Thida Aung's Beauty Diary

Thida Aung's Beauty Diary

Share

HeffeySkincareများကိုယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါတယ်ရှင့် Heffey Products

08/08/2022

ကိုယ်ဟာ နေ့စဥ်ဘဝမှာ

လန်းလန်းဆန်းဆန်းကံ့ကော်ပန်း📌

ဖြစ်ဖို့ဆိုရင်

ကိုယ့်ရဲ့အတွေးတွေကိုရေချိုးပါ📌

07/08/2022

Adminလို မြန်မာဆန်ဆန်လေးတွေဝတ်ရတာကြိုက်တဲ့ မိန်းကလေးတွေ အတွက် အရမ်းလှတဲ့
အကျီချုပ်ပုံလေး🤷‍♀️

Photos from Thida Aung's Beauty Diary's post 06/08/2022

အိုပါးတို့မြေက HeffeyKoreaSuncream ရဲ့Reviewတွေ📌

Photos from Thida Aung's Beauty Diary's post 06/08/2022

ကျွန်မစိတ်ဓာတ်ကျတိုင်းတွေးလေ့ရှိတဲ့အရာ📌

ဓာတ်ပုံတွေကို အဆုံးထိကြည့်ကြည့်ပါ သင့်အတွက်ခွန်အား ရသတစ်ခု ကျန်ခဲ့ပါလိမ့်မယ်❗📌

လွန်ခဲ့တဲ့3နှစ်ကျော်က ကိုယ့်ကိုယ်ကို အရမ်းသန်မာတယ်လို့အမြဲထင်ထားတဲ့ကျွန်မဟာ ရုတ်တရက်accidentဖြစ်သွားခဲ့တယ်🤷‍♀️

ဘဝမှာထိတ်လန့်တုန်လှုပ်မိဆုံးလောကဓံကြီးကို ကျွန်မစတင်ရင်ဆိုင်ခဲ့ရချိန်😌

လူငယ်တစ်ယောက်ရဲ့အိမ်မက်တွေမျှော်လင့်ချက်အနာဂတ်တွေရိုက်ချိုးဖျက်ဆီးခံလိုက်ရတဲ့အဖြစ်ပျက်ကြီး😌 ကျွန်မဟာ ဒုက္ခိတ တစ်ယောက်ဖြစ်သွားပီဆိုပီးတွေးတောင်မတွေးဘူးတဲ့ အကြောက်တရားကြီး ရင်ဆိုင်ရချိန်😌

အိမ်မက်တွေအနာဂတ်တွေပျောက်ဆုံးပီးအိပ်ယာထဲမှာ လဲနေရတဲ့ခံစားမှုကြီး😌 ရေချိုးတာကအစ သူများကူညီမှ
စားတာလည်းအိပ်ယာထဲမှာစား😌

တခြားဆရာဝန်တွေက ခွဲစိတ်ရမယ် အခြေနေမကောင်းရင်ဖျက်တောက်ပြစ်ရမယ်😖လို့ပြောတုန်းကဆို လုံးဝကြောက်ခမန်းလိလိတုန်လှုပ်ခဲ့ရတယ်

နောက်သိပ်မကြာခင်မှာ ကျွမ်းကျင်တဲ့အရိုးအထူးကုဆရာဝန်ကြီးတစ်ဦးနဲ့တွေ့ပြီး ကုသပေးခဲ့လို့ 45ရက်ကြာတဲ့အခါ
ဂျိုင်းထောက်နဲ့နဲနဲသက်သာတဲ့အဆင့်ကိုရောက်ခဲ့တယ်💚

ကုသပေးခဲ့တဲ့ဆရာဝန်ကြီးနဲ့ခြေထောက်ကျိုးနေချိန်မှာ စိတ်ဓာတ်တွေအကြီးအကျယ်ကြနေချိန်မှာ တစ်စက်ကလေးမှ မငြီးငြူပဲ ပြုစုခဲ့တဲ့ အဒေါ်တွေနဲ့ အစ်မတွေကို ဒီနေရာကနေကန်တော့ပါတယ်😭🙏

ဒီလိုနဲ့ဂျိုင်းထောက်တစ်ဖက်နဲ့ စိတ်ဓာတ်ကျမှုပေါင်းစုံနဲ့ အချိန်တွေအကြာကြီးဖြတ်သန်းခဲ့ရတယ်🤷‍♀️

အဆင့်ဆင့်သောအချိန်ကာလတွေကို ဖြတ်သန်းခဲ့ပြီးမှ ပြန်လည်ကျန်းမာလာတဲ့အချိန်မှာ ကျွန်မ လက်ထဲမှာ ပိုက်ဆံ10000👌📌 ပဲ ကျန်တယ်

အဲ့ဒီအချိန်ကစပြီး တစ်ယောက်ထဲအဆောင်မှာနေပြီး ကျွန်မဘဝကို စလုံးကနေပြန်စခဲ့ရတယ်😒

အငတ်ငတ်အပြတ်ပြတ် ဒုက္ခရောက်ခဲ့ရတဲ့အချိန်တွေ ရှေ့မဆက်ချင်လောက်အောင် လက်မြှောက်အရှုံးပေးချင်ခဲ့ရတဲ့အချိန်တွေ အများကြီးဆိုမှအများကြီး🤷‍♀️

ခုချိန်မှာ ကျွန်မရဲ့လှပတဲ့ပုံလေးတွေကြည့်ပြီး အားကျတယ်နော် 😊 အဆင်ပြေနေတာ မင်းကတော့ပျော်နေနိုင်တာပေါ့
ငါတို့က ဒုက္ခအခက်ခဲတွေနဲ့လို့ ငြီးတွားပြီးလာပြောမယ်ဆိုရင်💚

ကိုယ့်ကိုယ်ကို လက်မြှောက်အရှုံးပေးချင်စိတ်ပေါက်​ေနမိမယ်ဆိုရင်

လွန်ခဲ့တဲ့2နှစ်3နှစ်က ကိုယ်ဘယ်လိုဖြတ်သန်းခဲ့ရသလဲ ပြန်တွေးပါ😊

လွန်ခဲ့တဲ့2နှစ်ကတောင်အခုချိန်ထိရောက်အောင် ငါဖြတ်သန်းနိုင်ခဲ့သေးတာပဲ 🤷‍♀️ အခုချိန်အခက်ခဲတွေက ဘာမို့လို့လဲ ငါရအောင်ဖြတ်သန်းပြနိုင်တယ်လို့ ကိုယ့်ကိုယ်ကို ပြန်တွေးပါ📌

ဒါဆိုရင် စိတ်ဓာတ်ကျနေတာတွေ အနဲငယ်ပြေလျှော့သွားမယ်လို့ယုံကြည်ပါတယ်😘 ကျွန်မလည်း ကျွန်မစိတ်ဓာတ်ကျနေရင် လွန်ခဲ့တဲ့2နှစ်လောက်က
ခုလိုကျွန်မကြုံခဲ့ရတဲ့ အခက်ခဲတွေကိုပြန်တွေးပြီး motiယူလေ့ရှိတယ်❗

ဒီစာလေးကိုဖတ်ပြီး ရင်ထဲမှာတစ်ခုခုကျန်ခဲ့ရင် commentမှာရေးခဲ့နိုင်ပါတယ်🙆
#ချစ်ခင်စွာဖြင့်

05/08/2022

Skincareလုပ်တော့မယ်ဆို အရေးကြီးဆုံးက Toner🤷‍♀️

05/08/2022

🙏📿လိုရာသုံး ပုတီးစိပ်နည်း"🙏📿

၁။ ဘုန်းကျက်သရေ တိုးတက်လိုလျှင်
"သောဘဂဝါ ဣတိပိ အရဟံ"ကို
ပုတီးစိပ်၍ပွားများပါ။

၂။ အကြံကောင်း ဉာဏ်ကောင်း
ပေါ်စေလိုလျှင် "သောဘဂဝါ
ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ"ကို
ပုတီးစိပ်၍ပွားများပါ။

၃။ အကြံဟူသမျှ အောင်စေလိုလျှင်
"သောဘဂဝါ ဣတိပိ ဝိဇ္ဇာ
စရဏသမ္ပန္နော"ကို
ပုတီးစိပ်၍ပွားများပါ။

၄။ ပြောသမျှ စကားအောင်မြင်စေလိုလျှင်
"သောဘဂဝါ ဣတိပိ သုဂတော"ကို
ပုတီးစိပ်၍ပွားများပါ။

၅။ ထင်ပေါ်ကျော်ဇောလိုလျှင်
"သောဘဂဝါ ဣတိပိ လောကဝိဒူ"ကို
ပုတီးစိပ်၍ပွားများပါ။

၆။ လူ ၊ နတ် ၊ တိရစ္ဆာန် တို့၏ချစ်ခင်မှုကိုရလိုလျှင်
"သောဘဂဝါ ဣတိပိ အနုတ္တရော
ပုရိသ ဓမ္မသာရထိ"ကို
ပုတီးစိပ်၍ပွားများပါ။

၇။ သူတပါးတို့၏အလိုဆန္ဒကို
ဖြည့်စွမ်း ကယ်ဆယ်လိုလျှင်
"သောဘဂဝါ ဣတိပိ သတ္တာဒေဝ
မနုဿနံ"ကို ပုတီးစိပ်၍ပွားများပါ။

၈။ လောကုတ္တရာ သမာဓိမှော်ကဲ့သို့
အရာရာမှာ ကြံဆ၍ သိလိုလျှင်
"သောဘဂဝါ ဣတိပိ ဗုဒ္ဓေါ"ကို
ပုတီးစိပ်၍ပွားများပါ။

၉။ သူတပါးတို့ မတုဝံ့ မပြိုင်ဝံ့
ကြောက်ရွံ့စေလိုလျှင်
"သောဘဂဝါ ဣတိပိ ဘဂဝါ"ကို
ပုတီးစိပ်၍ ပွားများပါ။

ဤဂုဏ်တော်များကို ထုံနေအောင်
ပုတီးစိပ်ထားခြင်းဖြင့် ဂုဏ်တော်
တစ်ပါးချင်းစီရဲ့ အကျိုးကျေးဇူးများ
ခံစားနိုင်ကြပါစေ။

မိမိတို့ကိုယ်တိုင် ပုတီးစိပ်ပွားများနိုင်သော
ပုံစံများဖြင့် (၇)ရက် ၊ (၁၈)ရက်၊ ရက် (၃၀)၊
(၄၉)ရက် ။

(၉)ပတ် ၊ (၁၈)ပတ်၊ သက်စေ့
စသည်ဖြင့် မိမိတို့ကိုယ်တိုင် ရွေးချယ်၍
ပွားများနိုင်သည်။

#မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

04/08/2022

“ဘုရားဆုပန် မိုင်းဖုန်းဆရာတော်ဘုရားကြီးနှင့် …နှစ်ပေါင်း ၇၀၀ ကျော်က ဘူတန်ဘုရင်တို့၏ စိတ်ဝင်စားဖွယ် ဘဝ ဇာတ်ကြောင်း”

ဘုရား ဆုပန် မိုင်းဖုန်းဆရာတော်ဘုရားကြီးနှင့် နှစ်ပေါင်း ၇၀၀ ကျော်က ဘူတန်ဘုရင်တို့၏ စိတ်ဝင်စားဖွယ် ဘဝ ဇာတ်ကြောင်း

တစ် ကယ်တော့ ဤအကြောင်းကို ရေးသားရန် မိုင်းဖုန်း ဆရာတော်ဘုရားထံ ခွင့်ပန်ခဲ့ခြင်း မဟုတ်သကဲ့သို့ ဆရာတော်ကြီးအကြောင်း တစ်ဆင့်ပြန် ဟောပြောခဲ့သော နမ့်လန်ဆရာတော်ထံတွင်လည်း ခွင့်ပန်နိင်ခဲ့ခြင်း မရှိပါ။ သို့သော် ဘုရားဆုပန် မိုင်းဖုန်းဆရာတော်ကြီး၏ မြင့်မြတ်သော သူတော်ကောင်းတရားများ ကိန်းအောင်းပြီး ကျင့်ကြံပွားများ အားထုတ်ခဲ့သည်မှာ ယခုဘဝတွင်မှ ဖြစ်ပေါ်လာခဲ့သည်မဟုတ်ဘဲ ရှေးရှေးသောဘဝမှ စ၍ သန္ဓေတည်ခဲ့သည်ကို သူတော်ကောင်းတရား ချစ်ခင်နှစ်သက်ကြသူများအတွက် ကြည်ညိုသဒ္ဒါတရား ပွားများနိင်လိုခြင်း အလို့ငှါ ရေးသားမျှဝေလိုက်ရပါသည်။ သူတော်ကောင်းတရား ချစ်ခင်နှစ်သက်သူ မည်သူမဆို သူတော်ကောင်းတရားကို လက်ဆင့်ကမ်း မျှဝေခြင်းမှာ ကုသိုလ်ပြု ခြင်းတစ်မျိုးဟု ယုံကြည်ပါသောကြောင့်လည်း ဆရာတော်ကြီးများထံ ခွင့်မပန်မိဘဲ ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။

အချိန် တပါး၌ မိုင်းဖုန်းဆရာတော်ဘုရားသည် ဆုထူးပန် တို့၏ သဏ္ဍာန်၌ ဖြစ်ပေါ်လေ့ရှိသော ၊ လူသူတိရ စ္ဆာန်တို့ အရောက်နည်းပြီး အလွန် ငြိမ်းချမ်းဆိတ်ငြိမ်သော
ဘုရားရှင်အဆက်ဆက် ကျင့်ကြံပွားများတရား အားထုတ်တော်မူခဲ့သော အလွန်တရား အေးခဲလှသော ဟိမဝန္တာ တောင်ထိပ်ပေါ်တွင် တရားအားထုတ်တော်မူရန် လွန်စွာမှပင် စိတ်ဆန္ဒပြင်းပြတော် မူခဲ့ပါသည်။ သို့မို့သောကြောင့် ဆရာတော်သည် ဘူတန်နိင်ငံသို့ တစ်ပါးတည်း ကြွချီတော်မူခဲ့ပါသည်။

ဘူတန်နိင်ငံသည် မဟာယန ဗုဒ္ဓဘာသာသာတစ်မျို းတည်းသာ ကျင့်သုံးကိုးကွယ်ပြီး တစ်ခြားမည်သည့် ဘာသာမျှ လက်ခံခြင်း မရှိသည့် ကမ္ဘာပေါ်တွင် အလွန် ရှားပါးလှသည့် နိင်ငံ တစ်နိင်ငံ ဖြစ်ပါသည်။ ဆရာတော်ကြီး ဘူတန်နိင်ငံတွင် ရောက်ရှိသောအခါ ဘူတန်နိင်ငံသူ နိင်ငံသားများက ဘယ်အတွက်ကြောင့် ဘူတန်နိင်ငံသို့ ကြွချီလာပါသနည်းဟု မေးလျောက်ကြပါသည်။ ( ဘာသာပြန်အကူ အညီနှင့် ဖြစ်ပါမည်၊ ထိုအချိန်တွင် ဆရာတော်သည် ဘူတန်စကား ပြောတတ်ခြင်းမရှိပါ ) ဆရာတော် ရည်ရွယ်ချက်ကို ပြောပြသောအခါ အားလုံးက မဖြစ်နိင်ကြောင်း၊ တောင်ပေါ်တွင် အလွန်အေးကြောင်း၊ တောင်ပေါ် ရောက်သူ မည်သူမျှ အသက် မရှင်နိင်ကြောင်း လျောက်တင်ကြပါသည်။ ဆရာတော်က အသက်သေချင် သေပါစေ တရားအားထုတ်ချင်ပါသည်ဟု မိန့်တော်မူခဲ့ပါသည်။

ဘူတန်နိင်ငံသူ/သားများက ဆရာတော်၏ ဆန္ဒကို မလွန်ဆန်နိင်သည့်အဆုံး တစ်ခြားနည်းနှင့် တားမြစ်ရန် ကြိုးစားကြပါသည်။ မဟာယနကို ကိုးကွယ်သူများဖြစ်သောကြောင့် ဆရာတော်သည် မည်သည့် ဝါဒကို ကိုးကွယ်ပါသနည်း။ ထေရဝါဒကိုကိုးကွယ်ပါသလားဟု မေးလျောက်ကြပါသည်။ ဆရာတော်က မဟာယနလည်းမဟုတ်၊ ထေရဝါဒလည်းမမည်၊ ဗုဒ္ဓဝါဒသာ ကိုးကွယ် ယုံကြည်သည်ဟု ပြန်မိန့်ရာ၊ အားလုံးမှာ မငြင်းသာပဲ ဖြစ်နေကြသည်။

ထိုအချိန်တွင် ဆရာတော်အား ဟိမဝန္တာ တောင်ပေါ်တွင် တရားအားထုတ်မည်ဆိုပါက တစ်ခုခု အစွမ်းပြရမည်ဟု လျောက်တင်ကြပါသည်။
မိုင်းဖုန်းဆရာတော်ကြီးက ထိုသို့လျောက်တင်သည်ကို ပြန်လည်မိန့်ကြားသည်ကို ကြားသိကြသောအခါ လွန်စွာမှပင် အံ့သြကြမှင်တက်သွားကြသည်။ ဆရာတော် မိန့်သည်မှာ ဘူတန်၌ လွန်ခဲ့သော နှစ်ပေါင်း ၇၀၀ ကျော် ၈၀၀ ခန့်က ဘုရင်တပါးကနေပြီး ရသေ့ရဟန်း ဝတ်သွားတာ ကြားဖူးကြလား၊ ရာဇဝင်ရှိခဲ့တာ သိကြလားဟု မိန့်တော်မူပါသည်။ ၎င်းတို့က ထို့ကဲ့သို့ သမိုင်း အမှန်တစ်ကယ် ရှိကြောင်း ပြန်လည် လျောက်တင်ကြသည်။ ဆရာတော်က အဲဒီ ဘုရင်က ယခု သူပင်ဖြစ်ကြောင်း မိန့်ကြားပါသည်။ သက်သေပြရန် ဆရာတော်အား လျောက်တင်သောအခါ ဤဟိမဝန္တာတောင်ပေါ်တွင် လိုဏ်ဂူတစ်ခု ရှိကြောင်း၊ ထိုဂူ၏ အတွင်းပိုင်းတစ်နေရာ ချိုင့်ခွက်ထဲတွင် ကျောက်တုံးဖြင့် ဖိ၍ထားသော ကျောက် ပုတီး တစ်ကုံးရှိကြောင်း၊ သွား၍ ရှာကြရန် မိန့်တော် မူခဲ့ပါသည်။ ဘူတန်သူ/သားများသည်လည်း ဆရာတော်၏ မိန်ကြားချက်အတိုင်း ကျောက်ပုတီးကုံးကို ဝိုင်း၍ ရှာကြရာ မကြာခင် ဆရာတော် မိန့်သည့်အတိုင်း ပုတီးကို တွေ့လေ၏။

ထိုအချိန်မှ အားလုံးက ဆရာတော်၏ အစွမ်းကို ယုံကြည်၍ ဟိမဝန္တာတောင်တွင် တရားအားထုတ်ရန် ခွင့်ပြု သဘောတူခဲ့ကြသည်။ ထို့ကြောင့်ဆရာတော်သည် ဝါတွင်းသုံးလပတ်လုံး တောင်ပေါ်တွင် တရားအားထုတ်ကာ သီတင်းသုံးတော်မူခဲ့သည်။ နောက်ထက် ထူးခြားသည်မှာ ဆရာတော်သည် သုံးလ သီတင်းသုံးပြီးချိန်တွင် ဘူတန်စာပေနှင့် စကားများကို ပြောဆိုနိင်ပြီး ဘူတန်နိင်ငံတွင် တရားဓမ္မများ ဟောကြားတော်မူခဲ့ပါသည်။ ဤကဲ့သို့ ဆရာေ ကျင့်ကြံအားထုတ်မှုနှင့် တရားတော်၏ အစွမ်းတို့ကြောင့် ဘူတန်နိင်ငံသည် ဆရာတော်အား ဓမ္မရာဇာဘွဲ့ကို ချီးမြှင့်၍ ဘူတန်နိင်ငံတွင် အသက်ထက်ဆုံး သီတင်းသုံးရန် အကြိမ်ကြိမ် လျောက်တင်ခဲ့ကြသည်။ သို့သော် မိုင်းဖုန်း ဆရာတော်ကြီးသည် တရားချစ်ခင် သူတော်စဉ်အပေါင်းတို့အတွက် တစ်နိင်ငံတည်းတွင် သီးတင်းသုံး နေထိုင်ခြင်းမရှိဘဲ နိင်ငံအများ ဒေသစာရီကြွရောက်တော်မူ၍ တရားရေအေး တိုက်ကျွေးတော် မူခဲ့ပါသည်။ ထိုကဲ့သို့ ဆရာတော်အကြောင်းနှင့် အကျင့်မြတ်တို့ဖြင့် ပြည့်စုံ နေသော တရားတော်မြတ်ကို ရိုသေလေးစားစွာ မျှဝေရင်း တရားချစ်ခင် သူတော်ကောင်းများအတွက် သဒ္ဒါတရား ပွားများနိင်စေရန် မျှဝေ ပူဇော်လိုက်သည်။

တရားတော် ဟောကြားတော်မူခဲ့သောဆရာတော်အမည် နမ့်လန်ဆရာတော်နှင့်ဘော်ကြို ဆရာတော်
နေ့ရက် ။၂၁ ၊ ၁ ၊ ၂၀၁၉
အချိန်။ နံနက် ၆နာရီ
နေရာ။ ပြည်လမ်း၊ ကမာရွတ်မြို့နယ်။ ရန်ကုန်။ ခရက်ဒစ်ကမ္ဘောဇအုပ်စု၊ ကမ္ဘောဇဘဏ် မိသားစု၏ ကုသိုလ်တော်အလှူ ။

Credit

Photos from Thida Aung's Beauty Diary's post 04/08/2022

ဟိုးတုန်းက မန္တလေးညများရယ်🎼🎼

သီချင်းလေးဆိုမိရင်း လွန်ခဲ့တဲ့သုံးနှစ်ကျော်က ကျုံးဘေးမှာရိုက်ခဲ့တဲ့ပုံလေးတွေ့မိလို့ သတိရသွား😒

ဟိုးတုန်းကဆို မန္တလေးမှာ ဒီလိုချိန်မှ
လည်လို့ပတ်လို့ကောင်းဆဲ ခုများတော့😒😌

ချမ်းသာမှ အောင်မြင်မှ ပျော်ရွှင်မယ်ဆိုတာမျိုးမလုပ်ပါနဲ့❗

အနာဂတ်ဆိုတာကြီးကမသေချာပါဘူး📌
ဒါကြောင့်လက်ရှိပစ္စုပ္ပန်မှာ ပျော်ပျော်ရွှင်ရွှင်နေထိုင်ဖြတ်သန်းကြည့်ပါ➡

စိတ်ချမ်းသာရပါလိမ့်မယ်📌

04/08/2022

ကိုယ့်အချစ်က မျက်ကန်းအချစ်မျိုးလား?

03/08/2022

မိတ်ကပ်မပါပဲလှချင်ရင် ဒါတွေလုပ်ကြည့်ပါ📌

03/08/2022

အပြုံးရဲ့အကျိုးဆက်

အမျိုးသမီးတစ်ဦးဟာ ဝမ်းနည်းကြေကွဲနေတဲ့ လူစိမ်းတစ်ယောက်ကို ပြုံးပြလိုက်တယ်😊

အဲ့ဒီအပြုံးဟာလူစိမ်းကိုသက်သာရာ ရသွားစေလိုက်တယ်

စိတ်အေးလက်အေးဖြစ်သွားတဲ့လူစိမ်းဟာ သူ့ကို အရင်ကကူညီခဲ့တဲ့ လူစိမ်းတစ်ယောက်ကို သတိရလို့ ကျေးဇူးတင်ကြောင်းစာတစ်စောင်ရေးပို့လိုက်တယ်💛

အဲ့ဒီစာကိုရတဲ့သူငယ်ချင်းဟာ နေ့လည်စာစားရင်းဖတ်မိတော့ ဆိုင်ကစားပွဲထိုးအမျိုးသမီးကို ဘောက်ဆူးကောင်းကောင်းပေးလိုက်တယ်💛

စားပွဲထိုးအမျိုးသမီးဟာ ဘောက်ဆူးရလို့အံ့သြဝမ်းသာပြီး အဲ့ဒီပိုက်ဆံတွေကို ထီထိုးလိုက်တာ ထီပေါက်သွားတယ်💛

ထီပေါက်တဲ့ပိုက်ဆံတွေထဲကတချို့ကို လမ်းဘေးက သူတောင်းစားတစ်ယောက်ကို ပေးလိုက်တယ်💛

သူတောင်းစားဟာထမင်းမစားရတာ 2ရက်လောက်ရှိနေပြီ📌

သူတောင်းစားဟာ ရတဲ့ပိုက်ဆံတွေနဲ့ ထမင်းဝယ်စားပြီး သူနေတဲ့အခန်းကျဥ်းလေးဆီ ပြန်သွားတယ်💛

လမ်းမှာ မုန်တိုင်းကြားမှား အေးလွန်းလို့ ခိုက်ခိုက်တုန်နေတဲ့ ခွေးတစ်ကောင်ကိုတွေ့လို့ သူ့အိပ်ခန်းဆီခေါ်သွားတယ်📌

ခွေးလေးဟာကျေးဇူးတင်နေမိတယ်

အဲဒီညမှာ သူတို့အိမ်ကိုမီးစွဲလောင်တယ်

ခွေးလေးဟာ အိပ်မောကျနေတဲ့ သူတောင်းစားရဲ့အဝတ်စားတွေကို ကိုက်ဆွဲပြီးနှိုးတယ်💛

တစ်အိမ်လုံးကကျန်အခန်းတွေကိုလည်းနိုးအောင် ပတ်ဟောင်ပေးတယ်💛

အိမ်သားတွေလည်း အချိန်မီ အိမ်ထဲကထွက်ပြေးနိုင်လို့ မီးလောင်တဲ့ အန္တရာယ်က လွတ်မြောက်ကြတယ်📌

လွတ်မြောက်သွားသူတွေထဲက လူငယ်လေးတစ်ယောက်ဟာ နောင်တစ်ချိန်မှာ
နိုင်ငံတော်သမ္မတ ဖြစ်လာတယ်📌

ဒါတွေအားလုံးဟာ အပြုံးလေးတစ်ခုကြောင့်ဖြစ်လာတာပါ❗

အဲ့ဒီလို ပြုံးဖို့အတွက် ပိုက်ဆံတစ်ပြားမှပေးစရာမလိုပါဘူး🤗

ဒီစာဖတ်နေတဲ့သင်လည်း အပြုံးလေးတွေပေးဖို့ ဝန်မလေးပါနဲ့🙆သင့်အပြုံးကြောင့် အကျိုးဆက်တွေဖြစ်လာပါမယ်

သင်ပြုံးပြလိုက်လို့ ဘယ်လိုအကျိုးဆက်တွေရလာမလဲဆိုတာကတော့ သင်သိချင်မှသိပါလိမ့်မယ်🤷‍♀️အဲ့ဒီအကျိုးဆက်တွေက ကောင်းတာတွေပဲ ဖြစ်မယ်ဆိုတာတော့ သေချာပါတယ်

အခုပဲပြုံးပြလိုက်ပါ😊😊😊😊

#ဖတ်ခဲ့ဘူးတဲ့စာပေဗဟုသုတလေးတွေပြန်လည်မျှဝေတာပါ

#ကျွန်မနမယ်ဖြုတ်ပီးကော်ပီယူခြင်းသီးခံပါ

01/08/2022

သဘာဝနည်းလမ်းတွေနဲ့တင်းတိပ်ကုနည်း📍

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay