Oneness Herbal Shampoo_Local Product
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Oneness Herbal Shampoo_Local Product, Health/Beauty, Mandalay.
01/11/2022
အို........ဘာတဲ့👀
သူနဲ့လျှော်ထားရင် ၃ရက်လောက်က ဆံပင်ကို သွက်နေတာတဲ့.......🤗
လျှော်ကြည့်တာကောင်းလို့ အမရော အမေရော တစ်အိမ်လုံးလျှော်ကြတာဆိုပဲ....🥰
မိတ်ကပ်ရည်ဘူးယူရင်းနဲ့ 1️⃣0️⃣ ဘူး ယူမယ်နော်တဲ့....😬
အရင်တခေါက် မန်းလေးတက်ခဲ့တုန်းက Angel product အစုံ 1️⃣0️⃣ သိန်းဖိုး ယူသွားတဲ့ ကောလင်းကမမထက်ကို
𝐎𝐧𝐞𝐧𝐞𝐬𝐬 𝐇𝐞𝐫𝐛𝐚𝐥 𝐒𝐡𝐚𝐦𝐩𝐨𝐨လေး တစ်ဘူး လက်ဆောင်ထည့်ပေးလိုက်တာ.....
ဒီနေ့ဖုန်းပြောဖြစ်တော့ သူကပြောတယ် အိမ်အလုပ်နဲ့မို့ဖုန်းဆက်မပြောဖြစ်နေတာတဲ့ ☺
ဒီလိုစကားလေးတွေ ပြန်ကြားရတော့ ဝမ်းသာတာထက်ပိုတယ် ကျေနပ်တယ်ရှင့်......🤗
လက်ဆောင် တစ်ဘူးကနေ သုံးရင်းရောင်းဖို့ 1️⃣0️⃣ ဘူးအမှာလေးဖြစ်သွားရော😚😚
ဒါကြောင့်လည်း Oneness Herbal ရဲ့ Quality ကို 100% အာမခံမှုအပြည့်နဲ့ရောင်းချနေတာပေါ့.....✅✅
ခုနောက်ပိုင်းတင်တဲ့ပုံတွေကဆံပင် နဲ့ ခုတင်ထားတဲ့ပုံထဲက ဆံပင်သာယှဥ်ကြည့်တော့😌
ခုတင်ထားတဲ့ပုံက အရင်ကပုံအရင်ကဆံပင် ပါးပီးမွှေးနီတာ ဆံသားတွေကဖွာထွက် 👇🤧
#သဘာဝခေါင်းလျှော်ရည်
01/11/2022
Hello November.......🍀🍀
အားလုံးအတွက် ကံကောင်းခြင်းတွေယူဆောင်လာပေးတဲ့ Lucky လ လေးဖြစ်ပါစေ....🙏💖
🌺🌺
ပီးခဲ့တဲ့လက တွေ့ကြုံခဲ့သမျှ အညံ့တွေ ကံဆိုးခြင်းတွေ ဖယ်ရှားပစ်ဖို့
November one မှာ
တရော် ကင်းမွန်း ပါတဲ့
𝐎𝐧𝐞𝐧𝐞𝐬𝐬 𝐇𝐞𝐫𝐛𝐚𝐥 သဘာဝခေါင်းလျှော်ရည်လေးနဲ့ လျှော်ပစ်ပါမယ်....💆
(တရော် ကင်းမွန်းက ကံပွင့်လာဘ်ပွင့်စေတယ်🙏)
31/10/2022
ပစ္စည်းတကယ်ကောင်းရင်
အနည်းနဲ့ အများ ပြောင်းလဲမှုရှိရမယ်တဲ့ ✅
ဒါ...........အမှန်ဘဲပေါ့🤷♀️
လေးကြောင့် ပြောင်းလဲလာကြသူများ👇👇
🔥 ဒုတိကပုံလေးကတော့ Oneness လေးတစ်မျိုးတည်းပဲသုံးပီး ၂ဘူးမကုန်သေးသော ကိုယ်တိုင်ရလဒ်လေး...💁💁
🌺ဆံအုံထူတယ်
🌺ဆံသားအသစ်တွေ ပေါက်တယ်
🌺ဆံပင် အရှည်မြန်တယ်
ဒါကို ကြည့်ခြင်းအားဖြင့် Product ရဲ့ Quality နဲ့ Value ကို ခန့်မှန်းကြည့်လို့ရတယ်.....✅✅
ဆံပင်အရှည်မြန်ချင်တဲ့ မိန်းခလေးတွေ သိထားသင့်တဲ့ အချက် ၅ ချက်
1.ပျက်စီးနေတဲ့ဆံပင်အဖြားတွေ အဖြားနှစ်ခွတွေ ညှပ်ပေးပါ.
2.ဆံပင်သားကို ခနခနကောက်ခြင်း ဖြောင့်ခြင်း အပူပေးခြင်းမျိုးတွေ ရှောင်ပေးပါ.
3.နေ့တိုင်း ခေါင်းမလျှော်ပါနဲ့ ခေါင်းလျှော်တိုင်း ဦးရေပြားကိုနှိပ်နယ်ပေးပါ.
4.ရေများများသောက်ပါ ပရိုးတင်ဓာတ်ပါတဲ့အစားအစားတွေစားပါ ဗီတာမင် C ဗီတာမင် D ကြွယ်ဝတဲ့အသီးအရွက်တွေစားပါ
5.မှန်ကန်တဲ့ ခေါင်းလျှော်ရည်ကိုရွေးချယ်ပါ
(Chemical နည်းတဲ့ သဘာဝခေါင်းလျှော်ရည်မျိူးကိုရွေးချယ်နိုင်ရင် ပိုကောင်းပါတယ်)
#သဘာဝခေါင်းလျှော်ရည်
ဆံပင်ကျွတ်သက်သာဖို့အတွက် ဒီ (၅)ချက်......
Chemical နည်းတဲ့ သဘာဝ ခေါင်းလျှော်ကို ရွေးချယ်ပါ...
90% Chemical လျှော့ချထားပီးတော့ သဘာဝ ပါဝင်ပစ္စည်း (၁၅)မျိုးနဲ့ ပေါင်းစပ်ထားတဲ့ 𝗢𝗻𝗲𝗻𝗲𝘀𝘀 𝗛𝗲𝗿𝗯𝗮𝗹 𝗦𝗵𝗮𝗺𝗽𝗼𝗼 လေးကို ရွေးချယ်ပါ..💚
Dryer မသုံးဘဲ သဘာဝအတိုင်းလေးဘဲ အခြောက်ခံပါ💖
18/10/2022
မိန်းကလေး တိုင်းက လှပတဲ့ ဆံသား ကို ပိုင်ဆိုင် လိုကြပါတယ်...👸
( ဆံသားကို ဂရုတစိုက်မရှိဘဲ ဆံသားလှပချင်လို့တော့ မရပါဘူးနော်)
လှပတဲ့ဆံသားလေးတွေ ပိုင်ဆိုင်ချင်တဲ့ မိန်းခလေးတိုင်း သိထားရမယ့် အချက် (၁၀) ချက် ပြောပြပေးမယ်......✅
၁။ညအိပ်ရာမဝင်ခင် ဆံပင်ကို ပုံမှန်ပါပေးပါ...
၂။ခေါင်းလျှော်ရည်အပျော့စားနဲ့ လျှော် ပါ။
(Chemical နည်းတဲ့ သဘာဝခေါင်းလျှော်ရည်သုံးပေးပါ)
🛑ဘာခေါင်းလျှော်ရည်သုံးရမလဲဖြစ်နေရင်တော့ 90% chemical လျှော့ချထားတဲ့ သဘာဝ Oneness Herbal Shampoo ကိုသုံးပါ...💁💚
၃။ဆံပင်တွေကို ရေစိုနေချိန်မှာ မဖြီးပါနဲ့။ ဆံသားတွေကို ဆွဲဆန့်သလိုဖြစ်စေ၃ ပြီး ဆံပင်တွေ ပြတ်စေပါတယ်...
၄။ရေစိုနေတဲ့ ဆံပင်ကို လေမှုတ်စက်နဲ့ အခြောက်ခံမယ့်အစား သဘာဝအတိုင်း အခြောက်ခံပါ
(အစိုဓာတ်တွေကို ဖယ်ရှားပြီး ဆံပင်သားကို ကြမ်းစေနိုင်တာ ကြောင့်ပါ)
၅။ခဏခဏ အပူပေးခြင်း ဖြောင့်ခြင်း ကောက်ခြင်း အရောင်ဆိုးခြင်းတွေကို မလုပ်ပါနဲ့....
၆။ဆံပင်ကို သရေကွင်းနဲ့ တင်းတင်းကြပ်ကြပ် စည်းနှောင်တာကိုလည်း ရှောင် ရှားပါ...
၇။နေပူထဲကို သွားလာတဲ့အခါ ဆံ သားပေါ်ကို နေရောင်ခြည်တိုက် ရိုက်မကျရောက်စေဖို့ ထီး၊ ဦးထုပ်ဆောင်း သွားပါ။
၈။ဖိစီးမှုနည်းအောင် အနားယူပေးပါ။ စိတ်ဖိစီးမှုများတာက ဆံပင်ကျွတ် စေနိုင်တာကြောင့်ပါ
၉။ ပရိုတင်းဓာတ်ပါတဲ့အစားအစာတွေ / ဗီတာမင် ဘီ၊ စီ၊ အီး ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပါ။
၁၀။သင့်ဆံသားက အဆီပြန်တဲ့ဆံသား ဖြစ်ပါက အဆီများတဲ့အစားအစာ တွေနဲ့ ဆီကြော်စာတွေကို ရှောင်ရှားပါ။ ရေများများသောက်ပါ။
14/03/2022
Dandruff (ဗောက်ထခြင်း) ကိုဘာတွေကဖြစ်စေသလဲ???
ဗောက်ရောဂါဟာ
•အဆီဂလင်းမှ အဆီအထွက်များပြီး လှုံ့ဆော်ခံရသော အရေပြားတွေမှာ ရောင်ရမ်းတဲ့အခါ ဖြစ်နိုင်ပါတယ်။ ဒါဟာ ဗောက်ရောဂါဖြစ်ရခြင်းရဲ့ အဖြစ်အများဆုံး အကြောင်းအရင်းဖြစ်ပြီး အဖြူရောင်၊ အဝါရောင်ဗောက် အချပ်တွေနဲ့ ဦးရေပြားကို နီရဲစေပြီး အဆီတွေထွက်စေပါတယ်။
• ခေါင်းမလျှော်တာနဲ့ပဲ ဗောက်ဖြစ်နိုင်ပါတယ်။ အကယ်၍ သင်ဟာ ခေါင်းပုံမှန်မလျှော်ဘူးဆိုလျှင် ဦးရေပြားမှ အဆီဆဲလ်နဲ့ အရေပြားဆဲလ်တွေဟာ ဗောက်တွေကို ဖြစ်စေမှာပါ။
• malassezia လို့ခေါ်တဲ့ မှိုတစ်မျိုးဟာ အရွယ်ရောက်ပြီးသူ အများစုရဲ့ ဦးရေပြားမှာ ရှိတတ်ပါတယ်။ အချို့သူတွေမှာ ၎င်းဟာ ဦးရေပြားကို လှုံ့ဆော်ပြီး အရေပြားဆဲလ်တွေကို ကြီးထွားလာအောင်လုပ်ပါတယ်။
• ခြောက်သွေ့တဲ့ ဦးရေပြားမှာ ဗောက်ဖြစ်လာရင် ယေဘုယျအားဖြင့် ပိုသေးပြီး အဆီနည်းပါတယ်။ ဦးရေပြားနီမြန်း ရောင်ရမ်းခြင်းလည်း ဖြစ်တာ နည်းပါတယ်။
• ဆံပင်အလှပြင် ပစ္စည်းတွေဟာ ဦးရေပြားနဲ့ ဓါတ်မတည့်တာ ဖြစ်နိုင်ပါတယ်။ ဆံပင်အလှပြင်ပစ္စည်း (သို့) ဆံပင်ဆိုးဆေးတွေမှာ ပါတဲ့ အချို့ပစ္စည်းတွေဟာ တစ်ခါတစ်ရံမှာ ဦးရေပြားနီမြန်း ယားယံပြီး ဗောက်တွေဖြစ်လာနိုင်ပါတယ်။
ဒီလို ဗောက်ထတဲ့ ဦးရေပြားပြသနာတွေ ကြုံတွေ့နေရပြီဆိုရင်တော့ ဗောက်သက်သာစေတဲ့ တောရှောက်ခါးသီးကို ထည့်သွင်းဖော်စပ်ထားတဲ့
လေးကို စမ်းသုံးကြည့်လို့ရပါတယ်နော် 🙋
ဦးရေးပြားအေးအေးလေးနေပီး ဗောက်ထခြင်းတွေကို သက်သာဖယ်ရှားပေးတယ်✅
#2လအတွင်းကြုံတွေ့နေရတဲ့ဆံသားပြသနာတွေကိုဖြေရှင်းပေးမဲ့_ONENESSShampoo ❤❤
08/02/2022
#ဆံပင်ကျွတ်ရင်ဘယ်လိုဂရုစိုက်ပေးရမလဲ ???
1. ခေါင်း ခဏ ခဏ မကုတ်ပါနဲ့
ခေါင်း ခဏခဏ ကုတ်တာကလည်း ဆံပင်တွေ ပိုကျွတ်အောင် တွန်းအားပေးပါတယ်။ ဗောက်ထလို့ပဲဖြစ်စေ၊ စိတ်ညစ်လို့ပဲဖြစ်စေ ခေါင်းကုတ်တတ်ကြတယ်မဟုတ်လား။ ဒီလို ခေါင်းတွေ ခနခန ကုတ်နေမိပြီဆိုရင်တော့ ဆံပင်ကျွတ်ဖို့ အကြောင်းဖန်လာနိုင်ပါတယ်။ လက်သည်းနဲ့ ထိခိုက်မိတာတွေ၊ ကြမ်းကြမ်းတမ်းတမ်း ကုတ်ခြစ်မိတာတွေက ဆံပင်ကို ထိခိုက်စေနိုင်ပြီး လိုအပ်တာထက် ပိုကျွတ်စေပါလိမ့်မယ်။
3. ဆံသားကို သန့်သန့် ရှင်းရှင်းထားပါ
ဦးရေပြားနဲ့ ဆံပင်သန့်ရှင်းမှုကလည်း အရေးပါပါတယ်။ ဒါတွေကို သေချာ စနစ်တကျနဲ့ ပုံမှန် မသန့်ရှင်းပေးဘူးဆိုရင်လည်း ဆံပင်ကျွတ်စေနိုင်ပါတယ်။ သန့်ရှင်းတဲ့ ဆံသားလေးတွေဟာ သန်စွမ်းလှပတဲ့ ဆံသားလေးကို ပံ့ပိုးပေးနိုင်မှာဖြစ်ပြီးတော့ ညစ်ပတ်နေတဲ့အခါမျိုးမှာ ဗောက်ထတာမျိုး၊ ဆံပင်ကျွတ်တာမျိုးတွေ ပိုဖြစ်လာမှာဖြစ်ပါတယ်။
3. ခေါင်းလျှော်တဲ့အခါ ရေနွေးနွေးနဲ့ လျှော်ပေးပါ
ပုံမှန် အားဖြင့် ခေါင်းလျှော်ကြတဲ့အခါမှာ ရေပိုက်ခေါင်းက ထွက်လာတဲ့ ဒါမှမဟုတ် ရေစည်မှာရှိနေတဲ့ ပုံမှန်ရေမျိုးတွေနဲ့သာ လျှော်ကြတာသာများပါတယ်။ ခေါင်းလျှော်ရာမှာ ကြက်သီးနွေးလောက် အပူချိန်ရှိတဲ့ ရေမျိုး (ရေနွေးမဟုတ်)နဲ့ လျှော်ပေးတာဟာ ဦးရေပြားကို လန်းဆန်းစေမှာဖြစ်သလို ဆံပင်မကျွတ်အောင်၊ ဆံသား ကျန်းမာလာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
4. ဆံပင် ပုံမှန် ဖြီးသင်ပေးပါ
ဆံပင်ကို ပုံမှန် ဖြီးသင်ပေးတာဟာ ဆံပင် အများအပြား မကျွတ်စေဖို့ အထောက်အကူပြုနိုင်တယ်ဆိုရင် အတော်များများ အံ့သြကြမယ်ထင်ပါတယ်။ ဆံပင်ရှည်ရှည်ကြီးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေဆိုရင် ဆံပင်ကို ဖြီးသင်ဖို့ကိစ္စဟာ အတော်ကရိကထများတဲ့ အလုပ်တစ်ခုဖြစ်နေလေ့ရှိပါတယ်။ ဒါပေမယ့် နေ့စဉ် မနက်ခင်းနဲ့ ညနေခင်းတွေမှာ ၁-၂ မိနစ်ဝန်းကျင် ဆံပင်ကို ဖြီးသင်ပေးတာဟာ ဆံပင် ရှုပ်ပွတာကို ကာကွယ်နိုင်ရုံသာမက ဆံပင်လိုတာထက် ပိုမကျွတ်အောင်လည်း အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ရှုပ်ပွနေတဲ့ ဆံပင်တွေဟာ ကျွတ်နိုင်ချေပိုများလို့ဖြစ်ပါတယ်။
07/02/2022
#ဆံပင်ကျွတ်စေတဲ့အကြောင်းအရင်းများ
1. ဆံပင်ကျွတ်တာ စောစောသိဖို့ လိုတယ်
ဆံပင်ကျွတ်တာက လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် သာမန်လူတစ်ယောက်ဟာ တစ်နေ့ကို ဆံပင် ၁၀၀ ဝန်းကျင်လောက် ကျွတ်တတ်တယ်လို့ ဆေးပညာရှင်တွေက ဆိုထားပါတယ်။ ဒါပေမယ့် ကိုယ့်စိတ်ထဲမှာ လိုအပ်တာထက် ပိုကျွတ်နေတယ်လို့ ခံစားရရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်။ ဆံပင်ကျွတ်ခြင်းဟာ စောစောသိလေ ကောင်းလေဆိုတဲ့ ပြဿနာတစ်မျိုးဖြစ်ပါတယ်။
2.ပုံမှန် ဆံပင်ပိုကျွတ်တဲ့ ကာလရှိနိုင်တယ်
တချို့လူတွေက အချိန်ကာလတစ်ခုမှာ ဆံပင်ပိုကျွတ်တာမျိုး ကြုံရနိုင်ပါတယ်။ ဒါကို seasonal hair loss လို့ ခေါ်ဆိုကြပါတယ်။ ကိုယ်တွင်းက melatonin နဲ့ prolactin တွေ မူမမှန်တာကြောင့် ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ တိုက်ရိုက်ထိတွေ့နေရသူတွေမှာ အဖြစ်များပါတယ်။
3. Diet လုပ်တာကြောင့်လည်း ဆံပင်တွေ ပိုကျွတ်နိုင်ပါတယ်
ဆံပင်ကျန်းမာဖို့ဆိုရင် ဗီတာမင် A ၊ ဗီတာမင် B ၊ ဗီတာမင် C နဲ့ ဗီတာမင် E တို့အပြင် iron ၊ zinc ၊ copper ၊ magnesium နဲ့ selenium တို့လည်း လိုအပ်ပါတယ်။ ဒီအရာတွေက ဆံပင်ကျန်းမာဖို့နဲ့ တောက်ပြောင်လာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ ကိုယ်အလေးချိန်လျှော့ချသူတွေဟာ များသောအားဖြင့် အသီးအရွက် စားသုံးမှုများပြားပြီး အစားအသောက်ပမာဏကို လျှော့ချတာမျိုး၊ သင့်တော်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝအောင် မဖြည့်ဆည်းနိုင်တာမျိုးတွေဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ ဆံသားကျန်းမာစေမယ့် အာဟာရဓာတ်တွေ နည်းပါးပြီး ဆံပင်ကျွတ်တာမျိုး ကြုံရလာရလေ့ရှိပါတယ်။
4. မျိုးရိုးလိုက်တာနဲ့ ဟိုမုန်းပြောင်းလဲတာလဲ ဖြစ်နိုင်ပါသေးတယ်
တစ်ချို့လူတွေအတွက်ကတော့ ဆံပင်လိုတာထက်ပို ကျွတ်တာဟာ မျိုးရိုးလိုက်တာဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အမျိုးသား အများစု ဆံပင်ကျွတ်တာဟာ အဖေ၊ (ဖခင်ဘက်က) အဘိုးဖြစ်သူတို့နဲ့ တိုက်ရိုက်ဆက်စပ်နေတတ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း အသက်အရွယ်အလိုက် ဟိုမုန်းပြောင်းလဲမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ဆိုရင် testosterone ပမာဏမြင့်တက်နေတာကြောင့်ဖြစ်နိုင်သလို Polycystic Ovarian Syndrome (PCOS) ဝေဒနာခံစားနေရတာလည်းဖြစ်နိုင်ပါတယ်။
5. ကျန်းမာရေး အခြေအနေကြောင့် ဖြစ်နိုင်တယ်
အမျိုးသမီးတွေအနေနဲ့ ယာယီဆံပင်ကျွတ်တာမျိုးကို ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမီးဖွားထားချိန်၊ ပဋိသန္ဓေတားဆေး မှီဝှဲနေချိန်၊ သွေးဆုံးချိန်တွေမှာဖြစ်နိုင်ပါတယ်။ ဒါ့အပြင် thyroid disease ဝေဒနာခံစားနေရချိန် ၊ ဆံပင်ရဲ့ မွေးညင်းပေါက်တွေကို ထိခိုက်စေတဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ alopecia areata ဝေဒနာခံစားနေရချိန်၊ ဗောက် အလွန်အမင်း ထတဲ့ပြဿနာကြုံနေရချိန်၊ အပြင်းအထန် ဖျားနာချိန်၊ နှလုံး၊ ကင်ဆာ၊ သွေးတိုး၊ စိတ်ဖိစီးမှုဝေဒနာတွေ ခံစားနေရချိန်တွေမှာလည်း ဆံပင် ကျွတ်နိုင်ပါတယ်။
ဆံပင်ကျွတ်တာကို ကုသလို့ မရဘူး
ဟုတ်ပါတယ်။ ဘာကြောင့် ကျွတ်ကျွတ် ဆံပင်ကျွတ်ခြင်းကို ပျောက်ကင်းအောင်ဖို့ ခက်ခဲပါတယ်။ အထူးသဖြင့် မျိုးဗီဇလိုက်လို့ဖြစ်တဲ့ ဆံပင်ကျွတ်ခြင်းတွေဟာ ကုသလို့မရနိုင်ပါဘူး။ ထိပ်ပြောင်တာမဖြစ်အောင် တားဆီးဖို့လည်း ခက်ပါတယ်။ အရှိန်နှေးသွားအောင် တားဆီးတာမျိုးလောက်ပဲ လုပ်လို့ရပါတယ်။ နေထိုင်စားသောက်မှုတွေနဲ့ပဲ ဆံပင်ကျွတ်ခြင်း နည်းပါးအောင် ကာကွယ်နိုင်မှာဖြစ်တာကို သတိထားကြဖို့ လိုအပ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay
