Healthy Body
ပျော်ရွှင်ကျန်းမာသောကိုယ်ခန္ဓာကိုတစ?
ပထမဆုံးဝိတ်ချချင်သူတွေကို ပြောချင်တာလေးက
ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို
Blame မလုပ်ပါနဲ့
ချစ်ခင်ပေးပါ.
အချစ်စစ်နဲ့ ချစ်ပေးပါ.
ဝိတ်ချဖို့ Ready ဖြစ်လာပါလိမ့်မယ်
14/12/2021
ဘယ္လိုဝိတ္ခ်မလဲ၊ ဘယ်လိုဝိတ်တင်မလဲ မစဉ်းစားခင် ကိုယ့်ခန္ဓာကိုယ်ကို ဘာအမျိုးအစားလဲဆိုတာ အရင်သိဖို့လိုပါတယ်။ ဒါမွသာ ထိထိရောက်ရောက် ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်ပန်းတိုင်ကို အျမန်ဆုံး ရောက်မှာပါ။
အောက်မှာပြထားတဲ့ ခန္ဓာကိုယ် ၃ မျိုးထဲက ကိုယ့်ဟာ ဘယ်အုပ်စုထဲမှာ ပါလဲ ကြည့်ကြည့်ပါ။
လူတိုင်းဟာ ဒီ ၃ အုပ္စု ထဲမွာ ပါမှာမဟုတ်ပါဘူး။ တချို့တွေရဲ့ အချိုးအစားက ရောနေတာမျိုးဖြစ်တတ်တယ်။
ကိုယ်ခန္ဓာကိုယ်က ဘယ်အချိုးအစားထဲမှာ ပါလဲဆိုတာမသိရင် ကိုယ်ရဲ့ ဆယ်ကျော်သက်အရွယ်တုန်းက ခန္ဓာကိုယ်ကို အရင်မြင်ယောင်ကြည့်ပါ။
အမျိုးသမီးတွေမှာဆိုရင် ကိုယ်ဝန်ဆောင်ပြီးတာ၊ သွေးဆုံးသွားတာ ဆိုရင် ခန္ဓာကိုယ်အချိုးအစားဟာ ပြောင်းလဲသွားတတ်တယ်။ ကိုယ်ရဲ့ ဆယ်ကျော်သက်အရွယ်တုန်းက ရှိတဲ့အချိုးအစားဟာ ကိုယ်ရဲ့ နဂိုမူလခန္ဓာကိုယ်ဖြစ်ပါတယ်။
Ectomorph
သူငယ်ချင်းတွေထဲမှာ ရှိမှာပေါ့ ဘယ်လောက်စားစားမဝတဲ့သူမျိုး လူတိုင်းအားကျရတဲ့ ခန္ဓာကိုယ်အချိုးအစားပိုင်ရှင်ပေါ့။
Ectomorph လေးတွေက ပုခုံးတို့ တင်တို့ကျဉ်းတယ် ခြေတံလက်တံရှည်တယ် အရိုးအဆစ်တွေ သေးတယ် အဆီပါဝင်မှုပမာဏနည်းတယ်။
ဘာစားသင့်လဲ။
ပိန်တယ်ဆိုပြီး စားချင်ရာစားတာမျိုးမလုပ်သင့်ဘူး။ လူကြည့်တော့ မဝပေမယ့် အစားအသောက် မဆင်ခြင်တဲ့အခါ သွေးတွင်း အဆီတွေများနေတတ်တယ်။
ထမင်း ပေါင်မုန့် ကန်စွန်းဥ ငှက်ပျောသီး စတဲ့ ကောင်းတဲ့ ကစီဓာတ်တွေ၊ အသား၊ငါး ပရိုတင်းဓာတ်၊ ထောပတ်သီး၊ မြေပဲထောပတ်တို့လို ကောင်းမွန်တဲ့ အဆီတွေ မ်ားမ်ားစားပါ။
ဝိတ်တင်ချင်တဲ့သူတွေအတွက် တစ်နေ့ကို ကယ္လိုရီ ၂၅၀၀ အထက် စားပေးပါ။
လေ့ကျင့်ခန်းဘယ်လိုလုပ်သင့်လဲ။
ဝိတ်တက်ဖို့ခက်တယ်။ ဒါပေမဲ့ ဗိုက်မှာတော့ အဆီတွေစုနေတတ်တယ်။
ကြွက်သားကျစ်ကျစ်လစ်လစ်နဲ့ ကျန်းကျန်းမာမာ ဝိတ်တက်ဖို့ဆိုရင် အလေးမရမယ်။ အလေးများများနဲ့ အခေါက်ရေနည်းနည်း မ ပါ။
တစ္ပတ္ကို ၃ ကြိမ်လောက် အလေးမရင် လုံလောက်ပါတယ်။
Lifestyle changes
အစားစားချင်စိတ်မရှိဘူးဆိုရင် နည်းနည်းနဲ့ ခဏခဏ စားပါ။ ငှက်ပျောသီး၊ ကြက်ဥပြုတ်ကို နေ့တိုင်းပါအောင် စားကြည့်ပါ။
Endomorph
Endomorph ကေတာ့ Ectomorph နဲ့လုံးဝပြောင်းပြန်ပါ။ အသက်ရှူလိုက်ရင်တောင် ဝိတ္တက္လာတယ်ဆိုတဲ့ လူတွေပေါ့
ခန္ဓာကိုယ်အချိုးအစားကို ကြည့်မယ်ဆိုရင် ပခုံးကျယ် ခန္ဓာကိုယ်က ဘေးကိုပြန့်ကားပါတယ် နံရိုးကားကားဖြစ်ပြီး လက်တံခြေတံတွေ တိုတုတ်တတ်ပါတယ် အဆီတက်လွယ်တဲ့ အမျိုးအစားပါ
ဘာတွေစားမလဲ
ထမင်း၊ ပေါင်မုန့် စတဲ့ ကစီဓာတ်တွေ လျှော့စားပါ။ ပရိုတင်းဓာတ်ပိုစားပါ။ ဝိတ္ခ်ဖို့ ကြိုးစားနေသူတွေအတွက် တစ်နေ့ကို ၁၂၀၀-၁၅၀၀ ကယ္လိုရီ (မိန်းကလေး)၊ ၁၅၀၀-၁၈၀၀ ကယ္လိုရီ (ယောကျာ်းလေး) စားပါ။ ဘာမွမစားဘဲ နေတာမျိုးမလုပ်ပါနဲ့။ ရေရှည်မှာ ဝိတ်ပြန်တက်ဖို့ လွယ်ကူပါတယ်။
လေ့ကျင့်ခန်း ဘယ္လိုလုပ္မလဲ။
Endomorphs တွေဟာ အဆီတတြ္လယ်သလို စနစ္တက် လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ထိထိရောက်ရောက် အဆီကျနိုင်ပါတယ်။
နှလုံးခုန်မြန်စေတဲ့ လေ့ကျင့်ခန်း (cardio) ကိုတစ်နေ့ ၁၅ မိနစ္ကေန မိနစ် ၃၀ အထိ စလုပ်ကြည့်ပါ။ ပြေးတာ၊ လမ်းလျှောက်တာ၊ ရေကူးတာ၊ အားကစားတစ်မျိုးမျိုးလုပ်တာ၊ လှေကားအတက်အဆင်းလုပ်တာ ဘာပဲဖြစ်ဖြစ်ရပါတယ်။
ဝိတ်လည်း မ သင့်ပါတယ်။ ကြွက်သားနည်းတဲ့ ခန္ဓာကိုယ် အမျိုးအစားဖြစ်တဲ့အတွက် ကြွက်သားပိုတည်ဆောက်ပိုလိုပါတယ်။ ကြွက်သားပမာဏ (lean muscle) မ်ားလာတဲ့အခါ ထိုင်နေရင်နဲ့ တောင် ကယ်လိုရီတွေ ပိုလောင်ကျွမ်းလာပြီး ဝိတ်ကိုဆက်ထိန်းဖို့ ပိုလွယ်ကူလာပါလိမ့်မယ်။
Lifestyle changes
လှုပ်လှုပ်ရှားရှားနေပါ။ အထိုင်များတဲ့သူအတွက် တစ်နာရီလောက် ထိုင်ပြီးရင် ၅မိနစ်-၁၀မိနစ်လောက် လမ်းထလျှောက်ပါ။
Mesomorph
နောက်ဆုံးအမျိုးအစား mesomorph ကိုပိုင်ဆိုင်ထားတဲ့သူတွေကတော့ ကံအကောင်းဆုံးလို့ပြောလို့ရပါတယ် အားကစားသမားတွေ အမ်ားစုဟာ ဒီလို ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါတယ်။ ခါးနေရာမှာ သိမ်ပြီး ခြေတံလက်တံတွေဟာ ကြွက်သားတွေနဲ့ ကျစ်လစ်နေတတ်ပါတယ်။ အဆီပါဝင်မှုပမာဏနည်းပြီး muscle အလွယ်တကူတည်ဆောက်ဖို့အတွက် အခြေခံအုတ်မြစ်ကို ခန္ဓာကိုယ်မှာ ပါပြီးသားပါ
ဘာတွေစားမလဲ
အစာအုပ္စု သုံးအုပ္စုလုံး မျှတအောင်စားပေးရပါတယ်။ ခန္ဓာကိုယ်ဆက်ထိန်းထားဖို့ပါ။
လေ့ကျင့်ခန်းဘယ်လိုလုပ်မလဲ။
လေ့ကျင့်ခန်းတွေကို ရောပြီးကစားပါ။ ဝိတ်ကိုဆက်ထိန်းထားချင်တာလား။ ပိုကျစ်ချင်တာလား။ ကြွက်သားပိုကြီးချင်တာလား အပေါ်မူတည်ပြီး cardio ပိုလုပ္မလား ဝိတ္ပို မ မလား အတိုးအလျှော့လုပ်ပါ။
ကိုယ်ခန္ဓာအချိုးအစားတွေက မျိုးရိုးဗီဇနဲ့ အများဆုံးသက်ဆိုင်ပေမယ့် ကိုယ်လိုချင်တဲ့ အနေအထားရဖို့တော့ လူတိုင်းလုပ်ယူလို့ရပါတယ်။ ဝိတ်ကျခြင်း ဝိတ်တက်ခြင်းကို သိပ်အာရုံမထားဘဲ ကျန်းမာဖို့အတွက် စားသောက်နေထိုင်တာနဲ့တင် ကျန်းမာလှပတဲ့ ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်နိုင်ပါတယ်။
အဆင်ပြေတယ်ဆို
Like & Share လေးနဲ့မျှဝေပေးပါဦးနော်
Fitness နဲ့ပါတ်သတ်တယ့် ဗဟုသုတေတြ Wallထဲမှာဝင်လေ့လာလို့ရပါတယ် ။
မေးစရာရှိရင် CB မွာ လာမေးလို့ရပါတယ်
ငါဟာ ဘယ်တော့မှ အရှုံးသမားတစ်ယောက်မဟုတ်ဘူး
ငါ့ရဲ့ သမိုင်း ဘယ်တော့မှ မရိုင်းစေရဘူး
ငါဟာ ငါ့ရဲ့ အနာဂတ်ကို ပုံဖော်နိုင်သူတစ်ဦးဖြစ််တယ်
ငါဟာ ငါ့ဘဝရဲ့ ပဲ့ကိုင်ရှင် ကယ်တင်ရှင်ပဲ ဖြစ်တယ်
ငါဟာ ဘယ်တော့မှ ငါ့ရဲ့ဘဝအတွက် အရှုံးသမားတစ်ယောက်အဖြစ်ခံမှာ မဟုတ်ဘူး
လို့ ဒီပို့စ်ကိုမြင်လိုက်တာနဲ့ ပြောပြီး ရေးလိုက်ပါ
ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရလို့
အားမငယ်ပါနဲ့
ပုံမှန် ဝမ်းသွားချင်သူတွေ
ခန္ဓာကိုယ်ကျစ်လျစ်ချင်သူတွေအတွက်........အစားအသောက်ကို အသီးအနှံ အရွက် အသား ဂျုံ ပဲ အစုံစားပြီး
ညက်အောင် ဝါးစားပေးပါ
11/12/2021
ဒါက အဆီ ၁ ပေါင်
အသား ၁ ပေါင်က ဘယ်လောက်ရှိလဲ ဆိုတာ ပြပေးထားတာပါ
အဆီ ၅ ပေါင် ချမယ်ဆိုရင်လည်း
ပုံမှာ ပြပေးထားပါတယ်
ဝိတ်ချနည်းလမ်း များစွာထဲကမှ
ခင်ကတော့
အစားအသောက်နဲ့ ဝိတ်ချဖို့ ရွေးချယ်စေချင်တယ်
လမ်းလျှောက်ပေးတာမျိုးက ကျန်းမာရေးအတွက် ကောင်းလို့ တစ်ရက်ကို နာရီဝက်လောက် လမ်းလျှောက်ပေးစေလိုပါတယ်
ခင်တို့တွေ ဘာကြောင့် တစ်နှစ်အတွင်းကို
၁၀ ပေါင်လောက်တက်လာရတာလဲ
အကြောင်းအရင်းကို Video လေးထဲမှာ ရေးပေးထားပါတယ်
အဆီ ၁ ပေါင်မှာ ဘယ်လောက်ရှိလဲဆိုတာ
ပုံလေးနဲ့ ဖော်ပြထားပါတယ်
အားလုံးပဲ video လေးရဲ့ နောက်ဆုံးထိကြည့်ပေးဖို့မမေ့နဲ့နော်
07/12/2021
လေ့ကျင့်ခန်းလုပ်စရာမလို
ဆေးသောက်ဆေးလိမ်းစရာမလို
yogaကျင့်စရာမလိုဘဲ
အစားဝအောင်စားပေးပြီး......
အဆီတွေ အခေါက်တွေ ပြုတ်စေမယ့် နည်းလမ်းတွေ မျှဝေပေးနေပါပြီရှင်........
ငဗစ် နဲ့ ငစစ်ကြားမှာ
ဝနေတဲ့ ဖက်တီးလေးတွေအတွက်
ခင်လာပါပြီ ❤🙆🏻✨
ကျွန်မအပါအဝင် အားလုံးက မျှော်နေလောက်ပြီ
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
11125
