EMS Luxury House
Fake Account များကို reply မပြန်ပါ.
06/07/2026
Dior Backstage Glassy Glow Stick
2026 New Release
Instock 2သိန်းကျော်
ခုကောင်မလေးတွေအိတ်ထဲမှာ Lipstick 1ချောင်းအပြင် Glass Stick 1ချောင်းပါပါလာပြီနော်
Trend တွေပြောင်းသလို Look တွေလည်းပြောင်းလာကြတယ်
Makeup ထူထူ Eyeshadow ထူထူ Dark Toneတွေထက် သဘာဝနဲ့ နီးစပ်တဲ့ ပြင်ဆင်မှု soft toneလေးတွေနဲ့ ကြည်လင်နေတဲ့ Clean lookလေးတွေဦးစားပေးလာကြတယ်
ဒီပြင်ဆင်မှုတွေမှာ သဘာဝကျ အထာကျတဲ့
Highlighter or Lighting Powder တွေရဲ့ Roleက
လိုချင်တဲ့ look လေးကိုပါးပါးလျလျနဲ့ပေးနိုင်ဖို့
အရေးကြီးလာပြီ
Brand တိုင်းကလည်း Texture မျိုးစုံ Packaging မျိုးစုံနဲ့ ဒီနှစ်ထဲအတော်ထုတ်ချလာပါပြီ
ကိုယ်ကတော့ Dior Backstage ရဲ့ Glass Stickလေး
ရွေးချယ်ပေးထားပါတယ်
* ✨ Glass Skin Glow ပေးတဲ့ Cream Highlighter Stick
* 💎 အရမ်းနူးညံ့တဲ့ creamy texture ဖြစ်ပြီး အရေပြားပေါ်မှာ အလွယ်တကူ blend လုပ်လို့ရတယ်။
* 💦 Powder မဟုတ်လို့ ခြောက်သွေ့တဲ့ Skin ပေါ်မှာလည်း Patchy မဖြစ်ဘူး။
* 🌟 Natural glow ကနေ Glass Glow အထိ Buildable ဖြစ်တယ်။
* 👜 Stick ပုံစံဆိုတော့ Touch-up လုပ်ရလွယ်ပြီး အိတ်ထဲသယ်ရအဆင်ပြေတယ်။
* ✨ Wet Look / Glass Glow Finish
* Glitter အကြီးစားမဟုတ်ဘဲ Fine Pearl Glow ဖြစ်လို့ Luxury Look ရတယ်
Cheek ပေါ်တင်မကပဲ
* Nose Bridge
* Brow Bone
* Cupid’s Bow
* Inner Corner of Eyes
* Collar Bone စွယ်စုံသုံးလို့ရတယ်
အခုဆို Blusher သီးသန့်ပဲ အဝယ်များတဲ့ အမတွေကအစ ကြည်ကြည်ဝင်းဝင်းလေးဖြစ်ချင်တာဆိုပြီး
Highlights Stick လေးတွေ စိတ်ဝင်စားကုန်ကြပြီ💕🌺🪸
စာကူးယူခြင်း သီးခံပါ ❌
06/07/2026
Outfit ခပ်မိုက်မိုက်နဲ့ တွဲဖို့ Lipstick အရောင်
မိုက်မိုက်လေး
Chanel Allure Liquid Velvet ထဲက
232 အရောင်လေး Instock
Swatch လေးလည်းလုပ်လာတာမို့
ဘယ်လောက်အထာကျလည်းဆို Chanel ကနေပဲ
ရနိုင်မယ့်အရောင် Liquid Velvet Seriesမို့
Lasting လေးဖြစ်ပြီး ခပ်သိပ်သိပ် Texture လေး
Instock 2သိန်းအကျော် 💕🌺🪸
06/07/2026
Chanel Hydra Beauty Micro Liquid Essence
Instock
Chanel HYDRA BEAUTY MICRO LIQUID ESSENCE
💦🫧 Microfluidic Technology ကို အသုံးပြုထားတဲ့ Chanel ရဲ့ ပထမဦးဆုံး Essence In Lotion Type ပါ
💦🫧သေးငယ်တဲ့ microbubbles လေးတွေထဲမှာ skin ကို လွန်စွာ moisture ဓါတ်ပေးနိုင်တဲ့
camellia flowers extracts တွေပါဝင်ထားပြီး
လိမ်းလိုက်တဲ့အခါမှ bubbles လေးတွေပေါက်ထွက်ပြီး အသားထဲစိမ့်ဝင်ပြီး Refresh ဖြစ်ဖြစ်အကျိုးပြုနိုင်အောင်ရည်ရွယ်ထားတဲ့
ပထမဆုံးသော microbubbles အလုံးလေးတွေနဲ့
Essense Lotion ပါ
💦🫧 ဒါ့ကြောင့် skin nourishing ကို ညလိမ်း မနက်မှာတင် သိသိသာသာ အဟာရပြည့်စိုပြေကျန်းမာလာတာကိုတွေ့ရမှာပါ
💦🫧Skin ကရေဓါတ်ပြည့် ပြန်လည်ကျန်းမာလာတာနဲ့အမျှ ကြည်လင်စိုပြေလာပြီး ပြန်တင်းလာတာကြောင့် အရေးကြောင်းလေးတွေလည်း
လျော့ပြီး ပြန်တင်းသွားသလို Radiant Finish လေးဖြစ်စေပါတယ်
💦🫧ပြန်လည်ကျန်းမာလာပြီး အဟာရပြန်ပြည့်လာတာကြောင့် ထပ်လိမ်းမယ့် serum moisturizer တွေရဲ့ effect ကို power အပြည့်ပြန်ရစေတာမို့ skin လေးကောင်းသထက်ကောင်း
ပြန်ကျန်းမာလာတာကို လက်တွေ့တွေ့ရမှာပါ
💦🫧Alcohol Freely Sulphate Free ဖြစ်တာမို့
All Skin Type သာမက Sensitive Acne နဲ့
Skin Layer ထိထားလို့ပြန်မွေးနေတဲ့သူလေးတွေအတွက် ပြန်လည်ရှင်သန်ကုစားမှုအားကောင်းတဲ့
Chanel ရဲ့ camellia flowers extracts တွေပါတဲ့
Essence Lotion ပါ
💦🫧မနက် ည အသုံးပြုနိုင်ပြီး Dewy Texture လေးမို့ လက်လေးနဲ့အသုံးပြုပေးပါ
💦🫧ရေရှည် စွဲသုံးပေးမှသာ အာနိသင်သက်ရောက်မှုကိုပိုခံစားရတာမို့skinလေးအားပြည့် ကျန်းမာတဲ့ထိ အသုံးပြုနိုင်ပါတယ်
စာကူးယူခြင်း တစ်စိတ်တစ်ပိုင်းခိုးယူခြင်း သီးခံပါ ❌
06/07/2026
Chanel 2025 New
•Chanel Hydra Beauty Micro Sérum Intense
30ml Instock
Camellia micro‑droplets ကို အသုံးပြုထားတဲ့ patented Microfluidics Technology နဲ့ create လုပ်ထားတာကြောင့် skinပေါ်မှာထိတွေ့တိုင်း စိမ့်ဝင်ပြီး Fresh ဖြစ်တဲ့ active ingredients များကိုrelease လုပ်ပေးပါတယ်
ဒါ့ကြောင့် ၂၄ နာရီအထိ စိုပြည့်စေပြီး အရေပြားကို plump သိမ်မွေ့စေမှာဖြစ်ပါတယ်
• Camellia Alba OFA က
intense plumping effect နဲ့ အစိုဓါတ်ထိန်းပေးတဲ့ skin barrier ပြန်လည်အားကောင်းစေတယ်
• Camellia Alba PFA ကhyaluronic acid လိုလုပ်ဆောင်မှုနဲ့hydration ပေးပါတယ်
• Blue Ginger PFA — antioxidant အာနိသင်ရှိပြီး skin protection နှင့် cellular defense တိုးစေတာမို့ ဒီခေါက် New Serum က Hydration ပေးထာထက်ပိုပါတယ်
•လစဉ် အသုံးပြုပြီးနောက် skin hydration level 33% တိုးတက်လာပြီးPlumping 32% တိုးတက်လာတာကြောင့်အသားရေ စိုပြည်ပြီး ရေဓါတ်ပြည့်ကျန်းမာလာတာကို ခံစားရမှာပါ Texture က lightweight gel စိမ့်ဝင်ပျော်ဝင်လွယ်ပြီး non greasy မို့ comfortable လည်းဖြစ်တယ်🌸☘️💕
စာကူးယူခြင်း သီးခံပါ ❌
05/07/2026
ဘယ်နှစ်ချောင်းပါပါ အမြဲကုန်တဲ့ အရောင်လေး
Dior Lip Glow 2025 New
006 Berry
Instock 175000mmk
MDY only COD Available
ဥထားတဲ့အရောင်လေး Instock
Lip Glow ထဲကမှ ပန်းဆီလေးလည်းဆိုးချင်တယ်
အရောင်လေးထင်းချင်တယ် နှုတ်ခမ်းသားလည်းမပျက်စီးချင်ဘူး ဆောင်းတွင်းမှာတစ်ချက်ခုတ်
နှစ်ချက်ပျက်ဆို ဒီအရောင် 006 Berry လေးအရမ်းလှနော်
New Formula မှာက Shine and Oil ပိုဖြစ်ပြီး
အရောင်လေးတွေလည်းပိုထင်းလာတယ်
Hydration ကိုလည်းပိုပေးလာနိုင်တယ်
Berry လေးကတော့ပွဲတက်ထိပါ ဆိုးလို့ရတဲ့
အရောင်လှလေး💕🌸☘️
စာကူးယူခြင်း သီးခံပါ ❌
05/07/2026
35ml လေးတွေ အမှာများတယ်🪸🌺💕
05/07/2026
Miss Dior Essence Perfume လေးတွေ
ခုတလော ထပ်မှာကြတယ်🌺💕🪸
2025 New Miss Dior Essence
1st Batch Arrival 💕🌺🪸
2nd Batch will be soon 💕🪸🌺
05/07/2026
Dior Capture Totale OX C Treatment
Le Serum 50ml
75ml
Instock
Dior Capture Totale Series က
Anti Aging Benefit ပေးတဲ့
Budget Friendly လည်းဖြစ်တဲ့
Dior Skincare lineup ထဲကပါ
☘️Diorရဲ့နည်းပညာအသစ်OX-C Treatment ကိုအသုံးပြုထားတဲ့အသားအရေ ပြန်လည်တိုးတက်မှုဖြစ်စဉ်ကို မြှင့်တင်ပေးသော နေ့စဉ် အသုံးပြုနိုင်သော serum ပါ
☘️ အသားအရေထဲသို့ အောက်စီဂျင် ပို့ဆောင်မှုကို မြှင့်တင်ခြင်းဖြင့် collagenထုတ်လုပ်မှုကို တိုးတက်စေတာကြောင့် အသားရေတင်းရင်းမှုကို
နဂိုထက် 4ဆလောက်ပြန်သိသာစေတယ်
☘️Skin ထိခိုက်ပျက်စီးလွယ်မှု လျော့နည်းလာစေတယ်
☘️97% Natural Base Production မို့ skin type မရွေးသုံးလို့ရပါတယ်
☘️Oxygen လုံလောက်စွာမရတဲ့ skin တစ်နည်း
Hypoxia condition မှာ skin ဟာ ကြည်ကြည်လင်လင်မရှိတော့ပဲ ညစ်နွမ်းလာမယ်
☘️အရွယ်မတိုင်မှီ အိုမင်းလွယ်တဲ့ signs တွေပေါ်လာပြီး ကျန်းမာပြီး အဆီနဲ့ရေ မျှတနေတဲ့
Skin Barrier ကိုဆုံးရှုံးလာရမယ်
☘️ဒါ့ကြောင့် လိုအပ်နေတဲ့ Oxygen ကိုပြန်လည်ပေးဖို့ Dior က OX-C Treatment
Technology ကို Research တွေအကြာကြီးလုပ်ပြီး Capture Totale Series ကို Introduce
လုပ်လိုက်တာပဲဖြစ်ပါတယ်
စာကူးယူခြင်း သီးခံပါ ❌
05/07/2026
Dior Hydra Life Sorbet Cream Moisturizer 50ml
Instock
အသက်ရွယ်တစ်ခု ရောက်ရင် Skin Dehydration ကလည်း ဖြစ်လာတာပဲမို့ External Hydration ကနေလည်း အစိုဓါတ် ထိန်းပေးဖြည့်ပေးတဲ့
Moisturizer Step က သုံးကိုသုံးပေးရတယ်
အစိုဓါတ်မရတဲ့ skin ဟာ ရေခမ်းတဲ့ ကန်ခြေ မျက်နှာပြင်လိုပဲ တင်းခြောက် ပက်ကြားအက်လာတယ် Skin လည်း ဒီလိုပဲ တင်းခြောက်တဲ့အခါ
အရေးကြောင်းတွေဖြစ်လွယ်တယ် အဆီထွက်နှုန်းပိုများလာတယ်
ဒါ့ကြောင့် Moisturizer step ကိုမကျော်ရင် ပိုကောင်းပါတယ်🌺🪸
Dior Hydra Life Sorbet Water
Moisturizing Cream 50ml
ကျန်းမာတဲ့ Skin Healthy Skin ဖြစ်ဖို့ အခြေခံအကျဆုံး အရေးကြီးဆုံးက ရေဓါတ်ပြည့်ဝကြည်လင်ဖို့အစိုဓါတ်ပြည့်ဝဖို့ပါ
💧ဒါကြောင့် Cosmetic Series တိုင်းမှာ
Hydra series တွေကို ထည့်ထုတ်လာတာပဲဖြစ်ပါတယ်
💧ရေဓါတ်ဆုံးရှုံးတဲ့အခါ
-အသားရေက Sensitive ဖြစ်လွယ်ပီး အမဲစက်
ဝက်ခြံ နဲ့ အဖု ထွက်လွယ်လာမယ်
-အစိုဓါတ်လိုတဲ့ခါ Sebum တွေကနေ အဆီထုတ်များပြီး အဆီအရမ်းပြန်လွန်းလာမယ်
-အသားရေ ကျုံနိုင်ဆန့်နိုင်အားနည်းလာပီး
အရေးကြောင်းတွေ ပိုထင်းလာပါတယ်
-Fine Lines/ Wrinkles တွေပိုသိသာလာပီး
အရွယ်မတိုင်မီ အသားရေက အိုမင်းရင့်ရော်လာပါတယ်
💧Dior ရဲ့ အခုမိတ်ဆက်ပေးမဲ့ Hydra Life လေးက
ဆယ်ကျော်သက်နဲ့ ဆယ်ကျော် 3ခါလောက် သက်သူတွေတွက် ရေဓါတ်ပြည့်ဝပြီး ကျန်းမာစိုပြေတဲ့ အသားရေဖြစ်ဖို့ ထုတ်ပေးထားပါတယ်
💧Even Sensitive ဖြစ်တဲ့ အသားရေကိုတောင်
ပြန်ပြီး recovery လုပ်ပေးနိုင်တဲ့ Seriesလေးပါ
💧ပါဝင်တဲ့ Jasmine water and mallow တွေက
Skinကို Soft ဖြစ်စေပြီး ရေဓါတ်အပြည့်အဝပေးပါတယ်
💧Powerful Prebiotics တွေက Skin Flora ကို Stabilize လုပ်ပေးတာကြောင့် တနေ့ပီးတနေ့ အသားရေက ကြည်လင်ကောင်းမွန်လာပါတယ်
💧အဆီ ဝက်ခြံနဲ့ အဖုထွက်တာတွေ သက်သာလာမယ်
Test Results
-36% Skin ကပိုပြီး ရေဓါတ်ပြည့်ဝ စိုပြေကျန်းမာလာမယ်
-55% နူးညံ့ ချောမွေ့လာမယ်
-13% ချွေးပေါက်ဖြစ်ပေါ်နေတာလေးတွေ နည်းလာမယ်
စာကူးယူခြင်းသီးခံပါ❌❌❌
05/07/2026
Chanel LE Tonique
Anti Pollution Toner
Instock Available
သဘာဝပတ်ဝန်းကျင်နဲ့ လေထု ညစ်ညမ်းမှုတွေကနေ သက်ရောက်လာတဲ့ Skin ပျက်စီးမှုကို
ကာကွယ်ဖို့ ကုစားဖို့ Skincare တွေမှာ
Anti Pollution Series တွေကို Innovate လုပ်လာကြပါပြီ☘️🌸
Chanel မှာတော့ Le Tonique Series အနေနဲ့
Anti Pollution Soothing and Fresh Tonerလေးရှိပါတယ်
🌸Main Active Ingredient 2ခုဖြစ်တဲ့
🌸Blue micro algae က pollution ကြောင့် cells တွေအားနည်းလာတာ Aging ကိုအလွယ်တကူ ဖြစ်လာစေတာတွေကာကွယ်ပေးထားပါတယ်
🌸Marine Salicornia extracts က skin ရဲ့ ခံနိုင်ရည်အားကို တိုးမြှင့်ပေးပြီး အစိုဓါတ်ကြာကြာထိန်းနိုင်အောင် ပြုပြင်ပေးပါတယ်
🌸ဒီ 2ခုပေါင်းစပ်ထားတဲ့ Le Tonique Toner ဟာ Skin ကို Morning ပိုင်းမှာ
Refresh Soothing Benefits and pure transparent glow ကြည်ကြည်လေးဖြစ်လာစေပါတယ်
🌸ညပိုင်းမှာတော့ Makeup အကြွင်းအကျန်
ဖုန် မီးခိုး လေထုညစ်ညမ်းမှုကနေရလာတဲ့
အဆိပ်တောက်တွေကို သန့်စင်ပေးပြီး
ဆက်လိမ်းမယ့် Serum Moisturizer တွေရဲ့ အာနိသင်ကို အပြည့်အဝ ရရှိစေမယ့် Skin Layer လေးဖြစ်စေပါတယ်
🌸Soothing Alcohol Free Toner မို့
Very Sensitive ကစ စိတ်ချလို့ရပြီး
🌸ဖုန် အမှုန် မီးခိုးကြား အလုပ်ချိန်များတဲ့သူလေးတွေ Sensitive ဖြစ်လွယ်သူ
🌸အဆီပြန် လွန်း အသားခြောက်လွန်း
🌸Skin က Aging Sign တွေသိသိသာ ခံစားနေရတဲ့သူလေးတွေ ရွေးသင့်တဲ့ Toner ပါ
စာကူးယူခြင်း သီးခံပါ❌
160ml Instock
Direct from UK 🇬🇧
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Chan Mya Thar Si Township
Mandalay
