Daily with Lil Mya
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Daily with Lil Mya, Health/Beauty, mandalay, Mandalay.
ခုတော့မျက်ကပ်မှန်တပ်တာ Proအဆင့်ရောက်သွားပါပီလို့ Hee😁
အပြာလေးတပ်ထားတာလာကြွားတာ 😘
24/02/2023
💊 JM Solution Derma Care Centella Cleansing Water 💊🍀
ဝက်ခြံ အဆီဖုလဲထွက်တယ် Budget လဲချွေတာချင်တယ် Resultကလဲ ကြည်ရှင်းတောက်Glow
Quality ကလဲယုံယုံကြည်ကြည်နဲ့ စိတ်ချလက်ချ သုံးလို့ရတဲ့အထဲကဆိုရင်တော့ တစ်သောင်းကျော်လေးနဲ့ JM solution က Cleansing water လေးသာ မျက်စိစုံမှိတ်ပြီး ဝယ်လိုက်ပါလို့ အကြံပေးပါရစေရှင် ✨
မြသုံးဖူးသမျှ Cleansing water တွေထဲမှာ JM solution က Derma ကိုအကြိုက်ဆုံးပါ 🫶🏻
Derma လေးမဝယ်ခင် JM solution ထဲကပဲ H9 Hyaluronic Ampole Cleansing Water လေးသုံးဖူးပါတယ်
မြနဲ့လုံးဝအဆင်မပြေပါဘူး မြကNormal skin ပါ Sensitive မဟုတော့ တခြားဘာမဆိုနဲ့ မတည့်တာမရှိ အကုန်အဆင်ပြေပါတယ်
ဒါပေမဲ့ H9 စသုံးကထဲကမျက်နှာပေါ်တင်တာနဲ့တင်ကို ပူပါတယ် Eye makeup ဖျက်ရင် မျက်စိတွေပါအတော်စပ်တာပါ 😭
ဒါပေမဲ့ Breakout တော့လုံးဝမဖြစ်ပါဘူးရှင်
အဆင်မပြေလို့ မြမသုံးပဲပစ်ထားလိုက်ပါတယ် 🥹 (တခြားသူတွေနဲ့တော့ အဆင်ပြေတာတွေ့ရတယ်)
Derma လေးက review တွေကြည့်ရသလောက် မပူမစပ်ဘူးဆိုတော့ ထပ်try ကြည့်တာ မြနဲ့ အဆင်ပြေတာထပ်ကိုပိုပါတယ် လုံးဝFavourite ပါပဲ 🎀
🌱 မြကဆောင်းတွင်းဆိုအသားအရမ်းခြောက်ပါတယ် မျက်နှာသစ်ပီး Skincareတန်းမလိမ်းရင်ကို ခြောက်သွားတာပါ 🥲 Derma လေးသုံးပီးတာနဲ့ အသားကလုံးဝမခြောက်သွားပါဘူး စိုစိုအိအိလေးပဲကျန်ခဲ့ပါတယ်
All skin type သုံးလို့ ရပါတယ် 🫧
🌱 Eye makeup အတွက်လဲ အရမ်းကြီးဖိဆွဲပီးဖျက်စရာမလိုဘူး သာသာဖွဖွလေးဆွဲရုံနဲ့ကို ပြောင်ပါတယ်
တခြားCleansing water တွေဆို One swipeနဲ့ မပြောင်တော့ Mascaraကော့ထားရင် မျက်တောင်မွှေးတေပါ အကုန်ပါသွားတာ ဒါလေးက waterproof mascara ဖျက်တာတောင် မျက်တောင်မွှေးမကျွတ်လို့ အတော်ကိုစိတ်ချမ်းသာရပါတယ် 💫
🌱 ဝက်ခြံနဲ့ အဆီဖုတွေလဲ သိသိသာသာချပ်တယ်
မြကညဘက်တွေနောက်ကျမှအိပ်တော့ နဖူးမှာ ဝက်ခြံနဲ့အဆီဖုလေးတွေ ထွက်လာတာ🤧 ညတိုင်းMakeup မလိမ်းလဲCleansing water လေးနဲ့သေချာဖျက်ပေးတော့ အကုန်ချပ်သွားပါတယ်
🚨Skin ကောင်းချင်ရင်တော့ ညတိုင်း Double Cleansing ကို သေချာလုပ်ရပါမယ်
Makeup မလိမ်းရင် Cleansing water မလိုဘူး မထင်ပါနဲ့နော် လိုပါတယ်ရှင်
Makeup တွေလိမ်းပြီး သေချာမဖျက်ရင်တော့ Glowနေမှာမဟုဘူးနော် 🥹🚨
🌱 အနံ့ကတော့သင်းသင်းလေးပါ Derma ဆိုပြီး ဆေးလုံးပုံကြီးနဲ့မလို့ ဆေးအနံ့ကြီးမဟုဘူးနော် အနံ့လေးကစိတ်ကြည်ပြီး Freshဖြစ်တယ် 🍃
🌱 ဘူးက Pump ခေါင်းလေးနဲ့လာတာပါ မြကတော့ Cotton pad လေးယူပီး သုံးချက်လောက်ဖိသုံးပါတယ်
Daily Makeup လောက်ဆို Cotton pad နှစ်ရွက်နဲ့သုံးပါတယ် Full Makeup
ဆိုသုံးရွက်လောက်ထိသုံးပါတယ်
မြ ပြောချင်တာက မနှမြောပါနဲ့ ပစ္စည်းတခုသုံးပြီဆိုကထဲက Result ထိရောက်အောင် ထိုက်သင့်သလောက်သုံးပေးရပါမယ် 🌟
ဘူးက500ml အကိတ်မလို့ နေ့တိုင်းသုံးရင်တောင် လေးလကျော် ငါးလခံပါတယ်
မြအနေနဲ့ ကုန်ရင်နှစ်ခါမစဥ်းစားပဲ ထပ်ဝယ်မဲ့Itemထဲမှာတော့ ထိပ်ဆုံးကပါပဲရှင် ✨
Post ကိုလွတ်လပ်စွာshare လို့ရပါတယ် Cmt မှာလဲစိတ်ကြိုက်စျေးရောင်းလို့ရပါတယ်ရှင် 🤍
စာများနဲ့ပုံများကိုတော့ ပြန်လည်ကူးယူသုံးစွဲခွင့်မပြုပါ ‼️
Daily Makeup look using water lip tint 🍒
Etude house Dear Darling water tint လေးကို ဝယ်ထားပီး ဆိုးရတာကြာရှည်မခံ ပျက်လွယ်လို့လို့ စိတ်ညစ်နေတဲ့သူတွေအတွက် မြကတနေကုန်လဲခံ လုံးဝမပျက်အောင် ဆိုးနည်းလေး တင်ပေးလိုက်ပီနော် 💋
ခပ်ပါးပါးလေးဆိုးရင် Natural lookလေးရပေမဲ့ ပျက်လွယ်ပါတယ် မြကတော့ ခနခနပြန်မဆိုးချင်လို့ Full lips လေးဆိုးရတာ ပိုကြိုက်ပါတယ်ရှင် 🫶🏻
Review ✨
https://www.facebook.com/104234752599184/posts/106328442389815/?mibextid=cr9u03
17/02/2023
🍒 Etude house Dear Darling Water Tint 🍒
မြလိုLip tint crazy တွေရှိလား 🤧
မြကငယ်ငယ်ကထဲက Lip tint ပဲဆိုးတာများတယ် ပေါ့ပေါ့ပါးပါးနဲ့ ဆိုးရလွယ်ပီး Natural ဆန်လို့ပါ ✨
Lip Tint တော်တော်များများဆိုးဖူးပါတယ်
ခုအရမ်းနံမည်ကြီးနေတဲ့ Etude House Dear Darling Water Tint လေးကတော့လက်ရှိ Favourite ပါရှင် 🍒
သူ့ရဲ့ Texture ကအရည်ကျဲကျဲလေးနဲ့ ပါးပါးလေးဆိုးထားရင် Natural ဆန်ဆန်လေးနဲ့ အရမ်းလှပါတယ် 🤍
ဒါပေမဲ့ Long lasting တော့မဖြစ်ပါဘူး Long Lasting ဖြစ်အောင်ဆိုးနည်းလေး နောက်ရက်ကျ တင်ပေးမယ်နော် 😘
Blusher အနေနဲ့သုံးရင်တော့ အတော်အတော်ကိုလှတာပါ Blusher ဆိုးထားတယ်မထင်ရပဲ ပါးလေးကနဂိုရှက်သွေးဖြာပီး ရဲနေသလိုလေး 🤭
မြကတော့ Blusher ဆို Power type တွေက Natural မဆန်လို့ အမြဲ Liquid or Gel type ပဲသုံးတာပါ 🎀
ထသွားထလာဆို မြက Tintတဘူးထဲနဲ့ Eyeshadow,Blusher,lip အကုန်သုံးပါတယ်
တဘူးထဲနဲ့ အဆင်ကိုပြေနေရော 🫶🏻
ဆောင်းတွင်းဆို နှုတ်ခမ်းခြောက်လို့ မြကLip balm လေးနဲ့ တွဲဆိုးပါတယ် 💞
ပုံထဲမှာ မြက Tint ကို Full lip ဆိုးပီး အပေါ်က Lip balm ထပ်ထားတာပါ ဖူးဖူးကြွကြွလေးနဲ့တော်တော်လှတယ် 💋 ချစ်တို့လဲTry ကြည့်နော် 😘
မြဝယ်ထားတာက Cherry Ade ဆိုတဲ့အရောင်လေးပါ 🍒
Colour လေးက ပန်းရောင်နဲ့အနီစပ်ထားတာလေးပါ အသားဖြူဖြူညိုညို အကုန်လိုက်တဲ့အရောင်လေးပါ ✨
10000 မကျော်တဲ့စျေးလေးနဲ့ Quality လဲကောင်း ဘက်စုံလဲသုံးရလို့ မိန်းကလေးတိုင်း တချောင်းလောက်တော့ ဝယ်ထားသင့်တယ်လို့ မြအကြံပြုချင်ပါတယ်ရှင် 😘💖
Daily Makeup look using water lip tint 🍒
https://fb.watch/iNX0qOheXn/?mibextid=cr9u03
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
Mandalay
