Beauty Palace Mandalay
Cosmetic ( လက္လီလက္ကား) Delivery free for 2 Items ( Anywhere )
08/08/2023
တိုနာ (Toner)သုံးနည်း(မသိသေးတဲ့သူတွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်)
အရင်ကဆိုရင် toner ကို လုံးဝ မလိုအပ်ဘူး ထင်ခဲ့တာ
အရည်လိုပဲ ဘာမှ ထူးခြားမှုမရှိဘူး ပေါ့
တကယ် skin care သုံးပြီး တကယ်လေ့လာကြည့်တော့ မှ အသားအရေ ထိန်းသိမ်းမှု အပိုင်းမှာ toner က အခြေခံအကျဆုံးထဲ က တစ်ခု ဆိုတာ သိလာရတယ်
နေ့ဘက် မိတ်ကပ် လိမ်းတဲ့ အခါ toner လိုအပ်သလို
ညဘက် အိပ်ခါ နီး အားဖြည့်ရည်တွေ မသုံးခင် toner ဆိုတာ မဖြစ်မနေ သုံးသင့်တဲ့ အရာဆိုတာ လုံးဝ နားလည် လာရတယ်
သုံးနည်း လေးပါ ပြန်copy ပေးထားပါတယ် နော်
တိုနာလိမ်းနည်း
အမေး။......တိုနာကလေ မျက်လုံးတဝိုက်နဲ့ မေးစေ့တဝိုက်ချန် သုံးရတယ်ဆိုတာ ဟုတ်ပါသလား ဆရာ..
အဖြေ။......
တိုနာလိမ်းတဲ့အခါ မျက်နှာတပြင်လုံးလိမ်းရပါတယ်။ အထူးသဖြင့် မေးစေ့၊ ပါးပြင်၊နှာခေါင်းနဲ့ ဆံသယ်စတွေကို သေချာလိမ်းပေးရတယ်။ သို့သော် မျက်လုံး၊ မျက်ခွံနဲ့ နှုတ်ခမ်းကိုတော့ ချန်ထားရမယ်။ တိုနာလိမ်းတဲ့အခါ လက်နဲ့လိမ်းကြတယ်။ မှားတယ်။ တကယ်က တိုနာသုံးတဲ့အခါ ဂွမ်းစနဲ့လိမ်းမှ အညစ်အကြေး၊ ပိုးမွှား၊အဆီနဲ့ မိတ်ကပ်တွေ ကင်းစင်မှာဖြစ်တယ်။
ဂွမ်းစ၊ဂွမ်းဖတ်နဲ့ သုံးတဲ့အခါ အရည်ကို ရွှဲနစ်နေအောင် စိမ်ပြီး မသုံးရဘူး။ အနေတော်လောက်ထည့်ပြီး သုံးရတယ်။ ဂွမ်းစမှာမဲလာရင် အသစ်ပြောင်းသုံးပါ။ လိမ်းတဲ့အခါ စက်ဝိုင်းပုံလိမ်းပါ။
သတိပြုရမှာက တိုနာသုံးပြီး တခြားskin care ချက်ချင်းမသုံးပါနဲ့။ အနည်းဆုံးခြောက်အောင် တစ်မိနစ်ထားပြီးမှ တခြားskin care ဆက်သုံးရမယ်။
Credit - ဒေါက်တာ အေးမင်းထူး
16/06/2022
Crd
29/04/2022
ရာသီဥတု အပူချိန် ၄၀'C အထက်ဖြစ်နေလို့
ကားမောင်းသူတိုင်း သတိထားရမဲ့ Aircon အန္တရာယ်
(၁) ကားအဲယားကွန်းမဖွင့်မီ စက်နှိုးပြီး ကားမှန်တံခါးများအားလုံး ချထားပါ။ ပြင်ပလေဝင်ပြီး နောက်မှ ကားအဲယားကွန်းကို အနိမ့်ဆုံးမှ စ၍ ဖွင့်ပါ။ ထို့နောက်မှ မှန်များပြန်တင်ပြီးစီးလျှင် အပူ၊ အအေး ရုတ်တရက် အပြောင်းအလဲ မဖြစ်စေနိုင်ပါ။
(၂) နေပူချိန်အဲယားကွန်းသုံးသော ကားဖြင့် အပြင်သွားလျှင် ရေသန့်ဗူး ယူဆောင်သွားပါ။ နေပူပြင်းသည့်နေရာတွင် ကားရပ်ပြီး အပြင်းသို့မဆင်းမီ ရေကိုအတော်အသင့် သောက်ပြီးမှ ဆင်းလျှင် ရုတ်တရက် ဦးနှောက်သို့ သွေးဆောင့်တက်ခြင်းမှ ကာကွယ်နိုင်ပါသည်။
(၃) အဲယားကွန်း ကြိုတင်ဖွင့်ထားသည့် ဘတ်စ်ကားကြီးများပေါ်သို့ နေပူထဲမှဝင်လျှင် တက် စီးလျှင် မတက်မီက ကြိုတင်ပြီး ရေအေးသောက်ထားပါ။ အချိုလူကြီးများသည် ကားပေါ်တွင် ဆီးသွားချင်မည်စိုးသဖြင့် ရေမသောက်ဘဲ ခရီးသွားလေ့ရှိသည်မှာ အမှားဖြစ်ပါသည်။ ထို့အတူပင် ညအိပ်ချိန်တွင် အဲယားကွန်း ဖွင့်အိပ်သူများမှာလည်း အိပ်ရာမဝင်မီ ရေအေးတစ်ခွက် သောက်ပြီးမှ အိပ်လျှင် ကိုယ်တွင်း(အစာအိမ်)မှ အပူနှင့် ပြင်ပအဲယားကွန်းမှ အအေးဓာတ်တို့ ဝိရောဓိဖြစ်ခြင်းမှ ကာကွယ်ရာရောက်မည် ဖြစ်သည်။
အထက်ဖော်ပြခဲ့သော အချက်သုံးချက်ကို သတိပြုလိုက်နာခြင်းဖြင့် အဲယားကွန်းကားစီးသူများ အပြင် အဲယားကွန်းအခန်းဖြင့် အိပ်စက်သူများပါ အပူ၊ အအေးဝိရောဓိ လွန်ကဲမှုကြောင့် လေဖြတ်ခြင်း၊ ဦးနှောက် သွေးကြောပြတ်ခြင်းဘေးမှ ကင်းဝေးစေနိုင်ကြောင်း သတိပေးတင်ပြအပ်ပါသည်။
crd
ကြည်လွင်မြင့်(မုဒြာ)
၂၇.၄.၂၀၁၉။ မန္တလေး မြို့
29/04/2022
ပန်ကာဖွင့်ပြီး အိပ်စက်ခြင်းကြောင့် ရရှိလာနိုင်သည့် ကျန်းမာရေးပြဿနာများ
--------------------------------------------------
ပန်ကာဖွင့်ပြီး အိပ်စက်ရင် အဖြစ်များတတ်တဲ့ ကျန်းမာရေးပြဿနာလေးတွေရှိပါတယ်။ အဲဒါတွေ ကတော့-
▶ နှာစေးခြင်း ၊ နှာပိတ်ခြင်း
ပန်ကာလေဟာ နှာခေါင်း၊ ပါးစပ်နဲ့ လည်ချောင်း ကို ခြောက်သွေ့စေပါတယ်။ ခြောက်သွေ့ခြင်းကို ကာကွယ်ဖို့အတွက် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုအရ နှာ ရည်ပြန်ထုတ်ခြင်းကြောင့် နှာရည်ယို၊ နှာပိတ်ခြင်း တွေ ဖြစ်ရပါတယ်။
▶ မျက်လုံးနဲ့ အရေပြားခြောက်သွေ့ခြင်း
ပန်ကာလေနဲ့ တိုက်ရိုက်ထိတွေ့မှုကြာလာရင် မျက်လုံးနဲ့ အရေပြား ခြောက်သွေ့မှုတွေ ဖြစ်တတ် ပါတယ်။
▶ ကြွက်သားများ ကိုက်ခဲခြင်း
ပန်ကာလေနဲ့ အကြာကြီး ထိတွေ့တဲ့ ကြွက်သားတွေဟာ တောင့်တင်းသွားတတ်ပါတယ်။ ဒါ ကြောင့် ကြွက်သားတောင်းတင်းပြီး ကိုက်ခဲတာတွေ ဖြစ်တတ်ပါတယ်။
ပန်ကာဖွင့်တဲ့အခါ သတိပြုစရာ
------------------------------
✅ ပန်ကာကို လူနဲ့ ၂ပေ- ၃ပေ အကွာမှာ ထားပေးပါ။
✅ ပန်ကာကို တစ်နေရာတည်း မထားဘဲ လှည့်နေအောင် (Rotate) ထားပေးပါ။
✅ ပန်ကာလေကို တစ်ချိန်လုံးမဟုတ်ဘဲ timer mode နဲ့ အသုံးပြုပေးပါ။
✅ ပန်ကာလေကို မျက်နှာတစ်ဝိုက်နဲ့ တိုက်ရိုက် ထိတွေ့ခြင်းကို ရှောင်ရှားပေးပါ။
ရေငွေ့တွေပါ ထုတ်ပေးတဲ့ ပန်ကာအမျိုးအစား ဆိုရင်တော့ ပန်ကာလေကြောင့်ဖြစ်တဲ့ နှာခေါင်း၊ ပါး စပ်နဲ့ လည်ချောင်းကို ခြောက်သွေ့မှုကို အတန်အသင့် သက်သာစေနိုင်ပါတယ်။
crd
26/04/2022
ရေသောက်ခြင်း အကျိုးကျေးဇူးများ
မေး ~ အိပ်ယာနိုးနိုးချင်း ရေအရင်သောက်ရမလား ခြေထောက်အရင်ဆေးသင့်သလား သိပါရစေ။
ဖြေ ~
ရေသည် လူတို့၏ အသက်ရှင်
ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက်တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်
သောက်သင့်သည့် အချိန်တွင်သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံးအကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။
ရေသောက်သုံးသင့်သော အချိန်များ
* နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
* အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
* ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။
* မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။
ရေအကျိုး ဆယ်ပါး
* ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင်ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။
ရေသောက်များပါက ဆီးတွင်အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင်ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။
* ရေသည် ဆီးလမ်းကြောင်း ပိုး၀င်ခြင်းကို ကုသပေးနိုင်ပါသည်။ ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီအိမ်အတွင်းရှိ bacteriaပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။
*ရေသည် ၀မ်းလျှောသည့်အခါတွင်ဆုံးရှုံးသွားသော
ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်ကပိုမိုထိရောက်ပါသည်။
* ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင်ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။
* ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။
ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူနှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။
21/04/2022
အဆစ်ရောင်ရောဂါအတွက်
အကောင်းဆုံး အင်တီအောက်ဆီးဒင့်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
🔹အဆစ်ရောင်ရောဂါခံစားနေရတဲ့လူတွေဟာ အဆစ် နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို ပေါ်လိုက်ပျောက်လိုက်နဲ့ ခံစားရလေ့ရှိပါတယ်။ နာကျင်ခြင်း ဖိစီးခံရခြင်းများလည်း ကြုံတွေ့ရပါတယ်။ ဆေးဝါးများသောက်ခြင်း၊ ခွဲစိတ်ကုသမှုခံယူခြင်း စတဲ့ ကုထုံးများခံယူကုသနိုင်တဲ့အပြင် အစားအစာဖြင့်လည်း အဆစ်ရောင်ခြင်းကို ကုသနိုင်ပါတယ်။ မှန်ကန်တဲ့အစားအစာကို ရွေးချယ်စားသောက်ခြင်းဖြင့် အဆစ်ရောင်ရောဂါ ခံစားရမှု အခြေအနေ တိုးတက်ကောင်းမွန်လာနိုင်ပါတယ်။
🔹 အဆစ်ရောင်ရောဂါအတွက် အကောင်းဆုံးသော အင်တီအောက်ဆီးဒင့်တွေကတော့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများပဲဖြစ်ပါတယ်။ ဒါကြောင့် အခုဖော်ပြပေးမယ့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို နေ့စဉ် ပါအောင် စားသုံးပေးသင့်ပါတယ်။
---
အဆစ်ရောင်ရောဂါအတွက် အကောင်းဆုံး အင်တီအောက်ဆီးဒင့်
====================
====================
🔹အဆစ်ရောင်ရောဂါခံစားနေရတဲ့လူတွေဟာ အဆစ် နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို ပေါ်လိုက်ပျောက်လိုက်နဲ့ ခံစားရလေ့ရှိပါတယ်။ နာကျင်ခြင်း ဖိစီးခံရခြင်းများလည်း ကြုံတွေ့ရပါတယ်။ ဆေးဝါးများသောက်ခြင်း၊ ခွဲစိတ်ကုသမှုခံယူခြင်း စတဲ့ ကုထုံးများခံယူကုသနိုင်တဲ့အပြင် အစားအစာဖြင့်လည်း အဆစ်ရောင်ခြင်းကို ကုသနိုင်ပါတယ်။ မှန်ကန်တဲ့အစားအစာကို ရွေးချယ်စားသောက်ခြင်းဖြင့် အဆစ်ရောင်ရောဂါ ခံစားရမှု အခြေအနေ တိုးတက်ကောင်းမွန်လာနိုင်ပါတယ်။
🔹 အဆစ်ရောင်ရောဂါအတွက် အကောင်းဆုံးသော အင်တီအောက်ဆီးဒင့်တွေကတော့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများပဲဖြစ်ပါတယ်။ ဒါကြောင့် အခုဖော်ပြပေးမယ့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို နေ့စဉ် ပါအောင် စားသုံးပေးသင့်ပါတယ်။
---
Crd
Health Digest Journal
21/04/2022
တင်းတိတ်နဲ့ပတ်သက်လို့ သိသလောက်လေး ပြန်မျှဝေ ပေးပါရစေ.
တင်းတိတ်က ဝက်ခြံထက် ပိုပြီးပျောက်ကင်းဖို့ အချိန်ယူရပါတယ်.
တင်းတိတ်ဆိုတာ မျက်နှာအရေပြားအတွင်းကနေ မယ်လမင် (Melanin)ဓါတ်တွေ ထုတ်လွှတ်တာကနေ Balance မညီဘဲ အညိုကွက်တွေ ဖြစ်လာတာမျိုးပါ.
အမျိုးသမီးဟော်မုန်းဓါတ်တွေ ထုတ်လွှင့်များရင် မယ်လမင်ဓါတ်တွေ များတာမို့ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်.
ဒါဆို ဘယ်သူတွေမှာ တင်းတိတ်လေးတွေ
အဖြစ်များတတ်လဲ
1 နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ရတာ
များတဲ့သူတွေ
2 ပူလွန်းအေးလွန်းတဲ့ နေရာဒေသတွေမှာ
နေရတဲ့သူတွေ
3 ကိုယ်ဝန်ဆောင်နဲ့ သန္ဓေတားဆေးတွေသောက်သုံးခဲ့တဲ့သူတွေမှာ ပိုအဖြစ်များတတ်ပါတယ်.
အဲဒီတင်းတိတ်တွေ မဖြစ်အောင်၊နည်းနည်းချင်း သက်သာလျော့ပါးသွားအောင် ဘယ်လိုလုပ်
ကြမလဲ.
ဥပမာ - အဝတ်တခုကို မလျော်ဘဲပစ်ထားတာ
ကြာရင် အညစ်အကြေးတွေက အမည်းကွက်တွေပဖြစ်လာပြီး တခါတည်းလျော်ရုံနဲ့ ဖြူဖွေး မသွား
နိုင်ပါဘူး.
အဲ့လိုပဲ ကိုယ့်မျက်နှာပေါ်မှာ နှစ်ရှည်လများ စွဲနေတဲ့ တင်းတိတ်တွေကို ပျောက်ဖို့ဆို အရင်ဆုံးကစိတ်ရှည်ရပါမယ်.
အခုချက်ချင်းပျောက်မယ်ဆိုတာမျိုးတွေကို
ရှောင်ပါ.
အမြန်ပျောက်တဲ့ဆေးတွေ သုံးလိုက်တဲ့အခါ ကိုယ့်အသားအရေနဲ့များ ဓါတ်မတည့်ခဲ့ရင်
တင်းတိတ်တွေ ပိုများလာတတ်ပါတယ်.
ရေများများသောက်ပါ.
မျက်နှာသစ်ဆေးကို ရေနဲ့အဆီဓါတ် မျှတစွာပါဝင်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်ပါ.
အပြင်သွားတိုင်း SPF ပါတဲ့ နေရောင်ခြည်
အကာအကွယ်ပေးတာတွေ သုံးပါ.
ညအိပ်ခါနီးတိုင်း Moisture ပါတဲ့
Night Cream လေးတွေ သုံးပေးပါ.
တကယ်လို့ သဘာဝနည်းလမ်းတွေ သုံးချင်တယ်ဆိုရင်တော့ -
ငှက်ပျောသီးတစ်လုံး, ဒိန်ချဉ်ရိုးရိုး ၂ ဇွန်း,
သံပုရာရည် ၃ ဇွန်းကို ရောမွှေပြီး လိမ်းပေးပါ.
မိနစ် ၂၀ လောက်ထားပြီး ရေဆေးချပေးပါ
တပတ် (၂) ကြိမ်ခန့် ပြုလုပ်ပေးပါ.
Skin Care သုံးချင်တယ်ဆိုရင်တော့
ကိုယ်နဲ့သင့်တော်တဲ့ FDA ရပြီးသား
Skim Care Brand များကို
ရွေးချယ်အသုံးပြုပေးပါ
သဘာဝနည်းလမ်းပဲ သုံးသုံး
Skin Care ပဲ သုံးသုံး စိတ်ရှည်ရှည်နဲ့
ပုံမှန်လေး သုံးပေးမယ်ဆိုရင်
(၁) လကနေ (၂) လအတွင်းမှာ တင်းတိတ်တွေ
ပါးပြီး အသားအရေ ကြည်လင်လာပါတယ်.
အားလုံးပဲ ကြည်လင်ဝင်းပ တဲ့ မျက်နှာလေးတွေကို
ပိုင်ဆိုင်နိုင်ကြပါစေ
Crd
12/12/2021
ဝက်ခြံအတွက် ဒါတွေရှောင်ပါ..
(၁) whitening emulsion(နို့ရည်) ကို ဝက်ခြံထွက်နေစဉ် မသုံးသင့်ပါ။
(၂) ဝက်ခြံထွက်နေစဉ် ရွှံ့စေးမျက်နှာဖုံးတွေ မသုံးပါနဲ့။
(၃) အဆီပြန်တဲ့ မျက်နှာမှာ vaseline အဆီတွေ မလိမ်းသင့်ပါ။ ဝက်ခြံပိုထွက်တတ်တယ်။
(၄) မိတ်ကပ်ရွေးရာတွင် အဆီနဲ့သိပ်ထားတဲ့ pressed powder ထက် loose powder ကိုသာ ရွေးချယ်သင့်ပါတယ်။
(၅) ဝက်ခြံပေါက်သူမိန်းကလေးများရဲ့ (၄၅)ရာခိုင်နှုန်းဟာ အသားဖြူစေတဲ့ emulsion သို့မဟုတ် foundation များကြောင့်ဖြစ်ကြောင်း တွေ့ရှိရ။
ဝက်ခြံကပေါက်သေး၊ ဒီကြားထဲ အသားကလည်း ဖြူချင်သေးတော့ မလုပ်ကြနဲ့ ..
crd
ဒေါက်တာအေးမင်းထူး
၈.၁.၂၁
07/12/2021
🧏အမျိုးသမီးလေးတို့အတွက် ဖတ်ကြည့်ပါနော်......
ရာသီလာရင်......
💛ဗိုက်အောင့်မယ်
💛မအီမသာဖြစ်မယ်
💛အန်ချင်မယ်
💛ခေါင်းမူး/ကိုက်မယ်
💛ပင်ပန်းမယ်
💛ဖောယောင်မယ်
💛စိတ်အပြောင်းလဲမြန်မယ်
💛ဝမ်းလျောတက်ပါတယ်
ဒီလိုခံစားရတာတွေကို သက်သာစေပြီး အကျိုးရှိစေတဲ့ အစားသောက်တွေက....
💜ရေ
💜ကြက်ဥ
💜အသီးနှံ
💜ဟင်းသီးဟင်းရွှက်
💜ကြက်သား
💜ငါး
💜ချောကလက်
💜အခြံမာသီး
💜ပဲ
💜ဒိန်ချဉ်
Pro biotic ကြွယ်ဝတဲ့ အစားသောက်တွေ
စားပေးခြင်းက သွေးဆင်းတာကိုလွယ်ကူစေပါတယ်။
မစားသင့်သောအစားစာများ
👉ကော်ဖီ
👉စပ်သောအစားစာများ
👉အရက်
👉မကျက်သောအသား
👉အနီရောင်အသား
နှင့်တခြား မိမိနှင့်မတည့်သောအစားသောက်များ
⛔ဘာလို့မစားရလဲဆိုရင် သွေးဆင်းတဲ့အခါ ခံစားရတဲ့ဝေဒနာကို ပိုပြီးခံစားရစေလို့ပါ
ချစ်သောအမျိုးသမီးလေးများအတွက်
29/11/2021
Mask မျက်နှာဖုံးများနှင့်ပတ်သက်သည့် ကာကွယ်နိုင်မှုစွမ်းရည် Mask Protection Efficiency ကိုလေ့လာကြည့်သောအခါ အောက်ပါအတိုင်းတွေ့ရှိရသည်။
၁။ N95 Mask
Strongest protection (စွမ်းရည်အမြင့်ဆုံး)
ဗိုင်ရပ်စ် ကာကွယ်နိုင်မှု - ၉၅%
ဘတ်တီရီယား ကာကွယ်န်ုင်မှု - ၁၀၀%
ဖုံ စသည့်ညစ်ညမ်းအမှုံအမွှား - ၁၀၀%
ဝတ်မှုံ ကဲ့သို့အမှုံအမွှား - ၁၀၀%
၂။ Surgical Mask
Medical use (ဆေးရုံသုံး)
ဗိုင်ရပ်စ် ကာကွယ်နိုင်မှု - ၉၅%
ဘတ်တီရီယား ကာကွယ်န်ုင်မှု - ၈၀%
ဖုံ စသည့်ညစ်ညမ်းအမှုံအမွှား - ၈၀%
ဝတ်မှုံ ကဲ့သို့အမှုံအမွှား - ၈၀%
၃။ FFP1 Mask
Isolate suspended particles (ဒြပ်မှုံကာကွယ်သုံး)
ဗိုင်ရပ်စ် ကာကွယ်နိုင်မှု - ၉၅%
ဘတ်တီရီယား ကာကွယ်န်ုင်မှု - ၈၀%
ဖုံ စသည့်ညစ်ညမ်းအမှုံအမွှား - ၈၀%
ဝတ်မှုံ ကဲ့သို့အမှုံအမွှား - ၈၀%
၄။ Activate Carbon Mask
Stop odor (အနံ့အသက်ကာကွယ်သုံး)
ဗိုင်ရပ်စ် ကာကွယ်နိုင်မှု - ၁၀%
ဘတ်တီရီယား ကာကွယ်န်ုင်မှု - ၅၀%
ဖုံ စသည့်ညစ်ညမ်းအမှုံအမွှား - ၅၀%
ဝတ်မှုံ ကဲ့သို့အမှုံအမွှား - ၅၀%
၅။ Cloth Mask
အဝတ်အထည်ဖြင့်ချုပ်သည့်မျက်နှာဖုံး
ဗိုင်ရပ်စ် ကာကွယ်နိုင်မှု - ၀%
ဘတ်တီရီယား ကာကွယ်န်ုင်မှု - ၅၀%
ဖုံ စသည့်ညစ်ညမ်းအမှုံအမွှား - ၅၀%
ဝတ်မှုံ ကဲ့သို့အမှုံအမွှား - ၅၀%
၆။ Sponge Mask
ရေမြှုတ်ပါဖက်ရှင်သုံး
ဗိုင်ရပ်စ် ကာကွယ်နိုင်မှု - ၀%
ဘတ်တီရီယား ကာကွယ်န်ုင်မှု - ၅%
ဖုံ စသည့်ညစ်ညမ်းအမှုံအမွှား - ၅%
ဝတ်မှုံ ကဲ့သို့အမှုံအမွှား - ၅%
ထို့ကြောင့် N95 Mask ၊ Surgical Mask ၊ FFP1 Mask သုံးမျိုးသည်သာ ဗိုင်းရပ်စ် ကိုကာကွယ်နိုင်သည်။ အခြား Mask များသည် ဗိုင်းရပ်စ် ကာကွယ်နိုင်စွမ်း မရှိပါ။
ယခုအငြင်းပွားနေကြသည့် အဝတ်အထည်ဖြသ့်ချုပ်သော Mask သည် Social Distancing ကို လျော့ချပေးနိုင်သည်။ လူတို့ စကားပြောသည့်အခါ၊ နှာချေဆတ်သည့်အခါ၊ ချောင်းဆုံးသည့်အခါ လေထဲသို့ အမှုံအမွှားများလွင့်စင်သည်။ ကိုဗစ်-၁၉ ရောဂါပိုးသည် လေထဲတွင် ၂ မီတာ ၆ ပေခန့် ပျံ့လွင့်နိုင်သည်။ ကိုဗစ်-၁၉ ရောဂါရှိသူနှင့် ထိတွေ့မှုရှိပါက ထိုသူ စကားပြော၊ နှာချေဆတ်၊ ချောင်းဆိုးသည့်အခါ ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် ၆ ပေ အတွင်း ပျံ့လွင်နေပေမည်။ ထိုသူသည် အဝတ်မျက်နှာဖုံး တတ်ထားပါက ဗိုင်းရပ်စ်ပါဝင်သည့်အမှုံအမွှားများသည် ၆ ပေ မပျံ့လွင့်နိုင်တော့ချေ။ ထို့ကြောင့် အဝတ်အထည်မျက်နှာဖုံးသည် ကိုယ့်ကိုမကာကွယ်နိုက်သော်လည်း ကိုယ်ရောဂါရှိပါက တပါးသူထံရောက်မသွားရန် အထိုကိအလျောက်သော ကာကွယ်မှုကို ရရှိသည်။ ဤသည်ကို ရှင်းလင်းစွာ သိထားသင့်သည်။
ထို့အပြင် မျက်နှာဖုံးသုံးသူသည်
၁။ မျက်နှာဖုန်းကို ချွတ်လိုက်တတ်လိုက်မလုပ်သင့်။
၂။ ဒွါရပေါက်များကို လုံခြုံအောင်တတ်ဆင်ရမည်။
၃။ လေမှာ ပျံ့လွင့်နေသော ဗိုင်းရပ်စ်တို့သည် မျက်နှာဖုံးတွင် ကပ်တွယ်နေနိုင်သဖြင့် မျက်နှာဖုံးကို ချွတ်ပြီး ပြန်လည်အသုံးမပြုသင့်။ စနစ်တကျ လွှင့်ပစ်ခြင်း၊ ပြန်လည်လျှော်ဖွတ်ပြီးမှ အသုံးပြုခြင်း တို့ဆောင်ရွက်ရပါမည်။
၄။ မျက်နှာဖုံးထက်ပို အရေးကြီးသည်မှာ ဗိုငိးရပ်စ်ဝင်နိုင်သည့် လမ်းကြောင်းဖြစ်သည့် ဒွါရပေါက်များအား ညစစ်ညမ်းသည့်လက်နှင့်လဲုးဝမထိရန် ကာကွယ်ရမည်။ လက်ကိုစနစ်တကျ မကြာခဏဆေးခြင်း၊ တစ်ခုခုကိုင်ပြီးတိုင် မျက်နှာအား မကိုက်မိခင် လက်ကို စနစ်တကျ ဆေးကြောခြင်း၊ Social Distancing အား တိကျစွာ လိုက်နာခြင်းသည်သာ ထိရောက်သော အကာအကွယ်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။
Crd
#ကိုအောင်
26/11/2021
မိန်းကလေးတိုင်းသိထားသင့်တဲ့ဆံပင်နဲ့ပတ်သက်သောအခြေခံအချက်(၅)ချက်
********************************************
ခွါညို့ကိုအမေးများကြတဲ့ ဆံပင်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကို ခွါညိုဒီပိုစ့်လေးနဲ့ဖြေပေးလိုက်ပါတယ်။
1. ခေါင်းမလျှော်ခင်ဆီထည့်ပေးမယ်
*************************************
- ခေါင်းမလျှော်ခင် ၁နာရီလောက်အလို hair oil ထည့်ပြီး နှိပ်ပေးသင့်ပါတယ်။
- ဒီလိုဆို ဦးရေပြားသွေးလှည့်ပတ်မှုအားကောင်းစေပါတယ်။
- အဲဒီလိုကနေ ဆံပင်ကျွတ်တာကိုသက်သာစေပြီး ဆံသားကိုပိုသန်စွမ်းကောင်းမွန်စေပါတယ်။
2. Conditioner(ဆံပင်ပျော့ဆေး)ကိုမှန်မှန်ကန်ကန်သုံးမယ်
*******************************************
- ခွါညိုတို့မိန်းကလေးတွေတော်တော်များများဟာ conditioner ကို ဦးရေပြားကနေပြီး တစ်ခေါင်းလုံးသုံးတတ်ကြပါတယ်။
- ဒီလိုသုံးခြင်းက ဗောက်ထတာကိုဖြစ်စေပါတယ်။
- အမှန်တကယ်က ဦးရေပြားဟာ သူ့ဟာသူ hydrate ဖြစ်တာမို့ ဆံသားအောက်ပိုင်းတွေကိုသာ conditioner ကိုသုံးပေးရမှာပါ။
3. ခေါင်းလျှော်ရင်း နှိပ်ပေးမယ်
*********************************
- ဒီဟာက လွယ်လွယ်ကူကူနဲ့ဆံပင်အတွက်အရမ်းကောင်းစေတဲ့ဟာလေးပါ။
- ခွါညိုတို့တွေ ခေါင်းလျှော်ရင်းနဲ့ ၃မိနစ်-၅မိနစ်လောက် ခေါင်းကိုနှိပ်ပေးသင့်ပါတယ်။
- အဲဒါက သွေးလည်ပတ်မှုအားကောင်းစေပြီး ဆံပင်တွေကိုပိုသန်စေပါတယ်။
4. ရေမချိုးခင်ခေါင်းဖီးမယ်
*****************************
- ဒါကတော်တော်များများကြုံရတဲ့ပြသနာဖြစ်ပါလိမ့်မယ်။
- ခွါညိုတို့တွေရေချိုးပြီးထွက်လာလို့ခေါင်းဖီးတဲ့အခါ ဆံပင်တွေကရေတွေနဲ့ထိပြီး ဖီးရအလွန်ခက်သလိုဆံပင်တွေလည်းအင်မတန်ကျွတ်ပါတယ်။
- ခွါညိုတို့ဆံပင်တွေက ဒီတိုင်းနေရင်းညှိနေတဲ့အထဲ ရေစိုကုန်တော့ ရှင်းမရဘဲ ဆံပင်တွေပိုကျွတ်ကုန်တာဖြစ်ပါတယ်။
- ဒီတော့ ရေမချိုးခင် ကတည်းကအခြောက်အနေထားမှာ ဆံပင်အရင်ရှင်းထားရင် ဆံပင်ကျွတ်သက်သာပါလိမ့်မယ်။
- ခေါင်းလျှော်ရင်လည်း ထိုနည်းလည်းကောင်းပါဘဲ။
5. ဆံပင်ကိုပြန်ပြန်ညှိပေးမယ်
*******************************
- ဒီအချက်ကတော့ခွါညိုတို့ ငယ်ကတည်းကသိပြီးသားဖြစ်မှာပါ။
- ဆံပင်အဖျားလေးတွေကို ၆လ-၇လတစ်ခါ ညှိပေး/တိပေးရပါမယ်။
- ဒါမှ ဆံပင်သန်ပြီး လှတဲ့ ကောင်းတဲ့ဆံသာကိုရရှိမှာဖြစ်ပါတယ်။
အားလုံးမြင်သာအောင် ပုံလေးနဲ့ sharing လုပ်ပေးလိုက်တာမို့ တစ်ပုံချင်းစီမှာ ကြည့်လိုက်ပါအုံးနော် 😍😍
ချစ်တဲ့
ခွါညို (Beauty by Emerald)
21/11/2021
ငချိတ်ပေါင်း
သွေးတွင်းကိုလက်စထရောကိုကျဆင်းစေနိုင်ပါတယ်။
အကျိုးပြု ကိုလက်စထရောပမာစကိုတိုးစေနိုင်တယ်။
နှလုံးကျန်းမာစေတယ်။
ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။
အမျှင်ဓာတ်ပါဝင်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။
ဝမ်းမှန်စေနိုင်ပါတယ်။
အူမကြီးကင်ဆာမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တာကြောင့် အသည်းကျန်းမာစေနိုင်ပါတယ်။
အရက်ကြောင့် အသည်းပျက်စီးမှုကို ကာကွယ်ပေးပါတယ်။
Credit: original writer
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
4802
