Beauty Care By May Mandalay Official

Beauty Care By May Mandalay Official

Share

Page အသစ်လေးပါနော် အလှလေးတွေရေ အဟောင်း All products are no sulfate & paraben �

20/07/2025

Dr Nann Healthy Meal box က အလိမ်ပါနော် ငွေလွှဲပြီး block တာပါ

Photos from Beauty Care By May Mandalay Official's post 19/06/2025

Bee bee Bkk online shop ကလိမ်နေတာနော် ငွေမလွှဲကြပါနဲ့ Facebook acc ကိုblock သွားလို့မသုံးတော့တဲ့ page ကနေ react လိုက်ပေးနေတာပါ အလိမ်မခံရအောင်သတိပေးချင်လို့ပါ page ကိုနာမည် အမျိုးမျိုး change ပြီး လိမ်စားနေတာ
အစက angry react တွေအဲ့page ထဲလိုက်ပေးထားလို့ page ထဲ ဝင်ကြည့်ကြတာရော page chat box ထိ လာမေးကြလို့ status တင်လိုက်တာနော် ဝင်ကြည့်တာနဲ့သိအောင် (လူလိမ်မကြီးလဲ angry ပေးလို့page ထဲဝင်ကြည်ရင် နောက်ဘဝကျ ခုထက်နိမ့်ကျတဲ့ဘဝရပါစေနော်)ဒီဘဝတောင်လိမ်စားရတာဆိုတော့ ☺️ admin လဲ လိမ်ခံလိုက်ရလို့ပါ

Photos from Beauty Care By May's post 04/04/2022

🤩🤩🤩New လေးလာပါဘီ

29/03/2022

သွေးကြောစိမ်းလေးတွေပေါ်တဲ့အထိအသားဖြူဝင်းလာစေပြီး ကျောနောက်မှာ ပေါက်တတ်တဲ့ဝက်ခြံတွေပါပျောက်ကင်းချင်တဲ့beauties လေးတို့အတွက်💚

စမ်းသုံးကြည့်ချင်တယ် ဆိုဘူးသေးလေးတွေပြန်ရောက်လာပါပြီ မင်မင်ဆီမှာဘူးကြီးတွေအကုန်ကုန်သွားလို့ပါ 😄

🍀Mint & Matcha ကိုဘူးသေး 150 ml ဘူးသေးလေးတွေ Mandalay ကိုရောက်လာပြီမို့ ဘူးသေးလေးကြိုက်တဲ့သူတွေမှာလို့ရပါပြီ🍀

ဒါဆိုဘယ်လိုမျိုး Skin Benefits တွေရှိမလဲဆိုတော့ ⬇️

-🌱Matcha Green Tea မှာဆိုရင် ရိုးရိုးGreen Tea တွေထက် ၁၀ဆပိုများတဲ့AntiOxidants နှင့် အစိမ်းရောင် Chlorophyll များစွာပါဝင်ပြီး၊သူ့ရဲ့မော်လီကျူးလေးတွေဟာ ​အရမ်းကိုသေးငယ်တာကြောင့် အရေပြားအလွှာထဲစိမ့်ဝင်နိုင်စွမ်းများတာမို့ ထိရောက်မှု့က ပုံမှန် Scrub တွေထက် ပိုမြန်ပါတယ်။

တပတ်ကို၂ကြိမ်မှ ၃ကြိမ်ပုံမှန်အသုံးပြုပေးတာနဲ့ အသားအရောင် သိသိသာသာဖြူဝင်းလာမယ်🤩။နေ့စဉ် Air pollution,Water pollution, Chemical နှင့် UV rays တွေကြောင့် အသားအရေပျက်စီးမှု့ကို ထိန်းသိမ်းပေးပြီး Anti-aging effect ပါလို့ Premature လို့ခေါ်တဲ့အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မှု့တွေဖြစ်လာတဲ့အခါမှာတွေ့ရလေ့ရှိတဲ့အသားအရေတွဲကျတာ၊အရေပြားတွန့်တာတွေလဲသက်သာလာမယ်။ အသားအရေကို ဒီလိုလေးတွေကာကွယ်ပေးထားတာကြောင့် Healthy Skin လေးဖြစ်နေမယ်ဆိုရင် Collagen ဓာတ်တွေလဲမဆုံးရှုံးတော့ဘူးပေါ့။ Antibacterial effect ပါလို့ ကျောနောက်မှာ ပေါက်တတ်တဲ့ ဝက်ခြံတွေနဲ့ တံတောင်ဆစ် အကွေးအဆန့်နေရာတွေမှာပေါက်တတ်တဲ့ကြာဆူးတွေလဲသက်သာစေပါတယ်။

Shea butter ပါဝင်တာကြောင့် သုံးတဲ့အခါအသားရေခြောက်သွေ့သွားခြင်းမရှိပဲ အရေပြားပေါ်မှအစိုဓာတ်ကိုလဲကောင်းစွာထိန်းထားပေးနိုင်ပါတယ်

-အရင်White Sugar အစား Brown Sugar အမှုန့်သေးသေးလေးတွေကိုပြန်လည်ပြောင်းလဲပေးထားတယ်နော်😍

ဒီ Scrub ထဲမှာပါတဲ့နောက်တမျိုးကတော့ Mint 🍃🌱
ဖြစ်ပြီး အရေပြားယားယံတာတွေ၊Stress ကြောင့်ခေါင်းကိုက်တာနဲ့ ကြွက်သားနာကျင်မှု့တွေပါလျော့ချပေးနိုင်လို့ အလုပ်ကပြန်လာတဲ့အချိန် ဒီScrub လေးသုံးပြီးအိပ်မယ်ဆိုရင် Skin Benefits ရော Health Benefits တွေရောရရှိနိုင်မှာဖြစ်ပါတယ်။
နောက်ပြီး Cooling effect လေးလဲပါတော့ရေချိုးရင်အေးအေးလေး😍 ဒါကြောင့်လဲ Bestseller အမြဲဖြစ်နေတာပေါ့နော်

အလွန်နူးညံ့တဲ့ Baby Foam လေးတွေနဲ့ ပြုလုပ်ထားလို့ သုံးပြီးတဲ့အခါ အသားပေါ်ဆီတွေလဲမကျန် နောက်တကြိမ် ဆပ်ပြာပြန်သုံးစရာမလိုပဲ ရေဆေးချရုံပါပဲနော်။ Foaming မို့အသားခြောက်မှာလားဆိုရင်တော့ No ပါနော်။ အစိုဓာတ်ကိုသေချာလေးထိန်းပေးထားနိုင်ပါတယ်🤩 Face & Body အသုံးပြုလို့ရပြီး ကျားမ မရွေးအသုံးပြုနိုင်ပါတယ်ရှင်။

အသုံးပြုပုံ- ရေစိုနေတဲ့အသားပေါ်ကို Scrub အနည်းငယ်ယူပြီး သကြားပွင့်လေးတွေပျောက်သွားတဲ့အထိ ၃မိနစ်ခန့် ပွတ်ပေးပါ။ ပြီးရင်ရေဆေးချရုံပါပဲ။Scrub သားလေးကလဲ နုနုလေးမို့ တခါသုံးပြီးရင် တခြားဟာတွေမသုံးချင်အောင် Luxury Type Scrub ဆိုတဲ့ Feeling မျိုးရနေမှာအမှန်ပါပဲနော်🌱🙊
Organic Matcha Green Tea နှင့် Mint Essential oil အသုံးပြုပေးထားတာမို့ Sensitive Skin သမားများပါအသုံးပြုလို့ရပါတယ်။😍

💰150 ml- 8000 ks

19/03/2022

Coffee နံ့သင်းသင်းလေး

Beauty လေးတယောက်ရဲ့ Coffee scrub လေးနဲ့ Kojic & Collagen soap honest review လေး ❤️

We are nothing without our customers.

Beauty Starts With Skin!

Photos from Beauty Care By May Mandalay Official's post 17/03/2022

နှုတ်ခမ်းလေးပန်းရောင်ဖြစ်ပြီး dead cells လေးတွေဖယ်ရှားပေးနိုင်မဲ့ ပုံစံအသစ်လေးနဲ့ ထပ်ထွက်လာတဲ့
Beauty Care By May ရဲ့ Lips Care Set ❤️

နှုတ်ခမ်းသားလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ Texture နဲ့ Lips Scrub လေးရယ် ၊
နှုတ်ခမ်းသားလေး ဖူးဖူးလေး ဖြစ်စေဖို့ Lips Balm လေးရယ် တွဲရက်ပါတဲ့ Lips Care Set လေးဖြစ်ပါတယ်❤️

ဒီ Lips Care Set လေးဟာ Beauty Care By May ရဲ့ ပထမဦးဆုံးထွက်ရှိခဲ့တဲ့ First Ever Item လေးဆိုလဲ မမှားပါဘူး

💬နှုတ်ခမ်းသား အရောင်မညီလို့ စိတ်ညစ်နေသူလေးတွေ
💬နှုတ်ခမ်း အရမ်းခြောက်တတ်လို့ စိတ်ညစ်နေသူလေးတွေ
💬matte lips sticks လေးတွေ အဆိုးများလို့ နှုတ်ခမ်းအရစ်လေးတွေ ညိုမဲနေသူလေးတွေ
💬နှုတ်ခမ်းသားလေးတွေ တွန့်နေလို့ စိုစိုဖူးဖူးလေး ဖြစ်ချင်သူလေးတွေ အတွက် Lips Care Set လေးကတော့ ကွက်တိဖြစ်နေမှာပါနော်❤️

-Strawberry Lips Scrub လေးမှာ Shea Butter, Sweet Almond Oil ,Honey နဲ့ နူးညံ့တဲ့ sugar လေးတွေကို အသုံးပြုထားတာကြောင့် တခြားပုံမှန် scrub တွေလို ကြမ်းကြမ်းကြီး မဟုတ်ပဲ နူးနူးညံ့ညံ့လေးနဲ့ နှုတ်ခမ်းသားတွေ ကို Massage လုပ်ပေးနေသလို feeling လေးရရှိနိုင်မှာ ဖြစ်ပါတယ် ❤️
- အနံ့လေးတွေ အနေနဲ့ စတော်ဘယ်ရီနဲ့ မက်မွန်သီးနံ့ သင်းသင်းလေး ၂ မျိုး ရရှိနိုင်ပါတယ်ရှင့်

( အသုံးပြုပုံ- နှုတ်ခမ်းလေးကို ရေစင်အောင်ဆေးပြီး Scrub လေးကို နှုတ်ခမ်းသားပေါ်မှာ သကြားလေးတွေ ကြေတဲ့အထိ ဖြေးဖြေးချင်း ပွတ်ပြီး massage လုပ်ပေးပါ ၊ ရေနွေးနွေးလေးနဲ့ ဆေးချပြီး ပဝါလေးနဲ့ သုတ်ပေးပါ)( တပတ် ၂-၃ ရက်သာ တိုက်ပါ)

(ကြာရှည်ခံဆေးနဲ့ chemical ဆိုးဆေးများ လုံးဝမပါဝင်ပါ)

-Happy Rose
ဒီ lips balm လေး မှာ Vitamin E နဲ့ ပျားရည် တို့
ပါဝင်ပြီး ကြာရှည်ခံဆေး လုံးဝမပါဝင်တာကြောင့် နှုတ်ခမ်းလေးပေါ်ဆိုးထားရင်းနဲ့ ချိုချိုလေးမို့ လျှာလေးနဲ့ သပ်သပ်ပြီး စားလို့တောင် ရပါတယ်ရှင့်😍

-Happy Rose အရောင်လေးကတော့ နှင်းဆီနီလေး ဖြစ်တာကြောင့် ကိုယ့် နှုတ်ခမ်းသားလေးကို ဖူးဖူးရဲရဲလေး ဖြစ်ချင်တဲ့ Beauties လေးတို့အတွက် ဖြစ်မှာပါ❤️

(အသုံးပြုပုံ -lips Scrub တိုက်ပြီးချိန်၊ ညအိပ်ခါနီးအချိန်၊ မနက်မျက်နှာ သစ်ပြီးချိန်မှာ သာမန် balm or lips stick လေး ဆိုးသလို ဆိုးရင် ရပါပြီနော် )
(Lips Balm လေးကတော့ နေ့တိုင်း အသုံးပြုနိုင်ပါတယ်)

(ကြာရှည်ခံဆေးနဲ့ chemical ဆိုးဆေးများ လုံးဝမပါဝင်ပါ)

ဒီ Lips Care Set လေးကတော့
Lips Scrub နဲ့ Lips Balm လေး နှစ်ခုပေါင်းမှ
၉,၀၀၀ ကျပ် ❤️ပဲ ကျသင့်ပါတယ်ရှင်

Beauty Starts With Skin!

17/03/2022

May’s Weekly Beauty Advice : Double Cleansing

Skin ကတော့ Care နေပေမယ့် ဘာသုံးသုံး အဆီဖုထွက်နေတုန်းဆိုရင်တော့ ဒီ Knowledge Sharing လေးက Beauites လေးတို့အတွက် ဖတ်ရတန်မယ့်စာလေးပါပဲ❤️

မေတို့ Skin Layers တွေထဲကမှ အပေါ်ဆုံးအလွှာဖြစ်တဲ့ Epidermis (Skin Barrier) ဟာ နေ့စဉ်နဲ့အမျှ ဖုန်မှုန့်၊နေရောင်ခြည်ဒဏ်နဲ့ လေထုညစ်ညမ်းမှု့ကို ခံစားရလေ့ရှိပါတယ်။ဒါကြောင့်လဲအသားအရေတွေပျက်စီးကြတာပါ။

ဒါ့အပြင် မေတို့ Body က သူ့သဘာဝအလျောက် Oil production & Sweat Production ဆိုတာရှိတာမို့ ကိုယ့်အသားအရေပေါ် ဖုန်မှုန့်အညစ်အကြေးတွေက လာကပ်တဲ့အခါ မေတို့ရဲ့ Sebum လေးတွေမှာ လာပိတ်ပြီပေါ့။
တခါတလေ အပြင်ကမသွားပဲ အိမ်ထဲမှာနေရင်တောင် ညနေပိုင်း Wet tissue နဲ့သုတ်လိုက်ရင်တောင် မဲမဲတွေ cotton Pad မှာ ပါလာတာမျိုး သတိထားမိမယ်ထင်ပါတယ်။

နောက်ပြီး အပြင်သွားစရာရှိတဲ့အခါ Make up ခပ်ပါးပါးတော့ အနည်းဆုံးလိမ်း ကြတယ်မလား? အဲထဲမှာ Skincare Step တွေအပြင် Primer, Foundation, Two Ways Power , Blusher , Liner , Mascara စတာတွေကို လိမ်းခြယ်တဲ့အခါမှာလဲ အရေပြားအပေါ်ယံလွှာရဲ့ sebum လေးတွေမှာ သွားပြီး Block ဖြစ်ပါတယ်။ အထူးသဖြင့် Full coverage ဖြစ်တဲ့ Foundation လိမ်းသူတွေ ပိုလို့တောင် သတိထားရပါဦးမယ်။

လိမ်းထားတာတွေကို သန့်စင်ဖို့ဆိုရင် ရိုးရိုးတာဝန်ကျေရုံ မျက်နှာသစ်လ်ိုက်တာနဲ့ အကုန်ပြောင်စင်သွားမယ်လို့ ထင်နေရင်တော့ အဆီဖုနဲ့ဝက်ခြံတွေအစုလိုက်အပြုံလိုက် ပေါက်လာမယ့်အပြင် ဘယ်လောက်ဈေးကြီးတဲ့ Skincare သုံးသုံး အသားအရေက ကောင်းမလာနိုင်ပါဘူး။ 😢

ကိုယ်သုံးသမျှ Skincare တွေကို ထိရောက်စေဖို့ဆိုရင် မျက်နှာက သေချာသန့်စင်နေမှသာ ဖြစ်မှာပါ။ဒါဆိုသန့်စင်အောင် ဘယ်လိုမျိုး Cleansing လုပ်မလဲ? 🧐

✅Double Cleansing ကို သေချာလုပ်ရပါမယ်။ဒါဆို Double Cleansing ဘယ်လိုလုပ်မလဲ?

😇Step-1 မိမိအသားအရေနှင့်လိုက်ဖက်သည့် Make Up Remover ကို ရွေးချယ်ခြင်း

Make Up Remover တွေကိုရွေးချယ်တဲ့အခါ Oily Acne Skin & Combination Skin ဆိုရင် Micellar water , Bi-Phase Cleanser , Gel Cleanser စတာတွေက်ုရွေးချယ်ပြီး ပထမဆုံး သန့်စင်ရပါမယ်။

Normal To Dry skin တွေဆိုရင်တော့ Cleansing Cream ,Cleansing Oil, Cleansing Balm , Bi-Phase Cleanser,Cleansing Milk စတဲ့ အမျိုးအစားတွေကိုရွေးခြယ်ရပါမယ်။

အသားအရေပေါ်မူတည်ပြီးမှန်မှန်ကန်ကန်ရွေးခြယ်မှု့က အရေးအကြီးဆုံးပါပဲ ။ ❤️

ဒါကို ပထမအဆင့် သန့်စင်ခြင်းလို့ခေါ်ပါတယ်။

Cleanser အမျိုးအစား တွေထဲက Micellar water ဆိုရင် cotton Pad ကိုတို့ပြီးမှ မျက်နှာပေါ်တင် သုံးရတဲ့ပစ္စည်းမျိုးဖြစ်ပြီး ၊ တခြားသောအမျိုးအစားတွေအကုန်နီးပါးက အသားပေါ်လိမ်း Massage လုပ်ပြီးမှ Cotton pad နဲ့ အကုန်လုံးဖယ်ရပါမယ်။Cotton Pad မှာ မိတ်ကပ်တွေမပါလာတဲ့ထိသန့်စင်ပြီးမှ Step-2 ကိုသွားရပါမယ်။ Step -1မှာ ရပ်ပြီး အိပ်လိုက်လို့မရပါဘူးနော်🙅‍♀️

😇Step -2 မိမိအသုံးပြုနေကျ Facial Foam, Facial Cleanser, Facial Bar Soap စတာတွေနဲ့ သန့်စင်တဲ့အခါ အသားပေါ်တိုက်ရိုက်တင်သုံးတာမလုပ်ပဲ လက်ထဲမှာပဲ အမြှုပ်ထွက်လာတဲ့ထိ ပွတ်ပြီးမှ ထွက်လာတဲ့ အမြှုပ်လေးတွေနဲ့ သေချာနေရာတကျ Massage လုပ်ပြီး သန့်စင်ရမယ်နော်

အထူးသဖြင့် ကျန်ခဲ့တတ်တဲ့ နေရာတွေက နဖူးစပ်တွေ၊ နှာခေါင်းဘေးတွေ၊ Jaw line တွေ မို့ ရေနဲ့ပြန်သန့်စင်ပြီးတဲ့အခါ လက်နဲ့စမ်းကြည့်ပါ အဆီလိုချောနေတာတွေရှိသေးလားဆိုတာကို !
မရှိတော့ရင်တော့ Double cleansing ကပြီးပါပြီ Yayyyyyy😶‍🌫️🥳

Double Cleansing ပြီးတဲ့အခါ မဖြစ်မနေသုံးရမယ့် Step က Toner ပါ။ ✅
Toner ဘာလို့သုံးလဲ? မေတို့ Double Cleansing ပြီးတဲ့အခါ မေတို့သုံးထားတဲ့ Soap, Cleanser တွေပေါ်မူတည်ပြီး မေတို့အရေပြား PH Level 4.5 to 5.5 ရှိရမှာကို တခါတရံ PH Level 7,8 လောက်ထိတက်တာ မျိုးအများဆုံးဖြစ်တတ်တာမို့ Skin PH Unbalanced ဖြစ်သွားတာက်ို Toner ကနေ 4.5 to 5.5 ကိုပြန်လည်ရောက်အောင် ပြန်ညှိပေးမှာဖြစ်ပါတယ်။

Skin PH Balance မဖြစ်ရင် အသားယားယံတာ၊ Allergies ထတာမျိုးတွေဖြစ်တတ်ပါတယ်။😢

ဒါကြောင့် Toner က Must use ပါ။ ပြီးမှ Serum , Moisturizer နဲ့ အစရှိတာတွေကို လိမ်းရမှာဖြစ်ပါတယ်။

ဒါဆိုရင် ဒီတပတ်မှာ မေက Double Cleansing နဲ့ Toner အကြောင်းလေး Sharing လုပ်သွားတာဖြစ်ပြီး နောက်တပတ်မှာတော့ Day Skin Care Routine & Night Skincare Routine အကြောင်းလေး Sharing လုပ်ပေးဦးမှာမို့ မေတို့ရဲ့ Beauty Care By May ရဲ့ Page လေးကို Follow or See First လုပ်ပြီးစောင့်မျှော်ပေးပါဦးရှင်။

Beauty Starts With Skin!

15/03/2022

🤩🤩🤩

Photos from Beauty Care By May Mandalay Official's post 15/03/2022

Lips scrub reviews လေးတွေ 😍

05/03/2022

Live shi tal naw YGN page mr 💕

Saturday Live @ 9 pm ❤️

Hello Beauties လေးတို့ရေ

ဒီ ည 9 နာရီ မှာ မေ Live Session လေး တခု လုပ်ဖို့ အစီအစဉ်ရှိပါတယ်❤️

​Beauties လေးတို့ Facial skin care, Body care, Hair care နဲ့ ပတ်သတ်လို့ သိချင်တာ မေးချင်တာလေးတွေ ရှိရင် Cmt မှာ မေးထားလို့ ရပါတယ် ရှင်
Live အတွင်းမှာ လာမေးလဲ ရပါတယ်ရှင်

မေက Beauties လေးတို့နဲ့ စကားတွေ ပြောမယ် သိချင်တာလေးတွေ ရှိရင် ရှင်းပြပေးသွားမှာပါရှင့်❤️

ဒါဆို ည ၉ နာရီ တက်ခဲ့နော် 😍

Beauty Starts With Skin!




&A

02/03/2022

မေရဲ့ Beauties လေးတွေ သုံးရအဆင်ပြေတယ် သဘောကျတယ်ဆိုရင် မေ က တကယ် ဝမ်းသာရပါတယ်❤️

We are nothing without our customers❤️

Beauty Starts With Skin!

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay