YaRa
YaRa Vlog
ပွဲတိုးပီး စွဲဆောင်မှုရှိတဲ့ dress လေးကို YaRa Try on လုပ်ပေးထားပါတယ်ရှင့် 👗🤍
DESIGNER's Collection
゚viralシfypシ゚viralシalシ
19/09/2025
ယဉ်ယဉ်လေးနဲ့ Elegant ဆန်မယ့် DESIGNER's Collection ရဲ့ ပွဲတက် dress လှလေးတွေ ✨
゚viralシviralシfypシ゚viralシalシ
10/09/2025
Short honest Review 🫶🏻
30/06/2025
Madagascar Centella hyalu-cica water fit Sun Serum [ honest review ]
Hello Sunscreen ကောင်းကောင်းလေးရှာနေသူလေးဆို ဒီ post ကို အဆုံးထိဖတ်ပေးဖို့ပြောချင်ပါတယ် YaRa ကိုယ်တိုင်သုံးပီး အရမ်းတွေသဘောကျလို့ အသေးစိတ် honest review လေးရေးထားပေးတာပါ
သူက tik tok မှာရော Instagram မှာပါ viral အရမ်းဖြစ်တဲ့ Madagascar Centella hyalu-cica water fit Sun Serum က glow effect ရလား ? လိမ်းလိုက်ရင်ရော စေးကပ်ကပ်ကြီးဖြစ်သွားလား ? သုံးပီးရော အသားရေကဘယ်လိုပြောင်းလဲလာလဲ ? ဆိုတဲ့အကြောင်းတွေကို တစ်ချက်ချင်းလေးပြေ ပြပေးသွားမှာဖြစ်လ်ို့ YaRa review ကိုဖတ်ပီး ရွေးချယ်ချင်သူလေးတွေတွက် တကယ်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ် 🥰
💧Texture
ပထမဆုံးအနေနဲ့ သူ့ texture လေးက serum type ကိုမှ watery type နည်းနည်းဖြစ်တဲ့အတွက် ပူပူစေးစေးကြီး ဖြစ်မနေပါဘူး ။ မျက်နှာတစ်ခုလုံး 2 finger method နဲ့တောင်လိမ်းလို့ရတယ် ၊ လိမ်းလိုက်တာနဲ့အသားထဲစိမ့်ဝင်သွားပီး Skin ကို အတွင်းပိုင်းထိ moisturizing ဖြစ်သွားတဲ့ feeling လေးခံစားရတယ်
အခြား Sunscreen တွေလိုမျိုး မျက်နှာပေါ်မှာ လိမ်းပီး white cast လဲမဖြစ်ဘူး အသားရေကို natural glow effect လေးရတယ် ၊ အသားခြောက်တဲ့သူ ၊ dewy look ကြိုက်တဲ့သူလေးတွေဆိုရင်တော့ ရွေးချယ်လို့ကောင်းတဲ့ Sunscreen တစ်ခုလို့ YaRa ခံစားမိပါတယ်
🪞How to feeling
သုံးပီးနောက်ပိုင်း အသားရေက စိုစို ကြည်ကြည်လေးနဲ့ healthy glow ဖြစ်လာတယ် ၊
YaRa ဆို အပြင်သွားတဲ့နေ့ makeup မလိမ်းချင်ဘူးဆိုရင် Sunscreen လိမ်းပီး မျက်ကွင်းညိုတဲ့နား concealer ပဲလိမ်းသွားတာတောင် glass Skin look လေးရတယ် ၊ သုံးပီး ၁ပတ်ကျော်လောက်ကတည်းက သဘာဝအတိုင်းအသားရေကို upgrade လုပ်ပေးနေတယ်လို့ ခံစားမိလာတယ်
အတိုချုပ်ပြောရရင် နေရောင်ကာကွယ်မှုကောင်းရုံသာမကပဲ Skincare step တစ်ခုလိုမျိုး အသားရေကို hydrated & healthy looking ဖြစ်စေတယ်
တစ်ဗူးကို 50 ml ပါတယ် YaRa ဝယ်တုန်းကတော့ 4သောင်းကျော်ရှိပါတယ် All Skin type လဲသုံးလ်ို့ရတာဖြစ်လို့ Sunscreen ကောင်းကောင်းရှာနေတဲ့သူလေးတွေဆို မျက်လုံးမိတ်ပီး ဝယ်တောင်မမှားပါဘူးလိုပြောချင်ပါတယ် ၊ YaRa တော့ ကုန်သွားရင်ပြန်ဝယ်သုံးဖြစ်မဲ့ Sunscreen လေးထဲမှာပါ ပါတယ် YaRa နဲ့အကြိုက်တူတဲ့သူလေးတွေလဲ Comment မှာ မန့်ခဲ့ပေးပါနော် 🥰 နောက်ထက် honest review လေးတွေလဲပေးသွားမှာဖြစ်လို့ စိတ်ဝင်စားရင် YaRa page လေးကို Like & Follow လေးလုပ်သွားခဲ့နော် bye ….
26/06/2025
Shwe Yee Woun PhotoShoot
အထည်လေးတွေ ရှယ်လှ 💎
03/06/2025
🌱Isntree-Green tea fresh toner (Honest review )
Hello အသားရည်ကြည်ကြည်လေးနဲ့အမြဲ glow ဖြစ်နေချင်သူလေးတွေအတွက် YaRa သုံးဖြစ်နေတဲ့ Isntree-Green tea fresh toner ကိုသုံးပြီး တကယ်မှန်းမထားတဲ့ result ရခဲ့တာလေးကို sharing လုပ်ပေးချင်ပါတယ်
Texture ပိုင်းကိုအရင်ပြောရမယ်ဆို lightweight texture နဲ့ watery type ဖြစ်လို့ အရေပြားပေါ်တင်လိုက်တာနဲ့ အေးပီး အလွယ်တကူစိမ့်ဝင်သွားတယ် အနံ့လေးကသဘာဝဆန်ဆန် green tea အနံ့လေးဖြစ်ပီးတော့ သူ့ color က ဗူးကအရောင်တိုင်ပါပဲ
ဘယ်လို Skinလေးတွေသုံးသင့်လဲဆိုရင် oily & Combination skin , Acne - Prone Skin ,Dull or uneven skin tone နဲ့ Alcohol ,Fragrance free ဖြစ်လို့ Sensitive Skin ဖြစ်တဲ့သူလေးတွေဆိုရင်တော့ patch test လုပ်ပီးမှ သုံးတာက ပို safe ဖြစ်ပါတယ်နော်
YaRa ရဲ့ Personal Experience အရ ပြောရမယ်ဆို YaRa Skin က Normal Skin ထဲမှာပါတယ် YaRa က အသားရေမညီတာရယ် ၊ မကြာမကြာ အဆီဖု ဝက်ခြံမျိုးလေးတွေထွက်တတ်လို့ ဒီ toner လေးသုံးဖြစ်တာပါနော်
သူ့ရဲ့ result ကို ဘယ်မှာတော်တော်သိသွားလဲဆိုတော့ ကြားထဲ ငလျင်ရှောင်ရင်း 3 , 4 ရက်လောက် အသားရေကိုဘာမှမသုံးပဲပစ်ထားမိလိုက်တော့ အသားရေက ညစ်လာတယ် နှာခေါင်း နားမှာလဲ black-head တွေထွက်လာတယ် မှတ်မှတ်ရရပဲ Skin ပြန် care တော့ ရာသီဥတုကလဲပူနေတော့ မျက်နှာသစ်ပီး toner , Moisture နဲ့ Suncreen လောက်ပဲသုံးဖြစ်တယ် အဲ့ထဲမှာမှ တစ်ချို့ရက်တွေဆို Toner လေးကအေးတော့ toner တစ်မျိုးပဲလိမ်းဖြစ်တဲ့ရက်တွေလဲရှိခဲ့တယ် ပြောချင်တာက ဒီ toner လေးရဲ့ effective က တော်တော်သိရတယ်ပေါ့နော် YaRa Skin tone က 2ပတ်လောက်နေတော့ နဂို အသားရေတိုင်ပြန်ဖြစ်လာပြီးတော့ ကြည်လာတာလေးကိုလဲတွေ့ရတယ် နှာခေါင်းနားက black - head တွေဆိုတာလဲ မရှိတော့လောက်အောင်သိသိသာသာ သက်တာလာပါတယ် အသားရေမညီတာကတော့ အရမ်းမသိသာပေမဲ့ မေ့စေ့အောက်က အသားရောင်လေးကတော့ တစ်ဖြည်ဖြည်ဝင်းလာတာကိုသတိထားမိတယ်
Green tea extract 80% ပါတာမလို့ Soothing effect ရပီး antioxidant ကအိုးမင်းရင့်ရောမှုကို တားပေးတာဖြစ်လို့ အသက်လတ်ပိုင်းနဲ့ အသက်ကြီးပိုင်တွေသုံးမယ်ဆိုလဲ အဆင်ပြေပါတယ်နော်
တစ်ဗူးကိုလဲ 200ml ပါတော့ နေ့၊ည၊သုံးမယ်ဆို 2လ လောက်တော့သုံးခံလောက်မယ် YaRa ကိုယ်တိုင်လဲနေ့၊ည၊သုံးတာပါ ဝယ်တုန်းကတော့ 1ဗူးကို 3သောင်းကျော်လောက်ပဲ အတိကျတော့မမှတ်မိတော့ဘူးရှင့် ဝယ်တဲ့ဆိုင်လေးကတော့ Beauty Mirrorကဝယ်ပါတယ်နော်
ဒီနေ့ Review လေးကတော့ဒီလောက်ပါပဲ နောက်ထက် review လေးတွေလဲရေးပေးသွားမှာဖြစ်လို့ page ကို like & Follow လုပ်သွားပေးဖို့မမေ့နဲ့အုံးနော် 😉 Bye
23/05/2025
🪄fraijour original wormwood calming watery cream ( Honest review )
🪄Hello YaRa ရဲ့ review page ကနေကြိုဆိုလိုက်ပါတယ် ဒီနေ့မှတော့ YaRa favourite ထဲမှာပါတဲ့ moisture တစ်မျိုးလေးကို honest review ပေးသွားပါမယ်
🪄fraijour ရဲ့ wormwood calming watery cream က ဝက်ခြံ တစ်လုံးတလေ ထွက်တတ်တဲ့သူတွေဆ်ို အဆင်ပြေတယ် ဝက်ခြံထွက်ပီး နီရဲရဲနဲ့ ရောင်နေတဲ့အချိန်ဆို YaRa ဒီ moisture လေးကိုလိမ်းပေးဖြစ်တယ် တစ်ရက်လောက်ပဲလိမ်းရသေးတယ် နောက်နေ့အဲ့ဝက်ခြံကရောင် တာမရှိတော့ဘဲ ချပ်သွားတယ် ၂ရက် ၃ရက် ဆို ဝက်ခြံလုံးဝကိုမရှိတော့ဘူး YaRa က period time ဆို ဝက်ခြံ တစ်လုံးတလေ ပေါက်လေ့ရှိတော့ ဒီ moisture လေးကိုအမြဲဆောင်ထားရတယ် ဝက်ခြံပျောက်လို့ အမာရွတ်ကျန်ခဲ့တာမျိုးလဲမရှိဘူးနော် 😍
🪄နောက်တစ်ခုကအသားခြောက်ပီး fine-line ထနေရင်လဲ ဒါလေးသုံးကြည့်ဖို့ recommend ပေးချင်ပါတယ် ဘာလို့လဲဆို သူမှာ ingredient အနေနဲ့ hyaluronic acid , Glycerin , Squalane ပါလို့ ရေဓာတ်ရော အစိုဓာတ်ကိုပါတစ်နေကုန်ထိန်းပေးတယ်။အဲ့တာကြောင့်မျက်နှာက စိုပီးပြောင်ပြောင်လေးဖြစ်နေရောပဲ🤩
hyaluronic acid နဲ့ Glycerin- အသားရေကို အတွင်းပိုင်းထိ အစိုဓာတ်ဖြည့်ပေးပီး နူးညံ့စေတယ်
Squalane - အသားရေကို အစိုဓာတ်ဖြည့်ပေးပြီးထိန်းသိမ်းပေးတယ်
🔸ဘာလို့ရွေးချယ်သင့်လဲ?
1. ယားယံမှုကိုလျော့ချစေတယ်
2. နီမြန်းရောင်ရမ်းမှုကိုသက်သာတယ်
3. Anti-Aging effect ရတယ်
4. အမာရွတ်သက်သာစေတယ်
5. ချွေးပေါက်ကျယ်မှုကိုလျော့တယ်
6. အစိုဓာတ်ဖြည့်ပေးတယ်
7. Dark Sport တွေကို သက်သာတယ်
8. Brightening effect ရတယ်
🪄သူ့ရဲ့ Cream type က watery cream type လေးကိုtexture က soft ဖြစ်တယ် လိမ်းလိုက်ရင်လဲ အေးအေးလေးနဲ့ အသားထဲအလွယ်တကူ စိမ့်ဝင်သွားပီး မျက်နှာလေးက fresh ဖြစ်သွားတယ်လို့ခံစားရတယ် texture soft ဖြစ်သလို လိမ်းပီးရင်လဲ Skin လေးက Soft & Smooth ဖြစ်နေရောပဲ 😍 အနံ့လေးကလဲ သံပုရာအနံ့ဆိုတော့ စိတ်ကိုလန်းဆန်းစေတယ်
တစ်ဗူးကို 100ml ပါတော့ အသုံးလဲခံတယ် YaRa က Beauty Mirror ကနေဝယ်တာပါနော်
🪄ဒီနေ့တွက် review လေးကတော့ ဒီလောက်ပါပဲ နောက်ထက် review ပေးစေချင်တဲ့ product လေးတွေရှိရင်လဲ Comment မှာမန့်ခဲ့လို့ရပါတယ် YaRa ကိုယ်တိုင်သေချာသုံးပီးတော့ honest review လေးကို sharing လုပ်ပေးပါမယ်နော် Bye
24/02/2025
GARNIER Ultimate Blends Repairing HAIR FOOD PAPAYA & AMLA 3 in 1 Hair mask (review)
Hello YaRa ဒီတစ်ခေါက် review လေးက garnier food cream 3 in 1 hair mask ကို honest review လေးလာလုပ်ပေးတာပါ
🫧YaRa က ဆံပင်ဆို ငယ်ငယ်တဲ့က ငြိမ်ငြိမ်မနေပဲ ဖျက်စီးတဲ့ထဲမှာပါတယ် ကောက်လိုက်ဖြောင့်လိုက် ရိုးရိုးဆေးရောင်ဆိုးလိုက်နဲ့အခုနောက်ပိုင်း bleach ပါလုပ်ပီး အရောင်ဆိုးတော့ ဆံသားကို တော်တော် ဂရုစိုက်ရတယ်
🫧ဒီ garnier food cream ကလဲ global မှာပါ review ကောင်းတွေအရမ်းရနေတော့ YaRa လဲမနေနိုင်ပဲ ကိုယ်နဲ့ကိုက်မဲ့ ingredient ကိုလေ့လာလိုက်တော့ PAPAYA & AMLA ပါတာအဆင်ပြေလောက်မယ်ထင်လို့ ရွေးချယ်လိုက်တာပါ
🫧 YaRa သုံးနေတာတော့ တော်တော်ကြာပီး
အစက သူ့ result ကို သိပ်သဘောမကျဘူး ဝယ်မိတာမှားပီမှတ်တာ ဘာလိုဆို ဆံပင်ဖွာတာမသက်သာလို့ YaRa ပြသနာက ဆံပင်အရမ်းဖွာတဲ့သူဆိုတော့ ဖွာနေတာလျော့ချင်တာလေ 🥹
🫧ဒါမဲ့လဲဝယ်ထားတော့ ဆက်သုံးရမှာပဲဆို ဆက်သုံးနေတာ ဘယ်မှာ အရမ်းတွေသဘောကျသွားလဲဆို ဆံပင်အရောင်ချွတ်ပီးဆိုးလိုက်တော့မှာ သူ့ရဲ့ အစွမ်းကပေါ်လာတော့တယ် ချွတ်ဆေးသုံးထားတော့ ဆံသားကခြောက်ပီးပိုဖွာမယ်လို့ထင်တာ ဆံပင်တွေလဲကျွတ်မယ်ပေါ့
🫧ထင်ထားသလိုမဖြစ်ပဲ ပထမတစ်ခေါက်ခေါင်းလျှော်တော့ Conditioner အနေနဲ့ထည့်သုံးလိုက်တာ လျှော်နေတုန်းလဲ အိအိစက်စက်လေးနဲ့ လျှော်ပီးတော့လဲ ဆံသားက တောင့်တောင့်ဖွာဖွာကြီးမဖြစ်တော့ပဲ နုနုညံ့ညံ့လေးနဲ့ဝတ်ဝတ်လေးဖြစ်နေတာ ပုံတောင်အရမ်းသွင်းစရာမလိုတော့ဘူး 🤭
🫧နောက်ပီး ဆံပင်ရှင်းရတာလဲ လွယ်တယ် ဆံလုံးသေးပီး ဆံပင်ရှင်းရခက်တဲ့သူလေးတွေအတွက်ဆိုတော်တော်အဆင်ပြေမှာ နောက်တစ်ချက်က ချွတ်ထားတော့ ဆံပင်အထွေးလိုက်ကြီးကျွတ်မယ်ထင်တာ ဆံပင်အရမ်းမကျွတ်တဲ့အပြင် အရောင်ဆိုးထားတာနှစ်ပတ်ပဲရှိသေးတယ် ဆံပင်အမဲတွေကပြန်ထွက်လာပီ ပြောချင်တာ ဆံပင်ရှည်တာလဲမြန်ပါတယ် 🤩
🫧Texture ကလဲ မပစ်မကြဲလေးနဲ့ လိမ်းရတာအဆင်ပြေတယ် အနှံ့လေးကလဲ chemical အမွေးနှံ့တွေမပါပဲ တကယ် organic fruit အနှံ့လေးနဲ့ fresh ဖြစ်တယ် ဗူးကြီးကလဲ 390ml တောင်ပါတော့ တော်တော်သုံးခံတယ်
ကယ်အဲ့တာဆို PAPAYA & AMLA ကို ဘယ်လိုဆံသားမျိုးသုံးသင့်တာလဲဆိုတာဆက်ပြောပြမယ်နော် 💁🏻♀️
- Chemical ထိပီး damage ဖြစ်နေတဲ့ဆံသားတွေ
- ဆံသားဖွားပီး အုံပါးတဲ့သူတွေနဲ့
- ဆံပင်ရှည်တာမြန်ချင်တဲ့သူတွေ
- ဆံပင်အသစ်ပြန်မွေးချင်တဲ့သူတွေတွက် အဆင်ပြေမယ်လို့ Yara recommend ပေးချင်ပါတယ်
YaRa ကိုယ်တိုင်လဲ သေချာလေးသုံးပီးတော့ review ပေးတာဖြစ်လ်ို့ try ချင်တဲ့သူလေးတွေဆို try ကြည့်ဖို့ ပြောချင်ပါတယ်
🔸How to use
3 in 1 mask ဖြစ်တဲ့အတွက် 3မျိုးသုံးလို့ရတယ်ပေါ့နော်
- ခေါင်းမလျှော်ခင်သုံးမယ်ဆိုရင်တော့ ဆံပင်ကို ရေအနည်းငယ်စွတ်ပီး 15 min mask လေးလိမ်းပေးပီး လျှော်ကျပေးလိုက်ရုံပါပဲ
- Conditioner အနေနဲ့သုံးမယ်ဆိုရင် Shampoo သုံးပီး 3 minute လောက်ပေါင်းထားပီး ရေဆေးချရုံပါပဲနော်
- ခေါင်းလျှော်ပီး leave-in conditioner အနေနဲ့သုံးမယ်ဆိုရင်လဲရပါတယ် ရေမစိုမခြောက်အချိန်လေးမှာ cream အနေနဲ့ အနည်းငယ်ယူပီး ဆံသားအောက်ပိုင်းနေရာအနှံ့လိမ်းပေးလိုက်ရုံပါပဲ ရေပြန်ဆေးချစရာမလိုတော့ပါဘူး
- တစ်ခုသတိထားရမှာက ဦးရေပြားပေါ်မထိအောင် သတိထားလိမ်းပေးပါ
YaRa ကတော့ 3မျိုးစလုံးအနေနဲ့သုံးဖြစ်တယ် hair mask အနေနဲ့ အချိန်ပေးပီးမသုံးဖြစ်ရင် conditioner နဲ့ leave-in conditioner အနေနဲ့သုံးဖြစ်တယ်
🫧YaRa က Forever StandBy Page ကနေဝယ်တာပါရှင့် နောက်ထပ် Review လေးတွေလဲ မကြာခင်လာပါမယ် YaRa Page ကို like & follow သွားဖို့မမေ့နဲ့နော် အဆုံးထိ ဖတ်ပေးတဲ့တွက်ကျေးဇူးတင်ပါတယ် See u 🤗
Page link 👇🏻
https://www.facebook.com/share/19A6GHHXz1/?mibextid=wwXIfr
02/01/2025
Keratin and Argan oil Shampoo (review )
Hello 🎀 Happy new year ပါ🎊 YaRa ခုတလော အလုပ်လေးရှုပ်နေလို့ review ပေးဖို့အချိန်လေးမပေးနိုင်တာကြောင့် ခုနှစ်သစ်မှာ အချိန်လေးသေချာပေးပီး YaRa သုံးနေတဲ့ Shampoo လေးအကြောင်း review လေးပေးလိုက်ပါတယ်
Keratin နဲ့ Argan oil ပါတဲ့ Shampoo လေးက ဦးရေပြားအာဟာရပြည့်ချင်တဲ့သူလေးတွေ | ဦးရေပြားခြောက်ပီး ဗောက်ထတတ်တဲ့သူလေးတွေနဲ့ | ဆံပင်အဆီဓာတ်လိုနေတဲ့သူလေးတွေဆို သုံးကြည့်ဖို့ recommend ပေးချင်ပါတယ် | Frizzy hair လေးတွေဆိုရင်တော့ သိပ်အဆင်မပြေလောက်ဘူး ဘာလို့လဲဆိုတော့ ဆံပင်ဖွာတာ မသက်သာလို့ပါ 🥹
YaRa ဆံပင်ကလဲ Frizzy hair ထဲမှာပါပေမဲ့ YaRa ဒီ Shampoo ကိုသုံးဖြစ်တာ ဆံပင်က ဆေးဆိုးပီးကောက်ထားတော့ ဆံသားကမွဲခြောက်ပီး အာဟာရမရှိသလိုဖြစ်တာကြောင့်ရယ် ၊ ဦးရေပြာကလဲ ခြောက်တော့ အဆီဓာတ်နဲ့ Keratin ဓာတ်လိုနေတယ်လို့ထင်တာကြောင့် သုံးဖြစ်ခဲ့တာပါ
ဆံပင်ဖွားတာမသက်သာပေမဲ့ ခုလိုဆောင်တွင်းဘက်မှာ ဦးရေပြားခြောက်ပီး ဗောက်ထနေတာတော့သက်သာလာတယ် ဗူးတစ်ဝက်လောက်မှ သူ့ရဲ့ Result က တဖြည်းဖြည်းချင်းသိသာလာတာ ဦရေပြားကျန်းမာလာပီး နောက်ထွက်တဲ့ဆံပင်လေးတွေကလဲ အာဟာရပြည့်လာတယ်လို့ခံစားရတယ် ဒီ Shampoo လေးက သိပ်ထွေထွေထူထူပြောစရာတော့မရှိပါဘူး YaRa အပေါ်မှာပြောထားတဲ့အချက်တွေရှိတဲ့သူလေးတွေဆို သုံးချင်ပေါ့နော် YaRa rating ပေးရမယ်ဆို 10 မှာ 8 လောက်ပေးပါတယ်
သူနဲ့ texture လေးလဲ ကျဲကျဲလေးနဲ့ အမြုပ်လဲအရမ်းထွက်တော့ YaRa လို ခေါင်းမလျှော်ခင် 30 min လောက် ဆီလိမ်းပီးပေါင်းတတ်တဲ့ သူလေးတွေဆို သဘောကျမှာ တစ်ခါလောက်ပဲလျှော်တာနဲ့ ဦးရေမှာဆီမကျန်တော့ပဲ ဂျေးပြောင်းပီး သန့်သွားတာလေးကိုသဘောကျတယ်😁 နောက်ထက်သဘောကျတာလေးက သူ့ရဲ့အနံ့လေးကို လုံးဝ Luxury ဆန်တဲ့အနံ့လေးနဲ့ ခေါင်းလျှော်နေရင်းစိတ်ကိုလန်းစမ်းသွားစေမဲ့အနံ့မျိုးလေး YaRa သူ့အနံ့လေးတော့ တော်တော်သဘောကျတယ် ခေါင်းချွေးပြန်ပီး ဆံပင်အနံ့ထွက်တတ်တဲ့သူလေးတွေအတွက်ဆိုကောင်းတယ်
တစ်ဗူးကိုလဲ 500ml ပါတာဖြစ်လို့ ၄လ ၅လ သုံးခံတော့ budget အရလဲ save ဖြစ်တယ် Result ကလဲ သူ့ဟာနဲ့သူကောင်းတယ် ခေါင်းလျှော်ရည်ဆို Luxury ဆန်ဆန်လေးမှကြိုက်တဲ့သူလေးတွေဆို သူ့လေးကိုသုံးကြည့်နော်
Review လေးက်ိုအဆုံးထိ ဖတ်ပေးတဲ့တွက်ကျေးဇူးတင်ပါတယ်ရှင့်🥰နောက် review လေးတွေမှာပြန်စုံကျမယ်နော် bye
22/10/2024
Kundal-Eau Thermale Scrub Body Wash (honest review ✍🏻)
Hello🫶🏻Scrub တိုက်ဖို့ အချိန်မရှိတဲ့သူလေးတွေ ၊အသားရေမဲညစ်နေပီး စိတ်အလိုမကျဖြစ်နေတဲ့သူလေးတွေအတွက် scrub တိုက်ဖို့အချိန်သက်သက်ပေးစရာမလိုပဲ daily use ပါအသုံးပြုလို့ရတယ်ဆိုရင်ရော စိတ်ဝင်စားကျလား?စိတ်ဝင်စားတယ်ဆို review လေးကို အဆုံးထိဖတ်သွားပေးနော်
🧖🏻♀️YaRa ဒီတစ်ခေါက် Kundal-Eau Thermale Scrub Body Wash လေးက်ို review လေးပေးချင်ပါတယ် ၊ YaRa အရင်တစ်ခေါက် scrub တစ်ခုလေး review ပေးတုန်းကပြောခဲ့သလိုပဲ အနည်းဆုံးတစ်ပတ်တစ်ခါ scrub တိုက်ပေးသင့်ပါတယ် ၊ခုပေးမဲ့ Scrub body wash လေးက daily use လဲသုံးလို့ရတော့ အချိန်မပေးနိုင်တဲ့သူလေးတွေအတွက် အဆင်ပြေစေမှာသေချာပါပဲ
Question -Scrub ပါတာကို daily use သုံးလို့ရပါမလား အသားရေးတွေကြမ်းပီး ပါးကုန်မှာပေါ့ 🤷🏻♀️ ?
Answer -YaRa ကိုယ်တိုင်လဲ သုံးကြည့်ပီးတာတော့ အသားရေပါးသွားတာ ၊ အသားအရမ်းခြောက်တာမျိုးမဖြစ်ပါဘူး၊ ဒါမဲ့ Scrub တိုက်ပီးရင် အနည်းအကျင်းတော့ အသားခြောက်တာမျိုးတွေရှိတတ်တာကြောင့် ရေချိုးပီးရင် အစိုးဓာတ်ကို ထိန်းပေးတဲ့ moisture Body lotion လေးတွေ နေပူထဲသွားမယ်ဆ်ို SPF body lotion လေးတွေတော့သေချာလေးလိမ်းပေးသင့်ပါတယ်
🧖🏻♀️သူရဲ့ Scrub အသားလေးကလဲ နူညံ့တာကြောင့် scrub တိုက်ပီ အသားရေကြမ်းမှာတော့စိတ်ပူစရာမလိုပါဘူးနော် သူ့မှာ hyaluronic acid 8မျိုး ၊ Ceramides 5မျိုး ၊ Panthenol ၊ allantoin နဲ့ betaine တို့ပါဝင်တာဖြစ်လို့ ခန္ဓာကိုယ် အသားရေတွက် အစိုးဓာတ်ထိန်းသိမ်းပေးပီး အသားရေလေးက ရေဓာတ်ပြည့်ဝပြီး စိုပြေစေတယ်
🧖🏻♀️နောက်တစ်ခုက YaRa တို့ တင်းတိပ်လေးတွေက မျက်နှာပေါ်မှာတင်ထွက်တတ်တာ မဟုတ်ပါဘူး ခန္ဓာကိုယ်တစ်ချို့နေရာလေးတွေမှာလဲ ဖြစ်တတ်ပါတယ် တစ်ချို့သူလေးတွေက တံတောင်ဆစ်ဘေးနားလေးတွေ ၊ လက်ဖမိုးလေးတွေအပေါ်မှာ အမဲစက်ပုံစံလေးနဲ့ ထွက် တတ်ကျတယ် အဲ့လိုထွက်တတ်တဲ့ သူလေးတွေဆို ဒီ body wash ကိုသုံးကြည့်ဖို့ recomment ပေးချင်ပါတယ် Scrub တိုက်ပေးချင်းက အရေးပြားပေါ်မှာရှိတဲ့ cell သေတွေကို ဖယ်ရှာပေးတာဖြစ်လို့ အသားရေလေးက ကြည်လာပီး healthy skin လေးပိုင်ဆိုင်စေတာပါနော်
🧖🏻♀️YaRa ဒီ scrub body wash လေးသုံးပီးနောက်ပိုင်း လက်ပြတ်လေးတွေဝတ်ရတာ confidence ရှိလာတယ် ပခုံးသားလေးတွေ လက်မောင်းသားလေးတွေ ပေါ်နေတဲ့နေရာလေးတွေက သိသိသာသာ စိုပြေနေတာလေးကို သတိထားမိတယ် နောက်တစ်ခုက ဒီ Scrub body wash လေးက အသားမညီတာ ၊ နေလောင်ကွက်လေးတွေနဲ့ ယားယံတာတွေကိုလဲ သက်သာတယ်
🧖🏻♀️သူရဲ့ texture လေးက အပေါ်မှာပြောခဲ့သလိုပဲ နူးညံ့ပီးတော့ အနံ့လေးကလဲ Luxury ဆန်ပီးတော့ စိတ်ကို ကြည်လင်လန်းဆန်စေတယ် ရေချိုးပီးရင် ရေချိုးခန်းတစ်ခန်းလုံး မွှေးအီပီးကျန်နေခဲ့တာ အသားပေါ်မှာလဲ Shower အနံ့လေးက နာရီတော်တော်ကြာဆွဲတယ် အမြုံပ်ထွက်အားကတော့ အရမ်းမကောင်းပေးမဲ့ ချေးတွန်းလို့ကောင်းတယ် ချေးလုံးဝပြောင်တယ်
🧖🏻♀️တစ်ဗူးကိုလဲ 500ml တောင်ပါတာဆိုတော့ အေးဆေးသုံးလို့ရတယ် YaRa ဝယ်တုန်းကတော့ 2သောင်းခွဲကျော်လောက်ရှိတယ် ဗူးကြီးကလဲ အကိတ်ကြီး qulity ကလဲရှယ်ဆိုတော့ အရမ်းတန်ပါတယ်နော်
ကယ်reviewလေးက နည်းနည်းရှည်သွားတာဖြစ်လို့ ဒီမှာပဲရပ်လိုက်ပါတော့မယ် နောက် review လေးတွေမှာ ပြန်စုံကျမယ်နော် ၊ YaRa page လေးကို like & Follow မလုပ်ရသေးဘူးဆိုရင် လုပ်သွားဖို့ မမေ့နဲ့အုံးနော် bye 🤗
Maru Cleansing Foam HA နဲ့ Maru Milky Emulsion Pomegranate +Collagen က အသားခြောက်တဲ့သူလေးတွေနဲ့ အရေးကြောင်းလေးတွေရှိနေတဲ့သူလေးတွေတွက် အဆင်ပြေပါတယ်နော်🩵
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
00000
