BMT Market

BMT Market

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BMT Market, Health/Beauty, Mandalay.

Photos from BMT Market's post 24/04/2025

🎷 သားသားမီးမီး လေးတို့အတွက်ချစ်စရာ စပန့်လက်ပြတ်ဝမ်းဆက် နွေစာလေး ပြန်ရောက်လာပြီနော်

🌻 1 - 4 နှစ်ဝတ်

🌻 ၃ထည်- 10500

🌻အဆင်စုံရောင်စုံပါ ပါမယ်

✅ မန်းလေးအိမ်ရောက်ငွေချေပါ ✅

Photos from BMT Market's post 24/04/2025

🎷သားသားမီးမီးတို့အတွက်နွေစာ ချည်ဆွဲလက်ပြတ်ဝမ်းဆက်လေး

🌻 1 - 4 နှစ်ဝတ်

🌻 3ထည် -8100

🌻 အဆင်ရောင်စုံပါ ပါမယ်

✅ မန်းလေးအိမ်ရောက်ငွေချေ ✅

Photos from BMT Market's post 24/04/2025

🎷 မီးမီးလေးတို့အတွက် အဆင်စုံကြွက်ဝမ်းစက်လေး

🌻 3ထည်-10200

🌻 1-3 နှစ်ဝတ်

🌻 အဆင်စုံထည့်ပေးပါတယ်ရှင့်

✅ မန်းလေးအိမ်ရောက်ငွေချေရ ✅

Photos from BMT Market's post 14/12/2022

အရသာလေးက ကြွပ်ကြွပ်ရွရွလေးနဲ့
တစ်ခါစားလိုက်ရင် ထပ်ထပ်ပြီးစားချင်တဲ့

Corn dog လေးဝယ်ယူစားသုံးနိုင်ပါပြီရှင့် 🍢🍢

လူမျိုးဘာသာမရွေးသုံးဆောင်လို့ရတဲ့အပြင်
အားလုံးဝယ်ယူစားသုံးနိုင်တဲ့ဈေး 🙋‍♀️

တစ်ချောင်းကို👉 300Ks နဲ့မင်မင်တို့ရောင်းပါတယ်နော် 😱

လိပ်စာလေးကတော့ 🙋‍♀️🙋‍♀️

62x61, လမ်း 40 ပါရှင့်

15/08/2022

Promotion 🙋‍♀️🙋‍♀️

မင်မင်တို့ရောင်းတဲ့ Cosmetic တွေထဲကကြိုက်နှစ်သက်ရာ
15000 ဖိုးဝယ်တာနဲ့ BB Cream 1 ဗူးလက်ဆောင်ရရှိမယ့်
အစီအစဉ်လေးပါရှင့် ညနေ 3 နာရီထိပဲနော် 💁‍♀️

30/07/2022

"ပိုက်ဆံဘယ်လိုရှာကြမလဲ"💸💵💴
(Financial Managementဆိုင်ရာ)

"ဟာ ပိုက်ဆံလိုချင်ရင် အလုပ်လုပ်ရမှာပေါ့ ၊
ဘာခက်တာမှတ်လို့" ဆိုပြီး မိတ်ဆွေစဥ်းစားနေတယ်ဆိုရင် ဒါမှန်ပါတယ်လို့ ပြောချင်ပါတယ်။
ကျွန်တော်တို့အားလုံးဒီလိုပဲတွေးခဲ့ကြတာပါ။
ပိုက်ဆံလိုချင်အလုပ်လုပ် လို့ ဆိုပေမဲ့လို့ အရင်ဆုံးအနေနဲ့ သိထားဖို့လိုအပ်တာက ဘယ်လိုအလုပ်ကို လုပ်ကြမလဲ ဆိုတာပဲဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော့်အနေနဲ့ မိတ်ဆွေပိုက်ဆံရချင်ရင် "ဘယ်အလုပ်ကိုတော့ လုပ်ဗျ၊ ဘယ်အလုပ်ကိုတော့ မလုပ်ပါနဲ့ဗျ" ဆိုပြီး လမ်းညွှန်ပေးမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ပိုက်ဆံဘယ်လိုရှာရမလဲ ဆိုတဲ့ နည်းလမ်းလေးကိုတော့မျှဝေပေးပါမယ်။

ဆိုတော့ ဆက်ကြည့်ရအောင်ပါ။


ပိုက်ဆံဘယ်လိုရှာရမလဲ ဆိုရင် ......
Financial Management ဘာသာရပ်က
ဒီ Formula လေးကိုညွှန်းထားတာရှိပါတယ်။
"Money = Idea + Action"
ပိုက်ဆံလိုချင်ရင် = စိတ်ကူးဉာဏ် နဲ့ အကောင်အထည်ဖော်နိုင်မှု ပေါင်းစပ်ရမယ်လို့ဆိုထားတာရှိပါတယ်။
ဆိုတော့ အရင်ဆုံး လုပ်ရမှာက ပိုက်ဆံရှာဖို့အတွက် ၊ (ပိုက်ဆံရဖို့ အတွက်) Idea အရင်ဆုံးရိှရမယ် လို့ နားလည်ထားရမှာ ဖြစ်ပါတယ်။


တချို့လူတွေက Idea ရှိပြီး ဘာမှ ဆက်မလုပ်ဖြစ်ကြဘူး။
တချို့လူတွေကျတော့ လုပ်ချင်ကိုင်ချင်ကြတယ်
ဒါပေမဲ့
ဘာ Idea မှ မရှိပြန်ဘူး စသည်ဖြင့်ရှိကြပေမဲ့ အထက်ပါ Formula အရ ဆိုရင်တော့ အိုင်ဒီယာရော အကောင်အထည်ဖော်နိုင်မှုရော ၂ ခု လုံးရှိမှ ဖြစ်မှာ ဖြစ်ပါတယ်။
Idea ရှိပြီး Action မရှိရင်လည်း အဆင်မပြေသလို
Action လုပ်ချင်ပြီး ဘာ Idea မှ မရှိရင်လည်း အဆင်မပြေပါဘူး။


Idea ဘယ်လိုရှာရမလဲ?

ဒီနေရာမှာ Idea (စိတ်ကူးဉာဏ်) ဆိုတာ ပိုက်ဆံရဖို့ ဘာအလုပ်လုပ်ရမလဲ ၊ ဘာအလုပ်လုပ်ရင် ပိုက်ဆံရမလဲ ဆိုတာကို ရည်ညွှန်းပါတယ်..။
လူတွေကို ကူညီပေးပြီး ပိုက်ဆံရှာမှာလား။
ခွန်အားသုံး အလုပ်လုပ်ပြီးပိုက်ဆံရှာမှာလား။
ကုန်ပစ္စည်းတစ်ခုခုရောင်းပြီး ပိုက်ဆံရှာမှာလား။
ဝန်ဆောင်မှု ရောင်းပြီး ပိုက်ဆံရှာမလားဆိုပြီး စဥ်းစားရပါမယ်။

ဒီလို စိတ်ကူးစိတ်သန်းတွေ ထွက်ဖို့အတွက် ..
Idea ရဖို့အတွက် ဘာလိုအပ်သလဲဆိုရင်..
Pressure (ဖိအား) နည်းနည်းလိုအပ်ပါတယ်။


"လူတစ်ယောက်ဟာ သူမလုပ်ရင် မဖြစ်တော့ဘူး ဆိုတဲ့အခြေအနေရောက်လာတဲ့အခါ သူမလုပ်နိုင်တာ ဘာမှ
မရှိတော့ဘူး ဆိုပြီး ဖြစ်သွားတယ်" တဲ့။
ဒီစကားကို ကြည့်မယ်ဆိုရင် "ကိုယ်မလုပ်ရင်မဖြစ်တော့ဘူး" ဆိုတဲ့ ဖိအားကြောင့် မလုပ်နိုင်တာ ဘာမှ မရှိတော့ဘူးဆိုတာ ဖြစ်သွားကြောင်း တွေ့ရမှာပါ။

ဒီလိုပဲ ပိုက်ဆံရှာတဲ့အခါမှာလည်း ကိုယ့်မှာ ပိုက်ဆံမရှိရင် ဘယ်လိုမှ မဖြစ်တော့ဘူး ဆိုတဲ့ ဖိအားမျိုး။
ပိုက်ဆံရှာမှကို ဖြစ်တော့မယ်ဆိုတဲ့ဖိအားမျိုး ရှိဖို့လိုပါတယ်။


လူတစ်ယောက်မှာ ပိုက်ဆံ ၁၀၀ကျပ် ရှိပြီး တစ်နေ့ကို ၁၀ ကျပ် အသုံးစရိတ် (နောက်ဆုံးအဆင့်ထိအသုံးစရိတ်လျှော့ပြီး) ရှိတယ်ဆိုရင် ထိုလူရဲ့ ပိုက်ဆံ၁၀၀ကျပ်ဟာ ၁၀ ရက် အသုံးစရိတ်ရတယ်လို့ဆိုရပါမယ်...။
ဒီ ၁၀ ရက်အတွင်း ဘာဝင်ငွေမှ မရှိဘဲ နေနိုင်ပေမဲ့ ၊ (နေလို့ ရပေမဲ့) ၁၁ ရက်မြောက်နေ့မှာ သူစားဖို့ ၊သောက်ဖို့ ပိုက်ဆံမရှိတော့ပါဘူး။
ဒါကိုမှ ထပ်ပြီး ဇာတ်နာအောင် ၁၁ ရက်နေ့မှာ သူဘာမှ မစားဘဲ ရေပဲသောက်တယ်ဆိုပါတော့ဗျာ..
နောက်ဘယ်နှရက်လောက်များ ဒီလိုနေနိုင်မယ်ထင်ပါသလဲ။ သေချာပါတယ်။ သိပ်ကြာမှာ မဟုတ်ပါဘူး။

ဆိုတော့ ...
သူ့အတွက် ပိုက်ဆံရှာမှ ကို ဖြစ်တော့မယ်ဆိုတဲ့ အနေအထားမျိုး ၊ ပိုက်ဆံမရှာတော့ရင်ဘယ်လိုမှ မဖြစ်တော့ဘူးဆိုတဲ့ အခြေအနေမျိုး ၊ ဝင်ငွေမရှိရင် ဘယ်လိုမှ မရတော့ဘူးဆိုတဲ့ အခါမျိုးဖြစ်လာပြီဆိုရင် သေချာတယ်..ဒီလူဟာ ပိုက်ဆံကို ဘယ်လိုရအောင်ရှာရမလဲ ဆိုတဲ့ (Idea)စိတ်ကူးဖြစ်ပေါ်လာအောင် စဥ်းစားဖြစ်လာတော့မှာ ဖြစ်ပါတယ်။
(ပိုက်ဆံရှာဖို့ Idea ရလာတော့မှာပဲ ဖြစ်ပါတယ်)

အဲ့ဒီတော့ ဒီအဆင့်မှာ မိတ်ဆွေ အနေနဲ့ နားလည်ထားရမှာက..
"Money = Idea + Action" ဆိုတဲ့ Formula မှာပါတဲ့ Idea ရဖို့အတွက် Pressure(ဖိအား) လိုတယ်ဆိုတာပဲဖြစ်ပါတယ်။

* ဖိအားမရှိဘူးဆိုရင် သင့်တော်တဲ့ ဖိအားတစ်ခုဖန်တီးပါ။


Ok အဲ့ဒီတော့ မိတ်ဆွေတို့မှာ ပိုက်ဆံရှာဖို့အတွက်
Idea ရပြီဆိုရင် အဆိုပါ Idea ကို (Action လုပ်ဖို့)
အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။
ဘာလို့လဲ ဆိုရင် Idea ရှိပြီး Action မရှိရင် ဘာမှဖြစ်လာမှာ မဟုတ်လို့ပါပဲ။

ပိုက်ဆံရဖို့အတွက် ငါတော့ ဘာတွေ လုပ်မယ်ဆိုပြီး စိတ်ကူးပြီးရင် အဲ့ဒီစိတ်ကူးကို အကောင်အထည်ဖော်ဖို့လိုပါတယ်။
ဒါမှသာလျှင် ပိုက်ဆံရမှာဖြစ်ပါတယ်။

ဒီ Formula လေးကို သတိရပါ။

*Money = Idea + Action*

.

ဟုတ်ဗျား...

ဒီလောက်ဆိုရင်တော့ ကျွန်တော့်မိတ်ဆွေတွေ အနေနဲ့ ပိုက်ဆံရအောင်ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ Formula လေးကို နားလည်လောက်မယ် ထင်ပါတယ်ခင်ဗျား...။

(လက်တွေ့အသုံးချပြီး အကျိုးရှိကြစေဖို့ မျှော်လင့်ပါတယ်ဗျ..)

နောက်ထပ် Sharing မှာ ပြန်တွေ့ရအောင်ပါ..
အားလုံးကိုကျေးဇူးတင်ပါတယ်..💛

Crd -🙋‍♀️

Photos from BMT Market's post 30/07/2022

Mask 🙋‍♀️💁‍♀️

Vitamin C ပါဝင်တာကြောင့် အသားအရေညစ်ညမ်းသူများ အတွက် အသားအရေကို
စိုပြေစေပါသည်။

– အသားအရေ ယားယံခြင်း နှင့် အသားအရေ ကြမ်းတမ်းတို့ကို သက်သာစေပါသည်။

– Collagen ပျက်စီးခြင်းမှ ကာကွယ်ပေးပြီး ဗီတာမင်ချို့တဲ့မှုကြောင့် ပျက်စီးသွားသော Collagen ကိုမြှင့်တင်ပေးခြင်းဖြင့် အသားအရေကို ပြန်လည် တင်းရင်းစေပါသည်။

– မျက်နှာပေါ်ရှိ အမဲစက်၊ဆားဝက်ခြံ၊ အမာရွတ်များနဲ့ မျက်နှာတွင်းရှိ အဆိပ်အတောက်များကို
ဖယ်ရှားပေးပါတယ်။

– အသားအရေခြောက်သူများအတွက်သာမက ပုံမှန်အသားအရေပိုင်ရှင်များအတွက်လည်း မျက်နှာရေဓာတ်ဖြည့်ပေးလို့ စိုပြေကြည်လင်စေပြီး ပြောင်ပြောင်ဝင်းဝင်းလေး ဖြစ်စေပါတယ်။

– ဆောင်းတွင်းမှာ အသားပတ်လို့ဖြစ်လာတဲ့ မျက်နှာပေါ်ကအဖတ်လေးများကိုလည်း ဖယ်ရှားပေးပြီး
အသားဖြူတဲ့အာနိသင်ကိုလည်း ဖြစ်စေပါတယ်။

How to use

– ဘူးထဲမှ Mask အမှုန့်များကို လိုသလောက်ယူပြီး ရေနဲ့ရောပြီး ခပ်ပျစ်ပျစ်လေးဖျော်လိုက်ပါ။

– ပြီးရင် ရလာတဲ့အနှစ်လေးတွေကို Brush အတံလေးနဲ့ မျက်နှာအနှံ့လိမ်းပြီး 15-20 မိနစ်လောက်ထားလိုက်ပါ။

– ခြောက်သွားလျှင် မျက်နှာပေါ်မှ Gel ဖတ်လေးတွေကိုခွာချပါ။(ရေပြန်ဆေးရန်မလို)

– တစ်ဘူးကို ၂-၃ ကြိမ်လောက်အသုံးပြုလို့ရပါတယ်။

– တစ်ပတ်လျှင်နှစ်ကြိမ် လောက်သုံးပေးခြင်းဖြင့် သိသာသောအကျိုးရလာဒ်ကို ခံစားရရှိစေမှာပါ။

Price-ယခင် 17000ks
ယခု 8000ks နဲ့ရမယ့်အခွင့်အရေးပါနော်

30/07/2022

လကုန် Promotion လေး 🙋‍♀️

15000 ဖိုးဝယ်ယူရုံနဲ့ 20000 တန် ပုံပါEye Cream ရမှာပါနော် အရမ်းတန်နေပါပြီ ...💛🌻

28/07/2022

💛🌻Whitening Cream 💛🌻

ကြွေရုပ်လေးလိုလှချင်သလား
မိတ်ကပ်ထူထူကြီးလိမ်းစရာမလိုပဲ
ကြည်လင်ဝင်းပသွားစေမယ့်
Whitening Cream လေးရှိပါတယ်နော် 💛🌻

1 ဗူး(1×6) -15000 Ks
1 ထုပ် -3500 Ks

27/07/2022

Today Promotion 🤩🤩
မင်မင်ဆီမှာရှိတဲ့ Korea Cosmetic
ဘယ်ပစ္စည်းမဆို 15000ကျပ် ဖိုးဝယ်ယူလျှင်
Broccoli (Toner,နို့ရည်) တစ်ဆက် လက်ဆောင်ရရှိပါမည်။

3 နာရီအထိပဲနော် 💛🌻

23/07/2022

Body Lotion မေးနေတဲ့အချစ်ခလေးတို့အတွက်💛

Glow စိုတဲ့အတိုင်း Glow ချင်တဲ့သူများ
Ultra glow body lotion လေးလာပါပြီ 🤩

အသားအရည်စိုပြေပြီးနေလောင်ဒဏ်ကိုလည်း
ခံနိုင်တဲ့အပြင် အသားအရေမွဲခြောက်ခြင်းကိုလည်း
အပြည့်အဝထိမ်းသိမ်းပေးပါတယ်..👌

သဘာဝကိုအခြေခံပြီးထုတ်လုပ်ထားတာကြောင့်
ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါဖူး
လိမ်းလိုက်ရင်အသားထဲစိမ့်ဝင်ပြီး
အေးမြမှုကိုအရင်ခံစားရမှာပါ
ချွဲကပ်ခြင်း စေးကပ်ခြင်းလုံးဝမရှိဘဲ
အသားထဲထိတိုက်ရိုက်စိမ့်ဝင်မှုကြောင့်ရေဓာတ်ကိုအပြည့်အဝပြန်လည်ဖြည့်တင်းပေးပါတယ်

Glow ပြီး ယုံကြည်မှုတွေရှိချင်ရင်တော့
ဒီ Body lotion လေးက အဆင်ပြေမယ်လို့ထင်ပါတယ်
ကိုယ်တိုင်လဲသုံးနေတာမို့
မှာယူလိုပါက cb ကနေတစ်ဆင့်မှာယူနိုင်ပါတယ်

15000 Ks
ပြန်ရောင်းချင်သူများ လက်လီ/ ကား မှာယူလို့ရပါတယ်

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay