All about Fitness by Oishi

All about Fitness by Oishi

Share

Whenever you want to know about Fitness
Just come here

22/02/2022

Client's one month Weight Gain Transformation

Workout Programs+Diet Plan=Goal Achieved

31/01/2022

အမျိုးသမီး​များနှင့် အ​လေးကစားခြင်း

အ​လေးကစားခြင်းဟာ အမျိုးသားများနှင့်သာ
သက်ဆိုင်တဲ့ အားကစားလို့ ​တော်​တော်များများက
အမှတ်မှား​​လေ့ ရှိတတ်ကြပါတယ်။

အမျိုးသား​တွေလို ဗလ​တွေ ထွက်လာမယ်အထင်နဲ့
မ​ဆော့ခင်တည်းက ​ကြောက်​နေကြတဲ့ မိန်းက​လေး​တွေလည်း ဒုနဲ့​ဒေး ရှိ​နေသည်။ ဘယ်သူက စလိုက်တဲ့ ဂျင်းရယ်​တော့မသိပါ.....

အ​လေးကစားခြင်းဟာ အမှန်တကယ်​တော့ အမျိုးသမီး​တွေအတွက် ဘယ်လိုသက်​ရောက်မှု​တွေ
ရှိ​နေလဲဆိုတာ ​လေ့လာကြည့်ရ​အောင်။

၁။ အဆီကျ​​စေခြင်း

အမျိုးသမီးများဟာ သဘာဝဖွဲ့စည်းပုံအရ အမျိုးသားများထက် အဆီတက်နိုင်နှုန်း ပိုမိုမြင့်မားပါတယ်။အ​လေးကစားခြင်းဖြင့် ခန္ဓာကိုယ် ကျစ်လစ်မှု
ရှိလာ​စေပြီး Metabolic Rate ကို
မြန်​ဆန်​စေတဲ့အတွက် မလိုအပ်တဲ့ အဆီပို​တွေကို​လျှော့ချ​ပေးနိုင်ပါတယ်။

၂။စိတ်ခံစားမှု​ကောင်းမွန်​စေခြင်း

အ​လေးကစားခြင်း​ကြောင့် endorphins နဲ့ dopamine ကဲ့သို့ စိတ်ခံစားမှုကို​ ​ကောင်းမွန်​စေတဲ့
​ဟော်မုန်း​တွေ ထွက်လာ​​စေပါတယ်။ဒီ​ဟော်မုန်း​တွေက စိတ်ဖိစီးမှုကို သက်သာ​စေပြီး မိမိကိုယ်ကိုလည်း
ယုံကြည်မှု ပိုတိုး​စေပါတယ်။Mental Health အတွက်လည်း အကူအညီဖြစ်​စေပါတယ်။

၃။ခန္ဓာကိုယ်ကို ကြံ့ခိုင်​စေခြင်း

အမျိုးသမီး​များ၌ အမျိုးသားများရဲ့
ကျား​ဟော်မုန်း ၁၀%သာပါရှိတဲဲ့အတွက် အ​လေးကစားခြင်းဖြင့် အမျိုးသားများကဲ့သို့ မာဆယ်​ကြီး​တွေ ထွက်မလာနိုင်​ပေမဲ့ ခွန်အားနှင့်ကြံ့ခိုင်မှု​ကို​တော့ တိုးတက်လာ​စေပါတယ်။

၄။Joint Injury များ ​လျော့နည်း​စေခြင်း

အ​လေးကစားခြင်း​သည် ကြွက်သားများ သန်စွမ်း​စေရုံသာမက အရိုးသိပ်သည်းဆကိုလည်း တိုးပွား​စေတဲ့အတွက် ဒူးနာ၊ခါးနာနှင့် အခြားအရိုးအဆစ်နှင့်ဆိုင်​သော ပြသနာများကို ​လျော့နည်း​စေပါတယ်။

၅။နှလုံး​နှင့်​ဆီးချို​ရောဂါ ကာကွယ်​ပေးခြင်း

အ​လေးကစားခြင်းဟာ မ​ကောင်းတဲ့ ကိုလက်စထ​ရော​တွေ ​လျော့ကျ​စေတဲ့အတွက် နှလုံးကျန်းမာ​ရေးကို အ​ထောက်အကူဖြစ်​စေပါတယ်။အလားတူပဲ
ခန္ဓာကိုယ်တွင်း သကြားဓါတ်က်ို ထိန်းညှိ​ပေးတဲ့အတွက် ဆီးချို​ရောဂါ ဖြစ်ပွားနိုင်​ချေကိုလည်း ​လျော့နည်း​စေပါတယ်။

ဒါဆိုရင်
မိမိရဲ့ခန္ဓာကိုယ်​ကော စိတ်​ကော ကျန်းမာ​ကြံ့ခိုင်ဖို့
အမျိုးသမီး​တွေအ​နေနဲ့ အ​လေးကစားဖို့ကို
​တွေ​ဝေ​နေစရာ လို​တော့မယ် မထင်ပါဘူး။

Training Programs/Diet&Nutrition လမ်းညွှန်ချက်များနှင့် Personal Training Service ရယူလိုပါက
Ph-09793144555 / Chatbox သို့
ဆက်သွယ်​မေးမြန်းနိုင်ပါသည်။

20/01/2022

စနစ်တကျ ဝိတ်ကျချင်သလား?

​ဒီအချက်အလက်​တွေကို သိထားသင့်ပါတယ် ။

1.Calories Deficit(ကယ်လိုရီ​လျှော့စားခြင်း)
နည်းလမ်းကို အသုံးပြုပါ

-ကယ်လိုရီ ​၃၅၀၀ လောင်ကျွမ်းတိုင်း ကိုယ်​လေးချိန် ၁​ပေါင်ကျနိုင်သည့်အတွက် ​တစ်ရက်ကို ကယ်လိုရီ ၅၀၀ ​လျှော့စားပါက တစ်ပတ်ဆိုလျှင် တစ်​ပေါင်ကျနိုင်ပါတယ်။ဒါဟာကျန်းမာ​ရေးနဲ့ညီညွတ်တဲ့ ပမာဏဖြစ်ပါတယ်။

2.Resistance Training ပြုလုပ်ပါ

-Weightကစားခြင်းဟာ ကြွက်သားကြီးထွားမှုကို
အား​ပေးတဲ့အတွက် ကြွက်သားပမာဏ တိုးလာ​လေ​လေ အဆီဆဲလ်​တွေအတွက် ​နေရာနည်းလာ​လေ​လေ
ဖြစ်ပါတယ်။

3.Cardio Exercise အလွန်အကျွံ ပြုလုပ်ခြင်းကို
​​ရှောင်ရှားပါ

-Cardio Exerciseသည် နှလုံးကျန်းမာ​ရေးနှင့် ဝိတ်ချခြင်းကို အ​ထောက်အကူပြုနိုင်​သော်ငြားလည်း
အလွန်အကျွံ ပြုလုပ်ပါက မလိုအပ်​သော Injuryများ
ရရှိနိုင်ပြီး ကျစ်ကျစ်လျစ်လျစ် ဝိတ်ကျဖို့အတွက်
ခဲယဥ်းပါလိမ့်မယ်။ထို့​ကြောင့် Resistance Trainingနှင့် Cardioကို မျှမျှတတ ကစားပါ။

4.​​ရေရှည်ကျင့်သုံးနိုင်မည့် Diet Plan ကိုသာရွေးချယ်ပါ

-​အစာအငတ်ခံပြီး ​ဝိတ်ချခြင်းနှင့် Ketoကဲ့သို့
Popular ဖြစ်​သော ​ရေတိုDietများကို ​
ရေရှည်ကျင့်သုံးပါက Vitamin၊သတ္ထုဓါတ် နှင့် အခြားအာဟာရဓါတ် ချို့တဲ့မှုများ ဖြစ်လာနိုင်ပါတယ်။
ထို့​ကြောင့် အာဟာမျှတ​သော၊​ရေရှည်ကျင့်သုံးနိုင်​သော Dietမျိုးကိုသာ ​ရွေးချယ်ပါ။

5.တစ်​နေ့ကို အိပ်ချိန်၆နာရီ အနည်းဆုံး ထားရှိပါ

-အိပ်​ရေးမဝပါက ကိုယ်ခံအားကျဆင်းပြီး ဝိတ်တက်​စေနိုင်ပါတယ်။ည၁၂နာရီ ​နောက်ဆုံးထားပြီး
တစ်​နေ့ကို၆နာရီ အနည်းဆုံးအိပ်ပါ။

အားလုံးပဲ စနစ်တကျ ဝိတ်ချနိုင်ကြပါ​စေ😉

More Info about Training Programs & Diet Plans
Contact Me Via
ChatBox (or) Ph-09793144555

Currently , I am providing
Personal Training Services for you guys !

14/01/2022

Gym စ​ဆော့မယ့် Beginner​ တွေ
သိထားသင့်​​သော အကြောင်းအရာများ

ကျန်မာ​ရေး(Health) ၊ အဆီလျော့ချ ဖို့ (Fat Loss) နဲ့ ကြွက်သားထုတင်ဖို့(Hypertrophy)
စတဲ့ ယေဘုယျ အချက်(၃)ချက်​ကြောင့် Gym စ​ဆော့ဖြစ်တတ်ကြပါတယ်

ဘယ်လိုအ​ကြောင်း​ကြောင့်ပဲ စ​ဆော့​ဆော့
Gym ကစားခြင်းဟာ အမူအကျင့်​ကောင်းတစ်ခုကို
အစပျိုးတယ်လို့ပဲ မှတ်ယူပါ။

စတင်ချိန်မှာ​တော့ ​ယောင်လည်လည်နဲ့ လမ်း​ပျောက်သလို ဖြစ်တတ်ကြတာသဘာဝပါ။
မစိုးရိမ်ပါနဲ့။
Gym ခန်းမထဲ က Poster​တွေမှာ ​တွေ့ရ​လေ့ရှိတဲ့ ကာယဗလသမားကြီး​တွေလည်း အလားတူအ​ခြေ​နေမျိုး ဖြတ်​ကျော်လာခဲ့ရတာပါ။

Beginner​တွေအ​နေနဲ့ ကစားနည်း​တွေနဲ့ပတ်သက်ပြီး ဘာ​တွေသိထားသင့်လဲ?

-စတင်​လေ့ကျင့်ချိန်မှာ Free Weight ကစားနည်း​တွေထက် Machine​တွေကို ဦးစား​ပေးကစားပါ။
(မိမိ​ဆော့တဲ့ ကစားနည်းအလိုက် အသုံးပြုရတဲ့ ကြွက်သားကို ခံစားတတ်/ညှစ်တတ်ရန် တစ်နည်းအားဖြင့် Mind-Muscel Connection ရရှိဖို့အတွက် Machine​တွေက ပိုမိုလွယ်ကူ​စေလို့ပဲ ဖြစ်ပါတယ်)

-အမြင်ဆန်းတဲ့ Workout တွေထက် Basicကစားနည်း​​တွေကို ပိုင်နိုင်​အောင် အရင်​​လေ့ကျင့်ပါ။
-ကစားနည်းတိုင်းမှာ Exercise Form မှန်ကန်ဖို့ကိုသာ ဦးစား​ပေးပါ။

-မိမိလိုချင်တဲ့ Fitness Goal အတွက်ကိုက်ညီတဲ့
Training Program ထားရှိပါ။(မဟုတ်ရင် ခရီးမ တွင်ပဲ မိမိလိုချင်တဲ့ ​ပြောင်းလဲမှုကို မရပဲဖြစ်တတ် ပါ တယ်။)

-တစိုက်မတ်မတ် ကစားပါ။Gymကစားခြင်းမှာ
Overnight Miracle မရှိပါ။ Consistency ကသာအဓိကျပါတယ်။

Diet/Supplement ​တွေနဲ့ ပတ်သက်ပြီး ဘာ​တွေသိထားသင့်သလဲ?

-အာဟာရမျှတတဲ့ Whole Food​တွေကို အဓိကဦးစား​ပေးစား​ပါ/အချိန်မှန်စားပါ။

-အစွန်း​ရောက်တဲ့ Dietမျိုးကို ​ရှောင်ကြဥ်ပါ။

-Popularဖြစ်တဲ့ Diet​တွေထက် မိမိနဲ့အမှန်တကယ် ကိုက်ညီမယ့် Dietမျိုးကိုသာ ​ရွေးချယ်ပါ။

-Supplement​တွေအ​ပေါ် ယုံကြည်မှု မလွန်ကဲပါ​စေနဲ့။ (Supplement​ကြေညာ​တွေကို ​ ကြွက်​သား​တွေ အ​မြှောင်း​မြှောင်း​ပေါ်​နေတဲ့ Proကစားသမား​တွေနဲ့ ​ကြေညာ​လေ့ရှိပါတယ်။ထိုသူ​တွေဟာ ကစားချိန်များစွာ ​ကြိုးစားဆော့ထားရတယ်ဆိုတာ နဲ့ Steroid User​တွေ ဖြစ်တဲ့အချက်ကို​ရော သတိပြု​ပေးပါ။)

-မိမိအတွက် အမှန်တကယ် လိုအပ်မည့် Supplementကိုသာအသုံးပြုပါ။
( ဖြည့်စွက်စာဆိုတာက လိုအပ်တဲ့အာဟာရဓါတ်ကို တကယ့်အစားစာက​နေ ဖြည့်တင်းဖို့ အခက်ကြုံတဲ့အခါမှသာ အစားထိုးသုံးစွဲဖို့သာ ဖြစ်ပါတယ်။)

ဒီအချက်​လေး​တွေကို သိရှိထားတယ်ဆိုရင်​တော့
Beginnerအတွက် အ​ထောက်အကူဖြစ်မယ်လို့ ​မျှော်လင့်ပါတယ်။

Training Programs/Diet&Supplement နဲ့ပတ်သက်ပြီး ပိုမိုသိရှိချင်တယ် ဆိုရင်တော့
Ph-09793144555 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Currently,I am providing Personal Training Services for those in need.

14/01/2022

Fitness is all about delivering the healthy lifestyle for everyone !

11/01/2022

BCAA တကယ်ပဲ အလုပ်ဖြစ်သလား ?
ဂျင်းလား?

သိချင်ရင်​တော့ ဆက်ဖတ်ဖို့ အကြံပြုပါရ​စေ။

BCAA(Branched-Chain Amino Acids)ဆိုတာ
ကျ​နော်တို့ Fitnessနယ်ပယ်မှာ Popularအဖြစ်ဆုံး
Supplement​တွေထဲက တစ်ခုဆို​တာ​တော့
ငြင်းလို့မရပါဘူး။

BCAA ဆိုတာဘာလဲ?🤔

BCAAဆိုတာက​တော့ ကြွက်သားတည်​ဆောက်တဲ့​နေရာမှာ
Buliding Block​လေး​တွေအဖြစ် ကူညီ​ပေးကြတဲ့
Essential Amino Acid 9မျိုးထဲမှာ အပါအဝင်ဖြစ်တဲ့
Leucine,Isoleucineနဲ့Valineတို့ဖြင့် ဖွဲ့စည်းထားတဲ့
Amino Acid အစုအ​ဝေး ဖြစ်ပါတယ်။

BCAAကို Supplement Company​ တွေက ဘယ်လိုClaimလုပ်​လေ့ရှိသလဲ?🤫

-ကြွက်သားတည်​​ဆောက်ရာမှာ ကူညီ​ပေးတယ်။
-ကြွက်သားနာကျင်ခြင်းကို သက်သာ​စေတယ်။
-ကြွက်သား​တွေ ဆုံးရှုံးမှုနည်း​အောင် ကာကွယ်​ပေးတယ်။
-ကြွက်သားRecovery ဖြစ်​​အောင် ကူညီ​ပေးတယ်။
-ကစားအား​ကောင်း​စေတယ်။

ဒီအချက်အလက်​တွေက တကယ်ပဲလား?🤔

တကယ်တမ်း​ပြောရရင်​တော့ အခုချိန်ထိ
ဒီအချက်အလက်​တွေ တကယ်အလုပ်ဖြစ်ပါတယ်လို့
Scientifically Proven လုပ်ထားခြင်း
မရှိ​သေးပဲ ​ဝေဝါး​နေဆဲပါပဲ။

ဒါဆိုဘာလို့ BCAAက Popularဖြစ်​နေရတာလဲ?🤔

👉အဓိကအချက်က​တော့ Fitness Infulencer​တွေနဲ့
Supplement Company​တွေ​ပေါင်းပြီး ​
စျေးကွက်ဖြန့်​နေလို့လို့ပဲ ​ကောက်ချက်ဆွဲပြီး ​
ပြောလို့ရပါတယ်
(၂ဦး၂ဖက် စီးပွား​ရေးအရ အကျိုးရှိကြတာကိုးဗျ)

👉သုံးစွဲတဲ့သူ​တွေဘက်က
ကြည့်ရင်လည်း ကိုယ်အားကျရတဲ့
Fitness Influencer​တွေက ​ကြေညာတာဆို​တော့
ယုံကြည်မိတဲ့ အပိုင်းလည်း ရှိတာ​ပေါ့ဗျာ။

BCAAမှ မဟုတ်ပါဘူး ​အလားတူSupplementမျိုးကို
​ပြောပြရရင် Testosterone Boosterလို​
ကောင်​​တွေလည်း ပါပါတယ်။
သူလည်းအလားတူ Marketing Strategyမျိုးနဲ့
​စျေးကွက်ထဲမှာ ​ရောက်​နှင့်ပြီးဖြစ်ပါတယ်။
(အခြားSupplement​တွေလည်း ကျန်ပါ​သေးတယ်)

ဒါဆိုBCAAအစား ဘာ​တွေသုံးသင့်သလဲ?🤔

-Proteinကြွယ်ဝတဲ့ Whole Food Diet​တွေကို
ဦးစား​ပေးစားပါ။(သူတို့မှာ Essential Amino Acid
၉မျိုးလုံးအပြင် အခြားအာဟာရဓါတ်​တွေလည်း ပါပါတယ်)
-BCAAအစား Essential Amino Acid 9မျိုးစလုံးပါတဲ့
EAAကိုသုံးပါ။
-တကယ်အလုပ်ဖြစ်တဲ့ (Whey Protein,Creatine,
Preworkout)တို့လို Supplement​တွေကို အစားထိုးပြီး
သုံးစွဲပါ။

ဒါဆိုရင် BCAAအ​ကြောင်းကို အကြမ်းဖျဥ်း
နားလည်သွားမယ်လို့ ယူဆပါတယ်။

Save your Money guys!

အဆုံးထိဖတ်​ပေးလို့ ​ကျေးဇူးတင်ပါတယ်ဗျ။

Supplementနဲ့Dietအတွက်ပဲဖြစ်ဖြစ်
Body Transformationအတွက် Personal Trainer
လိုအပ်ရင်ပဲဖြစ်ဖြစ် ကျ​​နော်အ​နေနဲ့
PT Service​ပေး​နေပါတယ်ဗျ။

Contact Me Via CB/Ph-09793144555

May everyone achieve Fitness Goals😉

11/01/2022

ညကျရင် BCAAအ​ကြောင်း တင်​ပေးပါ့မယ်ဗျာ😄

Photos from All about Fitness by Oishi's post 07/01/2022

ညဘက် ​ကောင်း​ကောင်း အိပ်မ​ပျော်ဘူးလား 🤔

ဒါဆိုရင်​တော့ ဒီ Postက သင့်အတွက် အကူအညီဖြစ်မယ်လို့

​မျှော်လင့်ပါတယ်။

ညဘက်​နှစ်ခြိုက်စွာ အိပ်မ​ပျော်ခြင်း/အချိန်ကြာမြင့်စွာ အိပ်စက်​သော်ငြားလည်း နိုးထချိန်မှာ လန်းဆန်းမှုမရှိဘဲ ပင်ပန်းနွမ်းနယ်​နေပြီ ဆိုရင်တော့
ဒါဟာ Insomnia​ ကြောင့်ဖြစ်နိုင်ပါတယ်။

🤔 Insomnia က အ​ခြေ​နေ ၂ရပ်​ကြောင့် ဖြစ်နိုင်ပါတယ်။

1. စိတ်/ရုပ်ပိုင်းဆိုင်ရာ ကျန်မာ​ရေး အ​ခြေ​နေတွေ ဖြစ်တဲ့

-စိတ်ဖိစီးခြင်း ၊ စိတ်ကျ​ ခြင်း ၊ အခြားစိတ် နှင့်
သက်ဆိုင်​သောရောဂါများရှိခြင်း။

-Sleep Apnea
( အိပ်​နေစဥ် အသက်ရှူ ရပ်တန့်တတ်​သောရောဂါ) ရှိခြင်း။

-နာတာရှည်​ရောဂါများအတွက် ​ဆေးဝါးသုံးစွဲရခြင်း
စတာတွေကြောင့်ဖြစ်နိုင်သလို

2. ( Healthy Life Style ) ကျန်းမာတဲ့ ‌စားသောက်
နေထိုင်ခြင်းမရှိပဲ လွဲမှားသော အပြုမူများဖြစ်တဲ့

-အစား စား ချိန်မမှန်ခြင်း။
အာဟာရမျှတစွာ စား​သောက်မှုမရှိခြင်း​။
ဆီကြော်စာများနှင့် Junk Food များ
အလွန်အကျွံ စားသုံးခြင်းကြောင့် ​ဟော်မုန်းမညီမျှမှု
ဖြစ်ပြီး Vitaminနှင့်သတ္ထုဓါတ်များ ချို့ယွင်းကာ
အိပ်စက်ချိန်တွင် အသည်းကလိုတာထက်ပို၍
အလုပ်လုပ်​နေရခြင်း။

-ကိုယ်လက်လှုပ်ရှားမှု အလွန်နည်းပါးခြင်း။

-တစ်​နေ့တာ Screen Time များလွန်းခြင်း။

-နေ့ခင်းဘက် တ​ရေးတ​မော အိပ်စက်မှု ကြာလွန်းခြင်း။

-​ကော်ဖီ/လက်ဖက်ရည်နှင့် Energy Drinkကဲ့သို့
ကဖိန်းပါ​သောအရာများ အ​သောက်များခြင်း။

Insomniaရဲ့ဆိုးကျိုး​တွေက😬

-မိမိ​ရဲ့​နေ့စဥ် လုပ်ငန်း​​ဆောင်တာ​တွေမှာ စွမ်း​ဆောင်ရည်
ကျဆင်းခြင်း။

-ကိုယ်ခံအားစနစ် အားနည်းလာခြင်း။

-အဝလွန်ခြင်း။

-နှလုံး၊ဆီးချိုနှင့်အခြား​သော နာတာရှည်​ရောဂါများ၊
စိတ်ဖိစီးမှုနှင့်စိတ်ကျန်းမာ​ရေးနှင့်ပတ်သက်​သော
​ရောဂါများ အစပျိုးလာနိုင်ခြင်းနှင့် အခြားကျန်းမာ​ရေး
ဆိုင်ရာ ချို့ယွင်းချက်များ ဖြစ်လာနိုင်ပါတယ်။

ဒါ​တွေမဖြစ်​အောင် ဘယ်လိုဆင်ခြင်​နေထိုင်ကြမလဲ?🤔

-ကိုယ်လက်လှုပ်ရှား အားကစားနည်း တစ်ခုခုကို တစ်ရက်မှာ
အနည်းဆုံး နာရီဝက်​လောက်လုပ်ပါ။

-အာဟာရမျှတတဲ့ အစားစာ​တွေကို အချိန်မှန်စားပါ။

-တစ်​နေ့တာScreen Time​လျှော့ချပြီး ညအိပ်ခါနီး
၄၅မိနစ်​လောက်အလိုမှာ Phoneနဲ့အခြား
Blue Lightဖြာထွက်တဲ့ ElectronicDevice​တွေ
မသုံးပဲ​​နေပါ။

-Meditationနဲ့Yogaလုပ်ပါ။

-ည၁၂နာရီ​နောက်ဆုံးထားပြီး အိပ်ယာဝင်ပါ။

-ကျန်းမာ​ရေးဆိုင်ရာ အ​ခြေအ​နေများ​ကြောင့် အိပ်မ​ပျော်တာ
ဆိုရင်​တော့ ဆရာဝန်နဲ့ ​ဆွေး​နွေးတိုင်ပင်ပါ။

Extra Tip - ရည်းစားပူမိလို့ အိပ်မရဘူးဆိုရင်​တော့
ကိုယ့်ထိုက်နဲ့ကိုယ့်ကံပါဗျ🤣

ဒီ​လောက်ဆိုရင်​တော့ Insomniaကို ရင်ဆိုင်​ကျော်လွှားဖို့
​ဆောင်ရန်/​​ရှောင်ရန်​လေး​တွေကို အနည်းနဲ့အများ
နားလည်သွားမယ် ​မျှော်လင့်ပါတယ်​နော်😊😊😊

အားလုံးပဲ ​ကောင်းမွန်အိပ်စက်ခြင်းကို
ညတိုင်းရရှိကြပါ​စေဗျ

05/01/2022

👉Day Split ​အ​ကြောင်း သိချင်ရင် ဝင်ဖတ်သွားပါ👈

Gym စ​ဆော့ပြီဆိုရင် သိကိုသိသင့်တဲ့ထဲမှာ Day Split
အ​ကြောင်းက မပါမဖြစ်​ပေါ့

ဒီ​တော့ Day Splitဆိုတာဘာလဲ ?

👉ဘယ်​နေ့မှာ ဘယ်ကြွက်သားကို ​လေ့ကျင့်မလဲ ဆိုတာကို
​နေ့ရက်ပိုင်းခြားထားတဲ့ အချိန်ဇယားတစ်ခု​ပါ

ဒီpostမှာ​တော့ ကျ​နော်က လူသိများတဲ့ Day Split
၂ခုအ​ကြောင်းကို ​ပြောပြသွားမှာပါ

👉ပထမတစ်ခုက​တော့ ​တော်​တော်များများနဲ့ ရင်းနှီး​နေမယ့်
Bro Split အ​ကြောင်းပါ

👉Bro Split ဆိုတာဘာလဲ?

👉သူက​တော့ ကြွက်သားအုပ်စုတစ်ခုကို တစ်ရက်နှုန်းနဲ့ ​
​လေ့ကျင့်တဲ့ စနစ်ပါ
👉ဥပမာ-Chestဆိုရင် Chest Workout​တွေချည်းပဲ
တစ်ရက်တည်း ​ဆော့တဲ့သ​ဘောမျိုးပါ
Chest/Back&Traps/Shoulders/Biceps&Triceps/Legs တစ်ရက်ချင်းစီ ​လေ့ကျင့်တဲ့စနစ်ပါ

👉Bro Splitက Beginner​တွေ အတွက်​တော့
​တုံ့ပြန်အား​ကောင်းတဲ့ စနစ်တစ်ခုပါ
👉အားသာချက်က ကြွက်သားတစ်ခုချင်းစီကို
Detail လိုက်ကစားနိုင်တာပါ
👉 အားနည်းချက်က​တော့ ​ဆော့သက်အနည်းငယ်
ရလာတဲ့အခါ ကြွက်သားတက်နှုန်း ​နှေးသွားတတ်ပါတယ်
ပြိုင်ပွဲဝင်ကာယဗလသမား​တွေအတွက် အဆင်​ပြေ​ကောင်း
​ပြေနိုင်​ပေမဲ့ သာမန်ကစားသမား​တွေအတွက်
အခက်​တွေ့နိုင်ပါတယ်

​နောက်ထပ်Day Splitတစ်ခုက​​တော့
Push-Pull-Legs ဖြစ်ပါတယ်

👉Push-Pull-Legs ဆိုတာဘာလဲ

👉Push(အတွန်း)/Pull(အဆွဲ)/Legs(​အောက်ပိုင်း)

👉Push Dayမှာ အတွန်းကြွက်သား​တွေဖြစ်တဲ့
CHEST/SHOULDERS/TRICEPSတို့ကို​
လေ့ကျင့်ရပါတယ်
👉Pull Dayမှာ အဆွဲကြွက်သား​တွေဖြစ်တဲ့
​BACK/BICEPS တို့ကို​လေ့ကျင့်ရပါတယ်
👉Legs Dayမှာ​တော့ ​အောက်ပိုင်း​ကစားနည်း​တွေ ​
လေ့ကျင့်ရပါတယ်
ဒီ​တော့သူက ၃ရက်ကစား ၁ရက်နား ပြီးရင်၃ရက်ပြန်ကစား
တဲ့ ပုံစံဖြစ်ပါတယ်

👉အားသာချက်က​တော့ ကြွက်သားတစ်ခုကို တစ်ပတ်မှာ
၁ရက်ထပ်ပိုပြီး ​ကစားရတဲ့အတွက်
ကြွက်သားအတက်မြန်​စေပါတယ်
👉အားနည်းချက်က Detailကျ​အောင် ကစားဖို့​တော့ အခက်​ တွေ့​စေနိုင်ပါတယ်

ဒါက​တော့ ကျ​​နော့်အ​နေနဲ့ အကြမ်းဖျဥ်း​ ​ပြောပြထား​​တာပါ

မိမိနဲ့သင့်​လျော်မယ့်
Day Split နဲ့Workout Program​ကောင်းတစ်ခု
ရှိ​နေဖို့က​တော့ အ​ရေးကြီးပါတယ်

ဒါမှသာ Progress​ကောင်း​ကောင်း ​တွေ့ရမှာပါ

👉မိမိနဲ့ကိုက်ညီတဲ့Workout Programလိုချင်ရင်ပဲဖြစ်ဖြစ်
Diet&Nutrient Guidance လိုအပ်​နေရင်ပဲဖြစ်ဖြစ်
Individualsအတွက် Training Programနဲ့
Diet&Nutrient Knowledge ​တွေကို ကျ​နော့်အ​နေနဲ့
Personal Training Service​ပေး​နေပါတယ်ဗျာ

New Year
New Body&Mind

Contact Me Via
Chatbox / ☎️09793144555

29/12/2021

Covid ကာလအတွင်းမှာ ကျန်းမာ​ရေးရဲ့ အ​ရေးပါပုံကို အားလုံးသတိချပ်မိမယ် ထင်ပါတယ်ဗျ
အားကစားလိုက်စားမှု လုံးဝမရှိတဲ့သူ​တွေမှာ
Covidရဲ့ရိုက်ခက်မှုက ပိုပြီးသပ်​ရောက်မှုကြီးတာကိုလည်း သိသိသာသာ ​တွေ့ရပါတယ်
ဒီ​တော့ ကျန်းမာသန်စွမ်း​နေဖို့ ဘယ်အားကစားကို ​ရွေးချယ်ကစားသင့်လဲ?
Gymမှာ Weight/Resistance Training ကစားတာကို
​ရွေးချယ်ဖို့ အကြံပြုပါရ​စေ

Gymကစားတယ်ဆိုတာဟာ ​ရေတိုအားကစားမဟုတ်ပဲ သင်တို့အတွက် Lifetime Sportပါခင်ဗျ
ဘာလို့ဒီလို​ပြောရလဲဆို​တော့ ကျ​နော်တို့ အိုမင်းလာတဲ့အချိန်မှာ ချိနဲ့လာရခြင်းရဲ့ အဓိကအ​ကြောင်းအရင်းက​တော့ ခန္ဓာကိုယ်မှာ ကြွက်သား​တွေဆုံးရှုံးသွားတဲ့အတွက် ဖြစ်ပါတယ်

Weight Trainingနဲ့ Muscleတည်​ဆောက်ခြင်းအားဖြင့် အသက်ရလာတဲ့ခါ တခြားရွယ်တူတန်းတူ​တွေထက်
ပိုပြီး​တော့ သန်စွမ်းဖျတ်လတ်မှာက​တော့
အ​သေအချာပါပဲ

ဒါ​ကြောင့်သင်တို့ဘဝအတွက် LifeTime Sportလို့​
ပြောရခြင်း ဖြစ်ပါတယ်ဗျ
ဘယ်အားကစားပဲဖြစ်ဖြစ် (ဥပမာ-Football,Basketball .etc) Weight Trainingနဲ့
မလွတ်ကင်းပါဘူးဗျ ကစားကိုကစား​ပေးရပါတယ်
သက်ဆိုင်ရာအားကစားအလိုက် အသုံးပြုရတဲ့ ကြွက်သား​တွေ သန်စွမ်းမှုရှိဖို့အတွက်ပါ

Weight Trainingအ​ကြောင်းပဲ ​ပြော​နေလို့
Cardiovascular Exercise​တွေက​ကော
အ​ရေးမပါဘူးလားဆို​တော့

ခန္ဓာကိုယ်​ပေါ်က ကြွက်သား​တွေသန်စွမ်းဖို့ အ​ရေးပါသလို ခန္ဓာကိုယ်တွင်းက နှလုံးသားကြွက်သား သန်စွမ်းဖို့လည်း
အ​ရေးကြီးပါတယ်

Cardiovascular Exerciseဆိုတာ သူ့ရဲ့နာမည်အတိုင်းပဲ နှလုံးကျန်းမာ​ရေးအတွက် အခရာကျပါတယ်
Weight​နဲ့Cardioကို သင့်တင့်မျှတစွာ ကစားဖို့လည်း လိုအပ်တယ်ဆိုတာကို ​သ​ဘော​ပေါက်မယ်လို့ ထင်ပါတယ်

ဒီ​လိုဆိုရင်
-အဝလွန်​နေလို့ အဆီကျ ကျစ်လျစ်ချင်ရင်ပဲဖြစ်ဖြစ်
-ဘယ်​လောက်စားစား ဝိတ်မတက်လို့ စိတ်ညစ်​နေရင်ဖြစ်ဖြစ်
-ကျန်းမာ​ရေးအတွက်ပဲဖြစ်ဖြစ်
-​Gymဆော့တာ​တော့ကြာပြီ ဘာမှ​ပြောင်းလဲမှု
မရှိဘူးဆိုရင်ပဲဖြစ်ဖြစ်
-New Yearမှာ New Bodyနဲ့ လန်းချင်လို့ပဲဖြစ်ဖြစ်

သင်တို့လိုချင်တဲ့ Body Goal​ပေါ် မူတည်ပြီး​တော့
ကိုယ်နဲ့ကိုက်ညီတဲ့ Training(Weight/Cardio)Program​တွေနဲ့ Diet Plan​တွေကို ကျွန်​တော်က
Personal Training Service​ ပေးသွားမှာပါ

ကျွန်​တော့်ဆီမှာ လာ​ရောက်​ဆွေး​နွေးကြည့်ပါ
လိုအပ်​နေတာ​တွေကို အ​ဖြေရှာနိုင်ဖို့ ကူညီပါရ​စေ

Contact Me Via
CB/09793144555

24/12/2021

Whey Proteinသုံးဖို့ စဥ်းစား​နေတဲ့သူ တစ်​ယောက်လား?
ဒါဆိုရင် ဒီpostကို ​အရင်ဖတ်သွားဦး​နော်

-Whey Protein ဘယ်က​နေရသလဲ?

နွားနို့မှာ proteinအမျိုးအစား ၂မျိုးပါပါတယ်
Casein(80%) နဲ့ Whey (20%) ပါဝင်ပါတယ်
Wheyက​တော့ Cheeseထုတ်လုပ်တဲ့အချိန်မှာ ကြွင်းကျန်တဲ့
အရည်ကြည်အစိတ်အပိုင်းမှ ရရှိပါတယ်

-Whey Protein ကိုဘာအတွက်သုံးကြသလဲ

Proteinကို တကယ့်အစားအစာ(Whole food)က​နေ
ကိုယ့်အတွက် ​လုံ​လောက်တဲ့ ပမာဏကို ပြည့်မီ​အောင် စားဖို့ အခက်အခဲရှိတဲ့သူ​တွေအတွက် ဖြည့်စွက်စာအ​နေနဲ့
သုံးစွဲကြပါတယ်

ဒီ​နေရာမှာ သတိချပ်ရမှာက ဖြည့်စွက်စာဆိုတာကိုပါ
Whole food​တွေမှာ ပါဝင်​တဲ့ တခြားအာဟာရဓါတ်​တွေကို​တော့ ဖြည့်စွက်စာက​နေ မရရှိနိုင်ပါဘူး

ဆိုလိုချင်တာက ကိုယ့်Protein Intakeရဲ့ ၃ပုံ၂ပုံကို
တကယ့်အစားအစာက​နေ ရရှိ​အောင်စားသင့်ပါတယ်
ကျန်တဲ့၁ပုံ​လောက်ကိုပဲ ဖြည့်စွက်စာအကူအညီယူပါ

-Whey Proteinကဘယ်လိုလူ​တွေအတွက် အဆင်မ​ပြေ
ဖြစ်​စေနိုင်သလဲ?

Wheyကိုနွားနို့က​နေ ထုတ်လုပ်ထားတာ
ဖြစ်တဲ့အတွက်​ကြောင့် နွားနို့မှာပါဝင်တဲ့ သကြား(lactose)နဲ့ ဓါတ်မတည့်တဲ့သူ​တွေ အ​နေနဲ့​ကတော့ အဆင်မ​ပြေနိုင်ပါဘူး
ဒါ​ကြောင့် တခြားProtein Source(ဥပမာ-ပဲက​နေထုတ်တဲ့ Vegan Protein Powder) က​နေရတဲ့ Proteinမျိုးကို အစားထိုးသုံးစွဲနိုင်ပါတယ်

-Whey Protein ရဲ့ ​ကောင်းကျိုး​တွေကဘာ​တွေလဲ
အဆီကျ​ဖို့ အကူအညီ​ပေးတယ်ကြွက်သားတက်​​ဖို့ အ​ထောက်အပံ့ ဖြစ်​စေတယ်Cholesterol Levelကို ​လျော့ကျ​စေပါတယ်HIV ​ရောဂါသည်​တွေအတွက် ကိုယ်အ​လေးအချိန် အလွန်အမင်း ကျဆင်းတာမဖြစ်​အောင် ကူညီ​ပေးပါတယ်

-Whey Protein အမျိုးအစား ဘယ်​လောက်ရှိသလဲ?

ကျွန်​တော်တို့အ​နေနဲ့ ​စျေးကွက်ထဲမှာ ​လေ့လာကြည့်မယ်ဆိုရင် အများ​သောအားဖြင့် ​အောက်​ဖော်ပြပါ
အမျိုးအစား၃မျိုးကို ​တွေ့နိုင်ပါတယ်

1.Whey Proein Concentrate

Protein 70-80% အထိပါဝင်ပြီး Lactoseနဲ့ အဆီပါဝင်မှု အနည်းငယ် ရှိပါတယ်
အရသာအ​ကောင်းမွန်ဆုံးနဲ့ ​စျေးအသက်သာဆုံး ဖြစ်ပြီး​တော့ သင်ဟာWeight Lossသမား မဟုတ်ဘူးဆိုရင်​တော့
ဒီအမျိုးအစားက သင့်အတွက် ကိုက်ညီမှုရှိနိုင်ပါတယ်

2.Whey Protein Isolate

Protein 90%နဲ့အထက် ပါဝင်ပြီး Lactoseနဲ့အဆီပါဝင်မှုနှုန်းက Concentrateထက် နည်းပါတယ်
Concentrateထက် ​အစာအိမ်က ​ချေဖျက်စုပ်ယူနိုင်စွမ်း
ပိုမို​ကောင်းမွန်ပြီး​တော့ ​စျေးအနည်းငယ် ပိုများပါတယ်
Lean Muscle & Weight Loss သမားများအတွက် ပိုပြီးသင့်​လျော်ပါတယ်

3.Whey Protein Hydrolysate

Proteinပါဝင်မှုနှုန်းက​တော့ Isolateနဲ့အတူတူ​လောက် ဖြစ်ပြီး​တော့ အမျိုးအစား၃မျိုးထဲမှာ ​စျေးအကြီးဆုံးပါ
ဘာလို့​စျေးအကြီးဆုံး ဖြစ်ရသလဲဆို​တော့ကာ သူက pre-digestedဖြစ်ပြီး တခြားwhey​တွေထက် အစာအိမ်က အမြန်ဆုံး စုပ်ယူ​ချေဖျက်နိုင်လို့ပါ

ဒါဆိုရင် Wheyရဲ့အ​ကြောင်းကို ထိုက်သင့်သ​လောက် နားလည်သ​ဘော​ပေါက်မယ်လို့ ယူဆမိပါတယ်ခင်ဗျား

အခြားသိချင်တာရှိရင်လည်း လာ​ရောက်​မေးမြန်းနိုင်ပါတယ်

ယခုလို Dietနဲ့Supplementအ​ကြောင်း​တွေဖြစ်​ဖြစ်
Fat Loss နဲ့ Muscle Gain အတွက်
Training နဲ့ Diet ​​​Plan တွေအကူအညီလိုရင်ဖြစ်​ဖြစ်
သင်တို့ရဲ့Fitness Goal​တွေ ဖြစ်​မြောက်​အောင်
ကျ​နော်က Personal Training Service​ ပေး​နေပါတယ်ဗျ

Contact me via
Chatbox or Ph-09793144555

Have a nice day Everyone!

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay