Nwe Ni Naing Win
skincare&beauty
Toner
Tonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျိုးဖြစ်ပါတယ်။တိုနာအာနိသင်က အညစ်အကြေးကို အဓိကဖယ်ရှားသန့်စင်ပေးတာ ဖြစ်တယ်။ မျက်နှာသစ်တွေသုံးပြီး ကျန်နေနိုင်တဲ့ အညစ်အကြေးကို တိုနာကကောင်း ကောင်း ဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး မျက်နှာအဆီပေါက်တွေကို ကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေတယ်။ အထူးသဖြင့် မိတ်ကပ်သုံးသူ နဲ့ Sunscreen သုံးသူ အများစုဟာ တိုနာသုံးသင့်တယ်။
#ချစ်တဲ့အနိုင်
21/08/2022
အာချီလို whitening creamတွေစွဲသုံးရင် တင်းတိပ် စွဲတတ်လား....??
အာချီ၊ ပရိုမီနာတို့လို whitening ပါတာတွေစွဲသုံးရင် တင်းတိပ်စွဲတတ်ပီးအသားရေပါးတတ်တယ်။
ဒါဆို ပစ္စည်းမကောင်းတာလားမေးရင် ပစ္စည်းမကောင်းတာမဟုတ်ဘူးနော်။ ပစ္စညိးတိုင်းကသူ့ဟာသူကောငိးကြပါတယ်။
Whitening effect ရဖို့chemicalတွေထည့်ကြရတယ်။ သဘာဝတိုင်းဖြူစေမယ့်အသီးအနှံတွေနဲ့ထုတ်ထားတဲ့ တချို့ Whitening creamတွေကိုတော့မဆိုလိုပေမယ့် whitening ချည်းပဲပါတဲ့ မိတ်ကပ်tone up creamတွေကိုတော့ စွဲသုံးရင် အသားရေပါးလာတာမျိုးတွေ၊ ခရုသင်းစွဲတာမျိုးတွေဖြစ်တတ်ပါတယ်နော်။
Whitening effect chemical တွေက မျက်နှာနဲ့အမြဲတိုက်ရိုက်ထိတွေ့ပါများလာတဲ့အခါ အရေပြားအလွှာတွေကိုတိုက်စားလာပြီး အစိုဓာတ်ကိုစုပိယူတတ်ပါတယ်။
အရေပြားအလွှာကအစိူဓာတ်တွေတဖြည်းဖြည်းကုန်လာရင်တော့အမဲစက်၊တင်းတိပ်တွေနဲ့ခရုသင်းစွဲတတ်တာမျိုးတွေဖြစိနိုင်ပါတယ်။
ဒါဆို side effect နည်းအောင်ဘယ်လိုသုံးရမလဲ
ဆိုတော့
➡Whitening creamတွေကိုမျက်နှာပေါ်တိုက်ရိုက်
မတင်ပါနဲ့။
➡Whitening creamလိမ်းပြိး နေပူထဲတန်းမထွက်
သင့်ပါ။
➡Whitening creamတွေမလိမ်းခင် အစိူဓာတ်သေ
ချာဖြည့်ပေးပါ၊ ကြားထဲskincareလုပ်ပီးမှသာ
နောက်ဆုံး အဆင့်အနေနဲ့သူံးပါ။
➡Whitening creamသုံးပိးတိုင်းညဘက်Double
Cleansing သေချာပြနိလုပ်ပါနော်။
✅ဒီလိုလေးသုံးရင်တော့side effectနည်းနိုင်ပါတယ်ရှင့်...။
တကယ်လို့လက်ရှိ ပရိုမီနာ အာချီတွေကိုမျက်နှာပေါ်တိုက်ရိုက်တင်နေသေးရင် မလုပ်ကြနဲ့တော့နော်
အပေါ်က မင်မင်ပြောသလိုလေးလိုက်နာမယ်ဆို
side effect နည်းပါတယ်
❗အလှအပနဲ့ပက်သက်ပြီး တိုင်ပင်ချင်ရင် စာပို့ပါ
Beauty Collection
22/06/2022
ဝက်ခြံ နဲ့ အရေပြား အကြောင်း❓
~~~~~~~~~~~~~~~~
ဝက်ခြံဖြစ်ခြင်းရဲ့ အဓိက ပြဿနာ က မျက်နှာကို သေချာစင်ကြယ်အောင် မသစ်တာရယ်နဲ့ pH levels မညီတဲ့ မျက်နှာသစ် တွေကြောင့်ပဲ ဖြစ်ပါတယ်
ဒုတိယ အချက်က chemical အရမ်းပါတဲ့ skin care တွေကြောင့် မျက်နှာအပေါ်ယံလွှာတွေ ပျက်စီးသွားပြီး
နဂို normal skin အသားအရေကနေ sensitive skin ဖြစ်သွားရော
အဲလိုဖြစ်သွားတော့ ကုလို့မဆုံး တဗြုန်းဗြုန်း မျက်နှာမှာ ပြဿနာတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်သွားကြတယ်ဟုတ် 👈
အခုခေတ်မှာ လိုင်းပေါ်မှာလည်း brand ပေါင်းစုံ ပလူပြန်နေတော့ ရွေးရခတ်နေကြတယ်မလား
ဘယ်လိုရွေးမလဲ❓
ကိုယ့်အိတ်နဲ့ ကိုယ့်ဆန် နိုင်မှ ဖြစ်မှာပေါ့ (စျေးနှုန်းကို ပြောတာ 😁)
ရေရှည်သုံးရမှာဆိုတော့ budget ချိန်ရမယ်ဟုတ်
နောက်တစ်ခုက ပါဝင်ပစ္စည်းကို အရင်ဆုံးလေ့လာပါ ပါဝင်ပစ္စည်းက ကိုယ်နဲ့မတည့်တာပါနေလား ဘာလား ဘာလားပေါ့
ဝက်ခြံဖြစ်နေသူအဖို့တော့ မျက်နှာသစ်မှာ နို့မပါတာ ရွေးသုံးရပါမယ်နော်
#ချစ်တဲ့အနိုင်
04/05/2022
ဘရိုတို့အတွက်မျက်ရည်၂စက်😪😪
ဘရို တို့လည်း မအေးသောင်းရော မတ်မတ်သင် ရောထားခဲ့ဘီဆိုတော့ ကြေကွဲနေကြရောပေါ့🤧 မတ်မတ်ဆောင်းတော့ကျန်သေးတယ်နော်😁 မတ်မတ်ဆောင်းတောင်မသေချာဘူး🥺 ကျန်သလိုလို မကျန်သလိုလိုနဲ့ ဟစိလက်ထဲကအတော်လုယူရမှာ😂
26/04/2022
🔥တင်းတိတ်(Melasma)အကြောင်း
—————————– ♥♥♥♥
တင်းတိတ်ဆိုတာ နေရောင်ဒဏ်ခံရတဲ့ အရေပြားပေါ်မှာ အညိုကွက်တွေ ဖြစ်ပေါ်လာတာကို ဆိုလိုပါတယ်။ အဓိကအားဖြင့် နေရောင်တိုက်ရိုက် ထိတွေ့တဲ့ ပါးမို့ နှစ်ဖက်၊ မေးစေ့၊ နှဖူး၊ နှုတ်ခမ်းအပေါ်ဘက် နေရာတွေမှာ တွေ့ရများပါတယ်။
🌟ဘာကြောင့်ဖြစ်ရတာလဲ?
တင်းတိတ်ဖြစ်စေတဲ့ ဖြစ်စဉ်ကို တိတိကျကျ မသိနိုင်သေးပေမဲ့ တင်းတိတ် ဖြစ်စေတတ်တဲ့ အကြောင်းအရင်း များစွာရှိပါတယ်။
🔥တင်းတိတ် ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းအရင်းကတော့နေရောင်ခြည် ကြောင့်ပဲ ဖြစ်ပါတယ်။ နေရောင်မှာ ပါတဲ့ UV rays တွေက အရေပြားပေါ် ကျရောက်တဲ့ အချိန်မှာ Reactive oxygen species တွေ ဖြစ်ပေါ်လာစေပြီးတော့ အမဲရောင်ခြယ်ဓာတ် တွေကို ပိုမို ဖြစ်ပွါးလာစေပါတယ်(melanogenesis)။
🔥နောက်တစ်ခုကတော့ ဟော်မုန်းဓာတ် အပြောင်းအလဲကြောင့်လဲ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ သန္ဓေတားသောက်ဆေး အသုံးပြုချိန်တွေမှာ ဟော်မုန်းဓာတ် အပြောင်းအလဲတွေကြောင့် တင်းတိတ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
🔥နောက်တစ်ခုကတော့ မျိုးရိုးလိုက်တတ်ပါတယ်။ တင်းတိတ်ဖြစ်နေတဲ့ အမျိုးသမီး (၃၂၄) ယောက်ကို လေ့လာကြည့်တဲ့အချိန်မှာ ၄၈% က မိဘ မျိုးရိုးမှာ တင်းတိတ် ဖြစ်တဲ့သူရှိတာကို တွေ့ရှိခဲ့ပါတယ်။
🔥ရှားရှားပါးပါး အမျိုးသမီး (၂)ယောက်က ပြင်းထန်တဲ့ စိတ်ဖိစီးမှုဒဏ် ခံရပြီး တင်းတိတ်တွေ ရုတ်တရက် ဖြစ်ပေါ်လာတာကို တွေ့ရတယ်လို့ မှတ်တမ်းတင်ထားပါတယ်။
🔥အချို့သော အလှကုန်တွေကြောင့်လဲ တင်းတိတ် ပိုဆိုးစေတတ်ပါတယ်။
🌟ဘယ်လူမျိုးတွေမှာ ဖြစ်တတ်သလဲ?
တင်းတိတ်က လူမျိုးမရွေးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အညိုဖျော့ရောင် အသားအရေရှိတဲ့ လက်တင်လူမျိုးတွေနဲ့ အာရှတိုက်သားတွေမှာ ပိုအဖြစ်များပါတယ်။ အဓိကအားဖြင့် နေလောင်ဒဏ် ပိုခံရတဲ့ သူတွေမှာ အဖြစ်များပါတယ်။
🌟Sex
တင်းတိတ်က အမျိုးသားတွေမှာလည်း တွေ့ရပေမဲ့ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။
🌟တင်းတိတ်ကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြသနာတွေ ဖြစ်နိုင်သလား?
တင်းတိတ်ကြောင့် နောက်ဆက်တွဲကျန်းမာရေး ပြသနာတွေ မဖြစ်နိုင်သလို တင်းတိတ်ကနေ အရေပြား ကင်ဆာ အဖြစ်ပြောင်းလဲ သွားတာကိုလည်း မတွေ့ရှိရပါဘူး။ ဒါပေမဲ့ တင်းတိတ်တွေကြောင့် အလှပျက်ပြီး မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းလာတာ၊ စိတ်ဓာတ်ကျ အားငယ်လာတာတွေ တော့
#တင်းတိတ်
26/04/2022
☀️ ဒီရက်ပိုင်း ရာသီဥတုအလွန့်အလွန်ပူနေသည်။ ဒါကြောင့်မို့ ဒါတွေလိုက်နာကြည့်ပါ ☀️
☀️ Sunscreen လိမ်းဖို့ကိုတော့ပြောရန်မလိုလောက်တော့ပါဘူး။ Sunscreen အပြင် ထီး၊ ဦးထုပ်၊ လက်ရှည်အပါးတွေဝတ်ပြီးနေရောင်ကိုကာကွယ်ပါ။ နေမလောင်အောင်ပါ။
☀️ ရေ ၂ လီတာမဝင်ဝင်အောင်သောက်ပါ။ ရေမကြိုက်ရင် detox water သောက်ပါ။
☀️ အသားခြောက်တတ်တဲ့သူများ sheet mask ကိုနှစ်ရက်ခြားလောက်ကပ်ပါ။ Sheet mask မကပ်ချင်ရင် toner mask လေးလုပ်ကပ်ပါ။
☀️ တတ်နိုင်ရင်ဒီရက်ပိုင်းကို AHA BHA ပါတဲ့ intensive serum တွေသုံးတာရှောင်ပါ။
☀️ Face mist တွေကိုမျက်နှာပူတိုင်း တရွှီးရွှီးမဖြန်းပါနဲ့။ Dehydration ဖြစ်ပြီးတိုင်ပါတ်တတ်ပါတယ်။ မျက်နှာအေးချင်ရင် မျက်နှာပေါ်ရေစိုဖတ်လေးပဲတင်ပေးပါ။ (မျက်နှာမသုတ်ရပါ) ချွေးထွက်ရင်ချွေးသုတ်ပေးပါ။ မျက်မှန်သမားတွေ နှာထောင့်နေရာကိုသတိထားပြီးချွေးသုတ်ပေးပါ။ ချွေးအိုင်ပြီးချွေးလောင်တတ်ပါတယ်။
☀️ အပူ၊ အစပ်၊ ဆီကြော် ရှောင်ပါ။ အသီးအရွက်များများစားပေးပါ။
Stay cool. Stay safe.
25/04/2022
တိုနာကို မသုံးဘူးဆိုရင် ဖြစ်လာမယ့်
အကျိုးဆက်တွေက
မျက်နှာသစ်ပြီးသည့်တိုင်အောင်
အညစ်အကြေးမပြောင်
အဆီအညစ်အကြေးတွေ
ဆဲလ်အတွင်းပိုင်းမှာကျန်မယ် ..
ဆီရမ်ကဲ့သို့ နောက်သုံးမယ့်စကင်ကဲများဟာ အတွင်းထိ မရောက်ဘဲ အရေပြားအပေါ်ယံမှာပဲ
တင်နေမှာဖြစ်တယ်
စကင်ကဲသာလုပ်နေတယ် အာနိသင်
ထိရောက်မှုနည်းမယ်၊ ချွေးပေါက်ထဲ
အညစ်ကြေးများကျန်နေတဲ့အတွက် .....
ဘာတွေပဲသုံးသုံး ဘယ်လိုပဲသုံးသုံး
မျက်နှာညစ်နွမ်းနေမှာ
ကဲ .. ဒါဆို တိုနာ ဘာကြောင့်
အရေးကြီးလဲ သိပြီပေါ့နော် ..
ဆပ်သားခြောက်ဆိုတာအဲ့လိုခေါ်တာလား😂😂😂
18/04/2022
#အရောင်းသမားတစ်ဦးဖြစ်ဖို့လွယ်သလား? ခက်သလား?
အရောင်းသမားတိုင်းတွင်ရှိသင့်သည့် A to Z Skills များ...
အရောင်းသမားတစ်ဦးသည်…
– Adapt , Attractive , Acknowledgment
အရောင်းသမားတစ်ဦးသည် လိုက်လျောညီထွေနေထိုင်ပြောဆိုတက်ဖို့လိုအပ်ပါသည်။ (Adapt)
ဆွဲဆောင်မှု့ရှိရန်လိုအပ်ပါသည်။ (Attractive)
ဝယ်သူဖောက်သည်ကိုအသိအမှတ်ပြုရန်လိုအပ်ပါသည်။ (Acknowledgment)
- Brave
အရောင်းသမားတစ်ဦးသည် ရဲရင့်ရန်လိုအပ်ပါသည်။ (Brave)
– Communication
အရောင်းသမားတစ်ဦးသည်ပြန်ကြားဆက်သွယ်ရေးကောင်းမွန်ရန်လိုအပ်ပါသည်။
– Data
အရောင်းသမားတစ်ဦးသည်စကားပြောဆိုရာတွင် အချက်အလက် (Data) နှင့်ပြောဆိုရပါမည်။
– Eye Contact , Empathy
အရောင်းသမားတစ်ဦးသည် ဝယ်သူဖောက်သည်နှင့်ပြောဆိုဆက်ဆံရာတွင် မျက်လုံးချင်းကြည့်၍ပြောဆိုတက်ရပါမည်။ (Eye Contact) အရေးကြီးပါသည်။
ဝယ်သူဖောက်သည်ကိုစာနာတက်ရန်လိုအပ်ပါသည်။ (Empathy)
– Find , Flexible , Friendly
အရောင်းသမားတစ်ဦးသည်ခဏချင်းအတွင်းတွင်ဝယ်သူဖောက်သည်၏လိုအပ်ချက်ကိုရှာဖွေဖော်ထုတ်နိုင်ရန်လိုအပ်ပါသည်။(Find)
အရောင်းသမားတစ်ဦးသည်ဝယ်သူဖောက်သည်အပေါ်မူတည်ပြီးလိုက်လျှောညီထွေစွာပြုမှု့ဆက်ဆံတက်ရန်လိုအပ်ပါသည်။ (Flexible)
အရောင်းသမားတစ်ဦးသည်ဝယ်သူဖောက်သည်နှင့်ရင်းရင်းနှီးနှီးဆက်ဆံပေါင်းသင်းတက်ရန်လိုအပ်ပါသည်။(Friendly)
– Goal
အရောင်းသမားတိုင်းသည်ရည်မှန်းချက်ရှိသူများဖြစ်ရပါမည်။(Goal)
– Honestly speaking
အရောင်းသမားများသည်ရိုးသားစွာပြောဆိုတက်ရန်လိုအပ်ပါသည်။
– Interpersonal skills
အရောင်းသမားများသည်ပေါင်းသင်းဆက်ဆံရေးကျွမ်းကျင်မှု့လိုအပ်ပါသည်။(Interpersonal skills) (သင်တန်းတွင်သင်ကြားပေးပါမည်။)
– Joke
အရောင်းသမားများသည်ဖြစ်ပေါ်လာသောအခက်အခဲများကို "ဟာသ" အဖြစ်ပြောင်းလဲပြောဆိုတက်ရပါမည်။ (Joke) ရယ်ရွှင်ဖွယ်ဟာသများသည်လူအများနှင့်ပေါင်းသင်းဆက်ဆံရာတွင်ပိုပြီးရင်းနှီးစေပါသည်။
– Knowledgeable
အရောင်းသမားများသည် မိမိရောင်းချသောကုန်ပစ္စည်းအကြောင်းအပြင် ၊ အခြားသောဆက်စပ်သည့်ဗဟုသုတများကြွယ်ဝရန်လိုအပ်ပါသည်။ (Knowledgeable)
– Listening
အရောင်းသမားများသည်အပြောထက်နားထောင်နိုင်မှု့စွမ်းရည်မြင့်မားရန်လိုအအပ်ပါသည်။ (Listening) နားထောင်ရာတွင်တက်ကြွစွာနားထောင်ခြင်း (Active Listening) ဖြစ်ဖို့လိုအပ်ပါသည်။
– Motivation
အရောင်းသမားများသည်အြမဲတက်ကြွနေရန်လိုအပ်ပါသည်။ (Motivation)
– Note
အရောင်းသမားများသည် မှတ်တမ်းမှတ်ရာ ရှိထားရန်လိုအပ်ပါသည်။ (Note) ဝယ်သူဖောက်သည်များအကြောင်းကိုမှတ်သားထားရပါမည်။
– Obedient
အရောင်းသမားများသည် ရိုသေကိုင်းရှိုင်းတက်ရန်လိုအပ်ပါသည်။ (Obedient) ဝယ်သူအပေါ်ရိုရိုသေသေလေးလေးစားစားဆက်ဆံတက်ရပါမည်။
– Positive Thinking , Planning
အရောင်းသမားတစ်ဦးတွင်မရှိမဖြစ်လိုအပ်သည်မှာ အကောင်းမြင်တက်သောစိတ်ရှိရန်လိုအပ်ပါသည်။ (Positive Thinking) အရောင်းသမားတိုင်းသည် အစီအစဉ် တကျဆောင်ရွက်တက်ရန်လိုအပ်ပါသည်။ (Planning)
– Questioner
အရောင်းသမားတစ်ဦးသည်ဝယ်သူလိုအပ်ချက်ကိုမေးမြန်းတက်ရန်လိုအပ်ပါသည်။ (Questioner)
– Relationship
အရောင်းသမားများသည်ဝယ်သူဖောက်သည်များနှင့်ကောင်းမွန်သောဆက်ဆံရေးတည်ထောင်နိုင်ရန်၊ တည်ဆောက်တက်ရန်လိုအပ်ပါသည်။ (Relationship)
– Smile , Smart , Sweet , Solutions
အရောင်းသမားတစ်ဦး၏မျက်နှာသည် ပြုံးပြီးချိုသာသောမျက်နှာရှိရပါမည်။ စမတ်ကျကျဝတ်စားဆင်ယဉ်တက်ရန်လိုအပ်ပါသည်။ (Smile , Smart , Sweet) အရောင်းသမားတိုင်းသည်နေ့စဉ် ပြသာနာများနှင့်ရင်ဆိုင်ဖြေရှင်းရသောကြောင့် ပြသာနာများကိုမည်သို့ဖြေရှင်းမည်ကိုသိရှိရန်လိုအပ်ပါသည်။ (Solution)
– True , Trust
အရောင်းသမားတစ်ဦးသည် မှန်ကန်သောစကား၊ မှန်ကန်သောအပြောဖြင့်သာရောင်းချသင့်ပါသည်။ (True) သို့မှသာလျှင်ဝယ်သူဖောက်သည်နှင့်ယုံကြည်မှု့တည်ဆောက်နိုင်မည်ဖြစ်ပါသည်။ (Trust)
– Understanding
အရောင်းသမားတစ်ဦးသည်နားလည်နိုင်စွမ်းမြင့်မားဖို့လိုအပ်ပါသည်။ (Understanding) အရောင်းသမားများသည် ထုံထုံထိုင်းထိုင်း မဖြစ်ရပါ။
– View of sky
အရောင်းသမားသည်ကျယ်ကျယ်ပြန့်ပြန့်မြင်တက်ဖို့လိုအပ်ပါသည်။ (View of sky)
– Welcome
အရောင်းသမားတိုင်းသည်ဝယ်သူဖောက်သည်အပေါ် ကြိုဆိုနှုတ်ဆက်တက်ရန်အထူးလိုအပ်ပါသည်။ (Welcome)
– Yes say it..
အရောင်းသမားတစ်ဦးသည် ဖြစ်နိုင်သမျှ အငြင်းဝါကျများကို ရှောင်ရှားပြီး “ဟုတ်ကဲ့ပါခင်ဗျာ” “ကြိုးစားပါမယ်” စသည်ဖြင့် “Yes” ဆိုသောစကားကိုသာဆိုသင့်ပါသည်။
– Zeal
အရောင်းသမားတစ်ဦးတွင်မဖြစ်မနေရှိရမည့် အရည်အသွေးမှာ “ဇွဲ” ရှိခြင်းဖြစ်ပါသည်။
အရောင်းသမားများကျန်းမာပြီး၊ စိတ်ချမ်းသာပါစေ…..
ကိုအောင်စည်လင်း
၁၈.၀၄.၂၀၂၂
(လွတ်လပ်စွာမျှဝေနိုင်ပါသည်)
17/04/2022
Cleansing မကောင်းရင်ဖြစ်တတ်တဲ့ ပြဿနာကို
ပုံနဲ့ နမူနာပြထားပေးတယ်
ဒါမျိုးက အဆီဖုမဟုတ်ဘူးနော်
Bumpy လို့ခေါ်တယ် ✔️
သွားညှစ်လို့လဲဘာမှထွက်မလာဘူး.....
ဒါက cleansing ပိုင်းမှာ အားနည်းရင်ဖြစ်တတ်ပါတယ်
1️⃣မနက်တစ်ကြိမ် ညတစ်ကြိမ်
ကိုယ့် skin type နဲ့ ကိုက်တဲ့
Cleanser လေးသုံးပြီး မျက်နှာသစ်ပေးရမယ်နော်
2️⃣ပြီးတော့ Toner ပါ သုံးပေးပါ
ဆား၀က်ခြံပဲဆိုပြီး ဇွတ်ညှစ်ပြီး
သွားတိုက်ဆေးတွေ မတို့ရဘူးနော် 🚫
အဲဒါကြောင့် နေ့တိုင်း cleansing သေချာလေးလုပ်ပေးဖို့မမေ့နဲ့နော် 💯
မင်မင် တို့မိသားစုအခွီ😂😂😂
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay, QLD, Australia
Mandalay
4802
