Parfum By CJ
Parfum By CJ ရဲ့ သင်းပျံ့တဲ့
ရနံ့လေးတွေက သင့်အနားကို ရင်ခုန်စွာနဲ့ရောက်ရှိလို့လာမှာပါ
20/04/2023
နွေရဲ့ နေက အတော်ပူပြင်းလာတာမို့
အားလုံးပဲ အရင်ထက်ပို ကျန်းမာရေးကို အထူးဂရုစိုက်ကြရမှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်များဆီက အပူချိန် 1°C တက်ဖို့ ဆယ်စုနှစ် တစ်စုကြာခဲ့သတဲ့ ။
သည်နှစ်ပိုင်းမှာတော့ ကမ္ဘာကြီးပူနွေးလောင်မြိုက်လာတာက
တစ်နှစ်ကို 1°C တက်လာတဲ့အထိပါပဲ ။
အပူချိန် 1°C တက်တိုင်းမှာ လူ့သက်တမ်းက ၂ နှစ်စီ လျော့ကျသွားပါသတဲ့ ။
မြန်မာပြည်က ပျှမ်းမျှလူ့သက်တမ်းက ၅၆ - ၅၉ နှစ်ရှိတာမို့
သည့်ထက်ပိုပြီး နည်းလာရင် အတော်လေး သက်တမ်းတိုသွားပြီ။
အထူသဖြင့် အသက်ကြီးပိုင်းတွေက Heat Stroke တွေကို အထူးဂရုပြုကြပါဗျ။
✅ အပူ အအေး Difference ကွာခြားလွန်းတဲ့ Medium တွေကို ချက်ချင်း ကူးပြောင်းတာမျိူး ရှောင်ပါ။
အထူးသဖြင့် နေပူက ပြန်ပြန်ရောက်ချင်း အေးစိမ့်နေတဲ့ အဲကွန်းခန်း ၊ အရှိန်အဟုန်တိုက်နေတဲ့ ပန်ကာလေ ၊ စိမ့်နေတဲ့ ရေခဲရေ
စတာတွေကိုရှောင်ပါ။
✅ နေပူက ပြန်ပြန်ရောက်ချင်း နေရိပ်လေးမှာပဲ ခေတ္တ အပန်းဖြေ ၊ပုံမှန်လောက်ပဲ အေးတဲ့ ရေကို သောက်ပြီး ခန္ဓာကိုယ် အေးလာပြီဆိုကာမှ အနားယူပြီးမှ ရေချိူးပါနော်။
✅နေပူထဲထွက်ရင် Sun Cream ၊ နေကာ ၊ ဦးထုပ် ၊ အင်္ကျီလက်ရှည် စတာတွေ ဝတ်ဖို့လည်း သတိပြုပါ။
✅ တစ်နေ့တာ ပင်ပန်းနွမ်းလျ ညောင်းညာ ကိုက်ခဲနေရင်တော့
Parfum By CJ က Aromatherapy Balm လေးနဲ့ နှိပ်နယ်ပြီး ဖြေလျော့အနားယူ အိပ်စက်ပါခင်ဗျာ။
02/04/2023
Aromatherapy ( ရနံ့ကုထုံး )
သည်ကနေ့မှာတော့ ကုသမှူတွေထဲ Trending ဖြစ်လာတဲ့ Aromatherapy ( ရနံ့ကုထုံး ) အကြောင်းကျုဗဟုသုတအနေနဲ့ Parfum By CJ က ရှင်းပြပေးသွားချင်ပါတယ်။
🍀 What Is Aromatherapy ?
ရနံ့ကုထုံး ဆိုတာ ဘာလဲ ..
သစ်ပင်ပန်းမာန်တွေကို ပေါင်းခံပြီး ရလာတဲ့ အဆီအနှစ်တွေဖြစ်တဲ့ Essential Oils တွေ ကို အသုံးပြုပြီးတော့
Healing အနေနဲ့ အသုံးပြုတဲ့ ကုသမှုနည်းလမ်း ဖြစ်ပါတယ်။
🌸 Healing ( ဒဏ်ရာကို ကုစားခြင်း ) ဆိုတဲ့နေရာမှာ စိတ်ရော ကိုယ်ပါ ငြိမ်သက်ခြင်းဆိုတဲ့ခံစားမှုမျိုးကို ဆိုလိုတာပါ။
Relax ဖြစ်စေမယ် ။ ညောင်းညာကိုက်ခဲနေတာကို သက်သာစေမယ်။
နာကျင်ယောင်ယမ်းနေတာတွေကို လျော့ကျစေမယ်... စသဖြင့်ပေါ့။
🌿 Aromatherapy ကို ဘယ်လိုအသုံးပြုနေကြလဲ ?
တကယ်တော့ နိုင်ငံတကာမှာ Aromatherapy ခေတ်စားလာပြီဖြစ်သလို မြန်မာပြည်မှာလဲ ယခင်ကတည်းက ရှိနေပြီးသားပါ ။
သိသာထင်ရှားတဲ့ ဥပမာပေးရရင်
ခေါင်းမူး ခေါင်းကိုက် ကားမူး မူးဝေအော့အန် ဇက်ကြောတက် ခြေလက်ညောင်းညာကိုက်ခဲတဲ့အခါ
ပရုတ်ဆီလေး လူးတာ ၊ ပရုတ်အနံ့ရှူတာမျိုးဟာ Aromatherapy ပါပဲ ။
ပရုတ်ကို ညောင်းညာကိုက်ခဲတဲ့အခါ နှိပ်ဖို့ Massage အနေနဲ့သုံးတယ် ၊ ပရုတ် အနံ့ရှူရင် ခေါင်းကိုက် မူးဝေတာကို သက်သာစေတယ် ဆိုတဲ့ သဘောပေါ့။
🍁 Trending ဖြစ်လာတဲ့ Aromatherapy နည်းလမ်းက ဘာတွေရှိလဲ ။
✅ Reed Diffuser - အခန်းထဲမှာ Aromatherapy ပါတဲ့ ရနံ့ထားရှိခြင်း
✅ Spray - Sleeping Spray များတွင် ထည့်သွင်းအသုံးပြုခြင်း
✅ Massage - Aroma အဆီကို ခန္ဓာကိုယ်တွင် နှိပ်နယ်ခြင်း
✅ Baths / Skincare and Hair Product
ရေချိုးပစ္စည်း အလှကုန်သုံး ပစ္စည်းများတွင် အသုံးပြုခြင်း
Parfum By CJ မှာ မကြာခင်ရရှိနိုင်တော့မှာကတော့
✅ ရနံ့လေးမျိူးနဲ့ ထုတ်လုပ်ထားတဲ့
Aromatherapy Reed Diffuser
✅ ခေါင်းမူးခေါင်းကိုက် ညောင်းညာကိုက်ခဲနေတဲ့အခါ ရနံ့အနေနဲ့ရော Treatment အနေနဲ့ရော သုံးနိုင်မဲ့
Aroma Balm
✅ အိပ်စက်ခြင်းကို အထောက်အပံ့ပေးနိုင်တဲ့ Sleeping Spray တို့
ဖြစ်ပါတယ်။
အားလုံး ငြိမ်သက်ခြင်းဖြင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ရရှိနိုင်ပါစေ 🌼🌸🌺🌻
31/03/2023
🌸Essential Oils
သည်ကနေ့မှာတော့ Parfum By Cj ကနေ
Essential Oil နဲ့ ပတ်သက်တဲ့ ဗဟုသုတ အနည်းငယ်ကို မျှဝေမှာပါ ။
🌼 Essential Oil ဆိုတာ ဘာလဲ ??
သဘာဝရဲ့ သစ်ပင်ပန်းမန်တွေကို ပေါင်းခံသန့့်စင် ( Mechanical Pressing & Distillation /streaming ) လုပ်ထားပြီးတော့ ရရှိလာတဲ့အဆီအနှစ်ပါ ။
သူ့ကို အငွေ့ပျံလွယ်ပြီး နူးညံ့သိမ်မွေ့တဲ့ အဆီအနှစ်ဆိုပြီးလည်း တင်စားကြတယ်။
🍀 Essential Oil ကို ဘာအတွက်အသုံးပြုကြတာလဲ ??
အများအားဖြင့်တော့ ဆပ်ပြာ ၊ ရေမွှေး ၊ Air Fresher နှင့် အလှကုန်သုံးပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုကြတာပါ။
🌿 Role of Essential Oil in Aromathreapy
အခုကာလတွေမှာတော့ Essential Oil ကို
မွှေးရနံ့တစ်ခုထဲအတွက်သာမက သည်ရနံ့ကိုပဲ ကုသမှုှုအနေနဲ့ ပါ အသုံးပြုလာကြပါပြီ။
အဓိကကတော့ ( Concentration and Relaxation) အာရုံစူးစိုက် မှု ကောင်းစေပြီး ငြင်ငြင်သာသာ ဆိတ်ငြိမ်မှု ရရှိနိုင်စေတဲ့ အခြေအနေတွေ ရဖို့အတွက်အသုံးပြုလာကြတာပါ။
စိတ်ဖိစီးမှု Stress ကိုလျှော့ချပေးတယ်။
အချို့ Fungal Infection ( မှိုရောဂါ ) တွေမှာလည်း အသုံးပြုတယ်။
Help Sleep - အိပ်ပျော်ဖို့ အထောက်အကူပြုတဲ့ နေရာမှာလည်း သုံးကြပါတယ်။
🌹 Popular ဖြစ်တဲ့ Essential Oils တွေက ဘာတွေရှိလဲ ။
- Lavender
- Peppermint
- Tea Tree
- Bergamot
- Chamomile
- Jasmine
- Ylang Ylang
- Eucalyptus
စသဖြင့်ရှိပါတယ်။
🌻 ဘာကြောင့် Essential Oil အကြောင်းမိတ်ဆက်နေတာလဲ ..??
ဗဟုသုတ နည်းနည်းဖြစ်ဖြစ်ရစေဖို့အတွက်ရည်ရွယ်ပြီးတော့
မကြာခင်မှာပဲ .. Essential Oil ကို အခြေခံပြီး ရနံ့အနေနဲ့ရော ၊ Treatment အနေနဲ့ရော သုံးလို့ရမဲ့
Products တွေကို Parfum By CJ ကနေ ဆက်ပြီးတင်ဆက်သွားမဲ့ အကြောင်းလေး
သတင်းပါးချင်လို့ပါခင်ဗျာ။
🌼🌸🌺အားလုံး စိတ်၏ငြိမ်သက်ခြင်းနဲ့ ပြည့်စုံနိုင်ပါစေကြောင်း Parfum By CJ မိသားစုက ဆုတောင်းမေတ္တာပို့သအပ်ပါတယ်🌱🍀☘️🌿
28/03/2023
Customers' Feedback !
Parfum By CJ ရဲ့ Sleeping Spray ကို ဝယ်ယူအားပေးခဲ့တဲ့ Customer အချို့ကို ကားရေမွှေးလေး လက်ဆောင်ထည့်ပေးခဲ့ပါတယ်။
အချို့ကိုတော့ ထပ်မံထွက်ရှိမဲ့
Aroma Threapy Balm လေး လက်ဆောင်ထည့်ပေးထားပါတယ်။
Aroma Threapy Balm လေးက ထွက်လာဖို့ အဆင်သင့်ဖြစ်နေပါပြီ။
အားပေးကြပါဦးနော် 😍
20/03/2023
Sleeping Spray တွေက အိပ်ဖို့အတွက်
အစပျိုးပေးတာမဟုတ်ပါဘူး။
♦️အိပ်ဆေး သောက်တာကတော့ အိပ်ဖို့အတွက် အစပျိုးပေးတာဖြစ်စေနိုင်တယ်။
အိပ်နေစဥ်မှာလည်း နှစ်ခြိုက်တဲ့ Deep Sleep ရနိုင်တယ်။
လူတွေ အိပ်ဆေးသောက်ရတာ မကြိုက်တဲ့အချက်က
ဆေးသောက်ထားပြီး နောက်နေ့မှာ မလန်းဆန်းတာ ၊ ဇက်ကြောတွေတက်တတ်တာ ၊ အလုပ်ခွင်မှာ အိပ်ငိုက်နေတာ တွေ ဖြစ်တတ်လို့ပါ။
နောက်ပြီး ဆေးကို Depend ( မှီခိုတာ ၊ စွဲသွားတာမျိုး ) ဖြစ်မှာကိုလည်း စိုးရိမ်ကြတယ်လေ။
❣️သည်အချက်တွေကို တစ်ချက်ချင်း Cancel လုပ်ပေးနိုင်တဲ့အချက်တွေက
Sleeping Spray တွေမှာ ရှိပါတယ်။
လာဗင်ဒါကို Base လုပ်ထားရတဲ့သဘောက လာဗင်ဒါအနံ့က အိပ်ပျော်စေဖို့ Stimulate လှုံ့ဆော်နိုင်တဲ့ အာနိသင်ရှိလို့ပါ။
ဒါထက်ပိုပြီး အာနိသင်ရှိတာကတော့ အိပ်စက်နေချိန်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာပါပဲ ။ အိပ်ရေးဝသွားတယ်ဆိုတဲ့ ခံစားချက်ပေါ့ ။
ဆေးသောက်တာမဟုတ်လို့
Blood Stream သွေးကြောထဲလည်းမရောက်ဘူး ၊ ဆေးရဲ့ Side Effect ဘေးထွက်ဆိုးကျိုးတွေကိုလည်း ခံစရာမလိုဘူး။ Depend ဖြစ်သွားတာမျိုးလည်းမရှိဘူး။
🧡Sleeping Spray မသုံးခင်မှာ
အိပ်ခန်းသန့်ရှင်းအောင် အိပ်ရာဖုန်မတင်အောင် သပ်ရပ်အောင်ထားဖို့တော့လိုပါတယ် ။
ခြင်မကိုက်အောင် ခြင်လုံအောင်ထားဖို့လည်းလိုပါတယ်။
မီးမှိတ်ထားဖို့ ၊ သို့မဟုတ် မီးမှိန်မှိန်လေးထွန်းထားဖို့လည်းလိုပါတယ်။
အသံတိုးတိုးနဲ့ပြောတတ် လုပ်တတ်တဲ့ ပတ်ဝန်းကျင်ရှိရင်တော့ အကောင်းဆုံးပေါ့နော်။
ကျနော်ကတော့ အိပ်ခါနီးမှာ ခြေလက်သန့်စင်ပြီးမှ အိပ်လေ့ရှိတာမို့ ဒါကလည်းအိပ်ပျော်ဖို့ အထောက်အကူပေးတယ်လို့တွေးထားပါတယ်။
လူလတ်ပိုင်းအရွယ်ကနေ
လူကြီးပိုင်းတွေဖြစ်လာရင် အိပ်ဖို့ခက်ခဲတတ်ကြသူချည်းပါပဲ ။
Stress ပေါင်းများစွာနဲ့ပေါ့ ။
🖤" တစ်ရက်လောက်လေး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပစ်လိုက်ချင်တာ " ဆိုပြီး ငြီးငြူဖူးပဲ မဟုတ်လား။
ဒါဆို.......
Parfum By CJ ရဲ့
Sleeping Spray က မိတ်ဆွေတို့ရဲ့ အိပ်စက်ခြင်းတွေကို ပံ့ပိုးကူညီပါရစေ ။
🧡
Have A Good Night !
Have A Sound Sleep!
19/03/2023
Sleeping spray By CJ
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့အတွက်
(၁) ညပိုင်း ရေအလွန်သောက်တာ ၊ ကော်ဖီသောက်တာတွေ ရှောင်ပါ ။
( ၂ ) အခန်းကို ဖုန်မှုန့် ၊ ဖုန်နံ့ကင်းအောင် ထားပြီး ခြင်မဝင်အောင် ဂရုစိုက်ပါ ။
(၃ ) အိပ်ရာခင်းမှာ သဲတရှပ်ရှပ်ဖြစ်နေတာမျိုး မဖြစ်စေဘဲ ပြန့်ပြူးနေအောင်ခင်းပြီးထားပါ ။
( ၄ ) မအိပ်ခင် ခန္ဓာကိုယ် အောက်ပိုင်းကို ရေနွေးနွေးလေးနဲ့ ဆေးပြီး သန့်ရှင်းရေးလုပ်ပါ။
( ၅ ) ဖြစ်နိုင်ရင် သက်ဆိုင်ရာ ဘာသာတရားရဲ့ အဆုံးအမကို ခဏတဖြုတ်ဖြစ်စေ အသံဖွင့်ထားရုံလေး နာယူပေးပါ။
( ၆ ) သည်နေ့တစ်နေ့တာ လှုပ်ရှားရုန်းကန်ခဲ့ရတာ ပင်ပန်းခဲ့ပြီ ။ အိပ်စက်နေချိန်မှာ ဘာအတွေးမှ မတွေးဘဲ စိတ်လက်ရှင်းရှင်းထားပြီး အိပ်စက်မယ်။
ကိုယ့်ကိုယ်ကိုယ်ချစ်နည်းမှန်ကန်စွာနဲ့ ချစ်မယ်။ " ငါ့ရဲ့စိတ်နဲ့ခန္ဓာဟာ ပင်ပန်းနေပြီ ၊ ခဏအနားယူမယ် ၊ ငါ့ရဲ့ စိတ်ခန္ဓာကိုယ်လေး ကျန်းမာငြိမ်းချမ်းပါစေ ၊ ငါ့လိုပဲ သတ္တဝါတွေအားလုံးလည်း ငြိမ်းချမ်းစွာ အိပ်စက်ခွင့်ရကြပါစေ" ဆိုပြီး မုဒိတာ ဘာဝနာကို ပွားပါ ။
( ၆ ) မီးကို မှိတ်ပြီး ( သို့မဟုတ် ) Dim Light ထွန်းပြီး အိပ်ပါ။
ဒါဆိုရင် Deep Sleep ကို ရစေနိုင်မှာဖြစ်ပါတယ်။
သြော် မေ့တော့မလို့ဗျာ ။
( ၇ ) အိပ်ခါနီး ကိုယ့်ရဲ့ အိပ်စက်မဲ့ ခေါင်းအုံး ၊ ခြုံစောင် ၊ ညအိပ်ဝတ်စုံလေးတွေမှာ Parfum By CJ ရဲ့ Sleeping Spray လေး ဖြန်းပြီး နှစ်ခြိုက်စွာအိပ်မောကျခြင်းကို ရယူလိုက်ပါနော် 😍
Parfum By CJ
❣️
18/03/2023
သီချင်းတစ်ပုဒ်နားထောင်လိုက်မိတာနဲ့ တစ်ယောက်ယောက်ကို လွမ်းမိတာမျိုးဖြစ်ဖူးလား ။
ဘယ်တော့မှ မဖြစ်နိုင်တော့တဲ့ ၊
နောက်တစ်ခေါက် မချစ်နိုင်တော့တဲ့ တစ်ယောက်ယောက်ပေါ့ ။
သည်လိုပဲ
အနံ့တွေမှာလည်း အလွမ်းဓာတ်ခံရှိတယ်ဆိုရင်ရော ယုံမလား....။
🌿 ကျနော်တို့ ဆယ်တန်းနှစ်က ဘော်ဒါဆောင်မှာ သူငယ်ချင်းတစ်အုပ်ကြီးနဲ့ အတူနေကြတယ်။
မနက်စောစော အိပ်ရာနိုးပြီဆိုတာနဲ့
သွားတိုက် မျက်နှာသစ် လုပ်ကြတယ်။
အဲ့အချိန်ကာလ ၂၀၀၆ / ၂၀၀၇ ဝန်းကျင်တုန်းကဆိုတော့ မျက်နှာသစ်ဆေးရယ်လို့ ထွေထွေထူးထူးတွေ မရှိသေးဘူး။
သုံးလည်း မသုံးကြဘူး ၊ သုံးရကောင်းမှန်းလည်း မသိကြဘူး။
သည်တော့ မျက်နှာသစ်ရင် အမြဲသုံးတာ Family Care ဆပ်ပြာပေါ့။ သူ့အနံ့ သင်းသင်းအီအီလေးကို မိုးလင်းတာနဲ့ ရခဲ့တာဆိုတော့ ... Family Care အနံ့ဟာ ကျနော့်ခေါင်းထဲမှာ ဆယ်တန်းဆိုတဲ့ ကာလနဲ့ အမြဲ ယှဉ်တွဲပြီးကျန်ခဲ့တယ်။
သူ့အနံ့ ရလိုက်တာနဲ့
လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်က ဆယ်တန်းကျောင်းသားဘဝကို ပြန်ပြီး ရောက်သွားတာမျိုးပေါ့ ။
🌱 ကျနော် ခုနှစ်တန်းနှစ်မှာ မေမေနဲ့ ဘယ်နှကြိမ်မြောက်မှန်းမသိ ခွဲရတယ်။
ဘယ်နှကြိမ်မြောက်မှန်းမသိဆိုတာက ငယ်တုန်းကတည်းက မကြာခဏ ခွဲခွာရပေမဲ့ သေချာမမှတ်မိတော့
ခုနှစ်တန်းမှာ မေမေနဲ့ ခွဲခွာရတာကိုပဲ ... စိတ်ထဲရေးရေးထင်ထင်ကျန်နေခဲ့လို့ပါ။
ခြောက်လပြည့်လုလုမှာတော့ ... မေမေက အရုပ်လေးတစ်ရုပ် လက်ဆောင်ဝယ်လာပြီး အိမ်ကို ခဏပြန်လာခဲ့တယ်။
အရုပ်လေးက မကြီးပါဘူး။
လက်တစ်ဆုပ်စာ အမွှေးပွတဲ့ ခွေးရုပ်ကလေးပါပဲ ။
မေမေ ခရီးပြန်ထွက်သွားတော့ ကျနော်ညအိပ်တိုင်း အဲ့သည်အမွှေးပွခွေးရုပ်လေးကို အနားထားအိပ်တယ်။
ခွေးရုပ်လေးမှာ ချည်ထည်နံ့လိုလို ၊ သိုးမွှေးနံ့လိုလို အနံ့တစ်ခုတော့ရှိတယ်။
ညတိုင်း ရင်ခွင်ထဲဖြစ်စေ ၊ ခေါင်းရင်းနားဖြစ်စေ အနားထားအိပ်တော့ သူ့ရဲ့ အနံ့ဟာ ကျနော့်နှာခေါင်းထဲ စွဲကျန်နေရစ်ခဲ့တယ်။
သည်အနံ့လေးရတိုင်း မေမေနဲ့ဝေးကွာရခြင်းကို သတိရစေတယ်။
ဘယ်လောက်ထိလဲ သိလား။
ကျနော့် အနားကို မေမေ ပြန်ရောက်လာတဲ့အချိန်မှာတောင် ခွေးမွှေးပွရုပ်အနံ့လေးရရင် အမေ့ကို လွမ်းလို့မဆုံးသည်အထိပေါ့။
🌸 ကျနော် နဲ့ အချစ်ဉီးဟာ ၂၀၁၁ ခုနှစ်ရဲ့ နွေဉီးမှာ ဆုံခဲ့ကြတာ လို့ မှတ်မှတ်ရရ ကျနော်အတွေးထဲမှာ သိမ်းထားမိတယ်။
စတွေ့တုန်းက အင်္ကျီအဝါရောင် လွင်လွင်လေးကို သူ ဝတ်ထားခဲ့တာ ။
သူ့ထက် ပိုပြီး ကျနော်က ရှက်ကိုးရှက်ကန်းဖြစ်နေခဲ့တယ်လို့ ထင်တယ်။
ဒါ့ထက်ပိုပြီး အမှတ်ရနေခဲ့ရတာက
အနားကို ဖြတ်ခနဲရောက်လာချိန်မှာ သူ့ဆီကနေ ပထမဆုံး ရတဲ့ အနံ့လေး ။
သိပ်ကို ကြည်ကြည်နူးနူးနဲ့ လတ်ဆတ်နေတဲ့ပန်းသီး အနံ့လေး .. ။
ရယ်ရယ်မောမော နဲ့ ပထမဆုံး ကျနော်မေးမိတဲ့ မေးခွန်းက
" ပန်းသီးစားလာတာလား " လို့ ။
သူ ဟက်ဟက်ပက်ပက်ရယ်ပါတယ်။
"မဟုတ်ပါဘူး ...အနံ့လေးကို ကျနော် သဘောကျလို့ပြောတာပါ" ဆိုကာမှ ....
ရေမွှေးတံဆိပ်နာမည်တစ်ခုကို သူရွတ်ပြတယ်။
အချိန်ကြာသွားလို့ ကျနော်တို့ တစ်လမ်းစီသာ ခွဲသွားခဲ့ကြပေမဲ့ လတ်လတ်ဆတ်ဆတ် ခွဲထားတဲ့ ပန်းသီးက ရနံ့လေးတွေ ရလာတိုင်းမှာ
ပထမဆုံး ပြေးမြင်မိတာ ကျတော့်ရဲ့ တစ်ချိန်က အချစ်ဉီးကို ပါပဲ ။
ခုရော ပန်းသီးအနံ့ရေမွှေးကို သူသုံးနေတုန်းပဲလား ။
အနံ့မှာ အလွမ်းဓာတ်ခံရှိပါတယ်။
သိမ်မွေ့ခြင်း ၊ ကြည်နူးခြင်း ၊ ထိခိုက်နာကျင်စေမှု မရှိခြင်း အပြည့်နဲ့ တစ်စုံတစ်ရာပေါ့။
🍀☘️🌿
တစုံတစ်ယောက်အတွက်
တစ်သက်တာအမှတ်တရဖြစ်စေမဲ့ ရနံ့လေးတွေကိုတော့
Parfum By CJ က သင့်အတွက် ဆောင်ယူလာပေးပါရစေ 🧡
14/03/2023
My Friend :
Me:
ဟုတ်..... အဲ့ဒါဆို Parfum By CJ ရဲ့ Sleeping Spray လေး ဝယ်သုံးကြည့်ပါလားအစ်ကိုရေး 🤭
တစ်ဘူးမှ ၉၀၀၀ ထဲ ။
100 ml တောင်ပါတာမို့ အကြာကြီးအသုံးခံပြီး
အနံ့လေးကလည်း သင်းနေတာ။
အိပ်တဲ့အခါ အိပ်မက်လှလှလေးမက်ဖို့ ... သုံးကြည့်လိုက်ပါနော် 🤩
12/03/2023
Sleeping Spray ဦးဆုံး အားပေးကြတဲ့ ချစ်သော တို့ကို ... Parfum By CJ က မေတ္တာလက်ဆောင်အနေနဲ့
ကားရေမွှေး တစ်ခုစီ ထည့်ပေးလိုက်ပါတယ် ခင်ဗျား 🖤
အသုံးပြုနည်းလေးကတော့
( ၁ ) အပေါ်က အဖုံးလေးကို လှည့်ဖွင့်ပါ ။
(၂) အထဲက ပုလင်းအဝမှာ Seal အနေနဲ့ ဆို့ထားတဲ့ အဖုံးလေးကို ထပ်ဖွင့်ပေးပါ ။
(၃) အဆို့ကို ဖယ်လိုက်ပြီးရင်တော့ အပေါ်ကအဖုံးကို ပြန်ဖုံးပြီး
ပုလင်းဖုံးမှာအစိုဓာတ် နှင့် အမွှေးနံ့ ရစေဖို့
ပုလင်းကို ခေတ္တ မှောက်လိုက်ပါ ။
( ၄) အဖုံးမှာ အစိုဓာတ်နဲ့ အမွှေးနံ့ထွက်လာပြီဆိုရင်တော့ .. သုံးဖို့ အဆင်သင့်ဖြစ်ပါပြီ။
ကားထဲ ၊ အိပ်ခန်းအဝင်ဝ စသဖြင့် ချိတ်ပေးထားလို့ရပါတယ်။
အိပ်ခန်းထဲချိတ်မယ်ဆိုရင်တော့
အစိုဓာတ်ပြန်ရဖို့ တစ်ရက်တစ်ကြိမ်လောက် ပုလင်းကို ပြန်ပြီးမှောက်ပေးဖို့ လိုအပ်ပါလိမ့်မယ်။
❣️
11/03/2023
သူ ပျော်နေပြီ...
မင်းမဟုတ်တဲ့ အခြားတစ်ယောက်နဲ့ ပေါ့~~~~💔
အသည်းကွဲနေမဲ့ အစား
အိပ်ရေးဝအောင် အိပ်လိုက်ပါလား.
နော်... ညီ....။
-Spray
❣️
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
05031
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |
