Zon Pwint Online Makeup Class
Zon Pwint ရဲ့ Online Makeup Class လေးကနေ ကိုယ်ပိုင်အလှတွေ ပိုပြီးပေါ်လွင်သွားအောင် ကူညီပေးနေပါတယ်
11/05/2025
🌿ကဆုန်လပြည့် ဗုဒ္ဓနေ့(သို့)🌿မာရ်အောင်နေ့
🌿ကဆုန်လပြည့်နေ့ဗုဒ္ဓနေ့လို့
သတ်မှတ်ခဲ့ကြခြင်းအကြောင်း....
`ဗျာဒိတ် ဖွားမြင်🌿
🌿ဗောဓိပင် စံဝင်နိဗ္ဗာန်နန်း ဆိုတဲ့အတိုင်း´´🙏
🌿ဗုဒ္ဓမြတ်စွာဘုရားသည် ကဆုန်လပြည့်နေမှာ.....🙏
၁။ ဗျာဒိတ်တော် ခံယူတော်မူခဲ့ခြင်း။
၂။ ဖွားမြင်တော်မူခဲ့ခြင်း။
၃။ ဗောဓိညောင်ပင်ရင်းမှာ ဘုရားအဖြစ်သို့
ရောက်တော်မူခဲ့ခြင်း။
၄။ ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ခြင်း။
🌿ထိုကဲ့သို့ ကဆုန်လပြည့်နေ့ဟာ
မြတ်စွာဘုရားရှင်နဲ့ပတ်သတ်ပြီး
တိုက်ဆိုင်မှု နေ့ထူးနေ့မြတ်များ ဖြစ်လို့
ကဆုန်လပြည့် ဗုဒ္ဓနေ့ ( ဗုဒ္ဓအခါတော်နေ့)ဟု
နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်ပါတယ်။
🌿မာရ်အောင်နေ့ 🙏
မြတ်စွာဘုရားရှင်သည် ကဆုန်လပြည့်နေမှာပဲ
မာရ်နတ်နဲ့ ရန်ကို အောင်မြင်တော်မူခဲ့လို့
မာန်အောင်နေ့လို့ သတ်မှတ်ခဲ့ကြသည်ဟု
မှတ်သားခဲ့ရပါတယ်။
🌿နှစ်စဉ်ကဆုန်လပြည့်ရောက်တိုင်း
ဗောဓိပင်ကို ညောင်ရေသွန်းလောင်းရခြင်းအကြောင်း
၁။ မြတ်စွာဘုရားရှင်သည် ဗောဓိပင်ခြေရင်း၌
တရားကျင့်ကာ သဗ္ဗညုတဉာဏ်တော်ကို
ရရှိတော်မူပြီး ဘုရားအဖြစ်သို့
ရောက်ရှိတော်မူခဲ့ခြင်း။
၂။ ဗောဓိပင်သည် ဘုရားရှင်၏ ဖွားဖက်တော်
(၇)ပါးတွင် ပါဝင်ခြင်း။
🌿ထို့ကြောင့် ကဆုန်လပြည့်ရောက်တိုင်း
ဗောဓိပင်ကို ညောင်ရေသွန်းလောင်း
ပူဇော်ကြခြင်း ဖြစ်ပါတယ်။
🌿ကဆုန်လပြည့်ရောက်တိုင်း
ဗုဒ္ဓဘာသာတို့၏ ကုသိုလ်ပြုကြခြင်း အစဉ်အလာ..
🌿ကဆုန်လပြည့်ရောက်တိုင်း
ဗုဒ္ဓဘာသာဝင် သူတော်စင်အများ
ဘုရားသွား ကျောင်းတက်ကာ
ဒါန သီလ ဘာဝနာကုသိုလ်များ ပြုကြသလို
ရုပ်ပွားတော် စေတီတော်များကို
ဗုဒ္ဓါဘိသေက အနေကဇာတင်
ကုသိုလ်မင်္ဂလာများ ပြုလုပ်ကြသည်မှာ
ဗုဒ္ဓဘာသာဝင်တို့၏ ကောင်းမြတ်သော
အစဉ်အလာဖြစ်ပါတယ်။
🌿ထိုသို့သော နေ့ထူးနေ့မြတ်
အစဉ်အလာကောင်းများဖြစ်သော
ကဆုန်လပြည့်နေ့ကို
ကုသိုလ်ကောင်းမှုများ ပြုကြရင်း
ဘဝမြင့်သည်ထက်မြင်အောင်
ကြိုးစား ဖြတ်သန်းနိုင်ကြပါစေလို့
ပတ္ထနာပြု ရေးသားပူဇော်အပ်ပါသည်။🌿
ရွှေမေတ္တာ- အရှင်သုမနသာရ
Credit.🌿
06/10/2024
Blessed Morning ❤️❤️
17/06/2024
ရုံးတက် ကျောင်းတက် အလုပ်သွားနေတဲ့ မိန်းကလေးတွေအတွက် 👇👇👇
ဒီညီမလေးကို သင်တန်းစသင်ပေးတော့ မျက်ခုံးမှာတင် သူက တော်တော်အားနာနေတာ 🫢
မျက်ခုံးရသွားတော့ တအားရုပ်ပြောင်းသွားတယ်
Foundation မှာတင် သူ့သူပြန်ကြွေ
ခုတော့ Eyeshadow လေးနဲ့ဆိုတော့ ရုံးတက်ဖို့ တက်ကြွသွားပြီပေါ့😁😁
ကိုယ့်အလုပ်လေးက ကုသိုလ်လဲရတယ် ... ပီတိလဲဖြစ်ရတယ် ❤️❤️❤️
တကယ်လိုက်လုပ်ရင် တကယ်လှလာကြတယ်
ကျေနပ် ❤️
Zon Pwint
Zon Pwint Online Makeup Class
15/06/2024
မိတ်ကပ်ဆိုရင် ဆရာမပဲ ဆိုပြီး ယုံပြီးတော့ သင်တန်းတွေ အများကြီးအပ်ပေးတာ ကျေးဇူးပါရှင့်❤️
Online ကနေ မိတ်ကပ်သင်တန်းတက်ချင်တယ်ဆိုရင်
One by One ( With Pre Recorded Videos ) - 85000ks
One by One ( With Pre Recorded Videos + 3 Days Video Calls ) - 155000ks
ကိုယ့်ရဲ့ ကိုယ်ပိုင်အလှတွေ ပိုပေါ်ချင်တယ်ဆိုရင် ဆက်သွယ်ပေးပါရှင့်❤️❤️❤️
11.3K Followers
01/05/2024
💚မိတ်ကပ်သင်တန်းတခါတက်ပြီး တစ်သက်လုံးသုံးနော်
🩵အပျိုတုန်းက သင်တန်းတက်ထားတဲ့အမ ခေးလေးမွေးပြီးလဲ လိမ်းတတ်နေဆဲ
💚အရွယ်သုံးပါးမရွေး လှနေဖို့ ဆိုရင် မိတ်ကပ်သင်တန်းလေးတက်ပါ
Zon Pwint
Zon Pwint Online Makeup Class
25/04/2024
ကျွန်မ မိတ်ကပ်သင်တန်းလေးက အများကြီးကြော်ငြာနေဖို့မလိုဘူး ( ခုနောက်ပိုင်း မအားတာနဲ့ Marketing တောင် သေချာ မဆင်းဖြစ်ဘူး😂)
ဟိုတလောက နိုင်ငံခြားက ညီမလေးတစ်ယောက် ပိုလှသွားလို့ သူ့အသိ ညီမလေးတစ်ယောက်က အခု သင်တန်းလာအပ်တာ ❤️❤️❤️
သူတို့ အချင်းချင်းကြည့်ပြီး ပိုလှလာရင် ဘယ်သူ့ဆီ သင်တန်းတက်တာလဲလို့ မေးကြရင်း ကိုယ့်ဆီရောက်လာကြတာ❤️
ကိုယ့်ရဲ့ မိတ်ကပ်လိမ်းနည်းကို ယုံတယ် ... စနစ်တကျပိုလှသွားဖို့လဲ အာမခံပါတယ် ❤️
Zon Pwint
Zon Pwint Online Makeup Class
27/03/2024
❤️Japan ကနေ One by One ( Zoom ) နဲ့ မိတ်ကပ်သင်တန်းတက်တဲ့ ညီမလေးရဲ့ Feedback လေး
❤️ မိတ်ကပ်ဆိုတာ အရေးကြီးဆုံးက Foundation လှလှလေးလိမ်းတတ်ဖို့ပါ
❤️ Foundation လေးလှနေရင် သူ့ပေါ်ထပ်တင်တဲ့ အရာတွေ အားလုံး စနစ်တကျလှနေမှာပါ
❤️ မိတ်ကပ်ကို စနစ်တကျနဲ့လှလှလေး လိမ်းတတ်ချင်ရင် ZP Makeup Class ကို Join ပါလို့
Zon Pwint
Zon Pwint Online Makeup Class
19/03/2024
Good Hair ည 😂
ကောက်ထားတဲ့ဆံပင်ကို ရိုးလာလို့ Blow Dry လျှာရှည်ပြီးဆွဲလိုက်တာ နဲနဲတော့ဖွာသွားလို့ စိတ်ရှုပ်သွားတာနဲ့ ဟ်ိုတလောက လက်ဆောင်ရထားတဲ့ Mirror Hair Mask က အသစ်ထွက်ထားတဲ့ Hair Serum လေး လိမ်းလိုက်တာ တော်တော်လေးပျော့သွားတယ် ဖွာနေတဲ့ ဆံပင်ဝပ်ဝပ်လေးဖြစ်သွားလို့ ရေးချင်စိတ်ပေါက်သွားတာနဲ့ ပုံလာတင်ပါသည် 😁😁
ဆံပင်တွေကောက်ပြီး အလုပ်တွေရှုပ်နေသော ကျွန်မရဲ့ Hair Care 😂
ဒီ Serum လေးက ZP ရဲ့ အမြင်အရပြောရရင်
ခြောက်ပြီးဖွာနေတဲ့ ဆံပင်တွေဆိုရင် မစိုမခြောက်မှာ လိမ်းတာထက်စာရင် ခြောက်သွားမှလိမ်းရင် ပိုပျော့ပြီး ဆံပင်လေးဝပ်ဝပ်လေးဖြစ်တယ်
စစချင်း အနံ့အရနဲနဲလေးတော့ ပြင်းသလိုပေမယ့်
နှစ်ရက်သုံးရက်ထိ အနံ့မွှေးမွှေးလေးဆံပင်မှာစွဲနေတယ်
ဈေးလေးကတစ်သောင်းကျော်လေးနဲ့ ကောင်းကောင်းလေးသုံးရသလိုခံစားရတယ်
ခြောက်နေတဲ့ဆံပင်လေးတွေဝပ်သွားတာ အကြိုက်ဆုံးပါပဲ❤️❤️
Zon Pwint
Zon Pwint Online Makeup Class
10/03/2024
ဒီလိုအချိန်ဆို နေကပူ အရွက်တွေကြွေ ဘာကြီးကလွမ်းနေစရာလိုလို ...
အဲ့လိုအချိန်ဆိုရင် ကံ့ကော်ပန်းလေးတွေမြင်ရ .. မွှေးနေ ... ထူးအိမ်သင်ရဲ့ နွေဦးကံ့ကော် သီချငိးနဲ့ကွက်တိ
သုံးလပိုင်းကုန် .. လေးလပိုင်းအစ ... ပိုပူ ... သင်္ကြန်နားနီးတော့ သင်္ကြန်မျှော်သလိုလို အချိန်
အဲ့လိုအချိန်ဆို သင်္ကြန်သီချင်းလေးတွေ နားထောင်ရတာ အဓိပ္ပါယ်ရှိ ... ပျော်သလိုလို ... ပိတောက်လေးတွေ မိုးနဲနဲလေးရွာလို့ ပွင့်ရင် ပျော်
အရာအားလုံးက Timing ကိုက်နေမှ ပျော်ရတာ
Time is Over ဆိုတာ အလကား စကားမဟုတ်
ငယ်ငယ်က နို့ဆီ နို့မှုန့်ဆို ခိုးစားရတာ အမော😂ခုချိန် ပေါများနေတော့ မစားချင်တော့တာထက် မမက်မောတော့တာ 😁
လိုချင်နေတဲ့အချိန် လိုအပ်နေတဲ့အချိန်
လိုချင်နေတဲ့အရာ လက်ခံရရှိမှု အားလုံး Timing ကိုက်နေမှ နောက်ဆုံး ပျော်ရွှင်ကျေနပ်မှုဆိုတာ ဖြစ်လာတာ ❤️
လူတစ်ယောက်ယောက်ကို ပျော်ရွှင်အောင်လုပ်ပေးဖို့ဆိုတာ ကိုယ်လုပ်ပေးလိုက်တာက သူ့အတွက် လိုအပ်နေတဲ့အချိန် သူ့အတွက်အသုံးဝင်မှု အားလုံးစုံနေမှ အချိန်ကိုက်ပျော်ရွှင်မှုလေးဖြစ်စေမှာ
တခါတလေ တချို့အရာတွေက အစားထိုးပေးလို့ရပေမယ့် ခံစားရတဲ့ ပျော်ရွှင်မှု တန်ဖိုးကတော့ မတူတော့ပါဘူး
မွေးနေ့မှာရတဲ့လက်ဆောင်နဲ့ မွေးနေ့ကျော်မှ ရော့ မွေးနေ့လက်ဆောင်ဆိုတာ .. ပေးတဲ့စေတနာကို အသိအမှတ်ပြုပေမယ့် ကိုယ့်ရဲ့ ပျော်ရွှင်မှုချင်းကတော့မတူနိုင်ပါ
မိဘတွေရှိတုန်းပြုစုစောင့်ရှောက်ရတယ် ဆိုတဲ့သဘောလိုပဲ ကွယ်လွန်သွားမှ ဘာမှမလုပ်ပေးလိုက်ရဘူးဆိုပြီး ကုသိုလ်တွေလုပ်ပေးနေတာက ရှိနေတုန်းမှာ ပြုစုစောင့်ရှောက်ပေးတာရဲ့ အသေးအမွှားပါ
❤️Timing ❤️ ဆိုတဲ့ စကားလုံးလေးကို တွေးမိလို့
Zon Pwint
Zon Pwint Online Makeup Class
08/03/2024
" Happy International Women's Day "
🩵မိန်းကလေးတစ်ယောက်အဖြစ်မွေးဖွားလာရတာ ဂုဏ်ယူစရာ ကောင်းသော
🩵Hero တစ်ယောက်ဖြစ်လာစေဖို့ Her ( သူမ) ရဲ့ အထောက်အပံ့တွေ အများကြီးပေးနိုင်သော
🩵သားသမီးကောင်းတွေဖြစ်လာဖို့ မိန်းကလေးတွေ မရှိမဖြစ်လိုအပ်သော
🩵သားသမီးတွေအတွက် ဘက်စုံတော်ပြီးပြည့်စုံသော
🩵အိမ်တစ်အိမ်အတွက် စွယ်စုံရလူသားတစ်ဦးဖြစ်သော
❤️ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူပြီး ချီးကျူးပါ ... လက်လေးနဲ့ပုတ်ပြီး ငါအရမ်းတော်တာပဲလို့ ချီးမွမ်းလိုက်ပါ
❤️ဒီနေ့မှာ ကိုယ်လိုချင်နေတဲ့အရာတခုခုကို မဖြစ်မနေလုပ်ပါ ဝယ်ပါ
❤️ကိုယ်က ဒီလိုအရာ ဒီလိုပစ္စည်းနဲ့ ထိုက်တန်လွန်းမက ထိုက်တန်ပါတယ်
❤️ဒီလိုနေ့လေးမှာ ZP ရဲ့ မိတ်ကပ်သင်တန်းလေးကို စိတ်ဝင်စားလို့ တက်ချင်နေသော အမျိုးသမီးလေးတွေအတွက် One On One Class တွေအားလုံးကို ဒီနေ့သင်တန်းအပ်ရင်း 5% Discount ယူပြီးအသစ်စတင်လိုက်ပါ
❤️ZP လဲ ကိုယ့်ကိုယ်ဂုဏ်ပြုတဲ့အနေနဲ့ ဘာလိုချင်နေလဲ ဘာစားချင်နေလဲ Appreciate လုပ်ပေးမှာပါ
Zon Pwint
Zon Pwint Online Makeup Class
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Mandalay
ZONPWINT
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |
