Hanuman-Herbal Product

Hanuman-Herbal Product

Share

ကျီးပေါင်း ဒူးနာ ခါးနာ အာရုံကြောညှပ်ဝေဒနါရှင်များအတွက် သဘာဝတိုင်းရင်ဆေးကပ်ခွာ

24/11/2022

အရိုးကျီးပေါင်းအတွက် ပေါက်ပန်းဖြူ
================================

ပေါက်ပန်းဖြူကို အင်္ဂလိပ်လို Sesbania Formosa လို့ ခေါ်ပါတယ်။ မြေပြန့်ဒေသနဲ့ ရေချောင်းနံဘေးတို့မှာ သဘာဝအလျောက် ပေါက်ရောက်ကြပါတယ်ပေါက်ပန်းဖြူရဲ့ အစေး၊ အပွင့်၊ အစေ့၊ အရွက်၊ အခေါက်၊ ဥ စသည့် အစိတ်အပိုင်းများ အားလုံးဟာ ဆေးဖက်၀င်ပါတယ်။

ကောင်းကျိုးများစွာနဲ့ ပေါက်ပန်းဖြူရဲ့အာနိသင်က....

(၁) ပေါက်ပန်းဖြူကို စားသုံးခြင်းဖြင့် ဝမ်းမီးကို တောက်စေသည်။ သုတ်ကို ပွားစေသည်။ ကျိုးသော အရိုးကို ဆက်စေသည်။ ဆီးရွှင်စေသည်။ လေကို ပွားစေသည်။ သည်းခြေနှင့် သလိပ်ကို နိုင်စေသည်။ ဆီးပူခြင်း၊ ဆီးအောင့်ခြင်းနှင့် နူနာရောဂါကို ပျောက်ကင်း စေသည်။
(၂) အနာ အဖု အပိမ့်များကို ပေါက်ပင်၏အစေးကို လိမ်းပေးလျှင် ပျောက်ကင်းသည်။(၃) စအိုဝနာခြင်း၊ ဆီးနှင့်ရော၍ သွေးပါခြင်း၊ နှာခေါင်းသွေး ယိုခြင်းတို့အတွက် ပေါက်ပွင့်ကို ရေအေးတွင် တစ်ညလုံးစိမ်၍ နံနက်တွင် သကြားအနည်းငယ် ထည့်၍ သောက်လျှင် ပျောက်ကင်းစေသည်။

(၄) ဆီးချုပ်ခြင်း၊ ဆီးအိမ်ရောင်ခြင်းများဖြစ်လျှင် ပေါက်ပွင့်ကို ရေနှင့်ကျို၍ ခပ်နွေးနွေး ချက်တွင် အုံပေးလျှင် ပျောက်ကင်းသည်။(၅) ပေါက်ပွင့်ခြောက်ကို လက်ဖက်ခြောက်ကဲ့သို့ ရေနွေးတွင် ခပ်၍သောက်သော် မောပန်းခြင်းကို ပြေစေ၍ သွေးသားကို သန့်ရှင်းစေသည်။(၆) ပေါက်စေ့ကို သံပုရာရည်နှင့် ကြိတ်၍လိမ်းလျှင် ယားနာပွေးနာများ ပျောက်ကင်းသည်။

(၇) အစေ့ကို ရေတွင်စိမ်၍ အခွံနွှာပြီးလျှင် အတွင်းအဆန်ကို အခြောက်လှန်းကာ ကြိတ်၍ နံနက်၊ ည တစ်နေ့ ၂ ကြိမ်ဆက်စားပြီး (၄)ရက် မြောက်သောအခါ ဝမ်းနုတ်ဆေး (သို့) ဝမ်းပျော့ဆေးစားပါက ဝမ်းတွင်းရှိ သန်ကောင်များ ကျဆင်းလာမည်။(၈) ပေါက်ဥမှုန့်ကို ပျားရည်နှင့်တေ၍ စားသော် အားအင်ပြည့်ဖြိုး၍ အသက်ရှည်စေသည်။(၉) ပေါက်ပန်းဖြူရွက် သတ္ထုရည်ကို မျက်စဉ်း ခတ်ပေးပါက မျက်စိမှုန်ခြင်းတို့ ကို သက်သာစေသည်။

(၁၀) အဆစ်ရောင်ရောဂါ ဝေဒနာ ခံစားရပါက ပေါက်ပန်းနီပွင့်၏ အမြစ်ကို ရေနှင့်သွေး၍ မီးဖြင့်နွေးအောင်ပြုပြီး ရောင်သော အဆစ်များကို လိမ်းပေးခြင်းဖြင့် သက်သာစေသည်။ (၁၁) အတက်ရောဂါ၊ ၀က်ရူးရောဂါ ခံစားနေရသူ များ ပေါက်ပန်းဖြူရွက်ကို ငရုတ်ကောင်းနှင့် ရောစပ်ကာ ကြိတ်ပြီး ရှူပေးခြင်းဖြင့် သက်သာစေသည်။(၁၂) ခေါင်းတစ်ခြမ်းကိုက်ပါက အပွင့်နှင့်အရွက်ကို အရည်ညှစ်ပြီး ရှူပေးပါက သက်သာစေသည်။(၁၃) အရိုးကျီးပေါင်း ရောဂါ၊ ကြက်မျက်သင့်ရောဂါဖြစ်ပါက ပေါက်ပန်းဖြူပွင့်ကို ပြုတ်၍ စားပေးနိုင်သည်။

(၁၄) တုပ်ကွေးဖျား(သို့မဟုတ်) ရိုးရိုးဖျားခြင်းများဖြစ်ပါက ပေါက်ပန်းဖြူရွက်ကို ကြက်သွန်နီနှင့် ကြော်စားနိုင်သည်။(၁၅) ဆီးနီ၊ ဆီးနည်းရောဂါများအတွက် ပေါက်ပန်းဖြူရွက်ကို ဟင်းချက်စား၍သော် လည်းကောင်း၊ အပွင့်ကို ကြော်ချက်စားခြင်းဖြင့်သော်လည်းကောင်း ဆီးရောဂါ သက်သာစေသည်။
(၁၆) အပူလောင်နာကို ပေါက်ပန်းဖြူရွက်သတ္ထုရည်ကို ထည့်ပေး အုံပေးပါက သက်သာစေသည်။

(၁၇) ထိခိုက်ဒဏ်ရာ ရလျှင် ပေါက်ပန်းဖြူရွက် သတ္ထုရည်ကို လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံးခန့် သောက်ပေးပါက အနာမန်း၀င်ခြင်း ကို ကင်းဝေးစေသည်။ (၁၈) ကွမ်းစားသူများ၊ သည်းခြေ၊ ကျောက်ကပ်တွင် ကျောက်ရှိ သူများ မကြာခဏပြုတ်တို့စားပေးရသည်။(၁၉) မီးယပ်ဖြူဆင်းရောဂါ၊ သွေးအန်သွေးကျရောဂါဖြစ်လျှင် ပေါက်ပန်းဖြူပွင့်ကို သုပ်စားရသည်။

Respect & Credit original uploader

Photos from Hanuman-Herbal Product's post 13/11/2022

ဆားကြမ်းလေးနင်းတာပါပဲ...
ဆားကြမ်း ၂ ပိဿာ ၈၀၀ ကျပ်ဖိုးဆို
တစ်လလောက် အသုံးပြုလို့ရပါတယ်....

နေ့ စဉ် အ ချိန် မှန် ရေချိုး ခါနီး တိုင်း
ဆားနင်းရင် ကိုယ်တွင်းအောင်းပူတွေ ထွက်စေသည်။

ညဘက် နင်းပုံနင်းနည်းကတော့ ခြေထောက်ကို.. ပေါင်ရင်းကစပြီး ရေလောင်းဆေးပါ..ခြောက်အောင်သုတ်ပါ။
(ဆား ၂ပိသာ ဆို ပိုကောင်း) ဆန့်တဲ့ ဇလုံကြီးထဲထည့်ပြီး နင်းပါ။
နာရီဝက်လောက် ဆက်တိုက်နင်းရင်းနဲ့ ခြေထောက်ကချွေးများ ထွက်လာတာ တွေ့ရပါမယ်။
မိနစ် ၃၀ -၄၀ ၁နာရီ ကိုယ်ကျေနပ်သည်ထိ နင်းပြီးတာနဲ့မနင်းခင် အသင့်ဆောင်ထားတဲ့ ပုဝါနဲ့ခြေထောက်ကို ဆားဇလုံထဲ ပွတ်ချပြီး ဆားတွေပြောင်အောင် သုတ်ပါ
ခြေထောက်ကို လုံးဝ(လုံးဝ) ရေပြန်မဆေးရပါ
ခြေထောက်ပြောင်တာနဲ့ အိပ်ယာဝင်ပါ
ပထမနေ့မှာပဲ နှစ်ခြိုက်စွာ အိပ်ပျော်ပါမယ်။
အကြောပြေ.. ခြေကျဉ် ထုံနာတွေ ပျောက်ကင်း..
ခြေကွဲခြင်း မရှိ ဆံပင် မကျွတ်တော့ပဲ
နဂိုဆံပင်သန်သူတွေ ပိုပြီး ဆံပင်တွေသန်လာမည်. ကျန်းမာခြင်းကိုရရှိစေမှာပါ။

-mudra ပြောပြတဲ့
နံနက်ရေမချိုးမီ ဆားနင်းခြင်းအကျိုး

(၁) မလိုအပ်သောအပူအောင်းနေသောအခိုးအငွေ့များ ခြေဖဝါးမှတစ်ဆင့် ထွက်သွားနိုင်သည်။

(၂) ကျောက်ကပ်တွင်အပူခိုခြင်းမှကာကွယ်၍ ဆီးလမ်းကြောင်းကိုလည်းအကျိုးပြုသည်။

(၃) ကြာကြာနင်းလျှင်ခါးမှအပူများဆင်းသဖြင့် ခါးနာသက်သာစေနိုင်သည်။

(၄)အထိုင်များသူ..ကားမောင်းများသူများအတွက် အညောင်းရောဂါ အကြောပိတ် အကြောတင်းခြင်းများမှ ကာကွယ်နိုင်သည်။

(၅) မျက်စိအာရုံစိုက်ရသူများ မျက်မှန်တတ်ရသူများအတွက် မျက်စိကြည်စေပြီး စွဲမြဲလုပ်လျှင်မျက်စိဒီကရီကျပြီး မျက်မှန်လွတ်စေနိုင်သည်။

(၆)ဆံပင်ကျွတ်သူများ ဆံပင်ပါးသူများ ဆံပင်နှစ်ခွကွဲခြင်းများ သက်သာစေသည်။

(၇) ခေါင်းကိုက် မျက်ရိုးကိုက် မျက်ရည်ကျသူများ မျက်ရည်လမ်းကြောင်းပိတ်သူများအတွက်လည်း အကျိုးရှိစေနိုင်သည်။

(၈) သားအိမ်လမ်းကြောင်းပိတ်၍ သားသမီးမရသူများ သားသမီးရစေနိုင်သည်။

(၉) အမျိုးသားဆီးကျိတ်ရောဂါရှိသူများ ဆီးကျိတ်ကြီးခြင်းမှကာကွယ်နိုင်သည်။

ဆားနင်းခြင်းကို နံနက်အိပ်ယာထ.. ညအိပ်ယာဝင် နှစ်ကြိမ်ပြုလုပ်နိုင်သည်။ ခွက်တွင် ဆားနှစ်ပိဿာ အနည်းဆုံးထည့်ရပါမည်။ ပြီးလျှင်ရေမစိုအောင်အုပ်ထားပါ။ တစ်လခန့်ကြာမှ ဆားအသစ်လဲပေးလျှင်ရပါသည်။
ဆားနင်း၍ ကုမရသောခေါင်းကိုက်ရောဂါ၊ခါးနာရောဂါများပျောက်ကင်းနိုင်ပါတယ်။

ပျော်ရွှင်ချမ်းမြေ့ပြီး အပူကင်းပါစေ...
credit

06/11/2022

#ကျီးပေါင်းရောဂါအတွက် ဆေးနည်း

တစ်ဆင့်ပြန်လည်မျှဝေသည်
🔹🔹🔹🔹🔹🔹🔹🔹🔹🔹

ကျီးပေါင်းရောဂါအတွက် ဆေးနည်းတင်ပေဆေးနည်းများတောင်းဆိုလာကြသေားပါရန် စောနွဲ့နေဆိုင်-ပူတာအိုသို့ မကြာခဏ ဝေဒနာရှင်များအတွက် လက်တွေ့ပျောက်ကင်းခဲ့သည့် ဆေးနည်းကို အများဖတ်ရှုနိုင်ရန် ရေးသားမျှဝေပေးလိုက်ပါသည်။

ဘယ်ဘက်လက် မလှုပ်နိုင်အေင် ခံစားလာရသဖြင့် ကိုယ်တစ်ခြမ်း လေဖြတ်သလိုဖြစ်လာသည့် ကိုအဏ္ဏဝါလိုင်းသည် ဆရာ၀န်နှင့်ကုသသော်လည်း မပျောက်သဖြင့် မြန်မာတိုင်းရင်းဆေးနည်းဖြင့် အနှိပ်ခံကြည့်ရာ ကျီးပေါင်းရောဂါဖြစ်နိုင်ကြောင်း၊ ဓါတ်မှန်ရိုက်ကြည့်ရန် အကြံပေးသဖြင့် ရိုက်ကြည့်ရာ လည်ဆစ်ရိုးတွင် ကျီးပေါင်းတက်နေကြောင်း တွေ့ရှိရသဖြင့် မိတ္ထီလာဆေးရုံသို့ တက်ရောက်ကုသခဲ့သည်။

အရိုးအဆစ်တို့တွင် ကျီးပေါင်းတက်လာသဖြင့် အာရုံကြောများကို ဖိထားကာ အာရုံကြောများ မလှုပ်ရှားနိုင်ပါက လေဖြတ်နိုင်သည့်အပြင် အချိန်မရွေး သေသွားနိုင်ကြောင်း သိရှိရသဖြင့် ဆေးရုံမှ ကုသနည်းအတိုင်း ကုသခဲ့သည်။ သက်သာ၍ ဆေးရုံကဆင်းပြီး မကြာခင်မှာပဲ ပြန်ဖြစ်လာ၍ မန္တလေးဆေးရုံကြီးသို့ ကုသခဲ့ပြန်သည်။ အနည်းငယ် သက်သာလာသော်လည်း မပျောက်ခဲ့ပါ။

သင်္ကြန်အတွင်း ပြင်ဦးလွင် ရွှေဟင်္သာကျောင်းတွင် မိတ်ဆွေများနှင့်အတူ သင်္ကန်း၀တ်ကြရာ ကျောင်းထိုင်ဆရာတော်မှ ကျီးပေါင်းဆေးနည်းကို ညွန်ပေးသဖြင့် ကုသခဲ့ရာ အံ့သြလောက်အောင်ပင် ကျီးပေါင်းရောဂါသည် လျှင်မြန်စွာ သက်သာခဲ့ပြီး ဆက်တိုက်ပြုလုပ်ကြည့်ရာ လုံးဝပျောက်ကင်းခဲ့ပါသည်။

ဆေးနည်း

(၁) ဆေးဆိုင်များမှ ဆားခါး (Epsom Salt) ကို (၂၅) ကျပ်သားခန့် ၀ယ်ယူပါ။

(၂) ဆားခါးကို အ၀တ်သန့်သန့်ဖြင့် ကြပ်ထုပ် ထုပ်ထားပါ။

(၃) ရေနွေးပူပူတည်ထား၍ ဆားခါးအထုပ်ကို ရေနွေးအိုးအဖုံးပေါ်ကို တင်ထား၍ အပူပေးကာ ကျီးပေါင်းတက်နေသည့်နေရာကို မိမိခံနိုင်သလောက် ကြပ်ထုပ်ထိုးပေးပါ။

(၄) အထုပ် ၂ ထုပ် ပြုလုပ်ထားပြီး တစ်ထုတ်ထိုးနေချိန် ကျန်တစ်ထုပ်ကို အပူပေးထားပြီး တစ်လှည့်စီ အသုံးပြုနိုင်ပါသည်။

(၅) ကြပ်ထုပ်တစ်ခါထိုးလျှင် အနည်းဆုံး မိနစ်(20)ခန့်ကြာအောင် ထိုးပေးပါ။

(၆) ကြပ်ထုပ်ထိုးနေစဉ် အတက်စာများကိုမစားပဲ ရှောင်နိုင်လျှင် ပိုကောင်းမည်။

၄င်းဆေးနည်းအတိုင်း စိတ်ရှည်ရှည်ဖြင့် မကြာခဏ ပြုလုပ်ပေးပါက ကျီးပေါင်းရောဂါသည် လျှင်မြန်စွာ ပျောက်ကင်းသွားပါမည်။

လူသားတိုင်း ကျန်းမာပျော်ရွှင်စွာဖြင့် အသက်ရှည်နိုင်ကြပါစေ။

စောနွဲ့နေဆိုင်(ပူတာအို)
ကိုးကား - အဏ္ဏဝါလိုင်း

Credit...စောနွဲ့နေဆိုင် - ပူတာအို

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay
4802