Broken Poem
Male
မျိုချခဲ့ပါ့မယ်
အဆိပ်တွေမှန်းသိရဲ့နဲ့
ခါးသက်သက်ဝေဒနာတွေကိုတော့
အသက်မရှုချင်ခဲ့ဘူး
ရင်ခွဲပေးပါ့မယ်
မလိုအပ်ဘူးထင်ပေမယ့်
မင်းတစ်ခါပြန်တွေ့ရမယ့်
ဆူးခင်းလမ်းအရောက်မှာ
ငါ့နှလုံးသားလေးချနင်းဖို့
ပြုံးထားပေးပါ့မယ်
ဒါမှမကျေနပ်ရင်
ကိုယ့်အသည်းကိုပါးပါးလှီး
ထီးလုပ်ပြီးမိုးပေးပါ့မယ်
နင်ပျော်ရွှင်ဖို့အတွက်ပါ
Maung Hein
နာခံနေတတ်ပီ
ပါးလွှတဲ့နူတ်ခမ်းက
စေပါးတိုင်း မဝေဝါးနေတတ်ခဲ့
ထွက်ကျလာတဲ့ စကားလုံးတိုင်းကို
ငါ့ဘက်ကအိမန့်လို သဘောထားတတ်ပီ
ရိုးရိုးသားသားပြောရရင်
ခုငါအရမ်းပင်ပန်းနေတယ်ဟာ
ဝေးကွာနေတဲ့ နင့်ရဲ့လက်ကို
ပြေးကိုင်ချင်ပေမယ့်
ရောင်နီလာမယ့် နံနက်ခင်းတိုင်းမှာ
နင်ပြောသလို အနာဂတ်အတွက်
ငါကြိုးစားနေဆဲပါဟာ
Maung Hein
Feeling😥😥😥
ယိုင်နဲ့နဲ့စကားလုံးအောက်က
အထီးကျန်ဆန်နေခဲ့တဲ့ဘဝကိုမင်းနာမလည်ပါဘူး
အလင်္ကာမရှိတဲ့ကဗျာတစ်ပုဒ်အောက်က
ရသတွေကိုမင်းနားမလည်ပါဘူး
နွမ်းဖတ်နေတဲ့ပန်းတစ်ပွင့်အောက်က
ဥယာဉ်မှူးဘဝကိုလည်းမင်းနားမလည်ပါဘူး
နှလုံးသားနဲ့ရင်းပီးချစ်ခဲ့တဲ့ငါ့ရဲ့အချစ်ကိုလည်း
မင်းနားလည်နိုင်မာမဟုတ်ပါဘူးဟာ
In my heart
Maung Hein
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
