Glow with MayNi - Makeup Artist

Glow with MayNi - Makeup Artist

Share

Makeup/ Photo / Video 09778177912

Photos from Glow with MayNi - Makeup Artist's post 04/12/2025

တောင်ကြီးဘွဲ့ 13,14,16,17ရက်အတွက် Bookingရပါပြီရှင် 🤍

#တောင်ကြီးမိတ်ကပ်
#တောင်ကြီး
#ဘွဲ့
#ဘွံ့မိတ်ကပ်

20/10/2025

💫တောင်ကြီးဘွဲ့ Day and Distanceအတွက်မိတ်ကပ်များBookingယူနိုင်ပါပြီရှင်………💫

ဘဝရဲ့ အရေးပါတဲ့ အခမ်းအနားတစ်ခုထဲမှာ "ဘွဲ့နှင်းသဘင်အခမ်းအနား"က မပါမဖြစ်တဲ့နေရာတစ်ခုမှာရှိပါတယ်ရှင်။

Graduation Packagesတွေကိုလည်း ကျွန်မ တာဝန်ယူလုပ်ပေးနိုင်တဲ့ အတိုင်းအတာတစ်ခုအတွက် Feesကို သေချာလေးလုပ်ပေးထားပါတယ်ရှင်။

နံနက်ခင်းပိုင်းအတွက် နဲ့ မွန်းလွှဲပိုင်းအတွက်ကို လူဦးရေ အကန့်အသတ်နဲ့သာလျှင် Quantityထက် Qualityကို ဦးစားပေးပြီးလက်ခံမှာဖြစ်ကြောင်း ကြေငြာပါရစေရှင်။

ပြီးခဲ့တဲ့နှစ်ရဲ့ လိုအပ်ချက်တွေကိုပြုပြင်ပြီး ဒီနှစ်မှာတော့ Qualityပိုင်းကိုပဲ အလေးပေးပြီး လက်ခံမှာဖြစ်ပါတယ်ရှင်။

ကိုယ့်စိတ်ကြိုက် ပြင်ချင်တဲ့ Makeup Lookအတွက် Quality ,Time and Good Servicesကို ရှာနေရင် Glow with MayNi - Makeup Artistဆိုတဲ့ ကျွန်မဆီ Bookingလေးတင်လိုက်ပါရှင်။

Qualityကတော့ Makeup Lookအတွက်ပါ။

Timeကတော့ ဘွဲ့နှင်းသဘင်အခမ်းအနားကို အိန္ဒြေရှိရှိ နဲ့ လှပကျော့ရှငိးစွာ တက်ရောက်နိုင်ရန်အတွက် အချိန်တွေကို Saveဖြစ်အောင် တာဝန်ယူပေးမှာပါ။

Servicesကတော့ ကိုယ့်Clientsလေးတွေရဲ့ အချိန်တွေကို အလကားမဖြစ်ရအောင် Makeup , Hairdo နဲ့ ကျန်တဲ့ Serviceပိုင်းတွေကို ကျွန်မရဲ့ Crewတွေက Clientလေးတွေကို သေချာ Caringလုပ်ပေးမှာပဲဖြစ်ပါတယ်ရှင်။

Bookingတင်လို့ရပါပြီရှင် 🤍🤍🤍
09778177912



#တောင်ကြီး
#တောင်ကြီးဘွဲ့

#တောင်ကြီးမြို့

11/10/2025

မိတ်ကပ်ဈေးလေးတွေ ချိန်ဆလို့ ရအောင် တင်ပေးထားပါတယ်နော်။

မေနီနဲ့ Makeup Feesတွေလာညှိနှိုင်းလို့လည်းရပါတယ်။

ဒီနှစ် တောင်ကြီးဘွဲ့ မိတ်ကပ်ဈေးနှုန်းကိုတော့ Packageအမိုက်စားနဲ့ ကြော်ငြာပေးမယ်နော်။

သေချာတာကတော့ 400,000 - 600,000 Packageဖြစ်ပါမယ်။

မန်းဘွဲ့တွေ နဲ့ ထီလာဘွဲ့တွေအကုန်လုံး ဘွဲ့ရက်၂ရက်ကို 300,000နဲ့ လိမ်းပေးပေမယ့် တစ်ရက်ကိုတော့ 180,000စယူပါပြီရှင်။

Transportation Feesသပ်သပ် ထပ်ယူပါတယ်နော်။

ပွဲတက်ကိုတော့ 100,000 - 150,000ယူပါတယ်နော်။

ပွဲအခြေနေအပေါ်မူတည်ပြီးတော့ ပွဲတက်ကို 200,000 - 300,000လည်း ယူပါတယ်။

အိမ်မှာ ဆွမ်းကပ် ဧည့်ခံသတို့သမီးကတော့ 300,000ပါ။

ဘုန်းကြီးကျောင်းဆွမ်းကပ်ဧည့်ခံသတို့သမီး နဲ့ ခန်းမသတို့သမီးတို့ကိုတော့ 400,000 - 600,000ပါ။

နယ်ပွဲတွေလည်း လက်ခံပါတယ်။

နယ်ပွဲတွေအတွက် Feesလည်း သီးသန့်ရှိပါတယ်။

ပွဲရက်တွေသေချာသိရပြီဆိုရင်တော့ ရက်ချိန်လေးကြိုယူပေးဖို့လိုအပ်ပါတယ်နော် ။

11/10/2025

May Ni San

11/10/2025

21,22,23. Nov. 2025 Taungyi Convoလေးတွေ လက်ခံနေပါပြီရှင် 🤍

Special Pakageတွေလည်းပါမှာမလို့ ….

Stay Tuned!!! 📣📣



#တောင်ကြီး
#တောင်င်္ကြးဘွဲ့
#ဘွဲ့

14/07/2025

ကျွန်မဘဝရဲ့ မှတ်ကျောက်လေးတစ်ခုပေါ့ရှင်။

အကြောင်းအမျိုးမျိုးကြောင့် ကြာသွားခဲ့တာအတွက်ရော အများကြီး နားလည်ပြီး စောင့်ပေးခဲ့ကြတဲ့အတွက်ရော ညီမလေးတို့ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

ပုံလေးတွေ လက်ထဲရောက်ရင် အရမ်းကြိုက်ကြမှာ သိလား 🫶🥰

ကျွန်မတော့ ကြည့်ရင်းနဲ့ ပီတိတွေဖြစ်ပြီး အရမ်းပျော်နေပြီ🥰

တစ်ယောက်ချင်းကို ဆက်သွယ်မယ်နော်🥰

Photos from Glow with MayNi - Makeup Artist's post 04/06/2025

Glow with May Ni - Makeup Artistဆိုပြီး လမ်းကြောင်းတစ်ခုပေါ် ရောက်ရှိလာတာ ဒီညီမလေးတွေကြောင့်ပါ။

သူတို့သာ ယုံကြည်ပြီး လက်မခံခဲ့ဘူးဆိုရင် "မေနီ" ဆိုတာ ဖြစ်မလာပါဘူး။

အကြောင်းအမျိုးမျိုးကြောင့် နောက်ကျခဲ့ရတဲ့အတွက်လည်း အားနာစွာနဲ့ အများကြီး တောင်းပန်ပါတယ်နော်။

Frameတွေ ထုတ်ပေးဖို့အဆင်သင့်ဖြစ်ပြီမလို့ ပုံဘောင်တွေရတာနဲ့ အကုန်လုံးကို ဆက်သွယ်ပြီး ပို့ပေးပါမယ်နော်။

အများကြီး အားနာပါတယ်နော် ညီမလေးတို့ရေ။

စောင့်ပေးတဲ့အတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်။

ပုံထဲမှာ မပါသေးတဲ့ညီမလေးတွေလည်း Fileထဲပြန်ရှာပြီး Editပေးပါမယ်နော်။

ပုံလေးတွေ လှလှလေးမို့ စောင့်ရကျိုးနပ်မယ်လို့လည်း မရဲတရဲ နဲ့ မျှော်လင့်မိပါတယ်ရှင် 🤍🫶🤍

Photos from Glow with MayNi - Makeup Artist's post 28/04/2025

Hello!
အားလုံးပဲ မင်္ဂလာပါရှင်။

တောင်ကြီးမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားအတွက် မေနီ့ဆီမှာ ဘွဲ့မိတ်ကပ်လိမ်းထားတဲ့ ညီမလေးတွေကို အသိပေးရင်းနဲ့ တောင်းဆိုမှုလေးလုပ်ချင်ပါတယ်ရှင်။

ဘွဲ့မိတ်ကပ်Packageမှာ 8"12"ဆိုဒ် ဘောင်အပါရကြမယ့် ညီမလေးများကို အားနာစွာနဲ့ပဲ ခတ္တခဏလောက် ထပ်စောင့်ပေးဖို့ အနူးအညွတ် တောင်းဆိုပါတယ်ရှင်။

Photographerအနေနဲ့လည်း များစွာသော ဘွဲ့ယူညီမလေးများရဲ့ Photoများကို သူတစ်ဦးတည်းသာ စိတ်တိုင်းကျ Retouchလုပ်ပေးတာဖြစ်တဲ့အတွက် အချိန်အားဖြင့် ကြာသွားပါတယ်။

မန္တလေးမှာ မီးအရမ်းပျက်တော့ ပုံတွေက ဘယ်လိုမှမပြီးနိုင်ဖြစ်ခဲ့ရပါတယ်။

အိမ်နားက တည်းခိုခန်းမှာ ၄ရက်တည်းပြီး ပုံတွေပြင်ခဲ့တာလည်း ၃ပုံတစ်ပုံတောင် မပြီးခဲ့ပါဘူးရှင်။

မတတ်နိုင်တဲ့အဆုံး Power stationဝယ်လိုက်ရပြီး Retouchတွေ ဆက်လုပ်ခဲ့ပါတယ်။

ဒီကြားထဲ Photographer(အမရဲ့အမျိုးသား) မျက်လုံးနာလို့ ကျန်းမာရေးမကောင်းဖြစ်ပြီး လရဲ့ တစ်ဝက်နီးပါးက အနားယူလိုက်ရပါတယ်။

8" x 12"ဘောင်အပါ ရကြမယ့် ညီမလေးတွေအတွက် ဘောင်တွေထုတ်တော့မယ်ဆိုမှ မန္တလေးအိမ်က ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရပါတယ်။

ဒီလိုနဲ့ အိမ်နားနီးချင်း အန်တီတို့အိမ်မှာ ပေးနေလို့ အိမ်ပြင်တာကိုစောင့်ရင်း နေ့စဉ်အချိန်တွေ ကုန်နေရပါတယ်ရှင်။

ကလေးလည်းကျောင်းပိတ်တုန်းမလို့ ငလျင်ရှောင်ရင်း နဲ့ မွေးရပ်ဇာတိ လားရှိုးမြို့ကို ခဏပြန်ရောက်နေပါတယ်ရှင်။

မန္တလေးအိမ်ပြီးတာနဲ့ ဘောင်ထုတ်မယ့်ကိစ္စကို အပြီးသတ်လုပ်ဆောင်ပေးပါမယ်ရှင်။

Family Photoရိုက်ထားသူတွေ နဲ့ Solo portraitရိုက်ထားတဲ့ ညီမလေးတွေကို အကုန်လုံး ပုံတွေပို့ထားပြီးဖြစ်ပါတယ်။

Premium , Diamond Packageညီမလေးများ မေနီတို့အိမ်ပေါ်ပြန်တက်ရပြီဆိုတာနဲ့ ဘောင်လေးတွေပို့ပေးဖို့ စီစဉ်ပေးမှာဖြစ်လို့ အားနာစွာနဲ့ စောင့်ဆိုင်းပေးပါဦးနော်။

ဒီအခြေနေမှာ အများကြီး နားလည်ပြီး စောင့်ပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်နော်🤍

ပုံတွေက ထုတ်ပေးမှာပါ စိတ်ချပါနော် ညီမလေးတို့ရှင့်🥹

27/03/2025

အဘက်ဘက်က အများကြီး ကြိုးစားထားတာလေးပါ 😉

Photos from Glow with MayNi - Makeup Artist's post 25/03/2025

ကိုယ့်ဆရာ Sir.Jetရဲ့ Tasteလေးကို Inspiredလေးတစ်ဖြတ်ယူထားပါတယ်ရှင်🫶

Peach Look by Glow with May Ni - Makeup Artist
Photo Paing Thu Myo Hla
Model Soung Hnin Phyu

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


54 (A) Street, 117 (A)
Mandalay

Opening Hours

09:00 - 17:00