Babahaha
Authentic Skincare& Cosmetics Wholesales and Retail
28/06/2025
❤️မမတို့ရေ Uniqlo ရဲ့ အသစ်အသစ်တွေတင်ပြီနော် ဒီမှာကနွေရောက်ပြီဆိုတော့ UV Coat လေးတွေလည်း ဒီဇိုငါးသစ်တွေ အရောင်သစ်တွေရပါပြီရှင့်
❗️ပုံမှန်Pageလေးမှာ အများကြီးမတင်ဖြစ်ပေမဲ့ Customer Orderတွေတော့နေ့တိုင်းကောက်ပေးပါတယ်ရှင့်❗️
❤️Weekdays တွေမှာ မင်က ကျောင်းတစ်ဖက်နဲ့ဆိုတော့ အမြဲတမ်း Weekends မှာဆိုင်သွားပြီး ဝယ်ပေးပါတယ်ရှင့်
❤️Cargo ကမြန်အောင် Flight နဲ့ပို့ပေးပါတယ်၊ ပို့ခက 1Kg- 1500¥ (50,000ကျပ် ဝန်းကျင်ပါ)၊ တစ်လကို Flight (၃)ခေါက်ရှိပါမယ်ရှင့်၊ လေယာဉ်ထွက်တဲ့ ဒုတိယရက်ကို ရန်ကုန်ရောက်ပြီး မြန်မာနိုင်ငံအခြားမြို့ကို Royal Express နဲ့အပ်ပေးပါတယ်ရှင့် မမတို့
❤️ပစ္စည်းတန်ဖိုးတွေအားလုံးကို နေ့တိုင်းငွေစျေးနဲ့တွက်ပေးပြီး Order တင်ပြီဆိုတာနဲ့ တော့ ပစ္စည်းတန်ဖိုးငွေချေပါတယ်ရှင့်မမတို့ရေ❤️
❤️မင်ဆီ ဘယ်လိုစျေးကောက်လဲ ဘယ်လိုဝယ်ပေးလဲဆိုတာ အမေးများလို့ ဖြေပြီးတင်ခွင့်ပြုပါနော် ချစ်သူတို့ရေ
❤️ကဲ ဒီဇိုင်းအသစ်ကို ဂျပန်တိုက်ရိုက်လိုချင်တယ်ဆိုရင် မင်ကိုအမှတ်ရပေးကြပါဦးနော်၊ ဂျပန်ပစ္စည်းအားလုံးဝယ်ပေးပါတယ်ရှင့်
08/06/2025
❤️ဒီနေ့အချောလေးCustomer ညီမလေးအတွက်ဝယ်ပေးတဲ့ GU လေးပါရှင့်။ အခုက အချို့ဒီဇိုင်းလေးတွေ လျှော့စျေးရှိပါတယ်ရှင့်
❤️GU က Uniqloနဲ့ ကုမ္ပဏီအတူတူပါပဲရှင့်၊ Uniqlo ထက်ဒီဇိုင်းဆန်းတယ်၊ ပိုလှတယ်၊ စျေးပိုတန်တယ် လူငယ်ရော Office Ware တွေရောပိိုဆန်းပိုလှပါတယ်ရှင့်
❤️ကြိုက်တာလေးတွေရှိရင် မင်ဆီလာခဲ့နော်၊ ပစ္စည်းပို့ရင်လည်း Cargo နဲ့ပေါင်းပို့တာမို့ မြန်လည်းမြန် တန်လည်းတန်စေရပါမယ်ရှင့်❤️
07/06/2025
🖤မျက်တောင်လေးတွေ တစ်ပင်ချင်းဆီကော့ညွတ်ပြီးရှည်လျားနေစေဖို့ အကောင်းဆုံး Quality Products Japan Brandedလေး
Kiss Me Heroine Make Long& Curl Mascara
♥️01- Black; 02- Brown♥️
♥️Price- 52,000MMK♥️
❗️Instock at Mandalay, Cash on Delivery❗️
❗️💯Authentic Japan Direct Import Products❗️
🖤မျက်တောင်မွေးလေးတွေ ပုံမှန်ထက် 5mmထိတောင်ရှည်လျားလာစေတဲ့ Updated New Formula လေးနဲ့ပါရှင့်၊ အခုဆို 3rd Generation လေးထိတောင်ရောက်လာပြီနော်
🖤တစ်ချက်ဆွဲလိုက်တာနဲ့ သိသိသာသာကော့ညွတ်လာနိုင်စေပြီးတော့ ထူလပိန်းကြီးလည်းဖြစ်မသွားဘူး၊ ကပ်ပြီး မျက်တောင်မွေးလေးတွေအပြုံလိုက်လည်းမဖြစ်စေပါဘူးရှင့်
🖤မျက်တောင်မွေးလေးတွေ တစ်ပင်ချင်းစီကိုပဲ ပူးကပ်မှုမရှိဘဲနဲ့ ရှည်လျားကော့ညွှတ်နေစေပြီးတော့ မူလမျက်တောင်မွေးလေးတွေကိုပါ သန်မာရှည်လာစေတဲ့ Essence လေးလည်းပါတယ်နော်
🖤Waterproof Formula ဖြစ်လို့ရေစို ချွေးစိုခံပါတယ်၊ မျက်ရည်ကျရင်တောင် မပျက်စေဘူးနော်၊ မိတ်ကပ်ဖျက်မယ်ဆိုရင်တော့ Cleansing Waterသုံးပြီးတော့ဖျက်ပေးရပါမယ်ရှင့်
🖤တကယ်သုံးလို့ကောင်းပြီးတော့ မပျံ့ဘူး၊ မပျက်ဘူး၊ မမည်းဘူးမလို့ မျက်တောင်လေးတွေကော့တိုင်းစိတ်ချမ်းသာမှုအပြည့်အဝ ရရှိစေမှာ အမှန်ပါပဲရှင့်
🔺ပစ္စည်းအစစ်အမှန်ကိုသာရောင်းချသည်🔺
07/06/2025
🖤ရေစိုချွေးစိုလေးလည်းခံတယ်၊ တစ်နေ့တာလုံးလည်းမပျက်တဲ့ Eyelinerလေး ရှာပေးပါဆိုရင် ဂျပန်ပစ္စည်းကောင်းလေး
Kiss Me Smooth Liquid Eyeliner
♥️01- Black; 02- Vita Brown; 03- Dark Brown♥️
♥️Price- 38,000MMK♥️
❗️Instock at Mandalay, Cash on Delivery❗️
❗️💯Authentic Japan Direct Import Products❗️
🖤အလှပြင်တဲ့Stepလေးထဲမှာ ကျော်လိုက်ရင်မပြည့်စုံတာလေးက Eyeliner Stepလေးပါရှင့်၊ ကိုယ့်မျက်ဝန်းလေးတစ်စုံလေး ဆွဲဆောင်မှုအပြည့်နဲ့ လှနေစေဖို့က Kiss Me လေးထဲကရှိတယ်နော်
🖤ရေစိုချွေးစိုခံပြီး Super Waterproof ဖြစ်လို့ မပျက်လွယ်ဘူးနော်၊ ငိုရင်တောင်အလှမပျက်ဘဲရှိနေစေတယ်တဲ့နော်။ တစ်နေ့တာလုံးလည်းမပြန့်လို့ Panda Eyeအစုံဖြစ်မှာစိတ်ပူစရာလည်းမလိုတော့ပါဘူးရှင့်
🖤ဆွဲရတာလည်းအင်မတန်လွယ်ကူသောလေး Brushလေးကလည်း ထိပ်ဖျားချွန်ချွန် Sharp ဖြစ်နေတာလေးမို့ တစ်ချက်ဆွဲတာနဲ့ ပြီးပြည့်စုံတဲ့ အလှလေးပိုင်ဆိုင်စေရမှာပါရှင့်
🖤အရောင်လေးကလည်း အသစ်လေးထွက်ထားတယ်နော်၊ အမည်းလေးရယ်၊ အညိုဖျော့လေးရယ်၊ အညိုရင့်နက်လေးရယ် (၃)ရောင်ရွေးလို့ရပါတယ်ရှင့်
🔺ပစ္စည်းအစစ်အမှန်ကိုသာရောင်းချသည်🔺
03/06/2025
❤️2003 Croissant Cloth Handbag လေး❤️
❤️သူကမှတကယ် Never Full လို့ခေါ်လို့ရတယ်၊ တော်တော်ဆံ့တဲ့ အိတ်ကလေးပါ။
❤️အရမ်းပေါ့တယ်၊ ကြိုးညှိလို့ရတယ်၊ အခုအသစ် Loop လေးတွေရဲ့ Original Version လေးပါရှင့်
❤️Fashion ဆိုတာတကျော့ပြန်ဆိုတာတကယ်မှန်တယ်နော်၊ ထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံက အဝယ်များလို့ တစ်လကို တစ်လုံးပဲရောင်းပေးတဲ့ Limited လေးပါရှင့်
❤️သူကတော့ စျေးတွက်လိုက်ရင် (၈၅)သိန်းစွန်းစွန်းပါရှင့်
ဒီနှစ်ထဲရောင်းအားအကောင်းဆုံးဒီဇိုင်းလေးတဲ့၊ တစ်လကို တစ်လုံးပဲရောင်းပေးတဲ့ Limited လေး❤️
2018နောက်ပိုင်း မထုတ်တော့တဲ့ ဒီဇိုင်းဟောင်းလေးပါ၊ Old Nano Noeလေး၊ အဟောင်းလေးက အသစ်ဒီဇိုင်းထက်ပိုပေါ့တယ်၊ 13*16 Sizeမလို့ ပစ္စည်းပိုဆံ့ပါတယ်။ တစ်ခုပဲ အဟောင်းလေးက Chain ကြိုးအတိုအရှည် adjustment မရတာပါပဲ၊ Modified လုပ်ပြီးရင်တော့ ကြိုးညှိလို့ရပါပြီ။ စျေးလေးက သိန်း(၈၀) ကျပ်ဝန်းကျင်ပါရှင့်❤️ အဟောင်းလေးက ထပ်မထုတ်တော့လို့ Collection သဘောမျိုးဖြစ်သွားတော့ စျေးမြောက်သွားတာပါရှင့်
Speedy 25 Inches လေးရဲ့ Conditions လေးပါ။ ကြည့်ရအောင်လို့မျှဝေချင်ပါတယ်ရှင့် မမတို့🤎အနာဆာကင်းတယ်၊ အရောင်လှတယ်၊ Chain အတိုအရှည်ပါပါတယ်၊ Dust Proof Bag ပါမယ်၊ Label Tag with Invoice ပါပါတယ်၊ အခွန်ဖယ်ပြီး စျေးလေးက (၈၄) သိန်းကျပ် ဝန်းကျင်လေးပါရှင့်
02/06/2025
🤎渋谷 Shibuya Tokyo က Vintage ဆိုင်လေး (၂၀၀၀)ခုနှစ်ဝန်းကျင်က Collections တွေအစုံဆုံးဆိုင်လေးပါရှင့်
🤎ညီမတို့ Customerလေးက LV လေးထဲက တတ်နိုင်တာလေးကြည့်ပြီး ရွေးဝယ်ပေးပါဆိုလို့ သွားကြည့်ခဲ့ရတာလေးပါရှင့်
🤎ဒီနှစ်လေးတွေအတွင်းမှာ Second Hand Vintage လေးတွေ အရမ်းခေတ်စားလာကြပါတယ်၊ Social Media တွေပွင့်လင်းမှုအားကောင်းလာတာနဲ့အမျှ ကြော်ငြာသူတွေလည်းများပြီးသိတဲ့သူတွေလည်းများလာပါတယ်
🤎Japan မှာ Branded Vintage ဆိုင်တွေရှာရင်ရှာသလောက်များပါတယ်၊ ❗️❗️ဒီမှာက အတုလုံးဝရောင်းလို့မရပါဘူး၊ အတုရောင်းတယ်လို့နာမည်ထွက်ရင် ရဲတွေစစ်ဆေးပြီးဆိုင်ပိတ် ပိုင်ရှင်ပါ ဖမ်းခံရပါတယ်❗️❗️
🤎ဒီတော့ ကမ္ဘာတစ်ဝှမ်း အထူးသဖြင့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကနေဒါ၊ အမေရိကန်ကပါ အများအပြားလာပြီးရွေးဝယ်ကြတာကိုတွေ့ရပါတယ်ရှင့်
🤎(၂၀၀၀)နှစ်နောက်ပိုင်းအသစ်တွေတော့ အရမ်းရှားပါတယ်၊ အဟောင်းတွေပဲရောင်းတာများပါတယ်၊ အနာဆာကင်းတယ်၊ အရောင်လွင့်တာတွေမရှိဘူး၊ 90-95% အသစ်လုံးတွေချည်းပဲနော်
🤎Original Tag, Packaging Box, Serial Number, ကြိုးအတိုအရှည် အားလုံးအစုံရှိရင်ရှိသလောက်စျေးကွာပါတယ်၊ ရိုရိုသေသေနဲ့ကိုင်တဲ့သူများလို့ သိပ်စိစစ်စရာတောင်မလိုအောင် သစ်တာပါ
🤎စျေးကတော့ အသစ်လုံးနဲ့ ထက်ဝက်နီးပါးကွာပါတယ်၊ အချို့အလုံးတွေလည်း 30% လောက်ကွာတာပဲတွေ့ရပါတယ်၊ ဆိုတော့ စျေးလည်းအများကြီးမသုံးချင်ဘူး Authentic စစ်စစ်ကိုပဲ စျေးတန်တာလေး မထိခိုက်ထားတာလေးပဲဆိုရင်တော့ တကယ် Second Shop လေးက Recommend အပြည့်ပေးပါတယ်ရှင့်
🤎တကယ့်Branded မှာ Container ကျတာတွေဘာတွေတော့လုံးဝမရှိဘူးနော်၊ ဒီလို Invoice အပြည့်အစုံနဲ့ ရောင်းပေးတဲ့ 中古店ပဲရှိပါတယ်ရှင့်
🤎ဆိုင်တွေလည်းများလို့ စျေးတော့ယှဉ်ပြီးကြည့်ရပါတယ်၊ တစ်ဆိုင်မှာဆို Speedy 25 Inches လေးကို မြန်မာငွေကျပ် (၈၀) သိန်းပတ်ချာလည်ပဲကိုမှ နောက်တစ်ဆိုင်ကတော့ အသစ်စျေးနီးပါး (၉၆)သိန်းကျော်ဖြစ်နေတယ်။ conditions ချင်းအားလုံးအတူတူပါပဲ စျေးကတော့ ကွာပါတယ်
🤎🤎အကျဉ်းချုပ်လေးပဲဆိုရင်တော့ ဂျပန်က 中古店 ဆိုတာ အစစ်တွေပဲရောင်းတဲ့နေရာတွေပါ။ အတုရောင်းရင်ဖမ်းခံရလို့ပါ။ စနစ်တကျ သပ်သပ်ရပ်ရပ်သုံးပြီးသားလေးတွေ ပြန်ရောင်းတဲ့နေရာပါ၊မိန်းကလေးဆိုတာ အနည်းနဲ့အများတော့ Brandလေးတွေ ကြိုက်တာသဘာဝပါပဲရှင့်။
🤎🤎တကယ်လို့ငွေကိုချွေတာချင်လို့ပဲဖြစ်ဖြစ် အသစ်ဝယ်ပြီးနောက်အသစ်ထွက်လာလို့ ဝယ်တာစောသွားတယ်ဆိုပြီးနောင်တမရအောင် အိတ်ကလေးခဏတာလေးကိုင်ချင်လို့ပဲဖြစ်ဖြစ် 中古店မှာရွေးချင်ရင် မင်မင်ကိုယ်တိုင်စိတ်ကြိုက်အာမခံချက်အပြည့်နဲ့ရွေးပေးပါတယ်ရှင့်🤎
26/05/2025
💖တင်းတိတ်၊ အမည်းစက်လေးတွေနဲ့ ဝက်ခြံရာလေးတွေ အနီအမည်း၊ အစက်အပြောက်လေးတွေကြောင့် စိတ်ညစ်နေရတဲ့ဘေးကနေကင်းဝေးပြီး ဖြူဝင်းကြည်လင်နေစေဖို့
SK-II Spot Essence
❤️Size- 50mL❤️
❤️Price- 550,000MMK❤️
❗️Instock at Mandalay, Cash on Delivery❗️
❗️💯Authentic Japan Direct Import Products❗️
❤️အသက်အရွယ်ကြောင့် ဖြစ်တတ်တဲ့ အမည်းစက်နေလောင်ကွက်၊ ဝက်ခြံလေးတွေပေါက်ပြီး ကျန်ခဲ့တဲ့ အနာရွတ်လေးတွေထွက်လာပြီဆိုရင် မိန်းကလေးတယောက်အတွက်အရမ်းစိတ်ညစ်ရတဲ့အချိန်ကာလပါ။
❤️အမဲစက်တွေဖြစ်လာပြီဆိုရင်အဲ့တာလေးအတွက်နဲ့တင် လေဆာပစ်ရတာတို့ တစ်ခြားတစ်ခြားသော Treatment တို့လုပ်ကြရပါတယ်။
❤️အဲ့လိုTreatment တွေလုပ်တဲ့အခါ
ကုန်ကျစရိတ်တွေလဲများပြီး အချိန်တွေလဲပေးရပါတယ်။ ဘေးထွက်ဆိုးကျိုးလေးတွေလည်းရှိတတ်ပါတယ်ရှင့်
❤️အဲ့ဒီတော့ အမဲစက် နေလောင်ကွက်တွေကို ကုသတဲ့အခါမှာ အချိန်ကုန်လည်း သက် သာမယ်၊ စျေးနှုန်းလည်း သက်သာမယ်၊ အိမ်မှာနေရင်းနဲ့လည်း ကုသလို့ရမယ်၊ သိသိသာသာလဲ ပျောက်ကင်းချင်တယ်ဆိုရင် SK-II ကထုတ်တဲ့ Spot Essenceလေးရှိပါတယ်ရှင့်
❤️အမည်းစက် နေလောင်ကွက်၊ ဝက်ခြံရာ အစက်အပြောက်လေးတွေကို သက်သာပျောက်ကင်းစေပါတယ်
❤️တစ်မျက်နှာလုံး လိမ်းလို့လဲရပါတယ်ရှင့်။ အဓိကနေရာတွေကိုတော့များများလေးလိမ်းပေးပါ။ မနက်တစ်ကြိမ် ညတစ်ကြိမ်လိမ်းပေးရုံနဲ့ သိသိသာသာ ပျောက်ကင်းစေမှာပါ
❤️သူ့ရဲ့အာနိသင်ထဲမှာအရေးကြောင်းတွေကိုလဲသက်သာစေတယ်
❤️မျက်နှာကိုလဲ တင်းရင်းစေတယ်
❤️Lifting Effectsလဲပါတဲ့အတွက် အိုမင်းရင့်ရော်မှုကနေကာကွယ်ပေးပါတယ်။ အသားရေ လျော့တွဲတာကို ပင့်တင်ပေးပါတယ်
❤️တခုတည်းကိုလိမ်းရုံနဲ့ ဝက်ခြံအနာရွတ်၊ အမည်းစက်၊ နေလောင်ကွက်တွေ သိသာပျောက်ကင်းပြီးတော့ အသားရည်လေးတင်းရင်းနုပျိုလာတဲ့ ရလဒ်ကိုခံစားရစေမှာပါ
❤️ဝက်ခြံပေါက်ပြီး ကျန်တဲ့ အနာရွတ်လေးတွေ၊ အမည်းစက်တွေအတွက် လေဆာတောင် ပစ်စရာမလိုပဲအိမ်မှာ နေရင်းပဲကုသလို့ရပါပြီနော်
🔺ပစ္စည်းအစစ်အမှန်ကိုသာရောင်းချသည်🔺
26/05/2025
♥️မျက်တွင်းကျ၊ မျက်ကွင်းညိုပြီး ရှိရင်းစွဲအသက်အရွယ်ထက် ပိုကြီးနေတယ် ခံစားရလား
♥️မျက်လုံးဘေးတစ်ဝိုက်တင်းရင်းစိုပြေပြီး အရေးကြောင်းကင်းစေဖို့၊ မျက်လုံးလေး စိုပြေကြည်လင်ပြီး မျက်ကွင်းညို မျက်အိတ်ဖောင်းတာတွေ ပျောက်ကင်းဖို့
SK-II Skin Power Eye Cream
❤️Size- 15gram❤️
❤️Price- 280,000MMK❤️
❗️Instock at Mandalay, Cash on Delivery❗️
❗️💯Authentic Japan Direct Import Products❗️
♥️မျက်အိတ်တွေဖောင်းလို့ အရွယ်ရင့်ပြီးရုပ်ကျသလိုခံစားနေရသူတွေ၊ မျက်လုံးနားတစ်ဝိုက် အရေးအကြောင်းတွေပေါ်နေလို့ စိတ်ညစ်နေသူတွေ အတွက် အထိရောက်ဆုံးလေးနဲ့ မိတ်ဆက်ပေးပါရစေနော်
♥️အသက်အရွယ် ၂၀ကျော်လေးရောက်ပြီဆိုတာနဲ့ အရေပြားရဲ့ Protein& Collagenထိန်းအားတွေက အားဖြည့်ဖို့လိုလာပါပြီရှင့်
♥️SK-II Skin Power Eye Creamလေးက ရှိနေတဲ့ protein& collagenတွေကို ထိန်းသိမ်းပေးနိုင်တဲ့အပြင် ထပ်ပြီး Energy Boostingလုပ်ပေးနိုင်တဲ့အတွက် protein& Collagen အသစ်အသစ်တွေနဲ့ အကောင်းဆုံးအားဖြည့်ပေးပါ တယ်၊
♥️Cellular Elasticityကိုလည်း ကောင်းကောင်းကြီးအားဖြည့်ပေးနိုင်လို့ အရေပြားလေးတင်းတင်းရင်းရင်းနဲ့ နုပျိုလှပစေပါတယ်
♥️ပုံမှန်ညအိပ်ရာဝင်နောက်ကျလို့ မျက်ကွင်းညိုပြီး မျက်တွင်းချိုင့်သူတွေ၊ မျက်လုံးနားတစ်ဝိုက် ခြောက်ပြီး အဖုလေးတွေ ရှိနေတဲ့သူတွေအတွက်ဆိုလည်းအသင့်တော်ဆုံးလေးပါ
♥️မျက်ဝန်း တစ်ဝိုက်မှာဖြစ်နေတဲ့ ပြသနာတွေအကုန်လုံးအတွက် Skin Power Eye Cream ကသာပျောက်ကင်းပြီးနုပျိုတဲ့မျက်ဝန်းတစ်စုံပေးစွမ်းနိုင်တာ အမှန်အကန်ပါပဲရှင့်
🔺ပစ္စည်းအစစ်အမှန်ကိုသာရောင်းချသည်🔺
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
83rd Street, 34th&35th St
Mandalay
05021
