝗮𝗿𝗴𝗲𝗿 - 𝗦𝗲𝘁

Xiaomi 90W GaN Charger-Set
Price - 25000ks

လက္ကားစျေးသီးသန့်ရှိပါတယ်ရှင့်

☎️09 754797978
09 763782670

Photos from Aye Thu's post 02/07/2025

Hello Hello....

ABSအသားနဲ့ပြုလုပ်ထားလို့ အကြမ်းခံမယ်😉

သယ်ရလွယ်ကူမယ့်ကြိုးလေးလည်းပါမယ်😉

Wifiနဲ့ချိတ်သုံးမယ်ဆိုလည်း တစ်ညလုံး သုံးလို့ရတယ် လက်တွေ့သုံးကြည့်ပြီးမှ ရောင်းတာပါနော်💯

စျေးလည်းချိုရမယ် ပစ္စည်းကောင်းတာလေးရှာနေတယ်ဆို YUKE ရှိပါတယ်နော်🥰🥰🥰

PD+ နဲ့ QC နှစ်ခုစလုံးရော ပါမယ်နော်

Output 4 ,Input 2 အားသွင်းမြန်စနစ်နဲ့နော်.....

စျေးလေးကလည်း အပြင်စျေးကွက်ထပ်ချိုမယ်😍😍😍

Price 68000

လက္ကားစျေးသီးသန့်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်

Mdy မြို့တွင်း အမရပူရမြို့အနီးတစ်ဝိုက် ၃ဗူးယူ deli freeပါရှင့်😍
powerbank

☎️09 754797978
09 763782670

အခုချိန်ထိ mAh များတဲ့ Power Bank တွေရွေးနေတုန်းလား ? 02/07/2025

😍

အခုချိန်ထိ mAh များတဲ့ Power Bank တွေရွေးနေတုန်းလား ? အခုချိန်ထိ mAh များတဲ့ Power Bank တွေရွေးနေတုန်းလား ? အခြားကော်ဘာတွေထည့်သွင်း ရွေးချယ်သင့်တုန်း သေချာပြောပေးထားပါတ.....

Photos from Aye Thu's post 02/07/2025

အလှအတွက်လည်း Perfect

အကြမ်းလည်းခံဖို့ Cover လှလှလေးတွေ Aye Thu ဆီမှာ လာဝယ်လို့ရပြီနော်😍😍😍

လက္ကားစျေးလေး စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်😍

27/06/2025

Hello Hello😍

မင်္ဂလာပါရှင့်🤍🤍🤍

MI 90W ကြိုး + ခေါင်း (Original)လေးတွေရပါပြီ

စျေးနှုန်းချိုချိုလေးနဲ့ရပါမယ်နော်
%အမှန်ပြပါတယ်

လက္ကားစျေးသီးသန့်ရှိပါတယ်ရှင့်


Retil price 25000ks

☎️09 754797978
☎️09 763782670

25/06/2025

10000mah နဲ့ wirelessလေးတွေလည်း အားပေးလို့ရပါပြီရှင့်

12/01/2025

လူတွေအများကြီးနဲ့ သိကျွမ်းခင်မင်နေဖို့ မလိုပါဘူး။
Social Rules တွေ ရှိနေဖို့သာ လိုပါတယ်။

"Social ကျတယ်" လို့ ခေါင်းစဉ်တပ်ထားပြီး
လူတကာနဲ့ ခင်မင်ရင်းနှီးပြနေတဲ့သူ ဖြစ်နေပေမယ့်
လူတွေနဲ့ ပေါင်းသင်းဆက်ဆံမှုတိုင်းမှာ ထားရှိရမယ့်
Social Rules တွေကို လိုက်နာနေတဲ့သူ မဟုတ်ဘူးဆိုရင်
အဲ့ဒီလူဟာ Social ကျရှုံးတဲ့သူပဲ ဖြစ်ပါတယ်။

Social Rules တွေက အများကြီးရှိပေမယ့်
အရေးအကြီးဆုံး မဖြစ်မနေ လိုက်နာသင့်တဲ့
Social Rules ၁၀ ခုကို ကျွန်တော် ဖော်ပြပေးပါမယ်။

1. တစ်စုံတစ်ဦးကို ဖုန်းခေါ်တဲ့အခါ မကိုင်မချင်း ဆက်တိုက်မခေါ်ရပါဘူး။ သေရေးရှင်ရေးမက အရေးကြီးတာမျိုး မဟုတ်ရင် ဖုန်းကို အများဆုံး ၂ ခါအထိသာ ခေါ်ပါ။ မကိုင်ရင် သူပြန်ဆက်တာကို စောင့်ပါ။ သူ့အနေနဲ့ အိပ်နေမလား၊ ဖျားနေမလား၊ အရေးကြီးတာတွေ လုပ်နေမလား ဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး။ မကိုင်မချင်း ဖုန်းခေါ်တာမျိုးဟာ ရိုင်းပါတယ်။

2. တစ်စုံတစ်ဦးဆီက ပိုက်ဆံချေးတဲ့အခါ priority ထားပြီး ပြန်ဆပ်ရပါမယ်။ အကြွေးမကျေမချင်း အကျိုးအကြောင်း အမြဲဆက်သွယ်ပါ။ ပိုက်ဆံချေးတဲ့သူက ပြန်တောင်းစရာ မလိုခင်မှာ သူ့အကြွေးကို ပြီးအောင် ဆပ်ပါ။ ချေးပြီး ပြန်ဆပ်ဖို့ လက်ခက်တာဟာ ရိုင်းပါတယ်။

3. တစ်စုံတစ်ဦးက ဖုန်းထဲက ဓာတ်ပုံတစ်ခု ပြတဲ့အခါ ဘယ်ညာ ဆွဲမကြည့်ပါနဲ့။ ပြတဲ့ဓာတ်ပုံကိုပဲကြည့်ပြီး ဖုန်းပြန်ပေးပါ။ ကျန်တာက ဘာဖြစ်နေမလဲ မသိနိုင်ပါဘူး။ သူများဖုန်းကို မဆင်မခြင်သုံးတတ်တာမျိုးဟာ ရိုင်းပါတယ်။

4. ကိုယ့်ကို ဝန်ဆောင်မှုပေးရတဲ့ စားပွဲထိုး၊ အရောင်းဝန်ထမ်း၊ ဒရိုင်ဘာ၊ သူနာပြု၊ သန့်ရှင်းရေးဝန်ထမ်း စတဲ့သူတွေကို respect ပေးပြီး ကောင်းမွန်စွာ ဆက်ဆံရပါမယ်။ Manager တွေ၊ CEO တွေကိုပဲ respect ပေးရမှာ မဟုတ်ပါဘူး။ လူတစ်ဦးကို ကိုယ့်ထက် level နိမ့်တယ်လို့ သတ်မှတ်လိုက်ပြီး respect မရှိ ကြမ်းတမ်းတာမျိုးဟာ ရိုင်းပါတယ်။

5. အမြင်တွေကို အစွန်းမရောက်ရပါဘူး။ တစ်ဖက်က 6 လို့မြင်တာကို တစ်ဖက်က 9 လို့ မြင်သလိုမျိုးပါပဲ။ လူတွေဟာ အကြိုက်တွေမတူသလို အမြင်တွေလည်း ကွဲပြားပါတယ်။ ကိုယ်မကြိုက်ဘူးဆိုတိုင်း ဝေဖန်တိုက်ခိုက်တာမျိုးဟာ ရိုင်းပါတယ်။

6. တစ်စုံတစ်ဦးကို စနောက်တဲ့အခါ သူ့ဘက်က မနှစ်သက်တဲ့ အမူအယာမျိုး၊ စိတ်ညစ်တဲ့ အမူအယာမျိုးတွေ ဖြစ်သွားခဲ့ရင် စနောက်ခြင်းကို ရပ်တန့်ရပါမယ်။ အလားတူ ထပ်လည်းမစရပါဘူး။ မကြိုက်တာကိုသိသိနဲ့ စနောက်တာမျိုးဟာ ရိုင်းပါတယ်။

7. တစ်စုံတစ်ဦးက မုန့်လိုက်ကျွေးတဲ့အခါ menu ထဲက ဈေးအကြီးဆုံး dish ကို မမှာရပါဘူး။ ပုံမှန်ဈေးထဲက ကိုယ်စားချင်တာကို ရွေးမှာပါ။ သူများက ကိုယ့်ကို တစ်ခါကျွေးတိုင်းမှာ ကိုယ်လည်း တစ်ခါပြန်ကျွေးဖို့ စီစဉ်ပါ။ သူများကျွေးတာကိုသာ အမြဲကုန်းဆင်းတာမျိုးဟာ ရိုင်းပါတယ်။

8. ကိစ္စသေးသေးမွှားမွှားလေးတွေကအစ "ကျေးဇူးတင်ပါတယ်" ပြောဖို့ မမေ့ပါနဲ့။ လောကကြီးမှာ ပိုက်ဆံရှင်းလိုက်ရုံနဲ့ မပြီးပါဘူး။ ခရီးရောက်အောင် အန္တရာယ်ကင်းကင်း လိုက်ပို့ပေးတဲ့ ကားဆရာဆိုလည်း ကျေးဇူးတင်တတ်ရပါမယ်။ လိုချင်တာဝယ်လို့ရအောင် အဆင်သင့်ရှိနေတဲ့ ဈေးသည်ကိုလည်း ကျေးဇူးတင်တတ်ရပါမယ်။ ငွေပေးပြီး ပြီးရော၊ မောက်မာတတ်တာမျိုးကတော့ ရိုင်းပါတယ်။

9. တစ်စုံတစ်ဦးက စကားပြောနေတဲ့အခါ ခွင့်မတောင်းဘဲ ဖြတ်မပြောရပါဘူး။ ပြီးအောင်စောင့်ပြီးမှ ကိုယ်ပြောချင်တာကို ပြောပြရပါမယ်။ ဆက်စပ်လို့၊ အရေးကြီးလို့ ဖြတ်ပြောမယ်ဆိုရင်လည်း request လုပ်ရပါမယ်။ စကားတွေကို ကိုယ်ပြောချင်တိုင်း ဖြတ်ပြောလိုက်တာမျိုးဟာ ရိုင်းပါတယ်။

10. တစ်စုံတစ်ဦးက ကိုယ့်ကို လျှို့ဝှက်ချက်တစ်ခုခု ပြောပြထားတဲ့အခါ အဲ့ဒီလျှို့ဝှက်ချက်ကို သေသည်အထိ သယ်သွားရပါမယ်။ တစ်ချိန်မှာ သူနဲ့ ရန်သူဖြစ်သွားခဲ့မယ်ဆိုရင်တောင် လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ လုံးဝ မလုပ်ရပါဘူး။ လျှို့ဝှက်ချက်ကို လိုရင်အသုံးချတာမျိုးဟာ လူမဆန်ပါဘူး။

ဒီ Social Rules တွေကတော့
လိုက်နာဖို့ အရေးကြီးသလောက် မေ့နေတတ်တဲ့
လိုက်နာဖို့ လွယ်ကူသလောက် သတိမမူမိတဲ့
Rules ၁၀ ခု ဖြစ်ပါတယ်။

လူတွေနဲ့အတူ နေထိုင်နေရတဲ့
လောကကြီးထဲက လူတစ်ဦးအနေနဲ့
ဒီအချက်တွေဟာ အင်မတန်မှ အရေးပါတာမို့
လိုက်နာကြစေချင်ပါတယ်။

AD

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Website

Address


Tamartan Street
Mandalay