Beauty Therapy
Skincares & Cosmetics
07/04/2024
Nard Black Seed Hair loss care Tonic 200ml- 25000ks >> 22000 ks
ပါဝင်ပစ္စည်းကလည်း သဘာဝ သစ်ဥသစ်ဖုတွေပဲ သုံးထားတာ 💜
hair tonic ကို ဈေးသင့်သင့် quality ကောင်းတာလေးထဲက ရှာနေရင် ဒီဟာလေး ယူပါ
💁♀️ ဆံပင်ကျွတ်တာ သက်သာစေဖို့အတွက် နောက်ပိုင်းမှာ ခေတ်စား အသုံးများလာတဲ့ balck seed oil ကို သုံးထားတာပါ
✅ ဖြန်းလိုက်တာနဲ့ refreshing, soothing ဖြစ်စေပါတယ် အေးပြီး လန်းဆန်းသွားစေတာမျိုးလေးပါ
✅ ဆံပင်အရင်းလေးတွေ မြဲမြဲသန်စွမ်းစေပါတယ်
✅ ဦးရေပြားမှာရှိတဲ့ ဆံပင်မွေးညင်းပေါက်လေးတွေထိ သန့်စင်ပေးပါတယ်
✅ Argan oil, amino acids တွေလည်း ပါလို့ အစိုဓါတ်ဖြည့်ပေးပါတယ်
အသုံးပြုပုံ👉
ခေါင်းလျှော်ပြီးစ စိုတဲ့အချိန်မှာလည်း ဖြန်းပေးပါ 👌 ဦးရေပြားခြောက်တယ် ခံစားရရင် ခဏခဏ ဖြန်းပေးလို့ ရပါတယ်၊ တစ်နေ့ တစ်ခါ ပုံမှန် ဖြန်းပေးတာတော့ ရလဒ်ပိုသိသာစေပါတယ် ဖြန်းပြီးရင်တော့ အစိုဓါတ် သေချာဝင်အောင် လက်လေးနဲ့ ဖွဖွလေး ဖိနှိပ်ပေးပါ
11/02/2024
Clearance sale- 30000ks
29/11/2023
Innisfree Retinol 3-step Care Kit
Price - 16500
Instock
Retinol ကို စမ်းပြီး သုံးကြည့်ချင်တယ်ဆိုတဲ့ လူတွေအတွက် အရမ်းအဆင်ပြေတဲ့ kit set လေးပါရှင့်...💚 Ritinol ရဲ့နောက်ကနေ Green Tea Seed serumရယ် Barrier cream လေးလိုက်ထားပေးလို့ purging အတွက်ပါ အဆင်ပြေစေပြီး ၁ခုတည်းဝယ်ရုံနဲ့ retinol ကိုစမ်းဖို့ အဆင့်သင့်ဖြစ်သွားစေပါပြီနော်...😘
29/11/2023
Aromatica Rosemary Scalp scaling Shampoo refill 500ml- 74000 ks
Instock
Rosemaryလေး instock ရပါပြီနော် 💚
✅ sensitive scalp ရှိပြီး ဆံသားလေးတွေ ခြောက်သွေ့ အားနည်းတဲ့သူတွေအတွက် အသင့်တော်ဆုံးပါ
✅ ဆံပင်ကျွတ်သက်သာစေတယ်၊ ဦးရေပြားကို ပြန်လည် အားဖြည့်ပေးပြီး၊ သွေးလှည့်ပတ်မှုကို ပိုမိုကောင်းမွန်စေပါတယ်
✅ ဦးရေပြားနဲ့ ဆံသားတွေကို မထိခိုက်စေဘဲ ဗောက်၊ အညစ်အကြေးတွေကို မွေးညင်းပေါက်လေးတွေထဲထိ ဖယ်ရှားပေးနိုင်ပါတယ်
29/11/2023
Return creamလေး instock ပါ 💛
02/11/2023
🚨 Special Sale 45% off 🚨
Manyo Bifida Biome Concentrate Cream
Price- 64900 >>> 35700
Exp- 2024.4.26
✅Skin barrierကို အားဖြည့်ပေးတဲ့ Bifida 62% နဲ့ပြုလုပ်ထားတာမို့ skin condition ကို သိသိသာသာ တိုးတက်လာစေပါတယ်...
✅hyaluronic acid 8 မျိုးအပြင် peptideတွေ creamide တွေပါ ပါတာမို့ ရေဓာတ်ကို အပြည့်အဝဖြည့်ပေးပြီး ချွေးပေါက်တွေ ကျဉ္းလာစေမှာပါ...
✅All skin type သုံးလို့ရပေမဲ့ Dry skin သမားတွေနဲ့ mature skin သမားတွေအတွက်အထူးသင့်တော်ပါတယ်...
02/11/2023
Special Sale 45% off 🚨
64900 >> 35700
Exp- 2024.4.26
[REVIEW] MA:NYO – BIFIDA BIOME CONCENTRATE CREAM
A luxurious cream for you and your mother.
ဒီ cream ကိုစစချင်းလိမ်းလိုက်ရင်ခံစားရတဲ့ ဖီလင်ကတော့ အရမ်းကို luxurious ဖြစ်တယ်။ Collab မို့လို့ brand အချင်းချင်းယှဥ်ပြောလို့မသင့်တော်ပေမယ့် ပြောနိုင်တာကတော့ ပြင်သစ်ဘက်က high end skincare brand တွေရဲ့ cream နဲ့ယှဥ်ရင်ကောင်းကောင်းကြီးယှဥ်နိုင်တယ်။
Luxurious cream ခံစားချက်လိုမျိုးရတဲ့အတွက်ကြောင့်မို့လို့ သူ့ရဲ့ cream သားကထူအိအိလေးဖြစ်တယ်ပေါ့နော်။ နည်းနည်းလေးအရစ်ရှည်ရရင် ထူတာနဲ့စေးတာကိုတော့ကွဲပြီးမြင်စေချင်တယ်။ သူ့ cream အသားက ထူပေမယ့် ဆွဲရတာခက်တယ်စေးထန်းထန်းလိုမျိုးကြီးမဟုတ်ဘူး။ ပြီးတော့ cream အသားကတခြား၊ မျက်နှာအသားကတခြားဖြစ်နေပြီးတော့ လိမ်းလိုက်ပြီးရင်မျက်နှာပေါ်မှာ cream ကငုတ်တုတ်ထိုင်သလိုခံစားရတဲ့ cream အထူသားမျိုးလည်းမဟုတ်ဘူး။
Cream base ကပြောရရင် glycerin နဲ့ squalene-base မို့လို့ လူ့အသားအရေကိုအပြည့်အဝ အစိုဓာတ်ထိန်းပေးနိုင်တဲ့ cream လို့ပြောလို့ရတယ်။ အဲ့ဒါအပြင်ကို Ceramide + Peptide + Hyaluronic acid ကနေပြီးတော့ရတဲ့ ingredient တွေကိုပါထည့်ထားပေးတာမို့လို့ skin barrier health အတွက်ကိုရည်စူးပြီးတော့ထုတ်ထားတဲ့ cream လို့ပြောလို့ရတယ်။ Ceramide, peptide, hyaluronic acid တွေကိုပဲပြောနေလို့ ဒီအထဲမှာ bifida ferment မပါဘူးလားလို့စိတ်ထဲထင်ကြမှာစိုးလို့ ဒီအထဲမှာ bifida ferment လည်းပါပါတယ်။ သူက 62% နဲ့ပမာဏအများဆုံးပါဝင်တယ်။ ပြီးတော့ ဒီတစ်ခုက အနံ့ကိုနှာခေါင်းကြီးဘူးထဲအပ်ရှူကြည့်မှယောင်ယောင်လေးပဲရတယ်။ မဟုတ်ရင်မရဘူး။ အရမ်းကိုနှာခေါင်းကအာရုံခံတာကောင်းရင်တော့အနံ့ရမယ်ပေါ့နော်။ ကျန်တဲ့သူတွေမရလောက်ဘူး။
စစချင်းသုံးရင်တော့ ဒါက moisturising သေချာဖြစ်တဲ့ cream ပေါ့နော်။ အပေါ်မှာပြောထားသလိုမျိုး ဒီ cream အသားက nourishing ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီ cream ကိုအသားခြောက်တဲ့သူတွေနဲ့ အသက် 40 ကျော် 50 ကျော်တွေကို highly recommend လုပ်တယ်။ အထူးသဖြင့်အသားအရေခြောက်ပြီးကြမ်းသလိုဖြစ်နေတဲ့သူတွေအနေနဲ့ Bifida concentrate series ထဲက ဒီ cream တစ်မျိုးပဲလိမ်းရင်တောင်သိသာတဲ့ရလဒ်ကိုမြင်ရမယ်။ Bifida ferment နဲ့တည့်ရင်ပေါ့နော်။ မတည့်တဲ့သူတွေကလည်းရှိတာကိုး။
ဒါကိုဖူးပွင့်ကညဘက်ပဲသုံးတယ်။ Nourishing ဖြစ်လို့။ ဖူးပွင့်အတွက်က ဒါကိုညတိုင်းသုံးဖို့ကနည်းနည်းလေး heavy ဖြစ်တဲ့အတွက်ကြောင့် သူ့ကို sleeping mask လိုမျိုးသုံးတယ်။ နှစ်ရက်ခြားတစ်ခါလောက်ပေါ့။ အဲ့ဒီလိုမျိုးသုံးလို့မနက်ကျနိုးလာရင် အသားကရေဓာတ်ပြည့်ပြီးအိအိကြည်ကြည်လေးဖြစ်နေရော။ ဖူးပွင့်အမေအတွက်ကျတော့ ဒီ cream ကိုညဘက်လိမ်းအိပ်ပြီးတော့နောက်နေ့မနက်ကျရင် အသားအရေကရေဓာတ်မပြည့်လို့မွဲခြောက်ခြောက်နေတာမျိုးမဖြစ်ဘူး။ အဲ့ဒါကိုသူကသဘောကျတယ်။ Dry skin နဲ့အသက်ကြီးတဲ့သူတွေကိုသုံးဖို့ လုပ်လို့တခြားသူတွေရောမသုံးရဘူးလားဆိုတော့ သုံးလို့ရပါတယ်။ ဒါပေမယ့် သုံးတဲ့အခါ ပမာဏကိုနည်းနည်းချင်းစီယူသုံးပြီးတော့ ဘယ်ပမာဏကကိုယ့်အတွက်အဆင်ပြေမလဲဆိုတာကိုဆုံးဖြတ်တာပိုကောင်းမယ်။ မဟုတ်ဘဲနဲ့တစ်ခါတည်းသုံးလို့များသွားရင် အဆီပြန်တယ်ဆိုတာမျိုးခံစားရတာမျိုးဖြစ်မှာစိုးလို့။
တစ်လကြာလောက်သုံးကြည့်တဲ့အခါတော့ ဖူးပွင့်အတွက်က ဒါကို concentrate serum လောက်တော့သိပ်မကြိုက်ဘူး။ Serum ကဖူးပွင့်ညတိုင်းသုံးဖြစ်တော့ဖူးပွင့်အတွက်ပိုပြီးသိသာသလိုမျိုးခံစားရတယ်။ ဒါပေမယ့် ဖူးပွင့်အမေအတွက်ကတော့ ဒါကသိသာတယ်။ သူ့ရဲ့ favourite point ဖြစ်တာကအသက်ကြီးလို့မွဲခြောက်ခြောက်ဖြစ်လာတဲ့မျက်နှာအသားအရေကို glowing ဖြစ်တဲ့ result မျိုးနည်းနည်းထည့်ပေးတယ်ဆိုတာမျိုးပေါ့။ အသက်ကြီးလာတော့ မျက်နှာကြည်ကြည်စိုစိုဖြစ်ဖို့ခက်တယ်လေနော်။ အဲ့ဒါကြောင့် ဒီတစ်ခုကိုပုံမှန်သုံးရင်အဲ့ဒီ result ကိုပေးနိုင်တယ်။
ဖူးပွင့်ရဲ့ The Rosie Edit ကိုဖတ်နေကျအန်တီတွေအနေနဲ့ anti-ageing cream, luxurious feeling ရတဲ့ cream တွေထဲကဘာဝယ်ရမှန်းမသိဘူးဖြစ်နေရင် ဒီတစ်ခုကိုမျက်စိမှိတ်ပြီးဝယ်လိုက် ( Cream type moisturiser ကိုကြိုက်တတ်ရင်ပေါ့နော်။ တချို့က cream type ကိုမကြိုက်တတ်ဘူးဆိုတော့ ကိုယ်ကကြိုစကားခံရတယ်)
Suitable for – Normal to dry skin, especially mature skin. (Not for acne-prone skin)
NOT Fungal Acne safe.
Price – 45,000 MMK (50 ml) (10% OFF - 40,500 MMK)
Where to buy – KOCOS
05/09/2023
3CE Hazy Lip Clay Sale
Price- 35000ks
Preorder- full prepaid
Waiting time- 2 to 3 weeks
အရောင်လေးတွေက cool tone, warm tone အစုံကိုမှ တော်တော်လေးကိုလှ၊ တစ်ရောင်မှ ပစ်ရက်စရာမရှိ
paintingcot, cherry ruff အရောင်လေးတွေက မိန်းကလေးဆန်ပြီး ငြိမ်ငြိမ်လေးတွေ၊ နေ့တိုင်းဆိုးလို့လှတယ်
Hipamine, warm brownie လေးက အညိုဖောက်လေးတွေ
Plum puddingက cool tone ထင်းထင်းလေး bold girl look လေးတွေနဲ့လှမှာ
24/08/2023
Aromatica Tea Tree Purifying shampoo 20% off sale 400ml- 56000ks
Instock
Aromaticaဆိုတာ နာမည်ကြီး ကိုးရီးယားမှာ လူသုံးများတဲ့အပြင် ခဏခဏ sales မချတဲ့ အချေတစ်လိုင်း Brandပါ
🍃 Tea tree oil ပါဝင်လို့ အဆီထုတ်လုပ်မှုကို ထိန်းချုပ်ပေးပြီး တစ်နေ့လုံး လန်းဆန်းနေစေပါတယ်
🍃 mint ပါဝင်လို့ အေးအေးလေးနဲ့ soothing ဖြစ်စေပါတယ်
🍃 အဆီတွေ ပြောင်ရှင်းသွားစေတဲ့အပြင် biotin နဲ့ panthenol ပါဝင်လို့ ဆံသားလေးတွေ ပြောင်လက်သန်စွမ်းစေပါတယ်
✅ purifying shampoo ဖြစ်လို့ 👉 ခေါင်းပေါ်တင်နေသမျှ အညစ်အကြေးတွေ အဆီတွေ ဆံပင်ရဲ့ မွေးညင်းပေါက်လေးတွေမှာ ပိတ်နေတာမျိုးတွေကို အကုန်ရှင်းပေးပါတယ်
✅ အဆီတွေ ရှင်းပေးလို့ လျှော်ပြီးရင်ဆံပင်လေးက ထူသယောင်လေး ဖြစ်နေမှာနော်
✅ silicone free, sulphate free
💁♀️ ခေါင်းလျှော်ပြီး မကြာဘူး ဆံပင်အဆီထွက်လို့ ပြားကပ်သွားတယ်ဆိုတဲ့သူတွေ၊
💁♀️ဦးရေပြား ယားပြီး ဗောက်ထတတ်တဲ့သူတွေ၊
💁♀️scalp acne ရှိတဲ့သူတွေ၊ sensitive scalp ပိုင်ရှင်တွေအတွက် သုံးကို သုံးကြည့်သင့်တဲ့ shampooလေးပါ
14/08/2023
Instock
09/08/2023
Special Sale ‼‼
3ရက်အတွင်းသာ ဒီဈေးနဲ့ ရပါမယ်ရှင့်
Mamonde Centella Toner 150ml- 8500ks
Cosrx Calming Liquid Intensive 100ml- 22000ks
Cosrx Hydrium Toner 280ml- 24000ks
Graymelin Facial Cleanser- 25000ks
Graymelin Return Sun Cream 50ml- 13000ks ( အပြင်စက္ကူဘူးခွံ နည်းနည်းပိန်နေလို့ပါ)
Graymelin UV shield Sunblock- 16500ks
Peripera Cica Tone Up Sunscreen-50ml 17000ks
Innisfree Cica Toneup Sunscreen- 35ml 15000ks
Pyunkang Yul Anti- Hair Loss Treatment 500ml 20000ks
09/08/2023
Raip R2 No Wash Treatment 250ml
Scent-white soap, Ocean Blue
Instock- 19000ks
hair oil လိမ်းလို့ ဆံပင်စေးကပ်ကပ် ဖြစ်သူတွေအတွက် အဆင်ပြေစေမဲ့ water type လာတဲ့ treatment ပါ၊ ခေါင်းလျှော်ပြီးရင် ဖြန်းလိုက်ရုံပါပဲ၊ ဆံသားရှင်းပြီး အစိုဓါတ်လေး ရသွားပါတယ်၊
ဆံပင်ဖွာတတ်ရင် ဆံပင်ရေမခြောက်တခြောက်မှာ ဘီးကြဲ၊ သို့ လက်လေးနဲ့ပဲ အသာအယာ ဖြီးပါနော်၊ ရေလုံးဝခြောက်မှ ဖြီးရင် ဖွာတတ်ပါတယ်
ခေါင်းလျှော်ရင် ပေါင်းဆေးသုံးရမှာ ပျင်းတဲ့သူတွေအတွက် ရေဆေးချစရာမလိုတဲ့ ပေါင်းဆေးလေးပါ
ခေါင်းလျှော်ပြီး ဆံပင်တွေ ရှုပ်၊ဖြီးရ ခက်နေတယ်ဆို sprayလေး ဖြန်းလိုက်ရင် ဆံသားလေး ချောသွားစေပါတယ်
hydrolyzed protein ထည့်သွင်းထားလို့ ဆံသားပျက်စီး၊ ၂ခွ ဖြစ်နေတာမျိုးတွေကို သက်သာစေပါတယ်
ဆံသား ခြောက်သွေ့၊ ဖွာထွက်နေတာတွေကို ပြန်ပြီး အစိုဓါတ် ဖြည့်ပေးပါတယ်
white soap အနံ့လေးက fresh ဖြစ်တဲ့ အနံ့လေးပါ၊
ocean blue အနံ့လေးက ကြည်ကြည်သင်းသင်းလေးပါ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay
