Your Value

Your Value

Share

Don't Forget Your Value

26/07/2023

လူ​တွေ...

ကိုယ်ခံစားဖူးမှ

ကိုယ်ချင်းစားကြတာ များပါတယ်

မခံစားဖူးဘဲ

ကိုယ်ချင်းစားတယ်လို့​ပြော​နေတဲ့သူ​တွေဟာ

အလကား ​လျှောက်​ပြောတာ...
...
Value

26/07/2023

"အရာရာ

ဆုံးရှုံးခဲ့မယ်ဆိုရင်​တောင်

စိတ်ဓါတ်

မဆုံးရှုံးသ​ရွေ့

'သင်' မလဲ​သေးပါဘူး..."
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
...

02/06/2023

မိမိရဲ့ အားသာချက်ကို အ​ကောင်းဖြစ်​အောင် စွမ်း​ဆောင်...

အားနဲချက်ကို​တော့ အ​ကောင်းဆုံး ဖာ​ထေးပြုပြင်ပြီး

​နေသွားမယ်ဆိုရင် ​လောကကြီးက သာယာလှပပြီး

စိတ်​အေးချမ်းသာ​ပျော်ရွှင်​စေမှာ အမှန်ပါ​နော်...
☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆
Value

02/06/2023

မိမိကိုယ်ကို တန်ဖိုးထားပါ...
🌿🌿🌿🌿🌿🌿🌿🌿
မိမိကိုယ်ကို ချစ်ပါ...
🍀🍀🍀🍀🍀🍀

02/06/2023

မိမိစိတ်ကို နိုင်အောင် ကြိုးစားကြပါ...
☘☘☘☘☘☘☘☘☘☘☘

02/06/2023

📖📖📖
...

02/06/2023

ကူညီမှု​သေး​သေး​လေး​တွေနဲ့ စလုပ်ပါ
​°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကမ္ဘာ​ကျော် ဂရုဏာရှင်မကြီး မာသာထ​ရေဇားက

အခုလို ​ပြောပြခဲ့တယ်လို့ စာအုပ်တစ်အုပ်မှာ ဖတ်ခဲ့ဖူးပါ

တယ်။

" ကျွန်မတို့ဟာ ကမ္ဘာ​ပေါ်မှာ ကြီးကျယ်တဲ့ အရာ​


တွေကို လုပ်ဖို့ မတတ်စွမ်းကြပါဘူး။ ဒါ​ပေမဲ့ ​သေးငယ်

တဲ့ အရာ​လေး​တွေကို ကြီးမားတဲ့ ချစ်ခြင်း​မေတ္တာ

နဲ့ လုပ်နိုင်ကြပါတယ်"

သူငယ်ချင်းတစ်​ယောက်က ခုလို ​ပြောဖူးပါတယ်။

'ကျွန်​တော် လှူဒါန်းပြီး ဆင်းရဲတဲ့ လူ​တွေကို အကူအညီ ​ပေး

ချင်တယ်ဗျာ၊ ဒါ​ပေမဲ့ ​လော​လောဆယ်ရတဲ့ လစာ​လေးက

မိသားစုအတွက် ​လောက်ငရုံမို့ မကူညီနိုင်​သေးပါဘူး။ တစ်​နေ့

ချမ်းသာလာရင် သူတို့ကို တကယ် ကူညီမှာပါ'တဲ့။ ဒါ​ပေမဲ့ သူ

မသိရှာတာက သူဟာ ကြီးကျယ်တဲ့ ကူညီမှု​တွေကို မလုပ်နိုင်​

ပေမယ့် ကူညီမှုအ​သေး​လေး​တွေကို လုပ်နိုင်တယ်ဆိုတာပါ။

ဘယ်လိုဟာမျိုးပါလဲ။ ဆင်းရဲလို့ လမ်း​ဘေးမှာ ​တောင်းရမ်း​​

နေကြသူ​တွေကို ​ငွေအ​ကြွေ​လေး​တွေ ​ပေးလိုက်တာ၊

သက်ကြီးရွယ်အိုအိမ်​တွေကို အလည်အပတ်သွားပြီး အား​ပေး

စကား​ပြော​ပေးတာ၊ က​လေး​တွေအများကြီးနဲ့ မနိုင်မနင်းဖြစ်​

နေရှာတဲ့ မိခင်ကို ကူညီ​​ပေးတာ၊ မျက်စိမမြင်သူ​တွေနဲ့ စာမ

ဖတ်တတ်သူ​တွေကို စာဖတ်ပြ​ပေးတာ စသဖြင့် အကူအညီအ​

သေး​လေး​တွေ ​ထောင်​သောင်းချီရှိကြပါတယ်။

မာသာထ​ရေဇား ​ပြေတာ မှန်ပါတယ်။ ကျွန်​တော်တို့

ဟာ ကမ္ဘာကြီးကို ​ပြောင်းလဲဖို့ ကြီးကျယ်တာ​တွေကို မတတ်

စွမ်းကြပါဘူး။ ဒါ​ကြောင့် တတ်စွမ်းတဲ့ လုပ်လို့ရတဲ့ ကြင်နာမှု​

လေး​တွေ ကူညီမှု​လေး​တွေကို အာရုံစိုက်ကြရမှာပါ။ ကျွန်​

တော် သ​ဘောအကျဆုံး ကူညီတဲ့ နည်းက​တော့ မိမိမျက်စိ​ရှေ့​

မှောက်မှာ အကူအညီလိုအပ်တာကို မြင်လိုက်ရင် ကူညီ​

ပေးလိုက်ခြင်းပါပဲ။ အဲဒီလို အကူအညီ​ပေးလိုက်တာ​တွေက

လည်း အ​သေး​လေး​တွေပဲ ဖြစ်ကြ​ပေမယ့် ကူညီမှု​လေး​တွေကို

လုပ်ပြီးတိုင်း စိတ်ထဲမှာ ​ကျေနပ်မှုရသွားသလို ကြည်နူး​

အေးချမ်းမှုကို ခံစားလိုက်ရပါတယ်​နော်။ အဲဒီလို ခံစားမှုမျိုးရ

ဖို့ ပိုက်ဆံ​တွေ သိန်းနဲ့ချီ ​ပေးလှူစရာ မလိုပါဘူး။ အဲဒါ​ကြောင့်

မိတ်​ဆွေရဲ့ မျက်စိ​ရှေ့မှာ အကူအညီလိုအပ်တာ​တွေကို မြင်

လိုက်ရင် ကူညီ​ပေးလိုက်ပါ​နော်...

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
...

28/05/2023

ကောင်းတဲ့ အလုပ်​တွေ လုပ်​နေချိန်
အလုပ်​ကိုပဲ အာရုံစိုက်ပါ
​ဘေးအ​​ပြော​တွေ ပြစ်တင်​ဝေဖန်မှု​တွေကို
ဘာလို့ အာရုံစိုက်​နေမှာလဲ
အလုပ်လည်း ​နှေးတယ်
အာရုံလည်း ​နောက်တယ်​လေ
ဟုတ်တယ်မလား...
အဲ​တော့ မိတ်​ဆွေ ကိုယ်လုပ်​ဆောင်စရာရှိတာကို
အာရုံစိုက်လုပ်​ဆောင်ခြင်းဖြင်း
အလုပ်လည်း ပြီး​မြောက်​အောင်မြင်
စိတ်နှလုံးသား​လေးလည်း ​​ပျော်ရွှင်မှု​တွေ ရရှိမှာ
အမှန်ပါ​နော်....
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
Value

28/05/2023

🤍🤍🤍

28/05/2023

ဒီကိစ္စ ​နောင်ငါးနှစ်(သို့မဟုတ်)​နောင်ဆယ်နှစ်မှာ ဘာဖြစ်မလဲ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကျွန်မဖတ်ဖူးတဲ့ စာအုပ်​လေးထဲက​နေ ကျွန်မအတွက်

လည်းအဆင်​ပြေတယ်၊ မိတ်​ဆွေတို့အတွက်လည်း အဆင်​ပြေ​

စေမယ့် ပြဿနာ​ဖြေရှင်းရာမှာ အ​​တော်​လေးအ​ထောက်အကူ

ဖြစ်​စေတဲ့ နည်း​​လေးတစ်ခုကို မျှ​ဝေ​ပေးချင်ပါတယ်။

နည်းက ပြဿနာတစ်ခု (သို့) ပြဿနာ​တွေနဲ့ကြုံ​တွေ့

လို့ စိတ်မချမ်းမသာဖြစ်​နေရင် အဲဒီ ပြဿနာဟာ ​နောင်ငါး

နှစ်၊ ဆယ်နှစ်ကျရင် ဘာဖြစ်သွားမလဲလို့ ​တွေးကြည့်လိုက်ပါ

တဲ့။

ကဲ၊ အဲဒီနည်းကို လက်​တွေ့လုပ်ကြည့်ကြရ​အောင်။

မိတ်​ဆွေ ဒီအဖြစ်အပျက်​လေး​တွေနဲ့ ကြုံ​တွေ့တယ်

လို့ စိတ်ကူးကြည့်လိုက်စမ်းပါ။ ကား​မောင်းသွားရင်း လမ်းမှာ

ကားဘီး​ပေါက်တယ်။ အပြင်ထွက်ပြီး အိမ်ပြန်လာ​တော့ အိမ်

တံခါး​သော့ ရှာမရလို့ အိမ်ထဲဝင်မရဘူး။ လူတစ်​ယောက်က မ

ကြားတကြား ဆဲ​ရေးတိုင်းထွာသွားတယ်။ ​အိမ်မှာ က​လေး​

တွေ ​ဆော့ထားတဲ့ အမှိုက်​တွေ ရှုပ်ပွ​နေတယ်။ အခု​ပြောခဲ့တာ​

တွေနဲ့ ကြုံ​တွေ့ရင် မိတ်​ဆွေ စိတ်ညစ်​နေမိမှာ ​သေချာပါ

တယ်။ ဒါ​ပေမဲ့ အဲဒီ ကိစ္စ​တွေဟာ ​နောင်ငါးနှစ်၊ ဆယ်နှစ်ကြာ

ရင် ဘာဖြစ်သွားမလဲ။ ​နောင်ငါးနှစ်၊ ဆယ်နှစ် ​နေလို့ အဲဒီ

ကိစ္စကို မှတ်မိမှာ မဟုတ်​တော့ပါဘူး။ တကယ်လို့ မှတ်မိရင်​

လည်း အ​လေးထားရမယ့် ကိစ္စကြီး​တွေ မဟုတ်တာ ​သေချာပါ

တယ်။ရယ်စရာ​တောင် ​ကောင်းချင် ​ကောင်း​နေပါဦးမယ်။

မိတ်​ဆွေတို့ အခုလက်ရှိမှာ ပြဿနာ​လေး​တွေနဲ့ကြုံ​

တွေ့​နေရရင် ဒီပြဿနာ​လေး​တွေကို ​နောင်ငါးနှစ် ဆယ်နှစ်

ကျရင်ဆိုတဲ့ အ​တွေးနဲ့ ရှုမြင်လိုက်တဲ့အခါမှာ စိတ်​​ပေါ့ပါးသွား

မယ်၊ စိတ်အ​နှောင့်အယှက် မဖြစ်​တော့ပါဘူး။​နောင် ငါးနှစ်၊

ဆယ်နှစ်ကျရင် ဒီကိစ္စ​လေး​တွေဟာ မိတ်​ဆွေတို့အတွက် အ​

ရေးပါ​တော့မှာ မဟုတ်သလို တခြားသူ​တွေအတွက်လည်း

ဂရုစိုက်စရာ​တွေ မဟုတ်​တော့ပါဘူး။ဒါ​လေး​တွေဟာ အ​သေး

အဖွဲ​လေး​တွေပါ။ တကယ်လို့ မိတ်​ဆွေဟာ ​နောင် ငါးနှစ်

ဆယ်နှစ်ဆိုတဲ့ အ​တွေးမျိုးနဲ့သာ အဲဒါ​တွေကို မရှုမြင်ခဲ့ရင် အ​

သေးအဖွဲ​လေးလို့ မမြင်ဘဲ ကြီးကျယ်တဲ့ ကိစ္စလို့ မှတ်ထင်​နေ

မယ်။ ရက်အတန်ကြာ​အောင် စိတ်မချမ်းမသာ ဖြစ်​နေပါလိမ့်

မယ်​နော်...

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
# Crd...

27/05/2023

📚📚📚

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay