HM skincare Myanmar Mandalay

HM skincare Myanmar Mandalay

Share

အလှပရေးရာနှင့် ဗဟုသုတများ

24/01/2026

💥Skincare ဆိုတာ 💁‍♀️

အသားအရေကို ကျန်းမာအောင်၊ လှပအောင်နဲ့
ပြင်ပဒဏ်တွေကနေ ကာကွယ်ပေးနိုင်အောင်

စနစ်တကျ ပြုစုပျိုးထောင်ခြင်းကို ဆိုလိုပါတယ်။

အလှအပရေးရာ သက်သက်တင်မဟုတ်ဘဲ
ခန္ဓာကိုယ်ရဲ့ အကြီးဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်တဲ့ အရေပြားကို ကျန်းမာအောင် ထိန်းသိမ်းတဲ့
(Health Care) တစ်ခုလည်း ဖြစ်တယ်ဆိုတာမမေ့နဲ့

Skincare ကို ဘာကြောင့် သုံးဖို့လိုအပ်တာလဲဆိုတဲ့ အချက်ကို အဓိက (၄) ချက်နဲ့ ရှင်းပြပေးပါမယ်

📌ကျွန်ုပ်တို့ရဲ့ အရေပြားဟာ ဗက်တီးရီးယားတွေ၊ ဖုန်မှုန့်တွေနဲ့ ပတ်ဝန်းကျင်က အညစ်အကြေးတွေ ခန္ဓာကိုယ်ထဲမဝင်အောင် တားဆီးပေးတဲ့
ပထမဆုံး ခံတပ်ဖြစ်ပါတယ်

Skincare သုံးပေးခြင်းက ဒီခံတပ်ကို ခိုင်မာစေပြီး အသားအရေ ခြောက်သွေ့ခြင်း၊ ယားယံခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို တားဆီးပေးပါတယ်။

📌အသက်ကြီးလာတာနဲ့အမျှ အရေပြားရဲ့ ကော်လဂျင် (Collagen) ထုတ်လုပ်မှုက ကျဆင်းလာပါတယ်။ နေရောင်ခြည်ကရတဲ့ UV rays တွေဟာ အရေးအကြောင်းတွေကို မြန်မြန်ဖြစ်စေပါတယ်

📌အရေပြားပြဿနာများကို ကာကွယ်ရန်Skincare ကို စနစ်တကျလုပ်ခြင်းက အသားအရေပြဿနာတွေကို ကြိုတင်ကာကွယ်ရာရောက်ပါတယ်။

• ဝက်ခြံ တွေကို မျက်နှာသစ်ဆေး သုံးခြင်းက ချွေးပေါက်ပိတ်ဆို့မှုကို ဖယ်ရှားပေးပါတယ်။
• အမည်းစက် တွေကိုSerum တွေက အသားအရေ အရောင်မညီတာတွေကို ကုသပေးပါတယ်။

📌တစ်ကိုယ်ရေ ယုံကြည်မှုကိုပို တိုးစေ
ကြည်လင်ကျန်းမာတဲ့ အသားအရေရှိခြင်းက

လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာကို တင့်တယ်စေရုံတင်မကဘဲ စိတ်ပိုင်းဆိုင်ရာအရလည်း
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိစေပါတယ်

❗️အရေးကြီးသော အရာက❗️
Skincare ဆိုတာ ဈေးကြီးတဲ့ ပစ္စည်းတွေ
အများကြီးသုံးမှ မဟုတ်ပါဘူး

အခြေခံSkincare-3မျိုးတော့လူတိုင်သုံးသင့်ပါတယ်

✅အခြေခံအကျဆုံးဖြစ်တဲ့(Cleansing)၊ (Moisturizing) နဲ့ (Sunscreen) ဆိုတဲ့ အဆင့် ၃ ဆင့်ရှိရင်ကို လုံလောက်ပါတယ်။

💥လက်ရှိကိုယ်အသားအရေပေါဖြစ်နေတဲ့

ပြသာနအလိုက် သုံးသင့်တဲံ Skincare
အမျိုးအစားသိချင်သူတိုင်း Cm မှာ မန့် သွားအုံးနော့

Photos from HM skincare Myanmar Mandalay's post 09/01/2026

ရန်ကုန်မြို့ ပို့လိုက်တဲ့ 1️⃣1️⃣7️⃣5️⃣0️⃣0️⃣ဖိုးပို့လိုက်တဲ့ အမှာလေး 😍
ဝယ်သူ လက်ထဲ ရောက်သွားပြီ😍

05/01/2026

အမတော် စောနန်းနွယ် တဲ့ ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာလေးမလား😍

04/01/2026

ဘဏ်က မထွက်ခင် ပိုက်ဆံ ရေဖို့ မပျင်းနဲ့။
သူတပါး အိမ်ကို အကြောင်းကြီးငယ် မရှိပဲ
ဧည့်သည် သွားမလုပ်နဲ့။

အပြင်သွားတဲ့အခါ ပတ်ဝန်းကျင်ကို
သတိ မပြတ်စေနဲ့။

ရွှေထည် နဲ့ အဖိုးတန် ပစ္စည်းတွေကို
မလိုအပ်ပဲ ထုတ် မကြွားနဲ့။

ဘဏ်အကောင့် ၊ မှတ်ပုံတင် ၊ ယာဥ်မောင်းလိုင်စင် ၊ passport စတဲ့ အရေးကြီးအချက်အလက်တွေကို Social Media မှာ မတင်မိစေနဲ့။

အခုမှ စတင် ရင်းနှီးသူ ၊ နောက်ခံ အကြောင်း သေချာမသိရသူတွေနဲ့ ငွေရေးကြေးရေး မပတ်သတ်မိစေနဲ့။

မိမိရဲ့ ငွေကြေး ၊ အရေးကြီး စာရွက်စာတမ်းတွေ သိုဝှက် သိမ်းဆည်းရာနေရာတွေကို မိမိ မိသားစုမှ လွဲ၍ တခြားသူစိမ်းများကို မသိရှိစေနဲ့။

ရင်းနှီးသော မိတ်ဆွေများမှ ငွေကြေး ချေးငှားသည့်အခါ Video call ခေါ်ခိုင်းပါ၊ Ai ဖြင့် Face change ထားသည်ဟုတ်မဟုတ်

အတည်ပြုနိုင်ဖို့ အချိန်အနည်းငယ်ကြာကြာ စကားပြောပါ။ ထိုမှ မလုံလောက်သေးလျှင် လူချင်းတွေ့မှ ငွေချေးငှားမည့် အကြောင်းပြောပြပါ။

အပြင်သွားလျှင် အရေးပေါ်ခေါ်ဆိုနိုင်ရန်အတွက် ဖုန်းဘေဖြည့်ထားဖို့ မမေ့ပါနဲ့။

အပြင်ရောက်နေသည့်အခါ နာရီဝက်ခြားတစ်ခါ ၊ သို့မဟုတ် တစ်နာရီခြား တစ်ခါခန့် မိမိဘယ်နေရာ ရောက်နေသည်ကို စာပို့ထားပါ။

ကာလဆိုးကြီး၌ အသက်ကို ဥာဏ်စောင့်၏ ၊
ဥစ္စာကို ကံစောင့်​ လေ၏။

#ဗဟုသုတရကြပါစေ
ေးပါတယ်

Photos from HM skincare Myanmar Mandalay's post 09/12/2025

🙎🏼‍♀️သူ့ကိုတော့ မေ့ထားလို့ရပေမယ့် 🤔Cleansing လုပ်ဖို့တော့ မမေ့ပါနဲ့ !

‼️အချစ်ကို မေ့ထားတာက တကယ်တမ်းတော့ ပြဿနာမဟုတ်ပါဘူး ..‼️
ဒါပေမယ့် ညအိပ်ရာဝင်ခါနီး Cleansing လုပ်ဖို့ မေ့နေတယ်ဆိုရင်တော့ အသားအရေပြဿနာကို ‌ဆွဲခေါ်သ‌လို ဖြစ်နေမှာပါ ........

🌿အဆီပြန်တယ် ၊ ဝက်ခြံထွက်တယ်ဆိုတာ အသားအရေကို စနစ်တကျ မသန့်စင်ဘဲ ဘက်တီးရီးယားတွေကို ဖိတ်ခေါ်နေလို့ပါပဲ !

🌿အသားအရေကျန်းမာပြီး အလှတိုးဖို့ "SKINCARE" ပြုလုပ်ရာမှာအရေးကြီးဆုံးက Cleansing Step ပါနော်....
အသားအရေကျန်းမာလှပတယ်ဆိုတာ လူတစ်ယောက်ကိုအလှတိုးစေနိုင်တဲ့အချက်တစ်ချက်ပါ !

✨ Cleansing လုပ်တဲ့အခါ မိတ်ကပ် ၊ ဖုန်မှုန့်နဲ့ တစ်နေ့တာရဲ့ အညစ်အကြေးတွေကို အလွယ်ကူဆုံးနဲ့ လျင်မြန်ဆုံးသန့်စင်ပေးဖို့ 𝐇𝐌 𝐂𝐋𝐄𝐀𝐍𝐒𝐈𝐍𝐆 𝐖𝐀𝐓𝐄𝐑 နဲ့ COTTON PAD က အပြည့်အဝတာဝန်ယူထားပါတယ် .....🤗

✅Quality ကို ဦးစားပေးပြီး ထုတ်ထားတဲ့ Brand မို့ COTTON PAD ရဲ့အသားကလည်း ရှယ်ဆိုရှယ် မဖွာမပြဲမို့ စိတ်ချလက်ချ သုံးလို့ရပါတယ် ။

✅ဒါ့အပြင် 𝐇𝐌 𝐂𝐋𝐄𝐀𝐍𝐒𝐈𝐍𝐆 𝐖𝐀𝐓𝐄𝐑 ဟာ Alcohol Free ဖြစ်တဲ့အတွက် COTTON PAD နဲ့ တွဲသုံးပြီး သန့်စင်ရာမှာလည်း မိတ်ကပ်အညစ်အကြေးတွေနဲ့ Eyeshadowတွေ Eyelinerတွေ ကိုပါ လွယ်လင့်တကူဖျက်လို့ရတဲ့အပြင် အသားအရေအတွက်ရေဓါတ် နဲ့ အာဟာရဓာတ်ကိုလည်းဖြည့်ပေးပါသေးတယ်။

ဒါ့ကြောင့် သူ့ကိုပဲ မေ့ထားပါ .... Cleansing Water နဲ့ Cotton pad သုံးပြီး တစ်နေ့တာရဲ့ အညစ်အကြေးမှန်သမျှကို မျက်နှာပေါ်က ရှင်းထုတ်လိုက်ဖို့တော့ မမေ့ပါနဲ့ 🙆🏼‍♀️




#အလှစစ်တည်ရှိရာHMSkincare

Photos from HM skincare Myanmar Mandalay's post 08/12/2025

🍃 Day & Night ပုံမှန်ဂရုစိုက်ကြမယ် 🍃

Skincare လေးတွေ
ဘယ်လို အဆင့်ဆင့်သုံးရမလဲဆိုတာ
ကျနော် အခုပြောပြပေးမယ်နော် 🍃🍃🍃

မနက်နိုးထလာတိုင်း
🍃 Step - 1 …. အသားရေအမျိုးစားမရွေး
အသုံးပြုလို့ရတဲ့ Soothing Enzyme Cleanserနဲ့
မျက်နှာသစ်မယ်

🍃 Step - 2 …. အသားရေအစိုဓာတ်ထိန်းပေးတဲ့ Toner ကို ဂွမ်လေးနဲ့ညင်သာစွာလိမ်းပေးမယ်

🍃 Step - 3 …. ဝက်ခြံ အမဲစက်ပျောက်ကင်းပြီး အသားရေစိုပြေကြည်ဝင်းစေတဲ့ Essence ကို (၂စက်မှ ၃စက်) လောက်သုံးရမယ်

🍃 Step - 4 …. အိုမင်းရင့်ရော်မှု့ကို
ကာကွယ်ပေးပြီး အသားရေကျန်းမာစေတဲ့
Moisturizer မအိုဆေးကိုလိမ်းပါမယ်

🍃 Step - 5 …. တင်းတိတ် အရေးကြောင်းကာကွယ်ပေးပြီး SPF50+ PA++++ ပါတဲ့
နေကာခရင်ကိုလိမ်းရမယ်နော်😍😍😍

အခုလိုသုံးထားရင် မိတ်ကပ် foundation တွေကို
စိတ်ချစွာနဲ့လိမ်းပေးရပြီနော် ….

ညကြီးရောက်ရင် တစ်နေ့တာအပြင်ထွက်လို့
ကပ်ပါလာခဲ့တဲ့ ဖုန်မှုန့်အညစ်ကြေး ….. လိမ်းခြယ်ထားတဲ့မိတ်ကပ်တွေအားလုံးက်ို

📣ပထမဆင့်အနေနဲ့ ဘက်စုံသုံး မိတ်ကပ်ဖျက်ဆေးရည်Cleansing waterနဲ့အညစ်ကြေးတွေကို
ဂွမ်းချပ်လေးထဲထည့်ပြီး ဖယ်ပေးဖို့မမေ့နဲ့နော် 🫡

Sheet Mask တွေနဲ့တော့
တစ်ပတ် (၂) ကြိမ် ပေါင်းတင်ပေးပါနော်

ကိုယ့်ရဲ့အသားရေကို ပုံမှန်ဂရုစ်ိုက်ကြနော် 😍

#ထိုင်း_မလေး_စလုံး_ဂျပန်_အိုမန်_𝐔𝐒𝐀အကုန်ပို့
#ပြည်တွင်းပြည်ပလက်လီလက်ကားပို့ဆောင်ပေးပါတယ်

#လက်လီလက်ကားတိုက်ရိုက်ပို့ဆောင်ပေးသည်

#09893446675ဆက်သွယ်မှာယူအားပေးနိုင်ပါတယ်

04/11/2025

🌕တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)

ကမ္ဘာသူ ကမ္ဘာသား အားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာ၍
လုပ်ကိုင်သမျှ အဆင်ပြေ အောင်မြင် တိုးတက်ကြပါစေ🙏
ကပ်(၃)ပါးမှ ကင်းဝေးကြပါစေ🙏

Photos from HM skincare Myanmar Mandalay's post 02/11/2025

♦️မယုကိုယ်တိုင်သုံးပြီး ရလဒ်တွေ ထွက်ထားလို့ ပြန်လည်ဖြန့်ဖြူးရောင်းချနေတဲ့ HM skincare 6မျိုးဆက်ရဲ့ ဈေးနှုန်းလေးတွေပါ

♦️တမျိုးချင်းစီရဲ့ ရရှိမယ့် အကျိုးအာနိသင်တွေပါအသေးစိတ် ရေးထားလို့ လေ့လာသွားလို့ရတယ်နော်

📱ကြိုက်တယ် သုံးမယ်ဆိုရင်တော့ Cbမှာ လာဝယ်လို့ရတယ်နော်

Korea madeတွေမို့ စိတ်ချသုံး အိုခေ✅

02/11/2025

မျက်နှာသစ်ပြီးတာတောင် မကြည်လင်သလို ခံစားရလား⁉️

မှန်ကြည့်လိုက်ရင် ညစ်နွမ်းနွမ်းနဲ့ အသားအရေက မွဲခြောက်နေတုန်းပဲလား⁉️

ဒါက ချွေးပေါက်ထဲက ဆဲလ်သေတွေက Keratin Protein နဲ့ တွယ်ကပ်ပြီး အချိန်ကြာကြီး မကြွေကျွတ်နိုင်လို့ပါ😰

HM Soothing Enzyme Cleanser က သဘာဝသစ်သီးတွေကရတဲ့ Enzyme နဲ့ အဲ့ဒီ Keratin တွေကို ဖြိုခွဲပေးတဲ့ ဓာတ်ကူပစ္စည်းအဖြစ် လုပ်ဆောင်ပေးပါတယ် ☺️

ဒါကြောင့် ဆဲလ်သေတွေကို ညင်ညင်သာသာ ကြွေကျွတ်သွားစေပါတယ်😌

ကြမ်းတမ်းတဲ့ Scrub တွေလို အသားအရေကို ပွန်းပဲ့ပျက်စီးစေတာမျိုး လုံးဝမရှိပါဘူး ❌
ချွေးပေါက်ထဲက Dead cells တွေရှင်းသွားတော့ အမည်းစက်တွေ၊ အမာရွတ်တွေ ပါးလာစေတယ်။
ချွေးပေါက်လေးတွေလည်း သိသိသာသာ ကျဉ်းလာစေမှာပါ✅

Chemical ကြမ်းကြမ်းတွေမပါဘဲ သဘာဝနည်းနဲ့ ကြည်လင်တောက်ပတဲ့အသားအရေကို ပိုင်ဆိုင်လိုက်ပါ✨❤️

02/11/2025

ပိုက်ဆံလေးတွေပေါတော့ သီတင်းကျွတ်လည်း လည်ကြ
တန်ဆောင်တိုင်လည်း လည်ကြ ပတ်ကြတဲ့ သူတွေ ဝမ်းသာတယ် မိုးတွေ ရွာလာလို့🌧️🌧️🌧️🌧️🌧️🥴😄
🍜တို့ကတော့မလည်ပါဘူး အိမ်မှာပဲ မားမားလေးပြုတ်သေက်နေတယ်😄(စိတ်ထားလေးတခု🫢

31/10/2025

Good morning 🌞

29/10/2025

"မျက်နှာသစ်ဆပ်ပြာကောင်းကောင်း ရှာနေတာလား? ဒါဆို 'ဆပ်ပြာခဲ' ကို မရွေးချယ်သင့်ဘူးလို့ သင်ထင်နေလား? 🤔"

မျက်နှာသစ်ပြီးရင် "အသားက တင်းသွားတာပဲ" ဆိုပြီး မကြာခဏ Moisturizer ကို အလုအယက် လိမ်းနေရလား? ရိုးရိုးဆပ်ပြာတွေက အရေပြားရဲ့ သဘာဝအစိုဓာတ် ကို ခိုးယူသွားတာကို သတိထားမိလား?

HM ကနေ ရိုးရိုးဆပ်ပြာမဟုတ်ဘဲ Skincare Soap ကို မိတ်ဆက်ပေးပါရစေ။ ဒါဟာ Goat Milkရဲ့ အာနိသင်ကို အခြေခံပြီး ဖန်တီးထားတဲ့ Premium Cleanser ပါ။Goat Milk မှာပါတဲ့ Cream ဓာတ် က မျက်နှာသစ်ပြီးချိန်မှာတောင် အသားအရေကို စိုအိနူးညံ့ နေစေပြီး၊ ခြောက်သွေ့မှု ကို လုံးဝမခံစားရစေပါဘူး။

ဒါ့အပြင် Pearl Powder (ပုလဲမှုန့်) ပါဝင်လို့ နေ့စဉ်သစ်ရုံနဲ့ အသားအရေကို ဖြူကြည်တောက်ပစေ တဲ့အပြင်၊ Lactic Acid က ဆဲလ်သေတွေကို ညင်သာစွာ ဖယ်ရှားပေးလို့ အသားအရည်က Glass Skin လို ချောမွေ့နေစေမှာပါ

ဆပ်ပြာမှာတောင် Anti-aging ပါတယ်ဆိုရင် ယုံမလား?

Selenium သတ္တုဓာတ်က နေရောင်ခြည်ဒဏ်နဲ့ အရေးအကြောင်းတွေကို ကာကွယ်ပေးနိုင်လို့ သစ်လိုက်တိုင်း နုပျိုမှုကို ထိန်းသိမ်းပေးနေပါတယ်။ သုံးစွဲသူတိုင်း သက်သေပြပြီးသား Sensitive Skin အပါအဝင် All Skin Type အတွက် အသင့်တော်ဆုံး Cleanser ပါ

ဒါကြောင့်ကိုယ့်ရဲ့ နေ့စဉ် Skin Quality ကို မြှင့်တင်ချင်ရင်၊ အခုပဲ HM Skincare Soap ကို မှာယူလိုက်ပါ။

#နုပျိုမှုရဲ့လျှို့ဝှက်ချက်

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


ကမ်းပတ်လမ်း/နှင်းဆီအိမ်ယာ
Mandalay