Sharing by Hmue
Beauty & Health
13/12/2021
လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက
ညဆေးရုံကပြန်ရင် ဝင်စားနေကျဆိုင်လေး ❣️
သူက ကြိုက်ရာ ဟင်းနဲ့စားလို့ ရတယ်
ဈေးလည်း မများဘူး
ကြိုက်ရာနဲ့စား တစ်ပွဲ ၁၅၀၀ ( လိုက်ပွဲ က ၂၀၀ )
အရံက ( ခရမ်းချဉ်သီးပန်ထွေဖျော် ၊ ကုလားပဲနှပ် ၊
ငရုပ်သီးကြော် နဲ့ နှမ်းဖတ်ချဉ်သုပ်လေး )
အဲ့အပြင်
( ငပိထောင်း ၊ ငါးပိရည်ဖျော် နဲ့ ငံပြာရည်ချက်လေး ) ကို
အတို့အမြှုပ်လေးနဲ့စားရ တာ အကြိုက်ဘဲ 😍
ဆိုင်လေးက သန့်ရှင်းတယ် ၊
ဆိုင်ကလူတွေကလည်း သဘောကောင်းကြတယ်
သွားစားကြည့်စေချင်ပါတယ် 🥰
10/12/2021
သုံးကောင်းချက်
30 ml ပါတဲ့အထုပ်လေးဘဲ စမ်းရသေးတာ
၆ ရက်ဘဲရှိသေးတယ် မျက်နှာက သိသာနေပီ 😆
ဂန်းကိုင်တဲ့ခဗျားတို့
ပန်းပန်တဲ့မိန်းမကိုမနိုင်ဘူး ။ ♥️
07/01/2021
🛎 အစာအိမ်ကင်ဆာ လက္ခဏာများ
⚠️ လူသားတို့ရဲ့နေ့စဉ်နေထိုင်ဖြတ်သန်းမှုမှာ အသံတိတ်ခြိမ်းခြောက်တဲ့ ရောဂါတစ်ခုကတော့ အစာအိမ်ကင်ဆာပါ။ အစာအိမ်ကင်ဆာရဲ့ ကနဦးအဆင့်မှာ ဘာလက္ခဏာမှ မပြတတ်ပေမယ့် ရောဂါရှိနေပြီလို့ သတိပြုမိချိန်မှာ တခြားအစိတ်အပိုင်းတွေဆီ ပျံ့နှံ့နေပြီး ဖြစ်ပါတယ်။ အစာအိမ်ကင်ဆာရောဂါလက္ခဏာတွေ ခံစားနေရပြီဆိုရင် ဆရာ၀န်နဲ့သေချာတိုင်ပင်ကာ ကုသဖို့အရေးကြီးပါတယ် ။
Photo Google
crd
မျက်ကွင်းညိုခြင်း မျက်လုံးအောက် ဖောင်းနေခြင်း
တခါတလေ မျက်ကွင်းညိုတာရယ်။ အကြာကြီးညိုနေတာရယ်ဆိုပြီး ဖြစ်လေ့ရှိပါတယ်။ ဘာကြောင့် မျက်ကွင်းညိုရသလဲ ဆိုတာ ဆေးပညာ အရတော့ ဒီလိုပါ။
၁။ ပင်ပန်းလွန်ခြင်း
၂။ အိပ်ရေး မ၀ ခြင်း
၃။ ရေ မလုံလောက် ခြင်း
၄။ ဖျားနာခြင်း
၁။ ပင်ပန်းလွန်ခြင်း
ဖြစ်တတ်တဲ့ အများစုဟာ ပင်ပန်းလို့ဖြစ်တတ်ပါတယ်။ တအားပင်ပန်းပြီး အိပ်ရာထဲ ထိုးအိပ်လိုက်ရော၊ အအိပ်လွန်ပြီး နိုးလာရင် မျက်ကွင်းညိုတတ်ပါတယ်။ မျက်လုံးဖောင်းတတ်ပါတယ်။
ဝိတ်ချဖို့ဆိုပြီး လေ့ကျင့်ခန်းတွေ နင်းကန်လုပ်ပြီး ပင်ပန်းလွန်းရင်လဲ ဖြစ်တတ်ပါတယ်။ လေ့ကျင့်ခန်းဟာ တပတ်ကို မိနစ် ၁၅၀ ကနေ ၂၅၀ လောက် အထိပဲ ကောင်းပါတယ်။ တခါကစားရင် ကြားထဲက နားတာနဲ့ အကြောလျော့တာ အပါအ၀င် တနာရီခွဲလောက်ပဲ ကစားသင့်ပါတယ်။
စိတ်ပင်ပန်းနေရင်လဲ လူက ကိုယ်ပင်ပန်းမပျောက်ပါဘူး။ စိတ်လေ့ကျင့်ခန်းလေး လုပ်ပါ။
၂။ အိပ်ရေးမဝခြင်း
အိပ်ရေးမဝတာဟာ အဓိက တရားခံတစ်ခုပါပဲ။ အိပ်နေကျထက် နည်နးည်း လျော့အိပ်ရင်ကို မျက်ကွင်းညိုတတ်ပါတယ်။ အထူးသဖြင့် ည ၁၂ နာရီ ကျော် နေကျ လူ မဟုတ်ပဲ ကျော်ရင် မျက်ကွင်းညိုပါတယ်။မျက်လုံးအောက်ဖောင်းတဲ့သူ အများစုဟာ အိပ်ရေး ကြောင့် ဖြစ်ပါတယ်။ အိပ်ရေးဝအောင်အောင်အိပ်ပါ။
အိပ်တာ ၇ နာရီချင်းတူရင်တောင် ည ၁ နာရီကနေ မနက် ၈ နာရီအိပ်တာနဲ့ ည ၁၁ နာရီကနေ မနက် ၆ နာရီ အိပ်တာ မတူပါဘူး။ ၁၁ နာရီအိပ်တာက ပိုကောင်းပါတယ်။
၃။ ရေ မလုံလောက်ခြင်း
အဲ့ဒိမျက်စိအောက်မှာ ရှိတဲ့ နေရာလေးဟာ ရေဓါတ် အဓိကပါ။ ရေသောက်တာ မလုံလောက်ရင် ကာလကြာရှည် မျက်ကွင်းညိုနေတတ်ပါတယ်။ အခြေအနေပေါ်မှာ မူတည်ပြီး ၂ လီတာ ၀န်းကျင်သောက်သင့်ပါတယ်။ အသီးအနှံစားသင့်ပါတယ်။
ထိရောက်အောင် ရေဘယ်လို သောက်ရမလဲ ဆိုတာ ကျနော် အကျယ်ရေးပေးထားပါတယ်။
၄။ ဖျားနာခြင်း
တုပ်ကွေး အအမေးမိတာ ကြာရှည် လာရင်လဲ မျက်ကွင်းတွေ ညိုတတ်ပါတယ်။
၅။ မျိုးရိုး။
တချို့လူတွေမှာ အသက်ကြီးလာရင် မျိုးရိုးလိုက်ပြီးတော့ကို ညိုတတ်ပါတယ်။ အထူးသဖြင့် အိန္ဒိ နွယ်တဲ့ ဘက်တွေမှာ အဖြစ်များပါတယ်။
ပျောက်ကင်းစေတဲ့ နည်းများ
က။ အဟာရ ပြည့်၀ အောင် စားပါ။ ဟင်းသီးဟင်းရွက် သစ်သီး များများစားပါ။ ၅၀ ၂၅ ၂၅ နဲ့ အဆာပြေအောင် သစ်သီးစားတာဟာ ကောင်းပါတယ်။
ခ။ သောက နဲ့ စိတ်ဖိစီးမှုကို စိတ်လျေ့ကင့်ခန်းလုပ်ပြီး ရင်ဆိုင်ပါ။
ဂ။ အိပ်ရေးဝအောင် အိပ်ပါ။ အနားယူပါ။ လေ့ကျင့်ခန်း အလွန်အကျွံ မလုပ်ပါနဲ့။
ဃ။ မျက်လုံးအောက်ဖက်ကို ရေအေး အ၀တ်နဲ့ အသာလေး ဖိပေးနိုင်ပါတယ်။
င။ သခွားသီး ဒိန်ချဉ်
သခွားသီးကို အစိတ်လေး လှီးပြီး ဒိန်ချဉ် ပျားရည်နဲ့ နယ်။ မျက်လုံးအော်ကကို ကပ်ပေးနိုငပါတယ်။
ဒီနည်းဟာ မျက်လုံးညို ခြင်း မျက်လုံး အောက်ဖောင်းခြင်းတွေကို အတော်သက်သာစေပါတယ်။
စ၊ လက်ဖက်ခြောက်ကပ်ပါ။
အနောက်နိုင်ငံတွေမှာတော့ tEA BAG ဆိုပြီး ရေနွေး ကြမ်း စိမ်သောက်တဲ့ အထုပ်လေးတွေ လာပါတယ်။ အဲ့ဒါကို ၃ မိနစ်လောက် ရေနွေးထဲစိမ်။ ပြီးရင် ရေခဲသေတ္တာထဲ မှာ ပြန်အေးအောင်ထည့်ပြီး မျက်စိအောက်မှာ ကပ်ပေးနိုင်ပါတယ်။
မြန်မာပြည်မှာဆိုရင်တော့ ရေနွေးနည်းနည်းနဲ့ လက်ဖက်ခြောက် ကို စိမ်ပါ။ ပြီးရင် ရေခဲသေတ္တာ ထဲ ထည့်ပါ။ နည်းနည်း အေး သွားတဲ့ အခါ မျက်လုံးအောက်ကို ကပ်ပေးနိုငိပါတယ်။
အလွန်ခေတ်စားတဲ့ နည်းပါ။
💡💡💡 တစ်ချက်ခုတ် ၃ ၊ ၄ ချက်လောက် ပြတ်တဲ့ နည်း သင်ပေးမယ်။လိုက်လုပ်ကြည့်။ လက်ဖက်ခြောက်ကို ရေနွေး ပူပူနဲ့ ၃ မိနစ်လောက် နှပ်လိုက်။ ပြီးရင် လက်ဖက် အကြမ်းခြောက်ကို ဆယ်ပြီး အအေးခံ။
ထိုင်ခုံမှာ ပက်လက်ကလေးလှန်။ မျက်လုံးကို အအေးခံထားတဲ့ လက်ဖက်ခြောက်ကပ်။ နားက ကျေနာ့် စိတ်လေ့ကျင့်ခန်းလေးနားထောင်ပြီး လိုက်လုပ်။ အဆုံးမှာ ခဏလောက် တရေး နှပ်လိုက်။ စုစုပေါင်း နာရီ၀က်လောက် ကြာတယ်။
စိတ်လဲ အပန်းပြေ၊ လူလဲ အနားရ မျက်လုံးလဲ လှ။ ကဲ
Everything Okay ✌️
Crd
21/11/2020
🍃ရင်သားကင်ဆာ နှင့် ညဉ့်နက်စာ🍃
အမျိုးသမီးများ ညစာကိုနောက်ကျစားခြင်းနဲ့ ညဉ့်နက်မှာ သွားရည်စာစားခြင်းများက ရင်သားကင်ဆာဖြစ်ဖို့ အခွင့်အရေးအန္တရာယ်ကို လက်ယပ်ခေါ်နေတာနဲ့တူတယ်လို့
အမေရိကန်ရှိ San Diego School of Medicine မှလေ့လာသူ Catherine Marinac က ဆိုထားပါတယ်။
၎င်းရဲ့တွေ့ရှိချက်က ညစာစားပြီးချိန်မှ နောက်တနေ့ နံနက်ခင်းစာစားချိန်အထိ အချိန်ကြာကြာ အစာမစားလေ ကင်ဆာရောဂါကိုဖြစ်စေတဲ့သွေးထဲရှိ ဂလူးကို့စ်သကြားဓါတ် ပမာဏလျော့ကျလေဆိုတာပါပဲ။
The longer the period they spent without food, the more stable their blood sugar.
ဒီလိုပြုမူနေထိုင်ခြင်းက အာဟာရ (သို့) ကယ်လိုရီကို ရှုပ်ထွေးနေအောင် တွက်ချက် စားသောက်နေရတာထက် လူထုကျန်းမာရေးအတွက် ပိုမိုအကျိုးရှိတယ်လို့ ဆိုပါတယ်။
အခြားအချိန်တွေမှာဘယ်လောက်စားစား ညစာစားပြီးနောက်အစာမစားချိန် ၃ နာရီတိုးတိုင်း သွေးထဲရှိ ဂလူးကို့စ်သကြားဓါတ် ၄% လျော့ကျပါတယ်။
Each three-hour increase in night-time fasting was associated with a 4 per cent lower blood glucose level, regardless of how much the women ate at other times.
ကျွမ်းကျင်သူများရဲ့ယူဆချက်အရ သွေးထဲရှိ သကြားဓါတ်တည်ငြိမ်မှုဟာ ရင်သားကင်ဆာဖြစ်စေတတ်တဲ့ ဟော်မုန်းခွဲထွက်မှု အန္တရာယ်ကို လျော့ပါးစေတယ်လို့ ဆိုပါတယ်။
This may be because glucose provides fuel for rapidly dividing cancer cells. And insulin – the hormone that is pumped into the blood to remove excess glucose – is also thought to stimulate the growth of the disease.
အမျိုးသမီး ၂၂၁၂ ယောက်ကို လေ့လာပြီးရေးသားတဲ့ ဒီစာတန်းကို Philadelphia မှာပြုလုပ်တဲ့ The American Associstion for Cancer Research's နှစ်ပတ်လည်အစည်းအဝေးမှာ တင်ပြခဲ့ပြီး The journal Cancer Epidemiology မှာလည်း ဖေါ်ပြခဲ့ပါတယ်။ အမျိုးသမီးတိုင်း အောက်ပါအချက်အလက်များကို ကိုယ်တိုင်စစ်ဆေးသင့်ပါတယ်။
-Monthly self-exams(ရင်သားကို လစဉ်ကိုယ်တိုင်လက်ဖြင့်ပွတ်သပ်စစ်ဆေးပါ)
-Attention to breastchanges(ရင်သားပုံစံပြောင်းလဲမှုကို ဂရုပြုမိပါစေ)
-Medical exam(ဆေးမှန်မှန်စစ်ပါ)
-Annual mammograms at age 40(အသက် ၄၀ ကျော်ရင် နှစ်စဉ် mammogram ရိုက်ပါ)
ရင်သားကင်ဆာအကြိတ်ဖုဟာ ယေဘူယျအားဖြင့်မာကြောခြင်း၊နာကြင်မှုကင်းမဲ့ခြင်း၊ ရွေ့လျားမှုမရှိခြင်း စတဲ့သဘာဝရှိပါတယ်။
-နာကျင်ခြင်း(Pain)
-နီမြန်းခြင်း(redness)
-နို့သီးတဝိုက်အမှတ်များထွက်ခြင်း(Scaliness)
-ယားယံခြင်း(Itching)
-အရေပြားထူလာခြင်း(Skin thickening)
-နို့သီးအတွင်းသို့ဝင်နေခြင်း(Inward ni**le)
-နို့မှအရည်ထွက်နေခြင်း(Discharge)
crd
08/11/2020
မနေ့က မှကြည့်ပီးတာ ကောင်း လို့
Penthouse: War In Life❣️
K-drama (Ongoing)
Ep 4 ထိ ရပါပီရှင်😍😍
🆙ထားလို့ ရပါပီ😘
အပတ်စဉ် တနင်္လာ/အင်္ဂါနေတွေမှာ SBS ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသပြီး အပိုင်း ၂၀-ပိုင်း ပါရှိမှာ ဖြစ်ပါတယ်...
Ep - 1 https://m.facebook.com/events/270914257585696?view=permalink&id=270914437585678
Ep - 2 https://m.facebook.com/events/270914257585696?view=permalink&id=271566630853792
Ep - 3 https://m.facebook.com/events/692774904982932?view=permalink&id=701954107398345
Ep - 4 https://m.facebook.com/events/827481981358746?view=permalink&id=833995970707347
Coming Soon...........
ဒီ Series ဟာဆိုရင် ချစ်လိုက် မုန်းလိုက် ဇာတ်ကားမျိုးမဟုတ်ပဲ မိသားအစုအရေး အိမ်တွင်းရေး အရှုပ်တော်ပုံတွေကို တစ်မိုထူးခြားတဲ့ ရိုက်ကွင်းရိုက်ကွက် ဇာတ်အိမ်အဆန်းနဲ့ ခံစားကြည့်ရှု့ရမှာပါ
ဇာတ်လမ်း အကျဉ်း
ဟယ်ရာနန်းတော်လို့တင်စားလောက်တဲ့ အထပ်၁၀၀ပါသော ဇိမ်ခံမိုးမျှော်အိမ်ကြီးမှာဆိုရင် များစွာသော လျို့ဝှက်ချက်တွေ ၊ မမြင်နိုင်သော ရည်မှန်းချက်တွေ ပြည့်နှက်လို့နေပါတယ်
ရှင်းဆူယွန်း ဟာ ဆိုရင် ချမ်းချမ်းသာသာနဲ့ မွေးဖွားလာသူတစ်ယောက်ပေါ့
မိုးမျှော်အိမ်ကြီးရဲ့မိဖုရားတစ်ပါးဆိုးလည်း မမှားပါဘူး
ချောင်းဆောဂျင်က တော့ သူ့သမီးလိုအပ်တာမှန်သမျှကို ဖြည့်ဆီးပေးနေသူပါ
အိုယွန်းဟီ ကတော့ ဘဝပေးအခြေပနေကြောင့် ဆင်းဆင်းရဲရဲ မွေးလာပေမယ့် ရည်မှန်းချက်ပန်းတိုင်ကြီးမားတဲ့သူ...
ဒီလိုနဲ့ ထိပ်တိုက်တွေ့ကြရင်း ဘာတွေဆက်ဖြစ်သွားမလဲ....
ချမ်းသာမှု့ ၊ အာဏာ နဲ့ များစွာသော အရှုပ်တော်ပုံတွေ ဖြစ်တည်ရာ အထပ်၁၀၀ မိုးမျှော်တိုက်ဟယ်ရာနန်းတော်ပါ
( အညွှန်းရေးသားထားတာကတော့ CM Team ပါ )
24/10/2020
ရင်သားကင်ဆာ
---------------------
"ရင်သားကင်ဆာ" ဆိုသည့် အသံကြားရုံနှင့်
အမျိုးသမီးတိုင်း တုန်လှုပ်သွားစေပါသည်။
ဤရောဂါအကြောင်းသိရှိနားလည်ရန်လိုအပ်ပါသည်။
Breast Cancer မဖြစ်အောင် အကောင်းဆုံး
ကာကွယ်တိုက်ဖျက်နည်းများအား
နားလည်ထားနိုင်ရန်လိုအပ်ပေသည်။
ရင်သားကင်ဆာဆိုသည်မှာဘာလဲ?
****************************
ရင်သားကင်ဆာဆိုသည်မှာ
ရင်သားကလာပ်စည်းကနေစတင်ပေါ်လာသည့်
အန္တရာယ်ဖြစ်စေသည့်အကျိတ်ဖြစ်ပါသည်။
ဤရောဂါသည် အမျိုးသမီးအများစုတွင်ဖြစ်တတ်ကြပြီး
အမျိုးသားများပါဖြစ်စေနိုင်ပါသည်။
အမျိုးသမီး အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အသက်၄၀ကျော်အမျိုးသမီးများတွင်ဖြစ်နိုင်ခြေပိုမိုများပြားပါသည်။
အမျိုးသမီး (၇)ယောက်တွင်(၁)ယောက်သည်
Breast Cancer အန္တရာယ်နှင့်ကြုံတွေ့ရတတ်သည်ဟု
စင်္ကာပူနိုင်ငံ ကင်ဆာအသင်း၏လေ့လာမှု့အရသိရှိရပါသည်။
ရင်သားကင်ဆာဖြစ်ရသည့်အကြောင်းအရင်း
************************************
ဤရောဂါဖြစ်ရသည့်အကြောင်းအရင်းကိုတိတိကျကျမသိရှိရသေးပါ။
ရင်သားကင်ဆာသည်
အမျိုးသမီးဟော်မုန်းဓါတ်(FemaleHormones)နဲ့
ဆက်နွယ်နေပြီး ရင်သားကင်ဆာဖြစ်စေနိုင်သည့်
ခေတ်ပေါ်ဓါတ်စာ(ယနေ့စားနေကျ သည့်ရယ်ဒီမိတ်အစားများ)
ဘဝနေထိုင်ပုံစနစ် စိတ်ဖိစီးမှု့စသည့်ဖြစ်စဉ်များနှင့်
ပါဝင်ပတ်သက်နေကြောင်းလေ့လာတွေ့ရှိရပါသည်။
ရင်သားကင်ဆာစဖြစ်ဖြစ်ခြင်းတွင် နာကျင်ကိုက်ခဲမှု့မရှိတတ်ပေ။ကင်ဆာဆဲလ်ကြီးထွားလာသည့်အခါမှသာ ရင်သား သို့မဟုတ်
ဂျိုင်းအောက်တွင် အဖုအကျိတ်အဖြစ်တွေ့ရှိရပါသည်။
ထို့အပြင်ရင်သားပုံစံပြောင်းလဲသွားခြင်း ၊
ရင်သားနှင့်ရင်သားထိပ်ရှိအညိုရောင်
အမည်းကွင်းနှင့်နို့သီးခေါင်းများတွင်အရောင်ပြောင်းလဲလာခြင်း၊ နို့သီးခေါင်းမှာသွေးရည်ထွက်ခြင်း ၊ အရည်များထွက်ခြင်း ၊
နို့သီးခေါင်းအထဲဝင်သွားခြင်း နှင့် အထိမခံနိုင်အောင်နာကျင်ခြင်းများဖြစ်လာတတ်ပါသည်။
အသက်ငယ်ငယ်နှင့်ရာသီလာခြင်း
အထူးသဖြင့်အသက်(၁၁)နှစ်မတိုင်မှီရာသီလာခြင်း
သွေးဆုံးချိန် အသက်၅၅နှစ်ထက်နောက်ကျလျှင်လည်းကောင်းအိမ်ထောင်သည်များတွင်ကလေးမရရှိသည့်အမျိုးသမီးများအသက်၃၅နှစ်ကျော်မှပထမကလေးမွေးသူများသည်
ဤရောဂါအတွက်ပိုပြီးအန္တရာယ်ရှိနိုင်ပါသည်။
ဆေးဝါးများ
**********
သွေးဆုံးချိန်လက္ခဏာများပျောက်ကင်းရန်အတွက်ဟော်မုန်းEstrogenနှင့်သန္ဓေတားဆေးဟော်မုန်းဆေးဝါးများအား
၄နှစ်ကျော်သုံးစွဲသည့်သူများတွင်ဖြစ်နိုင်ခြေပိုမိုရှိပါသည်။
အစောဆုံးအဆင့်ရင်သားကင်ဆာဝေဒနာရှင်များသည်
ဓါတ်ရောင်ခြည်ကုထုံး ၊ ဓါတုကုထုံး တို့နှင့်အတူ
ရင်သားခွဲစိပ်ကုသခြင်းများဖြင့်ကုသပျောက်ကင်းနိုင်ပါသည်။
ဤရောဂါလက္ခဏာများပြခဲ့လျှင် စောစီးစွာစစ်ဆေးကုသသင့်ပြီးစောစောကုသမှု့ခံယူပါကသက်သာပျောက်ကင်းနိုင်ပါသည်။
ထို့ကြောင့် မိမိတွင်ရင်သားကင်ဆာလက္ခဏာပြခဲ့ပါကဆရာဝန်နှင့်ချက်ခြင်းတိုင်ပင်ဆွေးနွေးသင့်ပြီးကုသမှု့ခံယူသင့်ပါသည်
Crd
21/10/2020
ပုံအတွက်တော့တောင်းပန်ပါတယ်
အောက်က link လေးကို၀င်ကြည့်စေချင်ပါတယ်
အမျိုးသမီးများ ပိုသတိထားရန်လိုပါတယ်
https://m.facebook.com/story.php?story_fbid=856349268234443&id=100015781332079
20/10/2020
ဝေဘာဂီက ဆရာဝန်ကြီး ပြောပြီ
---------------------------------------
အင်အားပြပြီးနောက်ဆက်တွဲ ကိုဗစ်ဖြစ်ကြရင် အိမ်မှာပဲသေကြပါ။
ကားပေါ်မှပြုတ်ကျရင် လမ်းမှာပဲသေကြပါ။
သွားလာရင်းဓာတ်လိုက်သေလျှင်တခါတည်းမြှုပ်ကြပါ။
ကားပေါ်မှ မီးစက်မီးလောင်လျှင် တခါတည်း အရိုးကောက်ကြပါ။
အနီ နဲ့အစိမ်းရန်ဖြစ်ကြလျှင် တခါတည်း များများသေအောင် ခုတ်ကြပါ။
ဆေးရုံဝန်ထမ်းများနှင့် volunteers များ,အလှူရှင်များမှာ ကိုဗစ်တခုတည်းနဲ့အလုပ်ရှုပ် ပင်ပန်းလှပါပြီ။
သက်ဆိုင်ရာ အထက်လူကြီးများ၏ လုံးစုံကန်းနေသော မျက်လုံးများနှင့် ပင်းနေသော နားများမှာလည်း အများရယ်စရာဖြစ်နေပါပြီ...
နေရာအနှံဖွင့်ထားသော center များကိုသွားရသည့် ကျန်းမာရေး ဝန်ထမ်းများလည်း စက်ရုပ်များမဟုတ်ကြပါ။ အချိန်ကြာလာတာနဲ့ အမျှ လက်ပန်းကျသွားပါလိမ့်မည်။
အင်အားပြခြင်းများကို ဂုဏ်ယူစွာshare နေသော ငပိန်းများလည်း တွေ့ရပါသည်။
မှတ်ချက်။ ။
ပင်ပန်းလွန်း၍ ရေးမိပါသည်။
ကမဝ ဝန်ထမ်းများမှာလည်း ကိုယ်တိုင်သိမှကိုယ်ချင်းစာတတ်ပါမည်။
PPE ဝတ်၍ ၃နာရီလောက် icu ထဲ နေကြည့်ကြပါ။
-
-
-
#ဒေါက်တာမေသန်း (ဝေဘာဂီ)
) photos.
မျှဝေပါသည်
13/10/2020
No Bra Day ✌️
ဒီကနေ့ဟာ အမျိုးသမီးတွေအတွက်ရင်သားကင်ဆာကို နှိုးေဆာ်သတိပေးတဲ့ No Bra Day
(၂၄ နာရီ ဘရာစီယာမဝတ်ဆင်ရေးနေ့ ) ဖြစ်ပါတယ်။
ရင်သားကင်ဆာဟာ အမျိုးသမီးတွေအတွက် ကြောက်စရာကောင်းတဲ့ အသံတိတ်လူသတ်သမားဖြစ်တယ်ဆိုတဲ့ ကျန်းမာရေးအသိကို အမျိုးသမီးအားလုံးရစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၉ ရက်ေန့မှာ စတင်သတ်မှတ်ခဲ့တာပါ။
အဲ့ဒီနောက်သုံးနှစ်အကြာမှာတော့ အောက်တိုဘာ ၁၃ ရက်နေ့ကို ပြောင်းလဲကျင်းပခဲ့ပါတယ်။
နိုင်ငံတကာမှာတော့ ဆိုရှယ်မီဒီယာ
လူမှုကွန်ယက်တွေမှာ ဆိုပြီး
ရင်သာကင်ဆာနဲ့ပက်သက်တဲ့ကျန်းမာရေး
အသိပညာဆိုင်ရာ သတိပေးပို့စ်တွေ၊ဓာတ်ပုံတွေသာမက အချို့ကတော့ ဘရာစီယာမဝတ်ထားတဲ့ပုံတွေကို တင်ကြလေ့ရှိပါတယ်။
ဒါ့အပြင် အကျီ်ဆင်တူဝတ်ကာ
ရင်သားကင်ဆာဖြစ်နေသူ အချင်းချင်း
အပြန်အလှန်ရင်ဖွင့်ပြောဆိုအားပေးခြင်း၊ အသိပညာပေးဟောပြောခြင်း၊ အပြေးပြိုင်ပွဲ၊
အကပြိုင်ပွဲကဲ့သို့သော ပျော်ပွဲရွှင်ပွဲများကျင်းပခြင်း၊ဘရာစီယာဒီဇိုင်းအလှရေးဆွဲလေလံပစ်ကြခြင်းစသဖြင့် တခမ်းတနားကျင်းပဆင်နွှဲကြပါတယ်။
မြန်မာနိုင်ငံမှာတော့ No Bra Day ဟာ
လွန်ခဲ့တဲ့နှစ်ပိုင်းတွေကမှ တွင်တွင်ကျယ်ကျယ်အသံထွက်လာခဲ့တာဖြစ်ပြီး အမျိုးသမီးတွေရဲ့ရင်သားနဲ့ ပက်သက်လို့ ကျန်းမာရေးအသိဆိုတာထက် အရှက်တရားကို ရည်ညွှန်းသွေးထိုးသော
လိင်မှုကိစ္စအသားပေး လှောင်ပြောင်စရာဟုသာ
ထင်မြင်နေဆဲပါ။
သင်သိပါသလား?
08/10/2020
👍 ကျောက်ကပ်မှာ တစ်ခုခုဖြစ်နေပြီဆိုရင် သိနိုင်တဲ့
လက္ခဏာ (၉) မျိုး ✌️
================================
ကျောက်ကပ်ရောဂါဟာ ထူးခြားတဲ့ရောဂါ လက္ခဏာမပြတဲ့အတွက် ရောဂါကျွမ်းတဲ့ အခြေအနေရောက်မှသာ သိကြတာမို့ ကျောက်ကပ်ရောဂါနဲ့ပတ်သက်ပြီး သတိထားမိအောင် ဖော်ပြပေးလိုက်ပါတယ်။
၁. အချိန်တိုင်းလိုလိုမောပန်းနေခြင်း
ကျောက်ကပ်မကောင်းဘူးဆိုတာနဲ့ ခန္ဓာကိုယ်တွင်းမှာ အဆိပ် အတောက်တွေ များလာစေသလို သွေးမသန့်တော့တာကြောင့် မောပန်းပြီး လေးလံ ထိုင်းမှိုင်းလာတတ်ပါတယ်။
အာရုံစူးစိုက်နိုင်စွမ်း လျော့ကျလာကာ မူးဝေခြင်း၊ အားနည်းခြင်းတွေ ဖြစ်လာပြီဆို ရင် သတိထားဖို့လိုပါတယ်။
၂. ခံတွင်းပျက်ခြင်း
ကျောက်ကပ်ထဲမှာ အဆိပ်အတောက်တွေ များလာတဲ့အတွက် ခံတွင်းပျက် တာဖြစ်နိုင်သလို လျှာက ကောင်း ကောင်းအရသာ မခံနိုင်တဲ့အတွက် အလိုလို အစားနည်းပြီး ကိုယ်အလေးချိန်ပါ လျော့ကျစေပါတယ်။
၃. မျက်လုံးတစ်ဝိုက် မို့နေခြင်း
ကျောက်ကပ်ပျက်စီးနေတဲ့အခါ အဆိပ်အတောက်တွေ စစ်ထုတ် နိုင်စွမ်း လျော့နည်းလာတဲ့အတွက် ပြတဲ့လက္ခဏာ တစ်ခုလို့ဆို ရမှာပါ။
၄. အိပ်မပျော်ခြင်း
ကျောက်ကပ် လုပ်ငန်းစဉ်တွေ ပုံမှန်မဟုတ် တော့ရင် ဆီးကနေတစ်ဆင့် အဆိပ်အတောက်တွေ စွန့်ထုတ်ပစ် တဲ့အစား သွေးထဲကို အဆိပ်အတောက်ဝင်သွားတာကြောင့်ပါ။
၅. ဆီးနဲ့ပတ်သက်ပြီး ထူးခြားမှုများ ကြုံခြင်း
ဆီးမကြာခဏသွားချင်တာတို့၊ ဆီးအမြှုပ်ထတာတို့၊ သွေးပါလာတာတို့ဆို မပေါ့ဆသင့်ပါဘူး။
၆. ခြေဆစ်လက်ဆစ်များ ရောင်ရမ်းခြင်း
ဒီလက္ခဏာကတော့ ကျောက်ကပ်ရောဂါသာမက နှလုံးနဲ့အသည်း ရောဂါရှိနေရင်လည်း ပြတတ်ပါတယ်။
၇. အသားအရေခြောက်ပြီး
ယားယံခြင်းကျောက်ကပ်ပြဿနာရှိနေတဲ့အခါမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရနဲ့ သတ္တုဓာတ်တွေ မမျှတတော့ဘဲ ကိုယ်တွင်းအဆိပ်အတောက်တွေက အရေပြားဆီကို ရောက်သွားတဲ့အတွက်ပါ။
၈. မူးဝေအော့အန်ခြင်း
ကိုယ်တွင်း အဆိပ်အတောက်တွေကို အော့အန်ခြင်းဖြင့် ထုတ်ပစ်တတ်တဲ့အတွက် သတိပြုစရာအချက်ပါ။
၉. ဟီမိုဂလိုဘင်လျော့ကျခြင်း
ကျောက်ကပ်ပျက်စီးတဲ့အခါ လုံလောက်တဲ့ သွေးနီဥတွေထုတ်ပေး နိုင်ခြင်းမရှိတော့တဲ့အတွက် သွေး အားနည်းရောဂါ ဖြစ်လာစေပါတယ်။
crd :
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Coner Of 84 × 45 Street
Mandalay
442001
