Aye Aye Thaw

Aye Aye Thaw

Share

ဒါန်းဘုရင်100%သဘာဝဆံသားနက်ပေါင်းဆီနှစ်

Photos from Aye Aye Thaw's post 18/08/2025

ဒါန်းဘုရင်

မြန်မာပြည်မှာပထမဆုံးသော သဘာဝ readymade ဆံသားနက်ပေါင်းဆီနှစ်

01/02/2025

ပန်းနာ ရင်ကြပ် ဖြစ်နေတာ နှစ်နဲ့ချီ ကြာနေပြီ..
ဘာဆေးနဲ့ မသက်သာဘူးဆိုတဲ့ မိတ်ဆွေများ..
ဒီနည်းလမ်းလေး အသုံးပြုကြည့်ပါဗျ။

ခလေး လူကြီး ဘယ်လို ဘေးထွက်ဆိုးကျိုးမှ
မရှိပါဘူး။

ပန်းနာရောဂါ အမြှစ်ပြတ်ဖို့အတွက်ဆို....
ဗမာကြက်ရဲ့ အစာအိမ်အတွင်းက ....
ပုံပါ အခွံလေးတွေကို စနစ်တကျ ခွာယူပါ။
ပြီးရင် ရေစင်အောင်သေခြာဆေးပြီး အခြောက်ခံပါ။
အခြောက်ခံလို့ရတဲ့ ၄င်းအခွံတွေကို
ဒယ်အိုးသန့်သန့်ဖြင့် အမှုန့်လုပ်လို့ရတဲ့အထိ
လှော်ပေးပါ။
( မြေအိုးနဲ့ဆိုပိုပြီး အာနိသင်ကောင်းပါတယ်)
လှော်ထားလို့ ရတဲ့ အခွံတွေကို
မှုန့်နေအောင်ထောင်း
ပျားရည်စစ်စစ်ဖြင့် တေပြီး....
နေ့စဥ် စားပေးပါက...
နှစ်ကြာ ပန်းနာ သက်သာပျောက်ကင်းစေနိုင်ပါကြောင်း
မျှဝေပေးလိုက်ပါတယ် ဗျ ။

ချစ်ခြင်းမေတ္တာဖြင့်..

🙏🙏🙏

30/01/2025

မိုးရာသီဝင်ပြီးဆို မှိုယားနာခြင်း၊ ပွေး၊ ဝဲး အစရှိတဲ့ အရေပြားရောဂါများ အလွယ်တကူဖြစ်စေတာကြောင့် အလွယ်တကူရှာလို့ရတဲ့ အိမ်သုံးပစ္စည်းနဲ့ ပျောက်တဲ့နည်းကို မျှဝေပေးပါမယ်။

ကြက်သွန်ဖြူကို ထောင်းပြီး အရည်ညှစ်ယူပါ ကြက်သွန်ဖြူအရည်ဖြင့် ပွေး၊ ဝဲး၊ ယားနာ ဖြစ်တဲ့နေရာကိုမလိမ်းခင် တုတ်ချောင်းသေးသေး သန့်သန့်လေးယူပြီး ဖြစ်တဲ့နေရာကို အနည်းငယ်ခြစ်ပေးပြီးမှ လိမ်းပေးပါ။ တရက်ကို ၃ ကြိမ်မှ ၄ ကြိမ်ထိ လိမ်းပေးပြီး အနာပျောက်သွားလည်း နောက်ထပ် ၇ ရက်မှ ၁၀ ထိဆက်လိမ်းပေးပါ။ အကင်းပါပျောက်သွားပါလိမ့်မည်။

နောက်တစ်နည်းကတော့......
ကွမ်းရွက်ကို သန့်စင်အောင်ဆေးပြီးထောင်းပါ။ ထောင်းပြီးတဲ့ကွမ်းရွက်ကို အရက်ပျံ (သို့) အရက်ဖြူ အနည်းငယ်ဖြင့်ရောပါ။ ပြီးရင် အရည်ကိုစစ်ယူပြီး ယားနာဖြစ်တဲ့နေရာကို တရက် ၄ ကြိမ်မှ ၅ ကြိမ်ထိ ပျောက်တဲ့ထိလိမ်းပေးပါ။

AnnThailanguagecourse မှ ပြန်လည်မျှဝေသည်။

27/01/2025

အလေ့ကျပေါက်တဲ့ သကြားသီးရဲ့ ဆေးဖက်ဝင်ပုံ (၁၅)ချက်
===========================

အလေ့ကျပေါက်တဲ့ အပင်လိုမျိုး မိမိတို့ ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ အရောင်ရဲရဲလေးနဲ့ သကြားသီးလေးက

✅အစာအိမ်အနာကို သက်သာစေနိုင်တယ်

အစာအိမ်အနာရှိသူတွေအနေနဲ့ သကြားသီး စားသုံးပေးသင့်ပါတယ်။ သကြားသီးက အစာအိမ်အနာကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်ခုပါ။ သကြားသီးပင်က ရောင်ရမ်းနာကျင်မှုကိုလျော့ပါးသက်သာစေနိုင်တာကြောင့် အစာအိမ်ထဲက အနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

✅သကြားသီးက ကိုယ်ခံအားကောင်းစေတယ်

ဗီတာမင် နဲ့ သတ္တုဓာတ်တွေပါဝင်တာကြောင့် ကိုယ်ခံအားကို ကောင်းမွန်စေနိုင်ပါတယ်။ ကိုယ်ခံအားနည်းသူတွေအတွက် အထူးသင့်တော်ပါတယ်။ သွေးအားနည်းသူတွေလည်းစားသုံးပေးသင့်ပါတယ်။

✅ကင်ဆာကျိတ်ကို လျော့ပါးစေတယ်

သကြားသီးမှာပါတဲ့ ဖလေဗာနွိုက်က ခန္ဓာကိုယ်မှာ ကင်ဆာကျိတ်တွေ ဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။ သကြားသီးရဲ့ အရွက်နဲ့ ပင်စည်တွေမှာပါ ကင်ဆာကျိတ်ကို တားဆီးနိုင်တဲ့ အာနိသင်ရှိတာပါ။

✅အစာအိမ်ဝေဒနာကို သက်သာစေနိုင်တယ်

သကြားသီးမှာပါတဲ့ ဒြပ်ပေါင်းက အစာအိမ်ထဲမှာ လေထတာကို သက်သာစေနိုင်ပါတယ်။ သကြားသီးက လေသက်စေနိုင်သလို၊ ဓာတ်တိုးဆန့်ကျင်အာနိသင်လည်းရှိပြီး ရောင်ရမ်းမှုကိုလည်း လျော့ပါးသက်သာစေ နိုင်ပါတယ်။

✅ဆီးချိုသက်သာစေတယ်

သကြားသီးက ချိုတယ်ဆိုပေမယ့် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးနိုင်စွမ်းရှိပါတယ်။ ဆီးချိုသမားတွေအနေ နဲ့ သကြားသီးကိုစားသုံးပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်မှာဖြစ်ပါတယ်။

✅ရာသီလာစဉ်ကိုက်ခဲတာကို သက်သာစေနိုင်တယ်

သကြားသီးရော သကြားသီးပင်ရဲ့ အပွင့်ကပါ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို လျော့ပါးသက်သာစေနိုင်ပါတယ်။

✅အမျှင်ဓာတ် ရရှိစေနိုင်တယ်

သကြားသီးမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်တွေပါဝင်နေပါတယ်။ သကြားသီးက သွေးတွင်းအဆီနဲ့ ကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး ဝမ်းလည်းမှန်စေပါတယ်။

သကြားသီးမှာ ဗီတာမင် C ပါဝင်တာကြောင့် အအေးမိ၊ ချောင်းဆိုး၊ တုပ်ကွေးရောဂါတွေလိုမျိုး ကိုယ်ခံအားနည်းတာကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။

✅နှလုံးကျန်းမာစေနိုင်တယ်

သကြားသီးပင်အရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့် နှလုံးသွေးကြောကျဉ်းတာ၊ နှလုံးရောဂါတွေကို သက်သာစေနိုင်ပါတယ်။ သကြားသီးက နှလုံးဆိုင်ရာ ဝေဒနာတွေဖြစ်မလာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

✅ခေါင်းကိုက် သက်သာစေတယ်

သကြားသီးရော အရွက်ကပါ အအေးမိတုပ်ကွေးဝေဒနာကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ဝေဒနာကို သက်သာစေနိုင် ပါတယ်။ ခေါင်းကိုက်တဲ့အခါ သကြားသီးကို စားပေးတာဖြစ်ဖြစ် အရွက်ကို ရေစင်အောင်ဆေးပြီး ရေနွေးထဲ ခတ်သောက်တာမျိုးဖြစ်ဖြစ်လုပ်လို့ရပါတယ်။

✅ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်

သကြားသီးက ခန္ဓာကိုယ်ထဲကို ပြင်ပက ဘက်တီးရီးယားတွေမဝင်ရောက်နိုင်အောင် တိုက်ထုတ်ပေးပါတယ်။ သကြားသီးမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိနေတာကြောင့် ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

✅ရောင်ရမ်းမှုကို သက်သာစေတယ်

သကြားသီးက ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်ပါတယ်။ သဘာဝ အရောင်ကျဆေးတစ်မျိုးလို့လည်း ဆိုလို့ရပါတယ်။ သကြားသီးက အရောင်ကျဆေးတွေ နီးပါး ထိရောက်မှုရှိ ပါတယ်။ အဖျားကိုလည်း သက်သာစေနိုင်ပါတယ်။

✅ဂေါက်ရောဂါကို သက်သာစေနိုင်ပါတယ်

ဂေါက်ရောဂါဆိုတာက အဆစ်တွေရောင်ရမ်းပြီး နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ အဆစ်ထဲကနေ တဆစ်ဆစ်နာပြီး နီရဲရောင်ရမ်းနေတတ်ပါတယ်။

ဂေါက်ရောဂါက အမျိုးသားတွေမှာ အဖြစ်များပြီး အဆစ်တွေ၊ အရွတ်တွေနဲ့ အခြားတစ်ရှူးတွေကို ထိခိုက်စေနိုင်ပါ တယ်။ သကြားသီးကို ဂေါက်ရောဂါသက်သာစေဖို့အတွက် စားသုံးပေးလို့ရပါတယ်။ တစ်နေ့ကို သကြားသီး ၉ လုံးကနေ ၁၂ လုံးအထိစားသုံးပေးမယ်ဆိုရင် အရိုးအဆစ်တွေထိခိုက်နာကျင်တာကို သက်သာစေနိုင်မှာပါ။

✅ဦးနှောက်ရဲ့ လုပ်ဆောင်မှုကိုကောင်းစေနိုင်တယ်

သကြားသီးမှာ ဖလေဗာနွိုက်ကြွယ်ဝစွာပါဝင်နေတာကြောင့် သိမြင်မှုစွမ်းရည်ကို ကောင်းမွန်စေပြီး လူကြီးတွေမှာဖြစ်တတ်တဲ့ အသက်အရွယ်ရလာလို့ မေ့တတ်တာကိုလည်း သက်သာစေနိုင်ပါတယ်။

✅ကင်ဆာတိုက်ဖျက်ပေးနိုင်တယ်

သကြားသီးမှာပါတဲ့ Cytoxic Flavnoids က ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ရာမှာ တော်တော်လေးအသုံးဝင်ပါတယ်။ အသီးတင်မကဘဲ သကြားသီးပင်ရဲ့ အရွက်ကပါ ကင်ဆာကိုတိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိနေတာပါ။ ရင်သားကင်ဆာကလွဲလို့ အခြားကင်ဆာတွေကိုတိုက်ဖျက်ရာမှာ သကြားသီးက အထောက်အကူပြုပေးပါတယ်။

✅ယူရစ်အက်ဆစ်ကို လျှော့ချပေးတယ်

သကြားသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက ကိုယ်တွင်း ယူရစ်အက်ဆစ်ပမာဏကို ကျဆင်းစေနိုင် ပါတယ်။

⚠️လူတိုင်းလိုလို စားလို့ ရပါတယ်။
⚠️⚠️အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။

Credit #

26/01/2025

#အာရုံကြောအားကောင်းစေမဲ့
အချက် (၅)ချက်

အာရုံကြော အားနည်းတယ်တဲ့။ ကိုယ်တိုင်ကိုယ်ကျ ဘယ်လိုမျိုး ခံစားဖူးကြလဲ။ အများအားဖြင့် ခြေထောက်နဲ့ လက်မှာ ထုံကျဉ်တာ၊ ပုံမှန်လှုပ်ရှားမှုတွေမှာ အားမရှိသလို မသန်မာသလို ဖြစ်နေတာ၊ ချွေးစေးတွေပြန်ပြီး ခေါင်းမူးတာ၊ မောပန်းအားကုန်တာတွေ အဖြစ်များတာပေါ့။

ဒီလို ခန္ဓာကိုယ်လှုပ်ရှားမှုတွေ အပြင် အသက်ရှူခြင်းက အစ အစာချေဖျက်မှု၊ စိတ်ခံစားချက်တုံ့ပြန်မှုတွေအထိ ထိန်းချုပ်ပေးနိုင်တာ အာရုံကြောစနစ်ကြီးပါပဲ။ ဒါ့ကြောင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝအတွက် အာရုံကြောစနစ် အားကောင်းနေဖို့ အရေးကြီးပါတယ်။

#အာရုံကြော အားကောင်းအောင် ဘာလုပ်ရမလဲ

(၁) အာဟာရတွေ ရွေးချယ်စားပါ။
အာရုံကြောစနစ်ကို အကျိုးပြုပေးနိုင်တဲ့ ဗီတာမင်နဲ့သတ္ထုဓာတ်တွေ ပါဝင်နေမယ့် အစာအာဟာရတွေကို ရွေးချယ်စားသုံးဖို့ လိုအပ်ပါတယ်။ စုံလင်အောင် စားချင်တယ်ဆိုရင်
အစိမ်းရောင်ရှိတဲ့ အရွက်တွေ ဥပမာ ဟင်းနုနွယ်၊ ဆလပ်ရွက် ပင်စိမ်း နံနံ ဘူး ဖရုံ မြင်းခွာ ကိုက်လန် ကြက်ဟင်းခါး ပျဉ်တော်သိမ်း သင်ဘော ခွေးတောက် ကြက်ဟင်းခါးသီးအပေါ်ကအစိမ်း မှုံလာ တို့ပေါ့။
အသီးအနှံတွေ ဥပမာ ၊ ဆီးသီး၊ ဖရဲသီး၊ မင်းကွတ် ထန်န်းသီးနု အုန်းရေနုနု ကြက်မောက်သီး
ဆန်လုံးညို၊ အုတ်ဂျုံ၊ နှံစားပြောင်း။
အစေ့အဆံတွေ သီဟိုဠ်စေ့၊ ဗာဒံစေ့၊ ဟေဇယ်စေ့ ပိန်းနည်းစေ့

#ပဲနီလေးနဲ့ ပဲအမျိုးမျိုး
အာလူး ပိန်းဥ ကဇွန်းဥ ပန်းဥ အာတလွှတ်ဥ
ဖရုံသီး ကျောက်ဖရုံ ကြောင်ရှာသီး ဒန်သလွန် ရုံးပတေ ဘူး ခါးရမ်း ခါးရမ်းကဆောသီး ပဲဆောင်းခါးသီး ကင်းပုံသီး မျောက်ငိုသီး တွေ စားပေးလို့ရပါတယ်။
Omega-3 ကြွယ်ဝတဲ့ ဆော်လမွန်ငါး၊ ပန်းဂေါ်ဖီ၊ ဟင်းနုနွယ်၊ သစ်ကြားသီး၊ နှမ်းကြတ်စေ့၊ တို့ကိုလည်း စားပါ။

ဘာနေနေရေများများ ချက်စားပါ
ဝမ်းတွင်းကလီစာ ဆီကြော် ready made
နီတဲ့အသား ရှောင်ပါ

(၂) #အသက် ဝဝ ရှူပါ။
အသက်ဝအောင် ရှူရှိုက်ခြင်းက လွယ်ကူပေမယ့် စိတ်ဖိစီးမှုကို လျော့ကျစေပြီး ပြေလျော့စေတဲ့အတွက် အာရုံကြောအားနည်းခြင်းအတွက် ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
သင့်တော်တဲ့နေရာ တစ်ခု ရှာပြီး ထိုင်ပါ သို့မဟုတ် လှဲလျောင်းပြီး ဝမ်းဗိုက်ပေါ်ကို လက်တင်ထားပါ။
ခန္ဓာကိုယ်ထဲမှာ လေ အပျံ့အနှံ့ရောက်တဲ့ အထိ နှာခေါင်းကနေ လေကို တဝ ရှိုက်ရှူပေးပါ။
၃ စက္ကန့်လောက် အသက်အောင့်ထားပြီးမှ အဆုတ်ထဲက လေကုန်သွားတဲ့ အထိ ပါးစပ်ကနေ ဖြည်းဖြည်းချင်း ပြန်ရှူထုတ်ပါ။
နောက်၅မိနစ်ကနေ ၁၀ မိနစ်လောက်အတွင်း အသက်ကို ပြင်းပြင်းရှူသွင်း၊ ရှူထုတ် ဆက်လုပ်ပါ။
ဒီလေ့ကျင့်ခန်းကို တစ်နေ့ကို နှစ်ကြိမ်သုံးကြိမ်လောက် လုပ်နိုင်ပါတယ်။

(၃) #ခြေဗလာ နဲ့ လမ်းလျှောက်ကြည့်ပါ။
မြက်ခင်းပြင်ပေါ်မှာ၊ သဲသောင်ပြင်မှာ စတဲ့ သဘာဝပတ်ဝန်းကျင်တွေမှာ ခြေဗလာနဲ့လမ်းလျှောက်ခြင်းက အာရုံကြောစနစ်အတွက် ကောင်းပါတယ်။ တစ်နေ့ကို နာရီဝက်လောက် ခြေဗလာနဲ့လမ်းလျှောက်ပေးရင် စိတ်လန်းဆန်းစေပြီး အာရုံကြောအတွက်ကောင်းပါတယ်။
၂၀၁၂ ခုနှစ်က သုတေသနတစ်ခုအရ ခြေဗလာနဲ့လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက နှလုံးခုန်နှုန်း အပြောင်းအလဲများခြင်း၊ရောင်ရမ်းခြင်း၊သွေးပျစ်ခြင်းတို့မှာရလဒ်ကောင်းစေပြီး အိပ်ပျော်စေ၊ စိတ်ဖိစီးမှုလျော့ကျစေပြီး အာရုံကြောစနစ်ကိုအလိုအလျောက်ထိန်းညှိနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

(၄) #နေရောင်ခြည် နဲ့ ထိတွေ့ပါ။
ညှော်တေ ရှောင်ပါ ဘာတခုမှကောင်းကျိုးမရှိပါ

ဒါဟာ အိမ်မှာနေရင်း လုပ်ဆောင်ကြည့်လို့ရတဲ့ အလွယ်ဆုံးနည်းတစ်ခု ဖြစ်ပါတယ်။ နေရောင်ခြည်ဟာ ခန္ဓာကိုယ်ရဲ့ အလုံးစုံကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် D အဓိကအရင်းအမြစ် ဖြစ်ပြီး အာရုံကြောစနစ် လုပ်ဆောင်ချက်တွေမှာ အရေးပါလှပါတယ်။

(၅) #စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။
စိတ်ဖိစီးမှုဟာ အာရုံကြောစနစ် ယိုယွင်းလာစေတဲ့ အကြောင်းရင်းတွေထဲ အပါအဝင်ဖြစ်ပါတယ်။ ဒါ့ကြောင့် အာရုံကြောစနစ် ကောင်းမွန်ရေးအတွက် ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကို တစ်နည်းနည်းနဲ့ ကြိုးစားဖြေလျှော့သင့်ပါတယ်။ ဒေါသကြောက်ရွှံမူ စိုးရိမ်မူ လျော့ချပါ
ဥပမာ

အလုပ်လုပ်တာ ခဏရပ်ပြီး အသက်ဝဝရှိုက်ရှူပါ။
ဒါဟာ အာရုံကြောစနစ် မြှင့်တင်ဖို့အတွက် အမြန်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ကိုယ့်စိတ်ထဲပင်ပန်းလာတာ၊ စိတ်ညစ်ညူးလာတဲ့အချိန်တိုင်း အလုပ်လုပ်တာကိုရပ်ပြီး ဖြေလျော့အနားယူလိုက်ပါ။ ပြန်လည်တည်ငြိမ်ပြီး စိတ်အတွေးတွေ ရှင်းလင်းလာပါမယ်။
ဒေါသ စိုးရိမ် ကြောက်ရွှံ တာတေ တနေရာထွက်သွားရှောင်နေပါ

#ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။
စိတ်ဖိစီးလာတဲ့အခါ ခဏတာလမ်းလျှောက်ထွက်ခြင်း၊ ရုံးခန်းထဲဟိုလျှောက်ဒီလျှောက်လုပ်ခြင်းက ခေါင်းထဲရှင်းလင်းပြီး စိတ်ကြည်သွားစေဖို့ ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။

#ကိုယ့်ကိုယ်ကိုချော့ပါ။
စိတ်ချမ်းသာစရာကိစ္စတွေက စိတ်ဖိစီးစေတဲ့အရာထက် ခန္ဓာကိုယ်အတွက် ပိုကောင်းတာကြောင့် ကိုယ့်ကိုယ့်ကိုယ် အလိုလိုက်ပြီး ချော့ပေးပါ။
ဘယ်အရာမှစိတ်တိုင်းကျဖြစ်မလာပါ လူတျိုငျး အကောင်းအဆိုးပါပဲ ကောင်းတာပဲတွေးပေးပါ မကောင်းတာကြုံခဲ့ရင်
ဝဠ်ကြွေးတခု ဆပ်ရတယ်လိုမြင်ပါ
အားလပ်ချိန်မှာ ကိုယ်ဝါသနာပါတဲ့အရာတွေလုပ်တာ၊ နှစ်သက်ရာ ကစားနည်း သို့မဟုတ် လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်တာ၊ အနှိပ်ခံတာ စတာတွေ လုပ်ပြီး ပျော်အောင်နေပါ။

#ကျန်းမာရေးအတွက်ထပ်ဆင့်မျှဝေပါတယ်ရှင်

Crd

25/01/2025

လက်ပံပင်(အနီ)နှင့်ရောဂါအလိုက် အသုံးပြုပုံ -
၁။ အဆုတ်အအေးမိခြင်း
လက်ပံပွင့်ကို တညပြည့်အောင် ရေတွင်စိမ်ထားပြီး နံနက်တွင် အဖတ်မျာစစ်ပြီးနောက် မုန်ညှင်းစေ့အနည်းငယ်ထည့်၍ သောက်မူ အဆုတ်ရောင်ရမ်းခြင်းမှ ပျောက်ကင်းပါလိမ့်မည်။

၂။ အရက်အနံ့ကဲ့သို့ ဆီးရောဂါ
ဆီး၏ အနံ့နှင့်အရောင်အဆင်းတို့သည် အရက်အနံ့အဆင်းကဲ့သို့ ကြိမ်ဖန်များစွာသွားသော ရောဂါဖြစ်မူ လက်ပံခေါက်ကို ပြုတ်၍ သောက်ပါက ပျောက်ကင်း၏။

၃။ မီးယပ်သွေးလွန်ခြင်း
သစ်နနွင်းကိုသွေး၍ လက်ပံအစေးနှင့်သောက်ပါက မီးယပ်သွေးလွန်နာ ပျောက်ကင်းပါလိမ့်မည်။

မီးယပ်သွေးလွန်ခြင်း(ဆေးတစ်မျိုး)
လက်ပံခေါက်အမှုန့်ကို နွားနို့နှင့်သောက်ပါ။
သို့မဟုတ် လက်ပံပွင့်ကို အမှုန့်ပြုလုပ်၍ နွားနို့၊ သကြားတို့ဖြင့် ရော၍ သောက်ပါ။

၄။ ကျောက်ရောဂါ
လက်ပံစေ့ ၅/၆ စေ့ကို ထန်းလျက်အနည်းငယ်ရော၍ မဝါးဘဲ မြိုချမူ ကျောက်ပေါက်ခြင်းပြင်းထန်သော်လည်း ကျောက်များ တနေ့တခြား နည်းပါးသွားပါလိမ့်မည်။ တစ်ကြိမ်တည်းဖြင့် လက်ပံစေ့ကို မမြိုပါနှင့်။
အလွန်ကြောက်မက်ဖွယ်ကောင်းသော ကျောက်ရောဖဂါကြီးများပင်ဖြစ်သေည်လည်း ကျောက်အထွက်နည်းပါးခြင်း ကျောက်ဆိုးများထွက်သော်လည်း ကျောက်ကောင်းများဖြစ်စေခြင်း၊ ၄င်းအပြင် ကျောက်ကို ကာကွယ်နိုင်သောသဘောဖြင့် မပေါက်မီကြိုတင်၍လည်း ကာကွယ်နိုင်ပါသည်။

၅။ သူငယ်နာရေငတ်ဝမ်းကျ
လက်ပံအစေးကို ၁ဲ(၁ပဲ)မှ ၂ ဲသားအထိ သကြားခဲထည့်၍သောက်မူ ရေငတ်ဝမ်းကျ ပျောက်ကင်း၏။

၆။ ရတ္တပိတ် သွေးအန်၊ သွေးကျ ရောဂါ
လက်ပံပွင့်အမှုန့်နှင့် ပျားရည်ရော၍ လျက်မူ ရတ္တပိတ်ရောဂါ ပျောက်ကင်း၏။

၇။ ပန်းသေရောဂါ
လက်ပံမြစ်ဥနုနုကို နေရိပ်တွင် အခြောက်လှန်း၍ အမှုန့်ပြုလုပ်ပါ။ ၄င်းဆေးမှုန့် ၆-ပဲသားမျှ သကြားနှင့်ရော၍ စားပါက ပန်းသေခြင်းမှ လွတ်ကင်း၏။

၈။ သုတ်ဓာတ်အား ပွားများတောင့်တင်းရန်ဆေး
လက်ပံစေ့ ၆-ပဲသား + သကြား ၃-ကျပ်သား + နွားနို့ ၅-ကျပ်သား နှင့် ရော၍ သောက်ပါ။

(တစ်နည်း)
လက်ပံအမြစ်ဥအစို ၃-ကျပ်သားကို ထောင်းထု၍ နွားနို့ ၂၇-ကျပ်သားဖြင့် တညစိမ်ထားပါ။ နံနက်အချိန်တွင် ၄င်းနို့ကို စစ်ယူ၍ သကြား ၁၂-ပဲသား ထည့်၍ သောက်ပါ။
အထူးသဖြင့် ၄င်းဆေးကို ၇/၈ ရက်စသည်ဖြင့် စွဲ၍ သောက်ပါ။
ဓာတ် ၇-ပါးအားနည်းခြင်းနှင့်အတူ သုတ်ဓာတ်အားနည်းခြင်း ပျောက်ကင်းပါလိမ့်မည်။

၉။ ကိုယ်လက်အင်္ဂါ ကြီး၊ ငယ် အားနည်းခြင်း
ကိုယ်လက်အင်္ဂါ ကြီးငယ်တို့သည် လှုပ်ရှားခြင်းငှာ သွက်လက်ခြင်း မရှိကြပေ။ အားအင် ချိနဲ့နေမူ လက်ပံပင်နုနု၏ အမြစ်အခေါက်ကို အမှုန့်ပြု၍ ပျားရည်၊ သကြားခဲဖြင့် သောက်ပါ။ ပျောက်ကင်း၏။

၁၀။ ဆီးအောင့်နာ
လက်ပံပင်ငယ်၏ အမြစ်မှုန့်ကို သကြားခဲဖြင့်ရော၍ နွားနို့ပူပူနှင့် သောက်မူ ဆီးအောင့်ရောဂါ ပျောက်ကင်း၏။

၁၁။ မီးလောင်ခြင်း
မီးလောင်သောနေရာသို့ လက်ပံမှို့သီးကို သွေး၍ လိမ်းပေး၊ ကပ်ပေးမူ အပူသက်သာ၍ အနာလည်း အကျက်မြန်ပါလိမ့်မည်။

၁၂။ အစာမကြေ အတိသာရဝမ်းသွားခြင်း
လက်ပံစေး ၃/၄-ပဲသားကို အမှုန့်ပြု၍ သကြားခဲနှင့် ရော၍ သောက်ပါက အစာမကြေ အတိသာရဝမ်းသွားခြင်း ပျောက်ကင်း၏။

၁၃။ ဆီးနှင့်သုတ်ဓာတ် ရောနှောပါလာခြင်း
လက်ပံအခေါက်ကို နွားနို့နှင့်သွေး၍ ဇီယာအမှုန့် အနည်းငယ်ထည့်ပြီး သကြားခဲနှင့်ရော၍ သောက်ပါ။
သုတ်ဓာတ်များ ပွားများ၍ အားအရေကြည်လင်လျက် အားခွန်ဗလ တိုးပွားစေလိမ့်မည်။

၁၄။ နှလုံးရောဂါ
လက်ပံအခေါက်ကို နွားနို့နှင့်ကျို၍ တစ်လတိုင်တိုင် သောက်ပါ။ လေကို နှိမ်နင်းပြီးလျှင် နှလုံးကို အားပေးလိမ့်မည်။
အကယ်၍ တစ်နှစ်တိုင်တိုင် သောက်နိုင်ပါက များစွာအသက်ရှည်စေနိုင်သော "ရသာယနဆေးကြီး" ဖြစ်ပါသည်။
တစ်ခါသောက်မူ လက်ပံခေါက် ၁-ကျပ်သား + နွားနို့ ၂၅-ကျပ်သား နှင့်ကျက်အောင်ကျို၍ သောက်ပါ။

၁၅။ အပူငြိမ်းလိမ်းဆေး
အနာမီးလျှံ ၊ ရေယုန် စသည်တို့ပေါက်၍ အလွန်ပူလောင်ပါက လက်ပံခေါက်ကို ရေနှင့်သွေး၍ လိမ်းပေးပါ။ ပူလောင်ခြင်း ပျောက်ကင်းပါလိမ့်မည်။

၁၆။ မျက်နှာအရောင်ကြည်လင်ဆေး
မျက်နှာ၌ အကွက်အထင်းပေါက်ခြင်း အရောင်အဆင်း ညစ်နွမ်းခြင်း ဖြစ်မူ လက်ပံဆူးအဖုကို နွားနို့နှင့်ဖြစ်စေ ဆိတ်နို့နှင့်ဖြစ်စေ သွေးလိမ်းပါ။
မျက်နှာအသားချော၍ အရောင်ကြည်လင် လာပါလိမ့်မည်။

၁၇။ သွေးမြင်းသရိုက် ဝမ်းကိုက်ပျောက် စိမ်ဆေးနည်း
လက်ပံပွင့်၏အိုးဖတ်ကို ညဦးက ရေစိမ်၍ထားပါ။ နံနက်တွင် ရေကိုစစ်၍ သကြားခဲအနည်းငယ်ထည့်၍ သောက်မူ သွေးမြင်းသရိုက် ရောဂါ ၊ ဝမ်းကိုက်ရောဂါများ ပျောက်ကင်းပါလိမ့်မည်။

၁၈။ ခရုသင်းလိမ်းဆေး
ခရုသင်းရောဂါဖြစ်မူ…

လက်ပံပွင့် ၊
သလဲသီးအခြံ ၊
ကွမ်းရွက် ၊
ကွမ်းသီး ၊
ထုံး ၊
၄င်းဆေးအစုကို ရောကြိတ်၍ လိမ်းပေးမူ
ခရုသင်းနာပျောက်ကင်းစေ၏။

🙏🙏🙏

25/01/2025

"လက်တွေ့သွားရောဂါအတွက်ဆေးတစ်လက်"

သွားနာ၊သွားကိုက်၊သွားယိုင်၊သွားဖုံးနာ သွားသွေးယိုစိမ့်ခြင်း
အတွက်

စိတ်ညစ်ဖွယ်ကောင်းအောင် သွားကိုက်၊သွားနာခြင်းကြုံရ၏။ သွာဆေးခန်းမကြာခဏသွားရသောကြောင့်သွားဆရာ၀န်နှင့်ပင် ဖောက်သည်ဖြစ်ရကာ ရင်းနှီးခင်မင်နေတော့သည်။ဖြစ်လေတိုင်း
အင်္ဂလိပ်ဆေးကစွမ်းပါဘိ။ သွားနုတ်၊သွားဖါ၊ဆေးထိုး ဆေး သောက်ဖြင့် သက်သာပျောက်ကင်းရသည်သာ။

မကြာမီ သွားကိုက်၊သွားနာပြန်ဖြစ်ပြန်သည်။ မြန်မာတိုင်းရင်းဆေးနည်းလေးများကို အထင်မသေးမိရန် အကြောင်းတစ်ခုဖန်လာသည်။ ထိုသည်က မန်ကျည်းစေ့ခွံနှင့် ကျောက်ချဉ်သာဖြစ်တော့၏။

မန်ကျည်းစေ့အရင့်အစေ့(၃၀)ကို ဒယ်အိုးတွင်ထည့်၍ မီးဖြင့် ကျွမ်းအောင်လှော်လိုက်ပြီး မန်ကျည်းစေ့၏အစေ့ခွံယူရ၏။ မန်ကျည်းစေ့အတွင်းသားအဖြူကို မသုံးရပါ။ မန်ကျည်းစေ့အခွံအကျွမ်းလှော်ကိုအမှုန့်ပြု၍ထားပါ။ထိုနောက်
ကျောက်ချဉ်(၁)မတ်သားတိတိကို ခွက်ငယ်တစ်ခုတွင်တင် ၍မီးဖုတ်ပါ။ ငါးမှုန့်ကြော်သကဲ့သို့ ဖောင်းမို့တက်လာပါက အအေးခံပြီး ကျောက်ချဉ်မီးဖုတ်ကို အမှုန့်ပြုပါ။ မန်ကျည်းစေ့အခွံ မိးကျွမ်းအလှော်အမှုန့်ထောင်းနှင့် ကျောက်ချဉ်မီးဖုတ်အမှုန့်ကို ရောစပ်၍ လေလုံသောဗူးငယ်တွင်ထည့်ထားပါ။

သွားနာ၊သွားကိုက်၊သွားယိုင်၊သွားဖုံးနာနှင့်သွားသွေးယိုစိမ့်ခြင်းဖြစ်ပါက ထိုဆေးမှုန့်ကိုသိပ်ပေးပါ။အမြန်ဆုံးသက်သာပျောက်ကင်းပါကြောင်း။

ဆေးမြီတို-၃၆ မြန်မာဆေးမြီးတိုများ

22/01/2025

#ဝမ်းချုပ်တတ်သူများအတွက်🍀🍀🍀

(၁) နံနက်အိပ်ရာထ သောက်ရေ နှစ်ခွက် ဆက်တိုက် သောက်ပေးခြင်းက အူတွေကို အလုပ်လုပ်စေလို့ ဝမ်းသွားစေပါတယ်။ (နေ့စဉ် ရေရှစ်ခွက်မှ ၁၀-ခွက်အထိ သောက်တဲ့အကျင့်ကို မွေးမြူပါ)

(၂) သံပရာသီးကလည်း ဝမ်းချုပ်ခြင်းမှ သက်သာစေလို့ နံနက်အိပ်ရာထ အစာမစားခင်မှာ ရေနွေး တစ်ဖန်ခွက်ထဲကို သံပရာသီးတစ်လုံး ညှစ်ပြီး၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ဆားအနည်းငယ် ဖျော်၍ သောက်ပါ။

(၃) ပဲသီး၊ ဟင်းနုနယ် စတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များနဲ့ လိမ္မော်သီး၊ သစ်တော်သီးကဲ့သို့ အရည်ရွှမ်းပြီး အမျှင်များတဲ့ သစ်သီးများ စားပါ။

(၄) အမျှင်ဓာတ် ပေါများသော ဂုန်လျှော်စေ့က အစာကြေစေပြီး ဝမ်းချုပ်ခြင်းကို သက်သာ ပျောက်ကင်းစေပါတယ်။

(၅) နွားနို့ပူပူ သောက်ခြင်းက အူမကြီးကို ကောင်းစွာ လှုံ့ဆော်ပေးတာကြောင့် ဝမ်းမချုပ်စေတော့ပါဘူး (သို့မဟုတ်) ညအိပ်ရာဝင်ခါနီး နွားနို့ပူပူထဲမှာ ထောပတ်ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်း ပမာဏ ခပ်၍ သောက်ခြင်းဖြင့် နံနက်ပိုင်း ရှောရှောရှုရ ဝမ်းသက်စေပါတယ်။

(၆) နံနက်စောစော ၁၅-မိနစ်ခန့် လမ်းသွက်သွက် လျှောက်ခြင်းက အူများကို လှုပ်ရှားကာ ဝမ်းသွားစေပါတယ်။

(၇) သဖန်းသီး၊ ပဲကတ္တီပါ၊ မြေပဲ၊ စွန်ပလွန်သီး၊ ပဲပင်ပေါက် စားပေးပါ။ (၈) မာလကာသီး (အူနီ) အမှည့်ကလည်း ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။

(၈) ကြံရည်၊ ခရမ်းချဉ်သီးနဲ့ beet root (ခေါ်) သကြား မုန်လာဥ (ခေါ်) သွေးရောင်ကဲ့သို့ မုန်လာဥနီ အလုံးတို့ကလည်း ဝမ်းသက်စေလို့ စားပေးပါ။

(၉) နံနက်တိုင်း သင်္ဘောသီးမှည့်မှည့် စားပါ။

(၁၀) ပန်းသီးကလည်း ဝမ်းချုပ်ခြင်းကို ကောင်းကျိုးပြုတဲ့ အတွက် တစ်နေ့နှစ်လုံး မှန်မှန် စားသင့်ပါတယ်။

(၁၁) အရွက်မှာ အမွေးလေးတွေပါတဲ့ ကုလားမြင်းခွာရွက်ပင်၏ အပွင့်ကို သကြားနဲ့ ကြိတ်၍စားပါ။

(၁၂) ကြက်ဟင်းခါးသီးကို သောက်ရေ၊ ဆားတို့နဲ့ စိမ်ပြီး သောက်ပါ။

(၁၃) ကြက်ဟင်းခါးသီးကို ရေနံဆီဖြင့် စိမ်၍ ဝမ်းဗိုက်ကို လိမ်းပေးပါ။

(၁၄) ကြိတ်မှန်ရွက် ၂၅-ကျပ်သားကို ထန်းလျက် ၁၀-ကျပ်သား၊ အရည်ညှစ်ပြီးသော ရှောက်သီးဖတ် ၁၀- ကျပ်သား၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ ၁၀-ကျပ်သား၊ စမုံမျိုးငါးပါးကို အမှုန့်နှစ်ပဲ၊ စားဆီတို့ဖြင့် ရောချက်ထားသော ကြိတ်မှန်ရွက်ယိုကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့် တစ်နေ့သုံးကြိမ် စားပေးပါ။

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay
05011