ERIC's Fragrance
ကိုယ်တိုင်လည်း collector တစ်ယောက်ဖြစ်တာမလို့ Authenticity စိတ်ချပါခင်ဗျာ-
11/04/2024
အိမ်ထိလာရောက်အားပေးသွားတဲ့အစ်ကို ကျေးဇူးပါဗျာ✨
ရေမွှေးတွေက ရောင်းဖို့သိပ်မကျန်တော့လို့ အားနာရပါတယ်နော်😬
11/04/2024
Eid's Fragrance - Mancera Cedrat Boise intense ✨
Fruity+Leather ကို balanced ဖြစ်ဖြစ်နဲ့ တစ်နေကုန် Compliment ရ✨🩵
10/04/2024
Eid Mubarak to You all ✨
07/04/2024
ပေးရတဲ့ဈေးနဲ့ ပြန်ရတဲ့ အနံ့က နွေရာသီအတွက်တော်"လေးအဆင်ပြေတယ်။
စစချင်းသခွားသီးကိုမှ Floral ပေါင်းထားသလိုမျိုးလေး တချို့ကျ First sniff မှာသိပ်မကြိုက်ကြဘူး ၅မိနစ်လောက်ကြာမှ ရတဲ့အနံ့ကိုတော့ တော်"များ"လက္ခံကြတယ်။ ကြိုက်ကြတယ်ပေါ့။
တစ်ပုလင်းလုံးမှ 75000~ 85000 အမျိုး"ရောင်းကြတယ်။ ရေမွှေးကြိုက်တဲ့သူတွေ နွေအတွက် Recommend ပေးတယ်။ Daily Wear, Office, ဘက်စုံရ၊ ထသွားထလာ အဆင်ပြေ။ Longevity ကတော့ ၂နာရီဝန်းကျင်လောက်ထိ ကျနော့် Skin မှာစွဲတယ်။ အကြာကြီးစွဲချင်ရင်တော့ Decant လေးဆောင်ပေါ့ဗျာ။
အနံ့စမ်းချင်ရင် 3ml ကအစ 30ml အထိ Decant ရောင်းပေးပါတယ်။ Comment မှာ Decant Price လေးချပေးပါမယ်နော်။
စမ်းပြီးသားသူတွေကတော့ ကြိုက်ရင် Full Bottle သာချ အဲ့တာ ပိုတန်တယ်။
31/03/2024
Budget Save ဖြစ်ပြီး နွေရာသီမှာ သုံးလို့ကောင်းတဲ့ ကောင်လေးတွေ
Nautica Voyage 10ml (twisted bottle) -15000
Versace Pour Homme 10ml - 27000
30/03/2024
Summer Fragrance ဆိုရင် မပါမဖြစ်က Versace Pour Homme ပဲ။
အနံ့အေးအေးလေးနဲ့ ဆွတ်ရလွယ်ပြီး Beginner ဆိုရင် စမ်းကြည့်သင့်တဲ့အထဲမှာပါတယ်နော်။
25/03/2024
ဒီနှစ်အတွက် စုမိတဲ့ နွေစာလေးပေါ့-
Fruity, Powdery, Greenly ဆန်တဲ့ notes တွေက နွေအတွက် တော်"လေး အဆင်ပြေတယ်-
Freshie ကြိုက်တဲ့သူတွေလဲ ဈေးသက်သာတော့ စမ်းကြည့်သင့်တဲ့အထဲမှာပါပါတယ်-
Full review ကတော့ soon ပါဗျာ။
24/03/2024
Hello Again..✨
ကျနော့် Personal အလုပ်လေးနဲ့ဒီရက်ပိုင်းတွေထဲ အလုပ်တွေရှုပ်နေတာနဲ့ ဘာမှ သိပ်မတင်ဖြစ်လို့ပါ။
dollar rate မြင့်လာတာရယ် အခုအခြေအနေတွေရယ်နဲ့၊ ကျနော်တို့လို သာမန်လူမျိုးကျ ရေမွှေးလဲအများကြီးမဝယ်ဖြစ်တော့ဘူး (မဝယ်နိုင်တော့တာပေါ့)၊ ရှိသမျှလေးစုပြီး ဝယ်ထားတဲ့ ရေမွှေးလေးတွေ decant ရောင်းပြီး ရလာတဲ့ပိုက်ဆံလေးတွေကျလဲ နေ့စဉ်အသုံးထဲပြန်ပါနဲ့၊ လကုန်ကျရလာတဲ့လစာလေးတွေနဲ့ပြန်ပြီး လည်ပတ်ဖို့ ရေမွှေးလေးတွေပြန်ဝယ်နဲ့ နေ့စဉ် ဒီလိုနဲ့သံသရာ လည်ပတ်နေတာပါပဲ။
Fragrance ကို ဝါသနာပါတဲ့ သာမန်လူတန်းစားတွေအတွက် ရေမွှေးတွေစုဖို့အတွက်က ဒီလိုခေတ်ကြီးထဲမှာ အိပ်မက်အကြီးကြီးကို လှမ်းမီအောင် မရရအောင် ဆွဲနေရသလိုပါပဲ။
အားလုံးပဲအဆင်ပြေကြပါစေ။
18/01/2024
လတ်တလောရနိုင်မယ့် ပုလင်းတွေပါ-
ဒါပြီးရင် Full bottle ထပ်စုချင်မှ စုမှာမလို့ အကြိုက်တွေ့ရင် လမ်းကြုံအားပေးလို့ရပါတယ်ဗျာ-
Review လေး အချို့ကိုတော့ decant လေးတွေဝယ်ပြီး ရေးဖြစ်အောင်ကြိုးစားပါဦးမယ်-
YSL Y edp ကတော့ နောက်ထပ် 10ml လောက်ပဲ ထုတ်ပါတော့မယ်ဗျ-
ကျေးဇူးပါခဗျာ 💙
13/01/2024
Armaf Club De Nuit Intense Man Pure Parfum
လွန်ခဲ့တဲ့ နှစ်နှစ်ဝန်းကျင်လောက်က ရေမွှေးပိုးစဝင်ပြီး ဒီရေမွှေးနွံကြီးထဲ စဆင်းခဲ့တဲ့အချိန်ပေါ့ ၊ Budget အရ Full size bottle တွေမဝယ်နိုင်ခင် Decant လေးတွေ Sample card လေးတွေနဲ့စပြီး ရေမွှေးတွေနဲ့ပိုပြီးရင်းနှီးခွင့်ရခဲ့တယ်။ ပထမဆုံး ရေမွှေးခရီးစဉ်ရဲ့ အစဦးပိုင်းကတော့ Aventus ကို သိပ်ကြိုက်ခဲ့တာ Aventus ကို Budget မနိုင်တော့ လက်ထဲစရောက်လာတာ Armaf Club De Nuit Intense Man Edt ပထမဆုံး ကိုယ်နိုင်တဲ့ငွေနဲ့ Full Size ဝယ်ခဲ့တယ်။ Edt ကို စစချင်းစမ်းတဲ့အခါမှာ အဝင်ကြီးက ဘယ်လိုကြီးတုန်း ခါးခါးရှရှကြီး Harsh ဖြစ်လိုက်တာကွာဆိုပြီး ဆိုင်ထဲမှာ ဝယ်ရမဝယ်ရဆိုပြီး နည်းနည်းတွေဝေသွားသေးတယ်။
ပြီးမှ ချကွာ ဝယ်မယ်ဆိုပြီး ဝယ်ချလာလိုက်တာ ပထမဆုံးအလုံးဆိုတော့ လုံးဝ နောင်တ မရခဲ့ဘူး။အဖွင့်ကြမ်းတာက လွဲရင် ကျန်တဲ့ Performance ပိုင်းတော်တော်လေး compliment ရခဲ့ရတယ်။
ဆိုတော့ ...
Pure Parfum က EDT လောက်ကောင်းလား?
အနံ့ပိုင်းနဲ့ ပတ်သတ်ပြီးတော့ ထွေထွေထူးထူးတော့ မပြောင်းလဲပါဘူး စဖြန်းဖြန်းချင်းမှာ အနည်းငယ် Alcohol အနံ့တော့ထွက်တယ် တစ်အောင့်လောက်ကြာမှ တောရှောက်သီးနဲ့ နာနတ်သီးကိုရောထောင်းထားသလိုမျိုးရတယ်။ EDTမှာ ခါးသက်သက်နဲ့စဝင်သလိုပဲ Parfum မှာရော ခါးသက်သက်နဲ့ပဲ ဒါပေမဲ့ EDT လောက်တော့ အရမ်းကြီး အဝင်မကြမ်းဘူး smooth ပိုဖြစ်တယ် ပြီးရင် Woody+Leather အတွဲလေးလိုခံစားရတယ်။ Leather ကလေ dry down ရောက်လေ ပိုလှလေပဲ။ သူ့မှာ Leather ကို notes အနေနဲ့ မပါဝင်ပေမဲ့ ကျနော်တော့ dry down leather notes လေးကို တော်တော်သဘောကျတယ်။
Projection ကတော့ EDT က ပိုကောင်းသလိုလိုတော့မြင်မိတယ် Parfum မှာ သိပ်အားမရဘူး ကျနော့် Skin မှာတော့ 6 နာရီကနေ 7နာရီဝန်းကျင်လောက်ထိ အနံ့ရှိတယ် အင်္ကျီမှာတော့ နောက်နေ့ မလျှော်မချင်းအနံ့ကျန်တယ်။
All Year round အိုကေတယ် အချိန်မရွေး နေရာမရွေး ဆွတ်လို့ အဆင်ပြေတယ်။
ဆိုတော့ ငါ့အစ်ကိုတို့က Harsh ဖြစ်တာ ခံနိုင်တယ် Projection ပိုင်းကိုအားသာချင်တယ်ဆို EDT ကိုရွေး
မဟုတ်ဘူး Harsh ဖြစ်တာကို မခံနိုင်ဘူး Smooth ဖြစ်တာပဲကြိုက်တယ် Projection ကိုလည်း Normal ပဲရတယ် အဆင်ပြေတယ်ဆို Parfum ကိုရွေးဗျာ(overspray လုပ်ရင်တော့ Projection က ပိုကောင်းတယ်လို့မြင်မိတယ်)
So.. Let's Live with Fragrances 🩵
12/01/2024
SOTD - YSL •Y• edp
ဘယ်အချိန်ဆွတ်" သိပ်ကောင်းတဲ့ကောင်လေး 💙
11/01/2024
Armaf Club de nuit intense man Pure Parfum
decant ရပါပြီဗျ-
သူက edtနဲ့ ဘာကွာလဲဆိုတော့ အဖွင့်မှာ edtလိုအရမ်း harsh မဖြစ်တော့ဘဲ smoother ပိုဖြစ်တာပေါ့ ခါးတာကတော့ခါးပေမဲ့အရမ်းစူးကနဲ့ မဖြစ်သွားတော့တာ-
သူ့မှာပါတဲ့Leather note က dry down အထိ တော်တော်လေးကို ပေါ်လွင်တယ်-
Projection - edt လောက်တော့သိပ်အားမရဘူး overspray ဆွတ်ရင်တော့ တစ်မျိုးပေါ့-
Longevity - skin ပေါ်မှာတော့ 6 နာရီဝန်းကျင် လောက်အထိ သွားပြီး အဝတ်ပေါ်မှာ နောက်နေ့အထိ အနံ့ရပါတယ်။
Full review လေးမကြာမီလာပါဦးမယ်ဗျ
Decant စမ်းချင်တယ်ဆို ကျနော့်ဆီမှာ စမ်းလို့ရပါတယ်✨🖤
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay
