Thoon' Beauty Shop

Thoon' Beauty Shop

Share

အလှပရေးရာတွေမျှဝေကျမယ်
ကောင်းတာလေးတွေဝေမျှမယ်

13/07/2022

မင်မင်ဒီနေ့ ရေးပေးမယ့် အကြောင်းအရာလေးကတော့ Skin Care တွေလိမ်းပြီး အလိပ်လိပ်ထရတဲ့ အကြောင်းလေးပါပဲ

ဒါက Skin Care ၃/၄ ဆင့်အထက်ရှိတဲ့သူတွေမှာ အများဆုံးဖြစ်တတ်ပါတယ်

ဘိုလိုမှုတ်ရင်တော့ Skin Care Pilling ပေါ့လေ

Skin Care Pilling ဆိုတာဘာလဲ???

မင်မင်အပေါ်မှာ ပြောခဲ့သလိုပဲ Skin Care တွေလိမ်းပြီး အလိပ်လိပ်တွေထတာ…အလုံးလုံးတွေဖြစ်တာ…မျက်နှာ မညီညာနေပဲ ကြမ်းနေတာမျိုးတွေပေါ့လေ

အောက်ကနေ Skin Care တယ်…Care ပြီးတော့…Sunscreen လိမ်း…မိတ်ကပ်တွေလိမ်းမယ်ပေါ့…

လိမ်းနေတုန်း ဒါမှမဟုတ် လိမ်းလိမ်းပြီးချင်းမှာပဲ ရေမချိုးရသေးတဲ့ ကိုယ့်ဘဲဂုတ်ကို ပွတ်လို့ ဂျီးလုံးလေးတွေထွက်သလို အလိပ်လိပ်…အလုံးလုံးလေးတွေ ထလာတာမျိုးပါ…

ကိုယ့်ဘဲဂုတ်ကို ပွတ်လို့ထွက်လာတဲ့ ဂျီးလုံးတွေက ရေမချိုးလို့…ညစ်ပတ်လို့…ချွေးထွက်လို့ဖြစ်တယ်ဆိုပေမယ့်…Skin Care ပြီး ထွက်လာတဲ့ အလိပ်လိပ်/အလုံးလုံးတွေကျတော့ အဲ့ဒါတွေကြောင့် ဟုတ်လေ့မရှိပါဘူး

လိမ်းတဲ့ Skin care တို့…မိတ်ကပ်တို့ဟာ တစ်ခုနဲ့တစ်ခု ကောင်းကောင်းမထပ်နိုင်လို့ ဖြစ်လာတာပါပဲ…

အဲ့ဒါကိုပဲ Skin Care Pilling လို့ခေါ်တာပေါ့လေ

ဘာလို့ Skin Care Pilling တွေဖြစ်တာလဲ???

မျက်နှာက ရေမချိုးရသေးတဲ့ ကိုယ့်ဘဲဂုတ်နဲ့ တူသွားတာကြောင့်လည်းဖြစ်နိုင်ပါတယ်

ဆိုလိုတာက ဂျီးတွေပုံတာပါ…သေချာပြောရရင် မကောင်းတဲ့ သက်တမ်းကုန် အရေပြားဆဲလ်တွေပေါ့လေ

ဂျီးပုံတာကြောင့် ဖြစ်လေ့ဖြစ်ထမရှိဘူးပြောခဲ့ပေမယ့်…ဖြစ်တော့ဖြစ်နိုင်ပါသေးတယ်

သက်တမ်းကုန်ဆဲလ်တွေက မျက်နှာပေါ်က ကွာကျရပါတယ်…

Skin Care များများလိမ်းနေတော့ မျက်နှာကို အုပ်ထားပေးသလိုဖြစ်ပြီး သက်တမ်းကုန်ဆဲလ်တွေ ကွာကျတာ နည်းသွားရာကနေပြီး Skin Care နဲ့ တွေ့တော့ အလိပ်လိပ်တွေဖြစ်လာတာပါ…ဂျီးတွေပါပဲ

သက်တမ်းကုန်ဆဲလ်တွေ ပုံနေတာကို မျက်နှာညစ်နေတာနဲ့သိနိုင်ပါတယ်…နေလောင်သလိုမဲတာမဟုတ်ပဲ…ညစ်ပတ်သလိုမဲနေတာမျိုးပါ …ရေမချိုးတဲ့ ကိုယ့်ဘဲဂုတ်လိုပါပဲ…
(ဘယ်လိုဖြေရှင်းမလဲ အောက်မှာရေးပေးမှာပါ…ဆက်ဖတ်…ဆက်ဖတ်ပါ…ဆက်ဖတ်ပေါ့ဟယ်)

နောက်တစ်ခုကတော့ Skin Care တွေကို မလိုက်ဖက်…မအပ်စပ်တာတွေ တွဲသုံးတာမျိုးပါ

အဆီအခြေခံ…ရေအခြေခံတွေကို တလှည့်စီလိမ်းပြီး…အချင်းချင်းတွေ့တော့ အလုံးလုံးတွေဖြစ်သွားတာပေါ့လေ

အဓိကက အဆီအခြေခံ Tone Up Sunscreen တို့ မိတ်ကပ်တို့နဲ့.. အောက်ကလိမ်းထားတဲ့ ရေအခြေခံ Skin Care တွေနဲ့ တွေ့လို့ဖြစ်တာပါပဲ…

Skin Care Pilling ကို ဘယ်လိုဖြေရှင်းကြမလဲ???

*** Skin Care တွေကို အဆင့်မှန်မှန်လိမ်းပါ***

အဲ့ဒါကြောင့်လည်း မင်မင်ဆီကဝယ်သွားရင် သေချာပြောပြပေးတာပါ

Skin Care တွေက လိမ်းတဲ့အဆင့်မှန်ဖို့လိုပါတယ်

လိမ်းတဲ့အဆင့် မမှန်တဲ့အခါ Skin Care Pilling ဖြစ်ရုံသာမက Skin Care အာနိသင်တွေလည်း ရသင့်သလောက်မရပဲဖြစ်တတ်ပါတယ်

ကြဲပြီး အရည်ဆန်တဲ့ တိုနာ…Serum…Essence…တို့လိုဟာတွေကို အရင်လိမ်းပြီးမှ….အပြစ်..အကျိအချွဲနဲ့ အဆီဆန်တဲ့ Emulsion တို့… Moisturizer တို့…Sunscreen တို့…မိတ်ကပ်တို့ကို နောက်မှလိမ်းတာမျိုးက Skin Care Pilling ကို ကာကွယ်နိုင်ပါတယ်

လွယ်လွယ်မှတ်ရင်တော့ ကိုယ်လိမ်းနေတာတွေထဲက ပြစ်တာ…အဆီလိုဖြစ်နေတာလေးတွေကို နောက်ဆုံးမှ ထားလိမ်းပါ…ဒါပါပဲ

***Skin Care တွေ မနည်းမများလိမ်းပါ***

မင်မင်ကတော့ Moisturizer နဲ့ဖြတ်စေချင်တယ်

Moisturizer မတိုင်ခင်ကို ရေအခြေခံတွေ ထည့်ချင်သလိုထည့်ပါ

Moisturizer ပြီးရင်တော့ Sunscreen တို့ မိတ်ကပ်တို့ကလွဲပြီး ကျန်တာတွေမလိမ်းသင့်သလို… Skin Care တွေကိုလည်း Moisturizer ပြီးမှ မလိမ်းသင့်ပါဘူး

Moisturizer တွေဟာ အဆီအခြေခံဖြစ်လို့ Skin Care ရဲ့ နောက်ဆုံးအဆင့်လို့ မှတ်ထားစေချင်ပါတယ်

*** Skin Care တစ်ဆင့်နဲ့တစ်ဆင့်ကြားမှာ အချိန်တစ်ခုစောင့်ပါ***

Skin Care တစ်ခုလိမ်း…လိမ်းတဲ့တစ်ခုကို အရေပြားက စုပ်ယူသွားပြီးမှ နောက်တစ်ခုလိမ်းတာမျိုးက တော်တော်လေးကို မှန်ကန်တဲ့နည်းပါ

Skin Care တစ်ခုလိမ်း…ပြီးတာနဲ့ နောက်တစ်ခုလိမ်း…နောက်တစ်ခုလိမ်းနဲ့ လောလော လိမ်းတာမျိုးက Skin Care တွေကို အရေပြားက စုပ်မယူနိုင်ခင်မှာပဲ တစ်ခုနဲ့တစ်ခု လုံးသွားစေပါတယ်

မျက်နှာကို Skin Care တွေနဲ့ ဂန်းဘန်းလုပ်မယ့်အစား…တစ်ယောက်ပြီးမှ တစ်ယောက် ပကြွတ်သလိုမျိုး…တစ်လှည့်စီ ပကြွတ်စေချင်ပါတယ်…Romantic ဆန်ဆန်လေးပေါ့လေ

Skin Care တစ်ခုနဲ့တစ်ခုကြား အနည်းဆုံးတစ်မိနစ်ခြားလိမ်းပေးတာ အဆင်ပြေပါတယ်

***သက်တမ်းကုန်တဲ့ အရေပြားဆဲလ်တွေ ဖယ်ရှားပါ***

မရုတ်မလွန် အလယ်အလတ်နည်းနဲ့ပဲဖယ်ရှားပါ

AHA တို့ BHA တို့…Retinol တို့ပေါ့လေ…
Scrub တွေကိုတော့ ခေါင်းထဲကထုတ်လိုက်ပါ…

တစ်ပတ် ၂ခါ/၃ခါလောက် သုံးပေးရင်လုံလောက်ပါတယ်

အဲ့ထက်လည်း မလျော့ပါနဲ့…အဲ့ထက်လည်း မပိုပါနဲ့…

မျက်နှာပေါ်မှာ ဆဲလ်အဟောင်းတွေ မရှိတော့ရင် Skin Care Pilling ဖြစ်ဖို့နည်းသွားတဲ့အပြင် မျက်နှာညစ်တာပါ သက်သာလာမှာပါ

Exfoliation အကြောင်း သီးသန့်ရေးတင်ပေးပါ့မယ်

***ပွတ်မလိမ်းပါနဲ့ ဖိလိမ်းပါ***

မင်မင် Customer တောသား၊တောသူလေးတွေရှိပါတယ်

မင်မင်ဆီက ဝယ်သွားပြီး အိမ်မှာလိမ်းတာ အမြှုပ်တွေထလို့ဆိုပဲ…အထူးသဖြင့် Serum တွေပေါ့လေ

ရေသန့်တောင် ဘူးထဲထည့်ပြီး ခလောက်ရင် အမြှုပ်ထွက်သေးတာပဲမလား…

Skin Care တွေက ပွတ်မလိ်မ်းရပါဘူး…ဖိဖိပြီး လိမ်းရတာပါနော်

ပွတ်ရင် အမြှုပ်တွေထွက်မယ်… Skin Care Pilling ဖြစ်ရင် အလိပ်လိပ်တွေ တက်မှာပေါ့ကွယ်

ပြန့်အောင်လိမ်းချင်ရင် ဖွဖွလေး ဦးတည်ချက်တစ်ခုနဲ့ပဲ ဖြန့်လိမ်းပါ…ပြန့်သွားရင် ဖိဖိပြီးလိမ်းပါ…

ဆပ်ပြာလို ရှေ့ပြန်နောက်ပြန် ပွတ်လိမ်းရင် ဆပ်ပြာလို အမြှုပ်ထွက်မှာပါပဲ

မင်မင်တစ်ခါတစ်လေ စဉ်းစားတယ်…ဒီလောက် ထောင့်စေ့အောင်ပြောလည်း...တစ်ခုမဟုတ်..တစ်ခုတော့…မှားနေကြတာပဲ…ဘာလို့လည်း မသိပါဘူး…

***မိတ်ကပ်နဲ့ Sunscreen တွေလိမ်းရင် Double Cleansing လုပ်ပါ***

မိတ်ကပ်တို့ Sunscreen တို့ဟာ ရိုးရိုးမျက်နှာသစ်ဆေးတွေနဲ့ မပြောင်နိုင်ပါဘူး

မျက်နှာမသစ်ခင်မှာ အဆီအခြေခံ မိတ်ကပ်ဖျက်ဆေး…Cleansing Water…Cleansing Oil တွေနဲ့ ဖျက်ပြီးမှ မျက်နှာသစ်တာမျိုးက မျက်နှာပေါ်မှာ အညစ်အကြေးမကျန်ပဲဖြစ်နေစေမှာပါ

မျက်နှာမှာ မိတ်ကပ်တွေ Sunscreen တွေ မပြောင်ပဲ ကျန်နေခဲ့ရင်လည်း Skin Care Pilling ဖြစ်တတ်ပါတယ်

***ကိုယ့်ဘာသာဆက်လေ့လာပါ***

မင်မင်လုပ်ပေးနိုင်တာက လမ်းကြောင်းပေါ်တင်ပေးတာပါပဲ

ကိုယ်လိမ်းမယ့်ဟာတွေရဲ့ အသေးစိတ်ကို ကိုယ်ပဲဆက်လေ့လာရမှာပါ

ဒါနဲ့တွဲလို့ရလား..တွဲလို့မရဘူးလား…ကိုယ်သုံးနေတာကိုယ်ရှာဖတ်ရမှာပေါ့လေ

တရားဝင် Brand တွေဆိုရင် သူတို့အကြောင်း official website တွေမှာကော…နံနံခြား Blog Website တွေမှာကော ဝင်ဖတ်လို့ရပါတယ်

လေ့လာပြီး မှန်မှန်ကန်ကန်တွဲပါ

ခြေတွေ..လက်တွေပါတယ်…မျက်လုံးပါတယ်…ဖုန်းရှိတယ်…အင်တာနက်ရှိတယ်…ဦးနှောက်ပါတယ်…
အဲ့ဒါတွေကို အသုံးချပေါ့လေ..မင်မင်တစ်ယောက်တည်း ဦးနှောက်ရှိတာမှမဟုတ်တာ…လူတိုင်းမှာရှိပါတယ်

လေ့လာပါ…စဉ်းစားပါ…ဆင်ခြင်ပါ…ကိုယ့်အတွက် အကောင်းဆုံး Skin Care အစီအစဉ်တစ်ခုကို ကိုယ့်ဘာသာ ဖန်တီးပါ…

ကိုယ်နဲ့ လိုက်ဖက်မယ့် လင်တောင် ကိုယ်ဖန်တီးယူမှ ရတာပဲမလား…ကိုယ့်ဘာသာမဖန်တီးပဲ သူများအားကိုးရင် စနိုက်ကျော်ခံရတတ်ပါတယ်

ကိုယ်နဲ့ လိုက်ဖက်မယ့် Skin Care လည်း ကိုယ့်ဘာသာ ဖန်တီးယူရမှာပေါ့လေ..

Credit to owner

09/07/2022

#ဝက်ခြံဘာလို့ခဏခဏပြန်ထွက်တာလဲ???

၁။ အိပ်ရေးဝအောင်မအိပ်ခြင်း

၂။ လေ့ကျင့်ခန်းမလုပ်ခြင်း

၃။ နို့ထွက်ပစ္စည်းစားသုံးမှုများခြင်း

၄။ အရက်၊ ဘီယာ ကြိုက်နှစ်သက်ခြင်း

၅။ ရေသောက်နည်းခြင်း

၆။ စိတ်ဖိစီးမှုများခြင်း

၇။ မျက်နှာကို ခဏခဏ ကိုင်ခြင်း

၈။ ဝက်ခြံညှစ်သော အကျင့်ရှိခြင်း

9။မသန့်စင်သောလက်ဖြင့်ခဏခဏကိုင်ခြင်း

၁၀။တာရှည်ခံအစားအစာများစားသုံးခြင်း...

ပြန်လည်မျှဝေခြင်းဖြစ်ပါသည်
Crd to ...

08/07/2022

အသားဖြူအောင် ဘယ်လိုနေမလဲ 🤔🤔

မြန်မာနိုင်ငံက မိန်းကလေးအများစုက အသားဖြူချင်ကြပါတယ် ။
နေထိုင်မှုပုံစံတွေ မှားယွင်းနေတော့ အသားအရေက ညစ်သထက်ညစ်လာတာပေါ့ ။

အဲ့အတွက် ဘယ်လိုပြုမှုနေထိုင်ရမလဲဆိုတာလေး ပြောပေးပါမယ်ရှင်...😍👌

1️⃣ 💧ရေ များများသောက်ပါ 💧
ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ရေဓာတ် မလုံလောက်တဲ့အခါ အသားအရေ က အရင်ကထက် ပိုပြီး ညစ်ထေးထေး ဖြစ်လာတတ်ပါတယ် ။
အဲ့အတွက် ရေအများကြီးသောက်ပါ။
ရေက ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးလို့ အသားအရေကိုပိုမို ကြည်လင်စေပါတယ် ။

2️⃣ 🌞နေကာခရင်မ်(sunscreen)လိမ်းပါ 🌞
မြန်မာနိုင်ငံ ရဲ့ ရာသီဥတုက
နေရာဒေသတော်တော်များများမှာ အလွန် ပူပြင်းပါတယ် ။
ပူပြင်းတဲ့ နေရောင်ခြည်ကို ကာကွယ်ဖို့ အပြင်ထွက်တိုင်း နေကာခရင်မ်(sunscreen) လိမ်းသွားပါ ။
မျက်နှာတွင်မက နေရောင်ထိနိုင်တဲ့ လည်ပင်း လက် စတဲ့ နေရာတွေကိုလည်း လိမ်းရမယ်နော် 😍

3️⃣ 🚴🏻‍♀️ ချွေး ထွက်အောင်နေပါ 🚴🏻
လေ့ကျင့်ခန်း လုပ်တာ ၊ Spa သွားပြီး ချွေးထုတ်တာ တို့ကို တစ်ပတ် တစ်ကြိမ်လောက် လုပ်ကြည့်ပါ ။
ချွေး ထွက်ရင် အသားအရေက သိသိသာသာ စိုပြီး ကြည်လာပါလိမ့်မယ် ။

4️⃣ ✨Scrub သုံးပါ ✨
ခန္ဓာကိုယ်အတွက် ဆိုရင် body scrub ၊
မျက်နှာအတွက်ဆိုရင် facial scrub တွေ ပုံမှန် သုံးပေးဖို့ လိုပါတယ် ။
တစ်ပတ်ကို ၂ကြိမ်လောက် ပုံမှန်ချေးချွတ်သန့်စင်ပေးမှ ကြည်လင်ဖြူစင်တဲ့ အသားအရေကို ရရှိမှာပါ ။(ငပျင်းလေးတွေမလုပ်နဲ့နော်😜)

5️⃣ 💆အသားအရေကိုပေါင်းတင်ပါ 💆
အသားအရေကို ပေါင်းတင်ပေးခြင်းဖြင့် ကြမ်းတမ်းခြောက်သွေ့နေတဲ့ အသားအရေကို ပြန်လည်နူးညံ့လာစေပါတယ်။
ပေါင်းတင်တာကိုတော့ တစ်ပတ်ကို
၂ကြိမ်ကနေ ၃ကြိမ်ထိ လုပ်လို့ရပါတယ် ။

6️⃣ 🌸 Detox လုပ်ပါ 🌸
အလွယ်ဆုံးပြောရရင် အဆိပ်ထုတ်ပါပေါ့။
နေ့စဉ်စားသောက်နေတဲ့ အစားအစာ​တွေမှာ အဆိပ်အတောက်တွေ ရှိနေတတ်ပါတယ် ။
အဲ့အတွက် detox water လေး သောက်ပေးပါ ။
detox water = အသီးအရွက်တွေ စိမ်ထားသော ရေ

7️⃣ 🙏🏻 ဘုရားသွားပါ 🙏🏻
ကိုယ်ယုံကြည်ကိုးကွယ်သော ဘာသာရေး လုပ်ပါ။
အေးဆေးငြိမ်သက်တဲ့ ဘုရားပရဝုဏ် နေရာကို တစ်ပတ်တစ်ခါသွားပါ ။
စိတ်က ရှင်းပြီး အေးချမ်းနေမှ ကျန်းမာမှာ ၊
ကျန်းမာမှ အသားအရေ ကြည်လင်နေမှာပါ ။
စိတ်ပျို ကိုယ်နု ဆိုတဲ့ စကားလေးလိုပေါ့ ☺☺

8️⃣ ☘ Skincare ပုံမှန် လုပ်ပါ ☘
နေ့စဉ် မိတ်ကပ်ကို ဖျက်ပြီးမှ အိပ်ပါ ။
မိတ်ကပ် removerနဲ့ သေချာဖျက်ပြီးမှ မျက်နှာကို သန့်စင်ပါ ။
မိမိ အသားအရေနဲ့ သင့်တော်ကိုက်ညီတဲ့ skincare ပစ္စည်းလေးတွေကို ပုံမှန် သုံးပေးပါ ။ အသားအရေ သိသိသာသာကြည်လာပါလိမ့်မယ် ။

9️⃣ 😻Sheet mask လေးတွေ ကပ်ပေးပါ 😻
Sheet Mask လေးတွေ ကအသားကို ချက်ချင်း ဖြူအောင် လုပ်ပေးနိုင်ပါတယ်။
သူ့အာနိသင်က ၃ရက်လောက်ထိခံတာဖြစ်လို့ အသားခြောက်သူဆိုရင်တစ်ပတ် ၂ခါ ၊
အဆီပြန်သူဆိုရင် တစ်ပတ်တစ်ခါလောက် ကပ်ပေးသင့်ပါတယ် ။👩🏼

ဒီ (၉) ချက်ကို သေချာ လုပ်ပေးမယ်ဆိုရင်
အသားအရေက သိသိသာသာကောင်းလာပြီး ဖြူစင် ကြည်လင်တဲ့ အသားအရေလေး ရရှိစေမှာပါ ။

အသားအရေကို နေ့စဥ် ဂရုစိုက်ပေးပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝလေး ပိုင်ဆိုင်ကြပါစေရှင့် 🙏💖

Crd

08/07/2022

တင်းတိပ်၊ အမဲစက်သမားများ အတွက်skincareရွေးနည်း
➖➖➖➖➖➖➖➖➖➖➖

တင်းတိပ်၊ အမဲစက်ဖြစ်တဲ့အကြောင်းပြချက်က

☀အရေပြားအောက်ဆုံးအလွှာရှိ လိုအပ်တဲ့အဟာ
ရဓာတ်နဲ့ ရေဓာတ်တွေဆုံးရူံးရလို့ဖြစ်စေ

☀ နေနဲ့ တိုက်ရိုက်ထိတွေ့မှုများလို့ဖြစ်စေ

☀ကိုယ်ဝန်တားဆေးများ ကြောင့်ဖြစ်စေ

☀ မျိုးရိုးဗီဇကြောင့်ဖြစ်စေ တင်းတိပ် အမဲစက်
တွေဟာဖြစ်ပေါ်နိုင်ပါတယ်...

တင်းတိပ် အမဲစက် သမားတွေကအများအားဖြင့် ရေဓာတ်နဲ့ collagen အဟာရဓာတ်တွေအဓိကလိုအပ်တာဖြစ်တယ်။
ဒါကြောင့် တင်းတိပ် ဖြစ်လာပြီဆိုရင် ရေဓာတ်ကိုအဓိကဖြညိ့ပေးဖ်ု့လိုအပ်တယ်

တင်းတိပ် အမဲစက် သမားတွေက ရေဓာတ်ကိုပိုဖြည့်ပေးနိုင်တဲ့ Hyluronic acid ပါတဲ့ skincareနဲ့ Vitamin C ကိုသုံးနိုင်တယ်။

Maskရွေးချယ်တဲ့အခါ ရေဓာတ်အကောင်းဆုံးပေးနိူင်တဲ့ Sleeping mask နဲ့ sheet maskကိုရွေးရင်ပိုကောင်းပါတယ်။

Vitamin C , lemon Mask , Potato mask, Carrot mask တွေကို တင်းတိပ် အမဲစက် သမားတွေရွေးချယ်သင့်ပါတယ်။

တင်းတိပ် အမဲစက် သမားများက SPF 50++
PA +++ပါတဲ့ Sunscreen ကိုနေ့တ်ုင်းလူးသင့်တယ်

Sunscreen ရွေးရာမှာလဲ အဆီကင်းပြီးရေဓာတိအခြေ ခံပါတဲ့ Sunscreen ကိူသာသူံးပါနော်

အိမ်တွင်းနည်းအနေနဲ့ကတော့

bleaching ဂုဏ်သတ္တိရှိတဲ့ အာလူးနဲ့ပွတ်ပေးပါ
အာလုးနဲ့ ပွတ်ပြီး မျက်နှာသစ်ရာမှာ ရေနွေးနဲ့သာ သစ်ဖို့ လုိပါမယ်နော်
ရေအေးနဲ့သစ်တဲ့အခါ မျက်နှာ ပိုမဲတာမျိုးတွေဖြစ်နိုင်ပါတယ်...

အိမ်တွင်း နည်းတွေထက် Skincare ကိူသာပိူလုပ်ဖို့ပိူအားပေးပါတယ်နော်

တင်းတိပ် အမဲစက် တွေက အချိနိအတော်ယူပြီးကုသရပါတယိရှင့်

ပျောက်ချင်စောနဲ့ ဆေးတွေဝယ်လိမ်းမိခြင်းကလဲကိုယ့်အတွက်နောကိဆက်တွဲဆိုးကျိုးသာဖြစ်နိူင်ပါတယ်နော်

08/07/2022

အဆီဖုကြောင့် စိတ်ညစ်နေသူများအတွက်

အဆီဖုက Cleansing ပိုင်းမနိုင်တာ /Stress များတဲ့ အခါတွေမှာ ထွက်လာပါတယ်။

စိတ်ဖိစီးမှုများရင် ကြာချိန် (5)ရက်

မသန့်ရှင်းမှုကြောင့် ဖြစ်တဲ့ အဆီဖု တွေကျတော့ တစ်လကျော်တဲ့ထိ မျက်နှာပေါ်မှာ မပျောက်ပဲ ရှိနေတတ်ပါတယ်။

အဆီဖု ပျောက်အောင် ဘယ်လိုလုပ်ရမလဲ?
>>>>မျက်နှာသစ်>သန့်ရှင်းရေး>တိုနာသဘာဝနည်း

08/07/2022

🐚Serum သုံးတဲ့သူတွေ သိထားရမဲ့အချက် 📌...

🦉ဝက်ခြံထွက်ပြီး ကျန်နေတဲ့ အနီစက် အမဲစက် အမာရွတ် ချိုင့်ခွက်တွေပြန်ပျောက်ဖို့ အသားရေ
ပြန်လည်ညီလာဖို့ဆိုရင် Serum က မသုံးမဖြစ်သုံးပေးရမဲ့ skin care step တစ်ခုပါ...

🐣Serum က Moisturizer တို့ essence တို့ ထက် ပိုပြီးအသားရေရဲ့ အတွင်းပိုင်းအလွှာထိစိမ့်ဝင်နိုင်စွမ်းလဲရှိသလို အသားရေမြန်မြန်ပြန်ကောင်းလာအောင်လဲ လုပ်ပေးနိုင်တယ် ...

🦄ဒါကြောင့် ဝက်ခြံ အမာရွတ် ချိုင့်ခွက်သမားတွေက Serum ကို ရွေးတဲ့အခါမှာ...

🐝Oil base ရွေးသုံးတာထက် Water base ကိုရွေးသုံး
တာက ပိုပြီးအဆင်ပြေ သင့်တော်ပါတယ် ...

🦃အဓိက ဝက်ခြံသမားတွေက ထွက်နေဆဲမှာပဲ ဖြစ် ဖြစ်
ပျောက်ပြီးသွားတဲ့အခါမှာပဲ ဖြစ်ဖြစ် oil base နဲ့ထုတ်ထားတဲ့ skin care တွေမရွေးသုံးသင့်ပါဘူး...

🕊ဝက်ခြံပိုထွက်လွယ်စေလို့ပါရှင့်

🐌ဒါကြောင့် ဝက်ခြံ အမာရွတ် ချိုင့်ခွက်သမားတွေက
Serum သုံးရင် ဒီအချက်တွေ သိထားဖို့လို့ပါတယ်ရှင့် 😊
sharing

်ခြံအမာရွတ်ချိုင့်ခွက်

...

Photos from Top Ten's post 03/07/2022
03/07/2022

ဝက်ခြံ သမားလေးတွေအတွက် ရှောင်ရန်👇👇
-----------------------------------------

✅ ညဘက် စောစောအိပ်ပေးရတယ်
✅ မျက်နှာ မသစ်ခင် လက်ကို သေချာ
ဆေးပေးရတယ်
✅ မသန့်တဲ့ လက်နဲ့ မျက်နှာနဲ့ ဝက်ခြံ
တွေကို ကုတ်တာ ၊ ပွတ်တာ မလုပ်
ရဘူး ❌❌
✅ ခေါင်းအုံး စွတ်ကို 1 ပတ် 1 ခါ
လျော်ပေးရတယ်
✅ ချွေးထွက်ရင် ဘဲ ဖြစ်ဖြစ် ရေစိုရင်
ဘဲ ဖြစ်ဖြစ် Tissue နဲ့ဘဲ သုတ်
ပေးရတယ်
✅ အငံ အစပ်တွေ ရှောင်ပေးပါ
✅ နို့ပါတဲ့ skincareတွေရှောင်ပါ
✅ Cream type ကိုမသုံးပါနဲ့
Gel type ကိုသုံးပါ 🤗🤗

Crd

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Myitnge
Mandalay